အပိုင်း (၉၀)
Vol. 7 Ch. 90
ထိုညစုဝေးမှုပြီးနောက် ကျင်းရှီနှင့်ပေါ်ရန်သည် ကျောင်းဝင်းကို မပြန်တော့ဘဲ ပေါ်ရန်ရဲ့တိုက်ခန်းကို သွားကြသည်။
ယောက်ျားလေးတွေ အကျင့်အတိုင်း ပေါ်ရန်က ပုံမှန်ထက် အနည်းငယ် ပိုသောက်ထားတာကြောင့် အခု နည်းနည်းမူးနေပြီး သူ့ပါးနှစ်ဖက်က နီရဲနေ၍ နည်းနည်းတော့ ချစ်စရာကောင်းသည်။
"ရှီရှီ မင်းဘယ်လိုလုပ် အရမ်းပုနေရတာလဲ"
"ပုရုံပဲမဟုတ်ဘူး ပိုလည်းဝလာတယ်"
"ရှီရှီ မင်းဘာလို့စကားမပြောတာလဲ"
သူက သူ့ရှေ့က အမှိုက်ပုံးကို ပွတ်သပ်ပြီး "မင်းခေါင်းက ဘာလို့အရမ်းမာနေတာလဲ"
ကျင်းရှီ - ...
သူငယ်ချင်းတွေက ထွက်မသွားခင် ယိုင်နဲနေတဲ့ ပေါ်ရန်ကို အောက်ထပ်သို့ ကျင်းရှီကို ကူပြီးပို့ပေးခဲ့သည်။ ကျင်းရှီက သူ့ကို ဓာတ်လှေကားထဲ ခေါ်သွားသည်။ တံခါးပိတ်သွားတာနဲ့ ပေါ်ရန်က သူမကို နံရံနဲ့ကပ်ပြီး နမ်းတော့သည်။
သူက သူမရဲ့သွားတွေကို ကျကျနနကို အတင်းဖွင့်ပြီး သူမရဲ့ပါးစပ်အနှံ့ကို ကျူးကျော်၍ သူမရဲ့အသက်ရှူခြင်းကို လောဘတကြီး ခိုးယူနေသော အလွန်ဆာလောင်နေသည့် သားရဲတစ်ကောင်ကဲ့သို့ သူမရဲ့နူးညံ့သော လျှာကို ရှာ၍ ပြင်းပစွာ စုပ်ယူနမ်းရှုံ့သည်။
ကျင်းရှီက သူမရဲ့အသက်ရှူခြင်းကို ဆွဲယူသွားလုနီးပါး ခံစားရသည်။ သူ့၏စိုစွတ်သော နှုတ်ခမ်းနှင့် လျှာက သူမကို တကယ်ကို ကိုက်စားတော့မလိုဖြစ်နေ၍ သူမသည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး အသက်ရှူဖို့ ကြိုးစားရသည်။
သိပ်မကြာခင် ဓာတ်လှေကားက ရောက်သွားသည်။
ပေါ်ရန်က ကျင်းရှီကို ချီလိုက်ပြီး သူမကို တံခါးဆီ သယ်သွားသည်။
ဓာတ်လှေကားထဲက ယစ်မူးနေသော အနမ်းများကြောင့် ကျင်းရှီက ဒီညအတွက်တော့ ဒုက္ခဖြစ်တော့မယ်ဆိုတာ သိသည်။
သူမကို တံခါးဆီ ယိုင်နဲနဲဖြင့် ခေါ်သွားပြီးနောက် ပေါ်ရန်က သူ့အိတ်ကပ်ထဲမှာ သော့ကို နှိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ပေ။
