← Chapters

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

ယွမ်ကျိုး အပိုင်း(၂၇၇)

"ဟေ့ သူဌေးယွမ်။ ကျွန်တော်တို့ စကားပြောလို့ ရပြီလား"

ဦးထုပ်ဝတ်ဆင်ထားသည့်အမျိုးသားက ဆက်လက်ပြောကြားသည်။

"အားနာပါတယ်။ ဆိုင်ဖွင့်ချိန်ပြီးတဲ့အထိ စောင့်ပေးပါ။ ဆိုင်ပိတ်သွားမှပဲ ရှင်ပြောခိင်တဲ့အကြောင်းအရာကို ဆွေးနွေးလို့ ရပါမယ်။ ကျွန်မသူဌေးက အခုစကားပြောဖို့ အစီအစဉ်မရှိပါဘူး"

ကျိုကျာက လေးနက်စွာပြောသည်။

"အိုကေ ကောင်းပြီလေ။ သူ့မှာ စည်းမျဉ်းစည်းကမ်းတွေကလည်း တကယ့်ကို များတာပဲ"

၎င်းအမျိုးသားက မကျေနပ်ဟန်ဖြင့် ပြောသည်။

"အားနာပါတယ်။ ကျွန်မကိုလည်း သနားပါဦး"

ကျိုကျာက သူ့ကို ထွက်သွားရန် ဟန်အမူအရာဖြင့် ပြသည်။

"တစ်နာရီလောက်‌ကတော့ ငါ စောင့်နိုင်ပါတယ်။ ငါ့မှာ တခြားလုပ်စရာတွေလည်း ရှိပါသေးတယ်"

၎င်းအမျိုးသားက မ‌‌ကျေနပ်သောအမူအရာရှိသော်လည်း နောက်ဆုံးတော့ သဘောတူလိုက်သေးသည်။ မကျေမနပ်ငြီးတွားပြောဆိုပြီးတော့ လမ်းဖယ်ပေးလိုက်သည်။

"အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးပါပဲ"

ကျိုကျာက ခပ်ယဲ့ယဲ့လေး ပြုံးပြီးနောက် တခြားသောစားသုံးသူများကို နှုတ်ဆက်သည်။

"ဟူး နောက်ဆုံးတော့ ငါအလှည့်ရောက်ပြီ။ ဗိုက်ဆာလို့ သေတော့မှာပဲ"

မီးခိုးရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသောအမျိုးသားက သန်မာကြံ့ခိုင်တဲ့ပုံစံရှိသည်။ သူ့ဟာ စားသောက်ဆိုင်ထဲ လမ်းလျှောက်ဝင်ရောက်လာစဉ် သူ့ရဲ့မကျေနပ်တဲ့ခံစားချက်ကို ထုတ်ပြောလိုက်သည်။

"လူကြီးမင်း၊ ဒီနေရာမှာ ထိုင်ပေးပါ။ ဒီကနေ့

ဘာများသုံးဆောင်ချင်ပါသလဲ"

သူမက ၎င်းအမျိုးသား၏မကျေမနပ်ငြီးတွားသံကို ကြားကြားခြင်း သွားရောက်မေးမြန်းသည်။

"အသားဟင်းတွေ အားလုံးက ငါ့အကြိုက်ပဲ"

မီးခိုးရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသားက တောက်ပသောမျက်ဝန်းလေးများဖြင့် ပြောသည်။

"ဒီဆိုင်သေးလေးရဲ့မီနူးက ရှင့်ရဲ့နောက်မှာ ရှိပါတယ်။ ဘာကို သုံးဆောင်ချင်လဲဆိုတာ ကြည့်ပေးပါ"

ကျိုကျာက သူ့နောက်မှာရှိသောမီနူးကို ကြည့်ရန် ၎င်းအမျိုးသားကို အချက်ပြသည်။

"ကောင်းပြီလေ"

၎င်းအမျိုးသားက ခေါင်းကိုလှည့်လိုက်ပြီးတော့ မီနူးကို ကြည့်လိုက်သည်။

"ဒီဟင်းလျာတွေအားလုံးကို အများကြီးထည့်ပေးလို့ရလား"

ဟင်းလျာအားလုံးကို စစ်ဆေးကြည့်ပြီးနောက် ၎င်းအမျိုးသားက ကျိုကျာကို မျှော်လင့်တကြီးမေးမြန်းသည်။

"လူကြီးမင်း၊ ဒီဆိုင်မှာ ရောင်းချတဲ့အစားအသောက်တွေအားလုံးက စံသတ်မှတ်ချက်အတိုင်း တစ်‌ပြေးတည်း အားလုံးအတူတူပါပဲ။ တစ်ပွဲချင်းစီကို အဝစားလို့ ရပါတယ်"

ကျိုကျာက လေးနက်စွာပြောသည်။ သို့သော်လည်း သူမ ပြောလိုက်သောစကားနှင့် ပတ်သက်ပြီးတော့ ယုံကြည်မှုအပြည့်အဝ မရှိပေ။ ဖောက်သည်များစွာက ဟင်းလျာထဲတွင် ပါဝင်သောပမာဏတိုးချဲ့ပေးရန် တောင်းဆိုကြသည်။

"အစားအသောက်တွေ အများကြီးထည့်ပေးလို့ မရတာသေချာလား"

၎င်းအမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။

"ဒီဆိုင်မှာ ရောင်းတဲ့ဟင်းလျာတစ်ပွဲချင်းစီတိုင်းကို မှာယူလို့ရပါတယ်"

ကျိုကျာက စားသောက်ဆိုင်မှာရှိတဲ့ တခြားဟင်းလျာများကို ဝယ်ယူစားသောက်ခြင်းဖြင့် ဗိုက်ပြည့်အောင်စားနိုင်ကြောင်း အရိပ်အကဲပြသည်။

"ကောင်းပြီလေ။ အမဲသားလွှာတစ်ပွဲ၊ ယုန်သားလွှာတစ်ပွဲ၊ ကြက်ခြေထောက်ပေါင်းတစ်ပွဲ ပေးပါ"

မီးခိုးရောင်ရှပ်အင်္ကျီနှင့်အမျိုးသားက ခဏတွေးကြံပြီးနောက် မှာယူလိုက်သည်။

"ဒါပဲလား လူကြီးမင်း"

ကျိုကျာက ပျူငှာစွာ မေးမြန်းလိုက်သည်။

"ပဲငံပြာရည်ဝက်သားပေါင်းတို့၊ ဝက်သားလွှာလိုမျိုး အသားဟင်းတွေ မရှိဘူးလား"

၎င်းအမျိုးသားက ထပ်မံမေးမြန်းသည်။

"လူကြီးမင်း၊ ဒီဆိုင်မှာ ရသမျှဟင်းလျာတွေ အားလုံးကို မီနူးမှာ ရေးထားပါတယ်"

ကျိုကျာက ယဉ်ကျေးစွာ ထပ်မံပြောကြားသည်။

"ထားလိုက်ပါတော့။ ဖီးနစ်အမြှီးပုစွန်ဟင်းကိုလည်း အသားဟင်းပွဲလို့ ယူဆလို့ရတာပဲ။ အဲ့ဒီဟင်းပွဲလည်း တစ်ပွဲပေးပါ"

၎င်းအမျိုးသားက သူခံတွင်းမတွေ့သည့်တိုင် တခြားဟင်းလျာတစ်ခုကို ထပ်မံမှာယူလိုက်သည်။

"ကောင်းပါပြီ လူကြီးမင်း။ လူကြီးမင်းမှာထားတဲ့ဟင်းလျာတွေကို နှောင့်နှေးမှုမရှိပဲ လာရောက်တည်ခင်းပါ့မယ်"

ကျိုကျာက ပြုံးရွှင်သောအမူအရာဖြင့် ပျူငှာစွာ ပြောလိုက်သည်။

"ကောင်းပြီ။ မင်း သွားလို့ရပြီ"

