← Chapters

အပိုင်း (၉၆)

Vol. 8 Ch. 96

အပိုင်း (၉၆)

Vol. 8 Ch. 96

ကောင်လေးတွေက ရယ်မောရင်း ပြောခဲ့သည်။ "ဘော့စ်ပေါ်၊ လက်ထပ်ခွင့်တောင်းတာက စနောက်စရာမဟုတ်ဘူးနော်"

"ကြည့်ဦး၊ ရှီလေးက ငိုချတော့မယ်"

"သူ့ကို စမနေနဲ့တော့၊ အရေးကြီးတာကိုလုပ်တော့"

မတတ်နိုင်စွာ ပြုံးမိရင်း ပေါ်ရန်က သူ့အိတ်ထဲကို ထပ်နှိုက်ပြီး ကတ္တီပါလက်စွပ်ဘူးလေးကို ထုတ်ယူခဲ့သည်။ သူက ဖြည်းညှင်းစွာ ပြောခဲ့သည်။ "ဒီလိုလက်ထပ်ခွင့်တောင်းတာက ဘယ်လိုပဲကြည့်ကြည့် ကိုးရိုးကားရားနိုင်တယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် ကိုယ် ကိုယ့်ညီအစ်ကိုတွေနဲ့ မင်းရဲ့အချစ်ဆုံး သူငယ်ချင်းတွေရှေ့မှာ ဒီလိုမျိုးမင်းကို ကတိပြုချင်တယ်"

ခံစားချက် အနိမ့်အမြင့်အတက်အကျကို ခံစားပြီးနောက် ကျင်းရှီက အခုတော့ ငြိမ်သက်သွားခဲ့သည်။ သူမက ပေါ်ရန်ကို သေသေချာချာ ကြည့်ပြီး "ရှင်ဘာပြောချင်လို့လဲ"

ပေါ်ရန်က သူ့နှုတ်ခမ်းများကို ဖွင့်လိုက်ပေမယ့် စကားတွေ ထွက်မလာခဲ့ပေ။ အရင်ဆုံး သူက သူ့ရဲ့ရှက်နေသည့်မျက်နှာကို လှပနူးညံ့သော လက်ဖြင့် အုပ်၍ ပြုံးပေသည်။ သူက တိုးလျစွာ ငြီးငြူသည်။ "သေစမ်း"

ကျင်းရှီ - ...

ရတယ်၊ ပြောစရာမလိုဘူး။ သူမနားလည်ပြီ။

ဒီအရူးက ဒါကို ထွက်မလာတော့ဘူး။

ပွဲကြည့်ပရိသတ်တွေက သူ့ကိုကန်ထုတ်မိတော့မည်။

"မင်းဘယ်လို ယောက်ျားလဲ"

"မင်းရဲ့သတ္တိတွေ ဘယ်ရောက်သွားတာလဲ"

"ဒါလက်ထပ်ခွင့်တောင်းတာလေးပဲလေ၊ ရုတ်တရက် ကလေးမွေးနေတာမှ မဟုတ်တာ"

ကျင်းရှီက ပေါ်ရန် အရမ်းစိတ်လှုပ်ရှားနေတာမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ သူ့မျက်နှာတစ်ခုလုံးသည် နီမြန်းနေပြီး သူ့ရဲ့နားတွေတောင် ချစ်စရာကောင်းစွာ နီနေသေးသည်။ သူ့ပါးစပ်က အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး အကြိမ်ပေါင်းများစွာ စကားပြောဖို့ ကြိုးစားခဲ့ပေမယ့် စကားလုံးတွေ ထွက်မလာခဲ့ပါ။

ပုံမှန်ဆို ဒီအရှက်မရှိတဲ့ခွေးက စိုးရိမ်မှုဆိုတာ မရှိပေမယ့် အခုတော့ သူက တကယ်ကို ရှက်နေခဲ့သည်...

