အပိုင်း (၈၈)
Vol. 7 Ch. 88
ကျင်းရှီက နှုတ်ခမ်းကို ကိုက်လိုက်ပြီး အချိန်အတော်ကြာ တုံ့ဆိုင်းသွားခဲ့သည်။ သူမသည် သူ့ဘောင်းဘီကို ချွတ်ခိုင်းဖို့ကျ အနည်းငယ် ရှက်သွားပြီး "စိတ်ပြောင်းသွားပြီး ကျွန်မ မကြည့်တော့ဘူး"
"အခု မင်း မကြည့်ချင်တော့ဘူးလား" ပေါ်ရန်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးပြီ၊ သူသည် ဤမိန်းကလေးက အစမှာတင် လန့်သွားဖို့ မမျှော်လင့်ခဲ့ပေ။ သူကရယ်ပြီး "မင်း သတ္တိမရှိဘူးလား"
ကျင်းရှီက နောက်ဖြစ်လာမည့် အရာတွေက အန္တရာယ်ရှိသည်ဟု ခံစားရသည်၊ သူမမှာ ဆက်ကြည့်ဖို့ သတ္တိမရှိပေ။ သူမရဲ့နီမြန်းနေသည့် ပါးများကို ဖုံးအုပ်ပြီး ပြောခဲ့သည်။ "ထားလိုက်တော့၊ နောက်တစ်ခါမှပြောကြမယ်"
ပေါ်ရန်က ကိစ္စတွေကို ဆွဲထုတ်နေတာထက် တစ်ခါတည်းနဲ့ ကျော်ဖြတ်လိုက်တာက ပိုကောင်းတယ်လို့ ခံစားရသည်။
ထို့ကြောင့် သူက သူ့ခါးပတ်ကို လက်တစ်ဖက်နဲ့ ချွတ်လေသည်။
နောက်ကိုလှည့်လိုက်ပြီး ကျင်းရှီက သူတို့ရဲ့အပြုအမူက တကယ် မိုက်မဲပြီး လုံးဝကို အရှက်မဲ့သည်ဟု ခံစားရသည်။
ဒါပေမယ့် တစ်ယောက်နှင့်တစ်ယောက် အပြည့်အ၀ ပွင့်လင်းမှုရှိပြီးနောက်မှာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးသည် မမြင်ရသည့် အပြောင်းအလဲတစ်ခုဖြစ်သွားပြီး အရင်ကထက် အများကြီး ပိုရင်းနှီးလာပုံပင်။ ပြီးတော့ သူတို့က သူတို့ရဲ့လျှို့ဝှက်နေရာတွေကိုတောင် တစ်ယောက်နဲ့တစ်ယောက် သိစေခဲ့တာကြောင့် ကမ္ဘာမှာ သူတို့အချင်းချင်းထက် ပိုရင်းနှီးတဲ့လူ မရှိတော့ပေ။
ကျင်းရှီက ပေါ်ရန်ကို ဤကမ္ဘာရှိ သူ့ကိုယ်ခွဲလို့ လုံးဝကိုမြင်ပြီး ဖုံးကွယ်ထားခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း မရှိဘဲ အရာအားလုံးကို သူ့ကိုပြောပြခဲ့သည်။
ထို့ကြောင့် ပေါ်ရန်သည် ထိုကဲ့သို့တောင်းဆိုမှုမျိုးကို အစပြုခဲ့တာတောင် ခဏလောက်ရုန်းကန်ပြီးနောက် ကျင်းရှီက သဘောတူခဲ့သည်။
အတွဲတွေကြားမှာ ကိစ္စများစွာက သဘာဝအတိုင်း ဖြစ်ပျက်နေပြီး ကျင်းရှီက သူ့ကို ပျော်ရွှင်စေသည့် အရာမှန်သမျှကို လုပ်ချင်ပါသည်။
အစကတော့ သူမက အတွေ့အကြုံမရှိဘဲ အမြဲတမ်း သူ့ကို နာကျင်စေခဲ့သည်။ ပေါ်ရန်က သွားများကြိတ်၍ သူ့နဖူး၌ ချွေးစို့နေပြီး မျက်နှာကျက်ကို စိုက်ကြည့်နေခဲ့သည်။ "ကျင်းရှီ မင်း ကိုယ့်ကိုထပ်ခြစ်မိပြန်ပြီ"
"နာတယ် နာတယ်"
"မရပ်နဲ့၊ ကိုယ်ရတယ်"
ကျင်းရှီ - ...
