← Chapters

အပိုင်း (၉၉)

Vol. 8 Ch. 99

အပိုင်း (၉၉)

Vol. 8 Ch. 99

ရှန်ဖျင်ချွမ်က ညစာစားဖို့ မြို့လယ်ရှိ အဆင့်မြင့် အနောက်တိုင်းစားသောက်ဆိုင်သို့ ရှချင်ကို ခေါ်လာခဲ့သည်။

"ဒီစားသောက်ဆိုင်က ဘွတ်ကင်ရဖို့ခက်တယ်၊ လဝက်လောက်ကြိုမှာထားဖို့လိုတယ်။ ဒါပေမယ့် နေရာထိုင်ခင်းနဲ့ အရသာက တော်တော်လေးကို ကောင်းတာ။ ကိုယ် မင်းကိုစမ်းကြည့်ဖို့ ခေါ်လာတာ"

ရှချင်က ပြုံးရင်း ပုံမှန်လိုပဲ သူ့လက်ကိုချိတ်လိုက်သည်။ "ကျွန်မဗိုက်ဝအောင် စားပစ်မယ်"

ရှန်ဖျင်ချွမ်က သူမရဲ့နှာခေါင်းလေးကို ညှစ်လိုက်သည်။ "ကောင်မလေး၊ ဒီကအစားအစာတွေ မင်းကို‌ဗိုက်ဝစေဖို့ဆို ကိုယ် ဒီနေ့ပဲ ဒေဝါလီခံသွားရမှာစိုးတယ်"

"ဈေးကြီးလို့လား။ ဈေးကြီးတယ်ဆို တခြားနေရာကိုပဲ သွားမယ်လေ"

"ဘယ်ကိုသွားမှာလဲ။ ကိုယ် ဆင်းရဲသွားတဲ့ထိ စားခိုင်းမယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

ရှန်ဖျင်ချွမ်က စနောက်နေတာပါ။ သူက ရှချင်ရဲ့လက်ကို ကိုင်ပြီး သူမကို စားသောက်ဆိုင်ထဲသို့ ခေါ်သွားကာ ကြည့်ကောင်းသော စားပွဲထိုးက ချက်ချင်း သူတို့မှာထားသော ပြတင်းပေါက်နားခုံဆီသို့ လမ်းညွှန်ခဲ့သည်။

"သခင်လေးရှန်၊ ကြိုဆိုပါတယ်"

ရှန်ဖျင်ချွမ်က ရှချင်ကို မီနူးကမ်းပေးပြီး "မင်းကြိုက်တာမှာ"

ရှချင်မှာတာ ရှန်ဖျင်ချွမ်ထက် ပိုကြာခဲ့သည်။ သူက ငန်းအသည်းနှင့် မကျက်တကျက်စတိတ်တစ်ပွဲကို မှာခဲ့ကာ ရှချင်က အများကြီးတွေးတောပြီး အတော်လေး ဈေးနည်းသော ဆလပ်ရွက်တစ်ပွဲကိုသာ မှာခဲ့သည်။

ရှန်ဖျင်ချွမ်က သူမကိုစနောက်သည် "အရင်က ကိုယ့်မှာ အသားစားရတာပဲကြိုက်တဲ့ ကောင်မလေးရှိတာပါ၊ ရုတ်တရက်ကြီး မင်းဘာလို့ အရမ်းသန့်စင်သွားတာတုန်း"

ဒီနေ့မီနူးက ရှချင်ရဲ့မျှော်လင့်ချက်များထက် တကယ်ကို ကျော်လွန်နေပြီဖြစ်သည်။ သူတို့စချိန်းတွေ့ကတည်းက ရှန်ဖျင်ချွမ် သူမကို ခေါ်သွားခဲ့တာတွေထဲ ဈေးအကြီးဆုံး အစားအစာဖြစ်နိုင်သည်။ သူမသည် ပေါ့ပေါ့ပါးပါး မမှာရဲပေ။

