← Chapters

တင်ကျန်းတောင်တန်း

Vol. 8 Ch. 74

တင်ကျန်းတောင်တန်း

Vol. 8 Ch. 74

"ဒါနဲ့ အစ်မ ယန်ဖေးက ချီမင်ဓားဂိုဏ်းကို တော်တော်လေးစားပုံပဲ…"

တန်ရော်ဝေက ခဏကြာ စဉ်းစားကာ ပြောလိုက်သည်။

"ဓားချက်ကော လွတ်မြောက်ရေး နည်းလမ်းကိုပါ ချီးကျူးတယ်… ကြည့်ရတာ ဂိုဏ်းကို တော်နော် သဘောကျတာပဲ ဖြစ်ရမယ်…"

"ဟုတ်တယ် ငါတောင် ဘယ်လိုပြောရပါ့… တကယ်တော့ ငါက ချီမင်ဓားဂိုဏ်းထဲ ဝင်ချင်တာ ဒါပေမယ့် ငါ့အိမ်က ကုပြည်နယ်နဲ့ ဝေးလွန်းတယ်လေ… အဲ့တာမို့ ကောင်းကင်စစ်တပ်ထဲပဲ ဝင်နိုင်တယ်…"

ကျိုးယန်ဖေးက ခေါင်းကုတ်ကာ ပြောနေခြင်းတည်း။

"ငါမွေးတုန်းကလည်း ရွာကို နတ်ဆိုးတကောင်က ထိန်းချုပ်ထားတာ… နတ်ဆိုးက တောင်စောင့်နတ်ဆိုပြီးတော့ ယစ်ပူဇော်ဖို့ တောင်းတယ်… အဲ့တုန်းက ငါ့အမေက ယဇစ်ကောင်အဖြစ် ရွေးခံထားရတာ… နောက်ကျတော့ ဆံပင်ကော မျက်ခုံးပါဖြူတဲ့ ချီမင်ဓားဂိုဏ်းရဲ့ ကျင့်ကြံသူတယောက်က နတ်ဆိုးကို ခေါင်းဖြတ်ပြီးတော့ ရွာကို ကယ်တင်ပေးခဲ့တာလေ… ငါ့မိဘနဲ့ အဘိုးအဘွားတွေက ငယ်ငယ်ကတည်းက ပြောပြခဲ့တော့ ငါတောင် သူ့ကို လေးစားမိတုန်း…"

"ဒါ…"

တန်ရော်ဝေက မျက်လုံးအပြူးသား ဖြစ်သွားတော့သည်။

"နေပါဦး ငါ့မောင်လေးကလည်း ဆံပင်ဖြူ မျက်ခုံးဖြူပဲလေ…"

"မဖြစ်နိုင်ဘူးလေ ဒါက တိုက်ဆိုင်တာပဲ ဖြစ်ရမယ်…"

ကျိုးရန်ဖေးက ရယ်မိသွားသည်။

"ပိုင်ငယ်လေးက ချစ်စရာကောင်းပြီး ဖြောင့်မတ်တယ် ဒါပေမယ့် ချီသန့်စင်ခြင်း အဆင့် မဟုတ်လား… ဘယ်လိုလုပ် နတ်ဆိုးကို သတ်နိုင်မှာတုံး…"

………

ရက်အနည်းငယ်ကြာ ခရီးနှင်ပြီးနောက်တွင် တန်ရော်ဝေနှင့် ကျိုးရန်ဖေးတို့က တင်ကျန်းတောင်တန်းသို့ ရောက်သွားကြသည်။

တောင်ခြေ၌ လက်ဖက်စံအိမ် တခု ရှိ၏ ။ ထိုနေရာမှ ကြည့်ပါက ဧရာဇ်ဟောင်း တည်ဆောက်ခဲ့သည့် ကြီးမားသော ပုံတူရုပ်ပွားကို မြင်နိုင်သည်။ အရပ်အမောင်းရှည်လျားကာ ဧကရာဇ် ချပ်ဝတ်အား ဆင်မြန်းထားပြီး လက်တွင်လည်း ဓားရှည်တလက် ကိုင်ဆောင်ကာ တောင်တန်း၏ ဘေး၌ ရပ်နေသည်။ ဧကရာဇ် ရုပ်တုမှာ မာန်ပါလှသည့်အပြင် အရှိန်အဝါ ကြီးမားလှသည်။

"ကြည့်ရတာတော့ သူတို့ လှုပ်ရှားတာ မကြာသေးဘူး…"

ကျိုးယန်ဖေးက ပတ်ဝန်းကျင်အား ဝေ့ကြည့်ကာ ပြောလာသည်။

"နင့်ရဲ့ နည်းလမ်းကို ကျေးဇူးတင်ရမယ် ရော်ဝေရေ… မဟုတ်ရင် ငါတို့ ဒီလို မြန်မြန် မရောက်နိုင်ဘူး…"

'ချီးကျူးနေပါပြီ… ငါတို့က ကံကောင်းပြီး ရောက်လာနိုင်တာပါပဲ…"

တန်ရော်ဝေက လက်ရမ်းလိုက်ကာ…

"ပြီးတော့ ငါက ဒီရောက်တာတောင် အသုံးမဝင်သေးဘူး… နတ်ဆိုးတွေ ခြေရာခံဖို့ကိုလည်း မသင်ထားဘူး…"

"ဒါတော့ ငါ့တာဝန်ထားတော့…"

