← Chapters

အပိုင်း (၁၀၄)

Vol. 8 Ch. 104

အပိုင်း (၁၀၄)

Vol. 8 Ch. 104

ညဉ့်နက်ချိန်၌ လျှိုက အစည်းအဝေးခန်းထဲသို့ အလောတကြီး ပြေးဝင်သွားခဲ့ပြီး အရေးပေါ်အစည်းအဝေးခေါ်ခဲ့သည်။

"နယ်စပ်လှည့်ကင်းက လွန်ခဲ့တဲ့နှစ်နာရီလောက်က ကျင့်ချီ နယ်စပ်ကိုဖြတ်သွားတယ်လို့ အစီရင်ခံခဲ့တယ်" ဟု သူကပြောသည်။

ဒီလိုအရေးကြီးသောအချိန်မှာ သူနိုင်ငံထဲသို့ ဝင်လာသည်ဆိုသည့် သတင်းက လူတိုင်းကို လုံးဝအံ့အားသင့်သွားစေခဲ့သည်။

လျှိုက စိတ်မရှည်တော့ဘဲ "အခုချက်ချင်း ကျင့်ချီနဲ့ဆက်သွယ်ရမယ်၊ ဝေ့ရွင်းနဲ့ပတ်သက်ပြီး သတင်းအချက်တွေရဖို့ ‌တစ်ယောက်ယောက်ကို စေလွှတ်လိုက်"

"မဟုတ်ဘူး" ပေါ်ရန်က ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး "ငါတို့အခု ကျင့်ချီနဲ့ ဆက်သွယ်တဲ့ထိ အတင့်ရဲလို့မဖြစ်ဘူး၊ သူ့ကိုသတ်သလို ဖြစ်သွားလိမ့်မယ်"

"ဒါပေမယ့် ဒါကအခွင့်အရေးကောင်းလေ..."

ပေါ်ရန်၏ မျက်နှာသည် အေးစက်တည်တံ့နေသည်။ "ဒီတစ်ခါ ကျင့်ချီဘာကြောင့်နိုင်ငံထဲကို ဝင်လာလဲငါတို့မသိဘူး။ ငါတို့အလျင်စလိုသူ့ကို ဆက်သွယ်လိုက်ရင် ဝေ့ရွင်း သူ့ကိုသံသယဝင်သွားနိုင်တယ်၊ နောက်ဆက်တွဲအနေနဲ့ အစီအစဉ်တွေအားလုံး ပျက်စီးသွားလိမ့်မယ်။ တစ်ခါတည်း ဒီလိုဆိုးရွားတဲ့အဖွဲ့အစည်းကို ဖြုတ်ချနိုင်ဖို့ အခွင့်အရေးကောင်း ငါတို့ထပ်ရနိုင်မှာမဟုတ်တော့ဘူး"

လျှိုလည်း တဖြည်းဖြည်း စိတ်အေးသွားပြီး ပေါ်ရန်ကိုမေးသည်။ "ဒီဆို မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"

"သူဘာလုပ်ချင်နေတာလဲဆိုတာ သေသေချာချာသိရဖို့ အရင်ဆုံး ရက်နည်းနည်းလောက် စောင့်ကြည့်ကြမယ်"

ထိုအချိန်တွင် ကျင့်ချီနောက်မှ လိုက်လာသော များစွာသော လက်အောက်ငယ်သားများက ဝေ့ရွင်းကို နေ့တိုင်းအစီရင်ခံကြသည်။

"ဘော့စ်ကျင့်က သံသယဖြစ်စရာလူတွေနဲ့ ဆက်သွယ်တာမျိုး မရှိပါဘူး။ သူ ဆရာမရဲ့တည်နေရာကိုပဲ လိုက်ရှာဖွေနေပါတယ်"

"တရုတ်ရဲတွေက ကျွန်တော်တို့ကို ပစ်မှတ်ထားမနေပါဘူး"

ဝေ့ရွင်း၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူက ပေါ့ပေါ့ပါးပါး ပြောသည်။ "အခုလူတွေကိုပြန်ခေါ်တာက စွန့်စားရာကျလွန်းတယ်"

"ဘော့စ်ဆိုလိုတာက..."

"မင်းကောင်မလေးကို ရှာတွေ့တာနဲ့ ချက်ချင်း သူ(မ)ကို ရှင်းပစ်လိုက်"

"ဟုတ်ကဲ့၊ ဘောစ့်"

ထိုနေ့လယ်ခင်းတွင် ပေါ်ရန်၏ စီစဉ်မှုအောက်မှ ကျင့်ချီသည် ချူးကျောက်ကို McDonald's ဆိုင်တွင် ထပ်တွေ့ဆုံခဲ့သည်။ ချူးကျောက်သည် လန့်ဖျတ်ဟန်ဆောင်ပြီး အပြင်သို့ပြေးထွက်သွားကာ ကျင့်ချီကနောက်မှလိုက်သွားခဲ့သည်။ သူ့နောက်မှ များစွာသော နောက်လိုက်များကလည်း ချက်ချင်းပင် လိုက်သွားခဲ့ပြီး ကျဉ်းမြောင်းသည့် လမ်းကြားလေးထဲသို့ ဝင်သွားခဲ့သော ချူးကျောက် နောက်လိုက်လာကာ သူမကိုပစ်ရန် သူတို့ရဲ့သေနတ်များကို ဆွဲထုတ်လိုက်ကြသည်။ ကျင့်ချီကလန့်သွားပြီး သူ့ဘေးက လူကိုဆွဲကိုင်၍ အော်သည်။ "မင်းတို့ဘာ‌လုပ်နေတာလဲ"

"ဘော့စ်က သူ့ကိုတွေ့တာနဲ့ ရှင်းပစ်လိုက်ဖို့ပြောတယ်။ သူ့ကိုအသက်ရှင်လျက် ပြန်ခေါ်သွားဖို့က အန္တရာယ်များလွန်းတယ်"