"စစ်သင်တန်းဆရာက ကျွန်မ ဝနေတယ်လို့ ပြောတယ်။ ကျွန်မ ကိုယ်ကာယစာမေးပွဲကို မအောင်မှာစိုးတယ်၊ ဒါမို့ကျွန်မဝိတ်လျှော့ရမယ်"

သူမရဲ့အကြောင်းပြချက်က အဆင်ပြေပါသည်။ သူမသည် ဝိတ်အနည်းငယ် တက်လာသည်။

ဒါပေမယ့် ရှန်ဖျင်ချွမ်က အရင်ကလို အရူးလေး မဟုတ်တော့ပါ။ သူက သူ့ကောင်မလေးကို ကောင်းကောင်းသိပါသည်။ သူမသည် လိမ်ရာတွင် မတော်ပေ။

"မင်း မမှာဘူးဆိုတော့၊ ကိုယ် မင်းအတွက် မှာပေးမှာပေါ့" ရှန်ဖျင်ချွမ်က စားပွဲထိုးကိုပြောသည်။ "ငန်းအသည်းငါးပွဲ၊ ကျောက်ပုစွန်ကြော်သုံးပွဲ၊ ဝက်သားပြုတ်နှစ်ပွဲနဲ့ ခရုလေးပွဲ"

စားပွဲထိုးက အလန့်တကြား "ဆရာ၊ ခင်ဗျား...ခင်ဗျား ငန်းအသည်းငါးပွဲလို့ ပြောလိုက်တာလား"

ရှန်ဖျင်ချွန်က အေးအေးဆေးဆေးပဲ မီနူးကိုပိတ်ပြီး "ငါထပ်ပြောပေးဖို့လိုလား"

ရှချင်က ကန့်ကွက်တဲ့အနေနဲ့ သူ့ခြေထောက်ကို ကန်ပြီး "အများကြီးမမှာနဲ့။ ကျွန်မ အကုန်လုံးမစားနိုင်ဘူး"

ရှန်ဖျင်ချွမ်က အနည်းငယ် ပြုံးပြီး "ကိုယ့်ကောင်မလေး စားမကုန်တဲ့ အစားအစာဆိုတာ ဒီကမ္ဘာပေါ်မှာ မရှိပါဘူး"

စားပွဲထိုးက အရင်က ဒီလောက်အသုံးအစွဲကြီးသည့် ဧည့်သည်မျိုးကို မမြင်ဖူးခဲ့ပေ။ ငန်းအသည်း တစ်ပွဲတောင် ဂဏန်းလေးလုံးဖြစ်နေပြီကို သူက ငါးပွဲမှာခဲ့တာ၊ ဒါတခြားဈေးကြီးတဲ့ဟင်းပွဲတွေ မပါသေးဘူးနော်။

ထို့ပြင် ပြင်သစ်ဟင်းလျာက ပမာဏအများကြီး စားရတာမျိုးမှမဟုတ်ပါ။ ဒီလိုအထက်တန်းစား အစားအသောက်မျိုးကို ဘယ်သူက တကယ်အဝစားမှာလဲ။

အဆင့်မြင့်ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲချနေခြင်းသည် အနီးအနားရှိ စားပွဲများမှ ညစာစားသုံးသူများရဲ့အာရုံကို ဆွဲဆောင်ခဲ့သည်။

အထူးသဖြင့် ကောင်းမွန်စွာ ဝတ်စားထားသော အမျိုးသမီးတစ်ယောက်က အံ့အားသင့်သွားခဲ့သည်။ ရှချင်သည် ထမင်းကဲ့သို့ ၎င်းတို့ကို တကယ်စားသုံးနေတာကိုမြင်တော့ သူမရဲ့မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုနှင့် အထင်သေးမှုများက အမူအရာအဖော်ပြတတ်ဆုံး ဟာသမင်းသမီးနှင့် နှိုင်းယှဉ်နိုင်သည်။

