← Chapters

အပိုင်း (၁၀၅)

Vol. 8 Ch. 105

အပိုင်း (၁၀၅)

Vol. 8 Ch. 105

ကျင်းရှီနှင့်ပေါ်ရန်သည် ဤဘဝ၌ သူတို့ကြားတွင် သုံးနှစ်သာခြားသော ကလေးနှစ်ယောက်ရှ်ိခဲ့သည်။ သူတို့ရဲ့ပထမဆုံးကလေးသည် သားတစ်ယောက်ဖြစ်ပြီး ဒုတိယကလေးသည် သမီးလေးဖြစ်သည်။

သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် ကောင်းမွန်သော ပေါင်းစည်းမှုဖြစ်ပေသည်။

ကျင်းရှီသည် ငယ်ရွယ်စဉ်ကတည်းက သူမကို ရှန်ဖျင်ချွမ်က ချစ်မြတ်နိုးပေးခဲ့တာကြောင့် သူမ ပေါ်ရန်ကို လက်ထက်လိုက်သောအခါမှာတောင် သူမသည် ကလေးဆန်သော မိန်းမငယ်လေး ဖြစ်နေဆဲပင်။ သူမရဲ့စိတ်သည် အမြဲတမ်း စိတ်ကူးယဉ်ဆန်သော အတွေးအမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး သူမက သူမရဲ့ယောက်ျားကို စနောက်ရသည်ကို သဘောကျပေသည်။

ပေါ်ရန်သည် အကြာကြီး အမှီခိုကင်းစွာ နေထိုင်ခဲ့ပြီး သူ့ကိုယ်သူပြုစုပျိုးထောင်ခဲ့ကာ ကျင်းရှီထက် ဘဝကျွမ်းကျင်မှု‌များ ပိုသိတာကြောင့် သူက ကလေးတွေကို စောင့်ရှောက်ရာတွင် ပိုကောင်းမွန်ပေသည်။

ဒါတောင် ဒါက ပေါ်ရန်ရဲ့ပထမဆုံးအကြိမ် အဖေဖြစ်တာမို့ သူသည် အတွေ့အကြုံအများကြီး မရှိခဲ့ပေ။ အိမ်အကူပညာရှင် ရှန်ဖျင်ချွမ်၏ မျက်လုံးထဲတွင် ဒီလင်မယားရဲ့ကလေးတွေကို စောင့်ရှောက်တဲ့ နည်းလမ်းက တကယ်ကို ကြည့်ဖို့အဆင်မပြေလောက်အောင်ပင်။

တစ်နေ့တွင် နှစ်ယောက်သားသည် သူတို့ရဲ့ကလေးများကို ခေါ်၍ ဈေးဝယ်ထွက်တော့ ရှန်ဖျင်ချွမ်နှင့် ဆုံတွေ့ခဲ့ကြသည်။

ရှန်ဖျင်ချွမ်သည် အဝေးမှ သူတို့ကို ကြည့်နေခဲ့သည်။ ကျင်းရှီသည် စင်များပေါ်ရှိ ပစ္စည်းများကို ဂရုတစိုက် နှိုင်းယှဉ်ကြည့်နေပြီး သူမနောက်မှ ချစ်စရာကောင်းသော ပဲပင်ပေါက်လေးက လိုက်လာခဲ့သည်။

ပဲပင်ပေါက်လေးကို ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားပြီး ကြိုးတစ်ဖက်အဆုံးသည် ပေါ်ရန်ရဲ့လက်ကောက်ဝတ်မှာဖြစ်သည်။ ဒီကောင်က ထိန်းချုပ်ခံရသော ခွေးတစ်ကောင်ကဲ့သို့ ကလေးကို လျှောက်ခိုင်းနေတာပဲ။

" ကလေးကို ခွေးလေးလို ဘာလို့ကြိုးချည်ထားရတာလဲ"

ရှန်ဖျင်ချွမ်က ဒေါသတကြီး လျှောက်သွားလိုက်သည်။ သူက ပေါ်ရန်ကို လက်ညှိုးထိုးပြီး တကယ့်အဖေလို ပြုမူရမယ့်အစား ငပျင်းနည်းစဉ်ကိုလိုက်နေသည်ဟု စွပ်စွဲခဲ့သည်။

