← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

ယွမ်ကျိုး အပိုင်း(၂၈၆)

သိပ်မကြာခင်မှာပင် မနက်ခင်းဆိုင်ဖွင့်ချိန် ကုန်ဆုံးသွားသည်။ ယွမ်ကျိုးက ဆိုင်ထဲမှာ တစ်ယောက်တည်း ထိုင်နေရင်း မစ်ရှင် ပြီးမြောက်နိုင်သော နည်းလမ်းကို စဉ်းစားနေသည်။ အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်လျှင် သူက အတော်လေး ဖန်တီးယူရသည်။

အဆင့်မြှင့်တင်ခြင်းက ဟင်းချက်စွမ်းရည် တိုးတက်သည့်အပြင် ဝင်ငွေတိုးလာစေသည်။ သူ ပိုင်ဆိုင်ချင်သော စားပွဲ နှင့် ထိုင်ခုံများ ရရှိနိုင်သည်။ ကောင်းကျိုးက သိသာထင်ရှားသည်။

[အစားအသောက်မြေပုံမှာ ဒေသကိုယ်စားပြု စားသောက်ဆိုင် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ]

ယွမ်ကျိုးက သူ့ဖုန်းကို ထုတ်လိုက်ပြီး စာအရှည်ကြီး ရိုက်သည်။

စာသားရိုက်ရှာလိုက်သည်နှင့် ဖုန်းမှာ အဖြေများ ချက်ချင်းပေါ်လာသည်။ သို့သော်လည်း သက်ဆိုင်မှု မရှိသည့် အဖြေများ ဖြစ်နေသည်။

အဖြေတစ်ခုတည်းသာ ယုံကြည်ကိုးစားနိုင်သည်။

[စားသုံးသူ လာတဲ့နှုန်း နဲ့ ကျော်ကြားမှုပေါ် မူတည်တယ်]

လေ့ဟုန်

"စားသုံးသူ လာတဲ့နှုန်းက ပြဿနာ မရှိ‌လောက်ဘူး။ ကျော်ကြားမှုက စားသုံးသူလာနှုန်းနဲ့ မကိုက်ညီဘူး" ယွမ်‌ကျိုးက စေ့စေ့စပ်စပ် စဉ်းစားသည်။

စနစ်က သူ့ကို ကိုယ်တိုင် ကြေညာခွင့် မပေးထားသည့်အပြင် နယ်မြေ ကန့်သတ်ထားသေးသည်။

"နှုတ်နဲ့ကြေညာတာက လူသိနည်းပေမဲ့ ထိရောက်တဲ့ သက်ရောက်မှုတော့ ရှိတယ်" ယွမ်ကျိုးက အတွေးထဲ နစ်မြောနေသည်။

"ကလင် ကလင် ကလင်" ယွမ်ကျိုးက ပြဿနာရပ်ကို တွေးကြံနေစဉ် ရုတ်တရက် ဖုန်းထမြည်လာသည်။

"စွန်မင်လား" ယွမ်ကျိုးက ဖုန်းကိုင်လိုက်ပြီး မနေ့ညတုန်းက သူ ဆက်သွယ်ထားသော သူ့သူငယ်ချင်း ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ" ယွမ်ကျိုးက ဒဲ့မေးလိုက်သည်။

"မင်း ငါ့ကို နောက်တစ်ခေါက် ထပ်ကျွေးသင့်ပြီနော်" တခြားတစ်ဖက်မှ စွန်မင်၏စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။

"အားနာပါတယ် မကျွေးနိုင်တော့ဘူး" ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်သည်။

"ငါ့ဆီက သတင်းကောင်း ကြားပီရင်တော့ မင်း ဒီလိုစကားမျိုး မပြောလောက်တော့ဘူး" စွန်မင်က အခိုင်အမာပြောဆိုသည်။

"တကယ်လား" စွန်မင်က သူ စိတ်ဝင်စားအောင် လှည့်ပတ်ပြောနေမှန်း ခံစားမိသည်။

"မင်း စိတ်မဝင်စားဘူးလား" ယွမ်ကျိုးက ခန့်မှန်းခြင်းကို သဘောမကျမှန်း စွန်မင် သိသော်လည်း သူ့ကို ကျီစယ်ချင်စိတ် ထိန်းမရချေ။