သူ ဒီလို ခံစားနေရသည်ကို မြင်လိုက်ရတော့ သူမ နားမလည်နိုင်ပေ၊ သူဘာလို့ နာကျင်နေတာကို သည်းခံနေတာလဲ။ အရမ်းနာတယ်ဆိုရင် ဘာလို့လုပ်နေတာလဲ။
နောက်ပိုင်းတွင် ကျင်းရှီသည် သီအိုရီနှင့် လက်တွေ့ပေါင်းစပ်ပြီး သူမအစ်ကို၏ အခန်းထဲသို့ ခိုးဝင်ပြီး သူ့ရဲ့လျှို့ဝှက်ဖိုင်တွဲမှ ဗီဒီယိုများကို ကူးယူ၍ ဖြည်းဖြည်းချင်း "သင်ယူ" ရန် စတင်ခဲ့သည်။ သူမ၏ဆက်ကြိုးစားမှုများကြောင့် ကျင်းရှီသည် တဖြည်းဖြည်း အရည်အချင်းကို ဆုပ်ကိုင်မိခဲ့သည်။
နောက်ပိုင်းမှာ ပေါ်ရန်က ပျော်ရွှင်လာပြီး အရင်က သည်းခံခဲ့ရတာတွေသည် အခု ပျော်ရွှင်မှုသောင်းချီကို မမှီဟု ခံစားခဲ့ရသည်။
တစ်ခါက အပြည့်အ၀ ကုန်ဆုံးပြီးနောက် ပေါ်ရန်က မျက်နှာကျက်ကို မော့ကြည့်ပြီး မြည်တမ်းသည်။ "ကျင်းရှီ၊ မင်းကရတနာလေးပဲ"
လိုရင်းဆိုရလျှင် သူတို့နှစ်ယောက်သည် ပိုရင်းနှီးလာတာနဲ့အမျှ သူတို့ရဲ့ အပြုအမူတွေကလည်း ထိန်းချုပ်မရသည်ထိဖြစ်လာပေမယ့် ပေါ်ရန်က သူကတိကိုထိန်း၍ နောက်ဆုံးစည်းကို မကျော်ခဲ့ပေ။ ပထမတော့ သူက ကျင်းရှီက အရမ်းငယ်လွန်းသည်ဟု ခံစားခဲ့ရပြီး အခုတော့ သူသည် သူ့ခြေထောက်ပေါ်မရပ်တည်နိုင်ခင် သူမကို လွယ်လွယ်လေး ခေါ်ယူဖို့ သိသိသာသာကို ဝန်လေးလာပေသည်။ အရင်ကလို သူသည် သူ့ကောင်မလေးကို မထိခဲ့ပေ။
....
သူ့၏မွေးနေ့တွင် ကျင်းရှီနှင့် ပေါ်ရန်သည် အဘိုးနှင့် အဘွား၏ခြံဝင်းကို သန့်ရှင်းရေးကူလုပ်ဖို့ စောစော သွားခဲ့သည်။ ဒါက ကျင်းရှီ၏ပထမဆုံး လာရောက်လည်ပတ်ခြင်းဖြစ်ပြီး သူမသည် ယဉ်ကျေးမှုအရ သစ်သီးများနှင့် ဖြည့်စွက်စာများစွာကို ယူလာခဲ့သည်။
အဘွားက သူမကို နွေးထွေးစွာ အိမ်ထဲသို့ ကြိုဆိုခဲ့သည်။ အဘိုးနှင့်ကျင်းရှီတို့သည် သိပြီးသားဖြစ်ပြီး သူသည် သူ၏ရှေးဟောင်းပစ္စည်း စူးစမ်းမှုများ စုစည်းထားသည်ကို ကြည့်ရန် သူမကို ခေါ်သွားခဲ့သည်။
"မင်းက ဂန္တဝင်ယဉ်ကျေးမှုကို လေ့လာနေတာပဲ၊ ငါစုဆောင်းထားတာတွေကို လာကြည့်ပြီး မင်းရဲ့အသိဉာဏ်ကို တိုးချဲ့လိုက်"
ကျင်းရှီက ပြုံးကာ သူမသည် ပြောသလို ဂန္ထဝင်ယဉ်ကျေးမှုကို မလေ့လာဖူးဘဲ စာပေကို လေ့လာတာဖြစ်ပြီး ထိုရှေးဟောင်းကြွေထည်များကိုလည်း လုံးဝ မသိပေ။
