← Chapters

အပိုင်း (၉၃)

Vol. 8 Ch. 93

အပိုင်း (၉၃)

Vol. 8 Ch. 93

သိပ်မကြာခင်မှာ ရှန်ဖျင်ချွမ်က ပေါ်ရန် ဘာကိုဆိုလိုသည်ဆိုတာကို နားလည်သွားခဲ့သည်။

ကိစ္စဖြစ်ပွားပြီးနောက် နှစ်ဝက်လောက်ကုန်လွန်သွားပြီး ဒီတစ်ခါ ရှန်ဖျင်ချွမ်သည် ရှမိသားစုဆီ ငွေပမာဏအများကြီးကို ပို့ပေးခဲ့သည်။

ဤငွေအများစုက သူ့ပရောဂျက်မှ ရရှိတာဖြစ်ပြီး ထို့အပြင် နှစ်သစ်မှာ ဆွေမျိုးတွေဆီကနေ မုန့်ဖိုးတွေ အများကြီး ရရှိခဲ့သည်။ သူက သူစုဆောင်းထားတဲ့ ဈေးကြီးဖိနပ်တွေကိုလည်း ရောင်းချခဲ့သည်၊ အများစုမှာ ငွေအတော်မြောက်ပြီး နိုင်ငံတကာ ကန့်သတ်ထုတ်ကုန်တွေဖြစ်သည်။

ရှန်မိသားစုရဲ့တစ်ဦးတည်းသော သားအနေနှင့် ရှန်ရှိရှန်းသည် ချမ်းသာသော မိသားစုကြောင့် သူအသုံးအဖြုန်းကြီးတဲ့ သားတစ်ယောက်၏ အကျင့်တွေဖြစ်လာခြင်းမှ တားဆီးဖို့ သူ့ရဲ့အသုံးစရိတ်ကို ကန့်သတ်ရန် ရည်ရွယ်သော်လည်း သူက ရှန်ဖျင်ချွမ်ရဲ့အန္တရာယ်ကင်းသော ဝါသနာလေးတွေကိုလည်း ကျေနပ်အောင် အကောင်းဆုံး ကြိုးစားခဲ့သည်။

တစ်ပတ်ရစ်ဆိုရင်တောင် ဒီပစ္စည်းတွေက လျောက်ပတ်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်သည်။

ရှချင်က ဘာကိုမှသတိမထားမိဘဲ ပေါ်ရန်နှင့် လက်ဝါးချင်းရိုက်၍ သူ့အစီအစဉ်များကို အလွန်ချောမွေ့စွာ သွားနိုင်နေသည်ကို သူထင်ခဲ့သည်။

ဇူလိုင်လအစောပိုင်းတွင် ရှအဖေရဲ့အခြေအနေသည် တိုးတက်လာခဲ့ပြီး သူက ခဏလောက် အိမ်ကိုပြန်နိုင်ခဲ့သည်။ သူဆေးရုံမှဆင်းသည့်ညတွင် မမျှော်လင့်ထားဘဲ ရှချင်က ရှန်ဖျင်ချွမ်ကို တွေ့ဖို့ပြောခဲ့သည်။

တွေ့ဆုံမည့်နေရာသည် ကျောင်းအပြင်ဘက်က ဟိုတယ်အခန်းတစ်ခုတွင်ဖြစ်သည်။

ညရှစ်နာရီ၌ ရှန်ဖျင်ချွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဟိုတယ်စင်္ကြံတွင် ဟိုဟိုဒီဒီလျှောက်နေပြီး သူ့ဖုန်းကိုထုတ်၍ အခန်းနံပါတ်က မှန်ကန်ကြောင်းကို အထပ်ထပ်အခါခါ အတည်ပြုခဲ့သည်။

ကောင်မလေးထံမှ စာသည် အလွန်တိုတောင်းသည် - ရှန်ဖျင်ချွမ် XX ဟိုတယ် အခန်း518ကိုလာခဲ့။

သူမ သူ့ကိုဘာလို့တွေ့ချင်တာလဲ။ ဒီတိုင်းတွေ့ဖို့ပဲဟာ ကျောင်းဝင်းထဲမှာ နေရာတွေအများကြီးရှိသားနဲ့ ဘာလို့ဟိုတယ်ကိုရွေးတာလဲ။

