← Chapters

ဆွေးနွေးရန် ပြင်ဆင်ခြင်း

Vol. 35 Ch. 375

ဆွေးနွေးရန် ပြင်ဆင်ခြင်း

Vol. 35 Ch. 375

နံနက်စောစောအချိန်တွင် မိုကျွင်းက ချင်းရွှီခြံဝင်းသို့ ရောက်ရှိလာခဲ့၏။

"ဘာလို့ ကိုယ်တိုင်တောင် လာခဲ့တာလဲ"

ထန်ထျန်းက အံ့အားသင့်စွာ ပြောလိုက်ပေသည်။

"နေရာ ရှာမတွေ့မှာ စိုးလို့ပါ"

မော့ကျွင်းက ပြုံး၍ ပြော ၏။

သူတို့ နှစ်ဦးက အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ထုန်းရှန့်တောင်မှ ထွက်ခွာကာ ဝမ်ပေါင်ရေကန် ဘက်သို့ ဦးတည်လိုက်ကြပေသည်။

လမ်းတွင် မိုကျွင်းက ထန်ထျန်းကို ပြောပြလိုက်၏။"ကိစ္စက နည်းနည်းလေး အပြောင်းအလဲ ရှိသွားတယ်"

"ဒီတစ်ခေါက် ဖိတ်ကြားထားတဲ့ ဆရာ အရေအတွက်က များနေတော့ အကန့်အသတ်တစ်ခုအထိ အာရုံစိုက်တာ ခံလိုက်ရတယ်။ "

"အဲဒါကြောင့် မိုမိသားစုရဲ့ ခန်းမမှာ မတွေ့ဆုံနိုင်တော့ဘူး"

"အခုတော့ ကျားရှီခန်းမ ကို ပြောင်းလိုက်ရတယ်"

ထန်ထျန်း မျက်ခုံးပင့်လိုက်မိ၏။ "ကျားရှီခန်းမလား"

"အဲဒါ ဘယ်လိုနေရာမျိုးလဲ"

မိုကျွင်းက ရှင်းပြလိုက်သည်။ "အဲဒါက စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို အထူး ကိုင်တွယ်တဲ့ နေရာတစ်ခုပဲ။ ထျန်းဖူနန်းတော်ရဲ့ တရားဝင် နေရာတစ်ခုပေါ့။ "

"နေ့စဉ်နေ့တိုင်း အသင်း တွေရဲ့ ကိစ္စ အကြီးအသေး အားလုံးက အဲဒီမှာပဲ ပြုလုပ်ကြတာ။"

" နောက်ပိုင်း ထျန်းရှထုန် ဝင်လာရင်လည်း မင်း အဲဒီကို ခဏခဏ သွားရလိမ့်မယ်"

ထန်ထျန်းက ညင်သာစွာ ခေါင်းညိတ်လိုက်၏။

၎င်းမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမ ဘက်က သီးသန့်ခန်းများကဲ့သို့ပင် ဖြစ်ဟန်တူပေသည်။

သို့သော် သူ မထင်မှတ်ထားသည်မှာ ဆရာ များကို စုဆောင်းသည့် ကိစ္စက ဤမျှ လျင်မြန်စွာ အခြားသူများ၏ အာရုံစိုက်မှုကို ရရှိသွားခြင်းပင် ဖြစ်၏။

သူက မိုကျွင်းအား သူ၏ သံသယကို မေးလိုက်ပေသည်။

"ဒါက ပုံမှန်ပါပဲ"

မော့ကျွင်းက ပြုံး၍ ပြောလိုက်၏။ "ငါ ဒီတစ်ခေါက် ဖိတ်ထားတာက နယ်ပယ်အသီးသီးမှာ နာမည်ရှိတဲ့ ဆရာ တွေ ဖြစ်တဲ့အပြင် အရေအတွက်ကလည်း မနည်းဘူး။ "

"သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့သူတွေ အများကြီး ရှိတယ်။ "

"အခုလို စု ထွက်လာကြတော့ စုံစမ်း မယ့်သူတွေ ရှိလာတာပေါ့"

ထန်ထျန်းက အို ဟု ရေရွတ်လိုက်၏။ ဒီလို ကိုး။

"ဘာပြဿနာမှ မရှိနိုင်ဘူး မဟုတ်လား"

သူက မေးလိုက်၏။

မိုကျွင်းက ခေါင်းခါပြလိုက်သည်။ "မရှိပါဘူး၊ ဒါက ပုံမှန် စီးပွားရေး လှုပ်ရှားမှု တစ်ခုပဲ။ "

"အသင်းနဲ့ ဆရာ တွေကြားမှာက ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုး ဖြစ်ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု အပေါ်မှာပဲ မူတည်တယ်။ "

