← Chapters

အပိုင်း (၁၀၀)

Vol. 8 Ch. 100

အပိုင်း (၁၀၀)

Vol. 8 Ch. 100

ရေပူနှင့်ချိုးပြီးနောက် ရုတ်တရက် စာကြည့်ခန်းထဲမှ ဖုန်းမြည်သံထွက်လာသည်။

အိမ်မှာက လုံခြုံရေးကြိုးဖုန်းကို တပ်ဆင်ထားပြီး ပုံမှန်အားဖြင့် လျှို့ဝှက်တာဝန် ပြန်ကြားရန်အတွက်သာ သုံးပါသည်။

ပေါ်ရန်က အချိန်ကြည့်လိုက်သည် - မနက်သုံးနာရီ။

ကျင်းရှီကို မနိုးစေချင်တာကြောင့် သူက အခန်းထဲ မြန်မြန်ဆန်ဆန်ဝင်ပြီး တံခါးကိုပိတ်လိုက်သည်၊ ထို့နောက် ဖုန်းအမြန်ဖြေလိုက်ပေသည်။

"ခေါင်းဆောင်ချင်လား"

ဖုန်းတစ်ဖက်မှ လေးလံတဲ့အသက်ရှူသံကို ကြားနိုင်သည်။

သူ့နှလုံးသားကို တင်းမာမှုတစ်ခုက ရုတ်တရက် ဖျစ်ညှစ်လိုက်တာကြောင့် ပေါ်ရန်သည် ခဏလောက် တုံ့ဆိုင်းနေခဲ့သည်။ "ရှုချောင်းယန်လား"

"ပေါ်ရန်၊ ပေါ်ရန်" ရှုချောင်းယန်က ရှိုက်ငင်၍ သူ့နာမည်ကို ခေါ်နေခဲ့သည်။

"ဘာဖြစ်လို့လဲ"

ပုံမှန်တည်ငြိမ်သော ပေါ်ရန်သည် ယခုတော့ စိုးထိတ်နေခဲ့သည်။

"ပေါ်ရန်၊ ကျင့်ချီက အမှားမလုပ်ဘူးဆိုတာ မင်းသိပါတယ်ကွာ။ ငါတို့က အခန်းဖော်တွေ။ သူက ဘယ်လိုကောင်မျိုးလဲဆိုတာ မင်းသိပါတယ်။ တခြားသူတွေမသိပေမယ့် ငါတို့သိတယ်...သူဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး၊ ဘယ်တော့မှ"

"ကြောက်လန့်မနေနဲ့။ အသက်ပြင်းပြင်းရှူပြီး ဘာဖြစ်ခဲ့တာလဲဆိုတာ သေသေချာချာ ရှင်းပြ"

ရှုချောင်းယန်က စိတ်ငြိမ်သွားစေဖို့ ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်သည်။ "အဖွဲ့ဆီကနေ ကျင့်ချီသစ္စာဖောက်သွားတယ်‌ဆိုပြီး ကြေငြာလိုက်တယ်လို့ ငါကြားခဲ့တယ်။ သူ့ကိုမြင်တာနဲ့ ပစ်သတ်လိုက်၊ မေးခွန်းတွေမမေးနဲ့တဲ့"

ပေါ်ရန်က မေးသည်။ "သူ အဖမ်းခံခဲ့ရတာလား"

ရှုချောင်းယန်က အရာအားလုံးကို တဖြည်းဖြည်းချင်း ရှင်းပြသည်။

လွန်ခဲ့သည့်ခြောက်လက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ကို ကျရှုံးခဲ့သည်။ ရှုချောင်းယန် လွတ်မြောက်ဖို့အတွက် ကျင့်ချီက အချက်ပေါင်းများစွာ ပစ်ခဲ့ပေမယ့် သူကိုယ်တိုင်တော့ မလွတ်မြောက်ခဲ့ပေ။ နောက်တော့ အဖွဲ့ဝင်တွေက အကြိမ်ပေါင်းများစွာ မိုးသစ်တောနယ်စပ်မှာ ရှာဖွေခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကို လုံးဝရှာမတွေ့ခဲ့ပေ။