ကျင်းရှီက သူ့ပေါ်မှ ဆင်းလိုက်ပြီး သူမဘာသာ သူ့အိတ်ကပ်ထဲကို သော့ရှာဖို့ လုပ်ပေမယ့် သူမသည် သူ့ဖုန်းနှင့် စောစောက သူမကော်ဖီစားပွဲပေါ် ကျန်ခဲ့သည့် လက်လိမ်းခရင်မ်ဘူးသာ ရှာတွေ့ခဲ့သည်။ ဒါတွေကလွဲလို့ တခြားမရှိပေ။
"ကလေးလေး၊ ရှင် သော့ ယူမလာခဲ့ဘူးလား"
ပေါ်ရန်က သူမပြောတာကို ကြားပုံမပေါ်ပေ။ သူ့လက်က ဂနာမငြိမ်ပဲ ဘာမှမရှိသည့်အိတ်ကို နှိုက်နေတုန်းပင်။ သူတကယ်ကို မူးရူးနေတာဖြစ်သည်။
"ကျင်းရှီက သူ့မျက်နှာကို ညှစ်ပြီး သူမကို အတင်းကြည့်ခိုင်းသည်။ "အရူး၊ ရှင် သော့မယူခဲ့ဘူးမလား။ ရှင် ဘာတွေကိုရှာနေတာလဲ"
ပေါ်ရန်က သူမရဲ့အိတ်ကပ်ကို လက်လှမ်းပြီး သူမရဲ့လွတ်အိတ်ကိုတောင် ဖွင့်ပြီး နှိုက်ရှာနေသေးသည်။
"ဘယ်လိုလုပ် ကျွန်မမှာ ရှိမှာလဲ"
ပေါ်ရန်က လက်လျှော့ချင်ပုံမပေါ်ပေ။ သူက ကျင်းရှီရဲ့အင်္ကျီထဲတောင် လက်ရောက်သွားပြီး နေရာတိုင်းကို ရှာနေသည်။
"..."
သူမူးနေတာကိုသိလို့သာ မဟုတ်ရင် ကျင်းရှီက သူ့ကို တကယ် ကန်ထုတ်ချင်နေပြီ။
"ရှင့်မှာ သော့အပိုရှိလား"
"ရှိတယ်"
"ဘယ်မှာလဲ"
"အဲဒါက..." ပေါ်ရန်က စကားဆုံးအောင် မပြောဘဲ သူမ၏ပါးတွေနှင့် လည်ပင်းကို ထပ်နမ်းပြီး ရှုပ်ပြန်သည်။
သူ့မေးရိုးက မုတ်ဆိတ်မွှေးတိုလေးတွေက သူမကို ယားယံစေသည်။
ကျင်းရှီက ပေါ်ရန်အင်္ကျီနောက်ကျောကနေ ဆွဲပြီး "လိုက် ရှုပ်မနေနဲ့တော့။ သော့ဘယ်မှာလဲ"
ပေါ်ရန်ရဲ့နက်မှောင်သော မျက်လုံးများတွင် ဆွဲဆောင်မှုရှိသော ရီဝေမှုမျိုး ရှိနေသည်။ သူမက သူမရင်ဘတ်ပေါ် ကြိုက်သလို ပွတ်သပ်ပြီး "သေစမ်း၊ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ"
"..."
ကျင်းရှီက ဒီညတော့ အိမ်ထဲဝင်ဖို့ အခွင့်အရေးမရှိလောက်တော့ဘူးဟု ခံစားရပေသည်။
သူမက အချိန်ကို ကြည့်လိုက်သည်။ ဆယ့်တစ်နာရီရှိပြီ။ သူမ အဆောင်ကိုလည်း ပြန်မသွားနိုင်တော့တာကြောင့် သူမ ရှန်အဖေကို ဖုန်းဆက်လိုက်သည်။ ရှန်အဖေက သူ့အလုပ်မှာပဲ ရှိနေဆဲဖြစ်ပြီး အိမ်ကို ဒီညပြန်မလာဖို့တောင် ဖြစ်နိုင်သည်ဟု ပြောခဲ့သည်။
အိမ်ပြန်မလာဘူးဆိုတာက သူ့အတွက် ပုံမှန်လိုဖြစ်တာကြောင့် ဒီည အိမ်က လွတ်နေမှာပဲ။
