တင်ကျန်းတောင်တန်း(၁)
Vol. 8 Ch. 75
တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့က မြေခွေးနတ်ဆိုးများ၏ ခြေရာနောက်သို့ လိုက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် အရှေ့ဘက်အရ်ပမှ တောအုပ်အတွင်းသို့ ဝင်မိသွား၏ ။ ထိုနေရာမှာ လူသူအရောက်အပေါက် နည်းပါးသည့် နေရာပင်။ ဦးဆောင်နေသူမှာ တောလိုက် အတွေ့အကြုံရှိထားသည့် ကျိုးယန်ဖေးဖြစ်သည်။ တန်ရော်ဝေမှာ ကျိုးယန်ဖေး၏ တောတွင်း ရှင်သန်ရေး ပို့ချချက်များအား နားဆင်နေရသည်။
ဉပမာအားဖြင့် မည်သို့သော သစ်သီးများမှာ စားသုံးရန် ဘေးကင်သည်၊ မည်သို့သော သစ်ရွက်များက မီးမွှေးရန် အသုံးဝင်သည် စသည်တို့ ဖြစ်၏ ။ ခဏကြာပြီးချိန်၌ တန်ရော်ဝေက ကျိုယန်ဖေးအား အမြင်ပြောင်းသွားသည်။ အစပိုင်း၌ လေးစားဖွယ် စစ်သူကြီးဟုာမြင်ထားသော်လည်း ယခုတွင် တောတွင်း၌ ရှင်သန်နေထိုင်သော လူရိုင်းမကြီးဟု မြင်နေမိသည်။ ကျိုးယန်ဖေး၏ လှံသည်လည်း ကျောက်သားလှံဟု အမြင်ပြောင်းလဲလာသည်။
သို့သော်လည်း ကျိုးယန်ဖေး၏ ခြေရာခံစွမ်းရည်က ကောင်းမွန်လှသည်။ သူမက တင်ကျန်းတောင်တန်း ခရီးစဉ်၌ တန်ရော်ဝေအား ဦးဆောင်နေရသည့်တိုင် မြေခွေးများအား ခြေရာပြတ်မသွားပေ။
သို့သော်လည်း နတ်ဆိုးများမှာ တောင်တန်းမှ ထွက်ခွာမည့် အရိပ်အယောင် မြင်နေရသည်။
"သူတို့က ဝိုင်းထားတာပါလား…"
ကျိုးယန်ဖေးက ရေရွတ်လိုက်၏ ။
"ဉာဏ်များတဲ့ မြေခွေးတွေပဲ…"
တန်ရော်ဝေ၏ အမြင်၌ နတ်ဆိုးများအား ခြေရာခံနေသည့် ကျင့်ကြံသူများမှာ မြေခွေးခြေရာဖြင့် နောက်ယောင်ခံသည့် အရည်အချင်းရှိမည်ဟု ထင်မထားပေ။ နတ်ဆိုးများမှာ တင်ကျန်းတောင်တန်းအား အသုံးချကန်သာ ဖြစ်၏ ။ ထိုသို့ဖြင့် နောက်မှ လိုက်ပါနေသည့် ကျင့်ကြံသူများ ဒွိဟဖြစ်သွားပေလိ့မ်မညိ။ ထိုအချိန်မှသာ ထွက်ပြေးကြမည် ဖြစ်၏ ။
သို့သော်လည်း ကျိုးယန်ဖေး၏ မျက်စိအောက်၌ ထိုဗျူဟာမှာ အသုံးမဝင်နေပေ။ သူမက မြေခွေးများ၏ ခြေရာများအတိုင်း နောက်ယောင်ခံကာ ပုန်းခိုနေသည့် နေရာသို့ ဦးတည်နေသည်။
"ဒီမှာပဲ…"
တန်ရော်ဝေက မီတာငါးဆယ်ခန့် မြင့်မားသည့် ရုပ်ထုကြီးအား အာရုံစိုက်လိုက်သည်။
"မြေခွေးတွေက ဧကရာဇ် ရုပ်ထုအောက်မှာ ရှိနေကြတာများလား…"
ကျိုးယန်ဖေးက ရုပ်ထုအား လှည့်ပတ်စစ်ဆေးနေလေသည်။ ထို့နောက်တွင် ရုပ်ထု၏ ခြေထောက်အောက်မှ နေရာတခုအား ညွှန်ပြကာ…
"ဒီမှာပဲ… မြေခွေးတွေက သစ်ခေါင်း၌ မြေအောက်မှာ ရှိတယ်… ဒါတွေကို သူတို့ပဲ လုပ်ထားတာ…"
"အို တကယ်ကြီးပဲ… သူတို့ ဒီမှာ ပုန်းနေကြတာကိုး…"
"ဟုတ်တယ်… ဟမ်…"
