← Chapters

ထိုက်စန့် နတ်ဘုရားဂိုဏ်း

Vol. 3 Ch. 210

ထိုက်စန့် နတ်ဘုရားဂိုဏ်း

Vol. 3 Ch. 210

ဆန်းလျန်က တန်ခိုးစွမ်းအား မြင့်မားလွန်းသည့် အတွက် ထိုရောင်စုံ တိမ်တိုက်များ မည်သည့် နေရာက ထွက်ပေါ်နေသည်ကို ချက်ချင်းပင် သိမြင်လိုက်လေသည်။ ထိုရောင်စုံ တိမ်တိုက်များမှာ မင်ဝမ်ဝတ် ကျောင်းတော်မှ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။

ယခင် ရူပ နတ်ဘုရားမင်းကြီးသည် လောကကို ကျော်လွန်ခဲ့ပြီး ကြယ်စင်များ ဆီသို့ ထွက်ခွာသွားခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။ ယခု တစ်စုံ တစ်ယောက်သည်လည်း ထိုသို့ပင် လောကကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။ ထိုသူမှာ ဘယ်သူများလဲဟု ဆန်းလျန် သိချင် နေမိလေသည်။

မင်ဝမ်ဝတ်ကျောင်းတော်မှ တစ်စုံတစ်ယောက်သည် လောက ကိုကျော်လွန်ကာ လွတ်မြောက် အောင်မြင်သွားပြီ ဖြစ်လေသည်။ သို့သော် သူ၏ တန်ခိုးစွမ်းအားမှာ စစ်မှန်သည့် ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားတော့ မဟုတ်ပေ။ ဂိုဏ်းတစ်ခုခုမှ တန်ခိုး စွမ်းအားဖြင့် ပေါင်းစပ်ထားခြင်းမျိုး ဖြစ်လေသည်။ ထူးဆန်းသည့် အချက်မှာ ဆန်းလျန်မှာ ထိုတန်ခိုး စွမ်းအားကို အလွန် ရင်းနှီးနေခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်....

ချမ်းမော့မှာ အတောင်များကို တဖျပ်ဖျပ် ခတ်ရင်း ပျံသန်းလာလေသည်။ ထို့နောက် သူ၏ ခေါင်းကို အတောင်များ ကြားတွင် ဝှက်ထားရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန် ပြုလုပ်နေလေသည်။

ဆန်းလျန်မှာ ချမ်းမော့ကို ထိုက်ရွှီး တန်ခိုး စွမ်းအားများ ထည့်သွင်း ပေးလေ့ရှိသည့် အတွက် သူတို့နှစ်ယောက်၏ စိတ်ဝိညာဉ်သည် ဆက်နွယ်မှု ရှိနေလေသည်။ ထို့ကြောင့် ချမ်းမော့၏ စိတ်များ ရှုပ်ထွေးနေသည်ကို ဆန်းလျန် ခံစားမိလေသည်။

"လောကကို ကျော်လွန်သွားတဲ့ ဒီသူတော်စင်ဟာ ချမ်းမော့နဲ့များ တစ်ခုခု ပတ်သက်နေမလား"

ဟု ဆန်းလျန်တွေးလိုက်မိသည်။

ရောင်စုံ တိမ်တိုက်များ ဆီမှ တန်ခိုး စွမ်းအားများမှာ ဆန်းလျန်နှင့် ရင်းနှီးသလို ခံစားနေရခြင်းမှာ ချမ်းမော့ဆီမှ တန်ခိုး စွမ်းအားများနှင့် မူလ အရင်းအမြစ် ဆင်တူသောကြောင့် ဖြစ်လေသည်။

ယနေ့အတွက်တော့....

ချင်းရွှမ်ခန်းမဆောင်တွင် အံ့သြစရာများ ဖြင့်သာ ပြည့်နေလေတော့သည်။ ဟိုင်သန်းအဆင့် မတက်ရောက် နိုင်သေးသည့် ကျင့်ကြံသူများက ယန့်ပုကွေးကို မြင်တွေ့ပြီး အားကျ မိကြသလို ဆရာသခင်အဆင့် ကျင့်ကြံသူများကလည်း လောကကို ကျော်လွန်သွားသည့် မင်ဝမ်ဝတ် ကျောင်းတော်မှ ကျင့်ကြံသူ တစ်ယောက်ကို မြင်တွေ့ ခဲ့ကြရလေသည်။