၎င်းအမျိုးသားက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့အတွက် ဟင်းလျာ‌များသွားယူပေးရန် ကျိုကျာကို အချက်ပြသည်။

"ခဏလောက် စောင့်ဆိုင်းပေးပါရှင်"

ကျိုကျာက ခေါင်းညိတ်လိုက်သည်။ ကျိုကျာပြောသောအော်ဒါများကို လက်ခံယူပြီးနောက် ယွမ်ကျိုးက ကျိုကျာကို မေးမြန်းလိုက်သည်။

"ဒီစားသောက်ဆိုင်ရဲ့စည်းမျဉ်းတွေကို သူ့ကို သတိပေးခဲ့ရဲ့လား"

ယွမ်ကျိုး၏လေးနက်တည်ကြည်သော အမူအရာကို မြင်တွေ့ရသောအခါ ကျိုကျာကလည်း လေးနက်စွာ ပြန်လည်ပြောကြားသည်။

"ဟုတ်ကဲ့။ စောနတုန်းက သူဟင်းလျာတွေ မှာတုန်းကပဲ သူ့ကို ပြောခဲ့ပါတယ်"

ကျိုကျာက လေးနက်စွာ ပြန်လည်ပြောကြားခြင်း ဖြစ်သည်။

"အွန်း ဒါဆိုရင်တော့ ကောင်းပြီလေ"

ထို့နောက် ယွမ်ကျိုးက ဟင်းလျာများ ချက်ပြုတ်ရန် ကျောခိုင်းလိုက်သည်။ ယုန်သားလွှာဟင်းနှင့် အမဲသားလွှာဟင်းကို အရင်ဦးဆုံး တည်ခင်းပေးသည်။ မျက်မှောင်ကြုတ်လိုက်ပြီး သူ့နဖူးပြင်တွင် အရေးအကြောင်းများ ပေါ်လာသည်။ မီးခိုးရောင်ရှပ်အင်္ကျီနှင့်အမျိုးသားက သူ အတော်ကြာငေးကြည့်ပြီးမှ ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။

"နည်းနည်းလေးတော့ အံ့ဩစရာကောင်းနေတယ်"

ကျိုကျာက သူ့ကို ပြန်ပြောခါနီး ၎င်းအမျိုးသားက သူမကို လျစ်လျူရှုလိုက်ပြီး မှာယူထားသောအစားအစာများကို စတင်စားသုံးသည်။ ထို့ကြောင့် သူမက စကားဆက်မပြောတော့ပေ။

"အရမ်းအရသာရှိတယ်။ တော်တော်စားကောင်းတာပဲ"

၎င်းအမျိုးသားက အစားအသောက်များကို ပလုပ်ပလောင်းဝါးရင်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် ရှပ်အင်္ကျီမီးခိုးရောင်နှင့်အမျိုးသား၏ ဤအမူအရာကို ကြည့်ပြီး ကျိုကျာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဤအမျိုးသားအမူအရာက မကျေမနပ်အမူအရာရှိသော်လည်း ထပ်မံ၍ မကျေမနပ်ပြောဆိုမှု မရှိသည့်အတွက် စိတ်အေးသွားရခြင်းဖြစ်သည်။ ဖောက်သည်ပိုတိုးလာရန်လည်း ကျိုကျာ မျှော်လင့်မိသည်။ သူဌေး၏စီးပွားရေးကောင်းမွန်လာလျှင် သူမတို့ ရရှိနေသည့်လစာလည်း မြင့်မားလာနိုင်သည်။

"ဒီဟင်းလျာတွေဟာ ‌လူကြီးမင်း စောနကမှာထားတဲ့ဟင်းလျာတွေထဲကနေပြီးတော့ မပို့ရသေးတဲ့ဟင်းလျာတွေပါ။ ဒါဆိုရင် မှာထားတဲ့ဟင်းလျာတွေ အားလုံး ကုန်ပါပြီ"

ကျိုကျာက ၎င်းအမျိုးသားမှာယူထားသော ဟင်းလျာများကို စားပွဲခုံပေါ်မှာ သေသပ်ကျနစွာ တည်ခင်းပေးလိုက်သည်။

"ကောင်းပြီ။ မင်း သွားလို့ရပြီ"

မီးခိုးရောင်ရှပ်အင်္ကျီနှင့်အမျိုးသားက ဗလုံးဗထွေးပြောသည်။ ထို့နောက် သူက ဆက်လက်သုံးဆောင်သည်။ သူ စားသောက်နေသည့်အမူအရာကို ကြည့်ရုံဖြင့် သူက ယွမ်ကျိုး၏ဟင်းချက်လက်ရာကို အလွန်ကြိုက်နှစ်သက်နေကြောင်း သိသာထင်ရှားသည်။ ၎င်းအမျိုးသားရဲ့အစာစားတဲ့နှုန်းက တခြားသူများကို တအံ့တဩ‌ဖြစ်စေသည်။

"ဒီလူစားနေတာကို ကြည့်ရတာ အငမ်းမရ စားနေတာပဲ။ သူက သူဌေးယွမ်ရဲ့ဟင်းချက်လက်ရာကို အတော်လေး ကြိုက်ပုံရတယ်" စားသောက်ဆိုင်ထဲ ဝင်လာသည့်မန်မန်က ထိုစကားကို ပြုံးရွှင်စွာပြောသည်။

"ဒါပေါ့။ ကျွန်မတို့သူဌေးရဲ့ဟင်းချက်လက်ရာက အကောင်းဆုံးပဲ"

ကျိုကျာက ဝံ့ကြွားစွာပြောသည်။

"ကောင်မလေး၊ အစားအသောက်တွေကို မင်းက ဝယ်မစားဘူးပဲနဲ့ မင်းက ဘယ်လိုသိပါ့မလဲ"

မန်မန်က သူမကို ကျီစယ်လိုက်ခြင်းဖြစ်သည်။

"ကျွန်မ သေချာပေါက်သိတာပေါ့။ အစ်မမန်မန််လည်း သူဌေးရဲ့ဟင်းလျာတွေကို ကြိုက်တယ်မလား။ ဟုတ်တယ်မလား"

ကျိုကျာက လိမ္မာပါးနပ်စွာ မေးမြန်းလိုက်သည်။

"ဒီကောင်မလေးက ဘယ်လိုခွန်းတုံ့ပြန်ရမလဲဆိုတာ သိသားပဲ"

မန်မန်က ပြုံးရွှင်စွာပြောသည်။

"အစ်မမန်မန်၊ ဒီနေ့ရော ဘာများသုံးဆောင်ချင်ပါသလဲ"

ပြုံးရွှင်သောမျက်နှာအမူအရာဖြင့် ကျိုကျာက စကားလမ်းကြောင်းလွှဲသည်။

"အစ်မ ဘာစားရင်ကောင်းမလဲ စဉ်းစားနေတယ်။ ပုံမှန်အတိုင်းပဲ စားနေကြအစားအသောက်ကိုပဲ မှာပေးပါ"

မန်မန်က စိန်ပြေနပြေပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက နေ့လည်ခင်းဆိုင်ဖွင့်ချိန်၏နောက်ဆုံးဖောက်သည် ဖြစ်သည်။ နေ့လည်ခင်းဆိုင်ဖွင့်ချိန် ၅မိနစ်သာ ကျန်ရှိတော့သည်။

"ကောင်းပြီ။ ခဏလေး စောင့်ပေးပါ"

ကျိုကျာက လှည့်ထွက်သွားသည်။ မန်မန် မှာယူသောဟင်းလျာများကို ချက်ပြုတ်ပြီးနောက် ယွမ်ကျိုး၏အလုပ် ပြီးဆုံးသွားသည်။ သူက ပုံမှန်အတိုင်း ဆိုင်ပိတ်သည့်အမှတ်အသားကို ယူဆောင်လာပြီးနောက် ဦးထုပ်ဝတ်ဆင်ထားသောအမျိုးသားဆီ မဆိုင်းမတွသွားသည်။ ယွမ်ကျိုးက အလကားဝန်ဆောင်မှုပေးမည်ဟူသည့်အချက်ကို စိတ်ဝင်စားကြောင်း ဖော်ပြနေသည်။