"မဟုတ်ဘူး။ မဟုတ်ရပါဘူး" လက်တစ်ဖက်ဖြင့် ဖုန်းကို ကိုင်ဆောင်ရင်း သူ့ကျန်လက်တစ်ဖက်က မိုးပြာရောင်ကောင်တာကို သန့်ရှင်းရေးလုပ်နေသည်။

“မင်းက တကယ် ပျင်းစရာကောင်းတယ်။ ဒါကြောင့်မို့ မင်းမှာ ချစ်သူ မရှိတာပဲ” စွန်းမင်က ဝေဖန်သည်။

“မဟုတ်ဘူး ခုခေတ်ကောင်မလေးက ချစ်လို့မကောင်းတော့တာပါ။ သူတို့စိတ်ထဲ မင်းသားလေးလို ချောမောတဲ့ကောင်လေးတွေကိုပဲ လိုချင်နေတာလေ” ယွမ်ကျိုးက လေးနက်စွာ ပြန်လည်ချေပသည်။

“ဟား ဟား မင်းရဲ့နာမည်ပြောင်ကို မင်းသိလို့လား” သူ့ညီအစ်ကိုကို ဉာဏ်အလင်းပွင့်အောင် လုပ်ဆောင်ပေးသင့်သည်ဟု ခံစားမိသွားသည်။

“ဒါပေါ့။ မင်း ဒီနေ့ နေမကောင်းဖြစ်နေသလား” စွန်မင်း၏ အလိုက်မသိသော အမူအရာကို ယွမ်ကျိုး စိတ်ပျက်မိသည်။

“ထားလိုက်ပါတော့လေ။ ဒီလိုပုံစံ တွေးတောနေတာလည်း မဆိုးပါဘူး။ စိတ်အနှောင့်အယှက်ဖြစ်သွားရင် ဆိုင်ပိတ်သွားဦးမယ်” စွန်းမင် လက်လျှော့လိုက်သည်။

“ဘာဖြစ်လို့လဲ” ယွမ်ကျိုး မီးဖိုချောင် သန့်ရှင်းရေး ပြုလုပ်ခြင်း ပြီးဆုံးခါနီးအထိ စွန်းမင်က လိုရင်းကို မပြောသေးပေ။

“သတင်းကောင်းပါ။ မင်း ဆုရမယ့် သဘောရှိတယ်”

စွန်းမင်က သူပြောချင်သော အဓိကအချက်ကို ချက်ချင်း ပြောသည်။

“ဆုလား။ ဘယ်ပြိုင်ပွဲမှ ဝင်မပြိုင်ထားပါဘူး” ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ နားမလည်ဟန် ပြောသည်။

“ဒါက ပုံမှန်ပွဲမျိုးတော့ မဟုတ်ဘူး။ ပြိုင်ပွဲဝင်ဖို့လည်း ဖိတ်ခေါ်လေ့ မရှိဘူး။ သူတို့ဘာသာ ရွေးချယ်ပြီး ရလဒ် မကြေညာခင်မှာ သူတို့စားဖိုမှူးတွေက လက်မှတ်ထိုးတာပဲ”

စွန်းမင်က အကြမ်းဖျင်း ရှင်းပြသည်။

သို့သော်လည်း ယွမ်ကျိုးက နားမလည်သေးပေ။

“ဒါက ဘာသဘောလဲ”

“အောင်မြင်နိုင်ချေရှိတဲ့ စားသောက်ဆိုင်။ ဒီနှစ်အတွက်တော့ မင်း ဆုရလောက်တယ်” ထိုစကားကိုပြောလိုက်စဉ် စွန်းမင်၏လေသံတွင် ဝင့်ကြွားမှုများ ပြည့်နှက်နေသည်။

ဤဆုကို ရရှိရန် မလွယ်ကူသော်လည်း သူ့သူငယ်ချင်းက အပိုင်ယူနိုင်ခဲ့သည်။ ဤအကြောင်းကို တွေးမိလေတိုင်း သူ စိတ်လှုပ်ရှားမိသည်။

“ရလဒ်ကို ဘယ်တော့ ထုတ်ပြန်မလဲ” ယွမ်ကျိုးက အသေးစိတ် မေးမြန်းသည်။

“သူတို့ဝက်ဘ်ဆိုက်မှာ ကြေညာလိမ့်မယ်။ ဒီ့ပြင် အနိုင်ရသူကို သူတို့ကိုယ်တိုင် အသိပေးမှာပါ” စွန်းမင်က ဆန်းကြယ်သောအကြည့်ဖြင့် သူ့ကို မြန်မြန် မေးဟူသော အမူအရာပြသသည်။

