မည်သည့်အတွက်ကြောင့် ဇနီးဖြစ်နိုင်မည်နည်း(၁)
Vol. 8 Ch. 77
"ဒါက…"
ဝတ်ရုံဖြူရှင် မိန်းကလေးက တုံ့ဆိုင်းမိသွားသည်။ ထို့နောက်တွင် ဝတ်ရုံနီဖြင့် မိန်းကလေးက သူမ၏ နားသို့ ကပ်ကာ တီတိုးစကားဆိုသည်ကို မြင်နေရသည်။
"အရှင့်သမီး လူသားမျိုးနွယ်က ယုံကြည်လို့ မရပါဘူး…"
"အို… ဟေး…"
ပိုင်ချူးရန်က စူးစူဝါးဝါး အော်လိုက်၏ ။ အကြောင်းမှာ ဝတ်ရုံနီရှင် မိန်းကလေး၏ စကားအား ကြားဝင်နှောင့်ယှက်ရန် ဖြစ်သည်။ ထို့ကြောင့် နာကျင်စွာ ညည်းတွားနေလေသည်။
"ငါ့ပုခုံးတော့ ကျိုးပြီလားပဲ… ဆရာပေးထားတဲ့ မှော်ရတနာပါ ပျက်စီးသွားပြီ…"
ထိုခဏ၌ ဝတ်ရုံဖြူရှင် မိန်းကလေးက တုံ့ဆိုင်း နေရာမှ စကားပြန်လာသည်။
"ရတယ်လေ ငါပြောပြမယ်…"
"အရှင့် သမီး…"
"ရတယ် ထားလိုက်တော့…"
ဝတ်ရုံဖြူရှင် မိန်းကလေးက သူမ၏ နောက်လိုက်များအား ဟန့်တားလိုက်သည်။
"ဒါက ပြဿနာမှ မဟုတ်တာ…"
ထို့နောက်တွင် သူမက ချောင်းဟန့်ကု ဖြစ်ကြောင်းကုန်စင်အား ဖွင့်ဟလာတော့သည်။
"ကျန်းပြည်နယ်ကို ရောက်တော့ ငါတို့ အံ့ဩမိတာ ရှိတယ်… ဒီရောက်ကာစတုန်းက ငါတို့မှာ လူသားငွေကြေး မရှိနေဘူး အဲ့တာကြောင့် ပိုက်ဆံရဖို့ တခုခုလုပ်ရတာပေါ့… ငါနဲ့ အခြွေအရံတွေက အိုင်ဒေါလှုပ်ရှားမှု လုပ်ဖို့ ရွေးခဲ့တယ်…"
"အိုင်ဒေါဆိုတာ ဘာများလဲ…"
တန်ရော်ဝေက ကျိုးယန်ဖေးအား မေးမိသည်။
"ဒါက တိုင်းတပါး ဘာသာစကားကနေလာတာ ငါမွေးရပ်မြို့ကနေ အဝေးကြီးတနေရာပေါ့… ပင်လယ်ခြားတဲ့ ကျွန်းငယ် တခုက စကားပဲ… ဆိုလိုတာကတော့ ပရိတ်သတ် ရှိတယ် လူချစ်ခံရတဲ့ အလုပ်ပေါ့…"
ဝတ်ရုံဖြူရှင်က ရှင်းပြပေးသည်။
"နင်က အခြေတည်အဆင့်နဲ့ ညီတယ် ကျင့်ကြံသူ မဟုတ်လား…"
တန်ရော်ဝေက မေးမိသည်။
"ဘာလို့ ဒီလိုအလုပ်ကို ရွေးတုံး… ပိုက်ဆံလိုရင် တခြားနည်းလမ်းတွေ များပါတယ်…"
"အဟမ်း ဒါက ငါ့ကိုယ်ပိုင် ဝါသနာ ဝါသနာလေ…"
မြေခွေးဖြူက လက်ရမ်းလိုက်ကာ…
"အတိုချုပ်ပြောရရင် ငါတို့ အဖွဲ့ပေါ်ပြီးတော့ စင်ပေါ်မှာ ဖျော်ဖြေတယ် နာမည်ပါ ရလာတာပေါ့… တရက်ကျ အဆင့်မြင့် အရာရှိ တယောက်က ဖိတ်လာတာပဲ… သူပြောတာက အိမ်ရှေ့စံက ငါ့ကို တွေ့ချင်တယ်တဲ့ အဲ့တာနဲ့ ငါလည်း လိုက်သွားတယ်…"
"နင်က ဘာလို့ လိုက်သွားတာတုံး…"
ကျိုးယန်ဖေးက မျက်မှောင်ကြုံ့လိုက်၏ ။
"သူပြောတာက ဝိုင်နဲ့ စားကောင်းသောက်ဖွယ်တွေ ရှိတယ်တဲ့လေ…"
မြေခွေးဖြူက ရှက်မိနေပုံရသည်။
"အလကား စားရမှာဆိုတော့ မသားရင် အစားအစာတွေ ဖြုန်းတီးရာကျမယ်လို့ တွေးမိသွားတာ…"
တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့က တယောက်ကိုတယောက် စိုက်ကြည့်ကာ ပြောစရာစကား ပျောက်ဆုံးနေကြသည်။
'ပြောရရင် သင်္ဘောပေါ် ရောက်တာနဲ့ မင်းသားက တခြားသူတွေကို ထွက်သွားခိုင်းတယ်… ငါ့ကိုလည်း ဖက်ဖို့ လုပ်တယ်…"
