← Chapters

အပိုင်း (၉၁)

Vol. 7 Ch. 91

အပိုင်း (၉၁)

Vol. 7 Ch. 91

နောက်နေ့မနက်ခြောက်နာရီတွင် ပေါ်ရန်ရဲ့အကျင့်အတိုင်း ပုံမှန်ချိန်မှာ နိုးလာခဲ့သည်။

အရှေ့ဘက်တွင် တဖြည်းဖြည်းချင်း လင်းလာပြီး မနက်ခင်းအလင်းရောင်သည် အဝါဖျော့ရောင် လိုက်ကာများကိုဖြတ်၍ အခန်းအတွင်း ဖြာကျလာခဲ့သည်။

အိပ်ရာသည် အလွန်ပျော့အိနူးညံ့သည်။

သူ့ကောင်မလေးရဲ့ခန္ဓာကိုယ်က ဒီလိုမနစ်ပါဘူး။

ပေါ်ရန်က သူ့မျက်လုံးတွေကို တဖြည်းဖြည်းချင်း ဖွင့်ပြီး ငုံ့ကြည့်တော့ ရှန်ဖျင်ချွမ်က သူ့ကိုအတင်းတိုးကပ်ပြီး ကြမ်းတမ်းဖြူ‌ဖျော့သော လက်တစ်ဖက်က သူ့လည်ပင်းကို သိုင်းဖက်ထား၍ သူ့ပခုံးပေါ် မေးတင်ထားသည်ကို ထိပ်လန့်စရာကောင်းစွာ တွေ့ရှိခဲ့သည်။

ရုတ်တရက် သူက ထိပ်လန့်တကြား နိုးကြားသွားပြီး အိပ်ရာကနေ လှိမ့်ဆင်းလိုက်သည်။

အိပ်ရာကြီးကို ယောက်ျားနှစ်ယောက်က အဝတ်အစားတွေ၊ ဘောင်းဘီတွေဖြင့် အလွန်အမင်း ရှုပ်ဖွထားပေသည်။

ပေါ်ရန်စိတ်သည် ရှုပ်ထွေးနေသည်။ သူက သူ့နားထင်တွေကို ပွတ်သပ်ပြီး မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်‌စဉ်းစားကြည့်သည်...ရှန်ဖျင်ချွမ်ရဲ့ဖျစ်ညှစ်ခြင်းနှင့် မသင့်လျော်သော စူးစမ်းခြင်း အပါအဝင်ဖြစ်သည်။

ပေါ်ရန် ဒေါသထွက်သွားသည်။ သူက ခြေထောက်မြှောက်ပြီး ရှန်ဖျင်ချွမ်၏တင်ပါးကို ဆောင့်ကန်မလို့လုပ်ပေမယ့် လက်မဝက်အကွာတွင် ရပ်တန့်လိုက်သည်။

ဒါနဲ့ပတ်သက်ပြီး တွေးကြည့်တော့ သူ့ကို ပေါ့ပေါ့ပါးပါး မဆောင့်ကန်နိုင်ပေ။ သူ့ကိုနှိုးလိုက်တာက ပိုပြဿနာဖြစ်စေလိမ့်မည်။

ပေါ်ရန်က တိတ်တဆိတ် သူ့ဘောင်းဘီကို ဝတ်၍ ရင်ဘတ်ဗလာဖြင့် ထွက်သွားပြီး ကျင်းရှီရဲ့အခန်းကို ခိုးကြောင်ခိုးဝှက် ဝင်သွားခဲ့သည်။

ကျင်းရှီရဲ့အခန်းက လော့ခ်မချထားပေ။ သူမအခန်း အတော်လေး မှောင်တာက အလင်းပိတ်လိုက်ကာများရဲ့အကျိုးသက်ရောက်မှုက ပြင်းထန်တာကြောင့် ဖြစ်နိုင်သည်။

ဒီကောင်မလေးက အိပ်ရေးမဝဘူးဆိုရင် ‌စိတ်အခြေအနေ သိပ်မကောင်းတတ်ပေ။ ပေါ်ရန်က ဒါနဲ့ကျင့်သားရနေပါပြီ။

နူးညံ့သောအိပ်ရာကြီးပေါ်မှာ ကျင်းရှီသည် ကြောင်တစ်ကောင်ကဲ့သို့ ခွေခေါက်၍ ခေါင်းအုံးကိုဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်။ သူမသည် မွှေးကြိုင်နေပြီး သူက သူမရဲ့ဟောက်သံတိုးတိုးလေးကိုတောင် ကြားရသည်။

ပေါ်ရန်က အိပ်ရာဘေးကို လျှောက်သွားပြီး သူမဖက်ထားသော ခေါင်းအုံးကို ဖြည်းဖြည်းချင်း ယူလိုက်သည်။ ထို့နောက် သူက လှဲလျောင်းပြီး သူမရင်ခွင်ထဲဝင်၍ သူမနှင့်မျက်နှာချင်းဆိုင်ကာ သူမရဲ့လက်ကို သူ့ပခုံးပေါ် တင်ပေးသည်။

"ကလေးလေး..."

