← Chapters

ချီသန့်စင်ခြင်း အဆင့်၌ အခွင့်အရေး မရှိသည်လော

Vol. 8 Ch. 73

ချီသန့်စင်ခြင်း အဆင့်၌ အခွင့်အရေး မရှိသည်လော

Vol. 8 Ch. 73

"ရော်ဝေ နင်အဆင်ပြေရဲ့လား…"

ကျိုးယန်ဖေးက လှံအား သိမ်းဆည်းကာ မေးလာသည်။

"အဆင်ပြေပါတယ်…"

တန်ရော်ဝေက စကားပြန်ပေးသည်။

"ငါက နင့်လောက် အားမကောင်းပေမယ့် ဆရာက သင်ပေးထားတာတွေ ရှိတယ်… ငါ့ကို တိုက်ခိုက်လာတာကိုတော့ ခုခံလိုက်နိုင်တာပဲ… မဟုတ်ရင် ငါအခု သေနေပြီးပြီ…"

ကျိုးယန်ဖေးက မေးလာသေးသည်။

"နောက်ဆုံး ဓာကွက်က ဘယ်လိုများလဲ… တိုက်ကွက်က ဆန်းတယ်… ချီမင်ဓားတိုက်ကွက်မှာ ဒီလိုဓားကွက် ရှိတာတော့ မကြားဖူးထားဘူး… ဘယ်လို ဒြပ်စင်ကနေ ဒီလို တိုက်ကွက်မျိုး ကို အခြေခံထားတာပါလိမ့်…"

ကျိုးယန်ဖေးက ‌စကားဆိုနေရာမှာ စကားရပ်သွား၏ ။

"အာ တောင်းပန်ပါတယ်… ငါတို့က ဂိုဏ်းမတူဘူးဘဲ ငါက သိချင်ယုံလေးပါ… မပြောချင်ရင်လည်း ရပါတယ်…"

"ရတယ် ဘာမှမဖြစ်ဘူး…"

တန်ရော်ဝေက ခေါင်းရမ်းလိုက်သည်။

"ဒီဓားချက်က ဆရာ ငါ့အတွက် ဖန်တီးထားတာ… ငါလည်း ဒီအကွက်ပဲ သိထားသေးတယ် ဆရာ ဘယ်လိုဖန်တီးထားတယ်ကိုတော့ မသိ‌ဘူး… ငါက မြေဓာတ်ကျင့်ကြံသူမို့ ဒီဓားချက်က မြေဓာကို အထူးပြူထားတာ…"

"ဒီတိုက်ကွက်က တော်တော့်ကို ကြောက်စရာကောင်းတယ်… ငါဆိုရင်တောင် တားဆီးနိုင်မှာ မဟုတ်ဘူး…"

ကျိုးယန်ဖေးက ခေါင်းရမ်းကာ ပြောနေသည်။

"တကယ်ပဲ ချီမင်ဓားဂိုဏ်း တပည့်ပီသပါပေတယ်…"

"မကောင်းတော့ဘူး…"

တန်ရော်ဝေက မည်းနက်နေသည့် ကြမ်းပြင်အား ကညည့်ကာ ရေရွတ်မိသည်။

"ဆံပင်လည်း ပျက်စီးသွားပြီ… ဆံပင် ရှိနေသေးရင် ဘယ်သူဆိုတာ လိုက်လို့ရဦးမှာ…"

"အရေးမကြီးပါဘူး… ဆံပင်ကို ပြန်မရနိုင်ပေမယ့် ငါနဲ့တိုက်ခိုက်တဲ့ မီးကျင့်ကြံသူကို ခြောရာခံဖို့ လုပ်ထားပြီးပြီ…"

ကျိုးယန်ဖေးက ယုံကြည်မှုအပြည့်ရှိပုံရသည်။

"ဒီနေရာက ရေပေါ်မှာကို သူက မီးကျင့်ကြံသူ… ငါကိုယ်တိုင်က ရေဓာတ် ကျင့်ကြံတာကို လာတိုက်ခိုက်ရဲတာတော့ သံသယဖြစ်စရာပဲ…"