“အွန်း၊ မင်းက ဘယ်လိုသိနေသလဲ”

“ငါ့အဆက်အသွယ်ကောင်းရှိလို့ သိတာပေါ့။ အခြေအနေက လုပ်ဆောင်နေစဲပေမဲ့ သိပ်မကြာခင်တော့ ရလဒ်ကို ထုတ်ပြန်တော့မှာပါ။ ဆုရရင်တော့ မင်းအတွက် အကျိုးများလောက်တယ်”

“အဲဒီဆုကိုသာ ပိုင်ဆိုင်ရရင် ဒေသကိုယ်စားပြု စားသောက်ဆိုင် ဖြစ်နိုင်လား။ မင်းလည်း သိတဲ့အတိုင်းပဲလေ။ အစားအသောက်မြေပုံရဲ့ကိုယ်စားပြုဆိုင် ဖြစ်ရဲ့လား” ယွမ်ကျိုးက စိတ်ကူးဉာဏ်ကွန့်မြူးလာ၍ ရုတ်ခြည်း မေးမြန်းလိုက်သည်။

“ဖြစ်နိုင်တာပေါ့။ အခုရမယ့်ဆုက မင်းပြောတာထက်တောင် ခမ်းနားသေးတယ်”

စွန်းမင်က ဝင့်ကြွားစွာ ပြောဆိုသည်။

“ဒါဆိုရင်တော့ မင်းကို ဒကာခံရမှာပေါ့” ယွမ်ကျိုးက ရုတ်တရက် ပြောလိုက်သည်။

“တွေ့လား။ မင်း ငါ့ကို ဝယ်ကျွေးသင့်တယ်လို့ ငါ အစောတည်းက ပြောသားပဲ”

“အိုကေလေ ၊ ပြဿနာ မရှိဘူး။ ဒါဆိုရင်ဘိုင့်ဘိုင်ပဲ”

ယွမ်ကျိုးက လျစ်လျူရှုဟန် ပြောဆိုသည်။

“ကောင်စုတ်” ထိုစဉ် စွန်းမင်က စကားဆက်ပြောချင်သော်လည်း တစ်ဖက်၏ဖုန်းပိုင်ရှင်က ဖုန်းချသွားသည်။

“တကယ်ပဲ ရူးနေသလားပဲ။ ၅၉စက္ကန့်လေးတောင် စိတ်ဒုက္ခပေးသွားတယ်” စွန်းမင် စိတ်ဆိုးမာန်ဆိုး ပြောဆိုသည်။ ယွမ်ကျိုးဘက်က ဖုန်းချသွားခြင်း ဖြစ်သည်။

“စနစ်၊ မစ်ရှင် ပြီးဆုံးသွားပြီလို့ ယူဆလို့ရလား”

စနစ်က ဖော်ပြသည်။

“နောက်လ အစားအသောက်မြေပုံက မစ်ရှင်ပြီးမြောက်ခြင်းပါပဲ”

“ဒါတော့ မဖြစ်သင့်ဘူးနော်။ တမင်ညစ်နေသလိုပဲ”

“ဆုပေးတာနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ရက်ရောမလဲ”

ယွမ်ကျိုးက မကျေမနပ် ဝေဖန်သည်။

စနစ်က ဆုလာဘ်ကို ခိုင်းစေခြင်း မရှိဘဲ ပေးလျှင် သူ့အတွက် ကောင်းကျိုး မရှိသည်က ပိုများသည်။

“ဆုပေးမှာရော သေချာရဲ့လား” ယွမ်ကျိုးက ဒဲ့မေးသည်။

စနစ် “သေချာပါတယ်။ ရမှာပါ”

ထိုမှသာ ယွမ်ကျိုး ပြုံးနိုင်သည်။ယခုမှသာ သူက ဟွမ်လင်တို့မောင်နှမကို အစားအသောက် ဖိတ်ကျွေးနိုင်သည်။

ယွမ်ကျိုးက သူပေးထားသော ကတိကိုတည်ချင်သည်။ ဟွမ်လင်းတို့ မောင်နှမက အလွန်ပျော်ရွှင်နေသည်။

“ဒုန် ဒုန် ဒုန်”