ယောက်ျားနှစ်ယောက်ပြောနေတုန်းမှာ ချူးကျောက်က လမ်းကြားထဲမှ ပြေးထွက်သွားပြီး တက္ကစီပေါ် တက်သွားခဲ့သည်။ ကျင့်ချီက ချက်ချင်းပင် သူ့ဘေးရှိဆိုင်ကယ်ပေါ် ခုန်တက်ပြီး သူမကိုနောက်ကိုလိုက်သွား၍ အနောက်ခပ်လှမ်းလှမ်းမှာ သူရဲ့လက်အောက်ငယ်သားများကို ချန်ထားခဲ့သည်။

တက္ကစီယာဉ်မောင်းက တကယ့်တက္ကစီယာဉ်မောင်းအစစ် မဟုတ်ဘဲ ပေါ်ရန်က မောင်းနှင်လာခဲ့တာဖြစ်သည်။ ကျင့်ချီ၏ ဆိုင်ကယ်သည် တက္ကစီနောက်မှ ကပ်လိုက်လာခဲ့ပြီး ‌အနောက်ခပ်လှမ်းလှမ်းရှိ လက်အောက်ငယ်သားများ ခြေရာမခံနိုင်တော့သည်အထိ ခဏလောက် ကွေ့ပတ်ဝေ့ဝှိုက်မောင်းနှင်နေခဲ့သည်။

တက္ကစီက တံတားမှဆင်းသွားပြီး လူသူကင်းမဲ့သော မြစ်ကမ်းဘေးတွင် ရပ်တန့်လိုက်သည်။ ကျင့်ချီ၏ ဆိုင်ကယ်သည်လည်း နောက်မှလိုက်လာပြီး ရပ်တန့်ပေသည်။

မြစ်လေများသည် ပြင်းထန်စွာ တိုက်ခတ်နေပေသည်။ ဆိုင်ကယ်ပေါ်မှာ ဆင်းပြီး ကျင့်ချီက ချူးကျောက်ဆီသို့ စိုးရိမ်တကြီး ပြေးသွားခဲ့သည်။

"မင်းအဆင်ပြေလား"

သူက သူမရဲ့ခန္ဓာကိုယ်ကို စိတ်ပူစွာစစ်ဆေးနေပြီး သူ့အသံက တုန်ခါနေပေသည်။ "ဒဏ်ရာရသွားလား"

"ကျွန်မ အဆင်ပြေပါတယ်၊ လုံးဝဒဏ်ရာမရပါဘူး" ဟု ချူးကျောက် ပြောလိုက်သည်။ "ပေါ်ရန်က ကျည်ကာအင်္ကျီဝတ်ပေးထားတာမို့ ဘာမှမဖြစ်ပါဘူး"

အတွင်းရှိ ကျည်ကာအင်္ကျီကို မြင်မှပဲ သူသည် နောက်ဆုံးတော့ သက်သာရာရသွားပြီး သူမကိုတင်းကျပ်စွာ ထပ်ဖက်ခဲ့သည်။

ရှုချောင်းယန်က လူးလှိမ့်ပြီး ကားထဲမှ ယိုင်နဲနဲဖြင့်ထွက်လာကာ ကျင့်ချီနှင့် ချူးကျောက်ကို အတူဖက်ပြီး အော်ငိုပေသည်။ "ကျင့်ချီ၊ ငါ့ကျင့်ကျင့်၊ မင်းအဆင်ပြေနေလို့ အရမ်းဝမ်းသာတယ်။ ငါမင်းကိုဘယ်လောက်တောင် စိတ်ပူခဲ့လဲ မင်းသိရဲ့လား။ အရူးကောင် ငါတို့ကိုအမှောင်ထဲမှာ အကြာကြီးထားသွားတယ်၊ တစ်ချိန်လုံး လူတိုင်းကို နားလည်မှုလွဲအောင်လုပ်တယ်"

ကျင့်ချီကရှင်းပြသည်။ "အစက ငါ့မှာပြန်လာဖို့ အခွင့်အရေးတော့ရှိခဲ့တယ်၊ ဒါပေမယ့် ငါတို့အကြာကြီးသည်းခံစောင့်ခဲ့ရပေမယ့် ဝေ့ရွင်းကို ဖြုတ်ချနိုင်စွမ်းမရှိခဲ့ဘူးလေ၊ ငါသာ အစွမ်းကုန်ကြိုးစားမယ်ဆို တစ်ခါတည်း သူတို့ကိုရှင်းပစ်နိုင်မယ်လို့ ထင်ခဲ့တာ၊ ပြီးတော့ ငါကိုယ်တိုင်အတွက်လည်း အကြွေးတောင်းရမယ်"

"မင်းက အကြွေးတောင်းချင်လို့ပေါ့လေ။ မင်း...သစ္စာဖောက်တစ်ယောက် ဖြစ်လုနီပါးပဲကွ"

ချူးကျောက်က ကောင်လေးနှစ်ယောက်ကြားမှာ ညှပ်ထားခံရပြီး အသက်တောင် အနိုင်နိုင်လုရှူနေရသည်။ "ဟေး၊ မဖြေရှင်းခင် အရင်ဆုံး ရှင်တို့နှစ်ယောက် ကျွန်မကို လွှတ်လိုက်ကြပါလား"

ကျင့်ချီက ရှုချောင်းယန်ကို ဆွဲထုတ်ပြီး "မင်း ငါ့ကောင်မလေးကို အသက်ရှူကျပ်အောင် လုပ်နေတာပဲ၊ ဝေးဝေးသွားနေ"

ရှုချောင်းယန်က သူမကို တွန့်ဆုတ်စွာ လွှတ်လိုက်ရသည်။

ကျင့်ချီ နောက်လှည့်ကြည့်တော့ ပေါ်ရန်ကို မြင်လိုက်ရသည်။ ဆယ်စက္ကန့်လောက် အကွာအဝေးတစ်ခုမှ ယောက်ျားနှစ်ယောက်က အချင်းချင်း စိုက်ကြည့်နေကြပြီး ပေါ်ရန်က လျှောက်လာ၍ သူ့ကိုတင်းကျပ်စွာ ဖက်လိုက်သည်။