"အချိန်အကြာကြီး စောင့်လိုက်ရတဲ့အတွက် အားနာပါတယ်။ ခင်ဗျားအတွက် ကျွန်တော် ဘာများလုပ်ပေးရမလဲ"

ယွမ်ကျိုးက ဦးစွာမေးမြန်းလိုက်သည်။

"သူဌေးယွမ်၊ ခင်ဗျားရဲ့စီးပွားရေးက တကယ်ကို ကောင်းတာပဲ"

ဆိုင်မှ မထွက်သွားချင်သည့်ဖောက်သည်များ၏အမူအရာကို ကြည့်ပြီး ဦးထုပ်ဝတ်ဆင်ထားသောအမျိုးသားက ခံစားချက်အပြည့်ဖြင့် လေးကန်စွာ သက်ပြင်းချလိုက်သည်။

"အခုလို ချီးမွမ်းစကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် စပ်စုတဲ့အနေနဲ့ လူကြီးမင်းကို မေးကြည့်လို့ရမလား။ လူကြီးမင်းဆိုင်ရဲ့တစ်နေ့တာဝင်ငွေက ဘယ်လောက်လောက်များရှိသလဲ"

ဦးထုပ်ဝတ်ဆင်ထားသောအမျိုးသားက စပ်စပ်စုစု မေးမြန်းလိုက်သည်။

"ဘာအတွက်ကြောင့် ဒီလိုမေးရတာလဲ"

ယွမ်ကျိုးက သတိထားသည့်အနေအထားဖြင့် ပြန်လည်မေးမြန်းလိုက်သည်။ ဒီကောက်ကျစ်စဉ်းလဲသည့်အမျိုးသားက သူ့ကို လှည့်ဖြားရန်အတွက် ရောက်လာခြင်း ဖြစ်သည်ဟု ခံစားမိသည်။ သူ့ကို ငွေလိမ်ချင်၍ ရောက်လာသလော။

'ငါ့ဆီကို ငွေလာလိမ်ချင်တဲ့လူတွေက အမြဲတမ်းလိုလို ရောက်လာတယ်'

ကပ်စေးနဲ သံလိုက်အိမ်မြှောင်ကြီးက ဤကဲ့သို့သာ တွေးမိသည်။

"ကျွန်တော်က ဘာသဘောမှ မဟုတ်ပါဘူး။ ဖောက်သည်တွေ အရမ်းကျလွန်းလို့ ဝင်ငွေဘယ်လောက်ရှိလဲ သိချင်ရုံပါ။ ကျွန်တော့်ကို နားလည်မှု မလွဲပါနဲ့"

ယွမ်ကျိုးက သူ့ကို နားလည်မှုလွဲသွားသည်ကို မြင်တွေ့ရသောအခါ ဦးထုပ်ဝတ်ဆင်ထားသော အမျိုးသားက မဆိုင်းမတွ ရှင်းပြသည်။

"ဒီနေ့ ခင်ဗျားမြင်တဲ့အတိုင်းပဲလေ"

ယွမ်ကျိုးက လူအုပ်မကွဲသေးသည့်လူအုပ်ကြီးကိုကြည့်ရန် သူ့ကို အချက်ပြလိုက်သည်။

"ကောင်းတာပေါ့ သူဌေးယွမ်။ ခင်ဗျားဆီမှာ ဆိုင်ဆိုင်းဘုတ် အခုထိ မတပ်ရသေးဘူးနော်။ ကျွန်တော် ဆိုင်းဘုတ်တစ်ခု အလကားပေးလို့ရမလား"

ဦးထုပ်ဝတ်ဆင်ထားသောအမျိုးသားက ရက်ရက်ရောရော ပြောလိုက်သည်။

"အလကားလား။ ဘာလို့လဲ"

ယွမ်ကျိုးက သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။ ယခုလို ကောင်းမွန်သည့်ကံတရားက သူ့ဆီရောက်ရှိလာလိမ့်မည်ဟု သူ မယုံကြည်နိုင်သည့်အတွက်ကြောင့် သံသယရှင်းအောင် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"အကြောင်းအရင်းက ဘာလဲ"

"အကြောင်းအရင်းက ဘာကြောင့်လဲဟုတ်လား။ ထူးထူးခြားခြား အကြောင်းအရင်းတော့ မရှိပါဘူး။ ခင်ဗျားရဲ့စားသောက်ဆိုင်က လူတွေ အရမ်းများပေမယ့် ဆိုင်းဘုတ်ကြီးမရှိတာ မသင့်လျော်သလိုပဲ။ ဒါကြောင့်မို့လို့ ဆိုင်းဘုတ်တစ်ခု အလကားပေးချင်တာပါ"

၎င်းအမျိုးသားက ယွမ်ကျိုး သံသယမဝင်အောင် ချီးမွမ်းစကားပြောကြားသည်။ ယွမ်ကျိုး စိတ်သက်သာရာရအောင် ၎င်းအမျိုးသားက ချီးမွမ်းစကားပြောခဲ့သော်လည်း သူလာရသည့်အကြောင်းအရင်းကို ထုတ်မပြောခဲ့ပေ။

"အဓိကအချက်ကိုသာ ပြောစမ်းပါ"

ယွမ်ကျိုးက တည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး အကြောင်းအရင်းကိုသာ ဆက်လက်မေးမြန်းနေသည်။ ယွမ်ကျိုးက ယုံကြည်ရခက်သည့်လူလိမ်များကို ရင်ဆိုင်ရသည့်အခါ မထူးချွန်ပေ။ တခြားလူ၏အတွင်းစိတ်ကိုလည်း ခန့်မှန်းနိုင်သည့် ပင်ကိုဉာဏ်ရည်လဲ မရှိပေ။ သူယခင်က ပြောခဲ့သည့်အတိုင်း သူဟာ စားဖိုမှူးတစ်ယောက်ပင် ဖြစ်သည်။ အတိအကျပြောရမည်ဆိုလျှင် သူဟာ ကျွမ်းကျင်စားဖိုမှူးဖြစ်ဖို့ ကြိုးစားနေသူ ဖြစ်သည်။

"ကျွန်တော်တို့က ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းကို လူကြီးမင်းရဲ့ဆိုင်ဆိုင်းဘုတ်မှာ ထည့်ချင်တာပါ။ မစိုးရိမ်ပါနဲ့ အစားအသောက် မဟုတ်ပါဘူး။ လူကြီးမင်းရဲ့စီးပွားရေးလုပ်ငန်းကို မထိခိုက်ပါဘူး"

ထိုစကားကို ပြောနေစဉ် ၎င်းအမျိုးသားက ယွမ်ကျိုး၏မျက်နှာအမူအရာကို အသေးစိတ်အကဲခတ်နေသည်။ မျက်နှာအမူအရာပျက်ယွင်းသွားခြင်းကို မြင်တွေ့ရသောအခါ သူဟာ မဆိုင်းမတွဆက်ပြောသည်။

"LEDမီးလုံးတွေနဲ့ ကြီးမားတဲ့ဖန်မျက်နှာပြင်ကြီးပါတဲ့ဆိုင်းဘုတ်ကို လုပ်ပေးမှာပါ။ အကြာကြီး ခံပါတယ်။ ဒီဆိုင်းဘုတ်ကို တစ်သက်တာအာမခံချက်လည်း ပေးပါတယ်။တခုခု အပျက်အစီးရှိရင် ကျွန်တော်တို့ကို ဖုန်းဆက်ခေါ်ပေးတာနဲ့ ဒီဆိုင်ကို ရောက်လာပေးပါ့မယ်"