ရှချင်က စိတ်ပိုင်းဆိုင်ရာဖိအား အများအပြားအောက်မှာ ရှိနေပြီး အမျိုးသမီးက သူမကိုစိုက်ကြည့်နေတာကြောင့် သူမသည် ခရင်းကို ပြန်ချလိုက်သည်။

ရှန်ဖျင်ချွမ်က အမျိုးသမီးကို ကြည့်ပြီး စိတ်မရှည်စွာပြောသည်။ "မစ္စ၊ မင်းဘာကြည့်နေတာလဲ"

သူ့ရဲ့အနည်းငယ် ရန်လိုနေသော လေသံကြောင့်ဖြစ်နိုင်သည်၊ အမျိုးသမီးရဲ့အဖော် အမျိုးသားသည် ချက်ချင်း ခွန်းတုံ့ပြန်ခဲ့သည်။ "မင်းရဲ့သဘောထားကဘာလဲ"

"သေချာပေါက် ဒါ‌စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ သဘောထားလေ" ရှန်ဖျင်ချွမ်က သူတို့ရဲ့စားပွဲကို စွေကြည့်ပြီး ကဲ့ရဲ့ပေသည်။ "သူများရဲ့စားပွဲကို တစ်ချိန်လုံး စိုက်‌ကြည့်နေတာက ဘာလဲ၊ မင်းမှာစားဖို့မလောက်လို့လား။ ငါက မင်းတို့ကိုမှာပေးရဦးမှာလား"

သူဒါကိုပြောလိုက်တာနှင့် အမျိုးသားက ထရပ်ပြီး မန်နေဂျာကို ခေါ်ကာ "အောက်ခြေလူတန်းစားက ဒီနေရာမှာ ဘာလို့လာစားနိုင်တာလဲ၊ သူတို့က လမ်းဘေးဆိုင်မှာလို့ ထင်နေတာလား"

ရှန်ဖျင်ချွမ်က ပြန်ပြောခါတော့မှာပေမယ့် ရုတ်တရက် ရှချင်က သူ့လက်ကို လှမ်းကိုင်ပြီး "ပြဿနာမရှာနဲ့"

ဒီနှစ်တွေအတွင်း ရှန်ဖျင်ချွမ်သည် အနည်းငယ် စိတ်တိုလွယ်လာသည်။ သူက ရှချင်ရဲ့လက်ကို ညင်သာစွာ ဖယ်လိုက်ပြီး စိတ်ချစေဖို့ လက်ကိုပုတ်သည်။ "ကိုယ်ပြဿနာမရှာပါဘူး"

သူက မန်နေဂျာကို လှည့်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောသည်။ "မင်းမှာဘာပြောစရာရှိလဲ"

မန်နေဂျာက အဆင်မပြေသော အနေအထားဖြစ်နေပြီး "သခင်လေးရှန် ကျွန်တော်တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်"

"မင်းဘာလို့ ငါ့ကို တောင်းပန်နေတာလဲ။ ငါ့ကိုကြိမ်းမောင်းတာ မင်းမှမဟုတ်တာ"

ရှန်ဖျင်ချွမ်က သူ့ရှေ့က စားပွဲကိုတွန်းထုတ်ပြီး သူ့ခုံကို မှီလိုက်သည်။ "ငါက လမ်းဘေးဆိုင်မှာလို ဒီမှာစားနေတဲ့အတွက် အောက်ခြေလူတန်းစားလို့ သူကပြောတယ်။ မန်နေဂျာ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"

မန်နေဂျာက သဘာဝအတိုင်း ရှန်ဖျင်ချွမ်ကို မစော်ကားရဲပါ။ သူက ချက်ချင်း အမျိုးသားဘက်လှည့်ပြီး ပြောသည်။ "ဆရာ၊ ခင်ဗျားအောက်ထပ်ကို ဘာလို့ရွှေ့မစားတာလဲ"

"ဘာ" အမျိုးသားက မယုံကြည်နိုင်စွာပြောသည်။ "ထပ်ပြောစမ်း"