သူမ တစ်ခုခုကို သိသွားတာလား။

...ရှန်ဖျင်ချွမ်က အခု မရေတွက်နိုင်သော ဘာကြောင့်လဲဆိုတာတွေဖြင့် ပြည့်နှက်နေသည်။ သူက စိတ်လှုပ်ရှားမှုရော၊ မျှော်လင့်ချက် အနည်းငယ်ကိုရော ခံစားနေရသည်... ပြီးတော့ မနှစ်ကတည်းက နှစ်ယောက်သားသည် အဆက်အသွယ်ရှိခဲသည်။ ကျောင်း၌ တစ်ယောက်နှင့်တစ်ယောက် မတော်တဆ ဆုံမိကြလျှင် သာမန်သူငယ်ချင်းတွေလိုပဲ စကားအနည်းပြောကြရုံသာ။

သူက သူမရဲ့ဘဝကို မနှောင့်ယှက်ချင်ပေ၊ ဘာကြောင့်ဆို ရှန်ဖျင်ချွမ်က အခု သူ သူမကိုပေးသည့် ကတိတွေက အသုံးမဝင်ဘူး‌ဆိုတာ သိပါသည်။

ရှန်ဖျင်ချွမ်က အပြုအမူဖြင့်ဖော်ပြတတ်သည့် ယောက်ျားတစ်ယောက်ဖြစ်သည်။ သူက အဲဒါကိုထုတ်မပြောပေမယ့် လက်တွေ့လုပ်ပေးသည်။

အသက်ပြင်းပြင်းရှူပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးနောက် ကောင်လေးက လှည့်ပြီး အခန်း 518 တံခါးကို ခေါက်လိုက်သည်။

သိပ်မကြာခင်မှာ အခန်းထဲမှ ခြေသံများကို ကြားလိုက်ရပြီး သူ့နှလုံးသားသည် ၎င်းတို့နှင့်အတူ မြန်ဆန်လာသည်။

အခန်းတံခါး ပွင့်သွားခဲ့သည်။ ရှချင်က ခုလေးတင်မှ ရေချိုးပြီးတာဖြစ်ပြီး မိုးပြာရောင် တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီအတိုကို ဝတ်ဆင်ထားသည်။ သူမရဲ့ရှည်လျားသွယ်လျသော ခြေထောက်များက ဖိနပ်ပါးလေးကို စီးထားသည်။

သူမရဲ့အသားအရည်သည် တခြားမိန်းကလေးများလောက် မဖြူပေ၊ ဝါညှက်ညှက်ဖြင့် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသည်။

သူမရဲ့နက်မှောင်သော ဆံပင်ရှည်သည် သူမရဲ့ပခုံးပေါ် မှာ တွဲခိုနေပြီး အနည်းငယ် စိုစွတ်နေသေးကာ ရေချိုးဂျယ် အနံ့သင်းသင်းလေးကို ‌ဆောင်ယူလာသည်။

သူမကိုမြင်တော့ ရှန်ဖျင်ချွမ်က တုံ့ဆိုင်းသွားပုံပေါ်ပြီး စကားထစ်ငေါ့၍ ကယောင်ကတမ်း လက်ပြကာ "ဟိုင်း"

ရှချင်ရဲ့ပါးစပ်ထောင့်များသည် အနည်းငယ် မြင့်တက်သွားပြီး သူမက တံခါးကိုဖွင့်ထားရင်း "မြန်မြန်ဝင်လာလေ"

ရှန်ဖျင်ချွမ်၏ ခြေထောက်များသည် အလေးတုံးဆွဲထားသလိုခံစားနေရပြီး ခြေလှမ်းတိုင်းကို ခက်ခက်ခဲခဲကို လှမ်းနေရသည်။ သူက သူ့ရဲ့လေးလံသော ခြေထောက်များကိုဆွဲ၍ အခန်းထဲကို ဝင်သွားသည်။ သူ့နောက်မှ ရှချင်က ကလစ်ခနဲ တံခါးကိုပိတ်လိုက်ပြီး လုံခြုံရေးသံကြိုးကိုတောင် တပ်လိုက်သေးသည်။