ပေါ်ရန်က အားတင်းပြီး လေးနက်စွာ ပြောခဲ့သည်။ "ကိုယ် လက်ထပ်ခွင့်တောင်းတဲ့စာတစ်ခု မင်းအတွက် ရေးထားတယ်။ ကိုယ် ဖတ်ပြမယ်နော်"

သူက အိတ်ကပ်ထဲမှ တွန့်ကြေနေသည့်စာကို ထုတ်ယူခဲ့သည်။

ရှုချောင်းယန်က အမြန်နောက်ဆုတ်လိုက်သည်။ "ဝိုး၊ ဘော့စ်က နောက်ထပ်အချစ်စာလွှာ ရေးပြန်ပြီ။ အားလုံးပဲ ဝင်လာတဲ့မီးစွမ်းအားကို ကာကွယ်ကြ"

ကျင့်ချီက သူ့နားကို အုပ်ခဲ့သည်။ "အရင်အကြိမ် ဝန်ခံစာတုန်းက ငါ သုံးရက်လောက် မအီမသာဖြစ်ပြီး လုံးဝကို အစားစားချင်စိတ်ပျောက်သွားတာ"

သူ တကယ်ကြီး စာတစ်စောင်ကို ရေးထားတာကို မြင်တော့ ကျင်းရှီက အလန့်တကြား လက်စွပ်ဘူးကို ဆွဲယူလိုက်သည်။ သူမက အမြန်ဖွင့်ပြီး လက်စွပ်ကိုထုတ်၍ သူမရဲ့ဘယ်ဘက်လက်သူကြွယ်တွင် ဝတ်ခဲ့သည်။

"ကျွန်မ လက်ခံတယ်၊ လက်ခံတယ်။ အစ်ကိုကြီး မဖတ်ပါနဲ့တော့၊ ကျွန်မတောင်းပန်ပါတယ်"

"…"

ပေါ်ရန်ရဲ့ပါးစပ်ထောင့်သည် မြင့်တက်သွားသည်။ "မဟုတ်ဘူး၊ မင်းနားထောင်သင့်တယ်လေ။ ကိုယ်သုံးညလောက် အချိန်ယူခဲ့ရတာ"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး! ဒီလိုတန်ဖိုးရှိတဲ့အချစ်စာလွှာမျိုးကို ကျွန်မပြန်ယူသွားပြီး ကိုယ့်ဘာသာ ဖတ်ရမှာပေါ့။ ဒါမို့...ဒါမို့ ဘောစ့်ပေါ် ကိုယ့်ကိုယ်ကို ဒုက္ခရှာပြီး ဖတ်မနေပါနဲ့"

ကျင်းရှီက စာကိုမယူနိုင်ခင်ထိ ချော့မြှူတောင်းဆိုခဲ့သည်။ ဂရုတစိုက်ခေါက်ပြီး သူမက သူမအိတ်ထဲကို ထည့်လိုက်သည်။

ပေါ်ရန်က သူမရဲ့လက်သူကြွယ်ပေါ်က တောက်ပနေသော စိန်လက်စွပ်ကို ကြည့်ပြီး မျက်မှောင်ကျုံ့ခဲ့သည်။ "ဒါကအရမ်းရိုးရှင်းလွန်းတယ်"

ကျင်းရှီက သူ့စကားကြောင့် ရယ်မောပြီး သူ့ကိုလှုံ့ဆော်သည်။ "ရှင် အချစ်စာလွှာတစ်စောင်နဲ့ ရှင့်အချစ်ကို ဖွင့်ဟပြီးတော့ အချစ်စာလွှာနဲ့ပဲ လက်ထပ်ခွင့်တောင်းပြန်တယ်။ ရှင်နည်းနည်းလောက် ပိုပြီးဆန်းသစ်လို့မရဘူးလား"

"ကိုယ်ဆန်းသစ်မှာပါ" ပေါ်ရန်က ထူးခြားစွာပြောသည်။ "ကိုယ် မင်းကို ဆန်းသစ်မှုက ဘာလဲဆိုတာပြမယ်"

သူတို့ရဲ့သူငယ်ချင်းတွေက ဟန်ဆောင်ချောင်းဟန့်ကြသည်။

"အဟမ်း၊ ကောင်းပြီ၊ နောက်ကျနေပြီပဲ။ ငါတို့ပြန်ကြတော့မလား" "

"ပြန်ကြမယ်လေ"

"ဆရာပေါ်၊ ငါတို့ မင်းပျော်ဖို့ဆုတောင်းပေးပါတယ်။ အခု ငါတို့သွားတော့မယ်နော်"

သူတို့ရဲ့သူငယ်ချင်းတွေ ထွက်သွားပြီးနောက် ကျင်းရှီက ပေါ်ရန်နှင့် အိမ်ကိုသွားသည်။ သူမက လမ်းတစ်လျှောက် သူမရဲ့လက်သူကြွယ်ပေါ်က လက်စွပ်ကို စိုက်ကြည့်နေခဲ့ပြီး "စိန်ကကြီးတာပဲ။ ဒါဝယ်ဖို့ ရှင်ဘယ်က ငွေရတာလဲ"