တံခါးခေါက်သံကြောင့် ဟွမ်လင် ချက်ချင်း တံခါးသွားဖွင့်သည်။

တံခါးအပြင်ဘက်တွင် ယူနီဖောင်းဝတ်ဆင်ထားသော လူငယ် မတ်တတ်ရပ်နေသည်။ သူမတို့မောင်နှမ နှစ်ဦးစလုံး သူ့ကို မမြင်ဖူးပေ။ သူက သူမတို့ကို နွေးနွေးထွေးထွေးပြုံးပြသည်။

“မိန်းကလေး ဟွမ်လင်လား”

“ဟုတ်ပါတယ်။ ရှင်က ရဲအရာရှိကျန်းလား” ဟွမ်လင်ကလည်း မေးမြန်းသည်။

“ဟုတ်ပါတယ်။ ဒါက မင်းရဲ့ထောက်ပံငွေပါ။ လက်မှတ်ထိုးပေးပါ”

“ကျေးဇူးအရမ်းတင်ပါတယ်။ အိမ်ထဲဝင်ထိုင်ဦးမလား” ဟွမ်လင်က စာအိတ်ကို လက်ခံယူလိုက်ပြီး စာအိတ်လာပို့သူကို အိမ်ထဲထိုင်ခွင့်ပေးသည်။

“မဝင်တော့ပါဘူး။ တခြားအလုပ်လေး ရှိသေးလို့ပါ။ဘိုင့်ပါ မိန်းကလေးဟွမ်လင်” ရဲအရာရှိကျန်းက ပြုံးရွှင်စွာ ပြောသည်။ ထို့နောက် သူက ချက်ချင်း လှည့်ထွက်သွားသည်။

ရဲအရာရှိကျန်း ခပ်လှမ်းလှမ်း ရောက်သွားသည်နှင့် ဟွမ်လိက အနားရောက်လာပြီး အားရဝမ်းသာ မေးမြန်းသည်။

“အစ်မ၊ ငွေဘယ်လောက်လဲဆိုတာ အခုပဲ စစ်ဆေးကြည့်ပါဦး”

“အင်း၊ အတူတူ စစ်ဆေးကြည့်တာပေါ့”

ဟွမ်လင်က သားရေစာအိတ်ကိုထုတ်ကာ စားပွဲခုံပေါ် တင်လိုက်သည်။

စာအိတ်ကို ဖွင့်ကြည့်ပြီးနောက် ငွေစက္ကူအထပ်လိုက် တွေ့ရသည်။ ယွမ်၁၀၀တန် ငွေစက္ကူအသစ်များ ဖြစ်နေသည်။

“ဘာလို့ ငွေတွေအရမ်းများနေတာလဲ”

ဟွမ်လင် သံသယဝင်မိသည်။

“ဘယ်လောက်မလို့လဲ။ ငါတို့မိဘတွေရဲ့အသက်ကို လျော်ကြေးပေးတာလား”

ဟွမ်လိက အစောပိုင်းတွင် စိတ်လှုပ်ရှားမိသော်လည်း သူ့မိဘနှစ်ပါးအကြောင်း တွေးမိသောအခါ နာကြည်းသော ခံစားချက် ဖြစ်ပေါ်မိသည်။

“ဒါပေါ့။ မင်းခြေထောက်တွေ ကုသဖို့ ရတာပေါ့။ ဒီတစ်ခေါက်တော့ မင်းရဲ့ခြေထောက်တွေ သေချာပေါက် ကုသလို့ ရမှာပေါ့” ဟွမ်လင်က ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောသည်။

အမှန်တကယ် ထောက်ပံ့ငွေက ယွမ် တစ်သိန်းထက် မပိုချေ။ အပိုငွေ ယွမ်တစ်သိန်းက သူဌေးကျောင်တို့ အပိုငွေရသော ဆုကြေး ဖြစ်သည်။ သူတို့မောင်နှမထံ ထောက်ပံ့ငွေအဖြစ် ပို့ပေးခြင်း ဖြစ်သည်။

အပိုင်း(၂၈၆)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၈၇)

ရုံးခန်းအသစ်မှာ လီယန်ယီက စားပွဲခုံပေါ်မှာထိုင်နေပြီးတော့ အစီရင်ခံစာကို လေးနက်စွာ ရေးသားနေသည်။ ထိုစဉ် တံခါးခေါက်သံက သူ့နားထဲ ဝင်ရောက်လာသည်။