ရှန်ဖျင်ချွမ်က ကျယ်ဝန်း၊ တောက်ပသော အခန်း ပတ်ပတ်လည်ကို ကြည့်၍ အေးအေးဆေးဆေး ဖြစ်နေသလို ဟန်ဆောင်ပေသည်။ အဖြူရောင်နှစ်ယောက်အိပ်ကုတင်က အလယ်တွင် ထင်ထင်ရှားရှားရှိနေသည်။

"ရှချင်၊ မင်း ငါ့ကို ဘာလို့ဒီကိုလာခိုင်းတာလဲ"

သူလှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်က အပြုံးက အေးခဲသွားခဲ့သည်။

ရှချင်က သူ့ဂျာကင်အင်္ကျီကို ချွတ်ထားပြီးသားပင်။

နံရံမီးအိမ်မှ နွေးထွေးသော အဝါရောင် အလင်းရောင်သည် သူမခန္ဓာကိုယ်ပေါ် ဖြာကျနေသည်။ သူမသည် အသက်ရှူမှားလောက်အောင် ဆွဲဆောင်မှုရှိသော ပုံသဏ္ဌာန်ရှိသည်။ သူမရဲ့ဂျာကင်ကို ချွတ်လိုက်ပြီး ဘရာတစ်ခုပဲ ရှိတော့တာကို မပြောနဲ့ဦး၊ ပါးလွှာသော နွေရာသီဝတ်အဝတ်အစားဖြင့်တောင် သူမရဲ့ပြီးပြည့်စုံသော ကောက်ကြောင်းများသည် ပေါ်လွင်နေပေသည်။

ခက်ခဲစွာဖြင့် သူ့အကြည့်များကို သူမရဲ့ရင်သားများကနေ လွှဲလိုက်ပြီး သူမရဲ့ဗိုက်ကို လျှော့ချလိုက်သည်။ သူမရဲ့လှပသော ခါးကောက်ကြောင်းသည် စင်းလုံးချောဖြစ်သည်။

ရှန်ဖျင်ချွမ်သည် သူ့အာဒံပန်းသီး အပေါ်အောက်ရွှေ့လျားသွား၍ ခက်ခက်ခဲခဲ မျိုချရပေသည်။ သူသည် ရုတ်တရက်နီးပါး နောက်ကို ယိုင်နဲနဲဖြင့် ဆုတ်သွားပြီး သူမကိုကျောပေး‌လိုက်သည်။

"ငါ...မင်း...မင်းအဝတ်အစားတွေ ပြန်ဝတ်လိုက်ပါ"

ရှချင်ရဲ့အသံသည်လည်း ကြောက်ရွံ့မှု သို့မဟုတ် စိုးထိပ်မှုကြောင့်ဖြစ်နိုင်သည်၊ တုန်ယင်နေသည်။ "ရှန်ဖျင်ချွမ် ကျွန်မတခြားနည်းလမ်းကို စဉ်းစားလို့မရဘူး၊ တခြားနည်းမရှိဘူး...ကျွန်မသိတယ် အဲဒါက ရှင်ဆိုတာ၊ ဒါပေမယ့် မနှစ်က ကျွန်မ ရှင်နဲ့မဆက်သွယ်ရဲခဲ့ဘူး"

ရှန်ဖျင်ချွမ်က သူ့လက်သီးတွေကို တင်းတင်းဆုပ်ပြီး သူ့အောက်ပိုင်းက နိုးကြားမှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေသည်။

သူ့နောက်မှ ရှချင်က ရုတ်တရက် လှမ်းလာပြီး သူ့ကိုနောက်ကနေ ဖက်လေသည်။ "ကျွန်မ ရှင့်ကို တကယ်ကျေးဇူးတင်တာပါ။ ရှင်ကျွန်မကို ဒူးထောက်ခိုင်းပြီး အကြိမ်ပေါင်းများစွာ ဦးညွှတ်ခိုင်းရင်တောင် ကျွန်မလုပ်မှာပဲ၊ ဒါပေမယ့် ရှင်အဲဒါကို မလိုအပ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ရှန်ဖျင်ချွမ် ရှင် ကျွန်မကို ဘာပဲလုပ်လုပ်ရတယ်၊ ကျွန်မ အကုန်လုံးကိုသဘောတူတယ်"