"ဟမ်"

ကျင်းရှီက အိပ်နေရင်း ညည်းနေပြီး ပုံမှန်လိုပဲ သူ့လည်ပင်းကို ဖက်၍ သူ့လည်ပင်းကြားထဲသို့ သူမခေါင်းလေးကို တိုးဝင်လာသည်။

"နှစ်သစ်မှာ ဘေးကင်းလုံခြုံပြီး အေးချမ်းပါစေ"

ပေါ်ရန်က မျက်လုံးတွေမှိတ်ပြီး သူမရဲ့နဖူးကို နမ်းလိုက်သည်။ "သေချာတာပေါ့"

ကာယပညာရေးကောလိပ်နှင့် အမျိုးသားကာကွယ်ရေးအကယ်ဒမီနှစ်ခုရဲ့ ဘတ်စကတ်ဘောပွဲပြိုင်ပွဲကို အောက်တိုဘာလလယ်တွင် စတင်ခဲ့သည်။ ပေါ်ရန်သည် အမျိုးသားကာကွယ်ရေးအကယ်ဒမီ ဘတ်စကတ်ဘောအသင်းရဲ့ခေါင်းဆောင်ဖြစ်ပြီး အသင်းဝင်များနှင့် လူစားထိုးများ ရွေးချယ်ခြင်းတွင် အလုံးစုံတာဝန်ယူထားခဲ့သည်။

သူသည် အရင်က ရှန်ဖျင်ချွမ်ကို လူစားထိုးအနေနှင့် ပြိုင်ပွဲတွင် ပါဝင်ခွင့်ပြုမည်ဟု ကတိပေးထားခဲ့သည်။ သို့သော် ရှန်ဖျင်ချွမ်သည် အကြိုပွဲနှင့် ဆီမီးဖိုင်နယ်ပွဲများတွင် ပြင်ပအကူတစ်ယောက်အနေနဲ့ ထိုင်ခုံတွင် ထိုင်နေရပြီး ပေါ်ရန်ရဲ့ခေါင်းဆောင်မှုအောက်တွင် ဘတ်စကတ်ဘောအသင်းသည် ဖိုင်နယ်ပွဲသို့ တက်ရောက်မှုကို စောင့်ကြည့်နေခဲ့သည်။ သူ့နှလုံးသားသည် ယားယံနေခဲ့ပြီး ပါဝင်ဖို့လည်း စိတ်အားထက်သန်နေခဲ့သည်။

ကံကောင်းစွာ ပေါ်ရန်က အသိတရားအချို့ရှိနေဆဲဖြစ်ပြီး နောက်ဆုံးတော့ ရှန်ဖျင်ချွမ်ကို နောက်ဆုံးပွဲအတွက် ပါဝင်ကစားခွင့်ပြုခဲ့သည်။

ဖိုင်နယ်ပွဲနေ့တွင် ကျင်းရှီနှင့် ချူးကျောက်သည် အတန်းတွေအကုန်ပျက်ပြီး အားကစားရုံသို့ ပွဲသွားကြည့်ကြသည်။

အားကစားရုံဝင်ပေါက်သည် ကျောင်းသားများနှင့် လူစည်ကားနေသည်။ အားကစားဌာနမှ သင်တန်းသားကျောင်းသားများသည် ဝင်ပေါက်တွင် ရပ်ပြီး ကျောင်းသားတွေကို "အားကစားရုံထဲက ထိုင်ခုံတွေအကုန်ပြည့်နေပြီ၊ မင်းတို့ တကယ်ဝင်လို့မရတော့ဘူး။ မတွန်းနဲ့၊ လုပ်လုပ်၊ လူစုခွဲကြ။ ပြီးရင် ပြိုင်ပွဲ‌ဗီဒီယိုကို ကျောင်းဝဘ်ဆိုဒ်မှာ တင်ပေးမှာပါ၊ ဗီဒိုယိုသွားကြည့်ကြ"

ဒါပေမယ့် ကျောင်းသားတွေက အနည်းငယ် မကျေနပ်ကြဘဲ ဝင်ပေါက်၌ ရပ်နေကြဆဲပင်။

လာတဲ့သူအများစုသည် မိန်းကလေးတွေဖြစ်သည်။ ဒီကောင်မလေးတွေက ပုံမှန်ဆို ဘတ်စကတ်ဘောပြိုင်ပွဲတွေကို သိပ်ဂရုမစိုက်ကြပါပေ။ အခုတော့ သူတို့က အပျော်အပါးနဲ့ ချောမောတဲ့ ကောင်လေးတွေကိုလည်း ကြည့်ချင်တာကြောင့် လာဝိုင်းအုံနေကြသည်။

ဟော်မုန်းများနှင့် ချောမောသော ခြေတံရှည်ရှည် ‌ ကောင်လေးများ ပြည့်နှက်နေသော ကျောင်းနှစ်ကျောင်းကြား ထိပ်တိုက်ရင်ဆိုင်မှုသည် အကြိုပွဲနှင့် ဆီမီးဖိုင်နယ်ပွဲများတွင် အားကစားရုံကို မှောက်လုနီးပါး မိန်းကလေးများရဲ့အော်ဟစ်သံများကို ဆွဲဆောင်ခဲ့သည်။

