← Chapters

အပိုင်း (၉၄)

Vol. 8 Ch. 94

အပိုင်း (၉၄)

Vol. 8 Ch. 94

ကျင်းရှီက စိုးရိမ်မှုမရှိဘဲ အားလုံးကို သူမအဖေကို ဝန်ခံခဲ့ပေမယ့် ရှန်ဖျင်ချွမ်ကတော့ သူ့ရဲ့အချစ်ရေးအကြောင်းကို လူသိရှင်ကြား လုံးဝထုတ်မပြရဲပေ။

ရှန်ရှိရှန်းသာ သူ့မှာကောင်မလေးရှိမှန်း သိသွားရင် သူက ရှချင်ကို သေချာပေါက် စုံစမ်းလိမ့်မည်။ ဤကိစ္စသည် စိစစ်မှုအောက်မှာ ရိုးရိုးရှင်းရှင်းပဲ ဖုံးကွယ်မထားနိုင်ပေ။

သူ့အဖေက အမှန်တရားကို သိသွားမယ်ဆိုရင် ဘယ်လိုတုံ့ပြန်မည်ဆိုတာကို စိတ်ကူးမကြည့်နိုင်ပါ။

ရှန်ဖျင်ချွမ် မလှည့်စားနိုင်သော တစ်ယောက်တည်းသောသူမှာ ပါဝင်ပတ်သက်နေသည့် ပေါ်ရန်ဖြစ်သည်။ ရှန်ဖျင်ချွမ်က ရိုးရိုးသားသား သူ့ကို သွားရှင်းပြဖို့သာရှိသည်။

"တခြားအ‌ကြောင်းမရှိပါဘူး။ ငါ့ဒါလင်က အရမ်းတော်တယ်လေ။ အရင်က ငါ သူ့အမေနဲ့တွေ့ခဲ့တယ်၊ သူက ကျောင်းရဲ့အွန်လိုင်းမှာ ငါ့ပုံကိုရှာခဲ့တာမို့ သူသိသွားတာ"

ပေါ်ရန်ရဲ့မျက်ခုံးက အနည်းငယ် ကျုံ့သွားပြီး သူ့ရဲ့အကြည့်က အေးစက်တည်တံ့နေသည်။ "ဒါဆို မနှစ်ကတည်းက သူ အားလုံးသိနေတာပေါ့၊ ဒါပေမယ့် မဖော်ထုတ်ခဲ့ဘူး။ သူ့အဖေ ဆေးရုံကဆင်းမှ သူ မင်းကို အမှန်တရားကို ပြောခဲ့တာလား"

ရှန်ဖျင်ချွမ်က ချက်ချင်းကို သူ့ကောင်မလေးကို ကာကွယ်သည်။ "သူ့နေရာမှာ တခြားသူဆိုလည်း ချက်ချင်းကြီး ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူးလေ။ သူဒီလိုလုပ်တာ ငါကျေးဇူးတင်..."

"ဒါမို့ မင်း သူနဲ့ အိပ်ခဲ့တာလား"

ရှန်ဖျင်ချွမ်က သူ့တံတောင်ဆစ်ဖြင့် ပေါ်ရန်ရဲ့လည်ပင်းကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်သည်။ သူက ဧည့်ခန်းထဲမှာ ဗီဒီယိုဂိမ်းကစားနေသည့် ကျင်းရှီကို လှည့်ကြည့်သည်။ "အသံတိုးစမ်း။ ဒေါသမထွက်ပါနဲ့။ ဘယ်သူက ဘယ်သူနဲ့ အိပ်ခဲ့လို့လဲ။ သူကသာ ငါနဲ့အိပ်တာ၊ ဟုတ်ပြီလား"

ပေါ်ရန်က သူ့ရဲ့ရွှတ်နောက်နောက် အမူအရာကင်းမဲ့၍ အေးစက်စွာ သူ့ကိုကြည့်နေသည်။ "မင်းဘာတွေလုပ်ခဲ့လဲဆိုတာ မင်းသိလား"

"ဒါပေါ့၊ ငါသိပါတယ်။ ငါက တစ်စုံတစ်ယောက်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တာလေ။ မဟုတ်ဘူး၊ တစ်‌စုံတစ်ယောက် မဟုတ်ဘူး၊ ငါ့ယောက္ခမလောင်းကြီးပဲ"