"ကိုယ် မဝယ်ခဲ့ပါဘူး။ ဒါကိုယ့်အမေရဲ့လက်ထပ်လက်စွပ်"

ညလေပြေက သူမရဲ့နားကို ညင်သာစွာ ပွတ်တိုက်သွားသည်။ သူမရဲ့နှလုံးသားသည် လှုပ်ရှားနေပေသည်။ သူမက ခေါင်းငုံ့၍ စိန်လက်စွပ်ကို ကြည့်ပြီးနောက် သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ခဲ့သည်။

"ကလေးလေး ကျွန်မ အမြဲတမ်းရှင်နဲ့ရှိနေမယ်၊ ပြီးတော့ ရှင့်ကို အနွေးထွေးဆုံးအိမ်လေး ပေးမယ်"

ပေါ်ရန်က ပုံမှန်လိုပဲ သူမလက်ကို ယူပြီး နမ်းသည်။ "ကိုယ်စိတ်ရင်းနဲ့ အချစ်စာလွှာကို ရေးထားတာ။ မင်းဖတ်ရမယ်နော်"

"ကောင်းပြီ၊ ကျွန်မ ဒီည သေသေချာချာဖတ်လိုက်ပါ့မယ်"

"ဒီညမရဘူး"

"ဘာလို့မရတာလဲ"

ပေါ်ရန်ရဲ့ပါးစပ်က အနည်းငယ် တွန့်ကွေးသွားသည်။ သူက သူမကို အိမ်သို့ အမြန်ဆွဲခေါ်သွားခဲ့သည်။

ကျင်းရှီက ပေါ်ရန် ဒီည အနည်းငယ်ဒုက္ခပေးတော့မည်ဆိုတာကို ခံစားမိပေမယ့် သူမက သူ ရေချိုးနေတုန်း အချစ်စာလွှာကို ထုတ်ယူခဲ့သည်။

သူမ အချစ်စာလွှာကို သတိရမိသည်။ အရင်တုန်းက ပေါ်ရန် သူ့အချစ်ကို သူမကို ဝန်ခံရန် တစ်စောင်ရေးခဲ့ပေမယ့် စာမှားယူလာခဲ့သည်။ ထိုစာတွင် စာတစ်ကြောင်းသာပါသည်၊ ကျင်းရှီ ကိုယ် မင်းကိုချစ်တယ်၊ ကိုယ့်ကိုလက်ထပ်နိုင်မလား။

အခု ဤစာတွင်တော့ အကြောင်းအရာပိုများများ ထပ်ထည့်ထားသည်။

သူ့ရဲ့စကားလုံးတိုင်းက သက်သေပြုနေသကဲ့သို့ စာရွက်ကို ချစ်စရာကောင်းသော ကာတွန်းပန်းပွင့် အနားကွပ်လေးများ၊ ကြောင်လေး၊ ခွေးလေးတွေဖြင့် ရေးဆွဲထားသည်။

သူက သူတို့အတူရှိခဲ့တဲ့ နှစ်တစ်လျှောက် ခံစားချက်များကို စကားလုံးများအဖြစ်ပြောင်းလဲပြီး စာရွက်ပေါ်မှာ ရေးသားခဲ့ပေသည်။

နှလုံးခုန်သံတိုင်း၊ လှုပ်ရှားသွားသော ခံစားချက်တိုင်းနှင့် ‌ရန်ပွဲတစ်ပွဲပြီးနောက် စိတ်အခြေအနေ..အားလုံးကို သူက ရေးချခဲ့သည်။ သူ့စကားလုံးတွေက ရိုးရှင်းပြီး ကျင်းရှီကို ရယ်မောစေသည်။ ရယ်မောပြီးနောက် သူမသည် နက်ရှိုင်းမှုကို ခံစားရသည်။

သူမက ရေချိုးခန်းတံခါးဆီသွားပြီး ညင်သာစွာ ခေါက်သည်။

ပေါ်ရန်ရဲ့ခပ်တိုးတိုးအသံက အထဲမှ ထွက်လာသည်။ "ဘာဖြစ်လို့လဲ"

"ကျွန်မ ရှင့်ရဲ့အချစ်စာလွှာကို ဖတ်နေတာ"

"အိုး၊ မင်းပြောပြချင်တဲ့ အတွေးတစ်ခုခုရှိလား"

"ရှင် ကျွန်မကို အများကြီး ရယ်ရအောင်လုပ်နေတာပဲ။ ကျွန်မမျက်လုံးတွေက လနဲ့တူတယ်လို့တောင် ရှင်ကပြောသေးတယ်"

"ကိုယ်အတည်ပြောနေတာ။ ကိုယ့်ကိုမရယ်နဲ့"

"ကျွန်မရဲ့ရယ်သံက လေက ထိကရုန်းပင်ကို ပွတ်သပ်သွားသလိုပဲလို့ ပြောသေးတယ်၊ ဟားဟား၊ ရှက်စရာကောင်းလိုက်တာ..."