အခြေအနေသည် ဖိုင်နယ်ဗိုလ်လုပွဲတွင် ပိုတောင်ပေါက်ကွဲသွားပေသည်။

အားကစားဌာနမှ သင်တန်းသားကျောင်းသားများသည် လူအုပ်ကြီးကို အသံချဲ့စက်တွေဖြင့် အော်ကြသည်။ "မတိုးကြပါနဲ့တော့။ ပေါ်ရန် ဒီနေ့ ဒီမှာမရှိပါဘူး။ သူမကစားပါဘူး။ အတင်းတွန်းမနေနဲ့"

"သူ ဘာလို့မကစားတာလဲ။ သူက ခေါင်းဆောင်လေ"

"ငါဘယ်လိုလုပ်သိမှာလဲ"

ပေါ်ရန် မရှိဘူးဆိုတာကိုကြားတော့ ကောင်မလေးတွေက ချက်ချင်း အငွေ့ပျောက်သွားပြီး တစ်ဝက်လောက်က လူစုခွဲသွားကြသည်။

ကျင်းရှီက ချူးကျောက်ကို အရှေ့ကို အတင်းဆွဲခေါ်သွားသည်။ ကျင့်ချီက သူတို့ဝင်ခွင့်ရဖို့ အပေါက်ဝတွင် စောင့်ပေးနေသည်။

ချူးကျောက်ကို မြင်တော့ ကျင့်ချီက အမြန်လာပြီး သူမလက်ကိုကိုင်၍ "ပွဲကစနေပြီ။ အခုမင်းတို့မလာရင် ငါပွဲထဲသွားတာနဲ့ မင်းတို့ဝင်ရမှာ မဟုတ်တော့ဘူး"

"မတတ်နိုင်ဘူးလေ။ အတန်းတောင်ပျက်ခဲ့ရတာပဲကို"

ကျင့်ချီသည် ကောင်မလေးနှစ်ယောက်ကို အားကစားရုံထဲသို့ ခေါ်ဆောင်သွားပြီး အကောင်းဆုံးမြင်ကွင်းဖြစ်သော လူစားထိုးနားနေရာ နေရာ၏ ရှေ့ဆုံးတန်းတွင် နေရာချပေးသည်။ ထို့နောက် သူက ချူးကျောက်ကို "ဘေဘီ၊ ဒီမှာကောင်းကောင်းထိုင်နေနော်။ ရေဆာတယ်ဆို ဟိုမှာရေသန့်ရှိတယ်"

"ကောင်းပြီ၊ ကောင်းကောင်းလုပ်နော်"

ကျင့်ချီက အစက ချူးကျောက်ထံမှ ပွေ့ဖက်မှုကို လိုချင်၍ အချိန်ဆွဲနေပေမယ့် ကျင်းရှီက အနားမှာရှိနေပြီး သူတို့ကို အဆက်မပြတ် နောက်ပြောင်နေသည်။ "ရှင့်ဘေဘီလေးက ရေသောက်ရတာ မကြိုက်ဘူး၊ မစ်တီးသောက်ရတာကြိုက်တာ၊ သူ့အတွက် သွားဝယ်ပေးလိုက်ဦး"

"ဝယ်လိုက်မယ်၊ အခုဝယ်လိုက်မယ်" ကျင့်ချီက ဖုန်းထုတ်ပြီး "အခုချက်ချင်း ငါတို့ဘေဘီလေးအတွက် မစ်တီးမှာပေးမှာပေါ့၊ တစ်မိသားစုလုံးအတွက် KFC တစ်ဘူးလည်း မှာလိုက်မယ်လေ။ ငါတို့ ကြက်ကြော်စားရင်း ပွဲကြည့်ကြမယ်လေ၊ အရမ်းမိုက်မှာ"

"အိုး၊ အချစ်" ချူးကျောက်က သူ့ကိုဆွဲပြီး "ဘယ်သူက တစ်ဘူးလုံး စားချင်မှာလဲ၊ မှာလိုက်တော့"

သူက ချူးကျောက်ရဲ့နားလေးကို ပွတ်သပ်ပြီး ထွက်သွားသည်။

ပေါ်ရန်နှင့်ရှန်ဖျင်ချွမ်ကလည်း သူတို့ရဲ့ယူနီဖောင်းတွေကို လဲပြီး ကွင်းထဲနေရာယူနေကြကာ ကွင်းထဲရှိ မိန်းကလေးအားလုံးသည် အော်ဟစ်နေကြပေသည်။

ရှန်ဖျင်ချွမ်၏ နူးညံ့သောပုံစံနှင့် ဆန့်ကျင်ဘက် ချော‌မွေ့ပြီး သန်မာသော ကြွက်သားများနှင့် ပေါ်ရန်၏ ရှည်လျားသော ပုံသဏ္ဌာန်သည် အလွန်ကို မျက်စိကျချင်စရာကောင်းသည်။