"မင်းသားလေးရှန်၊ မင်းအငယ်အနှောင်း ထားနေတာလား"

ရှန်ဖျင်ချွမ်က ရုတ်တရက် ဒေါသထွက်သွားပြီး ပေါ်ရန်ကို တွန်းသည်။ "ငါ့ကို ဒီစကားလုံးနှစ်လုံးမပြောနဲ့။ ငါမလုပ်ဘူး"

"ဒီအခြေအနေက အဲ့သဘောပဲလေ။ ငါအရင်တည်းက မင်းကိုသတိပေးခဲ့တယ်၊ မင်း ရွေးချယ်ရမယ်ဆိုတာကို"

"ငါ့သူ့ကို အရမ်းချစ်တယ်၊ ပေါ်ရန်။ သူက ငါ့ရှေ့မှာ အဝတ်အစားတွေ ချွတ်လိုက်တော့ ငါဘယ်လိုလုပ်သည်းခံနိုင်မှာလဲ။ မင်းသာငါ့နေရာမှာဆို မင်းကိုယ်မင်း ထိန်းနိုင်မှာမို့လား"

ပေါ်ရန်က သူ့ကိုစိုက်ကြည့်နေသည်။ "ရှန်ဖျင်ချွမ် ငါအမြဲတမ်း မင်းညီမကို မထိပါဘူးဆိုတဲ့ ကတိကိုတည်ခဲ့တယ်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို မထိန်းနိုင်တဲ့ ယောက်ျားတစ်ယောက်က ဆိုးရွားတဲ့အရာတွေကို လုပ်နိုင်တယ်"

ရှန်ဖျင်ချွမ်က ရုတ်တရက် စိတ်ရှုပ်သွားသည်။ သူက နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အစားစားရင်ပဲဖြစ်ဖြစ် သူနဲ့ရှိနေတိုင်း ရှချင် ဘယ်လောက်တောင်နာခံမှုရှိသည်ကို ပြန်တွေးမိသည်။ သူမက သူ့ကိုအားထားခဲ့သည်။ သူတို့ရင်နှီးလာတာတောင် သူမက သူ့ကို "မရဘူး" ဟု လုံးဝမပြောသကဲ့သို့ သူ့ရဲ့တောင်းဆိုမှုတိုင်းကို သူမ အကောင်းဆုံးကြိုးစားခဲ့သည်။

သူ့နှလုံးသားက ပေါက်ပြဲသွားပြီး လေက အပေါက်ထဲကို အရှိန်နဲ့တိုးဝင်လာခဲ့သည်။

ပေါ်ရန်သည် နှလုံးသားမရှိလုနီးပါး ကျိုးကြောင်းဆီလျော်ခဲ့ပေသည်။ သူက အသံနှိမ့်ပြီးပြောသည်။ "မင်းရဲ့ရည်ရွယ်ချက်တွေက ကောင်းတယ်ဆိုရင်တောင် မင်းပေးခဲ့တာတွေက သူတတ်နိုင်တာထက်ပိုတယ်၊ သူ့တစ်ဘဝလုံး အဲ့ပိုက်ဆံတွေကို ပြန်မပေးနိုင်ဘူး၊ မင်းက သူ့အဖေရဲ့အသက်ကို ကယ်တင်ပေးခဲ့တာမို့ သူမင်းကို ငြင်းဆန်နိုင်စွမ်းမရှိဘူး။ မင်းနဲ့အိပ်လိုက်တာအပြင် သူ့မှာတခြားရွေးစရာမရှိဘူး"

"ငါ့မှာလည်း ရွေးချယ်စရာမရှိခဲ့ဘူးလေ"

"ရှန်ဖျင်ချွမ် မင်းမှာ ရွေးချယ်စရာရှိတယ်။ အဲ့အဆင့်ထိရောက်မသွားအောင် မင်းကိုယ်မင်း ထိန်းချုပ်လို့ရတယ်။ ဒါဆို အားလုံးက ဖြစ်နိုင်ချေရှိနေတုန်းပဲ"