"ကလေးကို မင်းကျောပေါ် ဘာလို့မတင်တာလဲ"

ပေါ်ရန်က ချက်ချင်းပင် လှည့်ကြည့်သည်။ ခေါင်းလုံးလုံးလေးက ဘောင်ကိုမှီ၍နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော သူ့သမီးလေးကို ထည့်ထားသော ကလေးသယ်ပိုးသိုင်းကြိုးသည် သူ့ပခုံးပေါ်မှာရှိသည်။

ရှန်ဖျင်ချွမ်က ပြောစရာမရှိတော့ပေ။ ဒါဆို မင်းက ခွေးကိုလမ်းလျှောက်ခိုင်းပြီး ကြောင်ကိုချီထားတယ်ပေါ့၊ ဟမ်?

"မနက်ဖြန် ငါ့အိမ်ကိုလာခဲ့။ ငါ မင်းကို ထရိန်နင်အချို့ပေးမယ်၊ မင်းက ဒီအလုပ်အတွက် ရှင်းရှင်းလင်းလင်းကို အရည်အချင်းမပြည့်မီဘူး။ အန္တရာယ်များလွန်းတယ်"

ကျင်းရှီက ရှန်ဖျင်ချွမ်ကို မတွေ့ရတာကြာပြီဖြစ်ကာ ပျော်ရွှင်စွာ ပြေးသွားပြီး သူ့ကိုတင်းကျပ်စွာ ပွေ့ဖက်ခဲ့သည်။ "ငါတို့ရဲ့အလုပ်အများဆုံးလူ ဈေးဝယ်ထွက်ဖို့ အချိန်ရှိတယ်ပေါ့။ အရင်လက ကျွန်မမွေးနေ့ကိုတောင် အစ်ကိုမလာခဲ့ပဲနဲ့"

"မင်းကို လက်ဆောင်မပေးခဲ့လို့လား။ ဆယ်နှစ်ကျော် မင်းရဲ့မွေးနေ့တိုင်းမှာ မင်းနဲ့အချိန်ဖြုန်းပေးခဲ့တာပဲလေ။ ဒီ‌နှစ်တော့ ထားလိုက်ပေါ့နော်"

ရှန်ဖျင်ချွမ်သည် တကယ် အလွန်အလုပ်များနေခဲ့သည်။ သူသည် အိမ်ခြံမြေရောင်းချခြင်းကို အောက်ခြေမှစတင်ခဲ့၍ နေ့တိုင်း ကြက်များထက် စောစောပိုထရပြီး ခွေးတွေထက် နောက်ကျမှအိပ်ရသည်။ ဒါပေမယ့် ဘယ်လောက်ပဲ အလုပ်များနေပါစေ စူပါမားကတ်မှာ သူ့ဇနီးနှင့် အချိန်ဖြုန်းခြင်းသည် သူပြီးစီးအောင် ပြုလုပ်ရမည့် တာဝန်တစ်ခုပင်။

ရှချင်သည် ဈေးဝယ်ခြင်းတောင်းကို ညင်သာစွာ တွန်းပြီး ပြုံးလျက် လျှောက်လာခဲ့သည်။ "အစ်ကိုနဲ့ ယောင်းမလေးရောက်နေတာပဲ၊ ဒါဆို ဒီည ညစားလာစားနော်။ ကျွန်မယောက်ျားက ချက်ပြုတ်ပေးလိမ့်မယ်"

"ကောင်းလိုက်တာ" ကျင်းရှီက ချက်ချင်း လက်ခံလိုက်သည်။

ရှန်ဖျင်ချွမ်သည် ပေါ်ရန်၏ လက်ကောက်ဝတ်မှ ချည်နှောင်ထားမှုကို ဖြည်ပြီး သူ့သားကို ချီလိုက်သည်။ "ကမာခွံလေး မင်းအဖေကို စိတ်ထဲထည့်မနေနဲ့တော့။ အန်ကယ်နဲ့အိမ်လိုက်ခဲ့နော်"