ဒါပေမယ့် သူမက အဘိုးရဲ့စိတ်အားထက်သန်မှုကို ကျဆင်းမသွားစေဖို့အတွက် ရှေးဟောင်းပစ္စည်းတွေ စုဆောင်းထားတဲ့ စင်တွေကိုကြည့်ဖို့ သူ့နောက်ကို လိုက်သွားခဲ့သည်။
ပေါ်ရန်က ကျင်းရှီကို တီးတိုးပြောသည်။ "ဒါတွေအားလုံးက အတုတွေ၊ ရှေးဟောင်းဈေးတွေကနေ ယူလာတာ။ ဒါပေမယ့် သူ့အတွက်တော့ ရတနာတွေပဲ၊ ဘယ်သူ့မှ အဝင်မခံဘူး၊ ပွန်းသွားမှာ ပျက်စီးသွားမှာ စိုးနေတာ"
ယန်ရှောင်ယွမ်က သူတို့နောက်ကနေ လိုက်လာသည်။ ဒါက သူမလည်း ပထမဆုံး အဘိုးရဲ့စာကြည့်ခန်းထဲကို ဝင်ဖူးတာပင်။ အဘိုးက သူမကို ဒီရှေးဟောင်းပစ္စည်းတွေကို ကြည့်ဖို့ တစ်ခါမှ မခေါ်ခဲ့ဖူးဘူး။
အဘိုးနှင့်ကျင်းရှီ နီးကပ်လာသောကြောင့် နားမလည်နိုင်စွာ သူမသည် အနည်းငယ် မနာလိုဖြစ်ခဲ့သည်။
သိပ်မကြာခင် သူငယ်ချင်းအားလုံး တစ်ယောက်ပြီးတစ်ယောက် ခြံဝင်းထဲကို ရောက်လာကြသည်။ အန်တီက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတာကြောင့် အဘိုးနဲ့ အဘွားက ကောင်လေးနှင့် ကောင်မလေးတွေကို တွေ့ဖို့ အပြင်ထွက်လာပြီး စိတ်အခြေအနေ တော်တော်လေး ကောင်းလာသည်။
ယန်ရှောင်ယွမ်သည် ဖော်ထုတ်ပြဖို့အတွက် စိတ်အားထက်သန်ခဲ့သည်။ သူမသည် ချက်ပြုတ်တာကို ကူညီဖို့ မီးဖိုချောင်ကို သွားချင်သည်လို့ ပြောခဲ့သည်။ အဘွားက သူ့ကို တားပေသည်။ "အလုပ်တွေပဲ လုပ်မနေနဲ့။ ခြံထဲသွားပြီး ပေါ်ရန်ရဲ့သူငယ်ချင်းတွေနဲ့ ကစားနေ"
ယန်ရှောင်ယွမ်က အဘွားရဲ့လက်ကို ကိုင်လိုက်ပြီး "အဘွား၊ ကျွန်မတို့အိမ်မှာ ဒီနေ့ ဧည့်သည်တွေ အများကြီးပဲ၊ ကျွန်မ သွားကူသင့်တယ်"
"ကလေး..."
ယန်ရှောင်ယွမ်က ပလပ်စတစ်ထိုင်ခုံများကို ယူပြီး သူတို့နားကဖြတ်သွား၍ "စီနီယာတို့ ရပ်မနေနဲ့လေ မြန်မြန်ထိုင်ကြ"
ရှုချောင်းယန်က လောကွတ်ချော်မနေဘဲ "နင်က ငါတို့ကိုဘာလို့ဧည့်ခံနေရတာလဲ။ ထုံးစံအရဆို ငါတို့ရဲ့မရီးကျင်းရှီက ငါတို့ကို ဧည့်ခံဖို့ ထွက်လာရမှာလေ"
ယန်ရှောင်ယွမ်က မကြားဟန်ယောင်ဆောင်ပြီး သူ့ကိုမတုံ့ပြန်ခဲ့ပေ။
ချူးကျောက်က တိုးသွားပြီး လင်းလော၏ နားထဲ တီးတိုးပြောသည်။ "သူက အစ်ကိုပေါ်ရန်ရဲ့ မိသားစုလို ဆက်ဆံနေတာ၊ သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို လုံးဝမမြင်ဘူး"
ယန်ရှောင်ယွမ်က အဘိုးနဲ့ အဘွားဆီ ထိုင်ခုံတွေ ယူလာတော့ အဘိုးကပြောသည်။ "ရှောင်ယွမ်၊ သွားထိုင်ပြီး နားနားနေနေနေ၊ ဒီမှာ လုပ်ကိုင်နေဖို့ မလိုဘူး"