ထိုသို့ လောကကို ကျော်လွန်သည့် သူတော်စင် တစ်ပါး ပေါ်ထွက်သည့် မြင်ကွင်းမျိုးမှာ နှစ်တစ်ထောင်နေမှ တစ်ခါ မြင်တွေ့ နိုင်ရခဲလှသည့် မြင်ကွင်းမျိုး ဖြစ်လေသည်။

ကျင့်စဉ် အဆင့်နက်ရှိုင်းလေ ပိုပြီး အားကျဖွယ် ကောင်လေ ဖြစ်လေသည်။

ရှန်ဆန်းကျန်းရန် လုကျိုးယွမ်မှာလည်း လောကကို ကျော်လွန်သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ လုကျိုးယွမ် ကဲ့သို့သော လူမျိုး နောက်တစ်ယောက် မရှိနိုင် ဟူ၍ပင် ထင်ရလောက်အောင် တန်ခိုးစွမ်းအား မြင့်မား လွန်းလေသည်။

သို့သော်....

လုကျိုးယွမ်၏ တန်ခိုး စွမ်းအားမှာ ခန့်မှန်းရ ခက်သည့်တိုင် ယခု ကျင့်စဉ် အောင်မြင်သွားသူနှင့် ယှဉ်လျှင် ပိုပြီးမသာနိုင်ပေ။

ယန့်ပုကွေး ဟိုင်သန်းအဆင့် တက်ရောက် အောင်မြင် သွားပြီးနောက် ဆန်းလျန်က ချင်းရွှမ်တောင်ပေါ်တွင် လဝက်ခန့် နေလိုက်သေးသည်။ ထို့နောက် ဆန်းလျန်က ခရီး ထွက်ခွာမည် ဖြစ်သည့် အတွက် ချင်းရွှမ် နတ်တံခါး၏ တာဝန်များကို ဟုန်ချန်းယာနှင့် ယန့်ပုကွေးတို့ကို လွှဲပြောင်း ပေးလိုက်လေသည်။

ဝါးဖောင်လေး တစ်ခုသည် လေကြောင်းအတိုင်း သွားနေလေသည်။ ဆန်းလျန်က ဝါးဖောင်လေး၏ ရှေ့တွင် ရပ်နေပြီး ကျော်ရှောင်ချင်းက ဝါးဖောင်လေးကို လှော်ခတ် လာလေသည်။

ဆန်းလျန်သည် ရိုးရှင်းသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိတော့ပါ။ သူ၏ ဆံနွယ်များကို ပဝါ တစ်ခုဖြင့် စည်းနှောင်ထားပြီး တန်ဖိုးကြီးမားသည့် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ့ကို ကြည့်ရသည်မှာ ခရီးထွက်လာသည့် ဂုဏ်သရေရှိ သခင်လေး တစ်ပါးနှင့်ပင် တူနေလေသည်။ ကျော်ရှောင်ချင်းက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားလေသည်။ ဆန်းလျန်ကို စောင့်ရှောက်ရန် လိုက်ပါလာသည့် ကိုယ်ရံတော်နှင့် တူနေလေသည်။

သူက ဆန်းလျန်ထက် ဆယ်နှစ်တိတိ ငယ်သည့်တိုင် ဆန်းလျန်ထက် အသက်ကြီးသည်ဟု ထင်ရသည်။

ငါးနှစ်ကြာခဲ့ ပြီးနောက်....

ချင်းကျန်းဂိုဏ်းသည် ချင်းရွှမ် နတ်တံခါး၏ သစ္စာခံ ဖြစ်လာပြီး နောက်ပိုင်း ချင်းရွှမ်နတ်တံခါးနှင့် မိုင်ပေါင်း တစ်သောင်း ပတ်ဝန်းကျင်သည် ငြိမ်းချမ်းသည့် ဒေသ တစ်ခု ဖြစ်လာခဲ့လေသည်။ အနောက်ဘက် မိုင်ပေါင်း ငါးထောင်ခန့် ထပ်သွားမည် ဆိုလျှင်တော့ မြူခိုးများ ဆိုင်းနေပြီး သတ္တဝါ ဆိုးကြီးများ နေထိုင်သည့် ကုန်းမြေ တစ်ခု ရှိလေသည်။ ထိုနေရာမှာ သမုဒ္ဒရာ ကမ်းတစ်လျှောက် တည်ရှိသည့် ကုန်းမြေကြီး တစ်ခုဖြစ်ပြီး တာအိုဆရာ အနည်းငယ်သာ အရောက်အပေါက် ရှိလေသည်။

ဆန်းလျန်က အရှေ့ပင်လယ်ကို နက်ရှိုင်းစွာ ငေးကြည့်နေရင်း….