ပေါ်ရန် - …

ငါပြန်ယူရမယ်။

"ကျင်းရှီ ကိုယ် ရေချိုးနေချိန် မင်းကိုယ့်ကို မလှောင်လို့မရဘူးလား"

ကျင်းရှီက တံခါးကိုမှီပြီး ရယ်မောရင်းမေးသည်။ "ဘာလို့တုန်း"

"အဝတ်မပါတဲ့ ယောက်ျားတွေက အရမ်းအန္တရယ်များတယ်"

"ဒါဆို ကျွန်မ ရှင့်အချစ်စာလွှာကို စိတ်အားထက်သန်စွာ မန်ဒရင်းသံပီပီသသနဲ့ ရွတ်ပြမယ်နော်၊ ကိုယ့်ရဲ့ချစ်လှစွာသော ဖီရှီ၊ ကိုယ် မင်းကိုချစ်တယ်၊ ကိုယ့်ကိုလက်ထပ်ပါနော်"

ရုတ်တရက် ကလစ်ခနဲ ရေချိုးခန်းတံခါးက ပွင့်သွားသည်။ "အန္တရာယ်များတဲ့" ယောက်ျားက သူ့ရဲ့ဆွဲဆောင်မှုရှိသည့် "မြင်ကွင်း" ကို မဖုံးကွယ်နိုင်သော ပုဝါပါးပါးလေးတစ်ထည်ကို ခါးမှာပတ်၍ ကျင်းရှီရဲ့ရှေ့တွင် ဗလာသက်သက် ရပ်နေခဲ့သည်။

ဒါက ကျင်းရှီ သူ့ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် မြင်ဖူးတာမဟုတ်ပေမယ့် ရုတ်တရက်ဖြစ်သွားတာဆိုတော့ သူမကို အသက်ရှူရခက်ပြီး မျက်နှာနီရဲလာစေသည်။

"ဘာလဲ...ဘာလဲ ရှင်ဘာလုပ်မလို့လဲ"

"ကိုယ် ဘာလုပ်မလို့လဲဆိုတာ ဘာကိုဆိုလိုတာလဲ"

သူက သူမကို အိပ်ခန်းထဲ ဆွဲခေါ်သွားသည်။

ကျင်းရှီသည် ယုန်လေးတစ်ကောင်လို ဆွဲခေါ်ခံခဲ့ရပြီး "ဟေး၊ ရှင်...ရန်ထပ်ဖြစ်ချင်လို့လား။ ကျွန်မ ရှင့်ကိုပြောမယ်နော်၊ ဒီနေ့ ကျွန်မအားအပြည့်နဲ့ အရမ်းသန်မာနေတာ"

ပေါ်ရန်က သူမကို အိပ်ရာပေါ် ပစ်တင်လိုက်သည်။ သူ့ရဲ့ကျဥ်းမြောင်းသော မျက်လုံးထောင့်များတွင် ရက်စက်ပြီး အန္တရယ်ရှိသော အပြုံးကို ချိတ်ဆွဲထားသည်။ "ကိုယ်အကြာကြီး 'လူရိုးလေး' လုပ်လာရတာ၊ ကိုယ်တို့မလုပ်ရသေးတဲ့ ကိစ္စကြီးတစ်ခုရှိတယ်ဆိုတာ မင်းမေ့နေတာလား"

သူတို့မလုပ်ရသေးတဲ့ အရာတစ်ခု ရှိနေသေးပုံပဲ...

