အပိုင်း (၈၉)
Vol. 7 Ch. 89
ကျင့်ချီက မွေးနေ့ကိတ်ကို ထုတ်ပြီး မီးခြစ်ဖြင့် ဖယောင်းတိုင်များကို ထွန်းညှိနေစဉ် ကျင်းရှီက နံရံပေါ်က မီးများကို မှိန်လိုက်သည်။
"ဖယောင်းတိုင်းဘယ်နှစ်ချောင်းလဲ"
"ပေါ်ရန်က ဒီနှစ်၂၀ပြည့်တာမို့ နှစ်ချောင်းထွန်း"
"ပေါ်ရန်က အနီနှင့်အစိမ်းရောင် ဖယောင်းတိုင် အရှည်နှစ်ချောင်းကို ရွေးယူပြီး ကိတ်မုန့်ရဲ့အလယ်တွင် သူတို့ကို နီးကပ်စွာ စိုက်လိုက်သည်။ သူက နူးညံ့စွာ ပြုံးပြီး ပြောသည် "အသက်နှစ်ဆယ်အရွယ်မှာ၊ ငါတို့ရဲ့ကျင်းရှီလို ကောင်းမွန်တဲ့ ကောင်မလေးကို ရှာတွေ့ခဲ့တယ်။ ဘဝမှာ အောင်နိုင်တဲ့သူဆိုတာ ဘာကိုဆိုလိုတာဖြစ်မလဲ။ ဒါကိုပဲလေ။ အနီရောင် ဖယောင်းတိုင်က ငါတို့ရဲ့ကျင်းရှီကို ကိုယ်စားပြုပြီး အစိမ်းရောင်က ငါ့ကိုကိုယ်စားပြုတယ်။ ငါတို့က အမြဲတမ်းအတူတူပျော်ရွှင်ကြမှာ"
လူအုပ်ကြားတွင် ငြီးငြူသံများ ထွက်လာသည် "ကျေးဇူးပြုပြီး ထိုင်ပြီးတော့ မင်းရဲ့အချစ်ကို ကြွားပါ။ တခြားသူတွေကို အရှက်မခွဲစမ်းပါနဲ့"
ကျင့်ချီက ချူးကျောက်ပခုံးပေါ် သူ့လက်ကို တင်ထားပြီး ရယ်မောကာ "ဒီမှာဘယ်သူက ကောင်မလေးမရှိတာလဲ"
ချူးကျောက်က သူ့ကို တွန်းထုတ်ပြီး မော့ကြည့်လိုက်တော့ သူမပေါ်ကို ကျရောက်နေသော ရှုချောင်းယန်ရဲ့ရှုပ်ထွေးနေသည့် အကြည့်နှင့် ဆုံတွေ့သွားသည်။ ချူးကျောက်က သူ့ကို ရိုးရိုးရှင်းရှင်းပဲ ပြုံးပြပြီး သူမရဲ့မျက်လုံးများသည် ကြည်လင်နေသည်။
ကျင်းရှီက ပေါ်ရန် ခေါင်းပေါ် တောက်ပသော ရွှေရောင်စက္ကူသရဖူကို တင်ပေးသည်။ "ကလေးလေး ဆုတောင်းလိုက်"
ပေါ်ရန်က လက်အုပ်ချီပြီး ကောင်းကင်၊ မြေကြီးနှင့် အရပ်ရှစ်မျက်နှာကို တောင်းဆုပြုသည်။ သူက တီးတိုးရွတ်သည်။ "ကျွန်တော့်ကောင်မလေး နောက်စာသင်နှစ်သစ်ကစပြီး CET 6 ကို အောင်ဖို့ မျှော်လင့်ပါတယ်။ မကျပါစေနဲ့ မဟုတ်ရင် သူ့အစ်ကိုက သေအောင် ပွစိပွစိပြောလိမ့်မယ်"
ကျင်းရှီက ရယ်ကာ "ရပြီ၊ ဒါအတွက်ကျေးဇူးနော်၊ ဆရာ"
ကိတ်မုန့်ကိုခွဲချိန်မှာ ယောက်ျားလေးတွေက တမင်တကာ ပြဿနာရှာကြပြီး လူတွေရဲ့မျက်နှာကို ကိတ်မုန့်အနှစ်တွေနဲ့ လိုက်သုတ်ကြသည်။ မိန်းကလေးတစ်ယောက်မှ မလွတ်ဘဲ အသုတ်ခံခဲ့ရပြီး တည်တံ့နေသော မျက်နှာဖြင့် လူတိုင်းနှင့် စကားမပြော၊ မဆော့ကစားဘဲ တစ်ယောက်တည်း ထိုင်နေသော ယန်ရှောင်ယွမ်မှ လွဲ၍ဖြစ်သည်။