ကမ်းလှမ်းချက်ကြောင့် ယွမ်ကျိုးက တွေဝေသွားသည်။ သို့သော်လည်း အသေးစိတ်အကြောင်းအရာကို ပြောကြားရန် ဟန်ပြင်နေစဉ် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သောစနစ်က ရုတ်တရက် ပေါ်လာသည်။

စနစ်က ဖော်ပြသည်။

"ဆိုင်ရှင်ရဲ့အဆင့်က အရမ်းကို နိမ့်သေးတဲ့အတွက်ကြောင့် ဆိုင်ဆိုင်းဘုတ်ကို ပိုင်ဆိုင်လို့ မရသေးပါဘူး"

'ကျွမ်းကျင်စားဖိုမှူးဆိုတဲ့ ဂုဏ်ပုဒ်နဲ့တောင် ငါက မတန်ဘူးလို့ မင်းက တွေးနေတာလား'

ယွမ်ကျိုးက စနစ်ရဲ့ ပြောကြားသောစကားကို အဓိပ္ပာယ်ကောက်ပြီးတော့ သူ့စိတ်ထဲမှာ လှောင်ရယ်လိုက်သည်။ သို့သော်လည်း စနစ်က နောက်တစ်ကြိမ် ပျောက်ဆုံးသွားပြန်သည်။ သူ့ရဲ့‌အဖြေကို စောင့်ဆိုင်းနေတဲ့အမျိုးသားကို ကြည့်ပြီး ယွမ်ကျိုးက မှန်ကန်ဖြောင့်မတ်သောအမူအရာဖြင့် စကားပြန်ပြောသည်။

"အားနာပါတယ်။ ကျွန်တော်က ကြော်ငြာတွေ လက်မခံသေးပါဘူး"

ဤစကားကို ပြောလိုက်ရသော်လည်း ယွမ်ကျိုး၏အတွေးနှင့် ပြောလိုက်သောစကားက

တစ်လွဲစီဖြစ်နေသည်။ ကြော်ငြာဆိုင်းဘုတ်ကို အခမဲ့ကမ်းလှမ်းသည့်အပြင် တစ်သက်တာအာမခံသည့် ကတိကဝတ်ကို စနစ်၏ဒုက္ခပေးမှုကြောင့် လွဲချော်သွားရသည်။

အပိုင်း(၂၇၇)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၇၈)

"သူဌေးယွမ် ဆိုင်ဆိုင်းဘုတ်အတွက် ပတ်သက်ပြီး လိုအပ်တာရှိရင် ကျွန်တော်တို့ စကားပြောကြမယ်လေ"

ဦးထုပ်ကို ဝတ်ဆင်ထားသောအမျိုးသားက ယွမ်ကျိုးက သူ့ကို ချက်ချင်း ငြင်းပယ်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။

"အရမ်းနောက်ကျနေပြီ။ နှုတ်ဆက်ပါတယ်"

သူ့ရဲ့မေးခွန်းကို ဖြေမည့်အစား ယွမ်ကျိုးက သူ့ကို မောင်းထုတ်လိုက်သည်။

"မီးအားသိပ်မကုန်တဲ့ကုန်ပစ္စည်းအသစ်ကိုပဲ ပေးမှာပါ။ ဒါဆိုရင် မီးအား ချွေတာရာလည်း ကျတယ်လေ"

ဦးထုပ်ဝတ်ဆင်ထားတဲ့အမျိုးသားက အကျိုးအမြတ်များစွာကို ကမ်းလှမ်းပြီးတော့ ဆက်လက်တောင်းဆိုနေသည်။ ဤအချက်ကို ကြည့်ရုံဖြင့် ယွမ်ကျိုး၏စီးပွားရေးက အတော်လေးကောင်းမွန်ကြောင်း သိနိုင်သည်။

"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မလိုအပ်လို့ပါ"

ယွမ်ကျိုးက ခပ်တန်းတန်းမျက်နှာအမူအရာဖြင့် တံခါးနားကို လမ်းလျှောက်သွားပြီးတော့ သူ့ကို မောင်းထုတ်တဲ့အမူအရာကို ပြသလိုက်သည်။ ၎င်းအမျိုးသားက ဆိုင်မှာဆက်နေချင်သည်ဆိုလျှင် ယွမ်ကျိုးက သူ့ရဲ့ဆန္ဒကို အတင်းထိန်းချုပ်၍မရပေ။

"ကောင်းပြီ။ ဒါဆိုရင် ခင်ဗျား စိတ်ပြောင်းသွားရင် ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်"

ယွမ်ကျိုး၏ဆုံးဖြတ်ချက် ခိုင်မာသည့် မျက်နှာအမူအရာကို ကြည့်ပြီးတော့ ၎င်းအမျိုးသားက ထွက်သွားရန်သာ တတ်နိုင်သည်။ သို့သော် သူမသွားခင် သူ့ရဲ့ကတ်ကို ခုံပေါ်မှာ ထားခဲ့သေးသည်။

"နှုတ်ဆက်ပါတယ်"

ယွမ်ကျိုးက ထိုစကားကို ပြောလိုက်သော်လည်း ၎င်းအမျိုးသားထားခဲ့သည့် နာမည်ကတ်ကို မယူခဲ့ပေ။ ဦးထုပ်ဝတ်ဆင်ထားသောအမျိုးသားက ယွမ်ကျိုးကို ဖြောင်းဖြ၍ မရမှန်း သဘောပေါက်သွားသောအခါ ယွမ်ကျိုး၏စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။

"ကျွမ်းကျင်စားဖိုမှူးတစ်ယောက်ဖြစ်ဖို့အတွက် လှည့်ကွက်တွေကလည်း အရမ်းများလိုက်တာ။ နောက်ထပ်တစ်ခုကို ငြင်းလိုက်ရပြန်ပြီ"

ယွမ်ကျိုးက သူ့ကိုယ်သူ နှစ်သိမ့်စကားပြောသည်။ သို့သော်ငြားလည်း မန်မန်နှင့် ကျိုကျာက အတော်လေးအံ့အားသင့်နေသည်။

"သူဌေးယွမ်၊ ရှင့်ဆိုင်မှာ ဆိုင်ဆိုင်းဘုတ်တစ်ခုတော့ လိုအပ်တယ်လို့ ကျွန်မ ခံစားမိတယ်" မန်မန်က လေးနက်စွာ ပြောသည်။

"အချိန်တန်ရင်တော့ တစ်ခုတော့ ရှိလာမှာပါ"

ယွမ်ကျိုးက လျှို့ဝှက်ဆန်းကြယ်သောအမူအရာကို ဖော်ပြသည်။

"စားသောက်ဆိုင်က ဖွင့်တာလည်း ကြာပြီဆိုတော့ အခုချိန်ထိ ဆိုင်းဘုတ်ချိတ်ဖို့ မပြင်ဆင်ရသေးဘူးလား"

မန်မန်က လှောင်ရယ်ချင်သောဆန္ဒကို မထိန်းချုပ်နိုင်ပေ။

"မင်းပြောတာလည်း မှန်ပါတယ်..."