လျှို့ဝှက်တာဝန်၏ သဘာဝအရ သူ့သေဆုံးမှုကို လူသိရှင်ကြား မကြေငြာခဲ့ပေ။

မကြာသေးခင်က နယ်စပ်လှည့်ကင်း အဖွဲ့ဝင်တစ်ယောက်က ကျင့်ချီကို မတွေ့ရှိမီထိဖြစ်သည်။ သူသည် မူးယစ်ဆေးဝါးကုန်သည်တွေနှင့် ရောနှောနေပြီး ရှာတွေ့ချိန်မှာ အဖွဲ့ဝင်တစ်ယောက်ကိုတောင် ပစ်ခတ်ခဲ့သည်။

နောက်တော့ ပစ်ခတ်မှုပြီးနောက် ကျင့်ချီကို မူးယစ်ဆေးဝါးကုန်သည်တွေက ခေါ်ဆောင်သွားသည်ဟု အထူးတပ်ဖွဲ့ဝင်တစ်ယောက်က အကြောင်းပြန်ကြားခဲ့သည်။ သူတို့သည် သူ့ရဲ့ဒဏ်ရာများကို ကုသပေးခဲ့ပြီး သူသည် မူးယစ်ဆေးဝါးဘုရင်ရဲ့အင်အားအဖြစ် ပူးပေါင်းခဲ့ကာ မူးယစ်ဆေးဝါးဘုရင်ရဲ့သမီးနှင့်တောင် လက်ထပ်ရန် စေ့စပ်ထားသေးသည်။

အစကတော့ လူတိုင်းသည် ကျင့်ချီက မူးယစ်ဆေးဝါးဘုရင်ရဲ့အဖွဲ့ထဲ ဝင်ရောက်၍ အထောက်တော်ပြုလုပ်နေသည်ဟု တွေးခဲ့ကြသည်။ ဒါပေမယ့် သူက တုံ့ဆိုင်းမှုမရှိဘဲ သူ့လူတွေကို ပစ်ခတ်မယ်လို့ သူတို့ဘယ်တော့မှမမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတော့ တပ်မှူးက သူ့ရဲ့သစ္စာဖောက်မှုကို ကြေငြာချက် ထုတ်ပြန်ခဲ့လေသည်။

ပေါ်ရန်က ရှုချောင်းယန်၏ ရှင်းပြမှုကို တိတ်တဆိတ် နားထောင်ခဲ့ပြီး မေးခွန်းတစ်ခုသာ မေးခဲ့သည်။ "သူတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဝင် သေသွားလား"

"မသေဘူး၊ ကျည်ဆန်က သူ့နားကိုရှပ်ထိရုံပဲ။ အရမ်းနီးတယ်၊ သူ့ခေါင်းကိုဖောက်ဝင်သွားဖို့ စင်တီမီတီအကွာလေးပဲ"

ရှုချောင်းယန်က ထိန်းမထားနိုင်တော့ဘဲ ပေါ်ရန်ကို တိတ်တဆိတ် ခေါ်ခဲ့သည်။ ကျင့်ချီ သစ္စာဖောက်သွားတယ်လို့ ယုံကြည်ရန် သူ့ကိုယ်သူ မဖြောင်းဖြနိုင်ဘဲ သူတို့ထပ်ဆုံတွေ့ကြရင် သူ့ရဲ့ညီအစ်ကိုကို သေနတ်နဲ့ချိန်ဖို့ စိတ်မကူးရဲပါ။

"ပေါ်ရန်၊ ငါ့ကို ပြောစမ်းပါကွာ...သူမပြောင်းဘူးလို့ ငါ့ကိုပြောစမ်းပါ။ သူက ငါတို့ရဲ့ညီအစ်ကိုဖြစ်နေတုန်းပဲ" ရှုချောင်းယန်၏ အသံသည် နာကျင်ခြင်းတွေကို သယ်ဆောင်လာပေသည်။ သူသည် ငိုလုနီးပါးဖြစ်နေပြီ။

ပေါ်ရန်သည် သတိလက်လွတ် လက်သီးဆုပ်လိုက်သည်။

"ဒါပေါ့"

ပေါ်ရန်က သူ့အသံကိုတိုးပြီး တင်းမာသောလေသံဖြင့် ပြောသည်။ "သူဘယ်တော့မှပြောင်းမှာမဟုတ်ဘူး"