"အစ်မက တကယ်အံ့ဩစရာပါလား…"

တန်ရော်ဝေက ချီးကျူးစကားဆိုမိသည်။

ကျိုးယန်ဖေးက အရှက်ရသွားကာ ပြောလာသည်။

"မီးကျင့်ကြံသူက မြို့ပြင်ရောက်ပြီ… သူ့နောက် လိုက်ကြတာပေါ့…"

………

မြို့တော်နှင့် မိုင်ရာချီဝေးသည့် အကွာအဝေးတွင် ဖြစ်၏ ။ ကောင်းကင်ယံမှ မီးတိမ်တိုက်တခု သက်ဆင်းလာပြီး မီးကျင့်ကြံသူအဖြစ် ပြောင်းသွားသည်။ ထိုသူမှာ ပုခုံးထက်၌ လူတဦး သယ်ဆောင်လာပြီး တောင်ထိပ်တခုတွင် ဆင်းလိုက်ခြင်း ဖြစ်၏။

တောင်ထိပ် အနီးတဝိုက်၌ ဝတ်စုံဆင်တူ ဝတ်ထားသည့် အမျိုးသားနှင့် အမျိုးသမီးများစွာ ပေါ်လာကြသည်။ ထိုသူများက ကောင်းကင်ယံမှ ဆင်းလာသူအား မေးခွန်းထုတ်ကြသေးသည်။

"ပေယွမ် ပြန်‌ေရာက်လာပြီလား… ပေရှန်က ဘာဖြစ်ခဲ့တာလဲ…"

"စီနီယာအစ်ကို ပေချင်…"

ပေယွမ် အမည်ရသည့် မီးကျင့်ကြံသူက ပြန်ဖြေလာ၏ ။

"ဒီတခေါက်တော့ မအောင်မြင်ခဲ့ဘူး… အမှုလိုက်တွေက သေမျိုးမဟုတ်နေတော့ဘူးပဲ… တော့်တော့်ကို ဉာဏ်ပြေးတဲ့ မိန်းကလေး နှစ်ယောက်ပါ … ပေရှန်က သတိတချက်ပေါ့မိလို့ အသတ်ခံလိုက်ရတာ…"

မေးခွန်းမေးသူက ရုတ်တရက် သတိကပ်သွားတော့သည်။

"မင်းတို့ကို ခြေရာခံလာကြသေးလား…"

"မလိုက်လာနိုင်ပါဘူး… အပြန်လမ်းမှာ ဆေးအကုန်သောက်ပြီးတော့ တင်နိုင်ငံကနေ ချက်ချင်းနီးပါး အမြန်လာခဲ့တာ…"

ပေယွမ်၏ မျက်နှာထက်၌ သောကရောက်နေပုံရသည်။

"သူတို့ နှစ်ယောက်ကလည်း အခြေတည်အဆင့်တွေပဲ… ငါ့ကို အမှီလိုက်ဖို့တော့ မဖြစ်နိုင်ဘူး…"

"ကောင်းတယ်…"

ပေချင်က ပေရှန်၏ အလောင်းအား ယူလိုက်ကာ စကားဆိုပြန်သည်။

"စိတ်အေးအေးထား… ဆရာက သူ့အတွက် လက်စားချေပေးလိမ့်မယ် ပြီးတော့ သူ့အကျိုးဆောင်မှုကိုလည်း မှတ်ထားကြတာပေါ့… ဆရာဦးလေးက လူစုဖို့ အမိန့်ပေးထားတယ် … အကောင်ငယ်တွေ ပုန်းနေတဲ့နေရာကို ရှာတွေ့သွားကြပြီ… သူတို့ကို ဝိုင်းပြီး တိုက်ခိုက်ကြတာပေါ့… လူ့အသွင်ပြောင်းနိုင်တဲ့ မွန်းစတားတွေ ပြည်နယ်ကိူခုထဲ မမြင်ရတာ ကြာနေပြီ… အမြုတေရရနိုင်ရင် ဆရာနဲ့ ဆရာဦးလေးတို့ ရွှေအမြုတေအဆင့် တက်နိုင်ကြမှာ… ဒီလိုဆိုရင် ငါတို့ဂိုဏ်း အဆင့်မြင့်လာပြီးတော့ အမှန်တရား မဟာမိတ်အဖွဲ့ထဲ ဝင်နိုင်လိမ့်မယ်…"

