← Chapters

ခြုံခိုတိုက်ခိုက် ခံရခြင်း(၂)

Vol. 8 Ch. 72

ခြုံခိုတိုက်ခိုက် ခံရခြင်း(၂)

Vol. 8 Ch. 72

ပျက်စီးသွားသည့် ပြတင်းပေါက်နှစ်ခုမှ မျက်နှာဖုံးဝတ် အမျိုးသားနှစ်ဦး ဝင်လာသည်။ ထိုသူများမှ တဦးက ဓားပျံအား ကိုင်ဆောင်ထားပြီး ကိုယ်တွင်လည်း မီးလျှံများ ရစ်ပတ်နေသည်။ ထိုသူက ကျိုးယန်ဖေးအား လက်ဝါးချက်ဖြင့် တိုက်ခိုက်သည်။

ကျိုးယန်ဖေးက တွန့်ဆုတ်မနေဘဲ ပြန်လည် တိုက်ခိုက်၏ ။ သူမ၏ လှံတိုက လက်ဝါးချက်အား ပိတ်ဆို့ကာ မျက်နှာဖုံးရှင်အား နောက်ဆုတ်သွားစေသည်။ ထို့နောက် သူမ၏ လှံတိုနှစ်ခုအား ပေါင်းသည်းကာ ခေါင်းနှစ်ဖက်လှံ ဖြစ်စေပြီး မီးလျှံ ထိန်းချုပ်သူအား တိုက်ခိုက်တော့သည်။

ထိုအချိန်၌ လက်တွသ် ရေများ ရှိနေသည့် မျက်နှာဖုံးရှင်က တန်ရော်ဝေအား တိုက်ခိုက်နေသည်။ ထိုသူက ရေဒြပ်စင် ကျင့်ကြံသူ ဖြစ်ပုံရ၏ ။

"အဟမ်း…"

တိုက်ခိုက်မှု မပြုလာမီတွင် တန်ရော်ဝေက ပျက်ရယ်ပြုသံအား ကြားလိုက်ရသေးသည်။

ထိုသူ၏ ကျင့်ကြံမှု အဆင့်မှာ တန်ရော်ဝေထက် မြင့်မားသည်။ ယခုအချိန်၌ အလစ်တိုက်ခိုက်လာခြင်း ဖြစ်ပြီး တူးမြောင်းတွင်လည်း ရေအပြည့်ဖြစ်၏ ။ သို့ဖြစ်ရာ ရန်သူအနေဖြင့် အသာစီးရသည့် နေရာဟု ဆိုရပေလိမ့်မည်။

သို့သော်လည်း မျက်နှာဖုံးရှင်၏ တွက်ချက်မှု မှားယွင်းနေသည်။

ရန်သူ၏ သတ်ဖြတ်လိုစိတ်အား မြင်ရချိန်၌ တန်ရော်ဝေသည်လည်း လှည့်ကွက်များအား ချန်လှပ်မထားတော့ချေ။ သူမက တောင်တန်း၌ မျောက်ငယ်၏ တိုက်ခိုက်မှုဖြင့် ကြုံရစဉ်၌ ရှောင်တိမ်းသည့် စွမ်းရည် ရထားပြီး ဖြစ်သည်။ ထို့အပြင် ခန္ဓာပြောင်းအတတ်မှ လေ့ကျင့်ခန်းများ၏ အကျိုးကျေးဇူးများလည်း ရှိနေသေးသည်။ ထို့ကြောင့် တဖက်သူ၏ တိုက်ခိုက်မှုများအား အလွယ်တကူ ရှောင်တမ်းနိုင်သည်။

ထို့နောက်တွင် သူမက ပါးစပ်ဟလိုက်၏ ။

အနက်ရောင် ဓားတလက် ထွက်ပေါ်လာကာ တိုက်ခိုက်သူအား အပြင်ဘက်သို့ လွင့်ထွက်သွားစေသည်။

ထိုအခြေအနေကြောင့် မီးကျင့်ကြံသူမှာ အံ့အားသင့်သွားရသည်။ သို့ဖြစ်ရာ ကျိုးယန်ဖေး၏ တိုက်ခိုက်မှုဖြင့် ထိမိရန်ပင် နီးစပ်သွားတော့သည်။