အဲဒီနောက်ပိုင်းမှာတော့ ကျင့်ချီရဲ့သစ္စာဖောက်သွားပြီဆိုသည့် သတင်းသည် အလှမ်းဝေးသော နယ်စပ်မှ B မြို့သို့လည်း ရောက်ရှိလာခဲ့သည်။ သူမူးယစ်ဆေးဝါးဘုရင်နှင့် ပူးပေါင်းသွားပြီဆိုတာ မငြင်းနိုင်သော အချက်အလက်တွေရှိသော်လည်း ကျင့်ချီကို သိသောလူတိုင်းက အမှန်ဆိုတာကို ယုံကြည်ဖို့ ငြင်းဆန်ခဲ့ကြသည်။

ချူးကျောက်၏ တုံ့ပြန်မှုက ကျင်းရှီကို အံ့ဩစေခဲ့သည်။ သူမက စကားလေးခွန်းသာပြောခဲ့သည်။ "သူအသက်ရှင်ရင်ရပြီ"

ရှင်အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိတယ်။

ပေါ်ရန်က ရွှေ့ပြောင်းစာတစ်စောင်ကို ရေးသားခဲ့ပေမယ့် တင်ပြခဲ့ခြင်းမရှိဘဲ အံဆွဲထဲမှာသာ ထားခဲ့သည်။

သူအိမ်ကိုပြန်လာသော ထိုညတွင် ကျင်းရှီက အရသာရှိသော အစားအသောက်များကို စားပွဲအပြည့် ပြင်ဆင်ထားပြီး သူပြန်လာတာကို စောင့်နေခဲ့သည်။

"ဒီနေ့ဘာထူးလို့လဲ။ ငါတို့ရဲ့အပျင်းကြီးတဲ့ ဝက်လေးက ချက်ပြုတ်ထားလို့ပါလား"

ကျင်းရှီက သူ့ကို စားပွဲမှာထိုင်ခိုင်းသည်။ "ကျွန်မလွယ်လွယ်ကူကူ ချက်ထားရတာ မဟုတ်ဘူးလေ။ ရှင့်ကိုနှုတ်ဆက်တဲ့အနေနဲ့ပါ။ ရှင်အဝေးကိုရောက်ရင် အိမ်လက်ရာကို မမေ့သွားနဲ့နော်၊ ဒါလင်"

ပေါ်ရန်က ခဏလောက် အေးခဲသွားပြီး သူမရဲ့ဆိုလိုရင်းကို နားမလည်ဟန်ဆောင်၍ "မနက်ဖြန် လေ့ကျင့်ရေးဆင်းရုံပါပဲ။ မင်းကိုယ့်ကို ဘာအတွက် နှုတ်ဆက်မှာလဲ"

ကျင်းရှီသည် ပြုံးထားဆဲဖြစ်ပေမယ့် အတော်လေးတော့ အားတင်းထားရသည်။ "ကျွန်မဆိုလိုတာ...ရှင်သွားချင်တယ်ဆိုတာ ကျွန်မသိတယ်။ ရှင်သွားချင်တယ်ဆိုသွားပါ၊ ပြီးရင် အစ်ကိုကျင့်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ပါ"

ပေါ်ရန်၏ အမူအရာသည် တဖြည်းဖြည်း မည်းမှောင်လာသည်။

ထိုညတွင် သူသည် ဧည့်ခန်းထဲမှာ မိုးလင်းသည်ထိ ဆေးလိပ်သောက်နေခဲ့သည်။

ကျင်းရှီက အသံပြုတာ ဒါမှမဟုတ် သူ့ကိုနှောင့်ယှက်တာမျိုး မလုပ်ခဲ့ပေမယ့် သူမ အားလုံးသိပါသည်။

အတန်းဖော်အနေနှင့် လေးနှစ်တာ ဤညီအစ်ကိုသံယောဇဉ်သည် ဖြတ်တောက်ဖြစ်ဖို့ မဖြစ်နိုင်ပါ။

ပေါ်ရန်က ကျင်းရှီကို သူ့ပေါင်ပေါ်တင်ထားပြီး သူမရဲ့နှုတ်ခမ်းကို သူ့လက်ချောင်းများဖြင့် ညှစ်လိုက်သည်။ "ရိုးရိုးသားသားပြော၊ မင်း ကိုယ့်ကို တကယ်သွားစေချင်တာလား"

ကျင်းရှီက သူမရဲ့ခံစားချက်များကို မထိန်းနိုင်တော့ပေ။ သူမသည် ပေါ်ရန်ရဲ့ပခုံးပေါ် မျက်နှာအပ်ပြီး အသံတိုးတိုးဖြင့် "ဒီလိုအန္တရယ်များတဲ့နေရာကို... ကျွန်မမလွှတ်နိုင်ဘူး..."