"သခင်လေးရှန်ကို တောင်းပန်မလား ဒါမှမဟုတ် အောက်ထပ်ကိုရွှေ့မလားဗျ။ ပြီးတော့ ဒါ ခင်ဗျားတို့ဘက်က အရင်မှားတာပါ"

တောင်းပန်ဖို့ မလိုလားကြောင်း သိသာပေသည်။ အမျိုးသားက မန်နေဂျာကို လက်ညှိုးထိုးပြီး ဒေါသတကြီး "ငါဘယ်သူလဲဆိုတာ မင်းသိလား"

"ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်သိစရာမလိုပါဘူး။ ဒီနေရာမှာ လူတိုင်းက ဧည့်သည်ပါ။ ခင်ဗျား တခြားဧည့်သည်ကို ရိုင်းစိုင်းမိတာမို့ ကျွန်တော် ခင်ဗျားကို ထွက်သွားခိုင်းပိုင်ခွင့်ရှိပါတယ်"

မန်နေဂျာက သူ့ရဲ့စကားပြောစက်ကို ထုတ်ယူပြီး လုံခြုံရေးကို ခေါ်နေပုံပင်။ အားလုံးရဲ့မျက်လုံးများသည် သူတို့ပေါ်မှာရှိနေတာကြောင့် အမျိုးသမီးသည် မတတ်နိုင်စွာ မျက်နှာပျက်သွားခဲ့သည်။ ‌သူမက ဒေါသတကြီး ထွက်သွားခဲ့ပြီး သူမနောက်မှ အမျိုးသားက မလိုက်သွားခင် မန်နေဂျာကို ခြိမ်းခြောက်ပေသည်။ "မင်းစောင့်နေ"

ရုတ်ရုတ်သဲသဲဖြစ်မှုပြီးဆုံးသွားပြီးနောက် မန်နေဂျာက တောင်းပန်တဲ့အနေနှင့် ရှန်ဖျင်ချွမ်၏ စားပွဲကို ဘော်စတွန်ပုစွန်အပိုတစ်ကောင် ပေးခဲ့သည်။

သူတို့စားသောက်ဆိုင်မှ ထွက်လာတော့ ရှချင်က စိတ်အခြေအနေ သိပ်မကောင်းသေးပေ။ ရှန်ဖျင်ချွမ်က အစာခြေဖျက်ဖို့အတွက် သူမနှင့်အတူ လမ်းလျှောက်ထွက်ခဲ့သည်။

"မင်း မပျော်ဘူးဘဲ" ရှန်ဖျင်ချွမ်က သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခဲ့သည်။

"မဟုတ်ပါဘူး၊ ကျွန်မ အရမ်းပျော်ပါတယ်" ရှချင်က သူ့ကိုလှည့်ကြည့်ပြီး "ကျွန်မကို ညစာကျွေးတဲ့အတွက် ကျေးဇူးပါနော်"

ရှန်ဖျင်ချွမ်က တုံ့ဆိုင်းနေပြီးနောက် "မင်းကိုယ်နဲ့ဆို ရိုးသားဖို့ ကိုယ်မျှော်လင့်လို့ မရတော့ဘူးလား"

ရှချင်က ရှုပ်ထွေးစွာဖြင့် မေးမြန်းသည်။ "ကျွန်မဘာမှားလို့လဲ"

ရှန်ဖျင်ချွမ်က သူမကို သူ့လက်တွေဖြင့် ရစ်ပတ်ပြီး တင်းကျပ်စွာ ဖက်ထားသည်။ "ကိုယ်နဲ့နေရတာ မင်းတကယ်ရော ပျော်ရဲ့လား"

"အင်း၊ ပျော်တယ်"

သူက သူမရဲ့မေးစေ့ကို ညှစ်လိုက်ပြီး သူမရဲ့ကျဉ်းမြောင်းသော မျက်လုံးများကို စိုက်ကြည့်နေသည်။ "ဒါပေမယ့် ကိုယ့်ရဲ့ပင်ကိုယ်အသိစိတ်က ရှချင် မင်းကိုယ့်ကို ညာနေတယ်လို့ ပြောနေတယ်။ မင်းဘာလို့ကိုယ့်ကိုညာတာလဲ"