နောက်တော့ မိန်းကလေးများက သူတို့ရဲ့မျက်နှာပေါ်က ခရင်မ်တွေကို သန့်ရှင်းဖို့အတွက် အများသုံးသန့်စင်ခန်းကို သွားကြသောအခါ လင်းလောက မတတ်နိုင်ဘဲ ကျင်းရှီကို ငြီးငြူသည်။ "အဲ့ကောင်မလေးက တကယ်ကို ကောင်းပေးရခက်တယ်။ သူ အဘိုးကို ငါတို့က သူ့ကို ပစ်ထားပါတယ်ဆိုပြီး ပုံပြင်တွေ ထပ်မပြောဖို့ မျှော်လင့်တယ်"
ကျင်းရှီက ရေပိုက်ခေါင်းကို လှည့်ဖွင့်ပြီး တစ်သျှူးကို ရေစွတ်၍ သူမရဲ့နဖူးကို သုတ်ရင်း ပေါ့ပေါ့ပါးပါး ပြောသည်။ "သူ အရင်က ငါ့အကြောင်း အဘိုးကို မငြီးငြူဖူးတာကျနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဘိုးက အကုန်သိပါတယ်၊ သူဖွင့်မပြောရုံပဲ"
"ငါပြောစရာစကားမရှိတော့ဘူး" လင်းလောက လက်လေမှုတ်စက်ဖြင့် သူမလက်ကို အခြောက်ခံနေသည်။ "ဗီလိန်တွေထက် လူကောင်းတွေကို စော်ကားတာက ပိုကောင်းတယ်တဲ့လေ"
"ဘယ်သူ့ကို ဗီလိန်လို့ပြောနေတာလဲ" စူးရှသော အမျိုးသမီးအသံက သန့်စင်ခန်းတံခါးဖွင့်သံနှင့် အတူထွက်ပေါ်လာသည်။
ကျင်းရှီ လှည့်ကြည့်လိုက်တော့ ယန်ရှောင်ယွမ်က သူမပါးများ နီရဲကာ သူတို့ကို စိုက်ကြည့်ရင်း သန့်စင်ခန်းထဲမှ ထွက်လာတာကို မြင်လိုက်ရသည်။
"အိုး" လင်းလောက ဖာသိဖာသာပဲ ပခုံးတွန့်ပြသည်။ "ကြားလိုက်တာပဲကို"
ယန်ရှောင်ယွမ်၏ မျက်နှာမှာ ရှက်ရွံ့မှုတွေ ပြည့်နှက်နေပြီး သူမက ပြတ်သားစွာ ပြောသည်။ "ငါကရွာလေးကလာတယ်ဆိုပြီး ငါ့ကို နင်တို့အားလုံး အထင်အမြင်သေးနေတယ်ဆိုတာ ငါသိတယ်"
ကျင်းရှီက တည်ငြိမ်စွာ ပြောသည်။ "ဘယ်သူ့မှနင့်ကိုအထင်သေးမနေဘူး။ နင့်ကိုနင်ပဲ အထင်သေးနေတာ"
ယန်ရှောင်ယွမ်က ဒီည နောက်ဆုံး မပေါက်သွားမချင်း အဆက်မပြတ် မှုတ်နေသည့် ပူဖောင်းကဲ့သို့ ဖြစ်နေသည်။ သူမက နာကြည်းစွာ ပြောခဲ့သည်။ "ငါကကံကောင်းခြင်းနဲ့ မွေးဖွားခဲ့တာ မဟုတ်ဘူး။ ဘာမှမရှိဘဲ မွေးဖွားလာခဲ့တာ။ အရာအားလုံးကို ငါ့ကြိုးစားမှုနဲ့ပဲ အရယူခဲ့ရတာ။ နင်တို့လို မြို့သူတွေက ကြိုးစားမှုမရှိဘဲ အရာအားလုံးကိုရနေတာ၊ ချစ်တဲ့မိဘတွေ၊ ချမ်းသာတဲ့မိသားစုတွေ၊ ကောင်းမွန်တဲ့ ကောင်လေးတွေပေါ့။ ဘာကြောင့် နင်တို့နဲ့ မထိုက်တန်တာတွေက နင်တို့မှာရှိနေတာလဲ"