“သမုဒ္ဒရာ တစ်ဖက်မှာ ဘာရှိလဲဆိုတာ ကျုပ်တို့ မသိနိုငဘူး ၊ အဲဒီ ဘက်ခြမ်းက ကျင့်စဉ်လမ်းတွေ ဟာလည်း ကျုပ်တို့နဲ့ တူချင် တူနိုင်သလို ကွဲပြားချင်လည်း ကွဲပြားနိုင်တယ်”

ဟု ပြောလိုက်လေသည်။

ကျော်ရှောင်ချင်းက လှော်တက်ကို ကိုင်ထားပြီး ရေမျက်နှာပြင်ကို တိတ်ဆိတ်စွာ လှော်ခတ်နေသည်။ လှိုင်းများက နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး ကျော်ရှောင်ချင်းက သူ၏ ယွင်ဆွေ အလင်းဓားကို စိတ်ဖြင့် လေ့ကျင့်နေလေသည်။

ဆန်းလျန်ဆီတွင် ဓားကျွန်အဖြစ် တာဝန် ထမ်းဆေင်ခဲ့ရသည့် ငါးနှစ်အတွင်း သူ၏ တန်ခိုးစွမ်းအားများမှာ တိုးတက်လာခြင်း မရှိပါ။ သို့သော် သူ၏ ဓားသိုင်းမှာ ပိုပြီး သန့်စင် လာခဲ့လေသည်။

သူ၏ ဆရာဖြစ်သူ မုန့်ရွှင်ကျန်းက “သူ၏ ကျင့်ကြံမှုမှာ အခြား သူများထက် သာလွန်သည့်တိုင် ကျင့်စဉ်လမ်းကို နားလည် နိုင်စွမ်းကတော့ အလှမ်းဝေးနေသေးသည်” ဟု ပြောခဲ့လေသည်။

ဆန်းလျန်က ကျော်ရှောင်ချင်းကို တိုက်ရိုက် ပညာသင်ကြား ပေးခြင်းမျိုး မရှိပါ။ လုကျိုးယွမ်း ဘေးတွင် လက်ဖက်ရည် ငှဲ့ပေးသော အစေခံသည် နှစ်ပေါင်း တစ်ရာတိုင်သည့် အချိန်တွင် ကျင့်စဉ်လမ်းကို နားလည် သွားခဲ့လေသည်။ လူ့လောကတွင်လည်း စာပေသမား တစ်ယောက်၏ အိမ်မှ အိမ်အကူ မိန်းကလေးသည် ကဗျာစာပေများနှင့် အလိုလို ရင်းနှီးကျွမ်းဝင်သွားပြီး သူမ၏ အရည်အချင်းမှာ အခြားသော သာမန် စာပေသမားများနှင့် ကောင်းကောင်း ယှဉ်နိုင်လေသည်။

ကျော်ရှောင်ချင်းမှာလည်း ထိုကဲ့သို့ပင် ဖြစ်လေသည်။

“သခင်လေးက အဲဒီကို သွားချင်လို့လား”

ကျော်ရှောင်ချင်းက မေးလိုက်လေသည်။

သူက ချင်းရွှမ်နတ်တံခါးမှ တပည့် တစ်ယောက် မဟုတ်ဘဲ အစေခံ တစ်ယောက်သာ ဖြစ်သည့် အတွက် ဂိုဏ်းချုပ်ဟု မခေါ်ဘဲ သခင်လေးဟုသာ ခေါ်လေ့ရှိသည်။

“နောက်ပိုင်းမှ အခွင့်အရေးကြုံရင် သွားကြည့်ကြတာပေါ့ ၊ ခုတော့ မအားသေးဘူးလေ ၊ ထိုက်စန့်နတ်ဘုရားဂိုဏ်းက အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုထဲမှာ အထူးခြားဆုံး နတ်ဘုရား ကျောင်းတော် တစ်ခုလို့ သတင်းကြားထားတယ် ၊ အဲဒီ ကျောင်းတော်က အရှေ့ဘက် ကုန်းမြေတွေ ဘက်မှာ တည်ရှိတယ်”