ရှန်ဖျင်ချွမ်က သူ့နောက်ကျောမှ ဖိကပ်မှုကို ရှင်းရှင်းလင်းလင်း ခံစားရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ပုရွတ်ဆိတ် အကောင်ဘီလီယံလောက် တက်နေသလို ယားယံနေလေသည်...

ရုတ်တရက် သူသည် ပေါ်ရန်ဆိုလိုသည်ကို သဘောပေါက်သွားသည် - ရုတ်တရက်ဆိုသလို သူရွေးချယ်ဖို့ လိုအပ်တဲ့ အရေးပေါ်အခြေအနေတွေ ရှိလာလိမ့်မယ်။

သူဒီရွေးချယ်မှုကိုပြုလုပ်နိုင်ပါ့မလား။ သူ့ရွေးချယ်မှုက မှန်ကန်တဲ့အရာ ဖြစ်ပါ့မလား။

ရှန်ဖျင်ချွမ်ဘာလုပ်ရမလဲ။

"ရှချင်၊ ငါ့ကို အရင်လွှတ်လိုက်" သူ့အသံသည် တပ်မက်မှုဖြင့် ဩရှနေသည်။ "စကားပြောရအောင်နော်"

ရှချင်က သူ့ကိုလွှတ်ပေးသည်။ ရှက်ရွံ့စွာဖြင့် သူမက ခေါင်းကိုငုံ့ပြီး သူမရဲ့နောက်ကျောကို လက်လှမ်း၍ ဘရာကို ဖြုတ်တော့မည်၊ ဒါပေမယ့် ရှန်ဖျင်ချွမ်က သူမရဲ့လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး "ဒီလိုမလုပ်နဲ့၊ မင်းဒီလိုလုပ်မယ်ဆို... ငါတကယ် ကိုယ့်ကိုယ်ကို ထိန်းချူပ်နိုင်မှာ မဟုတ်ဘူး"

"ရှင်ထိန်းထားစရာမလိုပါဘူး..." သူမက နီရဲနေသော မျက်နှာဖြင့် တိုးလျစွာ ပြောခဲ့သည်။

ရှန်ဖျင်ချွမ်က သူ့ဂျာကင်ကို အမြန်ချွတ်ပြီး သူ့ကိုခြုံပေးသည်၊ ထို့နောက် ပြတင်းပေါက်နားကို ဆွဲခေါ်၍ သူမကို ထိုင်ခိုင်းသည်။ သူက ကုလားထိုင်တစ်ခုကို ဆွဲယူပြီး သူမရဲ့မျက်နှာချင်းဆိုင်တွင် ထိုင်လေသည်။

သူက မေးထောက်လိုက်ပြီး သူ့ခေါင်းကို ထိုးဖွ၍ သူ့ရဲ့နိုးကြားမှုကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။

"ချင်ချင်၊ ငါ ဒီလိုဖြစ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဖူးဘူး"

"ကျွန်မသိတယ်" ရှချင်က သူ့ဂျာကင်အနားစကို ဆုပ်ကိုင်ပြီး တိုးလျစွာ ပြောသည်။ "ကျွန်မဆန္ဒပါ"

"မင်း ငါဘာဆိုလိုလဲဆိုတာ နားမလည်ဘူးပဲ" ရှန်ဖျင်ချွမ်က စကားလုံးတိုင်းကို ဂရုတစိုက် ချိန်ဆခဲ့သည်။ "ငါတတ်နိုင်သလောက်လေး မင်းကို ကူညီခဲ့တာပါ။ မင်းငါ့ကို ဒီလိုပြန်ပေးစရာမလိုဘူး။ ငါ မင်းနဲ့ဘာမှအပေးအယူ မလုပ်ချင်ဘူး။ နားလည်လား"

"ကျွန်မ နားလည်ပါတယ်"