သူက ကျင့်ချီ နောက်ကျောကို အားနဲ့ရိုက်လိုက်ပြီး "အရင်တည်းက ငါ မင်းကိုပြောပါတယ်၊ မင်းက ကံကောင်းတဲ့ခွေးကောင်ပဲ"

ကျင့်ချီ၏ မျက်လုံးများသည် ပူနွေးလာပြီး တစ်ခါတည်း ခံစားချက်လှိုင်းလုံးက လှိုက်တက်လာသည်။ "ငါ မင်းကို ထပ်မတွေ့ရတော့ဘူးလို့ တွေးမိခဲ့တာ"

သူတို့ခွဲခွာခဲ့တုန်းက သူတို့သည် ကျောင်းဝင်းအတွင်းမှ ထွက်ခါစ ဘာမှမသိသည့် ကောလိပ်ကျောင်းသားလေးတွေပဲ ဖြစ်နေတုန်းပင်။ ဒါပေမယ့် အခုတော့ ကျည်ဆန်နှင့် ခဲများရဲ့တိုက်ပွဲများကြား ရုန်းကန်ခဲ့ပြီးနောက် သူတို့ရဲ့မျက်နှာရှိ ငယ်ရွယ်မှုအရိပ်အယောင်များသည် ပျောက်ကွယ်သွားပြီး ရင့်ကျက်မှုနှင့် ကြမ်းတမ်းမှုက အစားထိုးဝင်ရောက်လာကာ တည်ငြိမ်မှုနှင့် စိတ်ရှည်သည်းခံမှုသည်လည်း ဝင်ရောက်လာခဲ့သည်။

"ငါတို့အကြာကြီး ကြန့်ကြာသွားလို့မဖြစ်ဘူး" ကျင့်ချီက ပေါ်ရန်ကိုပြောသည်။ "အဲ့လက်အောက်ငယ်သားတွေက ငါ့ကို သိပ်မကြာခင် ထပ်ရှာကြမှာ။ အလုပ်ကိစ္စကို အရင်ပြောရအောင်"

သူက အခြေအနေကို အတိုချုံးရှင်းပြသည်။ ချူးကျောက်သည် ချက်ချင်းပင် သူမ သူနှင့်ပြန်လိုက်နိုင်ကြောင်း ပြောခဲ့သည်။

ဒါပေမယ့် ကျင့်ချီက ခေါင်းခါပြီး "မဟုတ်ဘူး၊ ကိုယ်မင်းကို ပြန်မခေါ်သွားနိုင်ဘူး"

စောစောက လက်အောက်ငယ်သားတွေ၏ ချူးကျောက်ကို သေနတ်နဲ့ချိန်နေကြတဲ့မြင်ကွင်းသည် ကျင့်ချီ၏ ဘဝတစ်လျှောက် အိပ်မက်ဆိုးဖြစ်လာနိုင်လောက်သည်။ သူ့အသက် ပေးဆပ်ရမယ်ဆိုရင်တောင် သေချာပေါက် သူ ‌ချူးကျောက်ကို ထပ်ပြီးစွန့်စားခွင့်မပြုနိုင်ပါ။

"မင်းရှုချောင်းယန်နဲ့ပဲနေပါ" ကျင့်ချီက သူမကို သေသေချာချာပြောခဲ့သည်။ "နေခဲ့တာက မင်းအတွက် အလုံခြုံဆုံးပဲ"

"ဒါပေမယ့် ရှင်ကရော"

ကျင့်ချီက ပေါ်ရန်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးပဲပြောသည်။ "ငါ သူ့ကိုပြန်မခေါ်လာချင်လို့ မဟုတ်ဘူး၊ မခေါ်နိုင်တာ။ ငါဒဏ်ရာရနေလို့"

ပေါ်ရန်က သူ့ရဲ့နက်နဲသော မျက်လုံးများမှ သူ့ရဲ့ရည်ရွယ်ချက်ကို နားလည်ပြီး တိတ်ဆိတ်သွားခဲ့သည်။

ခဏလောက်နေတော့ သူက ရှုချောင်းယန်ဘက်ကို လှည့်ပြောသည်။ "ချူးကျောက်ကို ခေါ်သွား"

ညီအစ်ကိုသုံးယောက်ကြားရှိ တိတ်တဆိတ်နားလည်မှုကို မယှဉ်ပြိုင်နိုင်ပါ။ ချူးကျောက် မတုံ့ပြန်နိုင်ခင်မှာ ရှုချောင်းယန်က သူမရဲ့လက်မောင်းကိုဆွဲကိုင်ပြီ သူ့ပခုံးပေါ် သူမကို တင်လိုက်သည်။

"လွှတ်၊ ရှုချောင်းယန်၊ ကျွန်မကိုလွှတ်" ချူးကျောက်ယန်၏ လက်ကို အားပြင်းစွာကိုက်ခဲပြီး သူသည် နာကျင်မှုကြောင့် သူမကိုပစ်ချလုနီးပါးပင်။

"ကောင်မစုတ်လေး၊ မင်းကခွေး ဒါမှမဟုတ် တစ်ခုခုပဲ"

ချူးကျောက်က ငိုယိုပြီး ကျင့်ချီဆီ သွားပြန်သည်။ ရှုချောင်းယန်က အနောက်မှသူမကို လှမ်းဆွဲပြီး သူမရဲ့ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်၍ နောက်လက်တစ်ဖက်ဖြင့် သူမရဲ့မျက်လုံးများကို ကာထားခဲ့သည်။

"မကြည့်နဲ့"

ချူးကျောက်သည် အားနည်းစွာ အော်ခေါ်နေပြီး သူမရဲ့အသံသည် အက်ကွဲလုနီပါးပင်။ ရှုချောင်းယန်ရဲ့လက်ချောင်းများအောက်မှာ မျက်ရည်များ စီးကျလာပေသည်။