"အခြေအနေတွေ ညှိနှိုင်းလို့ အဆင်ပြေရင် ဘယ်သူကမှ ဘာမှ ပြောမှာ မဟုတ်ဘူး"

ပြောရင်းနှင့် သူက ထန်ထျန်းကို ကြည့်ကာ ပြုံးလိုက်၏။ "သူတို့ထက်စာရင် အဲဒီလူတွေက မင်းကို ပိုပြီး အာရုံစိုက်နေကြလိမ့်မယ်လို့ ငါ ထင်တယ်။"

"ထျန်းဖူ နန်းတော်ထဲကို ဝင်လာတာ မကြာသေးတဲ့ တပည့်သစ် တစ်ယောက်က ဆရာ တွေ အများကြီးကို ဒီလောက် အကြီးအကျယ် ဖိတ်ခေါ်နေတာက ထျန်းဖူနန်းတော်ရဲ့ သမိုင်းမှာတောင် ရှားပါးတဲ့ ကိစ္စပဲ။"

" မင်း ဘယ်နေရာကို ရွေးထားသလဲဆိုတာကိုသာ သူတို့ သိသွားရင်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားကြလိမ့်မယ်"

ထန်ထျန်းက ပုခုံးတွန့်ပြလိုက်၏။ သူက ဤကဲ့သို့သော ကိစ္စရပ်များကို ကျင့်သားရနေပြီ ဖြစ်သည်။

"ဒါနဲ့ ညီလေး ထန်၊ မင်း သဘောကျထားတဲ့ အဲဒီ နေရာက ဘယ်လိုလဲ"

မော့ကျွင်းက မေးလိုက်၏။

တကယ်တော့ သူသည် ထန်ထျန်းက ထိုနေရာကို ရနိုင်မည်ဟု သိပ်ပြီး မယုံကြည်ပေ။

ရှင့်ပေါင်ကျွန်း ရဲ့ အချက်အချာကျသော နေရာမှာ ငွေရှိရုံနှင့် ရနိုင်သော နေရာ မဟုတ်ပေ။

သို့သော် ထန်ထျန်းက တိုက်ရိုက်ပင် ခေါင်းညိတ်ပြလိုက်၏။

"အကုန် အဆင်ပြေသွားပြီ။ "

"ကျွန်တော် တို့ရဲ့ အထက်အကြီးအကဲ တွေက တကယ်ကို စိတ်သဘောထား ကောင်းကြတယ်။ သူတို့က ကျွန်တော့် ကို နေရာ ပိုပြီးတော့တောင် ခွဲပေးလိုက်သေးတယ်"

ထန်ထျန်းက အေးအေးဆေးဆေး ပြောလိုက်ပေသည်။

မိုကျွင်းမှာ မှင်တက်သွားတော့၏။

ထျန်းဖူနန်းတော် အထက်အကြီးအကဲ တွေက စကားပြောရ လွယ်ကူတယ် ဟုတ်လား။

တကယ်လို့ သူကိုယ်တိုင်သာ အထက်တန်းလွှာထဲက မဟုတ်ခဲ့လျှင် ဤစကားကို ယုံမိတော့မည် ဖြစ်၏။

အာဏာကြောင့် ရရှိလာသော ဖိအားများကို သူက ကောင်းစွာ သိထားသည် မဟုတ်ပါလား။

သို့သော် ထန်ထျန်းက ဤကဲ့သို့သော ကိစ္စတွင် လိမ်ပြောလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဆိုလိုသည်မှာ အထက်အကြီးအကဲ များက ထန်ထျန်းကို အလွန် အသိအမှတ်ပြုထားခြင်း ဖြစ်စေ၊ သို့မဟုတ် ထန်ထျန်း၏ နောက်တွင် တစ်စုံတစ်ယောက် ရှိနေခြင်း ဖြစ်စေ တစ်ခုခု ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူက ထန်ထျန်းကို တစ်ဖန် ပြန်လည် သုံးသပ်ရပေတော့မည်။

"ဒါဆိုရင်တော့ ဒီနေ့ ဆွေးနွေးပွဲက ပိုပြီး အဆင်ပြေမှာပါ။ "

"ရှင့်ပေါင်ကျွန်း ရဲ့ အချက်အချာကျတဲ့ ရွှေရောင် မြေနေရာက သူတို့အတွက် တကယ်ကို ဆွဲဆောင်မှု ရှိနေမှာပဲ"

မိုကျွင်းက ပြုံး၍ ပြောလိုက်၏။

ထန်ထျန်း ခေါင်းညိတ်လိုက်ပေသည်။

ထို့နောက် သူတို့က လမ်းတစ်လျှောက် စကားစမြည် ပြောရင်း ဝမ်ပေါင်ကန် သို့ ရောက်ရှိလာကြ၏။