ကျိုးယန်ဖေးက ယုံကြည်မှု အပြည့်ရှိနေသည်။

"အိုး… အစ်မယန်ဖေးက နတ်ဆိုးအကြောင်း လေ့လာဖူးတာလား…"

တန်ရော်ဝေက အံ့ဩမိသွား၏ ။

"မလေ့လာရသေးဘူး… ကောင်းကင် စစ်တပ်မှာတောင် နောက်ဆုံးလေ့ကျင့်မှုထဲမှာပဲ သင်ရမှာ…"

ကျိုးယန်ဖေးက ပြန်ပြောနေသည်။

"ဒါပေမယ့် မြေခွေးကို ခြေရာခံဖို့တော့ သိထားတယ်… သူတို့တွေက ပြေးနေကြတာ‌ဆိုတော့ နတ်ဆိုးတွေ မူလအသွင် ပြန်ပြောင်းကြမှာပဲ… သူတို့ကို တွေ့ရင် အိမ်ရှေ့စံရဲ့ မတော်တဆမှု အကြောင်းသိပြီပေါ့…"

"ပြောလို့ရပါတယ်လေ…"

တန်ရော်ဝေက ခေါင်းညိမ့်လိုက်သည်။

"ဒါပေမယ့် တင်ကျန်းတောင်တန်းက ကျယ်လွန်းတာကို ဘယ်နေရာကနေ စရှာရမလဲ…"

"ဒီကို လာတုန်းက မြေခွေးတွေ လူ့အသွင်နဲ့ပဲ ဖြစ်ရမယ်… ရာဂကြီးတဲ့ မင်းသားကိုတောင် ဆွဲဆောင်နိုင်မှတော့ တော်တော်လေးကို ရုပ်ရည် ပြေပြစ်မှာ သေချာတယ်… ဒီနေရာကို လာတဲ့သူတွေထဲလည်း ထင်းနေမှာပဲလေ…"

ကျိုးယန်ဖေးက သုံးသပ်နေသည်။

"သူတို့ ဘယ်ဘက်သွားလဲဆိုတာ ဒီနားဝန်းကျင်က လူတွေကို မေးကည့်ရင်တော့ သိရမှာပါ…"

နှစ်ဦးသားက တင်ကျန်းတောင်တန်း အနီးရှိ ရွှာများနှင့် မြို့များတွင် သတင်းစုံစမ်းကြသည်။ သဲလွန်စများလည်း ရရှိခဲ့၏ ။

ရွာသားများ၏ စကားအရ ခန္ဓာကိုယ်၌ ကောက်ရိုးများခြုံထားသည့် မိန်းကလေးတစုမှာ တင်ကျန်းတောင်တန်း၏ မြောက်ဘက်မှ တောင်ပေါ်သို့ သွားခဲ့ကြသည်။

"ငါ့အိမ်ဘေးက ဝမ်အာ ပြောတာတော့ သူက မိန်းကလေးတွေ လမ်းမေးတုန်း တယောက်ရဲ့ မျက်နှာကို မြင်လိုက်တယ်တဲ့… လှတာတော့ တကယ်လှတာ နတ်သမီးလို့တောင် ထင်ရတယ်ဆိုလား… ဝမ်အာတော့ အခုထိ ယစ်မူးနေတုန်းပဲ…"

ရွာသားများက စကားပြောနေရာမှ တန်ရော်ဝေတို့အား မေ့ကြည့်၍ ပြောပြန်သည်။

"မင်းတို့ နှစ်ယောက်လည်း လှတာပါလား… ငါသာ အသက်မကြီးသေးရင် သေချာပေါက် ယစ်မူးမိဦးမှာ…"

"ကျေးဇူးပါ…"

ကျိုးယန်ဖေးက သတင်းပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

ထို့‌ေနာက် ရွာသားက တူရွင်းထမ်းကာ ထွက်သွားသည်။ ရွာသားဖြစ်သူ အဝေးရောက်သွားချိန်၌ ကျိုးယန်ဖေးက စကားစလာသည်။

"သူတို့ဆိုတာ သေချာတယ်… မြေဆခွး နတ်ဆိုးရဲ့ ညှို့ဓာတ်က သေမျိုးတွေကို သက်ရောက်မှုရှိတယ်… လာလာ ရော်ဝေရေ … ငါနင့်ကို ငါ့ရဲ့ မြေခွေးဖမ်းစွမ်းရည် ပြရသေးတာပေါ့…"

ကျိုးယန်ဖေးနှင့် တန်ရော်ဝေတို့က ရွာသား၏ ညွှန်ပြချက်အတိုင်း တောင်ပေါ်သို့ တက်သွားကြသည်။

တောင်ပေါ်ရှိ တောလမ်း၌ ခဏကြာ ခရီးနှင်ပြီးချိန်တွင် ဖြစ်၏ ။ ကျိုးယန်ဖေးက ခြေရာများ တွေ့သွားသည်။ ကျိုးယန်ဖေး၏ ခြေရာခံမှုအရ နတ်ဆိုးများ၏ ခြေရာမှာ တောင်ပေါ်လမ်းဘေး တနေရာတွင် ပျောက်ကွယ်သွားသည်။ ထို့ကြောင့် တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့က တောင်ပေါ်လမ်းမှ သွေးဖယ်ကာ လမ်းဘေးသို့ ဆင်းလိုက်ရသည်။ ထို့နောက်တွင် ဆူးခြုံများအား ဖယ်ရှားကာ နတ်ဆိုးများအား ဆက်လက် ခြေရာခံကြ၏ ။

All Chapters