သူက ကျင်းရှီဘက်လှည့်ပြီး "ရှီရှီ၊ အားလုံးစားဖို့ အထဲကနေ ဆေးကြောထားတဲ့ အသီးတွေ ယူလာပေး"
"ဟုတ်"
ကျင်းရှီက အထဲကိုဝင်သွားပြီး အသီးပန်းကန်ကို ယူလာ၍ ခြံဝင်းအတွင်းရှိ သစ်သားစားပွဲပေါ်တွင် တင်လိုက်သည်။ "အားလုံး ကိုယ်စားချင်တာ ယူစားကြနော်။ ခဏနေရင် ညစာအဆင်သင့်ဖြစ်တော့မယ်၊ သစ်သီးတွေအရင်စားနှင့်"
ယန်ရှောင်ယွမ်က ကိုးရိုးကားရား ထိုင်လိုက်ပြီး သူမ၏ အမူအရာက အနည်းငယ် အကျည်းတန်သွားသည်။
အဘိုးက သူမကို အမြဲတမ်း ယဉ်ကျေးစွာ ဆက်ဆံပေမယ့် ကျင်းရှီကိုတော့ မိသားစုကဲ့သို့ အပြည့်အဝ ဆက်ဆံပြီး ရင်းနှီးမှု ကွာခြားချက်ကို သွယ်ဝိုက်၍ ညွှန်ပြနေသည်၊ လူကြီးများက သူမကို ဘယ်လောက်ပဲ ကောင်းမွန်စွာ ဆက်ဆံပါစေ၊ ဤမိသားစုတွင် သူမသည် ဧည့်သည်သာဖြစ်သည်။
ပထမတော့ ယန်ရှောင်ယွမ်က သူမသည် ဤမိသားစုအတွင်း ဝင်ရောက်ရန် အခွင့်အရေးရှိသည်ဟု ခံစားရ၍ အဘိုးနှင့်ပတ်သက်သည့် စိတ်ကူးယဉ်မှုများကို ဆွဲကိုင်ထားမိခဲ့သည်။ ယခုတော့ သူမသာ အရမ်းလိုချင်စိတ်များသွားပုံပေါ်သည်။
ယန်ရှောင်ယွမ်သည် ရုတ်တရက် သူမလုပ်ခဲ့တာမှန်သမျှသည် အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရသည်။ သူမသည် အဘိုးပေါ်နှင့် သူ့ဇနီးကို စိတ်ကျေနပ်အောင် ကြိုးစားခဲ့ပေမယ့် ဒါကရလဒ်ပင်... သူမ ဒါကို တကယ် လက်မခံနိုင်ပေ။
ခဏနေတော့ အန်တီက အရသာရှိလှတဲ့ညစာကို ယူဆောင်လာပြီး စားပွဲပေါ် တင်လိုက်သည်။ သူငယ်ချင်းတွေ စုစည်းပြီး လူကြီးတွေနှင့်အတူ ပျော်ရွှင်စွာ စားသောက်ကြသည်။
အဘိုးပေါ်က သူ့မြေးမွေးနေ့ကို ကျင်းပပြီး သူ့မြေးရဲ့မိန်းမကို မြင်ရတာကြောင့် ကျေနပ်ခဲ့သည်။ ညစာစားပြီးနောက် သူက အိမ်ထဲမှာ ကျဉ်းကျပ်မှုကို မခံစားဘဲ အပြင်ထွက်ပြီး ပျော်ဖို့ သူတို့ကို ပြောခဲ့သည်။
ထို့ကြောင့် အဖွဲ့ သည် KTV ကို ထပ်သွားကြသည်။ မထွက်သွားခင်မှာ အဘိုးပေါ်က ယန်ရှောင်ယွမ်ကို သူမသည် ဒီလိုဆူညံတဲ့ ပတ်ဝန်းကျင်ကို မကြိုက်ဘူးဆိုလျှင် အိမ်မှာနေပြီး အနားယူတာ ဒါမှမဟုတ် စာအုပ်ဖတ်နေမလားဆိုပြီး သေသေချာချာ မေးခဲ့သည်။
ယန်ရှောင်ယွမ်က ခေါင်းငုံ့ပြီး အကြာကြီး စဉ်းစားပြီးနောက် အံကြိတ်၍ သွားမည်ဟု အတင်းပြောခဲ့သည်။