ကျားရှီခန်းမမှာ ရှင့်ပေါင်ကျွန်း ဘေးရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ရှိပေသည်။

ဤနေရာတွင်လည်း လူအများအပြား သွားလာနေကြပြီး စည်ကားမှုမှာ ရှင့်ပေါင်ကျွန်း ထက် မလျော့ပေ။

"ဝမ်ပေါင်ကန် ရဲ့ ထောင်နဲ့ချီတဲ့ ကုန်သည်အသင်းတွေနဲ့ လုပ်ငန်းတွေရဲ့ အရေးကြီးတဲ့ ကိစ္စတွေက အခြေခံအားဖြင့် ဒီမှာပဲ လုပ်ကြတာ"

" နောက်ပိုင်း ထျန်းရှထုန် ဝင်လာရင်လည်း ဒီမှာ တခြား ကုန်သည်အသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးလို့ ရတာပေါ့"

မိုကျွင်းက လမ်းလျှောက်ရင်း မိတ်ဆက်ပေးနေပေသည်။

ခဏအကြာတွင် သူတို့က အလွန် ကြီးမားသော အဆောက်အအုံကြီး တစ်ခု၏ ရှေ့သို့ ရောက်ရှိလာ၏။

"ကျားရှီခန်းမ" ဟူသော စာလုံးကြီး သုံးလုံးမှာ အဆောက်အအုံ၏ တံခါးမကြီးပေါ်တွင် ချိတ်ဆွဲထားပေသည်။

"သွားကြစို့၊ ငါ နေရာ အစီအစဉ် လုပ်ထားပြီးသား"

မိုကျွင်းက ပြော ၏။

ထို့နောက် မိုကျွင်း၏ ဦးဆောင်မှုဖြင့် ထန်ထျန်းက ဆူညံနေသော ခန်းမဆောင်ကြီးကို ကျော်ဖြတ်ကာ လှပသော ပန်းခြံတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့၏။

ဤနေရာတွင် အဆောက်အအုံငယ်လေးများစွာ ရှိနေပြီး သစ်ပင်ရိပ်များအောက်တွင် ဖုံးကွယ်နေပေသည်။

၎င်းမှာ သာမန်လူများ ဝင်ရောက်နိုင်သော နေရာမဟုတ်သည်မှာ ထင်ရှားလှပေသည်။

"ဒီတစ်ခေါက် နယ်ပယ်အသီးသီးက ဆရာ တွေကို ဖိတ်ထားတာ အရေအတွက်က တော်တော်များတယ်။ "

"သူတို့ရဲ့ လိုအပ်ချက်တွေကိုလည်း ငါ အကြမ်းဖျင်း စုံစမ်းထားပြီးသားဆိုတော့ စိတ်ချလို့ ရပါတယ်။ "

"ဆွေးနွေးတဲ့အခါ ထျန်းရှထုန် ရဲ့ အားသာချက်တွေကို အစွမ်းကုန် ပြလိုက်ကွာ အဲဒါဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်း ပိုများလိမ့်မယ်။"

" တကယ်လို့ ငြင်းပယ်ခံရရင်လည်း ဒါက ပုံမှန်ပါပဲ"

မိုကျွင်းက သက်ဆိုင်ရာ ကိစ္စရပ်များကို မှာကြားနေပြီး ထန်ထျန်းကလည်း တစ်ခုချင်းစီကို မှတ်သားထားလိုက်၏။

မကြာမီ သူတို့က ကျယ်ဝန်းပြီး မြင့်မားသော အဆောက်အအုံငယ်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာပေသည်။

သို့သော် ထန်ထျန်း အံ့အားသင့်သွားသည်မှာ ဤနေရာတွင် လူအတော်များများ ရှိနေခြင်းပင် ဖြစ်၏။

ထို့ပြင် ကြည့်ရသည်မှာ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ဖြစ်ဟန်တူပေသည်။

"အစ်ကိုမို၊ နေကောင်းတယ် မဟုတ်လား"

"မင်းတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ"

မိုကျွင်း လာသည်ကို မြင်ရသည့်အခါ သူတို့က တစ်ယောက်ချင်းစီ မတ်တတ်ရပ်၍ ရင်းနှီးစွာ နှုတ်ဆက်ကြ၏။

မိုကျွင်းကလည်း တစ်ဦးချင်းစီကို ပြန်လည် နှုတ်ဆက်လိုက်ပေသည်။

ထန်ထျန်းက ဘာမှ ဝင်မပြောသော်လည်း လူအတော်များများ၏ အကြည့်မှာ သူ့အပေါ်သို့ ကျရောက်နေသည်ကို သတိပြုမိလိုက်၏။

နှုတ်ဆက်စကားများ ပြောပြီးနောက် မိုကျွင်းက ထန်ထျန်းကို အဆောက်အအုံ၏ အပေါ်ထပ်သို့ ခေါ်ဆောင်သွားသည်။