မန်မန်က ဘာမှမပြောခဲ့သော်လည်း အချိန်အတော်ကြာမှ စကားပြန်ပြောသည်။

"ကောင်းပါပြီ။ ကျွန်မ ပြန်တော့မယ်"

"အွန်း"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

"သူဌေး၊ ကျွန်မလည်း ပြန်တော့မယ်"

ဆိုင်၏ဆိုင်းဘုတ်နှင့် ပတ်သက်၍ ပြောခွင့်မရှိမှန်း သိသောကြောင့် ကျိုကျာကလည်း အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

"လမ်းမှာ ဂရုစိုက်ပါ"

ဤတစ်ကြိမ်တွင် ယွမ်ကျိုးက ပုံမှန်ထက် စကားပိုပြောနေသည်။ ဤအခြေအနေကို ကြည့်ရုံဖြင့် စိတ်အခြေအနေမကောင်းမွန်မှန်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ အကျိုးအမြတ်ရှိသည့်အခွင့်အရေးကို ငြင်းပယ်လိုက်ရခြင်းက မခံမရပ်နိုင် ဒေါသထွက်စေမှန်း သိသာထင်ရှားသည်။ ယွမ်ကျိုးလို ငွေမက်သည့်လူအတွက်က ပြောနေစရာပင် မလိုအပ်ချေ။ ထို့ကြောင့် ယခုလိုအခြေအနေမျိုးကို နားလည်ပေးနိုင်သည်။

၎င်းအမျိုးသားထွက်သွားသောအခါ ယွမ်ကျိုးက ကုလားထိုင်မှာ ထိုင်လိုက်ပြီးနောက် မစ်ရှင်ကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် မစ်ရှင်၏ဆုလာဘ် ဟင်းလျာအသစ်ကို လက်ခံယူလိုက်သည်။

[အရန်မစ်ရှင်] : ဆိုင်ခွဲဖွင့်ရန် တောင်းဆိုချက် အခု ၁၀၀ စုဆောင်းရန် (ပြီးမြောက်ပါပြီ)

[မစ်ရှင်အညွှန်း] : ဆိုင်ခွဲဖွင့်ရန် တောင်းဆိုမခံရလျှင် ကမ္ဘာကျော်စားဖိုမှူး မဖြစ်လာနိုင်ပါဘူး

[မစ်ရှင်အခြေအနေ] : ၁၀၀/၁၀၀ (ပြီးမြောက်ပါပြီ)

[မစ်ရှင်ဆုလာဘ်] : သုန်ပိုဝက်လက်ဟင်းလျာ (လက်ခံရယူနိုင်ပါပြီ)

[ဆုလာဘ်အညွှန်း] : (ကမ္ဘာကျော်စားဖိုမှူးတစ်ယောက်အနေနဲ့ စီချွန်အဓိကဟင်းလျာတွေကို ချက်ပြုတ်နိုင်ရပါမယ်)

အသားဟင်းပွဲကို ဆုလာဘ်အနေနဲ့ ရရှိမှသာ သူ့ရဲ့နာကျင်နေသောနှလုံးသားလေးကို ချွေးသိပ်နိုင်ခဲ့သည်။ ယွမ်ကျိုးက သုန်ပိုဝက်လက်ဟင်းလျာ ချက်ပြုတ်သည့်နည်းလမ်းကို စစ်ဆေးကြည့်လိုက်သည်။ ဟင်းလျာချက်ပြုတ်နည်းတွင် ဟင်းလျာချက်ပြုတ်သည့်နည်းလမ်းအပြင် ဟင်းလျာစားသုံးသည့်နည်းလမ်းကိုပါ ဖော်ပြထားသည်။

"ငါ့ရဲ့စနစ်က အံ့ဩစရာပဲ"

စာတန်းရှည်ကြီးကို ဖတ်ပြီးတော့ ယွမ်ကျိုးက မနေနိုင်မထိုင်နိုင် ပြောလိုက်သည်။

စနစ်က ဖော်ပြသည်။

"အခုလို ချီးကျူးစကားပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ရပါတယ်"

ယွမ်ကျိုးက သူ ချီးမွမ်းစကားပြောခြင်းမဟုတ်ပဲ သူ့ဘာသာသူ တွေးကြံနေသည်ဟုသာ ပြောချင်သော်လည်း စနစ်ကို အမှန်တကယ် ကျေးဇူးတင်ထိုက်ပါသည်။ ဤတစ်ကြိမ်တွင် ယွမ်ကျိုးက သုန်ပိုဝက်လက်ဟင်း(၂)ပွဲကို ချက်ပြုတ်ခဲ့သည်။ အကြောင်းမူကား သုန်ပိုဝက်လက်ဟင်းစားသုံးသည့်နည်းလမ်း ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက စနစ်မှ ထောက်ပံ့ပေးထားသောအံဆွဲထဲမှ ဝက်လက်(၂)ချောင်းကို ထုတ်ယူလိုက်သည်။

"လတ်ရော လတ်ဆတ်ရဲ့လား"

ယွမ်ကျိုးက အရွယ်အစားတူညီသည့်ဝက်လက်၂ခုကို ယူလိုက်ပြီး အထိုက်အလျောက် မေးမြန်းလိုက်သည်။

စနစ်က ဖော်ပြသည်။

"ဟုတ်ပါတယ်။ လတ်ဆတ်ပါတယ်။ လူကြီးမင်းယူလိုက်တဲ့ ဝက်လက်တွေက မျိုးကောင်းမျိုးသန့်ဖြစ်တဲ့ လန်ထန်းဝက်ရဲ့ ဝက်လက်တွေပါ။ အဲ့ဒီလန်ထန်းဝက်တွေကို ခေါင်ရမ်းဝက်လို့လည်း လူသိများတယ်။ ဒီမျိုးစိတ်က ရှိတာကြာပြီ။ သူ့ရဲ့နောက်ကြောင်းရာဇဝင်ကို လိုက်မယ်ဆိုရင် ဝေကျင်းတောင်ပိုင်းနဲ့ မြောက်ပိုင်းမင်းဆက်တွေကတည်းက ဝက်မျိုးစိတ်က ရှိခဲ့တာပါ။ အသားနဲ့ အဆီက အတူတူအနေအထားလောက်ရှိတယ်။ အခုလက်ရှိရောင်းချနေတဲ့ အဆီ၊ အသားရှိတဲ့ဝက်တွေနဲ့တော့ ခြားနားပါတယ်"

"လန်ထန်းဝက်ရဲ့အရသာက တကယ်ကို ကောင်းမွန်ပါတယ်။ ပြီးတော့ အဆီ၊ အသားမျှတစွာရှိတဲ့အတွက်ကြောင့် သုန်ပိုဝက်လက်ဟင်းချက်ဖို့အတွက် အကောင်းဆုံးပဲ။ သူနေထိုင်တဲ့ပတ်ဝန်းကျင်ကလည်း ရာသီဥတုကောင်းမွန်တဲ့အပြင် ကောက်ပဲသီးနှံတွေရော၊ သဘာဝသစ်ဥသစ်ဖုတွေလည်းရှိတဲ့အတွက်ကြောင့် အဲ့ဒီကောင်းမွန်တဲ့အစားအသောက်တွေကို စားရတဲ့အတွက်ကြောင့် သူ့ရဲ့အသားက အရသာရှိတာပါ။ အခု စနစ်က ထောက်ပံ့ပေးထားတဲ့ဝက်သားက အဆီ၊အသား မျှခြေရှိပါတယ်။ သူ့ကို ကျွေးတဲ့သီးနှံတွေကလည်း‌ ဆေးဖက်ဝင်သီးနှံတွေ ဖြစ်တယ်။ အဲ့ဒီဆေးဖက်ဝင်သီးနှံတွေကို ဝက်အများစုက ကြိုက်ကြတယ်"

"နေ့စဉ် အားကစားလုပ်တဲ့အချိန် သတ်မှတ်ထားတယ်။ အားကစားလုပ်တဲ့အချိန်မှာလည်း ဝက်ရဲ့အလေးချိန်၊ အရွယ်၊ ခန္ဓာကိုယ်ပေါ်မူတည်ပြီးတော့ စီစဉ်ပေးထားတာပါ။ ဒါကြောင့်မို့လို့ ဝက်တစ်ကောင်ချင်းစီမှာ ဆီးရဲ့အနံ့တောင် မရှိဘူး။ သူ့ရဲ့ခန္ဓာကိုယ်က မွှေးတောင်မွှေးနေသေးတယ်။ ဒီတစ်ခေါက် ရွေးချယ်ပေးထားတဲ့ဝက်လက်က အရှေ့ဖက်ဝက်လက်ကို သုံးထားတာပါ။ အဲ့ဒီအသားက အရသာအရှိဆုံးလို့ ပြောလို့ရတယ်"

...