မြစ်လေများက တိုက်ခတ်နေသည်။ တံတားအောက်တွင် ပေါ်ရန်သည် သူ့သေနတ်ကို ထုတ်ယူပြီး ကျင့်ချီရဲ့နှလုံးသို့ ချိန်လိုက်သည်။

ကျင့်ချီက သူ့မျက်လုံးများကို မှိတ်လိုက်ပြီး "လုပ်လိုက်တော့"

ဒဏ်ရာရပြီးနောက် ကျင့်ချီက သူ့ဒဏ်ရာများကို ချက်ချင်းမကုသဘဲ အဲဒီအစား ရေလမ်းကြောင်းဖြင့် နယ်စပ်ကိုကျော်ဖြတ်ပြီး နီသန်ကိုပြန်သွားခဲ့သည်။ ထိုအချိန်တွင် သူသည် သွေးအများကြီး ဆုံးရှုံးထားရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကာ သတိမေ့မျောသွားခဲ့သည်။

ဝေ့ကျောက်ကျောက်သည် ဝေ့ရွင်းရဲ့အလုပ်ခန်းထဲတွင် တော်တော်လေးကို ဝုန်းဒိုင်းကြဲခဲ့ပေသည်။

ဝေ့ရွင်းက သူ့လက်အောက်ငယ်သားတွေထံမှ အခြေအနေ၏ လိုရင်းတိုရှင်းကို ကြားခဲ့ရသည် - ကျင့်ချီက ဆရာမကို ရှာတွေ့ခဲ့ပေမယ့် သူမနောက်လိုက်ရင်း တရုတ်ရဲတွေကို နှိုးဆော်မိသွားခဲ့သည်။ ရဲက ကျင့်ချီကို ပစ်ခတ်ခဲ့ပေမယ့် မသေခဲ့ဘဲ အံ့ဩစရာကောင်းစွာ လွတ်မြောက်ခဲ့သည်။ သူက တစ်စက္ကန့်‌တောင် မတုံ့ဆိုင်းဘဲ သူ့မှာဒဏ်ရာတွေရနေပေမယ့် ရေလမ်းကြောင်းဖြင့် နယ်စပ်ကို ဖြတ်ကျော်လာခဲ့သည်။

ဝေ့ရွင်း၏ မျက်နှာသည် မည်းမှောင်နေပြီး ကျင့်ချီရဲ့အခန်းကိုသွားခဲ့သည်။ သူ့ရဲ့ဆရာဝန်သည် ရင်ဘတ်ဒဏ်ရာကို ကုသပေးနေရင်း ပြောသည်။ "သူသွေးတွေအများကြီး ဆုံးရှုံးထားတယ်၊ ပြီးတော့ အချိန်မီကုသမှု ခံယူမထားဘူး၊ ဒါကြောင့် ဒဏ်ရာက အခု တော်တော်လေးကို ဆိုးရွားနေပြီ။ သူ့အခြေအနေက အရမ်းအန္တရာယ်များတယ်"

"သူဘယ်တော့ နိုးလာမှာလဲ"

"ပြောရခက်တယ်" ဆရာဝန်ကပြန်ပြောသည်။ " သူ ဒီည အန္တရာယ်အများဆုံး ကာလကို ဖြတ်ကျော်နိုင်မလား စောင့်ကြည့်တာပေါ့"

ဝေ့ကျောက်ကျောက်က သူမရဲ့အဖေကို အခုတော်တော်လေး ဒေါသထွက်နေခဲ့သည်။ "အဲဒါအကုန်လုံးအဖေအမှားပဲ။ အန္တရာယ်ရှိမှန်းသိသားနဲ့ အဖေ သူ့ကို တရုတ်ကိုလွှတ်လိုက်တယ်။ ပြီးတော့ ဆရာမတစ်ယောက်အတွက်နဲ့များ အဖေ သူ့ကိုသတ်လုနီပါးပဲ။ အဖေ ကျွန်မရဲ့ယောက်ျားကို သတ်မိတော့မလို့"

ဝေ့ရွင်းက သူမရဲ့ဆူညံမှုကြောင့် အနှောင့်အယှက်ဖြစ်နေပြီး ဆရာဝန်နှင့် လသာဆောင်ကိုထွက်သွားကာ အသံတိုးတိုးဖြင့် မေးမြန်းခဲ့သည်။ "ငါ့ကိုရိုးရိုးသားသားပြောစမ်း၊ ချောင်းယန်ရဲ့သေနတ်ဒဏ်ရာက ကိုယ့်ဘာသာပစ်ခဲ့တာလား တစ်ယောက်ယောက်က လုပ်လိုက်တာလား"

ဆရာဝန်ကပြန်ဖြေသည်။ "ဒဏ်ရာရဲ့တည်နေရာနဲ့ ကျည်ဆန်ရဲ့အနက်ကို အခြေခံကြည့်ရင် တစ်ယောက်ယောက်က အဝေးကနေ ပစ်လိုက်တာမျိုးပါ။ သူ့နှလုံးက မီလီမီတာအနည်းငယ်နဲ့ လွတ်သွားတာ - အတော်လေးကို အန္တရာယ်များပါတယ်။ ပစ်ခတ်တဲ့သူက သူ့ကိုတကယ်သေစေချင်ပုံပဲ"

ဝေ့ရွင်းက စဉ်းစားတွေးတောရင်း ခေါင်းညိတ်ပြီး ထပ်ပြောသည်။ "သုံးလအတွင်း အပြည့်အဝ ပြန်ကောင်းလာစေဖို့ သူ့အတွက် လိုအပ်တာမှန်သမျှကိုသုံးပါ"

"သုံးလအတွင်း?" ဆရာဝန်က တုံ့ဆိုင်းသွားခဲ့သည်။ "သူ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ သုံးလအတွင်း အလုံးစုံပြန်ကောင်းလာဖို့က တော်တော်လေးတော့ ခက်ခဲမယ်"

"ဝေ့ရွင်းက အေးစက်စွာပြောသည်။ "သူ့ကို အကောင်းဆုံး တင်သွင်းဆေးဝါးတွေ ပေးလိုက်။ သူပြန်ကောင်းလာရမယ်"

ကိုမာဝင်နေစဉ်အတွင်း ကျင့်ချီသည် သူ့ကောလိပ်နေ့ရက်များတွင် မျောလွင့်နေခဲ့သည် - အဲဒီပရုတ်သုတ်ခနှင့် တက်ကြွဖျတ်လတ်ခဲ့သောနှစ်များ၊ အဆင်မပြေသော တစ်ဖက်သတ် အချစ်ဇာတ်လမ်းများနှင့် ချိုမြိန်သော ဝန်ခံချက်များ...