ဇွန်လလေသည် အကိုင်းအခက်များကို ညင်သာစွာ တိုက်ခတ်သွားသည်။ ညသည် မှင်ကဲ့သို့ နက်ရှိုင်းနေသည်။

သူမရဲ့ကမ္ဘာကြီး အလုံးစုံ ပြိုကျမသွားခင် ပေါ်ရန်ရဲ့တိုးလျပြီး ဆွဲဆောင်မှုရှိသော အသံသည် သူမနားထဲသို့ တီးတိုး တိုးဝင်လာသည်ကို ကြားလိုက်ရသည်။

"ကျင်းရှီ ကျေးဇူးပါနော်"

သူမရဲ့လက်က စာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ စာအဆုံးနားတွင် စာတစ်ကြောင်းရှိသည် -

ကောင်းမွန်တဲ့အိမ်နဲ့ မိသားစုကို ကိုယ့်ကိုပေးတဲ့အတွက် ကျေးဇူးပါ။ ကိုယ်ရဲ့မကောင်းတဲ့ အကျင့်စရိုက်တွေကို သည်းခံပေးတဲ့အတွက် ကျေးဇူးပါ။

ကိုယ်တို့ရဲ့ခရီးရှည်ကြီးမှာ ပေါ်ရန် မင်းကိုကတိပေးတယ်၊ မင်းကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ဖေးမပေးမယ်၊ မင်းကိုကာကွယ်ပေးမယ်၊ မင်းကိုချစ်မြတ်နိုးပေးမယ်၊ မင်းကိုလေးစားမယ်။

ကိုယ့်ရဲ့ကျန်ရှိသည့် တစ်ဘဝလုံး အစစ်မှန်ဆုံးသောအချစ်ကို မင်းကိုပေးသွားမှာပါ။

ပထမဆုံး အံ့ဖွယ်ရာအကြိမ်သည် ကျရှုံးမှုဖြင့် အဆုံးသတ်ခဲ့သည်။

ပြီးဆုံးသွားတော့ ပေါ်ရန်က သင်ခန်းစာတွေနှင့် အတွေ့အကြုံတွေကို အကျဉ်းချုပ်၍ နူးညံ့မှုနှင့် နွေးထွေးမှုကို ခံစားခဲ့ရသည်။ နာကျင်နေတဲ့ ကျင်းရှီကို မြင်တော့ သူက မရက်စက်နိုင်တော့ဘဲ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လုံးသည် မသက်မသာဖြစ်ခဲ့သည်။

ထိုညတွင် သူတို့နှစ်ယောက်သည် လုံးဝမအိပ်နိုင်ခဲ့ပေ။ ကျင်းရှီက မရေတွက်နိုင်အောင် ငိုခဲ့ပြီး သူမရဲ့မျက်လုံးများသည် နီရဲနေပေသည်။

ပေါ်ရန်က အလွန်အမင်း စိတ်ပူပန်သွားကာ သူမကိုဖက်ပြီး ကိစ္စမရှိဘူးဟုဆို၍ စိတ်သက်သာစေမည့် စကားများကို တီးတိုးပြောပြီး သူတို့သည် ဖြည်းဖြည်းချင်း အချိန်ယူခဲ့သည်။ ယောက်ျားတိုင်းက ပထမဆုံးအကြိမ်မှာ အဆင်မပြေနိုင်ပေ။

သူတို့နှစ်ယောက်သည် နှစ်လနီးပါးလောက် ကြိုးစားခဲ့ရတာကြောင့် ဤ "ဖြည်းဖြည်းချင်း အချိန်ယူခြင်းသည်" ကြာမြင့်မည့်ပုံပေါ်သည်။

ပေါ်ရန်က အတော်လေး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ သူမ နာကျင်သည်ဟု ပြောလိုက်တာနှင့် သူဘယ်လိုပဲ အဆင်မပြေပါစေ သူကချက်ချင်းရပ်တန့်သည်။ သူမကို သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် သူက အမြဲတမ်း အချိန်မီ ရပ်တန့်ပေးသည်။

အကြိမ်ပေါင်းများစွာပြီးနောက် ကျင်းရှီကလည်း စိတ်မရှည်တော့ဘူး။ သူမက အံတင်းတင်းကြိတ်ပြီး အသံမထွက်ပေ။ ပေါ်ရန်က သူမနာလား၊ အဆင်မပြေဖြစ်လားဟု ဆက်တိုက်မေးပြီး ကျင်းရှီက ခေါင်းခါရုံသာခါ၍ သူမမျက်နှာသည် နီရဲကာ နဖူး‌မှာချွေးစို့နေခဲ့သည်။

သူမကို ဒီလိုမြင်တော့ ပေါ်ရန်၏ အပြစ်ရှိစိတ်သည် ပြန်‌ဖြစ်ပေါ်လာသည်။ သူ့အောက်မှာ မလှုပ်မယှက်နှင့် ဒုက္ခခံနေသည့် ကောင်မလေးကို ကြည့်ရင်း သူ့နှာခေါင်းထိပ်ကနေ ချွေးတွေ တစက်စက်ကျနေသည်။

"ကျင်းရှီ၊ မင်း မျှော်လင့်ချက်ကို လက်လျှော့လိုက်မလား"

"......"