"နားလည်ပါပြီ…'

ပေယွမ်က ပေရှန်၏ အလောင်းအား ဂျူနီယာ တဦးထံသို့ ပေးလိုက်ကာ…

"စီနီယာအစ်ကို စုရပ်က ဘယ်မှာများလဲ…"

"တင်နိုင်ငံ တောင်ပိုင်းအရပ်က တင်ကျန်းတောင်တန်း…"

ပေချင်က ပြန်ဖြေပေးသည်။

ထို့နောက်တွင် ကျင့်ကြံသူများက အသေးစိတ် အကြောင်းအရာများ ဆွေးနွေးကာ ထွက်ခွာသွားကြသည်။

ထိုကျင့်ကြံသူများ ထွက်သွားပြီးနောက်တွင် တောင်ကုန်းအနီး၌ ပုံရိပ်နှစ်ပေါ်လာသည်။ ကျင့်ကြံသူများ ထွက်ခွာသွားကြောင်း သေချာမှသာ ရုတ်တရက် ပေါ်လာခြင်းဖြစ်၏ ။

"စိတ်ဝင်စားစရာပါလား…"

တန်ရော်ဝေက အဝတ်အစားများအား ပြင်ဆင်သည့်ဟန်ဖြင့် ရင်ဘတ်အား စမ်းကြည့်သေးသည်။

"တင်ကျတ်တောင်တန်းက ဘယ်နားမှာပါလိမ့်…"

"တင်နိုင်ငံ တောင်ဘက်က နာမည်ကြီး နေရာတခုပဲ… တင်နိုင်ငံ ဧကရာဇ်ဟောင်း စစ်ပွဲနိုင်ပြီး ပြန်လာတော့ ပီတိဖြစ်လွန်းတာမို့ သူ့ရုပ်ထု ထားခဲ့ဖူးတယ်…"

ကျိုးရန်ဖေးက ရှင်းပြပေးသည်။

"ဒါပေမယ့် ရော်ဝေ နင့်ရဲ့ လွတ်မြောက်ရေး နည်းလမ်းက မျက်စိပွင့်စရာပဲ… တကယ်ပဲ ချီမင်ဓားဂိုဏ်း တပည့်ပီသလွန်းတယ်…"

"ဒါက ငါ့ဆရာ သင်ပေးထားတာပဲ… သူပြောတာတော့ မတိုက်ခိုက်နိုင်ရင်တောင် သူများထက်တော့ မြန်မြန်ပြေးနိုင်ရမယ်တဲ့လေ…"

တန်ရော်ဝေက ပြောလာသည်။

"ဒါပေမယ့် ခဏတွင်းချင်း ဒီနေရာကို ရောက်နိုင်မယ်လို့တော့ မထင်ထားမိဘူး…"

ခန္ဓာပြောင်းလဲခြင်း အတတ်၏ နည်းလမ်းကြောင့် တန်ရော်ဝေ၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှု ပြုလုပ်ထားသော ကျိုးယန်ဖေးထက်ပင် သန်မာသေးသည်။ ပိုင်ချူးရန်က အခြေခံကောင်းစေရန် ဖိအားပေးခဲ့သည် မဟုတ်လော။ သို့ဖြစ်ရာ သူမ၏ မူလချီသည်လည်း သာမန် အခြေတည်အဆင့်များထက် များစွာသိပ်သည်းလွန်းလှသည်။

All Chapters