တန်ရော်ဝေတို့ နှစ်ဦးက ပြင်းတင်းပေါက်သို့ သွားကြည့်ချိန်၌ မီးကျင့်ကြံသူက ဓားပျံစီးနင်း၍ ရေကျင့်ကြံသူအား ခေါ်ဆောင်ကာ ထွက်ပြေးသည်ကို မြင်လိုက်ရသည်။

………

"စန္ဒာ ပူဇကဂိုဏ်း…"

သာယာမှု နယ်မြေ အဆောက်အဦးရှိ ခြံဝန်းငယ်၌ ပိုင်ချူးရန်က သိလိုစိတ်ပြင်းပျစွာဖြင့် မေးနေသည်။

'ဘာဂိုဏ်းများလဲ… ကျန်းပြည်နယ်မှာ ဒီဂိုဏ်းရှိတာကို မကြားဖူးနေဘူး…"

"ဪ ဂိုဏ်းအသစ်တခုပေါ့… အမှန်တရား မသာမိတ်အဖွဲ့ထဲ ဝင်လာတာ မကြာသေးဘူး… အဲ့တာကြောင့် နင်မကြားဖူးတာ ဖြစ်မယ်…"

စုရှန်းရွှယ်က ကုချင်း တီးခတ်နေရာမှ ပြန်ပြောလာသည်။

"ဒီဂိုဏ်းက တင်နိုင်ငံရဲ့ ပိုင်ကျွယ်တောင်တန်းပေါ်မှာ ရှိတယ်… ဂိုဏ်းထဲမှာ ရွှေအမြုတေအဆင့်တော့ တော်တော်များတာ ပြောရရင်တော့ ဂိုဏ်းတခုဖြစ်ဖို့ အရေအတွက် လုံလောက်တာပေါ့… ဒါပေမယ့် ကာမသုတြာဂိုဏ်းရဲ့ သတင်းကွန်ယက်ကနေ စိတ်ဝင်စားစရာ ကောင်းတာ သိထားတယ်…တင်နိုင်ငံရဲ့ မင်းသားနှစ်နဲ့ မင်းသားသုံးက အရင်လက ဂိုဏ်းခေါင်းဆောင်ဆီ သွားပြီးတော့ အရေးကြီးကိစ္စဆွေးနွေးကြတာ…"

"နောက်တလကြာတော့ အိမ်ရှေ့စံ လုပ်ကြံခံရတယ်…"

ပိုင်ချူးရန်က ကောက်ချက်ချလိုက်သည်။

"အဟမ်း… အိမ်ရှေ့စံကို ရှင်းပစ်တယ် ပြီးကျတော့ မင်းသားနှစ်နဲ့ မင်းသားသုံး တိုက်ခိုက်တာကို ကြည့်မယ်ပေါ့… နောက်ဆုံးမှ ကယ်တင်ရှင် အနေနဲ့ ပေါ်လာပြီး ရုပ်သေးထားမယ်… နိုင်ငံတခုလုံးကို သူတို့ ထိန်းချုပ်ချင်တာ မဟုတ်လား… သေမျိုးလောက အမြင်ဆိုရင်တော့ အကြံကောင်းပဲ ဒါပေမယ့် ကျင့်ကြံခြင်းလောကအနေနဲ့ ကြည့်ရရင် စည်းမျဉ်းချိုးဖောက်တာ ဖြစ်လာပြီ… နောက်ပြီး သူတို့က အပြစ်ပုံချတဲ့သူကို မှားရွေးထားသေးတယ်…"

"စန္ဒ ပူဇကဂိုဏ်းက နိုင်ငံတခုကို ထိန်းချုပ်ထားရင် အရင်းအမြစ်တွေ လွယ်လွယ်ရတော့ ဂိုဏ်းဖွံ့ဖြိုးမှု မြန်မယ် ထင်ထားပုံပဲ…"