သူမ စကားမပြောချင်တော့ပေ။

ကျင်းရှီက ရှင်းလင်းစွာ အဖြေရရှိခဲ့သည်။ သူမအံကြိတ်ပြီး အခက်အခဲကို မကျော်လွှားဘူးဆိုလျှင် သူတို့သည် ရှည်လျားသည့်စစ်ပွဲတစ်ခုကို တကယ်ကို တိုက်ခတ်နေကြရမှာ။

ထို့ကြောင့် ထိုညတွင် ‌ကျင်းရှီက ပေါ်ရန်ကို သူမအောက်ကို ပို့ခဲ့သည်။

ဒါက ပထမဆုံးအကြိမ် သူမဘက်က အစပြုတာဖြစ်သည်။ ပေါ်ရန်က စိုးရိမ်တကြီး သူမကိုကြည့်ပြီး ခဏခဏမေးသည်။

"ကလေးလေး နာလား"

"နာရင် ကိုယ့်ကိုပြောနော်"

"အိုး သေစမ်း။ နာတယ်။ အရမ်းနာတယ်"

"အား၊ ကိုယ် ရပ်လိုက်တော့မယ်"

"..."

ဒါပေမယ့် တစ်ကြိမ်အော်ဟစ်ပြီးနောက် ရုတ်တရက် ပေါ်ရန်က သူ့မျက်လုံးများကို ပြူးကျယ်စွာဖွင့်လိုက်ပြီး သူ့စိတ်သည် ချက်ချင်းပင် ဗလာဖြစ်သွားသည်။

နွေးထွေးတယ်။

သူ အေးဆေးငြိမ်သက်စွာ နေခဲ့ရသည့် သူ့အမေရဲ့ဗိုက်ထဲ ပြန်ရောက်သွားသကဲ့သို့သော အဆုံးမရှိသည့် နွေးထွေးမှုက သူ့ကိုလွှမ်းခြုံသွားမှုကို ပထမဆုံး ခံစားခဲ့ရပေသည်။

ထို့နောက် သူက ချက်ချင်း ထထိုင်ပြီး မည်သည့်ယောက်ျားမဆို လုပ်နေကျဖြစ်သည့် ရူးသွပ်ပြီး ထိန်းချုပ်မှုမရှိမှုကို ပြုလုပ်ခဲ့သည်။

ပြီးဆုံးသွားပြီးနောက် ပေါ်ရန်က ကျင်းရှီကို ချီမကာ သူမကို ရေချိုးပေးပြီး လမ်းမလျှောက်နိုင်သော ကောင်မလေးကို အလွန်ညင်သာစွာ ‌သန့်ရှင်ရေးလုပ်ပေးခဲ့သည်။

သူက သူမကို ဆိုဖာပေါ်တင်ခဲ့သည်၊ ထို့နောက် အိပ်ရာခင်းတွေကိုလဲပြီး အခန်းကို ပြင်ဆင်ခဲ့သည်။ မနက်နှစ်နာရီကျော်နေပြီဖြစ်ကာ ကျင်းရှီက ဆိုဖာပေါ်တွင် မောပန်းစွာ တုံးလုံးပက်လက်ဖြစ်နေပြီး ညည်းသံထွက်နေရင်း အခန်းကို စိတ်အားထက်သန်စွာ သန့်ရှင်းရေးလုပ်နေသည့် ထိုယောက်ျားကို ကြည့်နေခဲ့သည်။

"အွန်လိုင်းပေါ်မှာ သူတို့ပြောတော့ အဲဒါပြီးသွားရင် ယောက်ျားတွေက တန်းအိပ်တာပဲဆို။ ဘယ်လိုလုပ် ရှင်က အရမ်းကို...အားအင်အပြည့်ဖြစ်နေတာလဲ"

ပေါ်ရန်က ပေါ့ပေါ့ပါးပါး ရယ်မောခဲ့သည်။ "အိပ်ရမှာလား။ ဒီတစ်သက်တော့ ဖြစ်စရာအကြောင်းမရှိ"