သူသည် သာမန်အဝတ်အစားနဲ့တောင် ကြည့်ကောင်းသည်။ အသင်းဝတ်ဆင်ရသည့် အနီတောက်တောက် ဘတ်စကတ်ဘော ယူနီဖောင်းသည် သူ့ကို Shohoku ဘတ်စကတ်ဘောအသင်းကလို ခံစားချက်မျိုးကို ပေးစွမ်းသည်။

သူက စိုးရိမ်စွာဖြင့် ရှန်ဖျင်ချွမ်ကို ကွင်းထဲမှာ ဘာကိုအာရုံစူးစိုက်ရမလဲဆိုတာကို အကြိမ်အနည်းငယ် တီးတိုးပြောကြားခဲ့သည်။

ရှန်ဖျင်ချွမ်က သူ ဘတ်စကတ်ဘော ဘယ်လိုကစားရမလဲ မသိတာမဟုတ်တာကြောင့် ဒါတွေကို ပြောနေဖို့မလိုဘူးဟု ပြော၍ အလွန်စိတ်မရှည်ဖြစ်နေခဲ့သည်။

နှစ်ယောက်သား တီးတိုးပြောဆိုနေမှုကို ကျင်းရှီနောက်က မိန်းကလေးတွေက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလာကြသည်။

"ဝိုး၊ ရှန်ဖျင်ချွမ်နဲ့ပေါ်ရန်က အတွဲလိုခံစားချက်မျိုးရှိတာကို အရင်က သတိမထားမိခဲ့ဘူး"

"နင် အခုမှ သတိထားမိတာလား။ သူတို့အကြောင်း ကောလဟလတွေ ပျံ့နေတာ ကြာပြီလေ"

ကျင်းရှီက မျက်လုံးတွေ ပြူးကျယ်သွားပြီး အံ့ဩမှုအပြည့်ဖြင့် နောက်ကို လှည့်ကြည့်သည်။

နောက်က ကောင်မလေးက ဆက်ပြီး စိတ်လှုပ်ရှားစွာ ရှင်းပြသည်။ "သူတို့က မကြာခဏလိုလို အတူတူစားသောက်ပြီး အတူတူကစားကြတယ် မဟုတ်ဘူးလား။ ရှန်ဖျင်ချွမ်က သူ့ပုဝါနဲ့ ပေါ်ရန်ရဲ့ချွေးတွေကို သုတ်ပေးတာကို အရင်က ငါတွေ့ဖူးတယ်"

"အံ့ဩစရာကြီး"

"ရှိသေးတယ်။ တစ်ခါ ကျောင်းကန်တင်းမှာ ရှန်ဖျင်ချွမ်က သူ့ပန်းကန်ထဲက ဟင်းတွေအကုန်လုံးကို ယူပြီး ပေါ်ရန်ကို ပေးတာကို ငါမြင်ခဲ့တယ်"

"အားးးး ချစ်စရာကောင်းလိုက်ကြတာ"

"ပြောဖို့မလိုပါဘူး၊ ပေါ်ရန်က အရင်က သူအရိုက်ခံရခါနီး ဘယ်လိုကာကွယ်ခဲ့လဲ၊ ရှန်ဖျင်ချွန်က ပေါ်ရန်ရဲ့ကာကွယ်မှု အောက်မှာရှိတယ်ဆိုတာ တစ်ကျောင်းလုံးသိတယ်"

"ဒီရှဲ့ကျောင်းအတွဲကို ship ဖို့ ငါဆုံးဖြတ်လိုက်ပြီ"

ကျင်းရှီ - ...

သူမနောက်ကွယ်မှာ ဒီကောင်စုတ် နှစ်ယောက်က ဘာတွေလုပ်ခဲ့ကြတာလဲ။

ပွဲစသည်နှင့် ပေါ်ရန်သည် ကျင်းရှီဘေးမှာ ထိုင်ချပြီး သူမခေါင်းလေးကို ပွတ်သပ်ခဲ့သည်။ "ရောက်နေပြီပဲ"

ကျင်းရှီက သူ့ကို မေးသည်။ "ရှန်ဖျင်ချွမ်ရဲ့ဘောလုံးစ‌ကေးနဲ့ ရှင် သူ့ကို အစားထိုးတယ်လား"

"သူက ကစားချင်တယ်ဆိုပြီး အော်ဟစ်ငိုယိုနေတယ်လေ၊ ဒါမို့ ကိုယ်သူ့ကိုအခွင့်အရေးပေးရတာပေါ့" ပေါ်ရန်က မေးထောက်ပြီး ကစားသမားတွေကို အော်ခဲ့သည်။ "အာရုံစိုက်ကြစမ်း၊ ရှန်ဖျင်ချွမ်။ ကာကွယ်ဖို့ကို အာရုံစိုက်"

ကျင်းရှီက ထပ်မေးပြန်သည်။ "ဒါပေမယ့် သူ့စကေးတွေက ဆိုးရွားလွန်းတယ်လေ၊ ခြေလှမ်းနည်းနည်းလောက် ပြေးပြီးရင် သူကမောနေတာ၊ သူဒါကိုလုပ်နိုင်ပါ့မလား"