"ဒါဆိုကောင်းတယ်" အနည်းငယ် စိတ်သက်သာရာ ရသွားပြီး သူက သူမကို နူးညံ့စွာ မော့ကြည့်၍ "မင်းမှာလှပတဲ့ခန္ဓာကိုယ်ရှိတာပဲ။ ကိုယ့်ကိုကတိပေး ဘယ်သူ့ကိုမှမပြပါဘူးလို့။ ကိုယ့်ကိုယ်ကိုချစ်ပါ"

ရှချင်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်။

ရှန်ဖျင်ချွမ်အတွက် လုံးဝကို ထိန်းချုပ်ထားခဲ့သည်၊ သူလုပ်ခဲ့ဖူးသမျှထဲမှ ဒါက သေချာပေါက် နောင်တအရဆုံး ရွေးချယ်မှုဖြစ်သည်။

ဒါပေမယ့် ဒါက မှန်ကန်တဲ့အရာဆိုတာ သူသိပါသည်။

သူ ဒါကိုနောင်တရပေမယ့် တံခါးဆီကို လျှောက်သွားပြီးနောက် သူက လက်ခံခဲ့သည်။

ခက်ခက်ခဲခဲ သူက ထွက်သွားရန် ထလိုက်သည်။ သူ့နောက်မှ ရှချင်က ရုတ်တရက် သူ့လက်ကို လှမ်းဆွဲပေသည်။

"ရှန်ဖျင်ချွမ်"

သူမရဲ့သူ့နာမည်ကို ခေါ်လိုက်ခြင်းကတောင် သူ့ခန္ဓာကိုယ်က သည်းခံထားတွေ ‌ပေါက်ကွဲထွက်သွားသလို ရှန်ဖျင်ချွမ်ကို ခံစားရစေသည်။

သူမရဲ့လက်က အေးစက်နေပြီး သူမသည် သူ့ကို ဆုပ်ကိုင်လိုက်သောအခါ နူးညံ့သော ထိ‌တွေ့မှုက သူ့ရဲ့ခုခံမှုကို ကွဲအက်သွားစေခဲ့သည်။

"ရှန်ဖျင်ချွမ်နေပါဦး။ အပေးအယူ မဟုတ်ပါဘူး။ ကျွန်မလည်း ရှင့်ကိုသဘောကျတယ်"

အပေးအယူမဟုတ်ဘူး၊ ကျွန်မလည်း ရှင့်ကိုသဘောကျတယ်...

ရှန်ဖျင်ချွမ်က ပေါ့ပေါ့ပါးပါးပဲ လှည့်ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ သူက သူတော်စင်မဟုတ်ဘူး။ ခဏနေတော့ ထိန်းချုပ်မှုအားလုံးကို လျှော့ချလိုက်ပြီး ချက်ချင်းဆိုသလို အရင်နှစ်က ခံစားချက်များသည် ထွက်ပေါ်လာခဲ့၍ သူက ပြန်လှည့်ပြီး သူမကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

ကိုးရိုးကားရားဖြင့် သူက သူ့ဘဝရဲ့ခိုလှုံရာကို ရှာဖွေနေသကဲ့သို့ သူမနှုတ်ခမ်းဆီ ရွှေ့သွားသည်။ သူက သူမကို ယစ်မူးစွာ နမ်းရှုံ့ပြီး စုပ်ယူပြီးရင်းစုပ်ယူသည်...

သူတို့ရဲ့အဝတ်အစားတွေကိုလည်း ဖယ်ရှားပြီး ဘေးကိုပစ်လိုက်သည်။ အခု ဘာအကြောင်းပြချက်ကိုမှ မလိုချင်တော့ပါ၊ သူမကိုပဲ လိုချင်သည်၊ သူမကိုပိုင်ဆိုင်ချင်သည်၊ အကောင်းဆုံး ပျော်ရွှင်မှုကို သူမကို ပေးချင်သည်။