ကျိုးယန်ဖေးက ပတ်ဝန်းကျင်၌ တစုံယောက် ရောက်လာသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် နောက်လှည့်ကြည့်လိုက်ရာ သူမနှင့် တန်ရော်ဝေ၏ အနောက်၌ ရပ်နေသော် ပိုင်ချူးရန်အား မြင်လိုက်ရသည်။ ပိုင်ချူးရန်က မေးစေ့အား ပွတ်သပ်ကာ မြေတွင်းများအား စိုက်ကြည့်နေသည်။
"ပိုင်ငယ်လေး ပါလား… ဘယ်လို ရောက်လာတာပါလိမ့်…"
ကျိုးယန်ဖေးက အံ့အားသင့်နေတော့၏ ။
သူမနှင့် တန်ရော်ဝေတို့မှ တန်ရော်ဝေ၏ လွတ်မြောက်ရေး နည်းလမ်းဖြင့် မြို့တော်မှ တင်ကျန်းတောင်တန်းသို့ လျင်မြန်စွာ ရောက်လာခြင်း ဖြစ်သည်။ သို့သော်လည်း ချီသန့်စင်ခြင်း အဆင့်သာဖြစ်သည့် ပိုင်ငယ်လေးမှာ မည်သို့ ရောက်လာသည်နည်း။
"အာ…"
တန်ရော်ဝေက ကျိုးယန်ဖေးအား မည်သို့ရှင်းပြရမည်ကို စဉ်းစားနေတော့သည်။
"စီနီယာ အစ်မက ထွက်မသွားခင်မှာ ချီမင်ဓားဂိုဏ်းရဲ့ လျှို့ဝှက်နည်းလမ်းနဲ့ အကြောင်းကြားထားတာလေ…"
ပိုင်ချူးရန်က လိမ်ဆင် တခုအား ချောမွေ့စွာ ဖန်တီးလိုက်သည်။
"အစ်မတို့ နှစ်ယောက် ထွက်သွားတော့ တင်နိုင်ငံကို ရောက်လာတဲ့ ရွှေအမြုတေအဆင့် စီနီယာအစ်ကိုနဲ့လည်း ဆုံသေးတယ်… သူ့ကိုပဲ ပို့ခိုင်းရတာပေါ့… စီနီယာအစ်မ အစ်ကို ကျူးယွမ်ကို မှတ်မိတယ် မဟုတ်လား…"
"အစ်ကို ကျူးယွမ်က ပို့ပေးတာကိုး… ဟုတ်ပြီလေ…"
တန်ရော်ဝေက ပိုင်ချူးရန်၏ စကားအား သံယောင် လိုက်ပေးနေသည်။
"မောင်လေးကိုတော့ ငါပဲ အကြောင်းကြားလိုက်တာ… အစ်ကို ကျူးယွမ်ကတော့ ဂိုဏ်းရဲ့ အဆင့်မြင့် ခေါင်းဆောင်မို့ မောင်လေးပိုင်ကို ငါတို့ထက်အရင် ပို့ထားတာ ဖြစ်မယ်…"
"ဪ ဒီလိုလား…"
ကျိုးယန်ဖေးက စိတ်အတွင်းမှ သံသယအား ဖိနှိပ်ထားလိုက်၏ ။
"ဂိုဏ်းတွင်း ကိစ္စဆိုတော့လည်း မမေးတော့ပါဘူး… ဒါပေမယ့် ပိုင်ငယ်လေးက အစ်မတို့နောက်ပဲ လိုက်ခဲ့တော့… ဒီနားမှာ မွန်းစတားတွေကို လိုက်ဖမ်းနေတဲ့ ကျင့်ကြံသူတစုလည်း ရှိနေသေးတယ်… သူတို့က လူဆိုးတွေ…"
"ဟုတ်ကဲ့ နားလည်ပါပြီ…"
ပိုင်ချူးရန်က ပြုံးကာ နာခံလိုက်သည်။
"စိတ်ပူပေးလို့ ကျေးဇူးပါ အစ်မကျိုးရေ…"
"ဟုတ်ပြီ အခုကစပြီး အစ်မတို့ နောက်ကပဲနေတော့…"
ကျိုးယန်ဖေးက လိုဏ်ဂူအား တချက်ကြည့်လိုက်၏ ။ ထို့နောက်တွင် တန်ရော်ဝေအား အချက်ပေးသည်။
"ရော်ဝေရေ…"
"ရတယ် ငါ့တာဝန်ထား…"
တန်ရော်ဝေက ကျိုးယန်ဖေးအား လက်ဖြင့်ဆွဲလိုက်၏ ။ ထို့နောက်တွင် ခဏကြာ စဉ်းစားလိုက်ကာ ပိုင်ချူးရန်အား လက်ကမ်းလိုက်ပြန်သည်။ ထိုနှစ်ယောက်မှ သူမ၏ လက်အား ဆုပ်ကိုင်လာချိန်၌ အသက်ပြင်းပြင်း ရှူသွင်းကာ မြေကမ္ဘာ လွတ်မြောက်ရေး နည်းလမ်းအား အသုံးပြု၍ မြေအောက်သို့ ငုပ်လျှိုးလိုက်တော့သည်။