"ကျင့်ချီ ဦးဆောင်နေတာပဲ ပြဿနာမရှိပါဘူး"

"ရှင်တကယ် သူ့ပေါ်ကောင်းတယ်နော်၊ ရှင် သူ့ကိုကာကွယ်ပေးခဲ့တယ်လို့တောင် ကျွန်မကြားခဲ့တယ်"

"အဲ့အသုံးမကျတဲ့ကောင်က ကျောင်းသားခေါင်းဆောင်ဖြစ်လာပြီး ကျောင်းထဲက ကျောင်းသားတွေအားလုံးကို အပြစ်ပေးနေတာ၊ ကိုယ့်ကို အံ့ဩစေတာပေါ့"

ကျင်းရှီက သူ့ခြေထောက်ကို စနောက် ပုတ်လိုက်သည်။ "ရှင့်ဦးလေးနဲ့ ‌ကောင်လေးတစ်‌ယောက် အရှုပ်တွေ ပျံ့နေတာလေ၊ ကျွန်မ တွေ့ပြီးပြီ၊ ရှင်ကတကယ်ကိုအဖိုးတန်ကောင်လေးပဲ"

ပေါ်ရန်က အနည်းငယ် လန့်သွားပြီး သူ့မျက်လုံးတွေ ကျဉ်းမြောင်း၍ သူမကိုကြည့်နေပြီး ပြုံးလိုက်သည်။ "သူ့အစ်ကိုနဲ့တောင် သဝန်တိုနေတဲ့ ကောင်မလေးကို ကိုယ် ပထမဆုံးမြင်ဖူးတာပဲ"

"..."

ကျင်းရှီက သူ့ကို ထပ်မတုံ့ပြန်ချင်တော့ဘူး။ သူမ ဘေးတစ်ဝိုက်ကို ကြည့်တော့ သိပ်မကြာခင် ထောင့်နားကခုံမှာ ရှချင်ကို မြင်လိုက်ရသည်။

သူမလည်း လာတာပဲ။

ကျင်းရှီက ပေါ်ရန်ထံမှ ရှချင်က တိုးတိုးတိတ်တိတ်နေတတ်ပြီး သီးသန့်ဆန်ကာ အဖွဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခဲကြောင်းကို ကြားခဲ့သည်။ သူမအတွက် ဘတ်စကတ်ဘော လာကြည့်တယ်ဆိုတာ ရှားသည်။

သူမ သူ့အစ်ကိုက လာကြည့်တာ ဖြစ်နိုင်သည်။

ကျင်းရှီက ဤအတွေးသည် အနည်းငယ် ဂုဏ်ယူလွန်းသည်ဟု ခံစားမိသည်။ ပြီးတော့ နှစ်ဝက်ကြာ သူတို့ကြားမှာ ထူးခြားမှု မရှိခဲ့ပါဘူး။

ဒါပေမယ့် သူမအစ်ကိုသာ ရှချင် ဒီမှာရှိတယ်ဆိုတာ သိရင် သူ‌ သေချာပေါက်ကို ပျော်မှာပါ။

ရှချင်က ပန်းရောင်နှင့်အဖြူရောင် ဟူဒီကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်ထားကာ အေးစက်ပုံရော၊ ချစ်စရာကောင်းပုံရောပေါ်သည်။

ကျင်းရှီက ဖုန်းထုတ်ပြီး ရှချင်ရဲ့ဓာတ်ပုံကို လျှို့ဝှက်ရိုက်ယူပြီး ပွဲပြီးရင် သူမအစ်ကိုကို ပြဖို့ ကြံရွယ်ခဲ့သည်။

သို့သော် ထိပ်လန့်စရာ မတော်တဆမှုတစ်ခုက ဖြစ်သွားခဲ့သည်။

ရှချင်ကို ဖုန်းကင်မရာနှင့် ချိန်လိုက်သည်နှင့် ဖြတ်ခနဲလင်းသွားသည်။

ကျင်းရှီ - ...

ရှချင်က သူမကို လျှို့ဝှက် ဓာတ်ပုံရိုက်နေသည်ဆိုတာကို သိသိသာသာကို သတိထားမိသွား၍ အံ့အားသင့်စွာ နောက်ကိုလှည့်ကြည့်လေသည်။

ကျင်းရှီက ပေါ်ရန်လက်ထဲ ဖုန်းကိုထည့်ပြီး ခေါင်းငုံ့၍ သူမမျက်နှာကို အုပ်ပြီး ငိုတော့သည်။ "အိုး"

ဒါက...အရမ်းကို အဆင်မပြေဘူး။

ပေါ်ရန်က ဖုန်းကိုယူပြီး "အရူး" ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လက်ခုပ်တီးပေသည်။