အဘိုးပေါ်က ခေါင်းယမ်းပြီး သူမကို မတားခဲ့ပေ။
ဤမိန်းကလေးက ပြိုင်ဆိုင်လိုစိတ် ပြင်းထန်လွန်းပြီး ဂုဏ်ယူလွန်းတာကြောင့် သူမ ခံယူထားသည့် ဘောင်လေးတစ်ခုတည်း သူမကိုယ်သူမ ထည့်ခဲ့သည်။ များလှစွာသော ဘဝအတွေ့အကြုံကြောင့် အဘိုးပေါ်သည် သူမရဲ့ရည်ရွယ်ချက်များကို ဘယ်လိုလုပ် မမြင်ဘဲနေမလဲ။
မောက်မာပြီး အယူသီးတတ်တာကြောင့် သူမ၏အမြင်နှင့် စိတ်နေစိတ်ထားသည် ပေါ်ရန်နှင့် မသင့်လျော်ပေ။
ဆန့်ကျင်ဘက်အနေနှင့် ကျင်းရှီ၏ စိတ်နေစိတ်ထားသည် အရည်အသွေးကောင်းပြီး အချောကိုင်ထားသည့် ကျောက်စိမ်းကဲ့သို့ အတော်လေး နူးညံ့သည်။
ကျင်းရှီ၏ အတက်အကျပြင်းသော ဇာတ်ကြောင်းမှ အဘိုးပေါ်သည် သူမမှာ ချစ်ရတဲ့ အဖေနှင့်အစ်ကိုရှိသည်ကိုလည်း သိရှိခဲ့ရသည်။ ထိုကဲ့သို့ နူးညံ့သော မြေဆီလွှာတွင် ကြီးပြင်းလာသူသည် ပြင်းထန်သော စိတ်နေစိတ်ထားကို မပျိုးထောင်ခဲ့ဘဲ ချစ်ခြင်းမေတ္တာအာဟာရများကို စုပ်ယူနိုင်ခဲ့သည်။
ထိုကဲ့သို့ နူးညံ့သော စိတ်နေစိတ်ထားသည် ပေါ်ရန်၏ မွေးရာပါခေါင်းမာမှုနှင့် မောက်မာမှုနှင့် အတိအကျ လိုက်ဖက်မှုရှိသည်။
သူမ ပေါ်ရန်ကို ဆွဲဆောင်နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
အပြင်ထွက်လာတော့ အဘိုးပေါ်က ယန်ရှောင်ယွမ်ကို လျစ်လျူမရှူဖို့ ပေါ်ရန်ကိုမှာဖို့ မမေ့ခဲ့ပါ။
ပေါ်ရန်က ဘာမှမပြောဘဲ ခေါင်းသာညိတ်ခဲ့သည်။
KTV တွင် လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပေါ်ရန်ကို မွေးနေ့လက်ဆောင်များ ပေးကြသည်။
ရှုချောင်းယန်က သူ့ကျောင်းလွယ်အိတ်ထဲမှာ စီးကရက်တစ်ခုကို ထုတ်ပြီး ပေါ်ရန်ကို အသက်ရာကျော်ရှည်ပါစေဟု ဆုတောင်းပေး၍ ကျင်းရှီက အဲဒါကို ယူပြီး လွှင့်ပစ်ချင်လောက်အောင် လုပ်ခဲ့သည်။ ပေါ်ရန်က ပြုံးပြီး သူမရဲ့ခေါင်းကို ပွတ်သပ်ကာ ဒေါသမထွက်ဖို့ပြောသည်၊ ဘာကြောင့်ဆို...ပိုပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာတွေ လာနိုင်လို့ပင်။
ကျင့်ချီက တစ်နှစ်တာ ပေါ်ရန်၏ လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို တာဝန်ယူမည်ဟု ပြော၍ ပေါ်ရန်ကို ချောဆီနှစ်ဘူးအပြင် အဆင့်မြင့်၊ အလွန်ပါးလွှာသော ကွန်ဒုံးဆယ့်နှစ်ဘူးကို ပေးခဲ့သည်။