"ဒါဆို ကိုယ့်ကို မသွားစေနဲ့လေ"

ကျင်းရှီက သူ့ကိုမှီထားပြီး အကြာကြီး တုံ့ဆိုင်းနေပြီးနောက် ‌ဖြည်းညှင်းစွာပြောသည်။ "ရှင်ဒုတိယအကြိမ်နောင်တရမှာကို ကျွန်မ မလိုချင်ဘူး"

သူမ ဒါကိုပြောလိုက်တော့ ပေါ်ရန်၏နှလုံးသားသည် ရုတ်တရက် နာကျင်သွားခဲ့သည်။

ပထမဆုံးအကြိမ်မှာ သူ့မိဘတွေ ထွက်သွားခဲ့ပြီး သူသည် တစ်ယောက်တည်း ငိုကြွေးနေခဲ့တာလွဲ၍ တခြားအရာတွေလုပ်ဖို့ အားနည်းလွန်းခဲ့သည်။

ဒုတိယတစ်ကြိမ်မှာတော့...သူ့ညီအစ်ကိုက ထောင်ချောက်ထဲ ကျရောက်နေချိန် သူက အင်အားမဲ့စွာဖြင့် ရပ်နေမိခဲ့လျှင် အဲ့ဒါကို သူ့တစ်ဘဝလုံး နောင်တရနေလိမ့်မည်။

ပေါ်ရန်က လက်တစ်ဖက်တည်းဖြင့် ကျင်းရှီကို ‌တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ သူ့အသံကဩရှနေသော်လည်း အလွန်ကြည်လင်သည်။ "ကိုယ်အန္တရယ်ကင်းကင်းနဲ့ပြန်လာခဲ့ပါ့မယ်"

"အင်းပါ"

နောက်နေ့တွင် ပေါ်ရန်သည် သူ့ရဲ့ရွှေ့ပြောင်းစာကို တင်ခဲ့သည်။

ပေါ်ရန်က ကပ္ပတိန်ချင်ရဲ့အားအထားရဆုံး အဖွဲ့ဝင်ဖြစ်ပြီး ကပ္ပတိန်ချင်က သူ့ကိုတကယ်မလွှတ်ချင်ပါ။ ဒါပေမယ့် ပေါ်ရန်က သူ့ညီအစ်ကိုကို ကယ်တင်ဖို့ပဲမို့ ယာယီပဲဖြစ်မည်ဟု ပြောခဲ့သည်။ ထို့နောက် သူပြန်လာခဲ့မည်။

သူထွက်ခွာသည့်နေ့မှာ ကျင်းရှီက သူ့ကိုလိုက်မပို့ခဲ့ပေ။ ပေါ်ရန်က ဝမ်းနည်းစွာ နှုတ်ဆက်ရသော မြင်ကွင်းတွေကို သဘောမကျပေ၊ ဘာကြောင့်ဆို လွန်ခဲ့သည့်နှစ်များက သူသည် ငိုယိုပြီး သူ့မိဘတွေရဲ့ခြေထောက်ကို တွယ်ကပ်၍ သိပ်မကြာခင်ပြန်လာဖို့ တောင်းပန်ခဲ့ပေမယ့်လည်း သူတို့သည် ဘယ်တော့မှ ပြန်မလာခဲ့ပါ။

ယင်းက ပေါ်ရန်ရဲ့နှလုံးသားထဲတွင် စွဲမြဲနေခဲ့သည်။ ထို့ကြောင့် ကျင်းရှီက သူ့ကိုလိုက်မပို့ခဲ့ပေ။

လေယာဉ်သည် ညှို့မှိုင်းနေသည့် ကောင်းကင်သို့ ပျံတက်သွားချိန်မှာ ကျင်းရှီသည် စာသင်ခန်းထဲက စင်ပေါ်၌ ရပ်နေပြီး ပြတင်းပေါက်အပြင်ဘက်ကို ငေးမောကြည့်နေခဲ့သည်။ မည်းမှောင်သော မိုးကုတ်စက်ဝိုင်းသည် မုန်တိုင်းတိမ်များနှင့် ပြည့်နေပြီး မိုးမရွာခင် ရှေ့ပြေးလက္ခဏာလို ခံစားချက်ကို ပေးနေပေသည်။

သူမရဲ့နှလုံးသားထဲတွင် သူမရဲ့ချစ်သူ အန္တရယ်ကင်းစွာပြန်ရောက်လာဖို့အတွက် တိတ်တဆိတ် ဆုတောင်းနေမိသည်။

....