ကောင်လေးက သူ့လက်လေးကို ဆန့်ထုတ်ပြီး ရှန်ဖျင်ချွမ်၏ လည်ပင်းကို ဖက်လိုက်သည်။

သူတို့အားလုံးသည် ရှန်ဖျင်ချွမ်၏ အိမ်သို့ သွားကြသည်။

ရှန်ကော်ပိုရေးရှင်း အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ ဆောက်လုပ်ထားသော အဆင့်မြင့် ချွန်းထျန်းပါရီအိမ်ရာအတွင်းရှိ အိမ်တစ်ခုဖြစ်ပြီး သူတို့သည် ငွေတစ်စိတ်တစ်ပိုင်းပေးချေခဲ့ကာ မနှစ်က ပြောင်းရွှေ့ခဲ့သည်။

ရှန်ရှိရှန်းက သူ့ကို အထူးဈေးနှုန်းဖြင့်လက်ခံ၍ တစ်ရာခိုင်နှုန်း လျှော့ဈေးဖြင့် ငွေပေးချေစေခဲ့သည်။

ရှန်ဖျင်ချွမ်သည် သူ့အဖေထံမှ မည်သည့်အကူအညီမှမယူဘဲ ဘာမှမရှိရာမှ စတင်မည်ဟု တကယ်ကိုအခိုင်အမာပြောဆိုခဲ့သည်။

ဒါပေမယ့် ရှန်ရှိရှန်းက ဤကိစ္စနဲ့ပတ်သက်ပြီး အရမ်းတင်းမာခဲ့သည်။

"ချွန်းထျန်းပါရီက ခရိုင်ကျောင်းဝင်းမှာရှိတာ။ ငါ့မြေးလေးတွေ အနာဂတ်မှာ အမှတ် (၁) အထက်တန်းကျောင်းမှာ တက်ဖို့အတွက် ဒီအိမ်ပေါ်မျှော်မှန်းထားခဲ့တာ။ ငါ မင်းကို ဂရုစိုက်တယ်လို့ မင်းထင်နေတာလား။ မင်းက အများသုံးသန့်စင်ခန်းမှာနေလည်းရတယ်၊ ဒါပေမယ့် ငါ့မြေးလေးတွေက ခရိုင်ကျောင်းဝင်းတွင်းမှာ နေရမယ်၊ ဆွေးနွေးစရာမရှိဘူး"

ရှန်ဖျင်ချွမ်က ရှန်ရှိရှန်းကို မဆန့်ကျင်နိုင်တာကြောင့် သူသည် လျှော့ဈေးဖြင့် ချွန်းထျန်းပါရီအိမ်ကို ဝယ်ခဲ့သည်။ ဒါပေမယ့် ထိုအရာကလွဲပြီး သူသည် ရှန်ရှိရှန်းထံမှ မည်သည့်အကူအညီကိုမှ ထပ်လက်မခံခဲ့ပါ။

မီးဖိုချောင်တွင် ရှချင်သည် အေပရွန်ကို ချည်နှောင်ပြီး ရှန်ဖင်ချွမ်ကို ဟင်းသီးဟင်းရွက်တွေ ကူဆေးကြောပေးနေသည်။ ရှန်ဖျင်ချွမ်က သူမကိုတားသည်။ "ချင်ချင်၊ ဧည့်သည်လိုပဲ နေစမ်းပါ။ ဒီမှာ ကိုယ်အကူအညီမလိုပါဘူး"

ရှချင်က တိုးလျစွာပြောသည်။ "အဆင်ပြေပါတယ်၊ ကျွန်မ ရှင်နဲ့နေမယ်"

ရှန်ဖျင်ချွမ်သည် သူမက ရှက်တတ်ပြီး တခြားသူများနှင့် စကားပြောဆိုရာတွင် မတော်ဘဲ၊ တိတ်ဆိတ်နေသော အခိုက်အတန့်များကို ‌စိုးရွံ့တတ်ကြောင်း သိပါသည်။

"ဒါပေမယ့် အပြင်မှာရှိနေတာ ကိုယ့်ညီမပဲလေ" သူကပြောသည်။

"ရှီလေးပဲ မဟုတ်ဘူးလေ၊ စီနီယာပေါ်ရန်ရော။ သူ့ကိုကျွန်မကို ဖိအားဖြစ်စေတယ်"