"အထဲဝင်လာခဲ့ပါ"

လီယန်ယီက ခေါင်းပင်မော့မကြည့်ပဲ ချက်ချင်း ပြန်ဖြေသည်။

"ပါမောက္ခအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေပါ"

စာရွက်စာတမ်းများကို ယူဆောင်ရင်း ယန်ကျားက ရုံးခန်းထဲသို့ ဖွဖွလေး လမ်းလျှောက်လာသည်။

"ဒီကနေ့ ဘာစာရွက်တွေ လာပို့တာလဲ"

လီယန်ယီက ခေါင်းမော့လိုက်သည်။

"ကိုယ့်ဘာသာကိုယ် ကြည့်ကြည့်လိုက်ပါ"

စကားအများကြီးမပြောပဲနဲ့ ယန်ကျားက စာရွက်စာတမ်းများ ကမ်းပေးလိုက်သည်။

"ဪ"

လီယန်ယီက သူ့ကို ခန့်မှန်းခိုင်းနေသည့် ယန်ကျားကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စပ်စုလိုသောစိတ်များ ဖြစ်ပေါ်လာသည်။ စာရွက်စာတမ်းများကို လက်ခံယူပြီးနောက် ချက်ချင်း စစ်ဆေးလိုက်သည်။ အလားအလာရှိသော စားသောက်ဆိုင်ငယ်များကို ထောက်ခံသည့်စာရွက်စာတမ်းများ ဖြစ်သည်။ ၎င်းခေါင်းစဉ်အောက်တွင် ယွမ်ကျိုး၏စားသောက်ဆိုင်ကို ထောက်ခံထားကြသည်။

"ဪ ဒီကိစ္စလား"

လီယန်ယီက စာရွက်များကို တစ်ချက်ကြည့်ပြီး စာရွက်စာတမ်းများပေါ် တံဆိပ်နှိပ်လိုက်သည်။

"ပါမောက္ခ၊ ဒီကိစ္စကို မတားတော့ဘူးလား"

ယန်ကျားက အနည်းငယ် အံ့အားသင့်နေသည်။

"ငါက ဒီကိစ္စကို ဘာကြောင့်တားရမလဲ"

လီယန်ယီရဲ့တည်ငြိမ်ပြီး ပါးလျသောမျက်နှာပေါ်တွင် ဒွိဟဖြစ်သောခံစားချက်များ ရှိမနေပေ။

"ကျွန်တော်ကတော့ အဲ့ဒီဆိုင်ကို လူတွေအများကြီး မလာစေချင်ဘူး"

ယန်ကျားက သူ့ရဲ့ခံစားချက်ကို ထုတ်ပြောသည်။

"မင်း ဆုတောင်းနေလည်း စားသောက်ဆိုင်က လူများလာမှာပဲလေ။ နည်းနည်းလေး စောသွားတာပဲရှိမယ်"

လီယန်ယီက တည်ငြိမ်စွာ ပြောသည်။

"ကောင်းပြီ။ ဒါဆိုရင် ကျန်တဲ့ကိစ္စတွေကို လူကြီးမင်းပဲ ဆက်လုပ်လိုက်တော့"

ယန်ကျားက ခဏတုံ့ဆိုင်းသွားသည်။ လီယန်ယီဖက်က ဆက်ပြောမည့်အကြောင်းအရာမရှိသည့်ဟာကို သူ မြင်တွေ့ရသည့်အခါ သူ ဆက်ပြောလိုက်ခြင်းဖြစ်သည်။

"ငါ့တာဝန်ထားလိုက်"

လီယန်ယီက စာရွက်စာတမ်းများကို လက်ညှိုးထိုးပြသည်။

"ကောင်းပါပြီ"

ယန်ကျားက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ရုံးခန်းအပြင်ဘက်သို့ ထွက်ခွာသွားသည်။ ပိတ်သွားသောတံခါးကို ငေးကြည့်ရင်း ယန်ကျားက ပခုံးဆတ်ခနဲတွ့န်ကာ လီယန်ယီ၏အတွေးကို နားမလည်နိုင်ကြောင်း ဖော်ပြသည်။ သို့သော်လည်း ဤအချက်က ယန်ကျား၏အလုပ်လုပ်နိုင်စွမ်းကို မထိခိုက်စေခဲ့ပေ။ သူ့တာဝန်က စာရွက်စာတမ်းများကို လူကြီးထံ ပေးပို့ရန်သာ ဖြစ်သည်။