နီသန်သည် ဘိန်းပင်စိုက်ပျိုးသော ကြေးစားများနှင့် ဒေသတွင်း စစ်တပ်များဖြင့် ပြည့်နေသော အရှေ့တောင်နယ်စပ်ရှိ အုပ်ချုပ်သူကင်းမဲ့သော နယ်မြေတစ်ခုဖြစ်သည်။

နေရောင်ထိုးမဖောက်နိုင်သော ထူထပ်သည့် အပူပိုင်းမိုးသစ်တောထဲတွင် ယောက်ျားတစ်ယောက်က သူ့ခါးကြားမှ ချွန်မြသော Swiss ဓားတစ်ချောင်းကို ဆွဲထုတ်ပြီး ဝက်သစ်ချပင်တွင် နက်ရှိုင်းစွာ ထွင်းထုလေသည်။

ပင်စည်တစ်လျှောက်ရှိ အခေါက်တွင် မရေတွက်နိုင်သော အမှတ်အသားများစွာကို ထွင်းထုထားပြီးဖြစ်သည်။

သူ ဒီကိုရောက်သည်မှာ နှစ်ရာ့ခုနစ်ရက်ရှိပြီကို ကိုယ်စားပြုသော စုစုပေါင်း အမှတ်အသား နှစ်ရာ့ခုနှစ်ရှိသည်။

ထိုယောက်ျားသည် မိုးသစ်တောမှ ထွက်လာခဲ့သည်။ သူ့ရှေ့မှာ များပြားလှသော ဘိန်းစိုက်ခင်းများ အဆုံးမရှိ ဖြန့်ကျက်နေပေသည်။ လေပြေသည် တိုက်ခတ်သွားပြီး နီစွေးစွေးပန်းများသည် ယိမ်းနွဲ့သွားကာ လေထုထဲတွင် သူတို့ရဲ့ယစ်မူးစေသော အနံ့များဖြင့် ပြည့်နှက်နေပေသည်။

ဒေသခံလယ်သမားများက လယ်ကွင်းများတွင် သီးနှံများကို ရိတ်သိမ်းနေကြသည်။

ယခုနှစ်သည် "ပေါများစွာရိတ်သိမ်း" ရပေသည်။

ဆွဲဆောင်မှုရှိပြီး လှပသော မိန်းကလေးသည် ကျယ်ပြောလှသော ဘိန်းပန်းများကို ကြည့်ရင်း လယ်ကွင်းနားတွင် ထိုင်နေသည်။ သူမသည် မျက်လုံးများကို မှိတ်ထားခဲ့သည်။

ကျင့်ချီက သူမရဲ့အာရုံစိုက်မှုကို မရရှိဖို့ အတတ်နိုင်ဆုံးကြိုးစား၍ သူမဘေးနားမှ တိတ်တဆိတ်ဖြတ်သွားခဲ့သည်။

လှည့်မကြည့်ဘဲ သူမက နူးညံ့စွာ ခေါ်လိုက်သည်။ "ချောင်းယန်လား"

သူမရဲ့မပီမသ "ချောင်းယန်" ဆိုသည့် မန်ဒရင်းအသံထွက်ကို ကြားတော့ သူသည် ထူးဆန်းသလို ခံစားရဆဲပင်။ အခုသူသည် ကျင့်ချီ မဟုတ်တော့ပေ၊ ချောင်းယန်ဖြစ်သည်။

သူသည် ကျင့်ချီဆိုသည့်နာမည်ကို ဖျောက်ဖျက်ခဲ့တာကြောင့် အခု ဒီနေရာရှိ လူတိုင်းက သူ့ကို "ချောင်းယန်" ဟုခေါ်ကြသည်။