ကျင်းရှီက ဒီပျက်စီးနေသည့် သူငယ်ချင်းတွေနှင့် ပတ်သက်၍ ဘာမှပြောစရာမရှိတော့ပေ၊ ဒါပေမယ့် ကံကောင်းထောက်မစွာ စဉ်းစားတတ်သည့် သူငယ်ချင်းကောင်လေးက ပေါ်ရန်ကို face masks ငါးခု ပေးခဲ့သည်။ ပေါ်ရန်က အဲဒါတွေကို ယူ၍ ကျင်းရှီရဲ့လွယ်အိတ်ထဲ ထည့်ပေးတော့ ကျင်းရှီသည် ပျံတတ်လုမတတ် ပျော်ရွှင်သွားပေသည်။
အထွတ်အထိပ်က အဆုံးတွင်ဖြစ်သည်။ ပေါ်ရန်အတွက် ကျင်းရှီ၏လက်ဆောင်သည် မိကျောင်းသရေကြိုး၊ ငွေရောင်အလှဆင်မှုများနှင့် ခေတ်မှီစတိုင်ကျသော ဒီဇိုင်းနှင့် ယောက်ျားဝတ်နာရီ တစ်လုံးဖြစ်သည်။
ရက်ပေါင်းများစွာကြာ ကျင်းရှီက ဂရုတစိုက် ရွေးချယ်ခဲ့ရတာဖြစ်ပြီး ကူညီပေးဖို့အတွက် အိမ်က သခင်လေးကိုတောင် ခေါ်ခဲ့ရသည်။ ဒါကတော့ သူမရဲ့နောက်ဆုံးသော ရွေးချယ်မှုဖြစ်သည်။
ကျင်းရှီက ဘာကြောင့် နာရီကို ဝယ်ခဲ့ရသလဲဆိုသည်နှင့်ပတ်သက်၍ သူမရဲ့အတွေးလည်းရှိသည်။ ပေါ်ရန်ရဲ့နှစ်ဆယ်ပြည့်မွေးနေ့သည် ငယ်ရွယ်သူမှ အရွယ်ရောက်သူအဖြစ် ကူးပြောင်းသွား၍ အရေးကြီးဆုံးနှစ်ဖြစ်သည်။ သူ့ကို လက်ရာမြောက်သည့် နာရီတစ်လုံးပေးခြင်းက မှန်ကန်သော ရွေးချယ်မှုပင်။
ပေါ်ရန်က အနည်းငယ် ပြုံးပြီး သူ့အင်္ကျီလက်ကို ဆွဲတင်လေသည်။
"ကျွန်မ ရှင့်ကို ဝတ်ပေးမယ်နော် ကလေးလေး" ကျင်းရှီက စိတ်အားထက်သန်စွာဖြင့် ပေါ်ရန်ရဲ့ဘယ်ဘက် လက်ကောက်ဝတ်တွင် နာရီကို ဝတ်ပေးခဲ့သည်။ သူ့လက်ကောက်ဝတ်က ချောမွေ့ကာ အချိုးအစားကျပြီး သူ့အသားအရည်က လှပ၍ အရေပြားအောက်ရှိအပြာရောင် သွေးပြန်ကြောများကို အနည်းငယ် မြင်နေရသည်။
လှပသော လက်တစ်စုံမှာ ဈေးကြီးသည့် နာရီတစ်လုံးကို ဝတ်ဆင်ထားသည်ဖြစ်စေ ဒါမှမဟုတ် အားကစားလက်ပတ်တစ်ခုကို ဝတ်ဆင်ထားသည်ဖြစ်စေ ကြည့်ကောင်းပါသည်။
ပေါ်ရန်က ကျင်းရှီ နွေရာသီအားလပ်ရက်တုန်းက ငွေနည်းနည်း ရှာနိုင်ခဲ့သည် ဆိုတာကို သိထားပေမယ့် ဒီလောက်တန်ဖိုးရှိသည့် လက်ဆောင်ကို သူမ တကယ်ဝယ်မည်ဟုတော့ မမျှော်လင့်မိခဲ့ပေ။
ရှုချောင်းယန်တောင် ကျင်းရှီရဲ့ ဤလက်ဆောင်က တခြားသူများရဲ့လက်ဆောင်တွေထက် တကယ်ကို ပိုကောင်းကြောင်း ပြောခဲ့သည်။ ဒါကိုတခြားသူတွေက ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မလဲ။
နောက်ထပ်လက်ဆောင်ပေးရမယ့်သူက ယန်ရှောင်ယွမ်ဖြစ်သည်။
ယန်ရှောင်ယွမ်သည့် brand များအကြောင်း ဘာမှမသိပေမယ့် အဆင့်အတန်းမြင့် ထုပ်ပိုးထားမှုကြောင့် ဤနာရီက ဈေးကြီးကြောင်းကို သူမသိနိုင်ပါသည်။