ရှန်ဖျင်ချွမ်က ထပ်ပြီးအတင်းမတိုက်တွန်းတော့ပေ။ ဒါက ရှချင်ရဲ့အကျင့်စရိုက်သာဖြစ်သည် - ကျောင်းတုန်းကလည်း သူမမှာ သူငယ်ချင်းအများကြီး မရှိခဲ့ပါ။ တခြားလူတွေက သူမသည် သီးသန့်ဆန်ပြီး ရင်းနှီးဖို့ခဲယဉ်းသည်ဟု ထင်ကြပေမယ့် ရှန်ဖျင်ချွမ်ကတော့ သူမသည် ထိရှလွယ်ပြီး လူတွေနှင့်ဘယ်လိုဆက်ဆံရမလဲဆိုတာ မသိဘူးဆိုတာကို သိပါသည်။

ကိစ္စမရှိပါဘူး - ရှန်ဖျင်ချွမ်သည် သူမကို တစ်ဘဝလုံး ကာကွယ်ပေးပြီး သူမ သက်တောင့်သက်သာအဖြစ်ဆုံးနည်းနဲ့ပဲ သူမကိုနေခွင့်ပေးမည်။

ရှန်ဖျင်ချွမ်က ချက်ပြုတ်ရင်း အလုပ်၌ ဖြစ်ပေါ်နေသော ကိစ္စများနှင့်ပတ်သက်ပြီး - အောက်ပိုင်းအရောင်းမန်နေဂျာတစ်ယောက် မလွှဲသာမရှောင်သာ ဆက်ဆံခဲ့ရသော ထူးခြားသည့် အမျိုးမျိုးသော ကိစ္စရပ်များ၊ မကြာခဏ စိတ်ပျက်စရာများကို ရှချင်နှင့် ပြောဆိုခဲ့သည်။ ရှချင်က ဤဆက်ဆံရေး ပြဿနာတွေကို ဘယ်လိုအကြံပေးရမလဲ တကယ်ကို နားမလည်ပေ၊ သူမ လုပ်နိုင်တာက ရှန်ဖျင်ချွမ်ကို စိတ်အေးသွားစေဖို့ တစ်‌ယောက်ယောက်က သူ့ကိုအနိုင်ကျင့်ရင် သူမကိုပြောပြ၊ သူမက သူတို့ကို သင်ခန်းစာသင်ပေးမည်ဟုသာ ပြောနိုင်သည်။

ဒါက ရှန်ဖျင်ချွမ်ကို ရယ်မောစေသည်။ "ဒါဆိုကိုယ့်ကိုကာကွယ်ပေးမှာပေါ့"

ရှချင်က သူမစိတ်ထဲရှိသည့်အတိုင်း တဲ့တိုးပဲပြောပေသည်။ "ရှင်က ကျွန်မပေါ်ကောင်းတာမို့ ကျွန်မရှင့်ကိုဂရုစိုက်ပေးမယ်။ ဘယ်လိုပဲဖြစ်ဖြစ်...ကျွန်မကိုဘာမှမဖုံးကွယ်ပါနဲ့"

တကယ်တော့ ရှန်ဖျင်ချွမ်သည် ရှချင်ကို ညည်းညူပြသခဲသည်။ သူ့အလုပ်က သူ့ကိုပင်ပန်းစေပြီး သေလုနီးပါး အလုပ်လုပ်ရပေမယ့် ယောက်ျားတစ်ယောက်အနေနှင့် သူသည် အိမ်ကိုပူပန်စရာတွေ ပြန်မသယ်လာခဲ့ပေ။

အိမ်သို့ပြန်လာသောအခါ ရှန်ဖျင်ချွမ်သည် အမြဲတမ်း ပြုံးရွှင်ပြီး သူမကိုပျော်ရွှင်စေဖို့ လိုက်စနောက်နေတတ်သည်။