ကျင်းရှီက မတတ်နိုင်စွာ အရက်သမားရဲ့ခေါင်းကို ပွတ်သပ်ပြီး သက်ပြင်းချသည်။ "ကျွန်မနဲ့ အိမ်ကိုသွားရအောင်"
"ဘယ်ကိုလဲ"
"ကျွန်မအိမ်ကို"
"ဘယ်ကို"
"ကျွန်မအိမ်ပါဆို"
"ဘယ်ကို"
"ထွက်သွားလိုက်တော့"
ပေါ်ရန်က သူ့ခေါင်းကို တံခါးနဲ့ထပ်ဆောင့်ပြန်သည်။ ကျင်းရှီက သူ့ကိုပြန်ဆွဲပြီး "ပေါ်ရန်၊ ကျေးဇူးပြပြီး တိုးတိုးနေစမ်းပါ။ ကျွန်မ တကယ်ကို အားမရှိတော့ဘူးနော်။
"ကျင်းရှီ ဒါက မင်းရဲ့အိမ်ပဲလေ" သူက သူ့အိမ်တံခါးကို လက်ညှိုးထိုးပြပြီး တီးတိုးပြောသည်။ "ကိုယ့် အိမ်ကမင်းအိမ်ပဲလေ၊ ဟုတ်တယ်မလား"
"ဟုတ်တယ်၊ ဟုတ်တယ်။ ရှင်က ကလေးလေးပဲ။ ရှင်ဘာပြောပြောမှန်တယ်"
ကျင်းရှီက နောက်ဆုံးတော့ ပေါ်ရန်ကိုချော့၍ တက္ကစီဆီ ခေါ်သွားခဲ့သည်။ နာရီဝက်လောက်နေတော့ သူတို့သည် အိမ်ရာဝင်း အဝင်ပေါက်တွင် ရပ်တန့်သွားသည်။
ပေါ်ရန်က သူမကို စိတ်လှုပ်ရှားစွာ မေးသည်။ "မင်းအဖေအိမ်မှာရှိလား"
"မရှိဘူး၊ သူ အချိန်ပိုဆင်းနေတယ်"
"ဒါဆို ကိုယ်တို့ မဟုတ်တာလုပ်လို့ရတာပဲ"
ကျင်းရှီက သူ့လက်ရှိအခြေအနေအရ မည်သည့်မဟုတ်တာမှ မလုပ်နိုင်ဘူးဆိုတာကို ခံစားရသည်။
သူတို့နှစ်ယောက်သည် အဆောက်အဦကို ရုန်းကန်၍ တက်ခဲ့ကြသည်။ ကျင်းရှီက တံခါးဖွင့်ဖို့ သူမရဲ့သော့ကို ထုတ်ခဲ့သည်။ သူမ မီးမဖွင့်နိုင်ခင်မှာ ပေါ်ရန်က သူမကို တိုက်ရိုက်ချီမပြီး ဖိနပ်စင်ပေါ် တင်လိုက်သည်၊ ထို့နောက် သူမကိုနမ်းရှုံ့ပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေက တင်းကျပ်စွာ ထိကပ်နေသည်။
ကျင်းရှီက သူမလက်တွေဖြင့် သူ့လည်ပင်းကို ရစ်ပတ်ထားရင်း သူ့ကိုယ်ပေါ်က အရက်နံ့သင်းသင်းလေးကို ရနေသည်။ သူမကရယ်သည်။ "ကလေးလေး ရှင်တကယ်မူးနေတာလား၊ ဟန်ဆောင်နေတာလား"
ပေါ်ရန်က သူမကိုပြန်မဖြေပေ။ သူ့နှာခေါင်းက သူမရဲ့အထိအရှလွယ်တဲ့ ရင်ဘတ်ကို ပွတ်သပ်နေပြီး သူ့မျက်နှာတစ်ခုလုံးကို နှစ်မြှုပ်ထားပေသည်။
"တဆိတ်လောက်၊ မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ"