သူမရဲ့မျက်နှာမှာ မနှစ်မြို့မှုများကို ပြသနေပေသည်။
သူမ ပေါ်ရန်ကို ပေးသည့် လက်ဆောင်က ချည်သော့ချိတ်ဖြစ်သည်၊ လက်ဆောင်အားလုံးတွင် ဈေးအနည်းဆုံးတောင် ဖြစ်နိုင်သည်။ ဒါပေမယ့် ယန်ရှောင်ယွမ်က ချည်သော့ချိတ်ကို အလွန်နူးညံ့ပြီး ဆန်ပြားသော အရောင်များနှင့် သူမကိုယ်တိုင် တဆင့်ပြီးတဆင့် ချည်ထိုးထား၍ ညာဖက်ထောင့် အောက်နားတွင် သူမရဲ့နာမည်အတိုကောက်ကို ထိုးထားတာကြောင့် သူမရဲ့လက်ဆောင်က တွေးခေါ်တတ်ဆုံးနှင့် အဓိပ္ပာယ်အရှိဆုံးဖြစ်သည့်ဟု ထင်ခဲ့သည်။
ယန်ရှောင်ယွမ် ပေါ်ရန်ကို ဤသော့ချိတ်လေး ပေးရသည့် အကြောင်းပြချက်က ပေါ်ရန်ရဲ့သော့ချိတ်ပေါ်က မျက်နှာမပါသည့် ယုန်ရုပ်လေးက ဟောင်းနွမ်းနေပြီဖြစ်ပြီး အတော်ကြာအသုံးပြုခဲ့ပုံပေါ်တာကြောင့် သော့ချိတ်ကို လဲချိန်တန်ပြီဖြစ်သည်။
ထိုလက်ဆောင်ကို ပေးလိုက်ပြီးနောက် သူငယ်ချင်းများက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ လေထဲတွင် ဖော်မပြနိုင်သော အဆင်မပြေမှုအချို့ကို ခံစားရပေသည်။
ဒါပေမယ့် ယန်ရှောင်ယွမ်က ဒါကို လုံးဝသတိမထားမိပေ။ သူမက ပေါ်ရန်ကို "Happy birthday ပါ ပေါ်ရန်"
ပေါ်ရန်က ယဉ်ကျေးမှုအရ ပြုံးပြီး ပြောသည်။ "မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတယ်ပါတယ်၊ မင်းရဲ့ရည်ရွယ်ချက်ကို ငါနားလည်ပါတယ်၊ ဒါပေမယ့် လက်ဆောင်ကို ပြန်ယူလိုက်ပါ"
ဒါကိုကြားတော့ ယန်ရှောင်ယွမ်ရဲ့မျက်နှာက ပြောင်းသွားသည်။ "ပေါ်ရန်၊ ကျွန်မလက်ဆောင်က ဈေးပေါလွန်းတယ်လို့ ရှင်ထင်လို့လား"
"မဟုတ်ပါဘူး" ပေါ်ရန်က သူ့ရဲ့သော့ချိတ်ကို ထုတ်ပြီး သူ့လက်ချောင်းထိပ်ပေါ်မှာ ဝှေ့ပြသည်။ သူက ထုတ်ဖော်ပြောဆိုသည်။ "ငါ့မှာသော့ချိတ်ရှိပြီးသား"
"ဒါပေမယ့် ဒါကဟောင်းနေပြီလေ"
ယန်ရှောင်ယွမ်က ပေါ်ရန်သည် ဆင်ခြေတွေလုပ်ပြီး သူမရဲ့လက်ဆောင်ကို အထင်အမြင်သေးသည်ဟု ခံစားခဲ့ရသည်။ သူမက ဝမ်းနည်းစွာဖြင့် အသံကိုနှိမ့်ပြောသည်။ "ကျင်းရှိီက ရှင့်ကို တန်ဖိုးကြီးနာရီကို ပေးရင်တောင် ဒီသော့ချိတ်က ကျွန်မ ညပေါင်းများစွာ အချိန်ယူပြီး ဂရုတစိုက် ချည်ထိုးခဲ့ရတာ။ ကျွန်မကတော့ သူတို့က တန်ဖိုးအရ ကွာခြားမှုမရှိဘူး..."