ဒါပေမယ့် ဒါက ရှချင်သတိမထားမိဘူးလို့ မဆိုလိုပေ။

သူမ အိပ်ပျော်သွားပြီးနောက် ရှန်ဖျင်ချွမ်သည် အိပ်ရာမှ ခိုးကြောင်ခိုးဝှက် ဆင်းသွားပြီး သူ့အလုပ်ခန်းကိုသွားကာ သူ့ကွန်ပျူတာရှိ ဖောက်သည်မှတ်တမ်းများကို စုစည်း၍ တစ်ညလုံးအလုပ်လုပ်တာကို သိသည်။ ရှန်ဖျင်ချွမ်သည် မတရားမှုများကိုသည်းခံ၍ ဖောက်သည်များထံမှ အလုပ်ဖုန်းများကို ကိုင်ရန် လသာဆောင်သို့ တစ်ယောက်တည်း ထွက်သွားတတ်သည်။ သူမ သိပါသည်...ရှန်ဖျင်ချွမ်သည် သူမကြောင့်သာ ဒါတွေအားလုံးကို သည်းခံထားခဲ့တာ။

ရှန်ကော်ပိုရေးရှင်း၏ မင်းသားလေးအနေနှင့် သူ့ဘဝသည် အလွန်လွယ်ကူခဲ့သည်၊ ဒါပေမယ့် သူက အဲဒါ‌တွေကို စွန့်လွှတ်ခဲ့ပြီး အဲဒီအစား လုံးဝကို မတူညီသည့်လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။

ရှချင်က ရှန်ဖျင်ချွမ်ကို အနောက်မှဖက်ပြီး ညင်သာစွာပြောလိုက်သည်။ "ဖျင်ချွမ်၊ ကျွန်မ ရှင့်ကို ချစ်တယ်"

ရှန်ဖျင်ချွမ်၏ ချက်ပြုတ်မှုသည် ခဏလောက်ရပ်တန့်သွားသည်။ သူက သူ့ခေါင်းကိုနောက်လှည့်ပြီး သူ့ကိုတွယ်ကပ်နေသည့် မိန်းကလေးကိုကြည့်၍ ခပ်ဖွဖွလေးပြုံးလိုက်သည်။ "ကိုယ့်ကို နမ်း"

ထို့ကြောင့် ရှချင်က ခြေဖျားထောက်ပြီး သူ့ပါးကိုနမ်း‌လိုက်သည်။

"ကောင်းပြီ၊ မင်း အမြဲတမ်း ကိုယ့်အနားမှာပဲ ကပ်နေလို့မရဘူးလေ။ မင်း ညီမ‌နဲ့သွားနေလိုက်၊ ကိုယ်တို့က မယဉ်ကျေးဘူးလို့ သူ ထင်နေမယ်။ ပုံမှန်ယောင်းမလိုပဲ မင်းပြုမူရမယ်မလား"

ရှချင်က ခေါင်းညိတ်သည်။

ထိုအချိန်တွင် ကျင်းရှီသည် တံခါးဘောင်ကိုမှီ၍ ရယ်မောနေသည်။ "အမယ်လေး၊ ငါ့အစ်ကိုနဲ့ ယောင်းမက တစ်မိနစ်တောင်မခွဲရသေးဘူး အချစ်နာကျနေကြတယ်။ သူ့ကို ခက်ခဲအောင်မလုပ်ပါနဲ့၊ ကျွန်မက အမှီအခိုကင်းတဲ့ ညီမလေးပါနော်၊ အတူတူနေပေးဖို့ မလိုအပ်ပါဘူး"

ရှန်ဖျင်ချွမ် မေးလိုက်သည်။ "နင်အဲ့မှာရပ်နေတာဘယ်လောက်ကြာပြီလဲ"

"ဟမ်၊ မိနစ်အနည်းငယ်လောက်ပေါ့"

"ကောင်းပြီ၊ နင်ရောက်နေတာဆိုတော့ ငါ့ကိုလာကူချက်ပေး"

"ရှင့်ကိစ္စ ရှင်ပဲလုပ်ပါ။ ရှင့်ညီမလေးကို ဘာလို့လျှောက်ခိုင်းနေတာလဲ" ရှချင်သည် ကျင်းရှီကို ခေါ်ထုတ်သွားခဲ့သည်။ "မင်းအစ်ကို ချက်ပါစေ။ သူ့ကိုမနှောင့်ယှက်နဲ့"