ရှချင်၏ နှလုံးသားသည် မမြင်နိုင်သော လက်‌တစ်ခုက ဖမ်းညှစ်လိုက်သလို ခံစားရပေသည်။ အတော်ကြာပြီးနောက် သူမသည် နောက်ဆုံး‌တွင် သူမပြောချင်ပေမယ့် မပြောရဲခဲ့သော ကိစ္စများကို ပြောခဲ့သည်။

"ရှန်ဖျင်ချွမ်၊ အခုလက်ရှိ ကျွန်မကို ကျွန်မမုန်းတယ်"

သူမဒါကိုပြောနေရင်း သူမရဲ့မျက်လုံးများသည် နီရဲလာသည်။

ရှန်ဖျင်ချွမ်၏ ခန္ဓာကိုယ်မှ အားအင်အားလုံး ကုန်ဆုံးသွားသကဲ့သို့ပင်။ သူသည် သူမကို လွှတ်ပေးလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်ခဲ့သည်။ သူ့မျက်လုံးများမှာ နှလုံးသားရဲ့နာကျင်မှုက ပြည့်နှက်နေပေသည်။ "ကိုယ်နဲ့ရှိနေတဲ့အခါ မင်းကိုယ်မင်း မုန်းနေတာလား"

ရှချင်က ခေါင်းငုံ့၍ ထိုင်ချလိုက်ပြီး ရှင်းရှင်းလင်းလင်းကို ကူကယ်ရာမဲ့နေပုံပင်...

ထိုကဲ့သို့သော ရှချင်က ပြိုင်ဘက်ဆယ်ယောက်ကို တစ်ယောက်တည်း အနိုင်ယူနိုင်သည့် ယုံကြည်မှုအပြည့်ဖြင့် ရဲရင့်သော မိန်းကလေးနှင့် လုံးဝကို ကွဲပြားသွားခဲ့သည်။

ထိုမှသာ ရှန်ဖျင်ချွမ်သည် အရင်က ပေါ်ရန် သူ့ကိုပြောခဲ့တာကို တဖြည်းဖြည်းနှင့် နားလည်လာခဲ့သည်။

မင်း သူမကို ဖျက်ဆီးလိုက်တာ။

သူက ထိုင်ချပြီး သူမရဲ့မျက်နှာကို ထိတွေ့လိုက်သည်။ "ချင်ချင် မင်းကိုယ့်ကိုထားခဲ့ချင်ရင် အချိန်မရွေး..."

ရုတ်တရက် သူတစ်ဆို့သွားပြီး ဘယ်လိုမှကို နောက်ဆုံးစကားကို ပြောနိုင်စွမ်းမရှိပေ။ သူကြောက်ရွံ့နေခဲ့သည်။ သူမရဲ့ထားခဲ့ခြင်းမှာ သူခံနိုင်ရည်မရှိဘူးဆိုတာကို ရုတ်တရက် သူနားလည်လိုက်သည်။

ရှချင်က ရုတ်တရက် သူ့လည်ပင်းကို သိုင်းဖက်ပြီး သူမရဲ့မျက်နှာကို သူ့လည်ပင်းတွင် နက်ရှိုင်းစွာ နှစ်မြှုပ်လိုက်သည်။ "ကျွန်မ ရှင့်ကိုမထားခဲ့ဘူး။ ဘာလုပ်ရမလဲ ကျွန်မ မသိဘူး။ ရှင်က ကျွန်မကိုကောင်းကောင်းဆက်ဆံတယ်၊ ကျွန်မ ရှင့်ကိုပိုပိုပြီး အကြွေးတွေတင်လာခဲ့တာ။ ဒီတစ်သက်တော့ ကျွန်မ ဘယ်တော့မှ ရှင့်ကို ပြန်မပေးနိုင်လောက်ဘူး..."