ဆန်းလျန်က ပြုံးရင်း ပြန်ပြောလိုက်သည်။

အထူးခြားဆုံး နတ်ဘုရားကျောင်းတော် တစ်ခုဖြစ်သည့် အတွက် ထိုက်စန့် နတ်ဘုရား ဂိုဏ်းသည် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် ထိပ်ဆုံးအဆင့် ကျောင်းတော်တစ်ခု ဖြစ်လေသည်။ သို့သော် လူအနည်းငယ်သာ ထိုက်စန့် နတ်ဘုရား ကျောင်းတော် အကြောင်းကို သိကြလေသည်။ ထိုက်စန့် နတ်ဘုရား ဂိုဏ်း၏ ကျင့်စဉ်များမှာလည်း သိပ်ပြီး များပြား ကျယ်ပြန့်ခြင်း မရှိပေ။ သို့သော် “ထိုက်စန့် စက္ခုတန်ခိုး” ကျင့်စဉ်မှာတော့ ကျင့်စဉ်လမ်း အတွက် အလွန် ကောင်းမြတ်သည့် ကျင့်စဉ် တစ်ခု ဖြစ်လေသည်။

ထို “ထိုက်စန့် စက္ခုတန်ခိုး” ကျင့်စဉ်သည် ချင်းရွှမ် နတ်တံခါးမှ “ထိုက်ရွှီး နည်းဗျူဟာ” ကျင့်စဉ်နှင့် ရှန်ဆန်းကျန်းရန် လုကျိုးယွမ်၏ “တရား အလင်း သိမြင်ခြင်း” ကျင့်စဉ် ကျမ်းများနှင့် ကောင်းစွာ ယှဉ်ပြိုင် နိုင်လေသည်။

ဆန်းလျန် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်လာပြီးသည့် နောက် စာအုပ်စာပေ များစွာကို လေ့လာခဲ့သည့်တိုင် ထိုက်စန့် နတ်ဘုရား ဂိုဏ်းအကြောင်းကို အနည်းငယ်သာ တွေ့ရလေသည်။ ထိုနတ်ဘုရား ဂိုဏ်းမှာ ထူးဆန်းပြီး ထိုဂိုဏ်းမှ ထွက်ပေါ်လာသည့် ကျင့်ကြံ သူများမှာလည်း လောကတစ်ခွင် တုန်လှုပ် ရလောက်အောင် တန်ခိုးစွမ်းအား ကြီးမား ကြလေသည်။

ဝါးဖောင်လေးမှာ ရုတ်တရက် ရပ်တန့် သွားလေသည်။ ပင်လယ်ရေ လှိုင်းတစ်ခုက မြင့်တက်လာပြီး ဆန်းလျန်၏ အဝတ်များတွင် ရေများ စိုကုန်လေသည်။ သို့သော် ဆန်းလျန်က တန်ခိုးစွမ်းအားဖြင့် မမြင်ရသည့် တံတိုင်းတစ်ခု ဖန်ဆင်းကာ ကာရံထား လိုက်သည့် အတွက် ဝါးဖောင် တစ်ခုလုံး ရေမြှုပ် သွားခြင်းတော့ မရှိပေ။

ကျော်ရှောင်ချင်းက အရှေ့သို့ လှမ်းကြည့် လိုက်သည့် အခါတွင်တော့ မခန့်မှန်း နိုင်လောက်အောင် မြင့်မားသည့် ရေတိုင်လုံးကြီး တစ်ခု မြင့်တက်လာသည်ကို မြင်တွေ့ လိုက်ရလေသည်။ ထိုရေတိုင်လုံးကြီးမှာ တိမ်ဆိုင်များထဲ အထိ တိုးဝင်သွားပြီး မိုးရွာချသည့် အလား ရေများ ပြန်လာ ရွာချ လာလေတော့သည်။

ထိုရေတိုင်လုံးကြီးမှာ ကျောက်တိုင်ကြီး တစ်ခုဖြစ်ပြီး ထိုတိုင်ကြီး အောက်တွင် အနက်ရောက် ကျောက်ဆောင် တစ်ခုကို တွေ့နိုင်လေသည်။ ကျောက်သားမှာ ချောမွေ့ ပြောင်လက်နေပြီး ဧကပေါင်း များစွာ ကျယ်ပြန့်ပုံ ရလေသည်။