ရှန်ဖျင်ချွမ်၏ မျက်လုံးများသည် နီရဲလာသည်။ သူက ပေါ်ရန်ရဲ့ကော်လာကိုဆွဲပြီး ဩရှရှအသံဖြင့် အော်ပြောသည်။ "ပေါ်ရန်၊ ငါဝန်မခံဘူး။ သူက ဒီလိုပြန်ဆပ်တာလို့ ငါလုံးဝဝန်ခံနိုင်ဘူး။ ငါတို့က သာမန်စုံတွဲပဲ။ ကောင်လေးက သူ့ကောင်မလေးအတွက် ငွေမသုံးသင့်ဘူးလား။ ဆေးဖိုးက သောင်းဂဏန်း ဒါမှမဟုတ် သိန်းဂဏန်းပဲဖြစ်နေပါစေ ကိစ္စမရှိဘူး။ ငါ့တစ်ဘဝလုံး ရှာခဲ့သမျှတွေကို တုံ့ဆိုင်းမှုမရှိ သူအတွက်သုံးပေးမှာ"

"မင်းမှန်တယ်ဆို ဘာလို့ မင်းအဖေသိသွားမှာကို ကြောက်နေတာလဲ။ မင်းကိုအမြဲထောက်ခံခဲ့တဲ့ မင်းညီမကိုတောင် မင်း မပြောရဲဘူးမလား"

ရှန်ဖျင်ချွမ်က ဧည့်ခန်းထဲက ကျင်းရှီကို ပြန်ကြည့်သည်။ "ငါ...ငါ သူ့ကိုမပြောရဲတာမဟုတ်ဘူး"

"ဒါဆို အခုသူ့ကို သွားပြောလေ။ မင်းပြောနိုင်လားကြည့်ရအောင်"

"ငါက ဘာကိုမပြောနိုင်ရမှာလဲ။ ငါတို့ကရိုးရိုးသားသားတွဲနေကြတာ။ ဘာမှဖုံးကွယ်ထားတာမရှိဘူး"

ရှန်ဖျင်ချွမ်က ချက်ချင်း ဧည့်ခန်းထဲကို သွားသည်။ "ကျင်းရှီ၊ ငါ နင့်ကို ပြောစရာရှိတယ်။ နင့်အစ်ကိုအခုကောင်မလေးရှိနေပြီ။ နင့်ရဲ့အစ်မရှချင်လေ။ နင့်ကိုမပြောဘဲ သူနဲ့တွဲနေတာ ခြောက်လကျော်လောက်ရှိပြီ။ အခုငါနင့်ကိုပြောပြတာ။ သူ့အဖေ နာမကျန်းဖြစ်‌နေတာလည်း တည်ငြိမ်သွားပြီ။ အားလုံးက နင့်အစ်ကိုရဲ့ကျေးဇူးတွေကြောင့်လေ"

ကျင်းရှီက မြေပဲလှော်ကြွတ်ကြွတ်ရွရွကို တကျွတ်ကျွတ်ဝါးစားနေသည်။ သူမက အံ့ဩတကြီး သူ့ကိုမော့ကြည့်သည်။

ရှန်ဖျင်ချွမ် မတုံ့ပြန်ခင်မှာ ဝင်ပေါက်တွင် ဖိနပ်ပါးပြောင်းစီးနေသည့် ရှန်ရှိရှန်းက ရုတ်တရက် ပြောလိုက်သည်။ "မင်းမှာကောင်မလေးရှိနေပြီလား"

ကလေးသုံးယောက်က ဧည့်ခန်းထဲရှိ ဆိုဖာအရှည်ပေါ်တွင် ဘေးချင်းကပ်ထိုင်နေကြသည်၊ ရှန်ဖျင်ချွမ်က အလယ်တွင်ဖြစ်ပြီး ကျင်းရှီနှင့်ပေါ်ရန်က သူ့ဘေးတစ်ဖက်စီတွင် ဖြစ်သည်။ သူတို့က ရှန်ဖျင်ချွမ်၏ "ရာဇဝတ်သားအပြုအမူ" ကို ရှန်ရှိရှန်းကို ကူရှင်းပြကြသည်။