စုရှန်းရွှယ်ကလည်း ပြောလာ၏ ။

"ကျင့်ကြံခြင်းလောကမှာ အရေးအကြီးဆုံးက တိုက်ပွဲဆိုတာကို မသိနေကြပါလား… ရွှေအမြုတေအဆင့် ဂျူနီယာတစုက နိုင်ငံအရင်းအမြစ်တွေကို အပိုင်စီးချင်နေတယ်… သူတို့ အစီအစဉ် အောင်မြင်ရင်တောင် ကျန်းပြည်နယ်က တခြားဂိုဏ်းတွေ ရပ်ကြည့်နေကြမယ် မထင်ဘူး… စိတ်ဝိညာဉ်အဆင့် တယောက် နှစ်ယောက်လောက် ပို့လာရင် ဂိုဏ်းတခုလုံး ပျက်စီးသွားရမှာ…"

"ငါလည်း ဒီလိုမြင်ထားတယ်… အဲ့တာကြောင့်မို့ ချီမင်တပည့်တွေကို မာနတရားကင်းအောင် လုပ်ထားတာ… ကျင့်ကြံတာနဲ့ အားကောင်းလာဖို့ကို အာရုံစိုက်တာကမှ လမ်းကြောင်းမှန်လေ…"

ပိုင်ချူးရန်ြ ထိုင်နေရာမှ ထရပ်လိုက်သည်။

"ဒါပေမယ့် ငါတော့ ခွင့်မပြုနိုင်သေးဘူး… အဲ့အချိန်ကလို စွေ့လော် စိတ်ရူးပေါက်သွားရင်ကော… ဆိုးဆိုးဝါးဝါး ဖြစ်လာရင် မျိုးနွယ် နှစ်ခုစလုံး စစ်ပွဲဖြစ်ရလိမ့်မယ်… ငါသူ့ကို တားမှ ဖြစ်မယ်…"

"သွားတော့မို့လား…"

စုရှန်းရွှယ်က မေးခွန်းထုတ်လာသည်။

"မင်းကျင့်ကြံနေတာကို မနှောင့်ယှက်တော့ဘူး…"

ပိုင်ချူးရန်က စုရှန်းရွှယ်အား တချက်ကြည့်လိုက်သည်။

"ပုံရိပမာယာ အတတ်က တိုးတက်မှု နှေးနေသလိုပဲ… ကျင့်ကြံမှု အထောက်အကူရဖို့ ယန်စွမ်းအင် မယူရသေးဘူးလား…"

စုရှန်းရွှယ်က ‌‌ေဒါသဖြစ်သွားကာ ခပ်ပြတ်ပြတ်ပြောလာသည်။

"နင့်အပူမပါဘူး…"

ထိုစကားကြောင့် ပိုင်ချူးရန်ပင် ရယ်မိသွား၏ ။

ပိုင်ချူးရန်၏ အပြုအမူများကြောင့် စုရှန်းရွှယ်ပင် ရင်နာမိသွားသေးသည်။

"သွားတော့… မြန်မြန်သွား…"

"ဟေး အဆင်ပြေရဲ့လား…"

"ပြေတယ်… ဒီအအိုမကြီးက ယောက်ျားတယောက်ရဲ့ ယန်စွမ်းအင်ရဖို့ အားထုတ်ရဦးမယ်…"

စုရှန်းရွှယ်က ပိုင်ချူးရန်အား တံခါးအပြင်သို့ တွန်းထုတ်ကာ တံခါးဆောင့်ပိတ်လိုက်သည်။

"နင့်တပည့်ကိုသာ သွားရှာတော့…"

ပိုင်ချူးရန်က ချက်ချင်းထွက်မသွားချေ။ ထို့အစား တံခါးဝတွင် ရပ်နေကာ နှာခေါင်းကုတ်နေသည်။

"ဒေါသတော့ တော်တော်ကြီးတာပဲ… ယန်စွမ်းအင် ယူတာက ပုံမှန်ပဲကို ငါမေးလို့ မရဘူးတဲ့လား…"

ပိုင်ချူးရန်က ရေရွတ်နေမိသည်။ ထို့နောက်တွင် သာယာမှု နယ်မြေ အဆောက်အဦးမှ ထွက်ခွာသွားသည်။

All Chapters