အခန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် ပေါ်ရန်က ကျင်းရှီကို ချီသွားပြီး စောင်ခြုံပေးကာ သူမခါးကို ပွေ့ဖက်ပြီး သူ့ခေါင်းဖြင့် သူမလည်ပင်းကို ပွတ်သပ်ကာ နောက်တစ်ချီအတွက် တီးတိုးတောင်းဆိုခဲဘသည်။

သူမရဲ့မျက်လုံးများကို မှိတ်ထားရင်း ကျင်းရှီက အားနည်းစွာ ပြောသည်။ "ပေါ်ရန် ရှင်အရမ်းပျော်နေတာမလား"

"ကိုယ် အရင်က ဒီလောက်မပျော်ဖူးဘူး"

"ကျွန်မ ဘယ်လို ခံစားရလဲရှင်သိလား"

ပေါ်ရန်က ကျင်းရှီရဲ့ခံစားချက်တွေကို အလွန်စိတ်ဝင်စားတာကြောင့် "ကိုယ့်ကိုပြောပြလေ"

"ကျွန်မ ရှင့်ကို အိပ်ရာကနေ ကန်ချချင်တယ်" သူမက သူ့ရင်ခွင်ကနေ ရုန်းထွက်ပြီး ကုတင်စွန်းသို့ ရွှေ့သွားပြီး သူ့ကိုသတိပေးသည်။ "ကျွန်မကို မထိနဲ့"

ပေါ်ရန်က သူမကို ဖိအားမပေးပါဘူး။ သူက ပက်လက်လှန်ပြီး သူ့လက်ကို ခေါင်းအုံးလုပ်၍ မျက်နှာကျက်ကို မော့ကြည့်ရင်း သဘောကျစွာ ရေရွတ်သည်။ "မိန်းမ"

"ဂျောင်းလိုက်တော့"

သူသည် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့သည်။

သူ့ဘေးက ကျင်းရှီသည် ညလယ်တွင် နိုးလာခဲ့သည်။ သူက အတင်းဝင်ရောက်လာခဲ့ပြီး ထွက်ခွာရန်တောင်ငြင်းဆန်၍ သူမရဲ့အိပ်ချင်မူးတူးဖြစ်နေသော အခြေအနေကို ပို၍ကမောက်ကမဖြစ်သွားစေခဲ့သည်။

သူတို့ရဲ့ခန္ဓာကိုယ်တွေက အကောင်းဆုံးသော ဖော်ထုတ်မပြနိုင်သည့် နားလည်မှုကို မရရှိခင်အထိ လူနှစ်ယောက်ကြား ကြာရှည်‌သော ဆက်ဆံရေးတစ်ခုကို လည်ပတ်ဖို့ လိုအပ်သကဲ့သို့ ထိုကဲ့သို့ကိစ္စများသည် သဘာဝအတိုင်း ဖြည်းဖြည်းချင်း ဖြစ်ပျက်နေပေသည်။

အစကတော့ ကျင်းရှီက ရုပ်ပိုင်းဆိုင်ရာအရ အတော်လေး အဆင်မပြေသလို ခံစားခဲ့ရပြီး ရုပ်ရှင်တွေက အလိမ်အညာတွေပဲဟု ထင်မြင်ခဲ့သည်။ ဒီလိုသရုပ်ဆောင်တော်သည့် အမျိုးသမီးဇာတ်ဆောင်တွေကို တကယ်ကို လေးစားပါသည်။

ဒါပေမယ့် တဖြည်းဖြည်း...ပေါ်ရန်ရဲ့ကြိုးစားပမ်းစား ရှာဖွေမှုများကြောင့် ဖူးပွင့်နေသည့် ပန်းလေးတစ်ပွင့်ကဲ့သို့သော ကျင်းရှီရဲ့ခန္ဓာကိုယ်သည် ရုတ်တရက် ဆိတ်ညံသော ညတစ်ညမှာ အလုံးစုံပွင့်လန်းခဲ့ပေသည်။ သူမလည်း ပျော်ရွှင်မှုရဲ့အမှန်တရားအချို့ကို နားလည်လာ၍ အဖိုးတန်အရသာတစ်ခုကို ရရှိခဲ့ပေသည်။

ကျင်းရှီက အမြဲတမ်း သတိမထားမိတတ်သည့်ပုံစံမျိုး ဖြစ်သည်။ သူတို့ရဲ့ခံစားချက်များကဲ့သို့ သူမဘေးမှာ ကောင်းမွန်သော ယောက်ျား ပေါ်ရန်ရှိသည်ကို နှစ်ဝက်လောက်ကြာမှ ရုတ်တရက် သူမသဘောပေါက်ခဲ့သည်။