"မင်းက ငါ့ကို အမြဲတမ်းလိုလို အံ့အားသင့်အောင် လုပ်တယ်။ မင်းက ဘာသဘောလဲ"

ယွမ်ကျိုးက ဝါးချောင်းလေးကို ယူလိုက်ပြီးတော့ ခံစားချက်ကင်းမဲ့သည့်အမူအရာဖြင့် လှောင်ရယ်လိုက်သည်။ သို့သော်လည်း စနစ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။

ယွမ်ကျိုးက ဘာမှပြောမရသည့်အဆုံး အစားအသောက်၏အရည်အသွေးကို ဆက်လက်အကဲဖြတ်သည်။ ဝက်လက်၏အရည်အသွေးကို ခွဲခြားရန်ကား လွယ်ကူလွန်းသည်။ ချောမောသောဝါးတူလေးကိုယူကာ အသားထဲကို ထိုးစိုက်ကြည့်ရန်သာ ဖြစ်သည်။ ထို့နောက် ဆေးကြောပြီးတော့ ထွက်လာတဲ့အနံ့ကို ရှူကြည့်ရမည်။

မွှေးရနံ့ရှိလျှင် ဒီအသားက လတ်ဆတ်မှုရှိသည်။ မွှေးရနံ့မရှိဘဲ ဆီးအနံ့ရရင် ဒီအသားက အနိမ့်စားလို့ ပြောလို့ရသည်။ ထို့နောက် ယွမ်ကျိုးက စမ်းသပ်မှုကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်။ ပန်းပွင့်ပုံဖော်တဲ့ပညာရပ်ကို မကြာခဏလေ့ကျင့်ထားတဲ့အတွက်ကြောင့် ယွမ်ကျိုးရဲ့လက်က တည်ငြိမ်နေသည်။ ဝါးတူကို ထိုးစိုက်ထားပြီးတော့ အသားက အပေါက်ကြီးဖြစ်သွားသည်။ အဲ့အပေါက်ထဲကနေ စနစ်က ပြောတဲ့အတိုင်း သွေးရနံ့ပင် မရပဲ မွှေးရနံ့သာ ထွက်လာသည်။

"စနစ်က ကျွမ်းကျင်တဲ့ ဟင်းချက်စွမ်းရည်ကို ပိုင်ဆိုင်ထားပုံပဲ"

ယွမ်ကျိုးက စနစ်ကို အထင်ကြီးလေးစားသောအမူအရာဖြင့် ချီးမွမ်းစကားပြောသည်။ သို့သော်လည်း စနစ်က ပေါ်မလာခဲ့ပေ။ သူ့ရဲ့မေးခွန်းကို ဖြေကြားခြင်းမရှိခဲ့ပေ။

"ဒီဝက်အမွှေးတွေကို သိပ်မဖယ်တတ်ဘူး"

ယွမ်ကျိုးက ဝက်လက်ကို ယူလိုက်ပြီး ဝက်လက်ပေါ်မှာ ဝက်မွှေးတွေကို တွေ့လိုက်သည်။ ဤကိစ္စရပ်က ကိုင်တွယ်ဖြေရှင်းရန် အလွန်လွယ်ကူသည်။ အမွှေးနှုတ်ဇဂနာကို ယူလိုက်ပြီးတော့ ဝက်လက်တစ်ခုကို သေသေချာချာ အမွှေးနှုတ် သန့်စင်သည်။

ပုံမှန်ဆိုလျှင် ဝက်လက်ကို ချက်ပြုတ်ရာမှာ ဝက်ရဲ့အရေပြားကို ဓားဖြင့် လှီးပြီးတော့ အထဲမှာရှိတဲ့အရိုးကို ဖယ်ထုတ်လေ့ရှိသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက အလွန်ချွန်မြတဲ့ဓားကို သူ့ရဲ့ညာဖက်လက်နဲ့ယူလိုက်ပြီးတော့ အသားလေးကို ထိုးခွဲလိုက်သည်။ ထို့နောက် ဓားကို အလိုက်သင့်လှည့်လိုက်ပြီး အရိုးတစ်ခုလုံးကို ထုတ်ယူလိုက်သည်။

"ဝူကြက်ကို ချက်ပြုတ်တဲ့ပုံစံနဲ့ သိပ်မကွာလောက်ဘူးထင်တယ်"

ယွမ်ကျိုးက အတိအကျပိုင်းဖြတ်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ ယွမ်ကျိုးက မီးဖိုချောင်ထဲမှာ ချက်ပြုတ်ခြင်းဖြင့် အလုပ်ရှုပ်နေပြီး ဆုလာဘ်ကို လက်ခံဖို့ ပြင်ဆင်နေစဉ် ဝူဟိုင်းက လေယာဉ်ပျံစီးလာသည်။

"လူကြီးမင်း၊ ကျွန်မတို့ရဲ့လေယာဉ်ပျံက နောက်ထပ်နာရီဝက်ကြာရင် မြေပြင်ကို ဆင်းပါမယ်။ တခြားလိုအပ်တာများ ရှိပါသလား"

ချောမောလှပတဲ့လေယာဉ်မယ်လေးက ပထမတန်းစားခုံတွင် ထိုင်နေသည့် ဝူဟိုင်းကို မေးမြန်းလိုက်ခြင်းဖြစ်သည်။

"ရေခဲရေတစ်ခွက်ပေးပါ"

ဟာလာဟင်းလင်းဖြစ်နေတဲ့စားပွဲခုံကို ကြည့်ပြီးတော့ ဝူဟိုင်းက ပေါ့ပါးစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ လူကြီးမင်း။ ခဏလေးစောင့်ပေးပါ"

ချောမောလှပတဲ့လေယာဉ်မယ်လေးက သူ့ကို ဦးညွှတ်လိုက်ပြီး ပြုံးရွှင်စွာ စကားပြောလိုက်သည်။

"လူကြီးမင်း မှာယူထားတဲ့ရေခဲရေ ရပါပြီ"

လေယာဉ်မယ်လေးက သူ့ဆီ ရေတစ်ခွက် ယူဆောင်လာသည်။

"သံပုရာသီးမပါဘူးလေ။ နောက်ထပ်တစ်ခွက် ပြောင်းပေးပါ"

ဝူဟိုင်းက ခေါင်းကိုမော့လိုက်ပြီး သံပုရာသီးတစ်စိပ်အလှဆင်ထား‌သည်ကို မြင်တွေ့ရသောအခါ မျက်မှောင်ကြုတ်ကာ ‌ပြောလိုက်သည်။

"အားနာပါတယ် လူကြီးမင်း။ လူကြီးမင်းအတွက် နောက်တစ်ခွက်ပြောင်းပေးပါ့မယ်"

လေယာဉ်မယ်လေးက မဆိုင်းမတွ တောင်းပန်စကားပြောသည်။

"ရေထဲကို ဘာမှမထည့်နဲ့"

ဝူဟိုင်းက အသေးစိတ်ညွှန်ကြားသည်။ ပထမတန်းစားလေယာဉ်ခုံတွင် အသုံးပြုသည့်သံပုရာသီးဖြစ်သည့်တိုင် ဝူဟိုင်းက အရည်အသွေးမရှိသည့်သံပုရာသီးတွေကို စိတ်မဝင်စားပေ။

"ဈေးကနေ ဝယ်လာတဲ့အညံ့စားတွေသာ ဖြစ်လောက်တယ်။ မွှေးရနံ့မကောင်းတော့ အရသာလည်း မကောင်းလောက်ဘူး။ သူသောက်မည့်ရေရဲ့အရသာကိုတောင် ပျက်စီးသွားစေနိုင်တယ်"

"ရပါတယ်။ မစိုးရိမ်ပါနဲ့ လူကြီးမင်း"

လေယာဉ်မယ်လေးက ပြုံးကာ စကားပြောလိုက်သည်။ အစားကြီးလွန်းသည့်ဝူဟိုင်းက ယွမ်ကျိုးနားမှာသာ နေနိုင်သည်။

အပိုင်း(၂၇၈)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၇၉)