"ဟုတ်ကဲ့ပါမဒမ်၊ ယောင်းမ" ကျင်းရှီက ရှချင်ရဲ့လက်မောင်းကို ဖက်လိုက်သည်။ ပေါ်ရန်ကိုလှည့်ကြည့်ပြီး သူမက အော်ခေါ်သည်။ "ကလေးလေး၊ မီးဖိုချောင်ထဲမှာ ကျွန်မအစ်ကိုကို သွားကူလိုက်"

ပေါ်ရန်က ကလေးကိုအောက်ချပြီး ချက်ချင်း မီးဖိုချောင်ကို သွား၍ ရှန်ဖျင်ချွမ်ကို စိုက်ကြည့်ခဲ့သည်။

ရှန်ဖျင်ချွမ်က ပေါ်ရန်၏ လည်ပင်းတွင် သူ့အေပရွန်ကို ဝတ်ပေးလိုက်သည်။ "မင်း ဘာကြည့်နေတာလဲ။ ချွေတာမှုနဲ့ အလုပ်ကြိုးစားမှုဆိုတဲ့ စကားလုံးလေးလုံးကို ဘယ်လိုရေးရမလဲဆိုတာ ငါ မင်းကိုသင်ခန်းစာတစ်ခု သင်ပေးမယ် ယောက်ဖ"

ညစာစားပွဲ၌ ကမာခွံလေးက ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ့အမေ သူ့အဖေကို ချစ်မြတ်နိုးစွာ ခေါ်ခေါ်နေသည့် "ကလေးလေး" ဆိုတာကို နားထောင်နေခဲ့သည်။ သူ မနာလိုစွာဖြင့် ဆန္ဒပြခဲ့သည်။ "သားကလည်း မေမေ့ရဲ့ကလေးလေးပဲ"

ပေါ်ရန်သည် သူ့ခေါင်းနောက်ကို ပုတ်လိုက်သည်။ "မင်းက ကလေးလေး မဟုတ်ဘူး၊ မင်းအမေရဲ့တစ်ယောက်တည်းသော ကလေးလေးက မင်းအဖေပဲ၊ တစ်ယောက်တည်းပဲ"

သူ့အမေကို ခိုးယူခံလိုက်ရသကဲ့သို့ ကမာခွံလေး၏ မျက်လုံးများသည် ချက်ချင်းပင် မျက်ရည်များ လျှံတက်လာသည်။ သူ နှုတ်ခမ်းစူပြီး ငိုတော့သည်။ "ဒါဆို သားမှာ အမေ မရှိတော့ဘူးပေါ့"

ကျင်းရှီက ပေါ်ရန်ကို တွန်းလိုက်သည်။ "ရှင်ဘာလို့အမြဲတမ်း သူ့ကိုအနိုင်ကျင့်နေရတာလဲ"

ပေါ်ရန်က အားကိုးရာမဲ့စွာပြောလိုက်သည်။ "သူ ယောက်ျားပီပီသသ ကြီးပြင်းလာဖို့ မျှော်လင့်ထားတာ၊ ဒါပေမယ့် သူက ဘာမှမဟုတ်ဘဲ ငိုတော့တာပဲ- ကိုယ့်သားရောဟုတ်ရဲ့လား"

သူတို့ရဲ့သမီးလေးသည် ကလေးထိုင်ခုံတွင် ထိုင်နေပြီး ပျော်ရွှင်စွာ တခစ်ခစ် ရယ်မောနေခဲ့သည်။ သူမသည် ဘာကိုမှနားမလည်ဘဲ အလွန်ပျော်ရွှင်စွာဖြင့် ရယ်နေရုံသာ။

ကျင်းရှီက သူမသားကို ချော့မြှူပေသည်။ "ကမာခွံလေး၊ မငိုပါနဲ့။ ကြည့်၊ မင်းညီမလေးက မင်းကိုရယ်နေတယ်"

ကမာခွံလေးက အရည်ရွှဲနေသော မျက်လုံးကြီးများဖြင့် ကျင်းရှီကို မော့ကြည့်ပြီး ညည်းညူပြသည်။ "ဖေဖေက မေမေရဲ့တစ်‌ဦးတည်းသော ကလေးလေးလား၊ ကမာခွံလေးမဟုတ်ဘူးပေါ့"