ရုတ်တရက် ယောက်ျားတစ်ယောက်အသံ ထွက်ပေါ်လာခြင်းက ကျင်းရှီကို လန့်ဖြတ်သွားစေသည်။ သူမက ပေါ်ရန်ကို အမြန်တွန်းထုတ်ပြီး ဖိနပ်စင်ကနေ ခုန်ဆင်းလိုက်သည်။
ခေါက်ဆွဲပြုတ်ကို ကိုင်ထားပြီး အဆီပြန်နေသော နှုတ်ခမ်းတွင် ကြက်သွန်မြိတ်က ကပ်နေသေးသည့် ရှန်ဖျင်ချွမ်သည် အပေါက်ဝတွင် ရပ်နေသည်ကို သူမမြင်လိုက်ရသည်။
သူ့နောက်က TV စခရင်သည် ဘတ်စကတ်ဘောဂိမ်းကို ပြသနေ၍ အနည်းငယ် လင်းထိန်နေသည်။
"အစ်ကို၊ အိမ်မှာရှိနေတဲ့ဟာကို ဘာလို့မီးတွေမဖွင့်ထားတာလဲ" ကျင်းရှီက နီရဲနေသော မျက်နှာဖြင့် ပြောခဲ့သည်။ "အစ်ကို ကျွန်မကို လန့်သေအောင် လုပ်နေတာပဲ"
ရှင်ဖျင်ချွမ်က ဧည့်ခန်းထဲက မီးခလုတ်ကို ဖိနှိပ်လိုက်တော့ တစ်ခန်းလုံးသည် ချက်ချင်း လင်းထိန်သွားပေသည်။
"ငါတစ်ယောက်တည်းဆိုတော့ မီတာခချွေတာနေတာပါ" ရှန်ဖျင်ချွမ်က ပေါ်ရန်ကို ကြည့်ပြီး သံသယဖြင့် "နင်သူ့ကိုဘာလို့အိမ်ခေါ်လာတာလဲ"
ပေါ်ရန်က ရှန်ဖျင်ချွမ်ဆီ လျှောက်သွားပြီး သေသေချာချာရပ်၍ သူ့ကိုအလေးပြုသည်။ "အစ်ကိုရှန်"
ရှန်ဖျင်ချွမ်က သူ့ရဲ့ရုတ်တရက် အပြုအမူကြောင့် လန့်သွားပြီး သူ့လက်ထဲက ခေါက်ဆွဲပြုတ်က ဖိတ်ကျတော့မလိုပင်။ "သေစမ်း၊ မင်းဘာတွေ လုပ်နေတာလဲ"
ကျင်းရှီက ပေါ်ရန်ကို ဆိုဖာပေါ် ထိုင်ဖို့ အမြန်ဆွဲခေါ်သွားသည်။ "သူ မူးနေတာ။ သူ့မှာ သူ့အိမ်သော့မရှိဘူး၊ ကျောင်းကိုလည်း ပြန်သွားလို့မရတော့တာနဲ့ ကျွန်မ သူ့ကို ဒီညအိမ်မှာနေဖို့ ခေါ်လာခဲ့တာ"
"နင် တကယ်ကိုရဲတာပဲ" ရှန်ဖျင်ချွမ်က ခေါက်ဆွဲပြုတ်ကို ချပြီး ပေါ်ရန်ရဲ့ဆံပင်ကို ပွတ်သပ်ကာ "အဘိုးကြီးရှန် မတော်တဆ တွေ့သွားပြီး ဒီကလေးရဲ့ခြေထောက်တွေကို ရိုက်ချိုးမှာ မကြောက်ဘူးလား"
ကျင်းရှီက မီးဖိုချောင်ကနေ သူမခေါင်းလေးကို ထွက်ပြူကြည့်သည်။ ရှန်ဖျင်ချွမ်က ပေါ်ရန်ရဲ့နှာခေါင်းကို ညှစ်နေတာကြောင့် သူက အသက်ရှူလို့မရဘဲ ပါးတွေနီရဲလာသည်ကို မြင်လိုက်ရသည်။
သူမက ဒေါသတကြီးပြောသည်။ "ရှန်ဖျင်ချွမ် သူ့ကိုလိုက်ရှုပ်မနေနဲ့"