ယွမ်ကျိုးက သူ ချက်ပြုတ်ထားသော သုန်ပိုဝက်လက်ဟင်းပွဲကို နှစ်ပွဲကုန်အောင် ချက်ချင်း စားပစ်လိုက်သည်။

“လေချဥ်တက်တယ်။ အစားအများကြီး စားလို့တော့ မဖြစ်နိုင်ဘူး။ ငါ့လက်ရာ အရမ်းကောင်းလို့ပဲ ဖြစ်ရမယ်”

ယွမ်ကျိုးက တောက်ပြောင်နေသော ပန်းကန်ပြားကို ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။ ထမင်းဖြူနှင့် တွဲဖက်စားသုံး၍ ဟင်းထဲမှ ဟင်းအဆီအနှစ် အားလုံး ကုန်သွားသောကြောင့် ပန်းကန်ပြားက တောက်ပြောင်နေသည်။

“ငါ ဗိုက်ပြည့်သွားပြီ။ လေ့ကျင့်ခန်း လုပ်သင့်တယ်”

ဝမ်းဗိုက်လေးကို လေးကန်စွာ ထိတွေ့ရင်း ယွမ်ကျိုးက မတ်တတ်ထရပ်ကာ စကားပြောသည်။ သုံးပြီးသား မီးဖိုချောင်သုံးပစ္စည်းများကို သိမ်းဆည်းပြီး စနစ်က ထောက်ပံ့ထားသော ပန်းကန်ဆေးစက်ဆီ သယ်ဆောင်သွားသည်။

ထို့နောက် သုန်ပိုဝက်လက်ဟင်းပွဲကို ညနေခင်းတွင် ရောင်းချနိုင်ရန် ဝက်လက်များကို သန့်စင်သည်။ သူ၏ကောင်းမွန်လွန်းသော ဟင်းချက်လက်ရာကြောင့် အများသိအောင် ကြေညာရန် မလိုအပ်ချေ။

ညနေခင်းမှာ လတ်လတ်ဆတ်ဆတ် အရသာရှိရှိ သေချာချက်ပြုတ်နိုင်အောင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နေသည်။ ထို့ပြင် ဝက်လက်၏အပူချိန်ကို ထိန်းချုပ်နိုင်ရန်လည်း အရေးကြီးဆုံး ဖြစ်သည်။

ယွမ်ကျိုးက ဟင်းလျာအသစ် ရောင်းချရန် ပြင်ဆင်နေစဉ် ဝူဟိုင်း၏လေယာဉ် ဆိုက်ကပ်လာသည်။ အမြန်ဆုံးနှုန်းဖြင့် ပြန်ရန်က တက္ကစီ စီးပြီး ပြန်ရန်ဖြစ်သည်။ ထိုမှသာ အချိန်ကုန် လူပင်ပန်း သက်သာလိမ့်မည်။

“ဟိုင်း ထောင်ရှီးလမ်းကို ပို့ပေးပါ”

ဝူဟိုင်းက တက္ကစီပေါ် တက်လိုက်သည်နှင့် ချက်ချင်း ပြောသည်။

“ဟုတ်ကဲ့။ ခဏနေရင် ရောက်စေရပါမယ်” ကားဆရာက ပြုံးရွှင်စွာ ပြန်ပြောသည်။ ဤနေရာနှင့် ထောင်ရှီးလမ်းက အတော်လေး ဝေးကွာ၍ ခရီးစရိတ်ကုန်ကျငွေ ပိုတောင်းခံရန် အဆင်ပြေသောကြောင့် ဖြစ်သည်။

တခြားတစ်ဖက်တွင်မူ ယွမ်ကျိုး၏ဟင်းချက်လက်ရာကို စွဲလမ်းနေသူ တစ်ဦးကလည်း ယွမ်ကျိုး၏စားသောက်ဆိုင်သို့ လာနေသည်။ ယွမ်ကျိုး၏ဟင်းလျာအသစ် သုန်ပိုဝက်လက်ဟင်းပွဲ ရောင်းချမည့်အချိန်နှင့် အံ့ကိုက်ဖြစ်သည်။

….

“မင်္ဂလာညနေခင်းပါ သူဌေး”

ကျိုကျာက ယွမ်ကျိုးကို ယဉ်ကျေးသောအမူအရာဖြင့် နှုတ်ဆက်စကားပြောသည်။

“အွန်း။ ဒီကနေ့ည ဟင်းလျာအသစ်ရောင်းမယ်”

ယွမ်ကျိုးက မဆိုင်းမတွ ပြောသည်။ ပျားရည်ကျောက်ပွင့်သုပ်နှင့် ပတ်သက်ပြီး ကျိုကျာနှင့် ရှန်မင်တို့က သူ့ကို အကြံပေး၍ ယခုလို အသိပေးခြင်း ဖြစ်သည်။

“ဟုတ်ကဲ့ သူဌေး။ ဈေးနှုန်း ပြောပေးပါဦး” ကျိုကျာက မေးမြန်းသည်။

“အခုလို ကြိုတင် သတိပေးတာ ပိုကောင်းတယ်သူဌေး။ သူဌေးရဲ့လက်ရာနဲ့ ကျော်ကြားမှုကြောင့် ဟင်းလျာအသစ်က သေချာပေါက် ရောင်းကောင်းမှာပဲ”

ကျိုကျာက သူ့စိတ်ထဲ တွေးနေမိသည်။

“ဈေးနှုန်းကို မီနူးမှာ ရေးထားတယ်” ယွမ်ကျိုးက သူမကို မီနူး လှည့်ကြည့်ရန် အချက်ပြလိုက်သည်။ ထို့နောက် ကျိုကျာကလည်း နာခံစွာဖြင့် လှည့်ကြည့်လိုက်သည်။

“ဟမ် အရမ်းဈေးကြီးလိုက်တာနော်”

ကျိုကျာက အသံခပ်တိုးတိုးဖြင့် ငြီးငြူလိုက်သည်။

“ဒါပေမဲ့ ဒါက အဓိကဟင်းလျာလေ။ သူဌေးရဲ့လက်ရာနဲ့တော့ ဒီဈေးက ဖြစ်သင့်ဖြစ်ထိုက်ပါတယ်”

ကျိုကျာက တွေးတွေးဆဆ ပြောသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက သူမကို တုံံ့ပြန်ခြင်း မရှိဘဲ ကျောခိုင်းကာ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသည်။

“သူဌေး၊ ကျွန်မ ကြေညာပေးရမလား”

ကျိုကျာက အပြင်ဘက်မှာ တန်းစီစောင့်နေသော လူတန်းရှည်ကြီးကို ကြည့်ပြီး ခဏတွေးကြံကာ မေးမြန်းလိုက်သည်။ ယွမ်ကျိုးက သူကိုယ်တိုင် ကြော်ငြာလေ့ မရှိ၍ သူမ၏အပြုအမူအကို ကြိုက်/မကြိုက် သေချာမသိပေ။

“အွန်း”

ယွမ်ကျိုးက တက်တက်ကြွကြွ ပြန်ဖြေသည်။ ထို့နောက် သူက စနစ်ကို စူးစမ်းလိုက်ပြီး ထူးခြားမှု မတွေ့ရချေ။ မျှော်လင့်ထားသည့်အတိုင်းပင် တခြားသူကြော်ငြာခြင်းက ယွမ်ကျိုးနှင့် သက်ဆိုင်မှု မရှိပေ။

“ကျိုကျာလို ထက်မြက်တဲ့ မိန်းကလေးမျိုးကို ဒီဆိုင်မှာ အလုပ်ခန့်ထားမိလို့ တော်သေးတယ်”

ယွမ်ကျိုးစိတ်ထဲ တွေးနေမိသည်။

“အိုကေ။ ဒါဆိုရင် လုပ်လိုက်တော့မယ်”

ကျိုကျာ ပြုံးပြသည်။ သူမက ပထမဆုံး ဖုန်းကို ယူလိုက်ပြီး အစားအသောက်အဖွဲ့ဆီ စာပို့သည်။