ဝတ်ရုံဖြူရှင်၏ မျက်နှာ၌ မနှစ်မြို့သည့် အမူအရာ ပေါ်နေသည်။
"ပါးစပ်ကနေလည်း မိန်းမ ၊ အချစ်ကလေး ပြီးတော့ ပြောချင်ရာ ပြောသေးတယ်… ငါကလည်း တွေးမိတာပေါ့ ရူးနေတာလား သူ့မိန်းမ မဟုတ်တာကို… အဲ့တာကြောင့် သူ့ပုခုံးကို ကိုက်ပြီး ပြတင်းပေါက်ကနေ ခုန်ချပြီး ထွက်ပြေးခဲ့တာ… စားသောက်ချိန်တောင် မရလိုက်ဘူး… နောက်တော့ မြို့အပြင်ရောက်တုန်း ကျင့်ကြံသူတွေက ငါ့ကို လိုက်ဖမ်းတာပဲ… အဲ့တာကနေ အခုထိ ပြေးနေရတာ…"
"ဒါဆို နင်က မင်းသားကို ကိုက်ရုံလေးပဲ မသတ်ခဲ့ဘူးပေါ့…"
ကျိုးယန်ဖေးက ပြောလာသည်။
"မသတ်ဘူးလေ…"
ဝတ်ရုံဖြူရှင် မိန်းကလေးက ခေါင်းရမ်းကာ ပြောပြန်သည်။
"ပုခုံးကို ကိုက်ရုံနဲ့ သေပါ့မလား… ငါ့သွားမှာ အဆိပ်မရှိဘူးလေ… လူသားတွေပဲ ငါ့ကို လိုက်ဖမ်းနေကြတာ… ပြတင်းပေါက်ကနေ ခုန်ချတုန်းက သင်္ဘောနား တယောက်ယောက် ကပ်လာတာကိုတော့ မြင်မိတယ်…"
ကျိုးယန်ဖေးက တန်ရော်ဝေအား စိုက်ကြည့်မိသည်။ မြေးခွေးဖြူ၏ စကားမှာ ရွှီးရှန်းနေခြင်း မဟုတ်ဘဲ နှစ်ဦးသား၏ စစ်ဆေးမှုဖြင့် ကိုက်ညီနေသည်။
သို့သော်လည်း ထိုအချိန်တွင် မြေပြင်က ရုတ်တရက် တုန်ခါသွား၏ ။
မြေကြီးပေါ်မှ တူးဆွနေခြင်း ဖြစ်ပြီး အော်သံတခုကိုလည်း ကြားလိုက်ရသေးသည်။
"ထွက်လာကြ… မင်းတို့ ရှိတဲ့နေရာကို သိထားပြီ… ပုန်းနေတာက အသုံးမဝင်ဘူး…"
"သူတို့ တွေ့သွားကြပြီပဲ…"
ကျိုးယန်ဖေးက ကောင်းကင်စစ်တပ်၏ လျှို့ဝှက် ထောက်လှမ်းနည်းအား အသုံးပြုလိုက်၏ ။
"အပြင်မှာ လူလေးယောက် ရှိတယ်… နှစ်ယောက်က အလယ်အလတ် အခြေတည်အဆင့် တယောက်က ထိပ်သီး အခြေတည်အဆင့်ပဲ နောက်တယောက်ကတော့ ရွှေအမြုတေတပိုင်း အဆင့်… ရွှေအမြုတေ အဆင့်တွေက ရောက်မလာသေးပုံပဲ…"
"ငါတို့ ဘာဆက်လုပ်ကြမလဲ…"
မြေခွေးဖြူက ထိတ်လန့်သွားတော့သည်။
'ငါတို့ ကတိအတိုင်း လုပ်ပေးမယ်…"
ကျိုးယန်ဖေးက မြေခွေးများအား ဝေ့ကြည့်ကာ ပြောလေသည်။
"ရော်ဝေ နင်နဲ့ငါက အပြင်ကသူတွေကို တိုက်ခိုက်မယ်… နင့်ရဲ့ လွတ်မြောက်ရေး နည်စလမ်းနဲ့ဆို သူတို့ လက်က လွတ်မှာပဲ… ပိုင်ငယ်လေးက ဒီမှာပဲ မြေခွေးတွေနဲ့ နေခဲ့… အပြင်က လူတွေကို မောင်းထုတ်ပြီးရင် ငါတို့ အတူထွက်သွားကြမယ်…"
"ဒီတွင်းထဲမှာပဲ ပုန်းနေလို့ မရဘူးလား… အပြင်မထွက်ဘဲနဲ့လေ…"
မြေခွေးဖြူကာ အကြံပြုလာ၏ ။
ပိုင်ချူးရန်က မျက်စိမှိတ်ပြကာ တီတိုးပြောပြလိုက်သည်။
"မှတ်မိသလောက်တော့ ငါငယ်ငယ်တုန်းက ကစားစရု သိပ်မရှိဘူး… ငါ့အကြိုက်ဆုံး ကစားနည်းက တောင်ပေါ်မှာ ပုရွက်ဆိတ်တွင်းရှာတာ ပြီးရင် အထဲကို အပေါ့စွန့်တယ် မဟုတ်ရင်လည်း ဝင်ပေါက်မှာ မီးဖိုပြီးတော့ အထဲကို မီးခိုးဝင်အောင် လုပ်တာပဲ…"