တစ်ချိန်တည်းမှာပင် သီချင်းညည်းသံ တစ်သံကို ကြားလိုက်ရပြီး ရေတိုင်လုံးကြီးမှာ သမုဒ္ဒရာထဲသို့ ပြန်ကျ သွားလေသည်။

ထိုအရာကြီး အနားသို့ တိုးကပ်သွားသည်နှင့် မိုးမြေ စွမ်အားများ စုစည်း၍ မရတော့ပေ။ ရေလှိုင်းများကလည်း နိမ့်လိုက် မြင့်လိုက် ဖြစ်နေလေသည်။

ဆန်းလျန်မှာ တန်ခိုးစွမ်းအား အလွန် မြင့်မားနေပြီ ဖြစ်သည့် အတွက် မိုးမြေ စွမ်းအား မစုစည်းနိုင်ခြင်းက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။ သာမန် ကျင့်ကြံသူ တစ်ယောက်ဆိုလျှင်တော့ တန်ခိုးစွမ်းအားများ အားလုံး သုံး၍ မရလောက်အောင် ဖြစ်သွားနိုင်လေသည်။

ရုတ်တရက် အလင်းရောင် တစ်ချက် လင်းလက်လာပြီး မီးခိုးရောင် ဝတ်ဆင်ထားပြီး ရုပ်ရည်သန့်ပြန့်သည့် ကျင့်ကြံသူ တစ်ယောက် ရောက်လာလေသည်။

“မိတ်ဆွေ ၊ ဒီနေရာက အဝေးကို ထွက်သွားဖို့ အကြံပေးချင်ပါတယ် ၊ မှော်ဝင် ဝေလငါးကြီး အသက်ရှူနေတဲ့ အချိန် ဖြစ်တဲ့အတွက် သူ့အနားကို ရောက်သွားရင် အသက် အန္တရာယ် ရှိနိုင်ပါတယ်”

မီးခိုးရောင် ဝတ်ကျင့်ကြံသူက ပြောလိုက်လေသည်။

“ဒီမှော်ဝင် ဝေလငါးကြီးက ဘယ်လိုလုပ် ဒီနေရာမှာ ရောက်နေရတာလဲ”

ဆန်းလျန်က ရေရွတ်လိုက်သည်။

အမှန်တော့ ဧကပေါင်းများစွာ ကျယ်ပြန့်သည့် ကျောက်ဆောင်ကြီးမှာ ကြီးမားသည့် ပင်လယ် သတ္တဝါကြီး၏ ကျောပြင်ကြီး ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆန်းလျန် တောင်ပင်လယ် ဖေးရှန်း နတ်ဘုရား ကျွန်းစွယ်မှ အပြန် ခရီးတွင် ထိုသတ္တဝါကြီးဖြင့် တစ်ကြိမ် ဆုံတွေ့ ခဲ့ဖူးလေသည်။ ထိုသတ္တဝါကြီးကြောင့် ကျွန်းတစ်ကျွန်းတွင် သောင်တင်ကာ ဟိုင်သခင်ကြီး၏ ကိုယ်လုပ်တော် ဖြစ်သည့် မြွေမိစ္ဆာမ တစ်ကောင်ကိုပင် နှိမ်နင်း ခဲ့သေးသည်။

အဖြစ်အပျက်များက ကြာခဲ့ပြီ ဖြစ်လေသည်။

“ဘယ်သိမှာလဲ ၊ ဒီလို သတ္တဝါကြီးမျိုးက ဒီလိုပဲ အသက်ရှူဖို့ ထွက်ထွက် လာတတ်တာပဲ ၊ တစ်ခါ အသက်ရှူပြီးရင် ရေအောက်ထဲမှာ သွားအိပ် နေပြန်ရော ၊ တစ်ခါတစ်လေ ဆယ်နှစ်လောက်နဲ့ ထွက်မလာတတ်ဘူး ၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီးတော့ ဒီသတ္တဝါကြီးက ခြောက်လ တစ်ကြိမ် အသက်ထွက်ထွက် ရှူတတ်တယ် ၊ ကျင့်ကြံသူတွေ အတော်များများ သူ့ဗိုက်ထဲ ရောက်ကုန်ကြတာလေ ၊ ပြီးတော့ ကျုပ်က “ရှင်သန်စေခြင်း ကျောင်းတော်” က ကျင့်ကြံသူပါ ၊ ဒီနားတစ်ဝိုက် ကင်းလှည့်နေတုန်း မိတ်ဆွေတို့ ဖြတ်သွားတာ တွေ့လို့ အသက်အန္တရာယ် ထိခိုက်မှာ စိုးလို့ လာတားရတာပါ”