သူသည် ကိုယ့်ကိုယ်ကိုအတွက် ဘယ်လိုကြိုးပမ်းရမလဲသိသော ယောက်ျားလေးတစ်ယောက်ပင်၊ အဘယ်ကြောင့်ဆိုသော် သူ့ရဲ့ကိုယ်ပိုင်အင်အားဖြင့် သူ့ရဲ့အနာဂတ်သည် အဆုံးမရှိသော လုပ်နိုင်စွမ်းများကို ဆုပ်ကိုင်ထားသည်ဟု သူယုံကြည်ခဲ့သည်။ သူချစ်သောမိန်းကလေးသည် သူ့နောက်ကိုလိုက်ပါလာမည်ဆို ပျော်စရာအကောင်းဆုံးဘဝတစ်ခုကို ပေးနိုင်မည်ဟု ယုံကြည်ချက်ရှိခဲ့သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း အဆုံးတွင်ပင် သူသည် မျှော်လင့်ချက်ကို မစွန့်လွှတ်ခဲ့ဖူးပါ။

တစ်လလောက်ကြာတော့ ကျင့်ချီသည် အိပ်ရာမှထပြီး အနားတစ်ဝိုက် လမ်းလျှောက်နိုင်လောက်အောင် ပြန်သက်သာလာခဲ့သည်။

သူက လယ်ကွင်းများထဲတွင် ထိန်းချုပ်မရှိ ပေါက်ရောက်သော မြက်ရိုင်းကဲ့သို့ လျင်မြန်စွာ ပြန်သက်သာလာခဲ့ပေသည်။ ဤကံဆိုးခြင်းသည် သူ့အတွက် ကောင်းသောကံကောင်းခြင်းကို ယူဆောင်လာခဲ့သည်၊ အခု ဝေ့ရွင်းသည် သူ့ကို အလုံးစုံယုံကြည်သွားခဲ့ပြီး အရေးကြီးသော လျှို့ဝှက်တာဝန်တွေကိုလည်း သူ့ကိုပေးအပ်လာခဲ့သည်။

အတိတ်မှာ ရှန်ဖျင်ချွမ် ကျင့်ချီကို အကဲဖြတ်ခဲ့တုန်းက သူ့ရဲ့အယူဝဒနှင့် စိတ်ရှည်သည်းခံမှုက လူများကို မသိလိုက်ဘဲ သူ့ကိုယုံကြည်လာစေခဲ့သော အေးချမ်းမှုရောင်ဝါကို ပေးစွမ်းပေသည်။

သုံးလကြာပြီးနောက် အပေးအယူတစ်ခုသည် အဝေးပြေးလမ်းမ ၉၈ ပေါ်တွင် ဖြစ်ပျက်ခဲ့ပြီး ငွေနှင့် ကုန်ပစ္စည်းများ - ပစ္စည်းများပြည့်နှက်နေသော ကုန်တင်ကားများက််ို လဲလှယ်ခဲ့သည်။

ဒါပေမယ့် တကယ်တမ်းတော့ ကုန်တင်ကားများသည် လှည့်စားသည့်အနေဖြင့် ဂျုံမှုန့်အိတ်ရာနှင့်ချီသာ ပါဝင်ခဲ့သည်။ ကျင့်ချီမျှော်လင့်ထားသည့်အတိုင်းဆို ဤအပေးအယူသည် ဝေ့ရွင်း၏လက်ရှိပိုင်ဆိုင်မှုအားလုံးနီးပါးကို ကိုယ်စားပြုတာကြောင့် သူသည် သူ့လူတွေတစ်ယောက်မှကို ဒီကိစ္စကိုင်တွယ်ဖို့ အယုံအကြည်မရှိခဲ့ပေ။ တကယ့်ကုန်ပစ္စည်းများကို ရေလမ်းကြောင်းမှတဆင့် ပို့ဆောင်လိုက်ပြီး အပေးအယူ လုပ်မည့်နေရာသည် မဲခေါင်မြစ် မိုးသစ်တော သီးသန့်နယ်မြေတွင်ဖြစ်သည်။ ကျင့်ချီသည် ထိုနေရာမှာ စောင့်ကြပ်ပြီး သူ့ကိုကာကွယ်ရမည်။

တစ်ဖက်လူက တရုတ်မူးယစ်ဆေးဝါးဘုရင်အယောင်ဆောင် ပေါ်ရန်တော့ မဟုတ်ခဲ့ဘူး။ အဲဒီအစား တခြားအမေရိကန်မူးယစ်ဆေးဝါးဘုရင်ကြီး ဖြစ်ခဲ့သည်။

ဝေ့ရွင်းသည် ဒီကိစ္စကို အခု သူယုံကြည်ရသည့် တစ်ယောက်တည်းသောလူဖြစ်သည့် ကျင့်ချီမှလွဲ၍ လူတိုင်းကိုလျှို့ဝှက်ခဲ့သည်။

အပေးအယူ မလုပ်မီညတွင် ရှောင်ဟွိုက်သည် ခက်ခက်ခဲခဲ လွတ်မြောက်ရန်စီစဥ်ကာ ကျရှုံးလုနီးပါးဖြစ်ပြီးနောက် ဤသတင်းကို ပို့ပေးခဲ့သည်။ သူမ ချူးကျောက်နှင့် တွေ့ဆုံပြီး ကျင့်ချီ သူမကို ပို့ဆောင်ပေးဖို့ ပြောခဲ့သည့် အကြောင်းအရာကို မျက်ရည်စက်လက်ဖြင့် ပြန်မပြောခင်အထိ ဘယ်သူ့မှ မယုံခဲ့ကြပါ။