"မင်းတို့ တွဲတာ ဘယ်လောက်ကြာပြီလဲ။ ကောင်မလေးက ဘယ်အရွယ်လဲ။ သူ့မိသားစုက ဘာလုပ်ကြလဲ။ သူ့အဖေက ကျန်းမာရေးမကောင်းဘူးဆို အခြေအနေဘယ်လိုရှိလဲ။ မင်း သူ့ကို ဘယ်လိုကူညီလိုက်တာလဲ"

နှစ်ပေါင်းများစွာကြာ ဦးဆောင်မှုနှင့် အုပ်ချုပ်လာမှုတို့ကြောင့် ရှန်ရှိရှန်းမှာ ထင်မြင်ချက်တွေရှိပါသည်။ နားတစ်ဖက်တည်းဖြင့် နားစွင့်ရင်တောင် သူက ရှန်ဖျင်ချွမ်ပြောသည့်ထဲမှာ တစ်စုံတစ်ရာ လွတ်သွားသည်ကို ပြောနိုင်သည်။

ရှန်ဖျင်ချွမ်က သူ့အဖေ အမှန်တရားကို သိသွားတာထက် သေသွားတာ‌ ပိုကောင်းတာကြောင့် သူမက သာမန်မိသားစုမှ ကျောင်းနေဖက်တစ်ဦးဖြစ်ကြောင်းသာ သူကပြောခဲ့သည်။

"အဖေသိရင် ကျွန်တော် သူ့ကိုအိမ်ခေါ်လာမှာပေါ့၊ ဒါမို့ အဖေ ကျွန်တော့်နောက်မှာ လျှောက်စုံစမ်းမနေပါနဲ့"

"ငါကဘာလို့ လျှောက်စုံစမ်းနေရမှာလဲ။ မင်းကောင်မလေးထားတာကို ငါတားမယ်ထင်လို့လား"

"ဒါမို့ ကျွန်တော် အဖေ့ကို ဘာမှမပြောရဲတာလေ။ အဖေ အားလုံးကို ကောင်းကောင်းသိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ မှီခိုရာမရှိတဲ့ တစ်ကိုယ်တည်းသမား အဘိုးကြီးတစ်ယောက်က အထီးကျန်တော့ တခြားအရာတွေထက် အတင်းအဖျင်းတွေကို သဘောကျတယ်လေ"

ရှန်ရှိရှန်း မတုံ့ပြန်ခင်မှာ ကျင်းရှီက ဒေါသထွက်သွားသည်။ သူက ရှန်ဖျင်ချွမ်ရဲ့ဒူးကို ကန်လိုက်သည်။

"အစ်ကို အဖေ့ကို ဘယ်လိုလုပ် ဒီလိုပြောရတာလဲ။ အရမ်းမရိုင်းစမ်းနဲ့"

ရှန်ဖျင်ချွမ်က ဤအခြေအနေမှာ ဖိအားပေးခံနေရတာကြောင့် ပြောမိပြောရာ ပြောမိပေသည်။ သူက ရှန်ရှိရှန်း လျှောက်စုံစမ်းမှာကို တကယ် စိုးရိမ်နေတာကြောင့် သူ့ကို အရင်လှုံ့ဆော်ပေးရန် ကြိုးစားခဲ့သည်။

"ဒါမှန်တယ်လေ။ နင်နဲ့ပေါ်ရန် နှစ်နှစ်နီးပါး တွဲနေပြီးမှ အဖေ့ကို ပြောပြခဲ့တာလေ။ သူ လျှောက်စုံစမ်းမှာကို နင်ကြောက်လို့မဟုတ်ဘူးလား"

ကျင်းရှီက အပြစ်ရှိစိတ်ဖြင့် ရှန်ရှိရှန်း ကြည့်လိုက်သည်။ "အဲ့တုန်းက သိပ်မသေချာသေးဘူး။ ကျွန်မ တခြားတစ်ယောက်ယောက်ကို တွေ့သွားမလားဆိုပြီး"