"ဒီတော့ နင့်အခြေအနေတွေက ခက်ခဲလွန်းတာမို့ ကမ္ဘာတစ်ခုလုံးက ကောင်းချီးတွေအားလုံးက နင့်အတွက်ပဲ ဖြစ်ရမယ်ပေါ့" လင်းလောက အကြင်နာမဲ့စွာ ပြောခဲ့သည်။ "နင်ကကြိုးစားတာကြောင့် ကောင်းတဲ့အရာအားလုံးက နင်ပဲပိုင်သင့်တယ်၊ နင့်အတန်းဖော်ရဲ့ကောင်လေးကလည်း နင့်ဟာပဲ၊ ဒါနင့်ရဲ့အတ္တမဟုတ်ဘူးလား"
ယန်ရှောင်ယွမ်က ကျင်းရှီကို နာကြည်းစွာ ကြည့်နေသည်။ ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို လျစ်လျူရှူထားပုံပေါ်သည့် ဒီအမူအရာကင်းမဲ့သော ကောင်မလေးရဲ့မျက်နှာမျိုးက ဘယ်လိုတောင် မုန်းစရာကောင်းလိုက်လဲ။
"နင်က ပေါ်ရန်အတွက် လုံးဝမသင့်တော်ဘူး" သူမက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး သူမရဲ့အသံက တိုးလျစွာဖြင့် "နင့်လိုမိန်းကလေးမျိုးက သူ့ကိုလုံးဝနားမလည်ဘူး"
ကျင်းရှီက ယန်ရှောင်ယွမ် မျှော်လင့်ထားသော တုံ့ပြန်မှုကို မပေးဘဲ တိတ်ဆိတ်နေဆဲဖြစ်သည်။ သူမက ရေပိုက်ခေါင်းကို ဖွင့်ပြီး သူမမျက်နှာကို ဆေးကြောပြီးနောက် တစ်သျှူးဖြင့် သူမပါးတွေကို သုတ်သည်။
သူမနောက်က ယန်ရှောင်ယွမ်သည် အနည်းငယ် စိတ်မရှည်တော့ဘဲ "နင်ဘာသဘောလဲ၊ ငါ နင့်ကိုပြောနေတယ်လေ၊ နင်မကြားဘူးလား"
ကျင်းရှီက တစ်သျှူးကို လွှင့်ပစ်ပြီးနောက် သူမနှင့်မျက်နှာချင်းဆိုင်၍ ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။ "ယန်ရှောင်ယွမ် နင် ငါ့ကိုကောင်းကောင်းသိတယ်လို့ ထင်နေတာလား"
ယန်ရှောင်ယွမ်က ကိုးရိုးကားရား ပြောခဲ့သည်။ "ငါအရင်က နင့်လိုမိန်းကလေးတွေ အများကြီး မြင်ဖူးတယ်။ ငါတို့အခန်းထဲက တစ်ယောက်လည်း တူတူပဲ၊ ချစ်ဖို့ကောင်းပြီး ရိုးသားသလို ဘယ်လိုပြုမူရမလဲပဲသိတဲ့ ရူးကြောင်ကြောင်နဲ့ ချစ်စရာကောင်းတဲ့ သခင်မလေးတွေ၊ ဒီကမ္ဘာကြီးက အခက်အခဲတွေနဲ့ အန္တာရယ်တွေကို ဘာမှမသိဘူး"
ကျင်းရှီက ရုတ်တရက် ပြန်မေးသည်။ "ဆင်းရဲတာက ကံအဆိုးဆုံးအရာလို့ နင်ထင်တာလား"
"မဟုတ်လို့လား"
"မဟုတ်ဘူး၊ တကယ့်ကံဆိုးတယ်ဆိုတာ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ပဲရှိပါစေ ဘယ်လိုပဲကြိုးစားနေပါစေ နင့်ဘဝထဲကို နင်ချစ်တဲ့သူတွေ ဘယ်တော့မှ ပြန်မလာနိုင်တော့တာပဲ"
ယန်ရှောင်ယွမ်က သူမကို အံ့အားသင့်စွာ ကြည့်နေသည်။
