← Chapters

မည်သည့်အတွက်‌ကြောင့် ဇနီးဖြစ်နိုင်မည်နည်း

Vol. 8 Ch. 76

မည်သည့်အတွက်‌ကြောင့် ဇနီးဖြစ်နိုင်မည်နည်း

Vol. 8 Ch. 76

မြေအောက်သို့ ငုပ်လျှိုးပြီးချိန်၌ တန်ရော်ဝေက ပိုင်ချူးရန်နှင့် ကျိုးယန်ဖေးတို့အား ကျယ်ပြန့်လှသည့် လိုဏ်ခေါင်းတခုသို့ ‌ခေါ်ဆောင်သွားသည်။

ထိုလိုဏ်ခေါင်းမှာ လူ့အသွင်ပြောင်းထားသည့် နတ်ဆိုးများက မန္တန်ဖြင့် ဖန်တီးထားသည့် အရာဖြစ်သည်။ သို့မှသာ ပုန်းခိုရန် အဆင်ပြေမည် မဟုတ်လော။

"သတိထားကြ…'

ကျိုးရန်ဖန်းက လှံတို နှစ်ချောင်းအား ဆွဲကိုင်လိုက်သည်။

"အသွင်ပြောင်းနိုင်တဲ့ နတ်ဆိုးက ငါတို့နဲ့ အဆင့်တူလောက်ပဲ ပြီးတော့ သူတို့မှာ အထူးစွမ်းရည်တွေတောင် ရှိနိုင်သေးတယ်… မောင်လေးပိုင်က အစ်မနဲ့ ရော်ဝေကြား လာနေလိုက်…"

"ဟုတ်ကဲ့ပါ အစ်မကျိုး…"

ပိုင်ချူးရန်က အရှက်မဲ့စွာဖြင့် မိန်းကလေး နှစ်ဦး၏ ကာကွယ်မှုအား လက်ခံလိုက်သည်။

ပိုင်ချူးရန်၏ အနောက်တွင် ရှိနေသော တန်ရော်ဝေက ဆရာဖြစ်သူအား အံ့ဩနေတော့သည်။

သူမက ကျိုးရန်ဖေး၏ သတိလွတ်မှုအား အခွင့်ကောင်းယူကာ ဆရာဖြစ်သူအား မေးမြန်းမိသည်။

"ဆရာ ဒီမှာ ဘာလုပ်နေတာတုံး…"

'ဒီအမှုက ငါ့တပည့်အတွက် အတွေ့အကြုံပဲလေ… အခြေတည်အဆင့်ထက် ကျော်တဲ့သူတွေ့မှ ဆရာ လှုပ်ရှားမယ်လို့ ပြောထားတာ မဟာတ်လား…"

ပိုင်ချူးရန်က လျို့ဝှက်စွမ်းရည်ဖြင့် အသံမထွက်ဘဲ ဖြေကြားသည်။

"တပည့် မကိုင်တွယ်နိုင်မယ့် ကိစ္စကို ဖြေရှင်းဖို့ ရောက်နေတာ… စိတ်ချချနေ ကိုယ့်ဆန္ဒအတိုင်းသာလုပ် ဆရာက တပည့်အတွေ့အကြုံရဖို့ အခွင့်အရေးကို ဖျက်ဆီးမှာ မဟုတ်ဘူး…"

"ဟုတ်ပါပြီ…"

တန်ရော်ဝေက တီတိုးပြောလေသည်။

ကျိုးယန်ဖေး၏ ဦးဆောင်မှုဖြင့် သုံးဦးသားက လိုဏ်ဂူအတွင်းသို့ ဝင်သွားကြသည်။ မိနစ် အနည်းငယ် ကြာပြီးချိန်၌ အဖြူရောင် ပုံရိပ်ဖြင့် ရင်ဆိုင်မိသွားသည်။

"အို…"

ကျူးယန်ဖေက လှံအား ဝေ့ယမ်းကာ မေးလိုက်သည်။

"ဘယ်သူလဲ…"

သူမ၏ မေးခွန်းအား ဖြေဆိုသူ ရှိမနေပေ။ ထိုအစား အမှောင်အတွင်းမှ လှုပ်ရှားသံများ မြန်ဆန်လာသည်ကိုသာ ကြားနေသည်။

တန်ရော်ဝေကလည်း သတိကပ်ထား၏ ။ ပိုင်ချူးရန် တယောက်တည်းကသာ မည်သို့ လှုပ်ရှားရမည်ကို မသိသကဲ့သို့ ဖြစ်နေသည်။

ရုတ်တရက်တွင် တန်ရော်ဝေက ဘေးသို့ တစုံတခု ချဉ်းကပ်လာသည်ကိာ ခံစားမိလိုက်သည်။ ထို့ကြောင့် ဘေးသို့ လှည့်ကာ အလစ်တိုက်လာမှုအား ခုခံသည်။ အမှာင်အတွင်းမှအမှာင်အတွင်းမှ အဖြူရောင် မြေခွေးမြှီးတခု ‌ထွက်လာကာ သူမ၏ မျက်နှာအား ပွတ်သက်သည့်အပြင် ပိုင်ချူးရန်၏ နောက်ကျော်ကိုပင် ပုတ်သွားသေးသည်။

ထို့နောက်တွင် ပိုင်ချူးရန် ရည်ရွယ်ချက် ရှိရှိဖြင့် ကြမ်းပြင်၌ လဲချကာ လိမ့်သွားသည်။

