ခြုံခိုတိုက်ခိုက်ခြင်း(၁)
Vol. 8 Ch. 71
ဧကရာဇ်၏ စကားကြောင့် ကျိုးယန်ဖေး၏ မျက်နှာ၌ ရှက်သွေးဖြာသွားသည်။ သို့သော်လည်း တော်ဝင်မိသားစုမှ ဖြစ်သော တန်ရော်ဝေက အမူအရာ ပြောင်းမသွားပေ။
တန်ရော်ဝေက ခဏကြာ စဉ်းစားလိုက်ကာ…
"ဧကရာဇ်က အရှင့်သား မိန်းကလေးတွေနဲ့ ဘယ်နေရာမှာ ပျော်ပါးတယ်ဆိုတာ သိထားလား…"
"သေချာပေါက် သိတာပေါ့… သူ့ကို ဆယ်နှစ်ပြည့်မွေးနေ့ လက်ဆောင် ပေးထားတဲ့ သင်္ဘောပေါ်မှာပဲ…"
ဧကရာဇါ ချူပိန်က ဖြေကြားပေးနေသည်။
"အခုဆိုရင် တူးမြောင်းထဲမှာပဲ ဖြစ်ရမယ်… မင်းတို့ သွားချင်ရင် လမ်းပြဖို့ တယောက် ထည့်ပေးလို့ရတယ်…"
"ဒါဆိုရင် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး…"
………
အမှုထမ်းတဦး၏ ဦးဆောင်မှုဖြင့် ကျိုးယန်ဖေးနှင့် တန်ရော်ဝေတို့က တူးမြောင်းအတွင်းရှိ အိမ်ရှေ့စံ ပိုင်ဆိုင်သည့် သင်္ဘောသို့ သွားကြသည်။
မြို့တော်၏ ကြီးမားကျယ်ပြန့်လှသည့် တူးမြောင်းအတွင်း၌ပင် သင်္ဘောမှာ မြင်သာလွန်း၏ ။ သင်္ဘာမှာ မီတာ သုံးဆယ်မှ လေးဆယ်အထိ ရှည်လျားကာ သုံးထပ် အဆောက်အဦး တခုလည်း ပါရှိနေသေးသည်။ သင်္ဘော၏ ကိုယ်ထည်အား သစ်နီဖြင့် ဖန်တီးထားက ရွှေရောင် ဆေးသုတ်ထားသည်။ သင်္ဘော၏ ရွက်တိုင်နှင့် ရွက်များ၌ ပိုင်ရှင်၏ အဆင့်အတန်းအား ပြသနေသည့် ဖီးနစ်နှင့် နဂါးရုပ်ပုံများ ပါဝင်သော အလံများပင် ရှိနေသေးသည်။
ကိုယ်ထည်၌ မြားစစ်သည်များ နေရာယူရန်လည်း ပြင်ဆင်ထားသေး၏ ။ အရေးကြုံသည့် အခြေအနေ၌ စစ်သင်္ဘောအဖြစ် အသွင်ပြောင်းနိုင်ပုံရသည်။
"ဝမ်းနည်းစရာပဲ…"
တန်ရော်ဝေက သက်ပြင်းချကာ မှတ်ချက်ပေးသည်။
"ဒီလို သင်္ဘောကောင်း တခုက မင်းသားတယောက်ရဲ့ လိင်ပျော်ပါးဖို့ နေရာဖြစ်နေတယ်…"
"အဟမ်း…"
ရှက်သွေးဖြာနေဆဲ ဖြစ်သည့် ကျိုးယန်ဖေးက ဝင်ပြာသေးသည်။
"ရော်ဝေ အရင်ကြည့်ကြတာပေါ့… ဒီက လူကြီးမင်း လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ်… အရင်ပြန်လို့ရပြီ…"
အမှုထမ်း ဖြစ်သူက တန်ရော်ဝေတို့အား ဦးညွတ်ကာ ထွက်သွားသည်။
သင်္ဘော၏ ပထမထပ်မှာ ဟောခန်းပုံစံသာ ဖြစ်၏ ။ ဒုတိယထပ်၏ အပြင်အဆင်မှာ စားသောက်ဆိုင်ဖြင့်ပင် ဆင်တူနေသည်။ ကျိုးယန်ဖေးနှင့် တန်ရော်ဝေတို့က တတိယထပ်သို့ တက်သွားကြသည်။ ထိုနေရာမှာ အိမ်ရှေ့၏ ညအချိန် ကုန်ဆုံးရာ နေရာတခု ဖြစ်၏ ။
"ဒီမှာ မသင်္ကာစရာ ရှိနေတယ်…'
တံခါးသို့ ရောက်ချိန်၌ ကျိုးယန်ဖေးက အခြေအနေ မမှန်သည်ကို ရိပ်စားမိသွားသည်။ သူမက အခန်း၏ ဘယ်ဘက်မှ ပြတင်းပေါက်တခုအား ညွှန်ပြကာ ပြောပြန်၏ ။
'ဒီပြတင်းပေါက်က အသစ်ပါလား…"