...ပျော်ရွှင်မှုမရှိခဲ့ပါ။ ထိုညက ရှချင်ရော၊ ရှန်ဖျင်ချွမ်ရော နာကျင်ခဲ့ရသည်။ ဤနာကျင်မှုက သူ့အပြုအမူတွေ မှားယွင်းသွားပြီဆိုသည်ကို အဆက်မပြတ် ရှင်းရှင်းလင်းလင်းကို သတိပေးနေခဲ့ပုံပင်။

ဒါပေမယ့် သူက လုံးဝကို ဂရုမစိုက်ခဲ့ပေ။

ထို့နောက် ရှချင်က သူ့ကို ကျောပေးထားပြီး ကလေးတစ်ယောက်လို ခွေခေါက်ကာ အနည်းငယ် တုန်ရီနေပေသည်။

ရှန်ဖျင်ချွမ်က သူမကို နောက်ကနေ ဖက်ပြီး သူမရဲ့ဆံပင်တွေ ဝေ့ဝဲကျနေသည့် သူမရဲ့လည်ကုပ်တွင် သူ့မျက်နှာကို နှစ်မြှုပ်လိုက်လေသည်။

သူက ကြောင်သူတော်တစ်ယောက်လို့ လုံးဝကို ခံစားလိုက်ရသည်။ အစကတော့ သူက ‌‌အလွန်ဖြောင့်မတ်နေခဲ့ပေမယ့် နောက်ဆုံးကျ...

သူမလည်း သူ့ကို ဒီလိုပဲတွေးလောက်မည်၊ ရှန်ဖျင်ချွမ်က ကိုယ့်ကိုယ်ကို ခန့်မှန်းမိပါသည်။

သူက သူမလက်ကို ယူလိုက်ပြီး သူမက သူ့ကို ဖက်ပေသည်။ နှစ်ယောက်သားက တင်းကျပ်စွာ ဖိကပ်ထားပြီး စွဲလန်းမှုတွေဖြင့် ချစ်သူတွေလို အစပြုခဲ့ပေမယ့် ဒီနေ့မတိုင်မီအထိ သူတို့သည် သူငယ်ချင်းတွေတောင် မဟုတ်ခဲ့ကြပေ။

ဒီလူနှစ်ယောက်ကို ဘယ်အရာက နီးကပ်လာစေတာလဲ။

ပြောစရာမရှိဖြစ်သွားသည်။

သူတို့သည် ခေါင်းစဉ်ကို ဂရုတစိုက် ရှောင်ရှားခဲ့သည်။

"အရမ်းနာသွားလား" သူက သူမနားထဲကို တီးတိုးပြောသည်။ "မင်း အသံ မထွက်ဘူးနော်"

"အဆင်ပြေပါတယ်" ရှချင်က တဖြည်းဖြည်းချင်း ခေါင်းလှည့်ပြီး သူ့ကို စိတ်အေးအောင်လုပ်သည်။ "ဒီကိစ္စကို စိတ်မပူပါနဲ့၊ ရှင်ဘအဆင်ပြေရင်ရပါတယ်"

ရှန်ဖျင်ချွမ်၏ နှလုံးသားသည် ကြေမွသွားသည်။ သူက သူတို့ဆက်ဆံရေးသည် မျှတမှုမရှိကြောင်းကို နားလည်သည်၊ ဒါပေမယ့် အဆင်ပြေပါသည်။ သူ သူမကို ကောင်းကောင်းဆက်ဆံမည်၊ သူ သူမကို ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးကောင်မလေးဖြစ်အောင် လုပ်ပေးမည်။

သူက သူ့နှလုံးသားထဲတွင် ဤဆုံးဖြတ်ချက်ကို လျှို့ဝှက်ပြုလုပ်ခဲ့သည်။

"ချင်ချင် ကိုယ့်ကောင်မလေး ဖြစ်ပေးလို့ရမလား"

"ကောင်းပြီ" သူမက တုံ့ဆိုင်းမှုမရှိဘဲ လက်ခံခဲ့သည်။

"ကိုယ်ဘွဲ့ရပြီးရင် မင်းကို လက်ထပ်မယ်"

ဤအကြိမ်မှာတော့ ရှချင်က ပြန်မဖြေခဲ့ပေ။

သူက သူမလည်ပင်းကို သူ့နှာခေါင်းဖြင့် ပွတ်သပ်သည်။ "ဟမ်"

"ရှင်...ရှင် ကျွန်မကို လက်ထပ်စရာမလိုဘူး"

ရှန်ဖျင်ချွန်က ရုတ်တရက် ထထိုင်၍ "မင်းဘာဆိုလိုတာလဲ။ မင်းပြောတော့ ကိုယ့်ကိုသဘောကျတယ်ဆို။ ကိုယ်..."