[သူဌေးယွမ်ရဲ့မီနူးအသစ် ထွက်လာပြီ။ အားလုံး မျှော်လင့်နေတဲ့ အသားဟင်းပဲ။ သုန်ပိုဝက်လက်ဟင်း။ ဒီကနေ့ည တရားဝင် ရောင်းချပေးပါမယ်]

ကျိုကျာက ပြန်စာ ၉၉ ခုကျော်ကို လျစ်လျူရှုလိုက်ပြီး ဖုန်းကိုချကာ ဆိုင်တံခါးနားသို့ သွားသည်။

“အားလုံးပဲ သတင်းကောင်းတစ်ခု ကြေညာချင်ပါတယ်။ ယွမ်ကျိုး စားသောက်ဆိုင်ရဲ့ဟင်းလျာအသစ်က သုန်ပိုဝက်လက် ဟင်းလျာပါ”

ကျိုကျာက ပြုံးရွှင်သော မျက်နှာအမူအရာဖြင့် ရှင်းလင်းစွာ ပြောလိုက်သည်။

ချက်ချင်းဆိုသလို လူအုပ်စုကြီး ဆူဆူညံညံ ဖြစ်သွားသည်။ လူအုပ်ကြီးထဲ ယခင်ပုံမှန်ဖောက်သည် ဝူဟိုင်းကို ရှေ့ဆုံးတန်းမှာ မြင်တွေ့ရသည်။ ဝူဟိုင်းကို သိနေသူများက ဝူဟိုင်းကို ဂုဏ်ပြုစကားပြောကြသည်။

“အခုလို အခြေအနေမျိုးမှာ ပြန်လာတော့ တကယ်ကို ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ။ အခုတော့ ဟင်းလျာအသစ်ကို မြည်းခွင့်ရတော့မယ်”

လင်းဟုန်က ဝူဟိုင်းကို အရင်ဆုံး ဂုဏ်ပြုစကားပြောသည်။ သူ့ဆက်ပြောသည့် စကားများက ဝူဟိုင်းကို ကျီစယ်သော စကားများ ဖြစ်သည်။

“ချိုချိုမြမြ ပျားရည် ကျောက်ပွင့်သုပ်လေးနဲ့ ငါးကင်ငွေမျှင်ခေါက်ဆွဲ စားခွင့်မကြုံတာ နှမြောစရာပဲ။ သူဌေးယွမ်က အရမ်းအပြောင်းအလဲမြန်တယ်”

လင်းဟုန်က ဝူကျိုး၏ဒေါသစိတ်ကို တမင်ဆွနေမှန်း ပေါ်လွင်သည်။ အကျိုးဆက်အနေဖြင့် ဝူဟိုင်းက ချက်ချင်း ခွန်းတုံ့ပြန်သည်။

“ပထမဆုံးရောင်းတဲ့နေ့မှာ စားခွင့်မကြုံရပေမဲ့ နေ့တိုင်း တစ်နေ့တစ်မျိုး ဝယ်စားလို့ရတာပဲ”

ဝူဟိုင်းက သူ့မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း လင်းဟုန်ကို မကျေမနပ် ကြည့်သည်။

“ငါ့မှာ ငွေပေါတယ်လေ”

လင်းဟုန်က သူ့ဆံပင်လေးကို ပွတ်သပ်ရင်း ဖြည့်စွက်ပြောသည်။

“ဒီပြင့် ငါက အရပ်ရှည်သလို ခန့်ချောကြီးလေ”

လင်းဟုန်က ယုံကြည်ချက် လုံးဝ မလျော့ပေ။

“ဟားဟား”

စာတတ်ပေတတ် အမူအရာဖြင့် ဝူဟိုင်းက အထင်မြင်သေးဟန် ကြည့်သည်။ ဝူကျိုးက နာမည်ကျော်ပန်းချီဆရာဖြစ်၍ လင်းဟုန်လို ဒုတိယမျိုးဆက် လူချမ်းသာများကို မြင်တွေ့ဖူးသည်။

“ဒီရက်ပိုင်း တော်တော် အားလပ်နေလို့ ဆိုင်ကို မကြာခဏ လာတာပေါ့။ ဟင်းလျာအသစ်တွေ အရမ်းများတော့ ပျော်ရွှင်ရတာပေါ့”

လင်းဟုန်က ဝူဟိုင်း၏ဒေါသစိတ်ကို ဆွနေသည်။

ဝူဟိုင်းက အစားအသောက်ချေးများမှန်း သူ သိနေသည်။ သို့သော်လည်း ဝူဟိုင်းက ဘာမှ မပြောခဲ့ပေ။ ထို့အစား သူက အစားအသောက် တစ်မျိုးချင်းစီ မှာယူရန် တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

တန်းစီစောင့်နေသော လူအုပ်ကြီး၏အလယ်တွင် ရုပ်ရည်ထင်ရှားသူ တစ်ဦးရှိနေသည်။ သူ့မျက်နှာအမူအရာက ယုံကြည်မှုလွန်ကဲနေသည်။

“အံ့ဩစရာကောင်းလှချည်းလား။ ဒီနေ့လည်း ဟင်းလျာအသစ် စားခွင့်ကြုံတော့မယ်။ ငါ တကယ် ကံကောင်းတာပဲ”

သူ ပြုံးလိုက်လျှင် ပိုခံ့ညားသည်။ တန်းစီစောင့်နေသူများထဲ တချို့က အရသာကို စိတ်ဝင်စားပြီး တချို့က ဈေးနှုန်းကို စိတ်ဝင်စားနေကြသည်။

“သုန်ပိုဝက်လက်ဟင်းပဲ။ ငါ့အကြိုက် အသားဟင်း။ ဒီဟင်းကို စားဖို့ ထမင်းဖြူတောင် မယူတော့ဘူးကွာ”

ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအမျိုးသားက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“သေချာရဲ့လား။ အီမှာပေါ့”

ကောင်မလေးတချို့က အသားဟင်းကို စိတ်မဝင်စားပေ။

“စားကောင်းမယ့်အစားအသောက်အကြောင်း တွေးမိတော့ သွားရည်တောင်ကျတယ်”

၎င်းအမျိုးသားက ပျော်ရွှင်စွာ ပြောသည်။

“သူဌေးယွမ်ရဲ့ကျင်းလင်မြက်ဟင်းက ပိုအရသာရှိတယ်လို့ ခံစားမိတယ်။ ပဲပိစပ်အသားပေါင်းဟင်းလည်း အရသာရှိတယ်ကွာ”

“နှစ်ပေါင်းများစွာ ရှင်သန်လာတဲ့ လူသားတွေက အရွက်တွေပဲစားပြီး မရှင်သန်နိုင်ဘူး”

ပိန်ပိန်ပါးပါး အမျိုးသားက မပွင့်တပွင့် ပြောသည်။

“ဟဲဟဲ ဒါကလည်း အမှန်ပဲလေ” ကောင်မလေးများကလည်း ထောက်ခံကြသည်။

“ကောင်းပြီလေ။ ငါတို့တွေ စမ်းစားကြည့်တာပေါ့။ စားလို့မကုန်မှာတော့ စိုးရိမ်မိတယ်။ အဲဒီလိုဆိုရင် နာမည်ပျက်စာရင်း အသွင်းခံရမယ်”

ကောင်မလေးများက တုံ့ဆိုင်းနေသည်။

“မစိုးရိမ်ပါနဲ့။ ငါတို့က မင်းကို ကူညီပေးနိုင်ပါတယ်”

လူအုပ်စုကြီးက သံပြိုင်ပြောဆိုသည်။ သူများ ဝယ်ထားသော အစားအသောက်ကို အခမဲ့ စားသောက်ခြင်းဖြင့် ပြန်ကူညီမည့် သဘောဖြစ်သည်။

အပိုင်း(၂၇၉)

ပြီးပါပြီ။

All Chapters