"ဒီနီရဲနေတဲ့ မျက်နှာကိုကြည့်စမ်း..." ရှန်ဖျင်ချွမ်က ပေါ်ရန်ရဲ့ပါးကို ညှစ်ထားပြီး "အရမ်းချစ်စရာကောင်းတယ်။ နင်ပုံမှန်ဆို သူ့ရဲ့ဒီလိုနာခံမှုရှိတဲ့ပုံစံကို မြင်ရမှာ မဟုတ်ဘူး။ ငါက သူနဲ့စနောက်ချင်ရုံပါ"
ကျင်းရှီက သူမရဲ့မျက်လုံးတွေကို လှိမ့်လိုက်သည်။ အိုးထဲကရေ ဆူပွက်လာတာကြောင့် သူမသည် ခေါက်ဆွဲကို အိုးထဲ အမြန်ထည့်လိုက်သည်။
သူမ ခေါက်ဆွဲနှစ်ပွဲဖြင့် ထွက်လာသောအခါ ရှန်ဖျင်ချွမ်သည် ပေါ်ရန်ရဲ့အင်္ကျီကို တကယ်ကြီး ချွတ်နေတာကို မြင်တွေ့ရသည်။
ပေါ်ရန်က ကြောက်လန့်တကြား ဆိုဖာထဲကို တိုးဝင်နေပေသည်။
ရှန်ဖျင်ချွမ်က လက်မလျှော့ဘဲ "ရန်ရန် မင်း ကြွက်သားရှစ်ခုဖြစ်သွားတယ်လို့ ကြားတယ်။ ငါ့ကိုပြစမ်းပါ"
ပေါ်ရန်က သူ့လက်ကို ဝှေ့ယမ်းပြီး ဆိုဖာနောက်ကို ပြုတ်ကျတော့မည်။ ကျင်းရှီက သူ့ကို သူမနောက်ကိုပို့ပြီး သူမ "အစ်ကိုရဲ့လက်သရမ်းမှုမှ" ကာကွယ်ခဲ့သည်။
သူမက အမြန်ပြေးသွားပြီး ရှန်ဖျင်ချွမ်ကို ဆွဲထုတ်သည်။ "သူ့ကို ဒီလိုမလုပ်နဲ့၊ သူက ယောက်ျားလေး"
"ဒီလိုချစ်စရာကောင်လေးက ချစ်ဖို့ကောင်းတယ်လေ" ရှန်ဖျင်ချွမ်က သူ့လက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ်ပြီး "ငါဒီည ငါ့ရဲ့ချစ်စရာကောင်းတဲ့ ယောက်ဖနဲ့အိပ်မယ်။ စဉ်းစားကြည့်ရုံနဲ့တင် ပျော်စရာကြီး"
ကျင်းရှီရဲ့ပါးစပ်သည် တွန့်လိမ်သွားသည်။ "အစ်ကိုတော်တော်အကျင့်ယုတ်တာပဲ"
ရှန်ဖင်ချွမ်က ပေါ်ရန်ရဲ့ကြွက်သားတွေကို နတ်ဆိုးအပြုံးဖြင့် ပွတ်သပ်ပြီး "လိမ္မာတဲ့ ယောက်ဖလေး၊ အစ်ကိုကြီးက မင်းကို ကောင်းကောင်းဆက်ဆံမှာပါ"
ပေါ်ရန်က ဆိုဖာနောက် ပြုတ်ကျလုနီးပါး သူ့လက်တွေကို ခါထုတ်နေသည်။ ကျင်းရှီက အမြန် သူ့ကို သူမရဲ့"ဆိုးရွားသောအစ်ကို" ဆီမှ ကာကွယ်ခဲ့သည်။
ကလေးနှစ်ယောက်က ပိတ်ရက်တွေဆို ကျောင်းမှာပဲနေတာမို့ အိမ်မှာ အဆာပလာတွေမရှိပေ။ ထို့ကြောင့် ခေါက်ဆွဲကို ရိုးရိုးရှင်းရှင်းနှင့် ပါဝင်မှု အနည်းငယ်ဖြင့်သာ လုပ်နိုင်သည်။ ခေါက်ဆွဲပေါ်က အဝါရောင် ကြက်ဥအနှစ်ကလွဲ၍ အစားအစာသည် အရမ်းတော့ စားချင်စရာကောင်းပုံမပေါ်ခဲ့ပါ။
