← Chapters

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

ယွမ်ကျိုး အပိုင်း(၂၇၁)

ဟွမ်လင်မှာ မောင်လေးရှိသည့်အကြောင်းကို အမှုတွဲဖိုင်တွင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်။ လွန်ခဲ့သော ၁နှစ်ကျော်ခန့်က အိမ်ဖောက်ထွင်းခံရသည့်ရာဝဇင်အရ မိဘနှစ်ပါးစလုံးကို ဓားပြများက သတ်ဖြတ်သွားကြသည်။ ဤအမှုသည် ချန်တူးမြို့တွင် အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သော ကိစ္စရပ်ဖြစ်သည်။ ၎င်းအမှုကို ရင်ဆိုင်သည့်ရဲအရာရှိများအနက် တစ်ဦးသည် အသတ်ခံခဲ့ရသည်။ သူတို့ရင်ဆိုင်ခဲ့ရသည့်ဓားပြများက ရက်စက်ကြမ်းကြုတ်သည့်ဓားပြများဖြစ်သည့်အတွက်ကြောင့် ရဲအရာရှိတစ်ယောက် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

လူသတ်ဓားပြတိုက်သွားသည့် လူဆိုးဂိုဏ်းသည် မိဘများကို သတ်သွားသည့်အပြင် ဟွမ်လင်၏မောင်လေးကို မသန်မစွမ်းဖြစ်သွားအောင် ခြေထောက်နှစ်ချောင်းကို ရိုက်ချိုးသွားခဲ့သည်။ ဟွမ်လင်၏မောင်လေးသည် ယခင်က ပြည်နယ်အဆင့်အားကစားသမားဖြစ်သော်လည်း ခြေထောက်ဒဏ်ရာရရှိသွားသည့်အတွက် ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်တော့သည့်အတွက် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတော့ပေ။ နောက်ဆုံးတွင်မူ ဟွမ်လင်၏မောင်လေးသည် ကျောင်းထွက်လိုက်သည့်အပြင် သူ့အစ်မဖြစ်သူဟွမ်လင်ကလည်း သူ့မောင်လေးနှင့်အတူ မူလနေထိုင်ရာအိမ်မှ ပြောင်းရွှေ့ခဲ့ကြသည်။ မိသားစုနောက်ကြောင်းကို ကြည့်ရုံဖြင့် သူတို့၃ဦး အံ့ဩသွားသည့်အကြောင်းအရင်းကို နားလည်သွားလိမ့်မည်။

"ပြင်ဆင်ဖို့ အချိန်တန်ပြီ"

လင်းချုံက အသိပေးလိုက်ပြီး သူဌေးကျောင်ကို နှိုးလိုက်သည်။

"လုပ်စရာရှိတာတွေ လုပ်ရဦးမယ်။ အဲ့ဒီမြွေကောင်က အရမ်းကို ကောက်ကျစ်တယ်"

သူဌေးကျောင်က စိတ်ဓာတ်ကျနေသောခံစားချက်ကို ထိန်းချုပ်လိုက်ပြီး တခြားသူနှစ်ယောက်ကို အလုပ်သေချာလုပ်ရန် ညွှန်ကြားလိုက်သည်။ အလုပ်က အရေးကြီးဆုံးဖြစ်သည့်အတွက် တခြားသောကိစ္စများကို ဘေးဖယ်ထားရန် လိုအပ်သည်။

တခြားတစ်ဖက်တွင်မူ ယွမ်ကျိုး၏ဆိုင်သို့ အထူးတလည်ရောက်လာသောဖောက်သည်များက ယွမ်ကျိုး၏စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ရမည့် အလှည့်ကျရောက်လို့လာပါပြီ။

"ဒီလောက်ရှည်တဲ့ လူတန်းရှည်ကြီး စောင့်လိုက်ရတာကွာ။ တစ်နာရီပြည့်ခါနီးပြီ"

နေပြင်းလွန်းသည့်အတွက် ယာယာ မူးလဲလုမတတ် ခံစားရသည်။ ချန်တူးမြို့ရဲ့စက်တင်ဘာလ နေရောင်ခြည်က ညှာတာမှုမရှိပေ။

"ဒါပေါ့ နေပူထဲမှာ အကြာကြီးရပ်စောင့်နေရလို့ ငါ့မျက်နှာကြီးတောင် နီရဲနေပြီ"

အစ်မဝမ်ကလည်း မကျေမနပ် အထွန့်တက်သည်။

"ဒီမှာ ဒီမှာ ငါ့ရဲ့တစ်ရှူးလေးကို ယူလိုက်။ မျက်နှာက ချွေးတွေကို သုတ်လိုက်"

အင်္ကျီလက်တိုကို ဝတ်ဆင်ထားတဲ့အမျိုးသားက တစ်ရှူးထုတ်ကို ပြုံးရွှင်သောအမူအရာဖြင့် လှမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ကျွန်မမှာလည်း တစ်ရှူးရှိတယ်"

အစ်မဝမ်က ပြုံးရွှင်သောအမူအရာဖြင့် ငြင်းပယ်လိုက်ပြီးနောက် သူမ၏တစ်ရှူးကို ထုတ်လိုက်သည်။ ဘေးနားမှာရှိနေသော ယင်းယာကလည်း ပူပြင်းသည့်နေရောင်ခြည်‌အောက်တွင် အချိန်အကြာကြီး မတ်တတ်ရပ်နေရသည့်အပြင် ကျောလည်ထိရှိသည့်ဆံပင်များကလည်း ကုတ်ပေါ်ဝဲကျနေသည့်အတွက် အလွန်ပူပြင်းသော ခံစားချက်ကို ခံစားနေရသည်။

"ဟယ်လို လူကြီးမင်းတို့။ စားသောက်ဆိုင်ထဲကို ဝင်လို့ရပါပြီ။ အစားအသောက်တွေကို သုံးဆောင်နိုင်ပါပြီ"

သူတို့ချွေးသုတ်နေစဉ်က ကျိုကျာက ပြုံးရွှင်စွာ စကားပြောသည်။

"ကောင်းပြီ"

အစ်မဝမ်က ချွေးစက်များကို မသုတ်ခင် ယင်းယာကို စားသောက်ဆိုင်ထဲသို့ ဆွဲခေါ်လာသည်။ ပူသောနေရာမှ အဲကွန်းတပ်ဆင်ထားသောအခန်းသို့ ရုတ်တရက်ဝင်ရောက်လိုက်လျှင် လေအေးကြောင့် ခိုက်ခိုက်တုန်သောခံစားချက်ကို ခံစားရတတ်သည်။ မျက်နှာပေါ်မှာ ချွေးစက်များရှိနေလျှင် ခေါင်းကိုက်တတ်သည်။ ထို့ကြောင့် အစ်မဝမ်က ယင်းယာကို သူ့မျက်နှာပေါ်မှ ချွေးစက်များသုတ်ပြီးမှ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ရန် ဆွဲခေါ်သွားခြင်းဖြစ်သည်။ မတူညီသောလောကနှစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရသည်။

"ဒါ ဘယ်လိုလေအေးမျိုးလဲ။ အရမ်းလဲမအေးဘူး။ သက်တောင့်သက်သာဖြစ်တဲ့ခံစားချက်မျိုးကို ခံစားရတယ်"

ရှပ်အင်္ကျီဝတ်ဆင်ထားတဲ့အမျိုးသားက အတော်လေး အံ့အားသင့်နေသည်။

"ဟုတ်တယ်။ အမှန်ပဲ။ အေးလဲမအေးဘူး၊ ပူလည်းမပူဘူးနော်။ အံ့ဩစရာပဲ"

ယာယာက ခေါင်းကိုလှည့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

"ရာသီဥတုအသင့်အတင့်ရှိတဲ့ ခွန်းမင်ဒေသနဲ့တောင် ဒီနေရာလေးက ယှဉ်လို့ရတယ်"

အစ်မဝမ်က ပြုံးရွှင်စွာပြောလိုက်သည်။

"ပြောတာမှန်တယ်။ အေးစက်တဲ့ခံစားချက်ကို မခံစားရခင်ကတည်းက လေထုက အေးနေတယ်လို့ ခံစားရတယ်။ ဒီစားသောက်ဆိုင်လေးရဲ့ ပတ်ဝန်းကျင်ရာသီဥတုကလည်း မဆိုးဘူး။ သက်တောင့်သက်သာခံစားချက်ကို ခံစားရတယ်"

ယင်းယာက ‌ကျေနပ်သောအမူအရာဖြင့် ထိုင်ခုံမှာ ထိုင်လိုက်သည်။

"လေအေးပေးစက်တွေထက်တောင် ပိုသာသေးတယ်။ ဒီနေရာလေးကို ရောက်လာရတာ တန်ပါတယ်"

ရှပ်အင်္ကျီနှင့်အမျိုးသားက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"ရှင်တို့သုံးယောက် ဘာများသုံးဆောင်ချင်ပါသလဲ။ ဒီဆိုင်မှာ ရနိုင်တဲ့အစားအသောက်တွေအားလုံးကို ရှင်တို့နောက်က နံရံပေါ်မှာ ရေးထားပါတယ်"

ကျိုကျာက သူတို့သက်ပြင်းချပြီးမှသာ ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။