"ငါ့မိဘအရင်းတွေသာ ငါ့ဘေးမှာ ရှိမယ်ဆို ဘယ်လောက်ပဲဆင်းရဲပါစေ ပြီးပြည့်စုံပြီး ပျော်ရွှင်ရတဲ့ မိသားစုလေးတစ်ခု ဖြစ်မယ်လို့ ငါအကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးတယ်။ ငါ့မှာဘယ်တုန်းကမှ နာကြည်းမှုဆိုတာ ရှိမှာမဟုတ်ဘူး"
ယန်ရှောင်ယွမ်က သူမရဲ့မိသားစု၊ သူမအတွက် ကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့ သူမမိဘတွေကို တွေးမိလိုက်သည်။ သူတို့က တကယ်ကို သူမကို ဂရုစိုက်ကြသည်၊ ဒါပေမယ့် သူမကတော့ သူမရဲ့အခြေအနေတွေနဲ့ အိမ်ရဲ့ဆင်းရဲမှုကို အကြိမ်ပေါင်းများစွာ ငြီးငြူမိခဲ့သည်။
"နင်ပြောတယ်နော် ငါက ပေါ်ရန်ကို နားမလည်ဘူးလို့။ ဒါဆို ငါ နင့်ကိုပြောပြမယ်၊ ဒီကမ္ဘာကြီးမှာ ဘယ်သူက ငါ့ထက် သူ့ကိုနားလည်မှာလဲ ဘယ်သူက ငါချစ်တာထက် သူ့ကိုပိုချစ်မှာလဲ"
ယန်ရှောင်ယွမ်က အသက်ရှူကြပ်သွားသည်။ သူမသည် အရှက်တရားနှင့် နောင်တကို ခံစားလိုက်ရသည်။
"ဆင်းရဲတာကြောင့် နင်က ကမ္ဘာပေါ်မှာ စိတ်အဆင်းရဲရဆုံးလို့ ထင်နေတာလား။ ယန်ရှောင်ယွမ် နင်က တုံးလိုက်တာ"
ကျင်းရှီရဲ့စကားများသည် ယန်ရှောင်ယွမ်ရဲ့စုစည်းထားသည့် အင်အားများကို လုံးဝ လျော့ပါးသွားစေခဲ့သည်။ သူမက မှိုင်တွေစွာဖြင့် အရင်ထွက်သွားခဲ့သည်။
ကျင့်ချီက ဆေးလိပ်သောက်ဖို့အတွက် အပြင်ကိုထွက်လာခဲ့ပေမယ့် လှေကားထောင့်မှာ ချူးကျောက်နှင့် ရှုချောင်းယန်တို့ စကားပြောနေတာကို သူမြင်လိုက်ရသည်။
လှေကားမီးအလင်းရောင်သည် မှိန်ဖျော့နေပြီး နှစ်ယောက်သားသည် ရောင်စုံမှန်ပြတင်းပေါက်ကို မျက်နှာမူ၍ စကားပြောနေကြပြီး ရံဖန်ရံခါ မူးနေသော လူများက ယိုင်နဲနဲဖြင့် တီးတိုးပြောရင်း ဖြတ်သွားသည်။
ကျင့်ချီက ထောင့်နားက နံရံကို မှီ၍ရပ်နေပြီး နှစ်ယောက်လုံးကတော့ သတိမထားမိကြပေ။ သူက သူ့အိတ်ကပ်ထဲမှ မီးခြစ်တစ်ခုကို ထုတ်ပြီး ကလစ်ခနဲ ဖွင့်လိုက်သည်။
သူ့စီးကရက်ကို မီးညှိလိုက်ပြီး သူ့မျက်လုံးများတွင် မှုန်မှိုင်းသော အမှောင်ထုတစ်ခု ဖုံးလွှမ်းထားသည်။ သူ့မီးခြစ်ကို ဖယ်လိုက်ပြီးနောက် သူကလှည့်ထွက်သွားပေသည်။
တကယ်တော့ ချူးကျောက်သည် လမ်းမှာ မတော်တဆ ရှုချောင်းယန်နဲ့ ဆုံမိခဲ့တာဖြစ်ပြီး ရှုချောင်းယန်က သူ့မှာ သူမကို ပြောစရာရှိတယ်လို့ ပြောတာကြောင့် သူတို့ လှေကားဆီ လာခဲ့ကြတာဖြစ်သည်။