"အား… ငါသေတော့မယ်…"

"မောင်လေးပိုင်…"

ကျိုးယန်ဖေးက ရုတ်ချည်း ထိုင်ချလိုက်ကာ ပိုင်ချူးရန်၏ လက်မောင်းအား ဆွဲကိုင်လိုက်သည်။

"အဆင်ပြေရဲ့လား…"

တန်ရော်ဝေကလည်း အမှောင်အတွင်းမှ အော်သံအား နားစွင့်မိသည်။

…ဒီလူက ဘာလို့ အားနည်းနေတာပါလိမ့်…

တန်ရော်ဝေက ကျိုးယန်ဖေးအား မှီနေသည့် ဆရာဖြစ်သူအား မြင်ရချိန်၌ စကားဆိုမိသွားသည်။

"အစ်မ ယန်ဖေး သူ့ကို ပူမနေနဲ့… ဆရာပေးထားတဲ့ မှော်အကာအကွယ် သူ့ကိုယ်မှာ ရှိတယ်… သူ့ကို မသေအောင် ကာကွယ်ပေးထားမှာ သေချာတယ်…"

ထို့နောက်တွင် တန်ရော်ဝေက အမှောင်အတွင်းမှ တိုက်ခိုက်လာသူအား အော်ပြောသည်။

"ရန်ပြုတာကို ခဏထားလိုက်ဦး… ငါတို့က နင်တို့ကို လိုက်ဖမ်းတဲ့သူတွေနဲ့ တဖွဲ့တည်း မဟုတ်ဘူး… နင်တို့ မြင်တဲ့အတိုင်းပဲ ငါတို့ တိုက်ခိုက်စွမ်းရည်က ပိုအားနည်းတယ်… ငါတို့ လာတာက အိမ်ရှေ့စံ သေတာနဲ့ ပက်သက်ပြီး မေးဖို့ပဲ နင်တို့ ထွက်လာပြီး စကားပြောလို့ ရမလား…"

ပိုင်ချူးရန်၏ နာကျင်စွာ အော်ညည်းမှုကြောင့် တဖက်သူက သတိလျော့သွားပုံရသည်။ ထို့ကြောင့် အမှောင်အတွင်းမှ လမ်းလျှောက်လာသံကို ကြားနေရသည်။ အမှောင်အတွင်းမှ ဝတ်ရုံဖြူရှင် မိန်းကလေး တဦးထွက်လာသည်။ သူမဟ အနောက်တွင်လည်း ဝတ်စုံအရောင်မတူသည့် မိန်းကလေးများစွာ ခြံရံနေသေးသည်။

ထိုမိန်းကလေးများမှာ မွေးဖွားလာစဉ်ကတည်းက လှပကြသူများ ဖြစ်သည်။ ထိုမိန်းကလေးများ၏ ကိုယ်တွင်လည်း အရောင်အသွေးနှင့် အရေအတွက် မတူညီသည့် အမြှီးများ ပါရှိသေးသည်။

ဝတ်ရုံဖြူရှင် မိန်းကလေးက တန်ရော်ဝေတို့ ရှေ့သို့ ရောက်လာသည်။ ကျန်နေသည့် မြေခွေး မိန်းကလေးများမှာ တန်ရော်ဝေတို့ သုံးဦးအား ဝိုင်းထားကြသည်။

"လူသား ဘယပြောချင်တာလဲ…"

"တင်နိုင်ငံရဲ့ အိမ်ရှေ့စံကို ဘယ်လိုမြင်ထားလဲ…"

တန်ရော်ဝေက စကားစလိုက်သည်။

"အို နင်က ဝောာ်ဝင်မြို့တော်မှာ ဖျော်ဖြေပွဲ လုပ်ခဲ့သေးတယ် မဟုတ်လား… တချို့ကတော့ သင်္ဘောပေါ် ဖိတ်ကြားခံရပုံပဲ… ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောလို့ရမလား…"

"ငါက ဘာလို့ ပြောရမှာလဲ…"

ဝတ်ရုံဖြူရှင် မိန်းကလေးက ရယ်သံနှောကာ ဖြေလေသည်။

"ငါတို့က အမှန်တရားကို ပြောဖို့ မကြောက်ဘူး ဒါပေမယ့် နင်တို့က ဧကရာဇ် အမှုစုံစမ်းဖို့ ငှားထားတဲ့ သူတွေပဲ ဖြစ်ရမယ်…"

ကျိုးယန်ဖေးက ပိုင်ချူးရန်အား မြေပြင်၌ လှဲနေစေကာ မတ်တပ်ရပ်၍ စကားဝင်ပြောလာသည်။

"အပြင်မှာ ကျင့်ကြံသူ တအုပ် ရောက်နေပြီ… နင်တို့ကို ဖမ်းချင်တဲ့ ဂိုဏ်းတခု ဖြစ်ပုံပဲ နင်တို့ အမြုတေနဲ့ ဆေးလုပ်ချင်ကြတာ… ဒီအမှုမှာ နင်တို့ အပြစ်ကင်းတယ်ဆိုရင် ငါတို့ ကူညီလို့ရတယ်… နင်တို့ကလည်း ငါတို့ တရားခံ ဖမ်းမိဖို့ ကူညီပေးကြ… အပြန်အလှန်အနေနဲ့ ငါတို့က နင်တို့ ထွက်ပြေးနိုင်အောင် ကူညီမယ်…'

All Chapters