ဘာမှထပ်ပြောစရာမရှိတော့ဘူး။

ပြိုင်ဘက်ဘတ်စကတ်ဘောအသင်းက အပြာရောင်ယူနီဖောင်းများကို ဝတ်ဆင်ထားသည်။ အနီရောင်နှင့် အပြာရောင် အတွဲများ ဖန်တီးထားခြင်း၏ထုံးစံအတိုင်း အသင်းနှစ်သင်းလုံးသည် ကြည့်ကောင်းကြသည်။ ပရိတ်သတ်ထဲက ကောင်မလေးများက လေထုတစ်ခုလုံးကို မှောက်ပစ်နိုင်သည်အထိ စိတ်လှုပ်ရှားစေခဲ့သည်။

သို့သော် ပေါ်ရန်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို မကြာခင်မှာ သတိပြုမိလိုက်သည်။

အားကစားအကယ်ဒမီမှ ချန်ယုရှန်း ဦးဆောင်သော တစ်ဖက်အသင်းမှ ကစားသမားများသည် ရှန်ဖျင်ချွမ်ကို အထူးပစ်မှတ်ထားနေပုံပင်။ ဘောလုံးက သူတို့လက်ထဲရောက်တာနှင့် ကစားသမားများက ဝိုင်းပြီး သူ့ကို ထောင်ချောက်ဆင်၍ သူ့ကို အလွန်အမင်း ပူပန်ဒေါသထွက်အောင် လုပ်ကြသည်။

ရှန်ဖျင်ချွမ်ရဲ့အရည်အချင်းနဲ့ဆို လူအများကြီးက သူ့ကို ကာကွယ်နေဖို့မလိုပါဘူး၊ အသုံးမဝင်ဘူး...

သူတို့က သူ့ကို တမင်ကို ပစ်မှတ်ထားတာဖြစ်သည်။

ချန်ယုရှန်းက ဒေါသတကြီး ရှေ့ကိုတက်လာပြီး ရှန်ဖျင်ချွမ်လက်ထဲမှ ဘောလုံးကို လုယူ၍ သူ့ဗိုက်ကို တံတောင်ဆစ်ဖြင့် ဆောင့်ထိုးခဲ့သည်။

ရှန်ဖျင်ချွမ်က ငြီးသံထွက်သွားပြီး ခြေတစ်လှမ်း ဆုတ်သွားပေမယ့် သူက အံကြိတ်ပြီး သူ့နောက်ကို လိုက်ဆဲဖြစ်သည်။

ဘယ်သူကမှ ပြဿနာကို သတိမထားမိဘဲ၊ မျက်ကွယ်ရာဖြစ်တာကြောင့် ဒိုင်လူကြီးတောင် မသိပေ။

ပေါ်ရန်က လက်သီးကို တင်းတင်းဆုပ်၍ ထရပ်လိုက်ပြီး ရှန်ဖျင်ချွမ်ကို မျက်မှောင်ကျုံ့ကြည့်ရင်း သူ့မျက်နှာတွင် စိုးရိမ်မှုပြည့်နေသည်။

သူတို့ရဲ့ခေါင်းဆောင်က လှုပ်ရှားတာကို မြင်သည်နှင့် တစ်ဖက်အသင်းက ကောင်လေးတွေက တစ်ယောက်ကိုတစ်ယောက်ကို ကြည့်ပြီး ရှန်ဖျင်ချွမ်က ဘောလုံးပစ်ထည့်ဖို့အသွား တစ်စုံတစ်ယောက်က သူ့ကို ဝင်တိုက်လေသည်။

ရှန်ဖျင်ချွမ်က ရုတ်တရက် ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ် ပြင်းထန်စွာ လဲကျသွားခဲ့သည်။ အော်ဟစ်သံတွေ ကွင်းထဲမှာ ပြည့်နှက်သွားသည်။

သူက ဒူးကိုဖက်ပြီး နာကျင်မှုကြောင့် ရှုံ့တွနေသည့် အမူအရာဖြင့် မြေပြင်ပေါ်တွင် နှစ်ကြိမ်လူးလှိမ့်ခဲ့သည်။

ကျင်းရှီက အော်ပြီး ကွင်းထဲပြေးသွားသည်။ "အစ်ကို"

ပေါ်ရန်က ဒေါသတကြီး ဒိုင်လူကြီးရှေ့ လျှောက်သွားပြီး "ဘယ်လိုဒိုင်လုပ်နေတာလဲ၊ အဲ့ကောင်တွေ သူ့ကို ခဏခဏ ဒဏ်ရာရအောင်လုပ်နေတာ ခင်ဗျားမမြင်ဘူးလား"

ဒိုင်လူကြီးက အလန့်တကြား သူ့ဝီစီကို မှုတ်ပြီး တမင်တကာ ရှန်ဖျင်ချွမ်ကို ဒဏ်ရာရစေခဲ့သော ကစားသမားနှစ်ယောက်ကို အပြစ်ပေးခဲ့ပေမယ့် ခေါင်းဆောင် ချန်ယုရှန်းသည် ကွင်းထဲတွင် ရှိနေဆဲဖြစ်ပြီး ရှန်ဖျင်ချွမ်ကို ကြည့်၍ အေးစက်စွာ ရယ်မောသည်။