ရှန်ဖျင်ချွမ်က ပေါ်ရန်ရဲ့ပန်းကန်ထဲက ကြက်ဥအနှစ်နှစ်ခုကိုကြည့်ပြီး မကျေမနပ် ပြောလေသည်။ "သူကဘာလို့ငါ့ထက်ကြက်ဥတစ်လုံးပိုရတာလဲ"
"သူ့မွေးနေ့မို့လေ"
ရှန်ဖျင်ချွမ်က မပျော်မရွှင် ပြောသည်။ "နင်ဘက်လိုက်တယ်ဆိုတာ သိသာပါတယ်။ အာ၊ အခု နင့်မှာကောင်လေးရှိပြီဆိုတော့ နင့်အစ်ကိုကို မေ့ပြီပေါ့လေ။ ငါနင့်ကိုချစ်မြတ်နိုးပေးခဲ့တာတွေက အလကားဖြစ်သွားပြီပေါ့"
မျက်လုံးဖြူဝံပုလွေတစ်ကောင်ကို ကြည့်နေသကဲ့သို့ သူ့ရဲ့မျက်လုံးလေးဖြင့် ကျင်းရှီကို ကြည့်နေခဲ့သည်။
ကျင်းရှီက သူမပန်းကန်ထဲက ကြက်ဥနှစ်ကို ရှန်ဖျင်ချွမ်ရဲ့ပန်းကန်ထဲကို ထည့်ပေးလိုက်သည်။ "ဒီမှာရော့၊ အခုအဆင်ပြေပြီလား"
"ဟဲဟဲ" ရှန်ဖျင်ချွမ်က အလွန်ကျေနပ်သွားပြီး ခေါက်ဆွဲကို ကျယ်လောင်စွာ စားတော့သည်။
မူးတစ်ဝက် နိုးတစ်ဝက် အခြေအနေဖြစ်နေသော ပေါ်ရန်သည် သူ့မိန်းမကို သိပ်ဂရုမစိုက်မိပေ။ သူက သူ့ပန်းကန်ထဲက ကြက်ဥအနှစ်ကို ကျင်းရှီကို ပေးပြီး အရည်တောင် မချန်ထားဘဲ သူ့ပန်းကန်ထဲက ခေါက်ဆွဲကို အကုန်စားပေသည်။ သူသည် သူက ကျင်းရှီကို အများကြီး မျက်နှာသာ ပေးတယ်ဟု ပြောခဲ့သည်။
ကျင်းရှီက တစ်သျှူးကို ယူပြီး သူ့ပါးစပ်ကို သုတ်ပေးရင်း ပြုံးကာပြောသည်။ "သက်ရှည်ခေါက်ဆွဲကို စားပြီးရင် ငါတို့ရဲ့ကလေးလေးက ဒီနှစ်မှာ တကယ်ကို ဘေးအန္တရယ်ကင်းရှင်းလိမ့်မယ်နော်"
ပေါ်ရန်က နာခံမှုရှိစွာ ခေါင်းညိတ်ခဲ့သည်။
ပုံမှန်အားဖြင့် သူကမောက်မာပြီး လွှမ်းမိုးတတ်သူဖြစ်သည်။ သူ့ရဲ့ဒီလိုကောင်းစွာပြုမူပြီး နာခံမှုရှိသည့် ဘက်ခြမ်းကို မြင်ရခဲသည်။ သူက တကယ်ကို ကလေးလေးအတိုင်းပင်။
ရှန်ဖျင်ချွမ်က နှုတ်ခမ်းကို စေ့ပြီး သူမလို လေသံမျိုး လုပ်၍ နောက်ပြောင်သည်။ "ငါတို့ရဲ့ကလေးလေးက ဒီနှစ်မှာ တကယ်ကို ဘေးအန္တရယ်ကင်းရှင်းလိမ့်မယ်နော်၊ အော့~"