သူ့ရဲ့ဆွဲဆောင်မှုရှိသော အကြည့်က သူမရဲ့နှလုံးခုန်နှုန်းကို ထိန်းချုပ်မှုမရှိ မြန်ဆန်စေတာကြောင့် သူမသည် သူနှင့် မျက်လုံးချင်း မဆုံရဲခဲ့ပေ။ ဒါက တစ်ဖက်သတ်ချစ်ရသူ တစ်ယောက်ရဲ့စွမ်းအားဖြစ်သည်။
မင်း တစ်ယောက်ယောက်ကို သဘောကျနေရင် သူတို့ရဲ့အကြည့်က မင်းအတွက် သံလိုက်ဖြစ်သည်။
ယခု ရှုချောင်းယန်၏ မျက်လုံးတွေထဲက စွမ်းအားသည် ပျောက်ကွယ်သွားခဲ့ပြီ။
"ငါ မင်းကို ဂုဏ်မပြုရသေးဘူးပဲ" သူက သူ့ဆံပင်တွေကို ကိုးရိုးကားရား ပွတ်သပ်ရင်း ပြောခဲ့သည်။ "မင်းတို့အတူတူရှိနေကြအတွက် ငါတကယ်ပျော်ပါတယ်"
"ကျေးဇူးပါ" ချူးကျောက်က ရောင်စုံမှန်ပြတင်းပေါက်ကို မှီထားရင်း သူနှင့် အလွန်ပေါ့ပါးစွာ ပြောဆိုနေသည်။ "ရှင်လည်း မကြာခင် ပျော်ရွှင်မှုကို ရှာတွေ့သွားဖို့ ကျွန်မမျှော်လင့်ပါတယ်"
"မနှစ်က ထင်တယ်"
"ဘာကို"
"ငါတို့ escape room ကို အတူတူသွားခဲ့တာလေ"
ချူးကျောက်က နားလည်သွားသည် - မနှစ်က ဒီအချိန်မှာ သူတို့ escape room ကို အတူတူကစားဖို့ သွားခဲ့ကြသည်။ သူမ ရှုချောင်းယန်အတွက် ခံစားချက်တွေ စတင်ခဲ့သည့် အချိန်လည်းဖြစ်သည်။
"အဲ့တုန်းက ငါတကယ်ကို ကြောက်လန့်နေခဲ့တာ။ ငါ့ရဲ့သတ္တိတွေအားလုံးက ကောင်မလေးတွေရှေ့မှာ မျက်နှာမပျက်ချင်လို့ ဟန်ဆောင်ထားတာလေ။ ငါသရဲကြောက်တယ်"
ရှုချောင်းယန်ရဲ့မျက်ခွံနှစ်ထပ်သည် အနည်းငယ် မြင့်တက်သွား၍ သူက တောက်ပပြီး ချစ်စရာကောင်းစွာ ပြုံးခဲ့သည်။
အချစ်သည် နှလုံးသားမှ ဖြစ်ပေါ်လာသည်ဟု ဆိုကြသည် - သူ့ရဲ့ရုပ်အသွင်က လူတွေကို သက်တောင့်သက်သာဖြစ်စေတဲ့ ပုံစံမျိုးပင်။ သူ့အကြည့်က သန့်ရှင်း၊ ကြည်လင်ပြီး သူ့နှလုံးသားက အပြစ်ကင်းသည်။
"ကျွန်မ သိပါတယ်၊ ရှင့်သရုပ်ဆောင်ချက်က သိသိသာသာကို အရမ်းဆိုးတယ်လေ"
"ဒါမို့၊ ငါက မင်းနဲ့ တကယ်ကို မလိုက်ဖက်ဘူး"
ချူးကျောက်က သူဘာဆိုလိုသည်ဆိုတာ သိပါသည်။ သူမရဲ့အပြုံးက အနည်းငယ် မှိန်ဖျော့နေခဲ့သည်။
"တခြားဘာသဘောမှမဟုတ်ပါဘူး" သူက သူမကိုပြောသည်။ "ငါ မင်းကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ရုံပဲ"
"ဟမ်"
"အရင်က မင်း ငါ့ပေါ် ဆက်ဆံခဲ့တာတွေအတွက် ကျေးဇူးပါ..."