"ဥက္ကဌရှန် အခုနာနေသလို ဟန်မဆောင်ပါနဲ့တော့။ ကစားနေရင်း ထိမိခိုက်မိတယ်ဆိုတာ ပုံမှန်ပါပဲ၊ ဒါပေမယ့် ငါတို့က မင်းကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေတယ်လို့ထင်အောင် မင်းလုပ်နေတာပဲ"

ရှန်ဖျင်ချွမ်က စကားပြောဖို့ နာကျင်လွန်းနေပြီဖြစ်သည်။ ကျင်းရှီက သူ့ဖိနပ်ကြိုးကို အမြန်ဖြည်ပြီး သူ့ဖိနပ်ကို ချွတ်လိုက်သည်။ သူ့ခြေကျင်းဝတ်က အဆစ်လွဲသွားပြီး ဆိုးဆိုးရွားရွားကို ရောင်ရမ်းနေသည်။

ကျင်းရှီက အလွန်အမင်း စိတ်ပူပန်သွားပြီး ရှန်ဖျင်ချွမ်ရဲ့ခြေထောက်ကိုတောင် မထိရဲပေ။ ငိုရှိုက်၍ သူမက ဖုန်းထုတ်ပြီး ဆေးရုံကားကို ခေါ်သည်။

ရှန်ဖျင်ချွမ်က ကျင်းရှီရဲ့ပါးကို လှမ်းညှစ်ပြီး အားနည်းစွာ ပြောသည်။ "ဘာလို့ငိုနေတာလဲ၊ နင့်အစ်ကိုက မသေသေးပါဘူး"

ပေါ်ရန်က ဒေါသထွက်နေသည်။ သူက လျှောက်သွားပြီး ချန်ယုရှန်းရဲ့ကော်လာကို ဆုပ်ကိုင်၍ အော်လိာက်သည်။ "မင်းဘောလုံး ကစားဖို့လာတာလား၊ ရန်ဖြစ်ဖို့လာတာလား။ မင်းရန်ဖြစ်ချင်နေတယ်ဆို တခြားကိုသွားမယ်၊ တစ်ယောက်ချင်းပေါ့ကွာ"

သူ့အသံက တိုးလျပြီး အတော်လေး ကြည့်ကောင်းသည့် ရောင်ဝါနှင့် အေးစက်သည့် အသွင်အပြင်ရှိသည်။

ချန်ယုရှန်းက ဆဲဆိုချင်ပေမယ့် ဒေါသထွက်နေသည့် ပေါ်ရန်နှင့် မျက်နှာချင်းဆိုင်လိုက်တော့ ဘာစကားမှ ထွက်မလာတော့ပေ။

သူ့မှာသတ္တိမရှိပါ။

ဒိုင်လူကြီးက ပေါ်ရန်ကို ဝီစီအကြိမ်ပေါင်းများစွာ မှုတ်၍ သူ့ကို လွှတ်ပေးလိုက်ဖို့ သတိပေးခဲ့သည်။ ပေါ်ရန်ရဲ့မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပေမယ့် ချန်ယုရှန်းကို လွှတ်ပေးမည့် ရည်ရွယ်ချက်ကိုတော့ မပြခဲ့ဘူး။

ရှန်ဖျင်ချွမ်က အတော်လေး နာကျင်နေသည့်ကြားက ပေါ်ရန်ကို ခေါင်းလှည့်ကြည့်ပြီး အော်ပြောသည်။ "ပေါ်ရန်၊ ငါ အဆင်ပြေတယ်၊ ဆက်ကစားကြ"

ပေါ်ရန်က သူ့ကို လျစ်လျူရှုနေတာကို မြင်တော့ သူက အသံတိုးတိုးဖြင့် ထပ်အော်ပြန်သည်။ "ပေါ်ရန် လွှတ်လိုက်"

ဒါမှ ပေါ်ရန်က ချန်ယုရှန်းပေါ်က သူ့ရဲ့ဆုပ်ကိုင်ထားမှုကို ဖြည်းဖြည်းချင်း ဖြေ‌လျှော့လိုက်ပြီး သူ့ကို ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားစေကာ မြေပြင်ပေါ်လဲကျသည်အထိ အားနဲ့တွန်းထုတ်ခဲ့သည်။

အ‌တန်းဖော်အချို့က ရှန်ဖျင်ချွမ်ကို ဆေးခန်းကို ပို့ဖို့ သယ်ကြသည်။ အစက ပေါ်ရန်နှင့်ကျင်းရှီက အတူတူလိုက်ချင်ပေမယ့် ရှန်ဖျင်ချွမ်က အတင်းငြင်းခဲ့သည်။ ပွဲကမပြီးသေးဘဲ ရမှတ်ကွာခြားမှုက မများပေ။ တစ်ဖက်အဖွဲ့က အချိန်မရွေး မီသွားနိုင်တာကြောင့် ပေါ်ရန်က ကွင်းထဲသို့ ပြန်သွားရမည်။

ရှန်ဖျင်ချွမ်ကို ဘတ်စကတ်ဘောခန်းမမှ သယ်သွားတုန်းမှာ သူက ရှချင်ကို တံခါးနားမှာ တွေ့လိုက်သည်။