ရှချင်ကလည်း ထိပ်လန့်တကြား ထထိုင်ပြီး သူ့လက်ကိုဆွဲကာ "ကျွန်မ တောင်းပန်ပါတယ်၊ စိတ်မဆိုးပါနဲ့နော်"

"တောင်းပန်ပါတယ်လို့ မပြောပါနဲ့၊ မင်းကိုယ့်ပေါ် ဘာအမှားမှ မလုပ်ခဲ့ဖူးဘူး" ရှန်ဖျင်ချွမ်သည်လည်း အနည်းငယ် စိတ်ပူပန်နေပြီး ရှင်းပြရန် ကြိုးစားသည်။ "ဒီလိုမပြောပါနဲ့၊ ကျေးဇူးပြုပြီးတော့"

"ကျွန်မ...ကောင်းပြီ၊ ထပ်ပြီး ဒါကို မပြောတော့ဘူးနော်။ ရန်မဖြစ်ရအောင်၊ ပျော်ပျော်ပဲနေကြမယ်"

ရှန်ဖျင်ချွမ်ရဲ့နှလုံးသားသည် ရုတ်တရက် အေးခဲသွားသည်။ သူ တကယ်ကို ဆိုးဝါးလှသည့် အမှားတစ်ခုကို ပြုလုပ်မိခဲ့ပုံပင်။

"မင်းက တခြားမိန်းကလေးတွေလို မဟုတ်ဘူး။ ကိုယ့်ကိုကျေနပ်အောင် ကြိုးစားစရာမလိုဘူး။ ကိုယ်တို့က စုံတွဲတွေပဲ၊ ဟိုလိုဆက်ဆံရေးမျိုး မဟုတ်ဘူး။ မင်းကိုယ့်ကို ဆူပူလို့ရတယ်၊ ရိုက်လို့လည်းရတယ်။ လိုရင်းပြောရရင် ကိုယ့်ကိုကျေနပ်အောင်မကြိုးစားနဲ့"

ရှချင်က သူ့ကိုမော့ကြည့်ပြီး ရုတ်တရက်ကြီး ဘာလို့ သူအရမ်းဒေါသထွက်သွားလဲဆိုတာ နားမလည်ပေ။ သူမပြောမိတာ ဒါမှမဟုတ် လုပ်မိတာက မှားသွားလို့လား။

"ကျွန်မကိုပြောပါ၊ ကျွန်မဘာလုပ်သင့်လဲ။ တောင်းပန်ပါတယ်၊ ကျွန်မ အရင်က တစ်ခါမှ ရည်းစားမထားဖူးလို့ပါ"

"ဘိုးဘေးလေး။ ကိုယ့်ကို မတောင်းပန်စမ်းပါနဲ့ကွာ။ ကိုယ်မင်းကို ခဏခဏ ပြောပြီးပြီလေ။ မင်းကိုယ့်ကို တောင်းပန်စရာဘာမှမရှိဘူး။ ကိုယ်ကသာ မင်းကိုတောင်းပန်ရမယ့်လူ၊ ဟုတ်ပြီလား"

ရှန်ဖျင်ချွမ်က စိတ်သဘောထား ပြင်းပြပြီး ဒေါသထွက်လွယ်သည်။ ဒီလိုမျိုးက ရှချင်ကို ကြောက်လန့်စေသည်။

"ရှင် အခုကျွန်မကို သဘောမကျတော့ဘူးလား" ရှချင်ရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာသည်။ "ရှင်ကျွန်မကိုမပြောရင်၊ ကျွန်မဘာမှမပြောတော့ဘူး"