ကျင်းရှီသည် သူ့ရဲ့ခြောက်သွေ့နေသော မျက်ရည်များကို သုတ်လိုက်သည်။ "ကမာခွံလေးမှာ မေမေ၊ ဖေ‌ဖေနဲ့ ညီမလေးရှိတယ်လေ။ ဒါပေမယ့် ဖေဖေ့မှာက မေမေပဲရှိတာ။ ကမာခွံလေးက ဖေဖေ့ကို မနာလိုမဖြစ်ရဘူး၊ နားလည်လား"

ပေါ်ရန်၏ နှလုံးသားသည် နာကျင်သွားခဲ့သည်။ သူက ကျင်းရှီရဲ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ခဲ့သည်။

နောက်နှစ်ပေါင်းများစွာကြာပြီးနောက် ကမာခွံလေးသည် အရွယ်ရောက်လာခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်မိသားစုနှင့် ကလေးတွေရှိလာတဲ့အခါ သူသည် သူ့အဖေအတွက် သူ့အမေရဲ့မိခင်မေတ္တာကို နားလည်လာခဲ့သည်။

သူမသည် သူမရဲ့ပျော်ရွှင်မှုအားလုံးနီးပါးနှင့် ဘဝရဲ့ကောင်းချီးများကို သူနှင့်မျှဝေခဲ့သည်။

အဖြူရောင်ဆံပင်နှင့် အသက်အရွယ်ကြီးရင့်လာသည်တိုင် သူမသည် သူ့လက်ကိုဆုပ်ကိုင်ပြီး "ကလေးလေး" ဟုခေါ်နေတုန်းပင်။

နောက်ပိုင်းမှာ အသက်ရလာသည့် ကျင်းရှီသည် အယ်လ်ဇိုင်းမားရောဂါကို ခံစားခဲ့ရပြီး လူများစွာနှင့် အဖြစ်အပျက်များကို မေ့သွားခဲ့သည်။ သို့သော်ငြားလည်း သူမ ဘယ်တော့မှ မမေ့ခဲ့သည့်လူနှစ်ယောက်သည် ပေါ်ရန်နှင့် ရှန်ဖျင်ချွမ်ပင်။

တစ်ခါက ရှောင်ပိုင်ခယ်သည် သူ့ကလေးတွေကိုခေါ်ပြီး အဘွားအိုထံ အိမ်အလည်ပြန်လာသောအခါ ကျင်းရှီသည် တံခါးနားမှာ သူမရဲ့တောင်ဝှေ့ကိုထောက်၍ သူ့ကိုခဏလောက် စိုက်ကြည့်နေခဲ့ပြီး သူမရဲ့အကြည့်သည် တဖြည်းဖြည်းနှင့် သူ့ခရီးဆောင်အိတ်ပေါ် ကျရောက်သွားခဲ့သည်။

သူမသည် ပေါ်ရန်ထံ လှည့်ကြည့်ပြီး ပြောခဲ့သည်။ "ခရီးဆောင်အိတ်က အရမ်းလေးတယ်"

ပေါ်ရန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ လျှောက်သွားပြီး ခရီးဆောင်အိတ်ကို ယူလိုက်သည်။

ရှောင်ပိုင်ခယ်သည် "အဖေ၊ မလုပ်နဲ့၊ သွားအနားယူ" ဟု ပြောခါနီးတွင် သူ့အမေကို သူ့အဖေပြောသည့်စကားကို ကြားလိုက်သည်။ "မင်းအခန်းက ဘယ်အဆောင်မှာလဲ။ စီနီယာ၊ မင်းအတွက် သယ်ပေးမယ်"

မိန်းမငယ်လေး၏ရွှင်မြူးပျော်ရွှင်နေသော အပြုံးတစ်ခုသည် အသက်အရွယ်ရနေပြီဖြစ်တဲ့ သူမအမေ၏ မျက်နှာမှာ ထွက်ပေါ်လာခဲ့သည်။ သူမက "ကျွန်မက အဆောက်အဦ (၁)၊ အခန်း (၄၉) မှာပါ။ ကူညီပေးတဲ့အတွက် ကျေးဇူးပါ၊ စီနီယာ"

All Chapters