သူက သူ့လက်များကို ပွတ်သပ်ရင်း တုံ့ဆိုင်းနေခဲ့သည်။ "အရင်က ငါ့အပေါ် ကောင်းပေးခဲ့တာအတွက် ကျေးဇူးပါ။ တောင်ပေါ်မှာတုန်းက ငါအစာအိမ်ထဖြစ်တော့ မင်းငါနဲ့တစ်ညလုံး ဆေးရုံမှာ နေပေးခဲ့တယ်။ ကျင့်ချီက ဒီအကြောင်း ငါ့ကိုပြောပြခဲ့တာ။ အဲ့ဒီတုန်းက မင်းမှာကြင်နာတတ်တဲ့နှလုံးသား ရှိတာပဲလို့ ထင်ခဲ့တယ်။ ငါတကယ်ကို တုံးအခဲ့တာ။ ငါသာစောစောသိခဲ့ရင်..."
ချူးကျောက်က ရှုချောင်းယန်ကို အလျင်အမြန် စကားဖြတ်ပြောသည်။ "ရှင်လည်း ကြင်နာတတ်တာပဲလေ"
ရှုချောင်းယန်က သူမကိုမော့ကြည့်ခဲ့သည်။
သူမသည် ပြတင်းပေါက်နားတွင် ရပ်နေပြီး နွေးထွေးသော မှန်အလင်းရောင်က သူမမျက်နှာပေါ်တွင် ကျရောက်နေ၍ ရှေ့ဆံပင်က သူမရဲ့မျက်လုံးကို အနည်းငယ် ဖုံးအုပ်နေကာ သူမရဲ့နားနောက်မှာ ဆံပင်တချို့က ပြေလျော့ကျနေသည်။
ရှင်လည်းကြင်နာတတ်တာပဲ။
ရှင် ကျွန်မကို သဘောမကျရင်တောင် ကျွန်မရှင့်ကို သဘောကျတယ်ဆိုတာ သိတော့ ကျွန်မနဲ့အတူတူရှိပေးချင်ခဲ့တယ်လေ။
ချူးကျောက်က ဘာပြောရမလဲ မသိပေမယ့် ဒါက သူမလိုချင်ခဲ့တဲ့အချစ် မဟုတ်သလို ဖြစ်သင့်သည့်အချစ်လည်း မဟုတ်ဘူးဆိုတာ သေချာသည်။
ချူးကျောက်က ချိန်းမတွေ့ခဲ့ဖူးပေ။ သူမရဲ့ငယ်ရွယ်စဉ် စိတ်ကူးယဉ်မှုများမှာ အချစ်သည်...ဘယ်လိုပဲခက်ခဲပင်ပန်းနေပါစေ အတူတကွရင်ဆိုင်ခြင်းဖြစ်သည်။
နက်ရှိုင်းသောအချစ်ဖြစ်သည်။
အခု အရွယ်ရောက်လာတော့ ထိုအချစ်သည် ဝတ္ထုများ၊ TV ဇာတ်လမ်းများတွင်သာရှိကြောင့် နားလည်လာခဲ့သည်။
တကယ်တော့...အမြဲတမ်း အချစ်သည် ရှုချောင်းယန်လိုဖြစ်သည် - မင်းတစ်စုံတစ်ယောက်ကို သဘောကျလား၊ သူတို့ကို ဘယ်လောက်သဘောကျလဲ မသေချာပေမယ့် မင်းတို့အတူတူရှိနိုင်တယ်၊ ဒါက ရိုးရှင်းပေမယ့် ပျော်ရွှင်စရာကောင်းပါတယ်။
လွဲချော်သွားခဲ့သော ဆက်နွယ်မှုများသည် သူမရဲ့အနိမ့်ကျဆုံးအချိန်၌ သူမကို ကျင့်ချီနှင့် ဆုံတွေ့ဖို့ ကောင်းကင်ဘုံရဲ့စီစဉ်မှုဖြစ်နိုင်သည်။