ရှန်ရှိရှန်းက ရှန်ဖျင်ချွန်ရဲ့စကားလုံးများကြောင့် ဒေါသထွက်တာရော၊ နာကျင်တာရောကို ခံစားရသည်။ "ကောင်းပြီ၊ မင်းတို့မောင်နှမတွေ ချိန်းတွေ့တာရော အရာအားလုံးကို မင်းတို့ဘာသာပဲ တိုင်ပင်ကြပါ။ ငါ့ကိုအားလုံးမပြောကြနဲ့။ ကောင်းတယ်၊ မင်းတို့အရွယ်ရောက်လာပြီပဲ။ မင်းတို့ရဲ့အဖေကို မလိုတော့ဘူးပေါ့။ မင်းတို့သဘောအတိုင်း လုပ်ကြ"

ထိုသို့ပြောပြီးနောက် သူက စာကြည့်ခန်းထဲကို ပြန်သွားခဲ့သည်။

သူမအဖေရဲ့နာကျင်နေသည့် နောက်ကျောကို မြင်တော့ ကျင်းရှီက စိတ်မကောင်းဖြစ်သွားသည်။ သူမက ရှန်ရှိရှန်းနောက် လိုက်သွားပြီး "အဖေ၊ မဟုတ်ဘူး၊ သူ အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ ကျွန်မအဖေကို လိုအပ်နေတုန်းပဲ"

အခုမှ သက်သာရာရ၍ ရှန်ဖျင်ချွမ်က သက်ပြင်းချလိုက်ပြီး သူမကို အမြန်လှမ်းဆွဲသည်။ "ဟဲ့မသွားနဲ့"

ကျင်းရှီက ဒေါသတကြီး သူ့လက်ကို ခါထုတ်သည်။ "အစ်ကို ဘာတွေဖြစ်နေတာလဲ။ ဘာလို့ဒီလိုအရာတွေပြောရတာလဲ။ အဖေ စိတ်မကောင်းဖြစ်သွားမှာ"

"သူ ရှချင်ကို တကယ်စုံစမ်းနေမှာကို ငါစိုးရိမ်ရုံပါ"

"သူက အစ်ကိုဂရုစိုက်တယ်။ သူ ရှချင်အကြောင်းကို သိရင် သူ သေချာပေါက် ဘာမှလုပ်မှာမဟုတ်ဘူး"

"မဟုတ်ဘူး၊ သူ သိသွားရင် ရှချင်နဲ့ငါ ပြီးသွားမှာ။ ကျင်းရှီ ဒီကိစ္စကို သူ့ကိုထပ်မပြောနဲ့နော်။ နင်ဘာမှမသိသလို ဟန်ဆောင်ပေး"

ကျင်းရှီက သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေသည်။ "အစ်ကို မဟုတ်တာ တစ်ခုခု လုပ်ခဲ့တာလား"

ရှန်ဖျင်ချွမ်က ထိတ်လန့်တကြား ပေါ်ရန်ကို ကြည့်လိုက်သည်။ ပေါ်ရန်က မတတ်နိုင်စွာ သူ့ခေါင်းကို ခါပြပြီး စာကြည့်ခန်းတံခါးကို သွားခေါက်သည်။ "အန်ကယ်ရှန်၊ ကျွန်တော်တို့ စစ်တုရင်တစ်ပွဲလောက် ကစားကြမလား"

"ဝင်လာ၊ ဝင်လာ။ အနည်းဆုံးတော့ ငါ့မှာ လိမ္မာတဲ့ သမက်လေးရှိသေးတာပဲ။ သားတစ်ယောက်ရှိတာ အသုံးမဝင်ဘူး။ သူလုပ်သမျှတိုင်းက ငါ့ကိုစိတ်ပျက်စေတယ်"

ကျင်းရှီနှင့် ရှန်ဖျင်ချွမ်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်၍ ဧည့်ခန်းအလွတ်ထဲတွင် သူတို့သာ ကျန်ခဲ့ကြသည်။

ရှန်ဖျင်ချွမ်က ကိစ္စတွေက ဒီလိုအဆုံးသတ်သွားမယ်ဆိုတာကို မသိခဲ့ပေ။ ပေါ်ရန်က သူ အဲ့ညက အမှားလုပ်ခဲ့တာဟု ပြောသည်။