ဤဆိုင်သို့ ပထမဦးဆုံးလာရောက်လေ့ရှိသော ဖောက်သည်များသည် ယွမ်ကျိုး၏စားသောက်ဆိုင်တွင် တပ်ဆင်ထားသည့်လေအေးပေးစက်အကြောင်းကို စပ်စုကြသော်လည်း သိပ်မကြာခင်မှာပင် အစားအသောက်ကို အာရုံရသွားသည်။ ဤကား ယွမ်ကျိုး၏အရည်အချင်းပင် ဖြစ်သည်။

သူတို့သုံးယောက်က တစ်ပြိုင်နက်တည်း ခေါင်းကို လှည့်လိုက်ကြသည်။ သူတို့စိတ်ကို အဆင်သင့်ပြင်ဆင်ထားသော်လည်း မြင်လိုက်ရသည့်ဈေးနှုန်းကြောင့် လန့်ဖျပ်သောခံစားချက်ကို ခံစားနေရတုန်းဖြစ်သည်။ သို့သော်ငြားလည်း ခေါက်ဆွဲပြုတ်တစ်ပွဲကိုတော့ ဝယ်စားနိုင်သည့်အရည်အချင်း ရှိပါသေးသည်။

နံရံပေါ်တွင် မြင်တွေ့ရသည့်စည်းမျဉ်းများသည် ဆွေးနွေးပွဲတွင် ဖော်ပြထားသည့်အတိုင်း အတူတူပင် ဖြစ်သည်။ ထို့နောက် အရသာရှိသောဟင်းပွဲများ၏အရသာကို မြည်းစမ်းရန် အဆင်သင့်ဖြစ်သော အနေအထားသို့ ရောက်ရှိသွားပါပြီ။ ဟင်းလျာ၏အရသာက ကောင်းမွန်မည်ဟုလည်း သူတို့အားလုံး ယုံကြည်ကြသည်။ အစားအသောက်ဈေးနှုန်းက ဈေးများသည့်တိုင် တန်းစီစောင့်နေသည့်လူတန်းရှည်ကြီးကို ကြည့်ရုံဖြင့် အရသာက သေချာပေါက် ကောင်းမွန်လိမ့်မည်။

"ကြက်ဥထမင်းကြော်တစ်ပွဲပေးပါ။ ပြီးတော့ ဝက်သားနုပ်နုပ်စဉ်းတို့ဖူးပေါင်းလဲ ပေးပါ" ယာယာက တုံ့ဆိုင်းခြင်းမရှိပဲ ဟင်းလျာနှစ်မျိုးကို မှာယူလိုက်သည်။

"ခေါက်ဆွဲပြုတ်နဲ့ ပူစပ်စပ်ဝက်သားကြာဇံကြော်ပေးပါ"

အစ်မဝမ်က သူမှာယူလိုသည့်ဟင်းပွဲများကို ချက်ချင်းပြောလိုက်သည်။ သူမ မှာယူသည့်ဟင်းပွဲများက အရမ်းမစပ်ရန် မျှော်လင့်ထားသည်။

ချန်တူးမြို့သူမြို့သားများသည် ဖက်ထုပ်ကိုပင် ပူစပ်စပ်အရသာဖြစ်အောင် စားသုံးလေ့ရှိသည့်အတွက် ကြက်ဥထမင်းကြော်ကိုလည်း ပူစပ်စပ်လေးကြော်ထားလောက်သည်ဟု ခံစားမိသည်။ ထို့ကြောင့် သူမက အစပ်မပါသောဟင်းလျာများကို ရွေးချယ်ထားသည်။

"အမဲသားလွှာဟင်းတစ်ပွဲ။ ဒါနဲ့ ဆန်အခြေပြုဟင်းလျာတစ်ရာ ဆိုတာ ဘာများလဲ"

ရှပ်အင်္ကျီကို ဝတ်ဆင်ထားသောအမျိုးသားက စပ်စပ်စုစု မေးမြန်းလိုက်သည်။

"ဒါက ဆန်ကို အခြေပြုပြီးတော့ ချက်ထားတဲ့ဟင်းလျာပါ။ ဥပမာပြောမယ်ဆိုရင် ပဲပိစပ်ထမင်းကြော်ပေါ့။ အဲ့ဒီဟင်းလျာမှာဆိုရင် ဆန်ကို အဓိကသုံးထားပြီးတော့ တခြားသော ဟင်းခတ်အမွှေးအကြိုင်လေးတွေကို ဖြည့်စွက်ထားပါတယ်။ တစ်နေ့မှ တစ်ပွဲပဲ မှာလို့ရပါတယ်"

ကျိုကျာက အသေးစိတ် ရှင်းပြသည်။

"ဒါဆိုရင် ထမင်းဖြူတစ်ပွဲနဲ့ အမဲသားလွှာဟင်းတစ်ပွဲပဲ ပေးပါ"

ရှပ်အင်္ကျီနှင့်အမျိုးသားက ရှေးရိုးစွဲသောအမူအကျင့်ရှိသူ ဖြစ်သည်။ ထို့ကြောင့် ရိုးရိုးတန်းတန်းထမင်းကိုသာ မှာယူလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီ။ အရင်ဆုံး ကျသင့်ငွေကို ပေးဆောင်ရပါမယ်"

ကျိုကျာက တစ်ဦးချင်းစီရဲ့ကျသင့်ငွေကို တွက်ချက်လိုက်ပြီးနောက် ကုန်ကျငွေကို ပြောကြားလိုက်သည်။

သူတို့၏ပိုက်ဆံအိတ်ထဲတွင် ငွေအမြောက်အများရှိသည့်အတွက်ကြောင့် သူတို့ကြိုက်သည့်ဟင်းပွဲအားလုံးကို မှာယူပြီးနောက် ကျသင့်ငွေကို လွယ်လင့်တကူ ပေးလိုက်ကြသည်။ တခြားသူများ၏ဟင်းလျာများကို သယ်ဆောင်လာစဉ် ယွမ်ကျိုးက ဖောက်သည်အသစ်များကို ချက်ချင်း သတိထားမိသွားသည်။ စကားပြောပုံ၊ လေယူလေသိမ်းကို နားထောင်ကြည့်ရုံဖြင့် သူတို့၃ဦးက တောင်ပိုင်းသားများမှန်း သိနိုင်သည်။

'ဒီနေရာကို အလည်လာတာထင်တယ်။ အရသာရှိတဲ့အစားအသောက်တွေကို မြည်းစမ်းဖို့ ရောက်လာပုံပဲ'

ယွမ်ကျိုး၏စိတ်ထဲ ထိုစကားလုံးများကို ရေရွတ်နေသည်။

"သူဌေး၊ ဒီ၃ယောက် မှာယူတဲ့ဟင်းတွေပါ"

ကျိုကျာက ဟင်းလျာအသေးစိတ်ကို ယွမ်ကျိုးအား ပြောပြသည်။

"ခဏစောင့်ပေးပါ"

ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ဖြေသည်။

"တခြားသူတွေ ပြောတဲ့အတိုင်းပဲနော် သူဌေးပုံစံက လူကြီးလူကောင်းဆန်ပြီးတော့ ခံ့ညားသားပဲ"

ယာယာက မျက်နှာကို လက်ဖြင့်ထောက်လိုက်ပြီး ပျော်ရွှင်စွာ ပြောသည်။

"မျက်နှာကတော့ သာမန်ပါပဲ။ သူ့ပုံစံကတော့ တကယ်မိုက်တယ်"

အစ်မဝမ်က ယွမ်ကျိုးကို အကောင်းမြင်စိတ်ဖြင့် ဝေဖန်သည်။

"သူက‌ ငါ့လောက်တော့ မချောပါဘူး"

ရှပ်အင်္ကျီနဲ့အမျိုးသားက ပွင့်ပွင့်လင်းလင်း ဝေဖန်သည်။ ဤသုံးယေက်ကို မြင်လိုက်ရုံဖြင့် ယွမ်ကျိုးက သူ့မစ်ရှင်အောင်မြင်နိုင်သည့်အခွင့်အရေးမှန်း သိလိုက်သည်။

"ခင်ဗျားတို့က တောင်ပိုင်းသားတွေထင်တယ်။ အစပ်မစားဘူးမလား။ ဒါကြောင့်မို့လို့ ဟင်းလျာတွေထဲမှာ အစပ်မထည့်ထားပါဘူး"

လူကြီးလူကောင်းအမူအရာဖြင့် ဖောက်သည်ဖက်က တွေးတောသောအမူအရာကို ပြုမူသည်။ ယွမ်ကျိုးက အစ်မဝမ်မှာယူသောဟင်းလျာများကို အရင်ဆုံးလာချပေးသည်။

"သူဌေး၊ ကျွန်မတို့ရဲ့အကြိုက်ကို ရှင်က ဘယ်လိုသိနေတာလဲ။ ပူစပ်စပ်ဝက်သားဟင်းမှာ ငရုတ်သီးထည့်ထားလား မေးမလို့ပဲ"