ချူးကျောက် သူမကိုပေးခဲ့သော တရုတ်တွင်လွတ်လပ်သောဘဝကို ရစေရပါမယ်ဆိုသည့် ကတိသည် ဤအရာကိုလုပ်ဖို့ သူမကို ခွန်အားတွေပေးခဲ့ပေသည်။

သတင်းကိုသိရှိပြီးနောက် ပေါ်ရန်က လျင်မြန်စွာဖြင့် ထိန်းချုပ်ပြီး လူရောကုန်ပစ္စည်းတွေရော သိမ်းဆည်း၍ ဝေ့ရွင်းကို မဲခေါင်မြစ်တွင် လက်ဝယ်ဖမ်းဆီးရန် နယ်စပ်အင်အားများနှင့် ညှိနှိုင်းခဲ့သည်။

နှစ်ပေါင်းများစွာကြာ ပရမ်းပတာများကို ဖြစ်စေခဲ့သော နာမည်ဆိုးနှင့် ကျော်ကြားသည့် မူးယစ်ဆေးဝါးဘုရင်တစ်ယောက်အနေနှင့် ဝေ့ရွင်းသည် ခုခံမနေခဲ့ပါ။ သူ့ရဲ့ငါးဖမ်းလှေကို ရဲတွေက ဝန်းရံလိုက်သောအခါ သူ့ရဲ့နေဝင်ချိန်ကို ရောက်ခဲ့ပြီဆိုတာကို နားလည်သွားခဲ့ပြီး သူနှင့် နီးကပ်စွာရှိနေသော ကျင့်ချီကို သူ့ရဲ့အနက်ရောင်သေနတ်ဖြင့် ချိန်ခဲ့ပေသည်။

သူ့မျက်လုံးများသည် နီရဲလာပြီး ပိတ်မိနေသော သားရဲတစ်ကောင်ရဲ့အန္တရာယ်ရှိသော အရိပ်အယောင် ထွက်ပေါ်လာသည်။

အပေါ်က ဟယ်လီကော်ပတာအတွင်းရှိ ပေါ်ရန်သည် သူ့ရဲ့စနိုက်ပါရိုင်ဖယ်ဖြင့် ဝေ့ရွင်းကို ချိန်ထားခဲ့သည်။

နောက်ဆုံးအခိုက်အတန့်၌ ကျည်ဆန်သည် လှေ၏မှန်ကိုဖောက်ထွင်းဝင်ရောက်သွားပြီး ဝေ့ရွင်း၏ညာလက်ကို ထိမှန်ခဲ့လေသည်။ ကြီးမားသော ထိခိုက်မှုသည် သူ့ခန္ဓာကိုယ်ကို ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားစေခဲ့ပြီး ထိန်းချုပ်ခလုတ်ပေါ် လဲမကျသွားခင်ထိပင်။

ကျင့်ချီက ဝေ့ရွင်းကို ဖမ်းဆီးရန် လျင်မြန်စွာ လှမ်းလာခဲ့ကာ လက်ထိပ်ခတ်ပြီးနောက် လှေပေါ်တက်လာသော အထူးတပ်ဖွဲ့ဝင်တွေထံသို့ သူ့ကိုပစ်ပေးလိုက်သည်။

ဝေ့ရွင်းက ကျင့်ချီကြည့်ရင်း နာကြည်းစွာပြောသည်။ "ငါ မင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်၊ ဒါပေမယ့် မင်းက ငါ့ကို တစ်လျှောက်လုံး လှည့်ဖြားလာခဲ့တာပဲ။ မင်းက ဆင်းဆင်းရဲရဲမနေချင်ဘူး၊ ပိုက်ဆံတွေရှာချင်တယ်လို့ ပြောခဲ့တယ်လေ၊ ဒါကြောင့် ငါ မင်းကိုအခွင့်အရေးပေးခဲ့တာ။ ဒါပေမယ့် အခုမင်း ငါ့ကိုဘယ်လိုပြန်ဆပ်လိုက်တာလဲ။ ငါ မင်းကို ငါ့သမီးနဲ့တောင်ပေးစားခဲ့တာ။ မင်းဘာတွေ ထပ်လိုချင်သေးတာလဲ"

ကျင့်ချီက သူ့ကိုကြည့်ပြီး ပြတ်ပြတ်သားသားပဲ ပြောသည်။ "ကျွန်တော်ပိုက်ဆံတွေလိုချင်တာပေါ့၊ ဒါပေမယ့် ချစ်သူလေးက စစ်ယူနီဖောင်းနဲ့ပဲ မြင်ရတာပိုသဘောကျတယ်"

တစ်လကြာပြီးနောက် ဆုတံဆိပ်ချီးမြှင့်ပွဲအခမ်းအနားတွင် ကျင့်ချီသည် ဒူးတစ်‌ဖက်‌ထောက်ပြီး ချူးကျောက်ကို လက်ထပ်ခွင့်တောင်းခဲ့သည်။

သူတို့ရဲ့မင်္ဂလာပွဲကို ကမ်းခြေမှာကျင်းပခဲ့ပြီး သူတို့ရဲ့ရဲဘော်ရဲဘက်များအားလုံး တက်ရောက်ခဲ့ကြပြီး သူတို့ရဲ့ပျော်ရွှင်မှုကို သက်သေထူပေးခဲ့ပေသည်။

ကျင့်ချီသည် သူ့ရင်ဘတ်ပေါ်တွင် သူ့အသက်ကိုရင်း၍ တိုက်ပွဲဝင်ခဲ့ခြင်းမှရရှိခဲ့သော ဂုဏ်ပြုဆုတံဆိပ်နှင့် ကြည့်ကောင်းလှသော စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ သူငယ်ရွယ်စဉ်က တိတ်တခိုး ချစ်မြတ်နိုးခဲ့ရသော မိန်းကလေးရဲ့လက်ကို ကိုင်ထားပြီး အတိတ်ကခက်ခဲမှုတွေအားလုံးသည် ဤပျော်ရွှင်မှုအခိုက်အတန့်ကို ဆောင်ယူလာခဲ့သလို ခံစားရပေသည်။