ယွမ်ကျိုး၏စားသောက်ဆိုင်ကို အလားအလာရှိသော စားသောက်ဆိုင်ငယ်လေးအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုသည့်စာများဖြစ်သည်။ စားသောက်ဆိုင်ပေါ် မူတည်၍ ရလဒ်က ပြောင်းလဲသွားနိုင်သည်။ အစားအသောက်မြေပုံ‌တွင် မည်သို့သောသတင်းများ တက်လာမလဲဆိုတာကိုလည်း စောင့်ကြည့်ရန် လိုအပ်သည်။

မနက်ခင်းအချိန်က သိပ်မကြာခင်မှာပင် ကုန်ဆုံးသွားပြီး နေ့လည်ခင်းဆိုင်ဖွင့်ချိန်သို့

ရောက်ရှိလာသည်။ ကျိုကျာ အလုပ်လုပ်ရန် ရောက်ရှိလာစဉ် ယွမ်ကျိုး အလုပ်ရှုပ်နေသည်။

"မင်္ဂလာပါ သူဌေး"

စိတ်လှုပ်ရှားနေသောအမူအရာဖြင့် ကျိုကျာက နှုတ်ဆက်လိုက်သည်။

"အွန်း"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

"သူဌေး၊ ကျွန်မတို့ဆိုင်နားက ဆိုင်တစ်ဆိုင်ကို ဝယ်ချင်တဲ့သူရှိတယ်လို့ သတင်းကြားတယ်"

ကျိုကျာက ရုတ်တရက်ပြောလိုက်သည်။

"ဪ ဟုတ်လား"

ယွမ်ကျိုးက အနည်းငယ်တွေဝေသွားသည်။

"သူဌေးရဲ့ဆိုင်အပါအဝင် ဒီနားမှာရှိတဲ့ဆိုင်အကုန်လုံးကို ဝယ်ချင်နေတာလို့ သတင်းကြားတယ်နော်။ ဒါကိုရော သိရဲ့လား"

ကျိုကျာက တလေးတစားဖြင့် မေးမြန်းလိုက်သည်။

"မသိပါဘူး"

ယွမ်ကျိုးက ချက်ချင်း ပြန်ဖြေသည်။

"သူဌေး မစိုးရိမ်ဘူးလား"

ကျိုကျာက အနည်းငယ် စိုးရိမ်သောအမူအရာကို ပြသသည်။

"ဒီဆိုင်တွေကို ဝယ်မယ့်သူဌေးက အာဏာရှိတယ်လို့ ပြောတယ်။ သူ့ရဲ့တောင်းဆိုချက်ကို အစိုးရကတောင် ခွင့်ပြုသွားနိုင်တယ်"

ကျိုကျာက သူသိထားသောအကြောင်းအရာများကို ပြောပြသည်။

"တကယ်လား"

ယွမ်ကျိုးက ဤအကြောင်းအရာနှင့် ပတ်သက်ပြီးတော့ လုံးဝမသိရှိထားပေ။

"ဒီ့ပြင် သူဌေး ဆောင်တဲ့အခွန်က စားသောက်ဆိုင်ကြီးတွေကို မကျော်ဘူးလေ"

ကျိုကျာက လေးနက်စွာပြောသည်။

"ဒီလိုဆိုရင်တောင် အခုချိန်မှာ ငါတို့စိုးရိမ်ဖို့ မလိုဘူးလေ"

အခွန်အကြောင်းပြောတဲ့အခါမှာ ယွမ်ကျိုးက လုံးဝမစိုးရိမ်ပေ။ ကျိုကျာက တွေဝေသွားသည်။

"ဒီဆိုင်မှာ ကြာကြာနေရင် မင်းသိလိမ့်မယ်"

ယွမ်ကျိုးက လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။

"အို"

ယွမ်ကျိုး၏လေးနက်ခိုင်မာသော အမူအရာကို မြင်တွေ့ရသောအခါ ကျိုကျာက ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။ ထိုစဉ် သူမ၏နှလုံးသားထဲတွင်ရှိ‌သော စိုးရိမ်စိတ်များ ပျယ်လွင့်သွားသည်။ ကျိုကျာက ဤဆိုင်မှာ အလုပ်လုပ်သည်မှာ မကြာသေးသည်ဖြစ်၍ ဆိုင်အကြောင်း ကောင်းကောင်းမသိသေးပေ။ အနားယူချိန်တွေပါ ထည့်တွက်လိုက်မည်ဆိုလျှင် သူမအလုပ်လုပ်သည့်အချိန်က တစ်လခန့်သာ ရှိသေးသည်။