အစ်မဝမ်က သူမ၏ရှေ့ရောက်လာသော ဟင်းပွဲ၂ပွဲကို တအံ့တဩကြည့်လိုက်သည်။ ပုံမှန်ဆိုလျှင် ရိုးရိုးခေါက်ဆွဲပြုတ်တွင် အစပ်ထည့်လေ့မရှိပေ။ ဝက်သားနုပ်နုပ်စဉ်းဟင်းပွဲက စပ်နေလျှင် သူမက ခေါက်ဆွဲပြုတ်ကိုသာ စားရတော့မည်။ မီနူးပေါ်တွင် မြင်တွေ့ရသော ကျင်လင်းဟင်းလျာများကလည်း တခြားဒေသမှ ဟင်းလျာများဖြစ်သည့်အတွက် သူမ စားသုံးရန် အင်တင်တင်ဖြစ်နေသည်။

"ကျွန်တော်က စားဖိုမှူးတစ်ယောက်ဖြစ်နေလို့ သိနေတာပါ"

ယွမ်ကျိုးက လေးနက်စွာပြောသည်။

"သူဌေးက တကယ့်ကို ချစ်စရာကောင်းတယ်"

အစ်မဝမ်က တခြားသူများအား ကျီစယ်ခြင်းကို နှစ်သက်လေ့မရှိပေ။ သို့သော်လည်း ယွမ်ကျိုး၏မပွင့်တပွင့်အဖြေကို ကြားသောအခါ ပြုံးကာ ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်။ သူက ချစ်စရာကောင်းရုံတင်မဟုတ်ဘူး။ ဟင်းချက်လည်း ကောင်းတယ်"

ကြက်ဥထမင်းကြော်ကို ပလုပ်ပလောင်းစားရင်း ယာယာက ယွမ်ကျိုးကို နှုတ်အားဖြင့် ချီးကျူးရန် မမေ့လျော့ခဲ့ပေ။

"ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက ခဏနှုတ်ဆိတ်ပြီးမှသာ ထိုစကားကိုပြောလိုက်ခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယာယာက ယွမ်ကျိုး စောင့်မျှော်နေသည့်စကားများကို ပြောလာသည်။ အစ်မဝမ်နဲ့ ရှပ်အင်္ကျီလက်တိုကို ဝတ်ဆင်ထားသောအမျိုးသားကလည်း သူမကို ထောက်ခံကြသည်။ ယွမ်ကျိုးက သူ့ရဲ့စိတ်ထဲမှာ အသိအမှတ်ပြုဟန် တွေးမိ၍ ခေါင်းညိတ်လိုက်သည်။ သူ့အကြံအစည်က တကယ် မဆိုးဖူးဘူးပဲ။

ညနေခင်းဆိုင်ဖွင့်ချိန်တွင် ယွမ်ကျိုးက ပုံမှန်ဖောက်သည်များထက် ခရီးသွားဖောက်သည်အသစ်များ ဆိုင်သို့လာရောက်စားသောက်ကြသည့်အတွက် သူ့ရဲ့မစ်ရှင်ပြီးမြောက်သွားခဲ့သည်။

သူဌေးကျောင်နှင့် သူ့ရဲ့နောက်လိုက်များသည် သူတို့ဆောင်ရွက်ရမည့်အမှုကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးခဲ့ကြသည်။ ထိုမှသာ ယနေ့ညတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်လိမ့်မည်။ နောက်တစ်နေ့မနက်ခင်းတွင် သူဌေးကျောင်က သူ့အဖွဲ့သားများကို လူစုလိုက်သည်။

"အဘွားအိုက အမှတ်မှားတာပဲ ဖြစ်မယ်ထင်တယ်။ အဲ့ဒီကောင်မလေးတော့ မဖြစ်နိုင်ဘူး"

လမ်းလျှောက်နေရင်း လင်းချုံက သူ၏အမြင်ကို ထုတ်ပြောသည်။

"ဒါဆိုရင် အဘွားအိုကိုပဲ သွားမေးကြမယ်လေ"

သူဌေးကျောင်က လင်းချုံ၏သံသယရှင်းလင်းအောင် အကြံပေးသည်။

"ငါတို့ သွားသင့်တယ်။ ဒီလိုအခြေအ‌နေမျိုးကို ကြုံနေပြီဆိုတော့ ဒီကောင်မလေးက ငါတို့ကို မုန်းနေပြီလားဆိုတာ သိရအောင် ကြိုးစားသင့်တာပေါ့။ အမှုသည်က ငါတို့ကို အစားအသောက်ဝယ်ကျွေးတာ ဖြစ်နိုင်ပါ့မလား"

ကျန်းရှင်းကလည်း မယုံကြည်နိုင်သော အမူအရာကို ဖော်ပြသည်။

"တကယ်မဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အစားအသောက်တွေက လုံးဝ ဈေးပေါနေတာ မဟုတ်ဘူးလေ"

ဈေးနှုန်းအကြောင်းကို တွေးမိသောအခါ သူဌေး‌ကျောင်က ကောင်မလေးက သူတို့ကို လူမှားပြီး ဒကာခံသည်ဟု တွေးမိသည်။ သူ့မှာ သံသယဝင်ရသည့်အကြောင်းအရင်းများစွာ ရှိသည်။ သူဟာ အမှုအခင်းများစွာကို ဖြေရှင်းရသည့်ရဲတစ်ယောက်ဖြစ်သည့်အတွက် အမှုအခင်းရှုံးလေ့ရှိသည့် အမှုသည်များက သူတို့၏မကျေနပ်သည့်စိတ်ခံစားချက်ကို ရဲအရာရှိများပေါ် ပုံချလေ့ရှိသည့်အတွက် ဤဖြစ်ရပ်ကို မယုံကြည်ခြင်း ဖြစ်သည်။

အပိုင်း(၂၇၁)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၇၂)

အဘွားအို၏အိမ်ကို ရှာဖွေရန် မခက်ခဲချေ။ သူဌေးကျောင်တို့ ၃ဦးက အဘွားအို၏အိမ်အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ကျန်းရှင်းက အခန်းတံခါးကို ခေါက်လိုက်သည်။

"မင်္ဂလာပါ အဘွားရေ။ အိမ်မှာ ရှိသလား"

ကျန်းရှင်းက ခပ်တိုးတိုးလေး လှမ်းမေးလိုက်သည်။

"ဘယ်သူများလဲ"

အဘွားအိုမှ တံခါး၏တစ်ဖက်တစ်ချက်မှ ပြန်လည်မေးမြန်းသည်။

"ကျွန်တော်တို့ပါ အဘွား။ အဘွားနဲ့ ပြောစရာလေးရှိလို့ပါ"

ကျန်းရှင်းက ချိုသာစွာ ပြောသည်။

"ငါတို့တွေ အရင်က တွေ့ဖူးလို့လား"

အဘွားအိုက အပေါက်ငယ်လေးမှတစ်ဆင့် အပြင်ဖက်သို့ ကြည့်လိုက်သည်။

"ဟုတ်တယ်လေ။ ကျွန်တော်တို့တွေ လမ်းမှာ တစ်ခါ တွေ့ဖူးတယ်လေ။ မေ့သွားတာလား"

ကျန်းရှင်းက သူ့ကိုယ်သူနှင့် အခြား၂ယောက်ကို လက်ညှိုးထိုးပြပြီး ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။ အဘွားအို၏ တွေဝေနေဆဲအပြုအမူကို မြင်တွေ့ရသောအခါ လင်းချုံက အလောတကြီးပြောသည်။

"ဪ စားသောက်ဆိုင်ဝင်ပေါက်နားမှာ တွေ့ဖူးတာလေ။ အဘွားက ကျွန်တော့်တို့ကို တခုခု ပြောလိုက်သေးတယ်လေ။ အခုရောမှတ်မိပြီလား"

"ဪ သိပြီ သိပြီ။ သူဌေးလေးရဲ့စားသောက်ဆိုင်မှာ ဆုံဖူးတာပဲ"

အဘွားအိုက ရုတ်တရက် သတိရသွားပြီး တံခါးကို ဖွင့်လိုက်သည်။

"ဟုတ်တယ်။ ကျွန်တော်တို့ပါ"

ကျန်းရှင်းက ထပ်တလဲလဲ ခေါင်းညိတ်သည်။

"ဘာများအလိုရှိလို့ပါသလဲ"

အဘွားအိုက အဓိကအချက်ကို ချက်ချင်း မေးလိုက်သည်။

အဘွားအိုက သူမ၏ဆွေမျိုးလဲမဟုတ်၊ သည့်အပြင် သူမ၏မိတ်ဆွေလဲမဟုတ်ဘဲ သူမကို လက်ဆောင်များယူလာပေး၍ သေချာပေါက် မေးစရာတစ်စုံတစ်ရာရှိနေသည်ဟု ခံစားမိသည်။ ထို့ကြောင့် လိုရင်းအချက်ကိုသာ တိုက်ရိုက်မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"ဪ အဘွား မေ့သွားပြီလား။ ကျွန်တော်တို့တွေ တွေ့တုန်းက ကျွန်တော်တို့မှာစားတဲ့အစားအသောက်တွေကို တစ်ယောက်ယောက်က ကြိုပြီး ပိုက်ဆံရှင်းသွားတယ်လို့ အဘွားပြောခဲ့တာလေ။ အဘွား မှတ်မိသေးရဲ့လား"

ကျန်းရှင်းက မဝံ့မရဲမေးမြန်းလိုက်သည်။ အဘွားအိုက မှတ်မိနေသေးလား မသေချာ၍ မဝံ့မရဲမေးမြန်းလိုက်ခြင်းဖြစ်သည်။