မင်္ဂလာပွဲ၏ နေ့လယ်ခင်းတွင် သတို့သားအရံများနှင့် သတို့သမီးအရံများသည် သူတို့ရဲ့သတ်မှတ်ထားသည့် အဝတ်အစားများဖြင့် ပေါ့ပေါ့ပါးပါးပဲ ကမ်းခြေမှာ ထိုင်နေကြပြီး သူတို့ရဲ့အစစ်အမှန် အတွေးများကို ချုပ်တည်းထားခြင်းမရှိဘဲ ဝန်ခံကြပေသည်။ ကျင်းရှီသည် ကျင့်ချီကို လူတိုင်းစိတ်ထဲမှာရှိနေသော မေးခွန်းတစ်ခုကို မေးခဲ့သည် -

"ရှင်ဘာလို့ ချူးကျောက်ကို သဘောကျသွားတာလဲ။ သူရဲ့နှလုံးသားက တခြားသူဆီမှ အပ်နှံထားတယ်ဆိုတာ ရှင်သိသားနဲ့ သူ့ကိုလိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကျွန်မအမြဲတမ်းသိချင်ခဲ့တာ"

ကျင့်ချီက ခဏလောက်တွေးတောပြီး ပြန်ဖြေသည်။ "သူ ရှုချောင်းယန်ကို ချစ်နေတာကို ငါသဘောကျတယ်"

လင်းလောက မျက်မှောင်ကျုံ့ပေသည်။ "ဘာဆိုင်လို့လဲ။ အဲဒါက ရှုပ်ထွေးလွန်းသွားပြီ"

"သူ ရှုချောင်းယန်ကို ချစ်တာကို ရှင်သဘောကျတယ်" ကျင်းရှီက နိဂုံးချုပ်သည်။ "ဒါဆို ရှင် ရှုချောင်းယန်ကို သဘောကျနေတာပဲဖြစ်ရမယ်"

ဤဖော်ပြချက်က လူတိုင်းကို ကျယ်လောင်စွာရယ်မောစေခဲ့သည်။

ပေါ်ရန်က သတိပေးတဲ့အနေဖြင့် ကျင်းရှီရဲ့ခေါင်းလေးကို ပုတ်လိုက်သည်။ သူမသည် သူ့လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပေသည်။

ကျင့်ချီက ချူးကျောက်ကို နူးညံ့စွာကြည့်ရင်း "သူ့ရဲ့သတ္တိကို ငါမြတ်နိုးတယ်လေ"

ကျင်းရှီက ရယ်မောပြီး ပြောသည်။ "ကန်းနေတာလား။ သတ္တိရှိတယ်ပေါ့လေ။ အဆောင်ထဲမှာ ဘယ်လောက်တောင် ကြောက်လန့်နေ‌တဲ့ကြောင်ဖြစ်ခဲ့လဲ မမြင်ဘူးလား"

ချူးကျောက်က ကျင်းရှီရဲ့ခြေဗလာကို ကန်လိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ငါရပ်လိုက်ပြီ။ နင့်ရဲ့အထူးနေ့ကောင်းရက်မြတ်အတွက် စုဝေးမှုကို မဖျက်ဆီးချင်ပါဘူး"

ဒါပေမယ့် သိပ်မကြာခင်မှာပင် ကျင်းရှီက သူတို့ကို ထပ်စနောက်ချင်စိတ်ကို မခုခံနိုင်တော့ပေ။ သူမက ကျင့်ချီကိုမေးသည်။ "အရင် Truth or Dare ကစားတုန်းကလေ တချို့လူတွေက ရှုချောင်းယန်ကို ချူးကျောက်ကို နမ်းခိုင်းခဲ့ကြတယ်လေ။ သူတို့ အခုနောင်တရနေမလားလို့ ကျွမ်မစဉ်းစားမိတယ်"

သူမ ဒါကိုပြောလိုက်တာနှင့် လူတိုင်းသည် စိတ်လှုပ်ရှားစွာ မြည်တမ်းကြပြီး စုံတွဲကို မျှော်လင့်တကြီး ကြည့်နေကြသည်။

ချူးကျောက်သည် ကျင်းရှီရဲ့ခေါင်းကို ခေါက်လိုက်သည်။ "နင့်ရဲ့လက်လွယ်စပယ် လျှာလေးကို ထိန်းလိုက်စမ်း။ ဒီလိုရှေးသမိုင်းကို မြှုပ်နှံထားလိုက်တော့ပေါ့"

ကျင့်ချီက မသိသလိုဟန်ဆောင်ခဲ့သည်။ "ဟမ်၊ အဲ့ကိစ္စကို ငါမှတ်တောင်မမှတ်မိတော့ဘူး"

"မင်းဖြစ်ချင်သလိုပဲ ဆက်ဟန်ဆောင်နေလိုက်တော့"

ရှုချောင်းယန်ကလည်း ရယ်မောရင်း "ပြီးတော့ တချို့ကောင်က သူ့ရဲ့သေပွဲဝင်နေချိန်မှာ သူ့ကောင်မလေးကို စောင့်ရှောက်ဖို့ ငါ့ကိုမှာခဲ့တာလေ။ စောင့်ရှောက်ပေးရဦးမလားလို့ ငါစဉ်းစားမိတယ်"

ချူးကျောက်က ကျင့်ချီကို စိုက်ကြည့်လိုက်သည်။ "ရှင် သူ့ကို ကျွန်မကို စောင့်ရှောက်ခိုင်းခဲ့တာလား"