"ကျင့်ချီက ငါ့သူငယ်ချင်းကောင်းပါ။ သူက ငါ့ပေါ်ကောင်းတယ်..." ရှုချောင်းယန်က ပြောသည်။ "သူ မင်းကိုကောင်းကောင်း မဆက်ဆံဘူးဆို ငါ့ကိုပြော။ သေချာပေါက် ငါ မင်းအတွက်ရှိနေပေးမယ်"
"ဒါပေါ့၊ ကျွန်မ ရှင့်ကို ပြောမှာပါ"
ရှုချောင်းယန် ပြုံးလိုက်သည်။ ချူးကျောက်ကလည်း သုံးနှစ်တာ သဘောကျခဲ့ရသည့်သူကို လက်လွှတ်လိုက်ရတာကို လက်ခံနိုင်ပြီး စိတ်သက်သာရာရစွာ ပြုံးပေသည်။
သီးသန့်ခန်းသို့ ပြန်သွားတော့ ရှားယိုနှင့် တခြား သီချင်းဆိုချင်သည့် ကောင်လေးများက မိုက်ခ်ကို အပြိုင်အဆိုင် လုနေကြသည်။ သူမသည် ကျင့်ချီဘေးတွင် ထိုင်လိုက်သည်။
ကျင့်ချီက သူ့ဖုန်းကို ကြည့်နေပြီး စခရင်ရဲ့အလင်းရောင်က သူ့မျက်နှာကို လင်းထိန်စေပြီး သူ့ရဲ့ကြည်လင်သော မျက်လုံးများကို တောက်ပစေကာ မှိန်ဖျော့ဖျော့ အပြာရောင် အလင်းရောင်က သူ့ရဲ့ချောမောသော အသွင်အပြင်ကို ဖုံးလွှမ်းထားလေသည်။
နေ့စဉ် အဆောင်ကိုလာသည့် ပစ္စည်းအမှာစာများဖြင့် သူ့စီးပွားရေးက လုံးဝကောင်းနေသည်။
ချူးကျောက် ပြန်လာတာကိုမြင်တော့ သူက ဖုန်းကိုချလိုက်ပြီး သူမရဲ့အနည်းငယ် စိုစွတ်နေတဲ့ ဆံပင်တွေကို ညင်သာစွာ သုတ်ပေးဖို့အတွက် တစ်သျှူးတစ်ရွက်ကို ဆွဲထုတ်ခဲ့သည်။
"သွားတာကြာတယ်နော်"
"ကျွန်မ ရှုချောင်းယန်နဲ့ စကားပြောနေတာ"
ကျင့်ချီရဲ့အပြုအမူက ခဏလောက် ရပ်တန့်သွားပြီး သူက တစ်သျှူးကို လုံး၍ အမိုက်ပုံးထဲ လှမ်းပစ်ပြီး အေးအေးဆေးဆေး ပြန်ပြောသည်။ "အိုး"
"သူက ကျွန်မကို ဂုဏ်ပြုပေးခဲ့တယ်၊ သူ့ပေါ် အမြဲတမ်းကောင်းပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ခဲ့တယ်"
"သူက အကျင့်မကောင်းတဲ့ သူတော်စင်လေ" ကျင့်ချီက ပေါ့ပေါ့ပါးပါး ပြောသည်။ "ဒါပေမယ့် မင်းတို့ဘာပြောခဲ့လဲ မင်း ကိုယ့်ကို ပြောစရာမလိုပါဘူး"
"ကျွန်မ ရှင့်ကို ပြောပြချင်တယ်" ချူးကျောက်က သူ့ကို မော့ကြည့်သည်။ "အခုကစပြီး အရာအားလုံးကို ကျွန်မရှင့်ကိုပြောပြမယ်။ ကျွန်မ ရှင့်ကို ဘာမှမကွယ်ဝှက်ဘူး"