"ဪ ဟုတ်သားပဲ။ အဲ့ဒီကောင်မလေးရဲ့နာမည်က ဟွမ်လင်းလေ။ သူမက အရမ်းလဲ အလုပ်ကြိုးစားတယ်။ ကြင်နာတတ်တဲ့နှလုံးသားလဲ ရှိတယ်"

ဟွမ်လင်းအကြောင်းကိုပြောသောအခါ အဘွားအိုက ကြင်နာစွာပြုံးနေသည်။

"ဟွမ်လင်းမှာ ခြေထောက်မသန်မစွမ်းဖြစ်နေတဲ့မောင်လေးတစ်ယောက် ရှိတာကိုရော သိလား"

လင်းချုံက အလောတကြီး မေးမြန်းလိုက်သည်။

"ဒါလေးတောင် မသိဘူးလား"

အစပိုင်းတွင် အဘွားအိုက အံ့အားသင့်သွားပြီးနောက် ဖြေရှင်းချက်ပေးသည်။

"ကောင်မလေးက မင်းတို့အတွက် ကျသင့်ငွေကို ရှင်းလိုက်တယ်ဆိုတော့ မင်းတို့အချင်းချင်း သိနေတာမလား"

*သူတို့က လျှိုကျားမြို့ကနေ ဒီမြို့ကို ပြောင်းလာပြီးတော့ ထောင်ရှီးလမ်းရဲ့လမ်းဆုံးမှာ နေတာမလား"

သူဌေးကျောင်က ခဏတွေးကြံပြီးနောက် လိပ်စာကို မေးမြန်းလိုက်သည်။

"ကောင်မလေးကို သိတာလား၊ မသိဖူးလား"

အဘွားအိုက သံသယဝင်လာမိ၍ သူဌေးကျောင်၏မေးခွန်းကို ချက်ချင်း ပြန်မဖြေခဲ့ပေ။

"ဟုတ်တယ်။ သူ့မှာ ဟွမ်းလိလို့ခေါ်တဲ့ မောင်လေးလဲ ရှိတယ်။ ကျွန်တော်တို့တွေ သူ့ကို သိပါတယ်။ တကယ်သိတာပါ"

သူဌေးကျောင်က တိုးလျသောအသံဖြင့် ပြောသည်။

"ဟုတ်တယ်။ မင်းပြောတာ မှန်တယ်။ ဒါနဲ့ ဘာကိစ္စများရှိလို့လဲ"

အဘွားအိုက နွေးထွေးကြင်နာတတ်သောနှလုံးသားရှိသူ ဖြစ်သည်။

"သူ မုန့်ဝယ်ကျွေးချင်တဲ့သူက ကျွန်တော်တို့ ၃ယောက်ဆိုတာ သေချာရဲ့လား"

ကျန်းရှင်းက မယုံကြည်နိုင်သောလေသံဖြင့် သူတို့ကိုယ်သူတို့ လက်ညှိုးထိုးလိုက်သည်။

"တခြားဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။ ကောင်မလေးက သူဌေးလေးနဲ့ စကားအကြာကြီးတောင် ပြောနေသေးတယ်"

အဘွားအိုက အခိုင်အမာ ပြောဆိုလိုက်သည်။

"သူဌေးလေးက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့သူ။ ဒီလိုမျိုး ငွေကြိုရှင်းတာတောင် လက်ခံတာမဟုတ်ဘူး။ ဒါတောင်

ဟွမ်လင်းပြောလိုက်တဲ့စကားကြောင့် ‌သဘောတူသွားတာလေ။ မင်းတို့တွေ အဲ့ဒီဆိုင်ကို စောစောစီးစီး ရောက်သွားလို့ ကံကောင်းတယ်။ မဟုတ်ရင် သူက သူ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ရတော့မယ်"

အဘွားအိုက ဟွမ်လင်းနှင့် ယွမ်ကျိုးတို့ ပြောခဲ့သောအကြောင်းအရာကို ထည့်သွင်းပြောကြားလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့လက်ဆောင်လေးကို လက်ခံပေးပါ။ ကျွန်တော်တို့ ပြန်တော့မယ်"

ကျန်းရှင်းက တွေဝေသောအမူအရာဖြင့် ခေါင်းကိုငုံ့လိုက်ပြီး သူ့လက်ထဲမှ နို့ပုလင်းများကို အဘွားအိုအား ပေးလိုက်သည်။

"အားနာစရာကြီး။ ဒီတိုင်းလေးပဲ အဘွားသိတာကို ပြောရုံလေးပဲလေ။ လက်ဆောင်ပေးစရာ လိုလို့လား"

အဘွားအိုက သူတို့ထွက်မသွားခင် လက်ဆောင်ငြင်းရန်ပင် အချိန်မရလိုက်ပေ။

သူတို့၃ဦး၏ နောက်ကျောပြင်ကို ငေးကြည့်ပြီး အဘွားအိုက ဗလုံးဗထွေးရေရွတ်သည်။

"ဒီကောင်လေးတွေက လူကောင်းပဲ ဖြစ်မှာပါလေ"

အဘွားအိုအိမ်မှ ထွက်လာပြီးနောက် သူတို့၃ယောက်က လမ်းတစ်လျှောက်လုံး နှုတ်ဆိတ်နေသည်။ ခပ်လှမ်းလှမ်းကို ရောက်သွားမှ လင်းချုံက မေးမြန်းသည်။

"သူဌေး"

"ဒါဆိုရင် ကောင်မလေးရဲ့အိမ်ကိုပဲ သွားလည်ကြမယ်"

သူဌေးကျောင်က ဆုံးဖြတ်ချက်ချလိုက်သည်။

"ဟုတ်ပါပြီ။ သူဌေးဆုံးဖြတ်တဲ့အတိုင်း လိုက်နာပါ့မယ်"

ကျန်းရှင်းက သံယောင်လိုက်သည်။

"တကယ်ရော ဟုတ်လို့လား"

လင်းချုံက အဘွားအိုပြောသောစကားများကို ပြန်လည်တွေးမိပြီး မယုံကြည်နိုင်ဖြစ်နေသည်။ အမှုအခင်းရှုံးနိမ့်သွားသောတရားလိုက ရဲအရာရှိများကို ကောင်းကောင်းမွန်မွန် ဆက်ဆံလေ့မရှိသည့်အတွက် ထူးဆန်းနေသည်ဟု ခံစားမိခြင်းဖြစ်သည်။ ရုပ်မြင်သံကြားတွင် ရိုက်ကူးလေ့ရှိသော ရုပ်ရှင်ရိုက်ကွင်းများကဲ့သို့ တရားလိုများသည် ရဲအရာရှိများနှင့် ငြင်းခုန်ခြင်းမရှိသော်လည်း အစားအသောက်ဝယ်ကျွေးရလောက်သည်အထိ ကောင်းကောင်းမွန်မွန် မဆက်ဆံကြပေ။

"ကဲ ရောက်တတ်ရာရာတွေ လျှောက်တွေးမနေနဲ့တော့။ အဲ့ဒီအိမ်ကိုရောက်သွားရင် ငါတို့သိချင်တဲ့အဖြေကို သိရမှာဘဲ"

သူဌေးကျောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူလည်း ဤကိစ္စနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိသေးမှန်း သိသာထင်ရှားသည်။

ဟွမ်လင်းနေထိုင်သည့်နေအိမ်က အဘွားအို၏အိမ်နှင့် သိပ်မဝေးကွာပေ။ ထို့အပြင် သူတို့၏သိလိုစိတ် ပြင်းထန်နေသည့်အတွက်ကြောင့် ခပ်သွက်သွက် လမ်းလျှောက်လာခဲ့ကြသည်။ ခဏလေးအတွင်းပင် ဟွမ်လင်းနေထိုင်သော အဆောက်အအုံသို့ ရောက်ရှိသွားသည်။ ဖိုင်တွဲကို ခဏခဏစစ်ဆေးပြီးနောက် ဟွမ်လင်းတို့မောင်နှမနေထိုင်သည့် အခန်းက တိုက်၏ဒုတိယအလွှာဖြစ်ကြောင်း အတည်ပြုလိုက်သည်။

"ဒီနေရာပဲ ကျွန်တော်တို့တွေ ရောက်ပြီ သူဌေး"

ကျန်းရှင်းက သတိပေးစကားပြောသည်။

"ကဲ အပေါ်ထပ်ကို တက်ကြမယ်"

သူဌေးကျောင်က ဦးဆောင်၍ အပေါ်ထပ်သို့တက်သည်။ တံခါးပေါက်သို့ ရောက်သောအခါ လင်းချုံက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် စကားပြောသည်။

"တံခါးကို ခေါက်လိုက်တော့မယ်နော်။ အိမ်ထဲမှာ တစ်ယောက်ယောက်များ ရှိသလား"

သူက တံခါးကို ဖွဖွလေး ခေါက်လိုက်ပြီး ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

"ဘယ်သူလဲ"

ဩရှရှ ခပ်တိုးတိုးအသံက သူတို့နားထဲသို့ ပျံ့လွှင့်လာသည်။ အသံပိုင်ရှင်က ငယ်ရွယ်သောအမျိုးသားဖြစ်နိုင်သည်။