သူမက သူမမျက်နှာမှာ စိုးရိမ်မှု အပြည့်ဖြင့် တံခါးဆီတစ်လျှောက်လုံး လိုက်လာခဲ့သည်။

ရှန်ဖျင်ချွမ်က အနည်းငယ် အံ့ဩသွားသည်။ သူက သူမရဲ့ပုံသဏ္ဌာန်ကို မမြင်နိုင်တော့သည်အထိ နောက်ကိုပြန်ကြည့်နေခဲ့သည်။

ပေါ်ရန်က ဒုတိယအချီတွင် အလွန်အမင်း ရန်လိုနေခဲ့သည်။ တစ်ဖက်အသင်းက လုံးဝကို ခုခံနိုင်စွမ်းမရှိတော့ပေ။ နောက်ဆုံးနာရီဝက်တွင် သူက ဘတ်စကတ်ဘောဖိုင်နယ် အနိုင်ရဖို့ ကွာခြားမှုကို ချဲ့ထွင်၍ သူတို့ကို တစ်လုံးတောင် ပေးအသွင်းမခံခဲ့ပါ။

ချန်ယုရှန်းနှင့် သူ့အသင်းက ပွဲကိုရှုံးနိမ့်ခဲ့ပေမယ့် အရမ်းစိတ်ဓာတ်ကျပုံမပေါ်ဘဲ ပျော်ရွှင်စွာ ရယ်မော၍ အားကစားရုံကနေ ထွက်သွားကြသည်။

"ဘယ်လိုပဲ ငါတို့ကစားနေပါစေ၊ ပေါ်ရန်ဦးဆောင်တဲ့ အသင်းကိုတော့ ရှုံးမှာပဲ။ ဒီပွဲက အစကတည်းက သေမင်းထောင်ချောက်တစ်ခုပဲလေ" ကောင်လေးတွေထဲက တစ်ယောက်ကပြောသည်။

"ဒါပေမယ့် အနည်းဆုံးတော့ ငါတို့ ရှန်ဖျင်ချွမ်ကို ပညာပေးနိုင်ခဲ့တယ်လေ။ မြေပြင်ပေါ်မှာ သူ ခွေးသေတစ်ကောင်လို တုံးလုံးပက်လက်ဖြစ်နေတာ မြင်ရတာ ငါ့ကိုပျော်စေတယ်။ ငါတို့ စွန်းခိုင်အစား လက်စားချေနိုင်သွားပြီ" နောက်တစ်ယောက်က ထပ်ပြောသည်။

အဖွဲ့က အဆောင်အဆောက်အဦဘေးက လူရှင်းတဲ့လမ်းကြားကို လျှောက်သွားရင်း နောက်မှ အမျိုးသမီးတစ်ယောက်ရဲ့ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာသည်။

"အဲ့မှာရပ်လိုက်စမ်း"

ကောင်လေးတွေက လှည့်ကြည့်တော့ ပန်းရောင်နှင့်အဖြူရောင် ဟူဒီကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က သူတို့ဆီကို တဖြည်းဖြည်း လျှောက်လာသည်။

သူမရဲ့လက်တွေက ဟူဒီအိတ်ကပ်တွေထဲကို ပေါ့ပေါ့ပါးပါး ထည့်ထားပြီး အေးစက်သော လေထုကို ထုတ်လွှတ်ထားသည်။

"နင် ငါတို့ကို ပြောတာလား" ကောင်လေးတစ်ယောက်က မေးသည်။

"အွန်းးးး" ‌သူမက တီးတိုးပြောသည်။

"နင်ဘာလိုချင်လို့လဲ"

ရှချင်က သူမရဲ့လက်ဆစ်တွေကို ချိုးလိုက်ပြီး အသံနှိမ့်၍ ပြောသည် "နင်တို့ကို သင်ခန်းစာတစ်ခုလောက် သင်ပေးမလို့"

ကောင်လေးတွေက ခဏလောက် တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်ပြီး၊ ထို့နောက် အော်ဟစ်ရယ်မောကြသည်။ "ဟားဟားဟား။ နင်ကလား။ ငါတို့ကို ပညာပြမို့ပေါ့လေ"

"ကောင်မလေး နင်အိပ်ရေးမဝသေးဘူးလား"

"ငါမိန်းမတွေကို မရိုက်ဘူး"

"ဟေး အခု၊ သူက ငါတို့နဲ့ကစားချင်နေတာကို ငြင်းလို့မကောင်းဘူးလေ။ ငါတို့ကိုပြော၊ ငါတို့ထဲကဘယ်သူ့ကို မင်းမျက်စိကျလဲ။ တစ်ယောက်ချင်း နင့်ကိုဖျော်ဖြေပေးမှာပေါ့"

ရှချင်ရဲ့မျက်လုံးတွေက အေးစက်သွားပြီး သူမက သူတို့ကို ဝေ့ဝဲကြည့်လိုက်သည်။ သူမရဲ့နှုတ်ခမ်းပါးလေးက စကားသုံးလုံး ထွက်လာသည်-

"အကုန်လုံး"

All Chapters