ယွမ်ကျိုး တစ်လ၊ တစ်လ အခွန်ဆောင်ရသည့်နှုန်းက များပြားလွန်းသည့်အတွက် အခွန်ဆောင်တိုင်း ခေါင်းကိုက်ရသည်။ သူ့ရဲ့အခွန်နှုန်းက စားသောက်ဆိုင်ကြီးတွေကို မကျော်စရာအကြောင်းမရှိပေ။ ထို့ကြောင့် ယွမ်ကျိုး လုံးဝ မစိုးရိမ်ချေ။

"ဆိုင်မှာ ရှင်းစရာရှိတာတွေ ရှင်းဦး"

ယွမ်ကျိုးက စားသောက်ဆိုင်အနီးဝန်းကျင်ကို လက်ညှိုးထိုးပြီးတော့ စကားပြောသည်။

"ကောင်းပါပြီ"

ကျိုကျာက ယွမ်ကျိုးကို တစ်ချက်ကြည့်လိုက်ပြီး စိုးရိမ်ရန် မလိုအပ်ကြောင်း သိသွားသည်။ ထို့နောက် သူမ၏အလုပ်ကို ဆက်လုပ်သည်။

"သူဌေးယွမ်၊ ငါတို့လာပြီ"

ဝူကျိုး၏ကျယ်လောင်သောအသံကို အရင်ဦးဆုံးကြားရသည်။

"ငါ အရင်ရောက်တာ"

ဝူဟိုင်းက သူ့ရဲ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"မနေ့ညတုန်းက ဘာမှမစားထားဘူးလား။ စိတ်တိုနေသလိုပဲနော်"

ဝူကျိုးက ဝူဟိုင်းရဲ့မျက်နှာပေါ်က ခပ်တန်းတန်းမျက်နှာအမူအရာကို ကြည့်ပြီး လန့်ဖြန့်သွားသည်။

"မင်းအလုပ် မဟုတ်ပါဘူး"

ဝူဟိုင်းက မပျော်ရွှင်သောအမူအရာကို ပြသသည်။

"ခင်ဗျားညီမ ခင်ဗျားကို ထပ်ရိုက်ပြန်ပြီလား"

ဝူကျိုးက ဝူဟိုင်း၏ကိုယ်ရေးကိုယ်တာကိစ္စကို ထုတ်ပြောသည်။

"မင်း အရမ်းကို လူတတ်ကြီးလုပ်တာ များနေပြီနော်။ မင်းပြောတာတွေက လွန်နေပြီဆိုတာ သိရောသိရဲ့လား"

ဝူဟိုင်းက အေးတိအေးစက်မျက်ဝန်းများဖြင့် ဝူကျိုးကို ကြည့်လိုက်သည်။ သူ့ညီမဝူလင်းရဲ့လူသတ်သမားအကြည့်နှင့် အတော်လေးတူသည်။

"ဟုတ်ပါပြီ။ မပြောတော့ပါဘူး"

ဝူကျိုးက ချက်ချင်း အရှုံးပေးစကားပြောသည်။

"ကဲ စားစရာရှိတာ ဝယ်စားကြမယ်။ ဝယ်ကျွေးမယ်လို့ ပြောထားတယ်နော်။ မေ့သွားပြီလား"

ထိုစဉ် ကျောက်ယင်ကျွင်း အနားရောက်လာပြီးတော့ စကားပြောသည်။

"ဟုတ်တာပဲ။ ဝမ်နန်း၊ ဒီဆိုင်က ကြက်ဥထမင်းကြော်ရဲ့အရသာက အရမ်းကောင်းတယ်။ စားကြည့်ပါလား။ မှာလိုက်မယ်နော်"

ဝူကျိုးက လေးနက်ခိုင်မာစွာ ပြောသည်။

"ကောင်းပါပြီ။ ကြက်ဥ‌ထမင်းကြော်တစ်ပွဲပေးပါ။ ကျေးဇူးတင်ပါတယ်"