"ဟွမ်လိလား။ ရဲအရာရှိလင်းပါ"

လင်းချုံက သူ၏ဇစ်မြစ်ကို မဖုံးကွယ်ပေ။ ခဏတုံ့ဆိုင်းပြီးတော့ သူ တည့်တိုးပြောလိုက်သည်။ တံခါးက ချက်ချင်းပွင့်လာသည်။ တံခါးပေါက်နားမှာ လူငယ်လေးတစ်ယောက် မတ်တတ်ရပ်နေသည်။ ကောင်လေးက အရပ်အရမ်းမရှည်သော်လည်းပဲ သူ၏ခန္ဓာကိုယ်မှ သုန်မှုန်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။ ရှေ့သို့ကျနေသော ဆံမြိတ်များကြောင့် သူ့မျက်လုံးနှင့် နှင်းတမျှ ‌ဖြူဖွေးနေသော သူ့မျက်နှာကို ဖုံးကွယ်ထားသည်။ သူတို့၃ဦးကို ကြည့်နေသောပုံစံက ဖော်ရွေမှု မရှိပေ။

"ဘာကိစ္စများ ရှိလို့လဲ"

ဟွမ်လိက အဓိကအချက်ကို မေးမြန်းလိုက်သည်။ သူတို့၃ဦးကို အိမ်ထဲ ဝင်ထိုင်ရန် ဖိတ်ခေါ်မည့် ရည်ရွယ်ချက်လဲ မရှိပေ။

"မင်းရဲ့အစ်မ အိမ်မှာရှိလား"

သူဌေးကျောင်က ဦးစွာ မေးမြန်းလိုက်သည်။

ယခုလိုမျိုး ပြုမူဆက်ဆံပုံကို ကျင့်သားရနေပြီးသားဖြစ်၍ သူ့ဖက်က အလိုက်သင့် ပြန်လည်ပြော‌ဆိုလိုက်သည်။ အမှုကိစ္စကို ကိုင်တွယ်ဖြေရှင်းသည့်ရဲအရာရှိများကို တရားလိုများက ရိုက်နှက်ခြင်း၊ မကျေမနပ်ပြောဆိုသည့် ဖြစ်ရပ်များကိုလည်း သူ ကြုံခဲ့ဖူးသည်။ အထူးသဖြင့် တရားလို၏မိသားစုဝင်များ အပြင်းအထန်ထိခိုက်ဒဏ်ရာရပြီး တရားခံမပေါ်လျှင် သူတို့၏မကျေနပ်သည့်စိတ်ကို ရဲအရာရှိများအပေါ် ပုံချလေ့ရှိသည်။

"ဟုတ်တယ်။ ဘာကိစ္စများရှိလို့လဲ"

ဟွမ်လိက ခေါင်းကိုညိတ်လိုက်ပြီး သူသိလိုသည့်အကြောင်းအရာကို ဆက်လက်မေးမြန်းလိုက်သည်။ သူတို့၃ဦး နှုတ်ဆိတ်သွားပြီး ဘာဆက်ပြောရမလဲ မသိဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် အခန်းအတွင်းမှ ချိုသာသောအမျိုးသမီးအသံ ထွက်ပေါ်လာသည်။

"ဟွမ်လိ ဘယ်သူတွေ ရောက်နေတာလဲ"

"ရဲအရာရှိ ၃ယောက်ပါ"

ဟွမ်လိက သူ့အစ်မ၏အကျင့်စရိုက်ကို သိနေသည့်အတွက် ဘေးကိုဖယ်လိုက်ပြီး သူတို့၃ဦးကို ဝင်ခွင့်ပြုလိုက်သည်။

"ရဲအရာရှိကျောင်၊ ရဲအရာရှိကျန်း၊ ရဲအရာရှိလင်း ဘာကိစ္စများရှိလို့ ဒီအိမ်ကို ရောက်လာရတာလဲ"

ဟွမ်လင်းက တံခါးပေါက်နား ရောက်လာပြီး သူတို့၃ဦးကို တအံ့တဩ ကြည့်လိုက်သည်။

"ဟုတ်ကဲ့ မင်္ဂလာပါ မိန်းကလေး။ နေလို့ကောင်းရဲ့လား။ စီးပွားရေးရော အဆင်ပြေရဲ့လား"

ကောင်မလေး၏ဖော်ရွေသောလေသံကြောင့်

ဘာဆက်ပြောရမလဲ မသိဖြစ်နေသည့်အခါ သူဌေးကျောင်က သူတို့ကိုယ်စား ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"အခြေအနေကို ကိုယ့်ဘာသာကိုယ်သာ ကြည့်လိုက်ပါတော့"

ဟွမ်လိက သူတို့ကို ခနဲ့လိုက်သည်။

"မောင်လေးရေ နောက်ဖေးချောင်သွားပြီးတော့ ဆန်ပြုတ်သွားကြည့်လိုက်ဦး"

ဟွမ်လင်က သူ့မောင်လေးကို ပထုတ်လိုက်သည်။ ဟွမ်လိ၏ တယိမ်းတယိုင်အမူအရာကို မြင်တွေ့ရသောအခါ သူတို့၃ဦး နောက်တစ်ကြိမ် နှုတ်ဆိတ်သွားပြန်သည်။

"ရဲအရာရှိမင်းတို့က ဒီအိမ်ကို ဘာကိစ္စများရှိလို့ ရောက်လာရတာလဲ"

သူရဲ့မောင်လေးနှင့် ယှဉ်လိုက်လျှင် ဟွမ်လင်းက ဆိုလိုရင်းအချက်ကို သိမ်မွေ့စွာ မေးမြန်းသည်။

"ကျွန်တော်တို့ကို မနက်စာကျွေးရတဲ့အကြောင်းအရင်းကို သိချင်လို့ပါ။ ဘာလို့များ မနက်စာ ဝယ်ကျွေးရတာလဲ"

လင်းချုံက တည်ငြိမ်သောအမူအရာဖြင့် မေးမြန်းလိုက်သည်။

"ကျေးဇူးတင်တဲ့အနေနဲ့ မနက်စာဝယ်ကျွေးတာပါ။ ရှင်တို့တွေက တစ်နေ့လုံး၊ တစ်ညလုံး အလုပ်ပင်ပန်းနေတာကို သိလို့ မနက်စာဝယ်ကျွေးလိုက်တာပါ"

ဟွမ်လင်၏ သိမ်မွေ့သောလေသံတွင် တခြားသောအကြောင်းအရာများကို ထုတ်ပြောမည့် ရည်ရွယ်ချက်မရှိပေ။

"မင်းက ငါတို့တွေကို မုန်းနေတာမဟုတ်ဘူးလား"

ကျန်းရှင်းက ခဏနှုတ်ဆိတ်နေပြီးမှ သိလိုသည့်အချက်ကို မေးမြန်းလိုက်သည်။

"ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ရှင်တို့ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ ကျွန်မ ကျေးဇူးတင်သင့်တယ်လေ။ တကယ်လဲ ကျေးဇူးတင်ပါတယ်။ ကျေနပ်စရာကောင်းတဲ့ရလဒ်ကို မရခဲ့ပေမယ့်လည်း ကျေးဇူးတင်ထိုက်ပါတယ်။ ကျွန်မ မုန်းတဲ့သူတွေက ဓားပြတိုက်ခဲ့တဲ့လူဆိုးဂိုဏ်းကိုပဲ မုန်းတာပါ"

ဓားပြတိုက်သည့် လူဆိုးဂိုဏ်းအကြောင်းပြောသောအခါ ဟွမ်လင်၏မျက်လုံးတွင် အမုန်းတရားများ ဖြာလဲ့လာသည်။ သူမ၏ရှေ့တွင်ရှိသော ရဲအရာရှိ(၃)ဦးကို ကြည့်ပြီး သူမက ငြိမ်းချမ်းစွာ ပြုံးနေသည်။

ရလဒ်က သူမအတွက် ကျေနပ်ဖွယ်မကောင်းသည့်တိုင် ကျေးဇူးတင်ထိုက်သည့်ရဲအရာရှိများက အကောင်းဆုံးကြိုးစားအားထုတ်သည့်အတွက် ကျေးဇူးတင်ထိုက်ခြင်း ဖြစ်သည်။ ထိုစကားသံကို ကြားသောအခါ သူဌေးကျောင်အပါအဝင် သူနှင့်အတူပါလာသူ(၂)ယောက်က မိုးကြိုးပစ်ချခဲ့ရသကဲ့သို့ တောင့်တောင့်ကြီး မတ်တတ်ရပ်နေကြသည်။

"ကျွန်တော်တို့ကို ဖက်ထုပ်ပေါင်းဝယ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖက်ထုပ်တွေက အရမ်းအရသာရှိပါတယ်"

စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် သူဌေးကျောင်က မတ်တတ်ရပ်နေပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"သူဌေးယွမ်ရဲ့ ဟင်းချက်လက်ရာက ကောင်းလို့ဖြစ်မှာပါ။ ဖောက်သည်တွေအားလုံးကလည်း လက်ရာကောင်းတယ်လို့ ပြောကြတယ်"