ရှချင်၏ နာကျင်ဖွယ်ရာ စကားများကြောင့် ရှန်ဖျင်ချွမ်သည် အရင်က ပေါ်ရန်ရဲ့သူ့ကို ရပ်တန့်ချင်သည့် ရည်ရွယ်ချက်ကို ရုတ်ချည်း နားလည်သွားခဲ့သည်။

မင်း သူ့ကိုကောင်းကောင်း ဆက်ဆံတာနဲ့ သူ့ကိုပျော်ရွှင်မှု ပေးနိုင်မယ်လို့ မင်းထင်နေတာလား။ ဒါပေမယ့် တကယ်တော့ မင်းသူ့ကို ပေးသမျှတိုင်းက အဆုံးမရှိတဲ့ အပြစ်ရှိစိတ်တွေပဲ။ အစကတည်းက မညီမျှတဲ့ ဒီဆက်ဆံရေးကြောင့် မင်း သူ့ရဲ့ဂုဏ်သိက္ခာနဲ့ ယုံကြည်မှု အားလုံးကို ဗလာကျင်းပစ်လိုက်ပြီ။ မင်း သူ့ကို မင်းအတွက်သာ သီးသန့်ဖြစ်တည်နေတဲ့ မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲလိုက်မိပြီ။

"ကိုယ် မှားသွားတယ်"

သူတကယ်ကိုမှားယွင်းသွားခဲ့သည်။

နောက်နေ့တွင် ရှန်အဖွဲ့အစည်းရုံးခန်း၌ သူသည် ရှန်ရှိရှန်းထံ စီးအီးအိုအဖြစ်မှ သူ့ရဲ့နှုတ်ထွက်စာကို ပေးခဲ့သည်။

သူမနှင့်အတူ တူညီမှုရှိသော ခြေလှမ်းဖြင့် အသစ်ပြန်စတင်ပြီး သူတို့နှစ်ယောက်တည်းသာ အတူရှိသော အနာဂတ်တစ်ခုကို သူ ရှာ‌ဖွေချင်ပါသည်။

သူမသာ သူနှင့် ခက်ခဲမှုအနည်းငယ်ကို သည်းခံချင်မယ်ဆိုရင် ရှန်ဖျင်ချွမ်သည် သူ့မှာဘာမှမရှိလဲ ပြန်စတင်နိုင်မယ်လို့ ယုံကြည်သည်။

ရှန်ရှစ်ရှန်းက သူ့စားပွဲပေါ်က နှုတ်ထွက်စာကို ကြည့်၌ အံ့အားသင့်သွားပေမယ့် အရမ်းတော့ လန့်မသွားခဲ့ပေ။ သူက ပေါ့ပေါ့ပါးပါးပဲ ပြောသည်။ "မိန်းမတစ်ယောက်အတွက် အားလုံးကို စွန့်လွှတ်လိုက်တာလား"

ရှန်ဖျင်ချွမ်က အံ့ဩသွားသည်။ "အဖေ..."

"အရင်က မင်းလုပ်ခဲ့တဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့အရာတွေကို မင်းညီမကိုပဲ ဖုံးထားနိုင်မှာ"

"မင်း အဲဒါကိုသိလား" ရှန်ဖျင်ချွမ်က တကယ်ပင် အပြစ်ရှိစိတ်ကို ခံစားလိုက်ရပြီး ချွေးအေးတွေ စို့သွားခဲ့သည်။

မမျှော်လင့်ထားဘဲ ရှန်ရှိရှန်းက သူ့ကို အပြစ်မတင်ခဲ့ပါ။ သူက ရှန်ဖျင်ချွမ်၏ဘေး၊ စားပွဲနားကို လျှောက်သွားခဲ့သည်။ သူ့အသံက အနည်းငယ် ညှိုးငယ်နေပုံပင်။ "ကလေးတည်းက အခုထိ၊ မင်းဘယ်တုန်းကမှ အမှားကြီးကြီးမားမား မလုပ်ခဲ့ဖူးဘူး။ တစ်ခါတရံ ငါ မင်းပေါ်အရမ်းတင်းကျပ်ခဲ့လားလို့ တွေးမိတယ်"