ရှန်ဖျင်ချွမ်က သူ့နှလုံးသား ကွဲအက်သွားသလို ခံစားရပေသည်။ သူက သူမကိုဖက်ပြီး သူမမျက်ရည်တွေကို အမြန်သုတ်ပေးသည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ရန်မဖြစ်တော့ဘူးနော်။ တစ်ယောက်ပေါ်တစ်ယောက် ကောင်းပေးကြမယ်နော်"

"ရှန်ဖျင်ချွမ် ကျွန်မက တုံးအတယ်၊ ဒါပေမယ့် ရှင့်စကားကိုတော့ နားထောင်မှာပါ" ရှချင်က သူ့ခါးကို ဖက်ပြီး သူ့ရင်ဘတ်တွင် သူမခေါင်းကို မြှုပ်နှံထားသည်။ "ကျွန်မကိုသဘောမကျဘဲ မနေပါနဲ့နော်"

"ကိုယ်က မင်းကို ဘယ်လိုလုပ်သဘောမကျဘဲ နေမှာလဲ။ ကိုယ်...ကိုယ့်ကိုယ်ကိုသာ နည်းနည်းသဘောမကျရုံပါ။ ကိုယ်က လူယုတ်မာ။ ကြောင်သူတော်။ မကောင်းတဲ့ကောင်ပါ"

ရှချင်က သူ့ကို ပိုတင်းကျပ်စွာ ဖက်လိုက်သည်။ "မဟုတ်ပါဘူး၊ ရှင်က အရမ်းကောင်းတဲ့လူပါ"

တက္ကသိုလ်တတိယနှစ် ဆောင်းရာသီပိတ်ရက်တွင် ကျင်းရှီက သူမရဲ့အချစ်ရေးကို ရှန်ရှိရှန်းကို ဝန်ခံခဲ့သည်။ ရှန်ရှိရှန်းက ပေါ်ရန်နှင့်ပတ်သက်ပြီး အတော်လေး စပ်စုခဲ့ပြီး နှစ်သစ်ကျရင် ကောင်လေးကို သူကြည့်ဖို့ ခေါ်လာရန် ကျင်းရှီကို အတင်းပြောခဲ့သည်။

ဒါပေါ့၊ သူတို့ တစ်ခါလောက် တွေ့ဆုံပြီးတာနဲ့ ရှန်ရှိရှန်းသည် ပေါ်ရန်ကို သူ့သားအရင်းထက်တောင် ပိုသဘောကျသွားမယ်ဆိုတာ ကြိုတင်ခန့်မှန်းမိသည်။ သူက တစ်ယောက်တည်း နေရတာ အထီးကျန်လွန်းတာကြောင့် ပေါ်ရန်လေးကို ဧည့်သည်အနေဖြင့် ခေါ်ဖို့ နေ့တိုင်းပြောခဲ့သည်။ သူတို့ မိသားစု စုစုစည်းစည်းနဲ့ အသက်ဝင်ဖို့အတွက် ပြောင်းလာနေမယ်ဆို ပိုကောင်းပါသည်။

ရှန်ဖျင်ချွမ်က နားထောင်ရင်း ရှင်းရှင်းလင်းလင်းကို အသဲကွဲကြေသွားသလို ခံစားရသည်။ သူက အဖေအတုကို တွေ့လိုက်ရသကဲ့သို့ ခံစားရသည်။

ပေါ်ရန်က ကိုယ်ခံပညာ ဆယ့်ရှစ်မျိုးလုံးကို ကျွမ်းကျင်ပေသည်။ သူက ရှန်ရှိရှန်း၏ အကြိုက်ဆုံး တရုတ်စစ်တုရင်ကစားခြင်းကိုတောင် ကစားနိုင်သည်။ ဒါတင်မကသေးဘူး၊ သူက နှစ်ပွဲနိုင်ရင် သုံးပွဲအရှုံးခံသည့် ကျွမ်းကျင်မှုလည်းရှိသည်။ သူက နေ့တိုင်း အဖေရှန်ကို ရယ်မောစေပြီး သူ့ကို ပြုံးပျော်ရွှင်စေခဲ့သည်။ အခု သူက သူ့ကို သားဟုတောင် ခေါ်နေပြီ။

All Chapters