"အဲဒါတွေက ရှင့်ပေါင်ကျွန်း ပေါ်က ကုန်သည်အသင်း တာဝန်ခံတွေပဲ"

မော့ကျွင်းက ပြော ၏။ "ရှန်းယွဲ့ရေ ကန်၊ လင်းရှောင်တောင်ကြား ၊ မုမိသားစု... သူတို့အားလုံးက မိုမိသားစုနဲ့ နယ်မြေတစ်ခုတည်းမှာ ရှိပြီး ဆက်ဆံရေးလည်း မဆိုးဘူး။အခု သူတို့လည်း ရောက်နေကြတယ်။ "

"ထိုက်ယိမဟာမိတ် က လူတွေလည်း ပါတယ်၊ ဒါပေမဲ့ သူတို့ကတော့ အပျော်လာကြည့်တာ ဖြစ်လိမ့်မယ်။ "

"ကျန်တဲ့သူတွေကတော့ ကုန်သည်အသင်း အကြီးအသေးတွေပေါ့။ ရည်ရွယ်ချက်ကတော့ အမျိုးမျိုး ရှိနိုင်တယ်၊ မင်း ဂရုစိုက်နေဖို့ မလိုဘူး"

"ဒီလူတွေက ဒီနေ့ ဆွေးနွေးပွဲကို စိတ်ဝင်စားနေကြတာ။ ငါတို့ရဲ့ လှုပ်ရှားမှုက မသေးဘူးလေ"

ထန်ထျန်းက အို ဟု ရေရွတ်လိုက်၏။ ဤသူများမှာ သူ့ကို စပ်စုနေကြသော သူများ ဖြစ်ပေသည်။

ထို့ကြောင့်ပင် သူ့ကို စိုက်ကြည့်နေကြခြင်း ဖြစ်၏။

အင်အားစု အသစ်တစ်ခု ဝင်လာခြင်းမှာ လှုပ်ရှားမှု ကြီးမားသည့်အပြင် မိုမိသားစုကပါ နောက်က ရှိနေသဖြင့် သူတို့ စပ်စုမိခြင်းမှာ သဘာဝကျပေသည်။

"နောက်ပိုင်း ကိစ္စတွေ အားလုံး ပြီးသွားမှ ငါ မင်းကို သူတို့နဲ့ မိတ်ဆက်ပေးမယ်။ "

"အခုတော့..."

မော့ကျွင်းက နှုတ်ခမ်းမဲ့လိုက်ရင်း "မလိုသေးဘူး"

"အဲဒီလူတွေက မောက်မာကြတယ်။ မင်းရဲ့ ကုန်သည်အသင်း အသစ်က တန်ဖိုးရှိမရှိ မသိရသေးသရွေ့ သူတို့က မျက်နှာသာ ပေးမှာ မဟုတ်ဘူး"

ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

သူတို့ မောက်မာသည် ဖြစ်စေ၊ မဖြစ်စေ သူ ဂရုမစိုက်ပေ။

သူသည်လည်း သူတို့နှင့် ပတ်သက်လိုစိတ် မရှိပေ။

စားပွဲပေါ်က လူတိုင်းကို သူက ဖယ်ရှားပစ်ရမည် ဖြစ်၏။

အသက်ရှင်ချင်သလား

ဒါဆိုရင်တော့ မောက်မာမှုကို လျှော့ပြီး သူ့ထံမှာ အညံ့ခံဖို့သာ ရှိပေသည်။

ခဏအကြာတွင် မိုကျွင်းက ထန်ထျန်းကို သီးသန့်ခန်းတစ်ခုအတွင်းသို့ ခေါ်သွားကာ ထိုင်စေလိုက်၏။

သူ၏ ရှေ့တွင် ကျောက်စိမ်းပြား တစ်ခု ရှိနေပေသည်။

ကျောက်စိမ်းပြားအတွင်း၌ ယနေ့ ဆွေးနွေးရန် ပြင်ဆင်ထားသော ဆရာ များ၏ အချက်အလက်များ ပါရှိပေသည်။

ထို ဆရာ များမှာ တစ်ယောက်ချင်းစီ ဝင်လာပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးကြရပေတော့မည်။

အရာအားလုံး အဆင်ပြေရန် သူ မျှော်လင့်မိ၏။

ထန်ထျန်းက ကျောက်စိမ်းပြားကို ယူ၍ အေးအေးဆေးဆေး ဖတ်နေသည်။

ထိုအချိန်မှာပင် အဆောက်အအုံ၏ အောက်ထပ်၌ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်တစ်ဦးက အတွင်းခန်း တံခါးမကြီးထဲသို့ ဝင်ရောက်လာခဲ့တော့၏။

All Chapters