သူတကယ်ပဲ အမှားလုပ်ခဲ့မိတာလား။

ထိုနေ့ညနေမှာ ရှန်ဖျင်ချွမ်သည် ရှချင်ကို သွားရှာခဲ့သည်။ သူမက အားကစားရုံတွင် လေ့ကျင့်နေသည်။ သူက နံရံကိုမှီ၍ သူမ ဘားခိုနေသည်ကို ကြည့်နေခဲ့သည်။

သူမသည် အလွန်မကြီးဘဲ အချိုးအစားကျသော ကြွက်သားများဖြင့် အမြဲတမ်း ဆွဲဆောင်မှုရှိသည့် ပုံသဏ္ဌာန်ရှိသည်။ သူမတွင် ကြီးမားသော ရင်သားများရှိ၍ အဝတ်အစားတွေက မဖုံးကွယ်ထားနိုင်ပါ။ သူ သူမကို အရင်က tank top ဖြင့် မြင်ဖူးသည်။ အဲဒါက ယောက်ျားတစ်ယောက်ကို နှာခေါင်းသွေးယိုဖို့ လုံလောက်သည်။

သူမ‌နောက်ကျောကို ကြည့်ပြီး ရှန်ဖျင်ချွမ်က သူသာ သူမအဖေရဲ့ဆေးဖိုးအတွက် သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းတို့ကို မပေးခဲ့ဘူးဆိုလျှင် ဒီကောင်မလေးက အခု သူ့အပိုင်ဖြစ်နေမှာ မဟုတ်ဘူးဆိုတာ သိသည်။

ဤကိစ္စကို တွေးမိလိုက်တာက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။

ကောင်မလေးတစ်ယောက်က ရှချင်ကို တီးတိုးပြောသည်။ "နင့်ကောင်လေး ရောက်နေတယ်"

ရှချင်က ဘားကိုအမြန်လွှတ်လိုက်ပြီး ရှန်ဖျင်ချွမ်ကို ပြုံးပြသည်။ "ရှင် ကျွန်မကိုလာတွေ့မယ်ဆိုတာ ဘာလို့အရင်ကြိုမပြောတာလဲ"

လေ့ကျင့်ရေးကြောင့် သူမရဲ့ဆံပင်ကို ကျစ်ဆံမြီးနှစ်ခု စည်းထားသည်။ ခန္ဓာကိုယ်အပူကြောင့် သူမရဲ့မျက်နှာက နီရဲနေပြီး ချွေးတွေထွက်နေသည်။ သူမရဲ့အင်္ကျီသည် ချွေးကြောင့် ကွက်နေပေသည်။

"ကိုယ်က မင်းကို ဘာလို့အမြဲတမ်း အရင်ကြိုပြောရမှာလဲ" ရှန်ဖျင်ချွမ်ကမေးသည်။

ရှချင်က ပုဝါဖြင့် ‌သူမရဲ့ချွေးတွေကို သုတ်လိုက်သည်။ ရုတ်တရက်ဆိုတော့ အံ့ဩသွားပြီး သူမက "ကျွန်မက အမြဲတမ်း လေ့ကျင့်နေရတာလေ။ ရှင် ကျွန်မကို ကျွန်မတို့တွေ့မယ်လို့ ပြောမှ ကျွန်မအိမ်ပြန်ပြီး ရေချိုး၊ ဝတ်စားပြီး မိတ်ကပ်လိမ်းလို့ရမှာပေါ့"

စင်္ကြံတွင် ရှန်ဖျင်ချွမ်ရဲ့မျက်နှာက မည်းမှောင်သွားသည်။ "မင်း ကိုယ့်ကို တွေ့ဖို့ မိတ်ကပ်လိမ်း‌တာလား"

ရှချင်က အတော်လေး ရှက်သွားပေသည်။ သူမရဲ့မှောင်မိုက်တဲ့ အသားအရည်ကို ပိုကြည့်ကောင်းစေဖို့အတွက် သူမသည် ဒီအတောအတွင်း မိတ်ကပ်လိမ်းနည်းကို သင်ယူခဲ့သည်။

"ဘာဖြစ်လို့လဲ။ ရှင် မကြိုက်ဘူးရင် ကျွန်မ မလိမ်းဘူးလေ"