ကျင်းရှီက သူ့ကိုတုံ့ပြန်ဖို့ စိတ်မဝင်စားပေ။ သူမက အင်္ကျီလက်ကို လိပ်တင်ပြီး ပန်းကန်တွေနှင့် တူတွေကို ဆေးကြောဖို့လုပ်သည်။ "နောက်ကျနေပြီ၊ ရေချိုးပြီးရင် အစ်ကိုကျောင်းသားတုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားထဲက သန့်ရှင်းတဲ့ တစ်ထည်ကိုရှာပြီး လဲလိုက်၊ ပြီးရင် မြန်မြန်အိပ်တော့"
ဒါကိုကြားတော့ ရှန်ဖျင်ချွမ်က ချက်ချင်း စိတ်အားထက်သန်သွားပြီး "ပြဿနာမရှိပါဘူး"
ဒါကိုပြောပြီးနောက် သူက ပေါ်ရန်ကို ချော့မြူ၍ ရေချိုးခန်းထဲကို လှည့်စားခေါ်သွားပြီး တံခါးကိုတောင် လော့ခ်ျလိုက်သေးသည်။
"ပေါ်ရန်လေး မင်း အခုမလွတ်မြောက်နိုင်တော့ဘူး။ မင်းကို မင်းရဲ့အစ်ကိုရှန်က ရေချိုးပေးမယ်နော်၊ မင်းရဲ့ကျောကို ဂျီးလည်းတွန်းပေးမယ်"
ကျင်းရှီသည် အပေါ်ထပ် ရေချိုးခန်းထဲမှ ပေါ်ရန်ရဲ့တစ္ဆေလို အော်ဟစ်သံများကို ကြားလိုက်ရသည်။
"ငါ့ကိုမထိနဲ့"
"သေစမ်း"
"ရှီရှီ၊ ရှီရှီ မင်းဘယ်မှာလဲ"
"ထွက်သွား"
ရှန်ဖျင်ချွမ်က ပေါ်ရန်ရဲ့ခန္ဓာကိုယ်ကို အတော်လေး စိတ်ဝင်စားနေပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကြွက်သားတွေရဖို့ လေ့ကျင့်ခန်း လုံးဝမလုပ်တဲ့ ယောက်ျားတစ်ယောက်အနေဖြင့် သူက တခြားလူတွေ ခန္ဓာကိုယ်က ကြွက်သားတွေကို သဘောကျပါသည်။ ဝက်ခြေထောက်ဆားနယ်ကို ထိတွေ့ရသလိုမျိုး သူမကျေနပ်မချင်း အဲဒါတွေကို အကြိမ်အနည်းငယ် ပွတ်သပ်ခဲ့သည်။
ပေါ်ရန် အရက်မူးနေတာကို ကျေးဇူးတင်ရမည် မဟုတ်ရင် ရှန်ဖျင်ချွမ်၏ သရမ်းသော အပြုအမူများကို ယောက်ျားဖြောင့်ဖြောင့်တစ်ယောက်က ဘယ်လိုလုပ် သည်းခံမှာလဲ။ သူ့ကို ကန်ကျောက်ပြီး ကိုင်ပေါက်ပြီးတာကြာပေါ့။
ရေချိုးပြီးနောက် ရှန်ဖျင်ချွမ်က ပေါ်ရန်ကို သူ့အခန်းထဲမှာ လော့ခ်ချထားပြီး ကျင်းရှီဆီကို သွား၍ ထူးဆန်းစွာ ပြောသည်။ "ညီမလေး၊ သူက တကယ်ကို..."
သူက အလွန်ရှုပ်ထွေးသော အမူအရာဖြင့် သူ့စကားတွေက တစ်ဆို့နေပေသည်။
ကျင်းရှီက နားမလည်ပေ။"ဘာလဲ။ ပြောလေ"
အဖေအိုကြီးတစ်ယောက်လိုပဲ ရှန်ဖျင်ချွမ်က ချစ်မြတ်နိုးစွာဖြင့် သူမရဲ့ပခုံးကို ပုတ်ပြီး အဓိပ္ပာယ်ရှိစွာပြောခဲ့သည်။ "အနာဂတ်မှာ နင်ပျော်ရွှင်မှာပါ"
"..."