ကောင်လေးရဲ့နက်မှောင်သော မျက်လုံးများထဲတွင် အမှောင်ထုလှိုင်းလုံးက ဖြတ်သန်းသွားပြီး ကျုံ့နေသော မျက်ခုံးများသည် ပြေလျော့သွားသည်။ "ကိုယ်လျှောက်တွေးမှာစိုးလို့လား"
"ရှင် ဘာမှမပြောရင်တောင် ရှင်အားလုံးကို သိနေတယ်လို့ ကျွန်မခံစားရတယ်" ချူးကျောက်က သူ့လက်ကို ဆုပ်ကိုင်ပြီး ဖြည်းညှင်းစွာ သက်ပြင်းချသည်။ "ဒါကကျွန်မကို စိတ်မသက်မသာဖြစ်စေတယ်"
ကျင့်ချီက ကောင်မလေးရဲ့လက်ဖဝါးမှ နူးညံ့၊ နွေးထွေးပြီး စိုစွတ်မှုကို ခံစားရသည်။
"မင်း ကိုယ့်ကို ကြောက်လို့လား"
သူ တစ်ချက်ကြည့်ရုံနှင့် သူမရဲ့အတွေးတွေကို သိနိုင်သည်။ ချူးကျောက်က သူ့ရှေ့တွင် သူမသည် ဗလာဖြစ်နေသလို ခံစားရသည်။ သူမက အဝေးကို ကြည့်ပြီး ငြီးတွားသည်။ "ရှင် အခုအားလုံးသိနေတာပဲလေ"
ကျင့်ချီရဲ့နှုတ်ခမ်းသည် အနည်းငယ် မြင့်တက်သွားပြီး နီးကပ်လာကာ သူမပါးတွင် ခပ်ဖွဖွ အနမ်းလေးတစ်ခုကို ချန်ထားခဲ့သည်။
ချူးကျောက်ရဲ့နှလုံးသားသည် လှုပ်ခတ်သွားပြီး သူမရဲ့နူးညံ့သော အသားအရည်ပေါ်တွင် ကောင်လေးရဲ့အေးစက်သော နှုတ်ခမ်းလေး ထိတွေ့သွားသည်ကို ခံစားမိလေသည်။
သူ့လက်ဖြင့် သူမခါးကို ပွေ့ဖက်ထားသော်လည်း သူမကို ရင်ခွင်ထဲ ဆွဲသွင်းသေးသည်။
သူက သူမနားထဲကို တီးတိုးပြောသည်။ "ကိုယ့်ပေါ်ရိုးသားပေးလို့ကျေးဇူးပါ။ ကိုယ် အဲ့ဒါကိုသဘောကျတယ်"
"ကျွန်မ ရှင့်ကို ကွယ်ဝှက်နေရတာကို သဘောမကျ..."
သူမစကားမဆုံးသေးခင် လျှပ်စစ်ဓာတ်သည် သူမရဲ့ကျောရိုးမှ သူမရဲ့ခေါင်းထိ တက်ဆောင့်သွားပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ "အမ်း"
အမှောင်ထဲတွင် ကျင့်ချီသည် သူမရဲ့နားကို တကယ်ကို ညင်သာစွာ နမ်းခဲ့သည်။
"ရှင်..."
ကျင့်ချီရဲ့နှုတ်ခမ်းသည် ကွေးညွှတ်သွားပြီး သူသည် သူမရဲ့နားလေးကို ညင်သာစွာ စုပ်၍ သူ့လျှာတွင် နွေးထွေးမှုသည် ဝေ့ဝဲနေပြီး စိုစွတ်သော လေများက သူမရဲ့ဆံပင်တွေကို ရိုက်ခတ်သွားကာ သူမသည် မှိန်မောနေသည်။
"ကျောက်ကျောက် ဘယ်သူ့မှမပေးနိုင်တဲ့ ပျော်ရွှင်မှုကို ကိုယ် မင်းကို ပေးပါ့မယ်"