တန်ရော်ဝေက ထိုနေရာအား စစ်ဆေးကြည့်လိုက်သည်။ သစ်နီ စက္ကူဖြင့် ဖန်တီးထားသည့် ပြတင်းပေါက်မှာ တခြားသော ပြတင်းပေါက်များဖြင့် ဆင်တူဖြစ်၏ ။ သို့သော်လည်း သေချာကြည့်ပါက ကွာဟမှုများကို မြင်နေရသည်။
အခန်းတခုလုံးဖြင့် ယှဉ်ကြည့်လျှင်ပင် ပြတင်းပေါက်၌ ဖုန်မှုန့် နည်းနေသည်။
"ဧကရာဇ်က ခန့်မှန်းမိထားတော့ ဒီနေရာကို လူလွှတ်ပြီး စစ်ဆေးခိုင်းမှာပဲ… ဒါပေမယ့် စစ်ဆေးတာတောင် ဘာမှ မတွေ့ခဲ့ဘူးတဲ့လား… အကြောင်းပြချက်က နှစ်ခုပဲ ရှိမယ်… ပထမတစ်ခုကတော့ အိမ်ရှေ့စံရဲ့ သင်္ဘောမို့ မစစ်ဆေးရဲတာပဲ… နောက်တခုကတော့ အဲ့အချိန်မှာ တယောက်ယောက်က ပြန်ပြင်သွားတာ…"
ကျိုးယန်ဖေးက ပြတင်းပေါက်ဖွင့်ကြည့်လိုက်ရာ တူးမြောင်းရှိ စိမ်းပြာရောင်ရေအား မြင်လိုက်ရသည်။
"ဒိနေရာကနေ တယောက်ယောက် ဝင်လာတာဖြစ်မယ်…"
"တခြားသဲလွန်စ ရနိုင်မလား ကြည့်ကြတာပေါ့…"
တန်ရော်ဝေက အကြံပြုလိုက်သည်။
နှစ်ဦးသားက အခန်းအတွင်း၌ ရှာကြည့်ကြသည်။ သို့သော်လည်း အမှုပြီးချိန်၌ ပြန်လည်ပြင်ဆင်ထားပုံ ရသည်။ စားပွဲပေါ်ရှိ အလှဆင်မှု သို့မဟုတ် အိပ်ယာထက်မှ ခြင်ထောင် စသည်တို့က သေသပ်စွာ ရှိနေသည်။ အခန်း၏ အခြေအနေမှာ မင်းသား တင်းကောညရောက်လာချိန်၌ အဆင်သင့်အနေအထား ဖြစ်ပုံပင်။
"ဟမ်… ဒါက ဘာပါလိမ့်…"
သို့သော်လည်း မျက်လုံးလျှင်သည့် တန်ရော်ဝေက ကြမ်းပြင်၌ ဩလွန်စအား မြင်သွားသည်။ ထိုအရာမှာ ကြမ်းပြင်၌ ညှပ်နေသည့် အဖြူရောင် ဆံပင် ဖြစ်၏ ။ သေချာစေ့စပ်စွာ ရှာဖွေမှု မပြုပါက ထိုအရာအား မြင်နိုင်မည် မဟုတ်ပေ။
မိန်းကလေးငယ်က ဒူးထောက်ထိုင်ကာ ထိုဆံပင်အား ဆွဲယူလိုက်သည်။
"ရော်ဝေ… သတိထား…"
ကျိုးယန်ဖေးက ရုတ်တရက် အော်ပြောလာ၏ ။ တန်ရော်ဝေက သူမ၏ အင်္ကျီအား ဆွဲယူသည်ကို ခံစားမိလိုက်သည်။ ထို့နောက်တွင် ပြတင်းပေါက်မှ မီးတခု ရောက်လာပြီး ကြမ်းပြင်တခုလုံး လောင်ကျွမ်းကာ မည်းနက်သွားသည်။
မီးအလင်း ပျောက်သွားချိန်၌ အနီရောင် ဓားပျံအား မြင်လိုက်ရသည်။
"ကျင့်ကြံသူလား…"
ကျိုးယန်ဖေးက အင်္ကျီလက်အား မတင်လိုက်ရာ သူမ၏ လက်မှ လှံတိုနှစ်ချောင်း ထွက်လာသည်။
ကြမ်းပြင်ထက်မှ ဓားပျံက တန်ရော်ဝေနှသ့် ကျိုးယန်ဖေးတို့ ရှိရာသို့ ဦးတည်လာသည်။ ကျိုးယန်ဖေး၏ လှံတိုနှစ်ချောင်းက ထိုဓားပျံအား ထိပ်တိုက်ရင်ဆိုင်၏ ။
လက်နက်ချင်း ထိခတ်ပြီးနောက်တွင် ဓားပျံထက်မှ မီးလျံက တဖြေးဖြေးချင်း သေးလာသည်။ ထိုအချိန်၌ ဓားပျံမှ ရေခဲက နေရာကြီးထွားလာနေသည်။
ထို့နောက်တွင် ဓားပျံက ပြန်လည်ဆင့်ခေါ်ခံရကာ ပြတင်းပေါက် နှစ်ခု ရုတ်တရက် ပွင့်ထွက် ပျက်စီးသွား၏ ။