ကျင့်ချီက လျင်မြန်စွာ ရှင်းလင်းခဲ့သည်။ "စောင့်ရှောက်ပေးဆိုတာက အရမ်းကိုရိုးသားတဲ့နည်းလမ်းနဲ့ပါ။ စောင့်ရှောက်ပေးဖို့ တခြားနည်းလမ်းရှိလို့လား။ မင်းတို့ကောင်တွေက အရမ်းတွေးလွန်းတယ်၊ ဘယ်လိုတောင်မသင့်လျော်တာတွေလဲ"

"ကောင်းပြီ၊ အမြဲတမ်း ရှင့်မှာ အရာအားလုံးအတွက် ဖြေရှင်းချက်က ရှိနေတာပဲ"

အနှစ်ချုပ်အနေနဲ့ဆိုရသော် ငယ်ရွယ်သော သုံးပွင့်ဆိုင်အချစ်သည် လူတိုင်းအတွက် အတင်းပြောစရာများ ပြည့်နှက်နေသော အကြောင်းအရာတစ်ခုဖြစ်သည်။ ပါဝင်နေသည့်လူတွေက အတိတ်ကို ကျော်လွန်သွားတဲ့အခါမှာ သူတို့သည် ပြန်တွေးကြည့်ပြီး ရယ်မောနိုင်လာကြသည်။

နေဝင်ရီတရောအချိန်၌ ပေါ်ရန်သည် ကျင်းရှီ၏ လက်ကို ကိုင်ထားရင်း ကမ်းခြေတစ်လျှောက် လမ်းလျှောက်ပေသည်။

ကျင်းရှီသည် အဖြူရောင်ကမာခွံကို ကောက်ယူပြီး ပေါ်ရန်၏အိတ်ကပ်ထဲ ထည့်ပေသည်။ ခဏနေတော့ သူမသည် နောက်တစ်ခုကို ကောက်ယူပြီး ထည့်ပြန်သည်...

သိပ်မကြာခင်မှာ ပေါ်ရန်၏ ရှပ်အင်္ကျီအိတ်ကပ်သည် ကမာခွံလေးများနှင့် ပြည့်နှက်သွားသည်။

သူက ကျင်းရှီကို မတတ်နိုင်စွာမေးသည်။ "မင်းအများကြီးစုဆောင်းနေတာပဲ။ ကိုယ်တို့ ပြန်ရောက်ရင် မင်းသူတို့ကို ကြော်စားမို့လား"

"ရှင်က ဘာလို့စားဖို့ပဲတွေးနေတာလဲ"

ပေါ်ရန်က ရယ်မောခဲ့သည်။ "ပြောရမယ်ဆို ကိုယ် အစ်ကိုရှန်ကို တကယ်လွမ်းတယ်။ သူ့ရဲ့ထူးဆန်းတဲ့ ချက်ပြုတ်နည်းတွေကို လွမ်းတယ်"

"အစားအသောက်နဲ့ ရှင့်ရဲ့အဖိုးတန်အစ်ကိုရှန်ကလွဲပြီး တခြားဟာကို စဉ်းစားမရဘူးလား"

ပေါ်ရန်က ကောင်မလေး၏ နှင်းဆီရောင် ပါးပြင်တွေကို ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။ "ကမာခွံတွေ ဒီလောက်အများကြီး ဘာလို့စုဆောင်းနေလဲလို့ ကိုယ်မေးမှာကို မင်းမျှော်လင့်ထားတယ်မလား"

"ဝိုး၊ ကလေးလေး ရှင်က ဉာဏ်အရမ်းကောင်းတာပဲ။ ကျွန်မကို ပြောစမ်းပါ၊ ကျွန်မ ဘာလို့ကမာခွံတွေအများကြီး စုဆောင်းနေတာလဲ"

"အဲဒါတွေကို ကြော်စားဖို့မဟုတ်ဘူး..." ပေါ်ရန်ကစဉ်းစားပြီး "ဖြစ်နိုင်တာ...ကိုယ့်ရဲ့အစ်ကိုရှန်အတွက် လက်ဆောင်များလား"

ကျင်းရှီက ဒေါသထွက်သွားသည်။ "ရှင့်အစ်ကိုရှန်ကလွဲပြီး ရှင့်စိတ်ထဲမှာ တခြားတစ်ယောက်အတွက်ရော နေရာရှိရဲ့လား။ ရှင်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းကိုချစ်နေကြတာပဲ၊ ဘာလို့အတူတူနေပြီး ကလေးတွေ မမွေးတာလဲ"

ပေါ်ရန်က ကျင်းရှီရဲ့လက်ကိုကိုင်ပြီး ရယ်ခဲ့သည်။ "အဲဒါကျ ကိုယ့်စွမ်းအားထက် ကျော်လွန်သွားပြီလေ"

ပင်လယ်လေက ဖြတ်တိုက်သွားပြီး ပေါ်ရန်ရဲ့အပြုံးသည် အေးခဲသွားသည်။ "ရှီရှီ မင်းဘာပြောလိုက်တာလဲ"

"ကျွန်မပြောတာ၊ ရှင်ဘာလို့သူ့ကို ရှင့်ကလေးမမွေးခိုင်းတာလဲ..." သူမရဲ့ပါးပြင်များသည် အတော်လေးကို နီရဲသွားခဲ့သည်။ "အာ၊ ထားလိုက်တော့၊ ဘာမှမဟုတ်တော့ဘူး"

ပေါ်ရန်က ရုတ်တရက် စိတ်လှုပ်ရှားသွားပုံပင်။ သူက ကမာခွံများပြည့်နေသော အိတ်ကပ်ကို ထိလိုက်သည်။ "ဒီလက်ဆောင်က ဘယ်သူ့အတွက်လဲ"

"အ-အင်း၊ လက်ဆောင်ပဲ"

ပင်လယ်နှင့်ကောင်းကင်တို့ ဆုံတွေ့ပြီး နေ့သည် ညနှင့်ပေါင်းစည်းသွားသည့် အခိုက်အတန့်တွင် ပေါ်ရန်သည် ရုတ်တရက် ကိုင်းပြီး သူ့ကောင်မလေးကို နမ်းလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ဒါက အကောင်းတကာ့အကောင်းဆုံးလက်ဆောင်ပဲ"

All Chapters