သူမပြောလို့မပြီးသေးခင်မှာ ရှန်ဖျင်ချွန်က ရုတ်တရက် သူမကို နံရံနှင့်ဖိကပ်လိုက်သည်။ သူက သူမကို ခေါင်းငုံ့၍နမ်းပြီး သူ့လက်တွေက မသင့်တော်သည် နေရာတွေကို ကျရောက်လာသည်။

ရုတ်တရက်ဖြစ်တာကြောင့် ရှချင်က ကြောက်ရွံ့သွားသည်။ သူမရဲ့အားက သူ့လက်ကောက်ဝတ်ကို ဆွဲ၍ သူ့လက်ကို ထိန်းချုပ်ထားလို့ရသည်၊ ဒါပေမယ့် သူမ ဒီလိုမလုပ်နိုင်ဘူးဆိုတာ မြန်မြန်သဘောပေါက်လိုက်သည်။

သူမက သူ့ကိုလွှတ်ပေးပြီး သူမရဲ့မျက်နှာနှင့် လည်ပင်းကို ကြမ်းတမ်းစွာ နမ်းရှုံ့ခွင့်ပြုခဲ့သည်။ "ရှန်ဖျင်ချွမ် ဒီလိုမလုပ်နဲ့။ ကျွန်မ ရေမချိုးရသေးဘူး" သူမက တိုးလျသောအသံဖြင့် တောင်းဆိုခဲ့သည်။

"မင်းမကြိုက်ဘူးဆို ဘာလို့ကိုယ့်ကိုတွန်းမထုတ်တာလဲ" သူ့ခေါင်းကို သူမရဲ့လည်ပင်းတွင် နှစ်မြှုပ်ထားပေမယ့် သူကဆက်မလုပ်ခဲ့ပေ။ သူ့အသံက ကြောက်စရာကောင်းအောင် တိုးနေပေသည်။ "မင်းကိုယ့်ကိုတွန်းထုတ်လိုက်လို့ရတယ်။ မင်း မလိုချင်ဘူးဆို ငြင်းဆန်လို့ရတယ်"

"ကျွန်မ မကြိုက်တာမဟုတ်ဘူး...အာ့"

ပိုပြီးတောင် မသင့်တော်သည့် အရာတွေလုပ်၍ သူ့လက်က သူမဘောင်းဘီထဲကို ရောက်သွားသည်။

ရှချင်၏ မျက်နှာသည် အရှက်တရားကြောင့် နီရဲနေပေမယ့် သူမက...သူ့ကို တွန်းမထုတ်သေးပေ။

"မင်းမကြိုက်ပါဘူး" ရှန်ဖျင်ချွမ်က သူမရဲ့ပခုံးကို ဆွဲကိုင်ပြီး သူမကို နံရံနှင့် ဖိကပ်၍ အော်ပြောသည်။ "ကိုယ့်ကိုရိုက်။ ကိုယ်က အရမ်းရွံစရာကောင်းတယ်လေ။ မင်းဘာလို့ ကိုယ့်ကိုမရိုက်တာလဲ"

"ရှန်ဖျင်ချွမ် ကျွန်မကို ဒီလိုမလုပ်ပါနဲ့။ ကျွန်မနာတယ်"

ညဘက်စာကြည့်ခန်းမှ ပြန်လာသော ကျောင်းသားများက ဖြစ်ပျက်‌နေတာကို လက်ညှိုးထိုးပြီး တီးတိုးပြောကြသည်။

ရှချင်ရဲ့မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲနေပေသည်။ နောက်ဆုံးတော့ သူမက ခြေထောက်ကို မြှောက်ပြီး သူ့ဒူးကို ကန်လိုက်သည်။ "ရှင်ဆက်လုပ်မယ်ဆို ကျွန်မတကယ်ဒေါသထွက်လာလိမ့်မယ်"

သူမက အားအများကြီးမသုံးခဲ့ပေမယ့် ရှန်ဖျင်ချွမ်ကိုတော့ ဟန်ချက်ပျက်သွားစေခဲ့သည်။ သူက နောက်ဆုတ်သွားပြီး ဖင်ထိုင်လျက် လဲကျသွားသည်။

