အနိုင်တိုက်ခိုက်ခြင်း(၁)
Vol. 8 Ch. 79
ကျိုးယန်ဖေး၏ စကားအဆုံး၌ ပေချင်းက ခဏတာ တွန့်ဆုတ်မိသွားသည်။ သို့သော်လည်း ခဏကြာပြီးချိန်၌ သရော်စကားပင် ဆိုလာသည်။
"မိန်းကလေး နှစ်ယောက်က ကြင်နာတတ်ပြိးတော့ အတွေ့အကြုံနည်းသေးတယ်… အဲ့တာကြောင့်မို့ နတ်ဆိုးတွေ လှည့်စားတာနဲ့ ကြုံရတာကိုး… စိတ်ချပါ ငါတို့က နာကျင်အောင် မလုပ်ဘူး… အလွန်ဆုံးမှ မင်းတို့ နှစ်ယောက်ကို ဖမ်းထားပြီး ဂိုဏ်းက အကြီးအကဲတွေကို လာခေါ်ခိုင်းရတာပေါ့…"
ပေချင်းက ကျန်သုံးယောက်အား ဝိုင်းထားရန် အချက်ပြလိုက်သည်။
"တကယ်ကြီးလား… ငါတော့ ဒီလိုလုပ်ရဲမယ် မထင်ထားဘူး…"
တန်ရော်ဝေက သက်ပြင်းချကာ အကြောဆန့်လိုက်သည်။
"ကြိုပြောထားဦးမယ် ဓားသွားမှာ မျက်စိမပါဘူး နင်တို့ အသတ်ခံလိုက်ရဖို့ အခွင့်အရေးများတယ်… ငါ့ဆရာက သက်ညှာဖို့ မသင်ပေးထားဘူး… သူပြောဖူးတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က အရေးအကြီးဆုံးတဲ့… တိုက်ခိုက်ရင်တော့ နင်တို့ ဘေးကင်းမယ်လို့ အာမမခံဘူး…"
"ဟား ဟား…"
ပေချင်းက တုန်လှုပ်ခြင်း ကင်းမဲ့နေသည်။
"ချီမင်ဓားတိုက်ကွက်ဆိုတာကို ကြားဖူးတာကြာပြီ… ပြောကြတာတော့ အဆင့်တူဆိုရင် ချီမင်တပည့်က ပြိုင်ဘက်ကင်းတဲ့… ဒီနေ့တော့ ကိုယ်တွေ့ကြုံရသေးတာပေါ့ကွာ…"
"ဟုတ်ပြီလေ ဒါဆိုလည်း လေကုန်မခံကြစို့…"
ကျို?ယန်ဖေးက မျက်ခုံးပင့်လိုက်ပြီး လှံတိုနှစ်ချောင်း ထုတ်ကာ ဆက်လိုက်သည်။
တန်ရော်ဝေကလည်း သက်ပြင်းချလိုက်ကာ ဓားဆွဲထုတ်သည်။
ကျင့်ကြံသူ လေးဦးကလည်း နှစ်ဖွဲ့ခွဲသွားကြ၏ ။ ပေယွမ်နှင့် ပေချင်းက တန်ရော်ဝေအား ရင်ဆိုင်မည်ဖြစ်ပြီး ပေတောက်နှင့် တခြားတဦးက ကျိုးယန်ဖေးအား ရင်ဆိုင်မည် ဖြစ်သည်။
"အသင့်ပဲလား…"
ကျိုးယန်ဖေးက တိုက်ကွက် စတင်လိုက်၏ ။ သူမ၏ လှံက ရန်သူများရှိရာသို့ နဂါးပမာ တိုးဝင်သွားတော့သည်။
"ရော်ဝေ သူတို့ကို အနိုင်ယူကြတာပေါ့…"
ကျိုးယန်ဖေး၏ လှံချက်က ဗလာ အတားအဆီးဖြင့် ထိမိကာ အသံထွက်ပေါ်လာသည်။
သို့သော်လည်း လှံတံမှ စွမ်းအား ထွက်ပေါ်လာ၏ ။ စကားမဆိုသည့် ကျင့်ကြံသူမှာ ကြိုတင်ပြင်ဆင်ထားသည့်တိုင် ကျိုးယန်ဖေး၏ တိုက်ကွက်ကြောင့် နောက်ဆုတ်သွားရသည်။
ထိုဖြစ်ရပ်ကြောင့် ပေတောက်က ရဲရဲနီသည့် လက်ဝါးဖြင့် တိုက်ခိုက်ရန် ကြံရွယ်လာသည်။
လက်ဝါးချက်များ ဆက်တိုက် ရောက်ရှိလာသည့်တိုင် ကျိုးယန်ဖေး၏ လှံချက်များက တားဆီးထားနိုင်နေသည်။
ကျင့်ကြံမှုအရ ပေတောက်မှာ ကျိုးယန်ဖေးထက် နှစ်ဆင့်မြင့်သည်။ ထို့ကြောင့် ကျိုးယန်ဖေးက အချိန်အတော်ကြာ ထိပ်တိုက်ရင်ဆိုင်မှု မပြုရန် ကြံထားသည်။ ထို့ကြောင့် တိုက်ခိုက်လာမှုအား အခွင့်ကောင်းယူကာ တောထူထပ်သည့် တင်ကျန်းတောင်တန်း၏ တောတွင်းသို့ ဆုတ်ခွာနေသည်။