ဘွဲ့ရပြီးနောက် ပေါ်ရန်က SWAT အဖွဲ့သို့ ချောမွေ့စွာ ဝင်ရောက်ခဲ့သည်။ သူ့အကဲဖြတ်ရလဒ်များက ကောင်းမွန်တာကြောင့် ဝင်ရောက်ပြီးနောက် သူက အရေးပေးခံခဲ့ရသည်။ ကွပ်ကဲရေးမှူးက သူ့အဖေရဲ့သူငယ်ချင်းဖြစ်တာကြောင့် သူသည် ပေါ်ရန်ကို အထူးအာရုံစိုက်ခဲ့ပြီး အရေးကြီးသော တာဝန်တွေအားလုံးကို ပေးအပ်ခဲ့သည်။

ကြီးမားသည့် ရာဇဝတ်မှုများကို တာဝန်ယူခဲ့ရခြင်းက ပေါ်ရန်ကို အောင်မြင်မှု အခွင့်အရေးတွေကို ပေးဆောင်ခဲ့သည်။ သူ့ရဲ့စွမ်းဆောင်ရည်က အံ့ဩစရာပင်။ နှစ်ဝက်အတွင်းမှာပင် သူ့ကို SWAT အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခဲ့သည်။

ကျင်းရှီက ပေါ်ရန်ရဲ့အရည်အချင်းနဲ့ဆို သူဘယ်ကိုပဲသွားသွား အောင်မြင်မှုတွေ ရရှိနိုင်မည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။ သူမရဲ့ "မျောက်ဘုရင်" က သာမန်လူမဟုတ်ဘူးလေ။ သူ့ရဲ့ထက်မြက်မှုကို ဖုံးဖိမထားနိုင်ပါ။ သူဘယ်လောက်ပဲ နက်ရှိုင်းစွာ ဖုံးကွယ်ထားပါစေ လူတွေက မြင်နိုင်ပါသည်။

ပေါ်ရန်ရဲ့ထူးချွန်မှု စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုပေမယ့် သူ့ရဲ့အထက်လူကြီးတွေကို ဒုက္ခဖြစ်စေသည့် ပြဿနာများစွာလည်း သူ့မှာရှိသည်။ ပထမကတော့ သူက အလုပ်ကိစ္စခရီးများ၊ အထူးသဖြင့် ပြည်နယ်မြို့များကို လအတော်ကြာ ခရီးထွက်ဖို့ လိုအပ်သော ကြီးမားသည့် ရာဇဝတ်မှုများကို သဘောမကျပေ။ ၎င်းတို့ကို တာဝန်ပေးသောအခါ သူက ဘာပဲဖြစ်နေပါစေ သွားဖို့ငြင်းဆန်ပေသည်။

ဒုတိယအနေနှင့် သူက နေ့တိုင်း အိမ်ကို ထမင်းပြန်စားသည်။ ဒါက ပေါ်ရန်ရဲ့ဆုံးဖြတ်ချက်ဖြစ်သည်။ ဘယ်လောက်ပဲ အလုပ်များနေပါစေ သူက ညစာစားဖို့ အိမ်ပြန်ရမည်။ သူ မစားဘူးဆိုရင်တောင် ည၌အိမ်ပြန်ရမည်။

တစ်ခါတရံ ခေါင်းဆောင်က အဘိုးပေါ်ကို သွားတွေ့ပြီး ငယ်ရွယ်စဥ်တွင် မိသားစုရဲ့နှောင်ဖွဲ့များမှုမရှိရင် ပေါ်ရန်က သူသွားချင်သည့် ဘယ်နေရာကိုပဲဖြစ်ဖြစ် လွပ်လပ်စွာ ပျံသန်းနိုင်ကြောင်း ငြီးငြူပြခဲ့သည်။ ကောင်လေးက အကန့်အသတ်မရှိ အလားအလာရှိတယ်လေ။

အဘိုးပေါ်က ပြုံးရုံသာပြုံးသည်။ "ဘာကို နေရာတိုင်း လွတ်လွတ်လပ်လပ် ပျံသန်းနေမှာလဲ။ အိမ်မှာ သူ့ကိုထိန်းချုပ်မယ့် မိန်းမ မရှိရင် သူပြဿနာတွေ ဘယ်လောက်တောင်ရှာနေမလဲဆိုတာ ဘယ်သူသိမှာလဲ"

All Chapters