"ချောင်းယန်ဆိုတာ သန်မာမှု၊ အပြုံးတွေနဲ့ ပြည့်နှက်စွာ ထွက်ပေါ်လာတဲ့နေမင်းကြီးကို ဆိုလိုတာလေ" ကောင်မလေးက ထရပ်ပြီး သူ့ထံလျှောက်သွားသည်။ သူမရဲ့နက်မှောင်သော မျက်လုံးများက သူ့ကိုစိုက်ကြည့်နေပြီး "ဒါပေမယ့် ရှင်ကတော့ ဘယ်တော့မှ မပြုံးဘူး၊ ကျွန်မအပေါ် စိတ်တောင်မရှိဘူးပဲ"

သူမရဲ့မန်ဒရင်းသံသည် ထူးဆန်းပေမယ့် သူမမှာ သီးသန့်ဆရာရှိတာကြောင့် အနည်းဆုံးတော့ သူမက ဒီနေရာရှိ မိန်းကလေးတွေထဲမှာ မန်ဒရင်းကို အကောင်းဆုံး ပြောတတ်တာဖြစ်သည်။

သူမသည် မူးယစ်ဆေးဝါးဘုရင် ဝေ့ရွင်း၏သမီး ဝေ့ကျောက်ကျောက်ဖြစ်သည်။

ကျင့်ချီကို ပထမဆုံး ပြန်ခေါ်လာခဲ့တုန်းက သူသည် အသက်တောင် အနိုင်နိုင်ရှူနေခဲ့ရသည်။ အစက သူ့ရဲ့အလောင်းကို မီးထဲသို့ တိုက်ရိုက်ပစ်ထည့်ပြီး ဘိန်းအခွံများနှင့်အတူ မီးရှို့ဖို့ လုပ်ခဲ့သည်။

သူက သတိရတစ်ချက်မရတစ်ချက်အခြေအနေမှာ "ကျောက်ကျောက်" "ကျောက်ကျောက်" ဟု ဆက်တိုက်ခေါ်နေခဲ့သည်...

ဒီနေရာမှာ ဘယ်သူ့မှ ဒီစကားလုံးနှစ်လုံးကို လက်လွတ်စပယ် မခေါ်ရဲပါ။

ဝေ့ကျောက်ကျောက်သည် သူ့ရဲ့မြည်တမ်းမှုကြောင့် စိတ်မသက်မသာ ဖြစ်သွားပေမယ့် ထူးဆန်းသောခံစားချက်တစ်ခုက သူမရဲ့ပျိုမြစ်သည့်နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ပေသည်။ သူမသည် ကျင့်ချီကို ခေါ်ယူခဲ့ပြီး အကောင်းဆုံးသော ဆရာဝန်များကို သူ့ခန္ဓာကိုယ်မှ ကျည်ငါးခုကို ဖယ်ရှားကာ သူ့ကိုကယ်တင်စေခဲ့သည်။

ဆရာဝန်တွေအားလုံးက သူ ဒီလောက်ပြင်းထန်သည့်ဒဏ်ရာတွေကြောင့် သေဆုံးလုနီးပါးဖြစ်နေခဲ့ပြီးမှ ပြန်ရှင်သန်နိုင်ခဲ့သည်မှာ အံ့ဖွယ်ပဲဟုပြောခဲ့ကြသည်။

"ကျောက်ကျောက်" ဆိုသည့် စကားလုံးနှစ်လုံးသည် ကျင့်ချီကို ကယ်တင်ပေးခဲ့သည်။

ဝေ့ကျောက်ကျောက်သည် ဝေ့ရွင်းရဲ့အဖိုးတန်သမီးလေးဖြစ်သည်။ အရင်က သူသည် သူမရဲ့အထောက်အထားကို ရှင်းလင်းပြီး တရုတ်နိုင်ငံတွင်း တက္ကသိုလ်သို့ ပို့ချင်ခဲ့ပေမယ့် ဝေ့ကျောက်ကျောက်သည် စာလေ့လာရတာကို သိပ်မကြိုက်ပါ။ သူမရဲ့ပုန်ကန်တတ်သော ပင်ကိုယ်ဗီဇက သီးသန့်ဆရာများစွာကို ကြောက်လန့်စေခဲ့ပြီး ဝေ့ရွင်းကို အကူအညီမဲ့စေခဲ့သည်။ သူသည် သူမကို သူ့ဘေးမှာပဲထားပြီး စီးပွားရေးကို သင်ပေးဖို့ပဲ တတ်နိုင်ခဲ့လေသည်။