ဟွမ်လင်က အတော်လေး ပျော်ရွှင်မိသည်။ အထင်ကြီးလေးစားထိုက်သောအရသာအကြောင်းကို ကြားမိသော်လည်း ဖက်ထုပ်ကို ဝယ်မစားခဲ့ပေ။ ယွမ်ကျိုး၏ဆိုင်တွင် ရောင်းချသည့် ဈေးအပေါဆုံးဟင်းလျာပင် သူမအတွက် အတော်လေးဈေးကြီးလွန်းနေသည်။

"ဒါဆိုရင် မင်းရဲ့အိမ်က အနီရောင်ကြိုးထုံးလေးကို လက်ဆောင်ပေးလို့ရမလား"

ကျန်းရှင်းက သူမ၏နောက်မှ အနီရောင်ကြိုးထုံးများကို ကြည့်ပြီး မေးမြန်းလိုက်သည်။

"ဒါပေါ့ ရပါတယ်။ လက်ဆောင်အနေနဲ့ တစ်ယောက်တစ်ခုစီ ယူသွားပါ"

ဟွမ်လင်က ခေါင်းကိုလှည့်လိုက်ပြီး ရောင်းရန် ချိတ်ဆွဲထားသည့် အနီရောင်ကြိုးထုံးလေးများကို ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

သူတို့(၃)ဦးက အနီရောင်ကြိုးထုံးလေးကို ဂရုတစိုက် လက်ခံယူလိုက်ပြီး သူတို့၏အိတ်ကပ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူတို့ထွက်ခွာသွားကြသည်။

"ဂရုစိုက်ပြီး ပြန်ပါ ရဲအရာရှိတို့"

ဟွမ်လင်က တံခါးပေါက်မှာ မတ်တတ်ရပ်နေပြီး သူတို့အားလုံးကို လက်ပြနှုတ်ဆက်လိုက်သည်။ သူမ ရရှိခဲ့သောရလဒ်က ကျေနပ်ဖွယ်မကောင်းသည့်တိုင် သူတို့(၃)ဦးကလည်း ခေါင်းကိုညိတ်လိုက်ပြီး ထွက်သွားကြသည်။

အပိုင်း(၂၇၂)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၇၃)

"ဖက်ထုပ် ဘယ်တော့ ဝယ်စားကြမလဲ"

လင်းချုံက သူ့မိန်းမချက်သည့်ဟင်းလျာကိုသာ အကောင်းဆုံးဖြစ်သည်ဟု ခံယူထားသည်။ သူစားဖူးသမျှ အစားအသောက်များထဲတွင် တစ်နေ့က စားခဲ့သည့်ဖက်ထုပ်က အကောင်းဆုံးအရသာဖြစ်သည်ဟု ရုတ်တရက် တွေးမိသွားသည်။

"သူဌေး။ ငါတို့သူဌေးက ငါတို့ကို ဝယ်ကျွေးရဦးမယ်နော်"

ကျန်းရှင်းက ရုတ်တရက် ပြုံးလိုက်သည်။

"ကိစ္စမရှိဘူး။ ဒါပေမယ့် ဖက်ထုပ်ပဲ ရမယ်နော်"

သူဌေးကျောင်က လွယ်လင့်တကူ သဘောတူလိုက်သည်။

ဒီတစ်ခေါက်တော့ ငါတို့သူဌေး အရမ်းကို ရက်ရောနေတာပဲ"

လင်းချုံက ခပ်ယဲ့ယဲ့လေးပြုံးကာ ပြန်ပြောသည်။

"ဟုတ်တယ်။ ဘောနပ်စ်ငွေက ယွမ် ၁၀၀ လောက်နီးနီး ရမှာလေ။ ဒါကြောင့်မို့လို့ မင်းတို့ကို ဝယ်ကျွေးနိုင်တာပေါ့"

သူဌေးကျောင်က မစ်ရှင်၏ဘောနပ်စ်အကြောင်းကို တွေးမိသောအခါ ဤသို့သောစကားပြောလိုက်သည်။

"သူဌေးက ပိုက်ဆံကို ဘယ်လိုခွဲဝေမှာလဲ"

ကျန်းရှင်းက သိလိုသည့်အချက်ကို ထည့်မေးလိုက်သည်။

"ငါ့အတွက်တော့ ကိစ္စမရှိပါဘူး။ ငါ့ရဲ့မိန်းမက ငါ့ကို ကောင်းကောင်းမွန်မွန် ဟင်းချက်ကျွေးတဲ့အပြင် ငါ့ရဲ့အမြင်ကိုလည်း လေးစားမှု ရှိတယ်"

လင်းချုံက ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။

"ကဲ ဒါဆိုရင်လည်း ငါတို့ရတဲ့ဘောနပ်စ်ငွေကို တူတူဖြုန်းကြတာပေါ့။ ဒါပေမယ့် ငါတို့ရမယ့် ဘောနပ်စ်ငွေတွေက ခုထိ မရသေးဘူးလေ"

သူဌေးကျောင်က သူတို့နှစ်ဦးကို ကြည့်လိုက်ပြီး ပြုံးရွှင်စွာ ပြောသည်။

"ကိစ္စမရှိဘူး။ တခြားကိစ္စတွေ မပြောနဲ့တော့။ ရပ်လိုက်တော့"

ကျန်းရှင်းက ညွှန်ကြားသည်။

"ဘာလုပ်မလဲဆိုတာ သဘောတူပြီးပြီဆိုတော့ ပြီးပြီလေ။ အချိန်တန်လို့ ပိုက်ဆံရရင် သွားမှာပေါ့။ ဒီလောက်ဆို မဆိုးဖူးလို့ ပြောလို့ရတယ်လေ"

လင်းချုံက သူ့အိတ်ကပ်ထဲမှ အနီရောင်ကြိုးလေးကို ထုတ်လိုက်ပြီး သူ့လက်ကောက်ဝတ်မှာ ချည်လိုက်သည်။

"ဒါလည်း မဆိုးပါဘူးလေ"

သူဌေးကျောင်က သံယောင်လိုက်ပြီး ပြောသည်။ သို့သော်ငြားလည်း ကျန်းရှင်းက ပခုံးကို ဆတ်ခနဲ တွန့်လိုက်ပြီး သူ့ဘယ်ဘက်လက်ကောက်ဝတ်ပေါ်မှ အနီရောင်ကြိုးလေးကို တခြားလူတွေမြင်အောင် ပြသလိုက်လေသည်။ တောက်ပသောအနီရောင်ကြိုးလေးနှင့် အညိုရောင်လက်မောင်းက လိုက်ဖက်ညီလွန်းသည်ဟု ခံစားမိသည်။

"လက်မှာ ဝတ်တာ မြန်လှချည်လား"

လင်းချုံက ကျန်းရှင်း၏လက်‌ပေါ်မှ အနီရောင်ကြိုးလေးကို မျက်မှန်းတန်းမိသည်။

"ဒါပေါ့။ ငါက မင်းတို့အားလုံးထက် ပိုမြန်တယ်လေ"

ကျန်းရှင်းက ဝင့်ကြွားစွာပြောသည်။

"ငါတို့ ယွမ်ကျိုးဆိုင်မှာ သွားစားရင် အဲ့ကောင်မလေးကိုလည်း ဖိတ်ကျွေးရင် မကောင်းဘူးလား"

သူဌေးကျောင်က အကြံပြုသည်။

"ကိစ္စမရှိဘူးလေ။ ကျသင့်ငွေကို တူတူမျှခံမယ်လေ"

တခြားသူနှစ်ယောက်ကလည်း သံပြိုင်ပြောဆိုလိုက်သည်။

"ကောင်းပြီ။ ဒါဆို သွားကြမယ်"

သူဌေးကျောင်က သူတို့နှင့်အတူ ယွမ်ကျိုး၏ စားသောက်ဆိုင်ဖက်သို့ လှည့်ထွက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့ အားလပ်ရက်ရသည်။ နှစ်ရက်ဆက်တိုက် နေ့မအား၊ ညမအား အလုပ်လုပ်ခဲ့ပြီး ကောင်းကောင်းအနားယူရန်အတွက် အားလပ်ရက်တစ်ရက်လိုအပ်သည်။

သူတို့အားလုံး ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ရောက်သောအခါ ယွမ်ကျိုးက တံခါးပေါက်မှာ ထိုင်နေပြီး နောက်ဆုံးသော တောင်းဆိုချက်တစ်ခုကို စောင့်ဆိုင်းနေသည်။ သူ့ဘေးနားက အကြံပြုချက်သေတ္တာထဲတွင် သူလိုချင်သည့်အဖြေ ရှိမနေပေ။ ထို့ကြောင့် သူက မုန်လာဥကို ပုံဖော်ရင်းဖြင့် အလုပ်ရှုပ်နေခြင်း ဖြစ်သည်။

"သူဌေးယွမ်၊ ကျွန်တော်တို့ကို တစ်ခုလောက် ကူညီပေးပါဦး"

သူဌေးကျောင်က အရင်ဆုံး ပြောသည်။

"ခဏလေးစောင့်ပေးပါ"

ထို့နောက် ယွမ်ကျိုးက သူ့အလုပ်သူ ဆက်လုပ်သည်။ သူဟာ မုန်လာဥကို ပုံဖော်ထုဆစ်ခြင်းအလုပ်အား ‌အသေးစိတ်လုပ်ကိုင်နေသည်။