"ငါစသိခါစက အရမ်းဒေါသထွက်ခဲ့တယ်။ ဒါပေမယ့် နောက်တော့ ငါ စိတ်အေးသွားပြီး နားလည်လာခဲ့တယ် - အကြိမ်တိုင်း ငါ့ကိုအားကိုးနေတာထက် မင်းအမှားတွေအတွက် တန်ရာတန်ကြေးကို မင်းပေးဆပ်ရမယ်။ အပြင်ထွက်ပြီး ဘဝအတွေ့အကြုံတွေကို ရှာကြည့်တာလည်း ကောင်းပါတယ်။ အနာဂတ်မှာ မင်းမှာ ကျယ်ပြန့်တဲ့ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိလာလိမ့်မယ်"

သူ့ကိုယ်သူ ရှက်လွန်းလို့ ဘယ်နေရာမှာ ပုန်းရမှန်းတောင် မသိပေ "အဖေ၊ ကျွန်တော်တောင်းပန်ပါတယ်"

ရှန်ရှိရှန်းက သူ့ပခုံးကို ပြင်းထန်စွာ ပုတ်ပြီး "မင်းအပြင်ကိုထွက်သွားဖို့ ဆုံးဖြတ်ပြီးပြီမို့ အရာအားလုံးအတွက် မင်းကိုယ်မင်း အားကိုးရမယ်။ ငါ မင်းကို ဘာမှကူညီတော့မှာ မဟုတ်ဘူး"

ရှန်ဖျင်ချွမ်က မျက်လုံးများ ပွတ်သပ်ပြီး "ဒါဆို အဘိုးကြီးရှန် ကိုယ့်စကားကိုတည်ရင် ပိုကောင်းပါတယ်"

"ကောင်စုတ်လေး။ ငါ မင်းကို တကယ်မကူညီဘူး"

ရှန်ဖျင်ချွမ်က ရှန်အဖွဲ့အစည်းမှ ထွက်လာပြီး ‌တိမ်တွေကို ထိုးဖောက်ဝင်ရောက်နေသော မြင့်မားသည့် ရုံးခန်းအဆောက်အဦကို မော့ကြည့်မိသည်။ ကောင်းကင်သည် ညို့မှိုင်းနေပေသည်။

ထိုနေ့လယ်ခင်းတွင် နောက်ဆုံးတော့ သူ့မှာဘာမှမရှိတော့ပေ။

နောင်ဆယ်နှစ်အကြာမှာ သူသည် တခြားမြင့်မားသော ရုံးခန်းအဆောက်အဦ၏ အထပ်မြင့်ပေါ်ရှိ မြင်ကွင်းကျယ်ပြတင်းပေါက်၌ ရပ်ပြီး အဝေးက ရှန်အဖွဲ့အစည်းကို ကြည့်နေမည်ဆိုတာကို ဘယ်သူ့မှမမြင်ယောင်မိခဲ့ကြပေ။

တူညီသော ခြေလှမ်းဖြင့် ရပ်တည်ခဲ့သော စီးပွားရေးအင်ပါယာနှစ်ခုသည် သူ့ရဲ့စီမံကွပ်ကဲမှု အောက်တွင်ရှိနေခဲ့သည်။ ရှန်ဖျင်ချွမ်သည် သူ အရင်က သူ့လက်ကောက်ဝတ်ကို ဖြတ်ပစ်ဖို့ နာကျင်စရာကောင်းသော ဆုံးဖြတ်ချက်ကို မချခဲ့ရင် သူဘာဖြစ်နေမလဲဆိုတာကို အကြိမ်ပေါင်းများစွာ ပြန်တွေးမိသည်။

အနည်းဆုံး အခက်အခဲတွေ၊ စိန်ခေါ်မှုတွေတိုင်းမှာ သူနှင့်အတူရှိနေပေးခဲ့သော သူ့ရဲ့စစ်မှန်သော ဇနီးသည် အခုတော့ ငယ်ရွယ်ချိန်က သူမနှင့် ပိုပိုပြီးတူလာခဲ့သည်။

....