ချူးကျောက်က သည်းမခံနိုင်တော့ဘဲ "ဂျူနီယာ ညီမလေး၊ မင်း ပေါ်ရန်ကို ဘာအတွက် ပေးတာလဲ။ သူ မင်းလက်ဆောင်ကို ငြင်းတာက ဈေးနည်းလွန်းတာမို့ သူက အထင်အမြင်သေးတာလို့ မင်းထင်နေရင် ငါတို့ထဲက ကျန်တဲ့သူတွေကရော ဈေးနည်းတဲ့ လက်ဆောင်ကိုတောင် မပြင်ဆင်ခဲ့ဘူးဆိုတော့ သူနဲ့အတူတူ သူ့မွေးနေ့ကို ငါတို့က ဆင်နွှဲဖို့ အရည်အချင်းမရှိဘူးလား"
ကျင့်ချီက သူ့လက်ကို သူ့ကောင်မလေးရဲ့ပခုံးပေါ်တင်ထားဖို့ အခွင့်အရေးကို ယူ၍ ပြုံးပြုံးလေး ရှင်းပြခဲ့သည်။ "ရှောင်ယွမ် ဒီဖုန်းသော့ချိတ်လေးကို မနှစ်က ပေါ်ရန် ၁၉ နှစ်ပြည့်တုန်းက သူ့အတွက် ကျင်းရှီ ပေးထားတာ။ ဒါက ဘယ်လောက်ပဲပျက်စီးနေပါစေ ပေါ်ရန်က ပြောင်းမှမဟုတ်ဘူး"
ယန်ရှောင်ယွမ်က ပေါ်ရန်ရဲ့သော့ချိတ်ကို ကြည့်လိုက်သည်။ ဒီဟောင်းနွမ်းနေတဲ့ မျက်နှာမပါသည့် ယုန်လေးက ကျင်းရှီ မနှစ်က သူ့ကိုပေးခဲ့တာပဲ။
ကျင်းရှီက မပျော်မရွှင်ဖြင့် "ဒီယုန်လေးကလည်း လမ်းဘေးဈေးဆိုင်က ပစ္စည်းပါ။ မင်းပေးတဲ့ သော့ချိတ်ထက်တောင် ဒါက ဈေးပေါနေနိုင်တယ်၊ ဒါမို့အများကြီးမတွေးပါနဲ့"
လူတိုင်းက သူမရဲ့ပြန့်ကျဲသွားသည့် မိမိကိုယ်ကို လေးစားမှုကို ပြန်တည်ဆောက်ဖို့ ဂရုတစိုက် ကူညီပေးချင်ပေမယ့် ယန်ရှောင်ယွမ်က ယှဉ်ပြိုင်ခြင်းတွင် အလွန်အမင်း အထိမခံကြွေပန်းကန်ဖြစ်သည်။ သူမ တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးရင် နွားဆယ်ကောင်ကတောင် သူမကို ပြန်ဆွဲမခေါ်နိုင်ပေ။
သူမသည် ခေါင်းကွဲပြီး သွေးထွက်သံယို မဖြစ်ဘဲ မကျေနပ်နိုင်ပါ။
ယန်ရှောင်ယွမ်က အံကြိတ်ပြီး "ဒါဆို...ပေါ်ရန်ယူထားလို့ရတာပဲ၊ သူ့ကျောင်းလွယ်အိတ် ဒါမှမဟုတ်... တစ်နေရာရာမှာ ချိတ်ပေါ့"
"မင်း ဒီပေါ်မှာ စိတ်ရောကိုယ်ပါ အားထုတ်ခဲ့ရတာမို့ ပိုသင့်တော်တဲ့သူကို ပေးသင့်တယ်လို့ ငါထင်တယ်"
ပေါ်ရန်ရဲ့စကားလုံးများသည် ရှင်းလင်းလွန်းနေပြီးသားပါ။ တခြားလက်ဆောင်ဆို အဆင်ပြေပေမယ့် တခြားမိန်းကလေးတစ်ယောက်က သူမနှလုံးသားကို လောင်းထည့်၍ ပြုလုပ်ထားတာကိုတော့ သူတကယ်ကို လက်မခံရဲပေ။
သူ့မှာ ပြတ်သားသည့် ရှင်သန်မှု အကျင့်စရိုက်ရှိသည်။
ယန်ရှောင်ယွမ်က အံကြိတ်ပြီး ချည်သော့ချိတ်ကို ပြန်ယူခဲ့သည်။
ဘယ်သူကမှ သူမကို အာရုံမစိုက်တော့ပေ။