"သူဌေးယွမ်ရဲ့စားသောက်ဆိုင်မှာ ချမှတ်ထားတဲ့စည်းမျဉ်းတွေထဲက တစ်ခုက

သူပန်းပွင့်တွေကို ပုံဖော်နေတဲ့အခါမှာ စကား

မပြောရဘူး"

ကျန်းရှင်းက ယွမ်ကျိုးစားသောက်ဆိုင်၏ စည်းမျဉ်းစည်းကမ်းကို ထုတ်ပြောသည်။

"ထူးခြားတဲ့စည်းမျဉ်းတွေက များလှချည်လား"

လင်းချုံက တိုးလျသောလေသံဖြင့် ဗလုံးဗထွေး ရေရွတ်ပြီးနောက် နာခံစွာဖြင့် မတ်တတ်ရပ်စောင့်ဆိုင်းနေသည်။

တိတ်ဆိတ်သောလမ်းမထက်တွင် ယွမ်ကျိုး၏မီးဖိုချောင်ဓားသံက ပျံ့လွှင့်နေသည်။ ယွမ်ကျိုးက မီးဖိုချောင်ဓားကိုသာ ကျင်လည်စွာ အသုံးပြုပြီး ဖန်တီးချင်သောပန်းပွင့်များကို ‌ပုံဖော်လေ့ရှိသည်။

"တကယ့်ကို မိုက်လှချည်လား။ မီးဖိုချောင်သုံးဓားကိုတောင် ပန်းပွင့်ပုံဖော်ဖို့အတွက် သုံးနိုင်တာလား"

လင်းချုံက တအံ့တဩပြောသည်။

"သူ ဓားကိုင်တာ တကယ်ကျွမ်းတယ်"

ကျန်းရှင်းက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"ပန်းပွင့်လေးတွေ ပုံဖော်ဖို့အတွက် ဓားပဲ သုံးလို့ ကံကောင်းတယ်နော်။ မဟုတ်ရင် မလွယ်ဘူး။ ပိုကြာနိုင်မယ်"

သူဌေးကျောင်က သူ့နဖူးပေါ်မှ ချွေးစက်များကို သုတ်လိုက်သည်။ ယွမ်ကျိုးရဲ့ဓားကိုင်ကျွမ်းကျင်တဲ့ အပြုအမူကို အကဲဖြတ်ကြည့်ရုံဖြင့် ပန်းပွင့်ပုံဖော်သည့်ပညာရပ်တွင် ထူးချွန်ကြောင်း သိနိုင်သည်။ ထို့အပြင် သူအသုံးပြုသည့်ဓားပေါ်သို့ ကျရောက်လာသည့် နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာသည့် ပြန်အလင်းတန်းကို အကဲဖြတ်ရုံဖြင့် ဓားက အလွန်ချွန်မြကြောင်း သိမြင်နိုင်သည်။

"ဒီလိုပုံစံကျတော့လည်း သူဌေးယွမ်က တခြားကောင်လေးတွေထက် ပိုချောနေသလိုပဲ"

"ပြီးပြီ။ ဘာကိစ္စများရှိလို့လဲ"

ယွမ်ကျိုးက ဓားကိုဂရုတစိုက် ပြန်သိမ်းလိုက်ပြီး သူတို့သုံးဦးကို မေးမြန်းလာသည်။

"ပုံဖော်ထားတဲ့ပန်းပွင့်လေးတွေ အများကြီးပဲနော်။ အံ့ဩစရာပဲ"

လင်းချုံက ယွမ်ကျိုးဖန်တီးထားသည့် မုန်လာဥပန်းပွင့်ကလေးများကို တအံ့တဩငေးကြည့်နေမိသည်။ ပန်းပွင့်တိုင်းတွင် ထူးခြားသော စရိုက်လက္ခဏာရှိပြီး ပန်းအစစ်နှင့် အလွန်တူသည်။

"ကျွန်တော်တို့ကို တစ်ခုလေး ကူညီပေးပါလား"

သူဌေးကျောင်က ပုံဖော်ထားသောပန်းပွင့်တွေကို အာရုံစိုက်နေသေးသည့်ခံစားချက်ကို ဖယ်ရှားလိုက်ပြီး ယွမ်ကျိုးကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ကျွန်တော် ကူညီပေးနိုင်ရင်တော့ ကူညီပါမယ်။ ကျွန်တော်ကူညီနိုင်တဲ့ တောင်းဆိုမှုမျိုးတော့ ဖြစ်ရမယ်"

ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း ပြောသည်။ သူရှေ့ရောက်လာသည့်လူသုံးဦးက ရဲအရာရှိများဖြစ်သည့်အပြင် သူ့အကြောင်းကို သိနေသည့်အတွက် သူတို့အကူအညီ‌တောင်းမည့်ကိစ္စက လွယ်လင့်တကူ မဖြစ်နိုင်ချေ။

"သူဌေးယွမ်၊ အရမ်းအတွေးမလွန်ပါနဲ့။ ခင်ဗျားဆိုင်မှာ ရောင်းတဲ့အစားအသောက်ကိစ္စပဲ ပြောချင်တာပါ"

သူဌေးကျောင်က ယွမ်ကျိုး၏အတွေးကို လွယ်လင့်တကူ ခန့်မှန်းမိသည့်အတွက် ကူကယ်ရာမဲ့အမူအရာဖြင့် ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။

"ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ချမှတ်ထားတဲ့စည်းမျဉ်းတွေကိုတော့ မချိုးဖောက်နိုင်ဘူးနော်"

ယွမ်ကျိုးက သူ့စည်းမျဉ်းအကြောင်းကို အလေးထားပြောလိုက်သည်။

"ကျွန်တော် သိပါတယ်။ ကျွန်‌တော် သိတာပေါ့။ ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ခင်ဗျား ချမှတ်ထားတဲ့စည်းမျဉ်းတွေကိုတော့ မချိုးဖောက်စေရပါဘူး။ ကျွန်တော်တို့က ကျသင့်ငွေကို ပေးမှာပါ။ ဟွမ်လင်တို့မောင်နှမကို ဒီဆိုင်ကို ဖိတ်ခေါ်ချင်လို့ အကူအညီတောင်းရတာပါ။ သူတို့ကို ဒီဆိုင်ကို ခေါ်ပေးဖို့အတွက် သူဌေးယွမ် တခုခု အကြောင်းပြချက်ပေးလို့ ရမလား"

သူဌေးကျောင်က အကြံကောင်းကို ချက်ချင်း တွေးလိုက်မိသည်။

"အစားအသောက်တွေကို မြည်းစမ်းစေချင်လို့လား။ ကျွန်တော့်ရဲ့ဟင်းလျာအသစ်ကို မြည်းစမ်းဖို့အတွက် သူတို့ကို ဖိတ်ကြားလို့ ရပါတယ်"

ယွမ်ကျိုးက တိုးလျသောအသံဖြင့် ဖြည့်စွက်ပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ။ အစားအသောက်မြည်းစမ်းဖို့ဆိုပြီးတော့ ခေါ်တာက ကောင်းမွန်တဲ့အကြောင်းပြချက်ပဲလေ"

သူဌေးကျောင်က ချက်ချင်း သဘောတူလိုက်သည်။

"ဒါဆိုရင် ခင်ဗျားတို့တွေ ဘာများ သုံးဆောင်ချင်သလဲ။ ဒီဆိုင်ကို အစားအသောက်အတွက် တစ်နေ့ ၉နာရီ ဖွင့်ပြီးတော့ အရက်ဆိုင်အတွက်က ၃နာရီ ဖွင့်တယ်။ ဒီ့အပြင် အရက်ဆိုင်ဖွင့်တဲ့အချိန်မှာတော့ အစားအသောက်တွေ မှာယူလို့ မရဘူး"

ယွမ်ကျိုးက အဓိကအကြောင်းအရာကို ပြောဆိုလိုက်သည်။

"ဒါဆိုရင် ဒီအရောင်အသွေးစုံတဲ့ မုန့်ချိုလေးတွေကလည်း ရောင်းဖို့အတွက်လား"

သူဌေးကျောင်က အရောင်အသွေးစုံလင်တဲ့ မုန့်ချိုသေးသေးလေးများကို ညွှန်ပြရင်း မေးမြန်းလိုက်သည်။

"ဟုတ်ပြီ။ ရတယ်။ ဒီမုန့်ချိုလေးတွေက တစ်ယောက်ကို တစ်ပွဲပဲ မှာလို့ရတာ။ အရသာက တစ်မျိုးနဲ့ တစ်မျိုး မတူဘူး"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ။ ဒါဆိုရင် မုန့်ချို ၂ပွဲပေး။ ငါးကင်မျှင်ခေါက်ဆွဲတစ်ပွဲ၊ တူစုံမွှာယုန်သားလွှာတစ်ပွဲ၊ ဝက်သားနုပ်နုပ်စဉ်းတို့ဖူးဟင်းတစ်ပွဲ။ ဒီလောက်ဆိုရင် ရပြီ"

သူဌေးကျောင်က ဟင်းလျာအများကြီးကို မမှာယူခဲ့ပေ။ အဓိကအစားအသောက်များဖြစ်သည့် အသားဟင်း၊ အရွက်ဟင်းနှင့် သရေစာမုန့်များကို မှာယူခဲ့သည်။ သူမှာယူသည့် ဟင်းပမာဏက နည်းလည်းမနည်း၊ များ‌လည်းမများသောအခြေအနေ ဖြစ်သည်။