"ပေရှန် သူ့နောက်ကို လိုက်တော့…"
ကျိုးယန်ဖေး ပျောက်ကွယ်သွားချိန်၌ ပေတောက်က ခြေဆောင့်ကာ အလျင်အမြန် လိုက်လံတိုက်ခိုက်သည်။ ကျန်နေသူ တဦးက နည်းလမ်းတချို့ အသုံးပြုကာ ကျိုးယန်ဖေး ဆုတ်ခွာရာသို့ လိုက်နေသည်။
ပေယွမ်နှင့် ပေချင်းတို့က တန်ရော်ဝေအား တားဆီးထားကာ သရော်စကားဆိုကြသည်။
"စိတ်ချပါ ငါတို့ မင်းကို ဘာမှ မလုပ်ဘူး…"
ပေချင်းက ရယ်လိုက်ကာ…
"ငါတို့တွေက ချီမင်ဓားဂိုဏ်းကို ရန်စလို့ မဖြစ်ဘူးလေ… အဲ့တော့ လက်နက်ပေးပြီး အရှုံးပေးတော့… ငါတို့ ချီမင်ဓားဂိုဏ်း ခေါင်းဆောင်ကို အကြောင်းကြားပြီး မင်းကို လာခေါ်ခိုင်းမယ်…"
"အို နင်တို့ လုပ်နိုင်မယ်တဲ့လား…"
တန်ရော်ဝေက ပြုံးနေရာမှ ရုတ်တရက် အမူအရာပြောင်းသွား၏ ။
"သေစမ်း…"
တန်ရော်ဝေက ဓားပျံဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်၏ ။ သို့သော်လည်း ပေယွမ်၏ ရှေ့၌ အစိမ်းရောင် အတားအဆီးပေါ်လာကာ ဓားချက်အား ဟန့်တားခဲ့သည်။
ဓားချက်အား တားဆီလိုက်နိုင်သော်လည်း ဓားချက်၏ အရှိန်အဟုန်ကြောင့် ပေယွမ်က မင်သက်မိသွား၏ ။ ထို့ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားသည်။ ရင်ထိတ်နေမိသော်လည်း ပြုံးလိုက်ကာ…
"ဒီတိုက်ကွက်ကို ထပ်သုံးလို့ ရမယ်ထင်နေတာလား… မိန်းကလေးရေ ငါ နင့်ဓားချက်ကို မတားနိုင်ပေမယ့် ဒီအဆောင်ကို ငါ့ဆရာ နှောင်းပိုင်း ရွှေအမြုတေအဆင့်က လုပ်ပေးထားတာ… နင့်တိုက်ကွက်ကို တယးဖို့တော့ လုံလောက်တယ်… တိုက်ခိုက်ဖို့ တွေးမနေနဲ့ လက်လျော့လိုက်တော့…"
ထိုသူ၏ စကားမဆုံးမီတွင် တန်ရော်ဝေက ရုတ်တရက် ပျောက်သွားကာ အနီးကပ်သွား၏ ။ ထို့နောက်တွင် ရန်သူ၏ ရင်ဘတ်သို့ လက်ဝါးချက် ပို့လွှတ်လိုက်သည်။
လက်ဝါးချက်၌ အနက်ရောင် မြေဆွဲအားများ ပါဝင်နေပြီး အစိမ်းရောင် အတားအဆီးအား ချိုးဖက်သွားတော့သည်။ သို့ဖြစ်ရာ ပေယွမ်၏ ရင်ဘတ်မှာ လက်ဝါးခတက် သက်ဆင်းရာဖြစ်သွားရသည်။ စွမ်းအားပြင်းလှသည့် လက်ဝါးချက်မှာ အခြေတည်အဆင့် ကျင့်ကြံသူ၏ ကြွက်သားနှင့် အရိုးများကို ပျက်စီးစေရုံတင်မကဘဲ ဒန်တျန်ကိုပါ ပျက်စီးသွားစေသည်။
ခန္ဓာကိုယ်၌ ပျက်စီးသွားသည့်အတွက် ပေယွမ်၏ ဒွာရ ခုနှစ်ပေါက်မှ သွေးများ ယိုစီးကျလာသည်။ ထို့နောက်တွင် ပေယွမ်မှာ မြေပြင်သို့ အရုပ်ကြိုးပြတ် လဲကျသွား၏ ။ တန်ရော်ဝေမှာ မြေပြင်သို့ ခြေဆောင့်ချကာ နစ်ဝင်သွားပြီး ပျောက်ကွယ်သွားသည်။
"ပေယွမ်…"
ပေချင်းမှ တုံ့ပြန်လာချိန်၌ အခါနှောင်းသွားခဲ့ပြီ ဖြစ်၏ ။
"သေစမ်း… ပြေးဖို့ မကြိုးစားနေနဲ့တော့…'
ပေချင်းက အဆောင်တခုအား ထုတ်ယူ၍ အသက်သွင်းကာ အပေါင်းအဖော်များအား သတင်းပေးလိုက်သည်။ ထို့နောက်တွင် ရွှေဓားအား ဆင့်ခေါ်၍ တန်ရော်ဝေ ဦးတည်ရာ အရပ်သို့ လိုက်သွားသည်။