အိပ်နေရင်း ကျင်းရှီက အတော်လေး စိတ်ပူနေသေးသည်။ သူမက ရှန်ဖျင်ချွမ်ရဲ့တံခါးကို ကပ်ပြီး အထဲကို ချောင်းကြည့်သည်။
"ကလေးလေး၊ ကောင်းကောင်းနေနော်၊ အာ၊ လူက ဘယ်မှာလဲ"
ရှန်ဖျင်ချွမ်က ပေါ်ရန်ကို လသာဆောင် အပြင်တွင် လော့ခ်ချထားသည်။ ပေါ်ရန်က မှန်တံခါးကို ကန်ကျောက်နေသည်။
ရှန်ဖျင်ချွမ်က ပြုံးပြီး ပြောသည်။ "ဘာမှမဟုတ်တာကိုစိုးရိမ်မနေနဲ့။ ဒီလောက်အကောင်ကြီးကို ငါက ဘာလုပ်နိုင်မှာမို့လဲ။ အိပ်တော့၊ မင်းရဲ့အစ်ကိုရှန်က နာခံမှုရှိရှိ အိပ်မှာပါ"
သူက ကျင်းရှီကို အပြင်ကို တွန်းထုတ်ပြီး တံခါးကို လော့ခ်ချလိုက်သည်။
ရှန်ဖျင်ချွမ်၏ အမူအရာကို ပြန်သတိရမိတော့ ကျင်းရှီက တုန်လှုပ်သွားသည်။
ရှန်ဖျင်ချွမ်က တကယ်ကို အတော်လေး အထီးကျန်ဆန်ခဲ့သည်။ သူ့နားမှာ ယောက်ျားလေး သူငယ်ချင်းဆိုတာ မရှိခဲ့ပေ။ တစ်ကျောင်းလုံးတွင် ပေါ်ရန်တစ်ယောက်တည်းကသာ သူ့အပေါ်ကောင်းတဲ့ ယောက်ျားလေးဖြစ်သည်။ သူက တကယ်တော့...သူ့နားမှာ ပိုရှိချင်တာမျိုးဖြစ်နိုင်သည်။
ညလယ်တွင် ပေါ်ရန်သည် အကြိမ်ပေါင်းများစွာ "ရုန်းထွက်" ခဲ့သော်လည်း ရှန်ဖျင်ချွမ်က အကြိမ်တိုင်း ခါးကိုလှမ်းဆွဲပြီး "မင်းဘယ်သွားမို့လဲ"
"ရှီရှီ၊ ရှီရှီ..." သူက တွင်းထဲပြုတ်ကျသွားလို့ တကယ်ကို အပူတပြင်း ငိုယိုကာ အကူအညီတောင်းနေသည့် ကောင်မလေးကဲ့သို့ ကျင်းရှီရဲ့နာမည်ကို ယောင်ဝါးဝါး ခေါ်နေပေသည်။
"ငါ့အိမ်မှာ ငါ့ညီမနဲ့အိမ်ချင်လို့လား။ ကြည့်စမ်း မင်းဘယ်သူ့ကို ဂရုစိုက်နေတာလဲ။ အေးအေးဆေးဆေး လှဲလျောင်းပြီး မင်းရဲ့အစ်ကိုရှန်နဲ့အတူတူ နာခံမှုရှိရှိ အိပ်တော့"
"လွှတ်"
နှစ်ယောက်သားသည် တစ်ညလုံးနီးပါး လုံးထွေးခဲ့ကြသည်။ နောက်ဆုံးတွင် ပေါ်ရန်သည် မနက်သုံးနာရီလောက်၌ မရုန်းနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့သည်။ သူ့ရဲ့မှိန်မောနေသော အခြေအနေတွင် တစ်ယောက်ယောက်က သူ့ကို ဖိထားတာကို ခံစားမိသည်။ သူ့မသိစိတ်က သူ့ကောင်မလေးဟုပဲထင်တာကြောင့် သူ လက်ဆန့်ပြီး သူမကို ပွေ့ဖက်လိုက်သည်။