"ဒီ့အပြင် ပျားရည်ကျောက်ပွင့်သုပ်တစ်ပွဲလည်း ပေး"

ကျန်းရှင်းက ထပ်မံဖြည့်စွက်ပြောလိုက်သည်။

"ရတယ်။ ကိစ္စမရှိဘူး"

ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ပြောသည်။

"စုစုပေါင်း ၁၉၂၄ ယွမ် ကုန်ကျပါတယ်။ ပျားရည်ကျောက်ပွင့်သုပ် ထပ်မှာတဲ့အတွက် ၂ယွမ် ထပ်ကုန်ပါတယ်။ ဒါကြောင့်မို့လို့ ၁၉၂၆ ယွမ် ပေးဆောင်ရပါမယ်။ ဟုတ်တယ်မလား"

ယွမ်ကျိုးက စုစုပေါင်းကုန်ကျစရိတ်ကို အရင်ဆုံး တွက်ချက်လိုက်သည်။

"ပျားရည်ကျောက်ပွင့်သုပ်က တစ်ပွဲမှ ၁ ယွမ်ပဲ မဟုတ်ဘူးလား"

သူဌေးကျောင်က စပ်စပ်စုစု မေးမြန်းသည်။

"ဟုတ်ပါတယ်။ ၁ ယွမ်ပါပဲ" သို့သော်ငြားလည်း ယွမ်ကျိုးက သူဌေးကျောင်ကို ခွန်းတုန့်ပြန်ခြင်း မရှိခဲ့ပေ။ ထိုအစား သူက ခေါင်းညိတ်ပြီး ဈေးနှုန်းကို အတည်ပြုလိုက်သည်။

"ဒါဆိုရင်တော့ အံ့ဩစရာပဲ။ သူဌေးယွမ်ရဲ့ဆိုင်မှာ ဒီလောက်တောင် ဈေးပေါတဲ့အစားအသောက်တွေ ရနေပြီလား"

သူဌေးကျောင်က ခံစားချက်အပြည့်ဖြင့် လေးကန်စွာ သက်ပြင်းချလိုက်သည်။

"ဒါပေါ့ သေချာတာပေါ့။ ဒီလိုပျားနို့အစစ်ကို ၁ ယွမ်ဈေးနဲ့ စားနိုင်တယ်ဆိုတာ တကယ်ကံကောင်းတယ်လို့ ပြောလို့ရတယ်"

ကျန်းရှင်းက ဘေးကနေပြီးတော့ ထောက်ခံပြောဆိုသည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒီမှာ ကုန်ကျငွေပါ။ ပိုက်ဆံပြည့်/မပြည့် တွက်ကြည့်ပါဦး"

သူဌေးကျောင်က ယွမ် ၂၀၀၀ကို ထုတ်လိုက်ပြီးတော့ ယွမ်ကျိုးကို ပေးလိုက်သည်။ ယခု‌အသုံးစရိတ်က သူ့၏လစာတစ်ဝက်နှင့် ညီမျှသော်လည်း သူဌေးကျောင်က ဤတစ်ကြိမ်တွင် အင်တင်တင်ဖြစ်သည့်အမူအရာကို မပြသခဲ့ပေ။

"မစိုးရိမ်ပါနဲ့။ ခင်ဗျားပေးတဲ့ငွေပမာဏက မှန်ပါတယ်။ ဒီမှာ ပြန်အမ်းငွေကို ယူလိုက်ပါဦး"

ယွမ်ကျိုးက ခေါင်းညိတ်ပြီးနောက် ကောင်တာပေါ်မှ ပြန်အမ်းငွေကို သူဌေး‌ကျောင်အား ပေးလိုက်သည်။

"ဒါဆိုရင် ပြီးပြီမလား။ အစားအသောက်‌တွေ ရောက်လာမယ့်အချိန်ကို အေးအေးဆေးဆေးစောင့်ရုံပဲလေ"

"ကဲ လူကြီးမင်းတို့ အစားအသောက်တွေကို မှာပြီးပြီဆိုတော့ အစား‌အသောက်‌တွေ လာပို့မယ့်အချိန်ကို အေးအေးဆေးဆေး စောင့်လို့ရပါတယ်"

သူဌေးယွမ်က သူတို့ ၃ဦးကို စားသောက်ဆိုင်ထဲသို့ ‌ဖိတ်ခေါ်လိုက်သည်။

ဟွမ်လင်က ယွမ်ကျိုး၏စားသောက်ဆိုင်မှ အစားအသောက်များအကြောင်းကို ပြောသောအခါ သူမ၏မျက်ဝန်းမှ အထင်ကြီးလေးစားသောခံစားချက်များ ဖျာလဲ့နေသည်။ သူမ၏အမူအရာက သူတို့၏စိတ်ထဲ စွဲထင်ကျန်ရစ်နေသည်။ ထို့ကြောင့်လည်း ယွမ်ကျိုး၏စားသောက်ဆိုင်မှ အစားအသောက်များကို သူတို့မောင်နှမအား ကျွေးမွေးချင်သောခံစားချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက သူ့ရဲ့ဆန်းကြယ်သောမီးဖိုချောင်သုံးဓားကို သိမ်းဆည်းလိုက်ပြီး သူ့ဖုန်းကိုထုတ်ကာ ဖုန်းကို လှုပ်ခါလိုက်သည်။ ပျားရည်ကျောက်ပွင့်သုပ်၏ဟင်းလျာဈေးကို သတ်မှတ်ရန်အတွက် ဖုန်းကို အသုံးပြုနေခြင်းဖြစ်သည်။

"တစ်ထောင်ကျတာလား"

ယွမ်ကျိုးက နံပါတ်အသစ်ကို ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် လှုပ်ခါနေသည်။

"ကတိက ကတိပဲလေ။ ၁ ယွမ်နဲ့ ရောင်းမယ်လို့ ကတိပေးပြီးသားဆိုတော့လည်း မကောင်းတော့ဘူး။ ပြန်ပြောင်းဖို့လည်း မကောင်းဘူး"

ညနေခင်းဆိုင်ဖွင့်ချိန်တွင် လင်းဟုန်ကို မြင်တွေ့သောအခါ ယွမ်ကျိုးက သူသိလိုသည့်အချက်ကို မေးမြန်းလိုက်သည်။

"ဒီအက်ပလီကေးရှင်းမှာ နံပါတ် ၁ ကျဖို့အတွက် ဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲ"

"အသေးဆုံးနံပါတ်ကို ကျချင်တာလား။ ဒီနံပါတ် ၁ ကို ရဖို့အတွက် အရမ်းခက်ခဲတယ်"

ဒွိဟဖြစ်သောအ‌ကြည့်ဖြင့် လင်းဟုန်က ယွမ်ကျိုး၏မေးခွန်းကို ပြန်ဖြေလိုက်သည်။ အကြိမ်ပေါင်းများစွာ ဖုန်းဖြင့် ကံစမ်းမဲနှိုက်သည့်တိုင် သူလိုချင်သည့် နံပါတ် ၁ ကို မရနိုင်ခဲ့ပေ။ အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးမှ မနက်၂နာရီရောက်သည့်အချိန်မှသာ သူလိုချင်သည့် နံပါတ် ၁ က ဖုန်းတွင်ပေါ်လာသည်။ ယွမ်ကျိုး၏ ပထမဦးဆုံး တုံ့ပြန်မှုက သူ့မျက်လုံးကို ပွတ်လိုက်ခြင်းဖြစ်သည်။ သူဟာ ဖုန်းကို ထပ်တလဲလဲကြည့်ပြီး နံပါတ် ၁ ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

"ရပြီ။ ငါလိုချင်တဲ့နံပါတ်ကို ရသွားပြီ"

ယွမ်ကျိုးက ဖုန်းကို ဆုပ်ကိုင်ထားပြီး ကျေးဇူးတင်သောအမူအရာကို ဖော်ပြလိုက်သည်။ နံပါတ် ၁ ကို မဲမပေါက်လျှင် သူ့ဖုန်းကို ရိုက်ခွဲမိလိမ့်မည်။ ဖုန်းကလည်း သူ့ရဲ့ခြိမ်းခြောက်တဲ့ခံစားချက်ကို ခံစားမိ၍ သူမျှော်လင့်နေသောနံပါတ်ကို ပေးလိုက်ခြင်း ဖြစ်နိုင်သည်။

သူ‌ ဖြေရှင်းရခက်နေသည့်ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။ ပျားရည်ကျောက်ပွင့်သုပ်ကို ယွမ် ၁ ယွမ်ဖြင့် ရောင်းချနိုင်သောအခွင့်အရေးကို ပိုင်ဆိုင်သွားပါပြီ။ ထို့နောက် ယွမ်ကျိုးက ဖုန်းကိုချလိုက်ပြီး စိတ်အေးလက်အေး အိပ်စက်အနားယူသည်။ သို့သော်ငြားလည်း သူ၏အိပ်မက်ထဲတွင်ပင် ဖုန်းကိုလှုပ်ပြီး ကံစမ်းမဲနှိုက်နေမိသေးသည်။

အပိုင်း(၂၇၃)

ပြီးပါပြီ။

All Chapters