ရှချင်က ဝမ်းနည်းသွားပေမယ့် သူမနှလုံးသားသည် မာကျောနေပြီး သူ့ကို ထဖို့မကူညီခဲ့ပေ။ သူမက မကျေမနပ် လှည့်ထွက်သွားသည်။

ဤကန်ချက်က အံ့ဩစရာကောင်းအောင် သက်ရောက်မှုရှိပုံပင်။ ရှန်ဖျင်ချွမ်က ရုတ်တရက် ပျော်သွားသည်။ သူကထရပ်ကာ သူ့တင်ပါးက ဖုန်တွေကို ခါထုတ်ပြီးနောင် သူမလက်ကို လှမ်းဆွဲလိုက်သည်။ "ရပြီ၊ ဒီလိုကပိုကောင်းတယ်"

"ရှင်ကအရူးပဲ" ရှချင်က သူ့လက်ကိုခါထုတ်ပြီး သူမမျက်နှာကို ပုဝါဖြင့်ကာ၍ ထွက်သွားသည်။ "အရမ်းရှက်စရာကောင်းတယ်"

ရှန်ဖျင်ချွမ်က သူမနောက်က လိုက်လာသည်။ "ရှရှ၊ အခုကစပြီး ဒါကိုမှတ်ထား နားလည်လား။ မင်းမကြိုက်တာရှိရင် ကိုယ့်ကိုပြော။ မင်းကိုယ်မင်း ဖိအားမပေးနဲ့"

ရှချင်က သူဘာတွေလုပ်နေမှန်း မသိပါ။ သူမ သူနဲ့ စောစောကလို ဆက်ဆံရေးမျိုးကို သဘောမကျပေ။

"မင်းကိုယ့်ကို ဒေါသထွက်နေတာမြင်ရတာ သဘောကျတယ်။ ဟေး မကြာမကြာ စိတ်ဆိုးနော်။ ရက်နည်းနည်းလောက် မင်းအသံတိတ်ဆန္ဒပြရင်လည်း သဘောကျတယ်"

"..."

"ဗိုက်ဆာတယ်မလား။ မင်း တနေ့ခင်းလုံး လေ့ကျင့်ထားရတာ။ သွားရအောင်၊ ကိုယ်မင်းကို စတိတ်ခ်ကျွေးမယ်"

"…"

ရှချင်၏ အစာအိမ်သည် အကြိမ်အနည်းငယ် မြည်နေခဲ့သည်။ သူမက တွန့်ဆုတ်စွာ ပြန်လှည့်ပြီး "ကျွန်မဗိုက်ဖြည့်ပြီးရင် ရှင့်ကို ဆုံးမဖို့ အားတွေရှိလာတာပေါ့"

ရှန်ဖျင်ချွမ်က အရမ်းပျော်သွားသည်။ သူက သူမနှာခေါင်းလေးကို ချစ်မြတ်နိုးစွာ ညှစ်လိုက်သည်။ "မင်းဒိီနေ့စတိတ်ခ် ဘယ်နှစ်ခုလောက်စားချင်လဲ။ သုံးခုလား ငါးခုလား"

"ငါးခု။ နှစ်ခုက ငရုတ်ကောင်းစေ့နက်ဆော့စ်နဲ့ တစ်ခုက ခရမ်းချဉ်သီးဆော့စ်နဲ့ နောက်နှစ်ခုက မှိုဆော့စ်နဲ့။ ပြီးတော့ ကျွန်မ ပါစဝာာတစ်ပွဲလည်း လိုချင်တယ်"

အစားအသောက်ကို ပြောလိုက်ခြင်းက ရှချင် ဒေါသထွက်နေတာကို မေ့သွားစေသည်။ သူမသည် ပျော်ရွှင်စွာဖြင့် သူ့ခါးကို ဖက်ပြီး နာခံမှုရှိစွာ သူ့ကိုမှီလိုက်သည်။

"ကျွတ်စ်၊ ငါ့ကောင်မလေးရဲ့အစာစားချင်စိတ်က နေ့တိုင်းပဲ..."

"ဘာဖြစ်လဲ"

"ဘာမှမဖြစ်ပါဘူး။ ချစ်ဖို့ကောင်းလွန်းတယ်လို့"

All Chapters