ပေါ်ရန်သည် အိပ်မက်တစ်ခုမက်ခဲ့သည်။ ယမ်းမှုန့်မီးခိုးငွေ့များနှင့် စစ်ပွဲများဖြင့် ပြည့်နှက်နေသော ပူပြင်း၊ စိုစွတ်သော အပူပိုင်းမိုးသစ်တောတွင် သူသည် သူရဲ့သေတူရှင်မခွာ ညီအစ်ကိုတွေနှင့်အတူ ရှိနေခဲ့သည်။

သူ့အိပ်မက်ထဲမှာ ကျင့်ချီ၏ မျက်နှာသည် အနည်းငယ် ညှိုးနွမ်းနေပေမယ့် တောက်ပသောအပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။

ကျင့်ချီက သူ့ကို တစ်ခုခုပြောချင်ပေမယ့် ပေါ်ရန်က ဆက်တိုက်ထွက်ပေါ်နေသော ဗုံးသံများကြောင့် သူ့စကားများကို မကြားရပါ။ သူသည် ကျင့်ချီ၏ မျက်နှာကိုတောင် သဲသဲကွဲကွဲ မမြင်ရပေ။

နောက်တော့ ပေါ်ရန်က မည်သူတစ်ဦးတစ်ယောက်မှမရှိသော အဖြူရောင်ကမ္ဘာတစ်ခုတွင် သူ့ကိုယ်သူ ရှာတွေ့ခဲ့သည်။ အဆုံးမရှိကျယ်ပြန့်မှုနှင့် အထီးကျန်မှုက ဝါးမျိုထား‌သော ဗလာနတ္ထိကမ္ဘာ၏အလယ်ဗဟိုတွင် သူက တစ်ယောက်တည်းရပ်နေသည်။

ပေါ်ရန်သည် အိပ်မက်မှ ရုတ်တရက် နိုးထလာခဲ့သည်။ ညတာသည် ရှည်လျားပြီး ကောင်မလေးက သူ့ဘေးမှာ တိတ်ဆိတ်စွာ လှဲလျောင်းအိပ်ပျော်နေပေသည်။

သူ့ခန္ဓာကိုယ်ကို မွှေးကြိုင်ပြီး နူးညံ့သောစောင်က ဖုံးအုပ်ထားသကဲ့သို့ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုက သူ့ကိုဖုံးလွှမ်းသွားသည်။

သူက ကောင်မလေးရဲ့နဖူးကို နမ်းပြီးနောက် တိတ်တဆိတ် ထထိုင်ပြီး ရေချိုးခန်းသို့ သွားခဲ့သည်။

ဒါပေမယ့် သူ့ရဲ့ကျောသည် ချွေးအေးများဖြင့် စိုစွတ်နေပေသည်။

သူ ကျင့်ချီ၊ ရှုချောင်းယန်တို့နှင့် အဆက်အသွယ်ပြတ်နေသည်မှာ ခြောက်လနီးပါးရှိပြီဖြစ်သည်။ လွန်ခဲ့တဲ့ခြောက်လက ရှုချောင်းယန်သည် သူ့မှာ အထူးတာဝန်ရှိတာမို့ ခဏလောက်အဆက်သွယ်ပြတ်နိုင်ကြောင်းနှင့် ပေါ်ရန်ကို စိတ်ပူမနေဖို့ ပြောခဲ့သည်။

ပေါ်ရန်က သူတို့အလုပ်သဘောကို သိပါသည်။ လျှို့ဝှက်ဝာာဝန်တွေကြောင့် သုံးနှစ်၊ ငါးနှစ်လောက် အဆက်အသွယ်ပြတ်သွားတာက ပုံမှန်မဟုတ်တာတော့ မဟုတ်ပေ။

All Chapters