မီးခိုးရောင် ဝတ်ကျင့်ကြံသူက ပြောပြ လိုက်လေသည်။

ဆန်းလျန် ရယ်မော လိုက်လေသည်။ “ရှင်သန်စေခြင်း ကျောင်းတော်” မှာ ဆန်းလျန်၏ ဂိုဏ်းတူ အစ်မကူးချိုင်ဝေ့ တည်ထောင်ထားသည့် ကျောင်းတော်ဖြစ်ပြီး ချင်းရွှမ်နတ်တံခါး၏ အနွယ်တော် ဂိုဏ်းခွဲ တစ်ခု ဖြစ်လေသည်။

ချန်ကျန့်မေ၏ “သေစေခြင်း ကျောင်းတော်” နှင့် ဆန့်ကျင့်ဘက် ဖြစ်သည့် “ရှင်သန်စေခြင်း ကျောင်းတော်” ဟု သူမက အမည် ပေးထားလေသည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း …။

ယင် နှင့် ယန် …။

ရှင်သန်စေခြင်း ကျောင်းတော်မှာ အရှေ့ပင်လယ် ဒေသတစ်ဝိုက်ရှိ ကျင့်ကြံသူများနှင့် လူအများ အပေါ်တွင် များစွာ ကောင်းကျိုးပြုလျက် ရှိလေသည်။

ပုံမှန် မဟုတ်သည့် ကျင့်ကြံသူ များမှာလည်း ကျောင်းတော်တွင် လာရောက် ကျင့်ကြံ ကြသည်။ ရှင်သန်စေခြင်း ကျောင်းတော်က သူတို့ကို တတ်နိုင်သမျှ ပံ့ပိုးပေးပြီး တစ်လတစ်ခါ တရားဟောပြော သင်ပြပေးလေသည်။ ထို့ကြောင့် ကျောင်းတော်သို့ ကျင့်ကြံသူ အများအပြား လာရောက် လေ့ရှိပြီး လုပ်စရာရှိသည့် အလုပ်များကိုလည်း ကူညီ လုပ်ဆောင် ပေးကြလေသည်။

ဆန်းလျန်အနေဖြင့် ထိုသို့သော ပုံမှန်မဟုတ်သည့် ကျင့်ကြံသူများကို အားကိုး အားထား ပြုခြင်း မရှိပါ။ သို့သော် ကျင့်ကြံသူ အချင်းချင်း မိတ်ဆွေဖွဲ့ပြီး ချင်းရွှမ်နတ်တံခါး၏ ပညာမျိုးစေ့ကို ဖြန့်ဝေနိုင်သည် ကတော့ ကောင်းသည့် အချက်ပင် ဖြစ်လေသည်။

ချင်းရွှမ် နတ်တံခါး အချိန်တို အတွင်း မြင့်မားတိုးတက် လာချင်သည် ဆိုလျှင် စာအုပ်ကြီး အတိုင်း လုပ်နေ၍ မဖြစ်နိုင်ပေ။ လုပ်ရိုး လုပ်စဉ်များမှ ခွဲထွက်ကာ အရည်အချင်းများကို ပြသရမည် ဖြစ်လေသည်။

သို့သော် ချင်းရွှမ် နတ်တံခါး၏ တပည့်ရင်း တစ်ယောက် ဖြစ်လာရန်မှာတော့ သတ်မှတ်ထားသည့် စည်းကမ်းများ အတိုင်း တင်းတင်းကြပ်ကြပ်ပင် ထားရှိဆဲ ဖြစ်လေသည်။

“စိတ်မပူပါနဲ့ ၊ ကျုပ်က သူ့ကို ဘာများ ဖြစ်သလဲ ဆိုတာ သွားမေး ကြည့်ချင်လို့ပါ”

ဆန်းလျန်က ပြုံးရင်း ပြန်ပြော လိုက်လေသည်။

***

All Chapters