ကျင့်ချီ၏ အထောက်အထားသည် အလွန်အထိအခိုက်မခံပေ။ ဒီနေရာမှာ သူယုံကြည်ရာမရှိပါ။ သူသည် သူ့ရဲ့အရင်နာမည်နှင့် အထောက်အထားကို ဖျောက်ဖျက်ပစ်ခဲ့ပြီး "ချောင်းယန်" ဆိုသည့် နာမည်ကို ပြောင်းခဲ့ကာ ဝေ့ရွင်းထံ သစ္စာခံခဲ့သည်။

"ကျွန်တော့်ဘဝမှာ ဒီလောက်ငွေအများကြီးကို တစ်ခါမှမတွေ့ဖူးဘူး"

ဝေ့ရွင်းနှင့်ပူးပေါင်း၍ သူ့ရဲ့ပထမဆုံး အောင်မြင်မှုကိုရပြီး သူ့ရဲ့ဝေစုကို ရရှိပြီးနောက် ကျင့်ချီသည် အလွန်ပျော်ရွှင်ခဲ့သည်။ ဤအရာက ကျင့်ချီပေါ် ဝေ့ရွင်း၏ ယုံကြည်မှုကို တဖြည်းဖြည်းချင်း တိုးမြင့်လာစေခဲ့သည်။

ဝေ့ရွင်းက သူတို့ကိုမငှားခင်မှာ ထိုလူတွေရဲ့နောက်ခံများကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးသည်။ ကျင့်ချီ၏ အတိတ်နှင့် ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာမှုကို စုံစမ်းရင်း အစောပိုင်း ကောလိပ်အတွင်း သူ့ရဲ့စီးပွားရေးစွန့်စားမှုများကြောင့် ဝေ့ရွင်းသည် သူကယုံကြည်ထိုက်သည်ဟု ခံစားရသည်။

ဝေ့ရွင်း၏ အဘိဓမ္မာတွင် ကြွယ်ဝမှုကို မက်မောသော လူတွေသည် ယုံကြည်လို့ရသည်။

ကျင့်ချီက သူ့ရဲ့အဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ပြီးနောက် သူ ဝေ့ရွင်းရဲ့သံသရတွေကို ဖယ်ရှားနိုင်ခဲ့သည်။ ဝေ့ရွင်းက သူ့ကို လုပ်ငန်းကိစ္စတွေမှာ ပိုမိုပါဝင်လာစေပြီး တဖြည်းဖြည်းနှင့် "သူတို့ထဲကတစ်ယောက်" ဖြစ်အောင် လေ့ကျင့်ပေးခဲ့သည်။

အဓိကအကြောင်းပြချက်ကတော့…ဝေ့ကျောက်ကျောက်က သူ့ကိုသဘောကျနေတာကြောင့်ပါ။

ပိုက်ဆံနှင့် မိန်းမတစ်ယောက်ကို ကျင့်ချီက ဘယ်လိုလုပ် စိတ်နှလုံးအကြွင်းမဲ့ မပေးအပ်ပဲနေမှာလဲ။

"ဘာလို့ ရှင့်ကိုယ်ရှင် ချောင်းယန်လို့ခေါ်တာလဲ" ဝေ့ကျောက်ကျောက်က ဤမေးခွန်းအား ကျင့်ချီကို မကြာခဏမေးလေ့ရှိသည်။

ကျင့်ချီက သူမနှင့် တောင်ကုန်းတစ်ခုပေါ်တွင် ထိုင်ရင်း အဝေးက အနီဝင့်ဝင့် တိမ်တိုက်များကို မျက်မှောင်ကျုံ့၍ မော့ကြည့်နေပြီး သူ့မျက်လုံးများတွင် ချစ်ခြင်းတရားများ ပြည့်နှက်နေပေသည်။

"ဟိုးအရင်တုန်းက ငါက မနက်ခင်းနေမင်းကြီးဖြစ်ချင်ခဲ့တာလေ"

သူ့ကိုမနာလိုဘူး၊ သူ့လိုဖြစ်ချင်တယ်၊ သူချစ်ရတဲ့မိန်းကလေးက သူ့ပေါ်ရူးသွပ်နေလေရဲ့။

All Chapters