ဝမ်နန်းက အားတုံ့အားနာအမူအရာဖြင့် စကားပြောသည်။

"ကိစ္စမရှိပါဘူး။ အရသာကို မင်း စားကြည့်ပြီးသွားရင် မင်း သိသွားလိမ့်မယ်။ ပေးရတဲ့ဈေးနဲ့ တကယ်တန်တယ်"

ကျောက်ယင်ကျွင်းက ခေါင်းလေးကို စောင်းငဲ့လိုက်ပြီးတော့ သူ့ကို စကားပြောသည်။ ဝမ်နန်းက ခေါင်းညိတ်လိုက်သည်။ ဝူဟိုင်းက မကျေမနပ်မျက်နှာအမူအရာဖြင့် တိတ်ဆိတ်နေပြီး စကားဝိုင်းထဲ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

ထိုစဉ် ကျိုကျာက အော်ဒါကောက်ရန် ရောက်ရှိလာသည်။

"ယနေ့ ဘာများသုံးဆောင်ချင်ပါသလဲ"

"ကြက်ဥထမင်းကြော်(၃)ပွဲပေးပါ"

ဝူကျိုးက အလျင်အမြန် မှာယူလိုက်သည်။ တစ်စုံတစ်ရာပြောရန် ဟန်ပြင်နေသည့် ကျောက်ယွင်ကျွင်းမပြောခင် ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ ခဏစောင့်ပေးပါ။ လူကြီးမင်းရော ဘာများသုံးဆောင်ချင်ပါသလဲ"

ကျိုကျာက ဝူဟိုင်းကို မေးမြန်းသည်။

"သုန်ပိုဝက်လက်ဟင်း၊ အမဲသားလွှာတစ်ပွဲ၊ ဝက်သားနုပ်နုပ်စဉ်း၊ တို့ဖူးပေါင်း၊ ယုန်သားလွှာတစ်ပွဲပေးပါ"

ဝူဟိုင်းက ဟင်းလွှာတစ်ပွဲချင်းစီကို အော်ဒါတင်သည်။

"ကောင်းပြီ။ ခဏစောင့်ပေးပါ"

ကျိုကျာက လှည့်ထွက်သွားပြီး မီးဖိုဆောင်ဘက်သွားရန် ပြင်ဆင်သည်။

"ဒီပုစွန်တွေက အရှင်တွေလား"

နံရံအတွင်းရှိနေသောပုစွန်များကို ဝူဟိုင်းက မျက်မှန်းတန်းမိသွားသည်။

"ဟုတ်တယ်။ ပုစွန်လေးတွေက အရှင်တွေပါ"

ကျိုကျာက လေးနက်စွာ ပြောသည်။

"ဒီပုစွန်တစ်ကောင်ထဲ ပန်းချီကားထဲမှာ အသက်ရှင်သန်နိုင်တယ်နော်"

ဝူဟိုင်းက တအံ့တဩအမူအရာဖြင့် ပြောဆိုသည်။ ကျိုကျာက ပြုံးရွှင်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် မှာယူထားသောဟင်းလျာများအကြောင်း ပြောကြားရန် ယွမ်ကျိုးဖက် လှည့်လိုက်သည်။ ထိုစဉ် ဝူကျိုးက စကားပြောလာသည်။

"အပြင်က လူတွေကို ကြည့်ပါဦး။ စောစောလာသင့်တယ်လို့ ပြောတာမှန်တယ်မလား"

ဝူကျိုးက အပြင်ဖက်မှာ တန်းစီစောင့်နေသောလူအုပ်စုကြီးကို ညွှန်ပြပြီး ဝင့်ကြွားစွာပြောသည်။

"ဒါဆိုရင် ပါဆယ် ဘာလို့မှာလို့မရတာလဲ"

စားသောက်ဆိုင်ထဲ ဝင်‌ရောက်ကတည်းက ခေါင်းငုံ့ထားသည့် ဝမ်နန်းက တွေဝေသောအမူအရာဖြင့် ပြောသည်။

"ဒီဆိုင်ကို ၂ခါလောက်လာပြီးသွားရင် မင်း သိသွားလိမ့်မယ်။ ဒီဆိုင်မှာ ရောင်းတဲ့ဟင်းလျာတွေက အရမ်းကို အရသာရှိတယ်။ ဒါပေမယ့် ဈေးအရမ်းကြီးတယ်။ ပြီးတော့ ဒီဆိုင်ရဲ့သူဌေးက စည်းကမ်းအရမ်းကြီးတယ်"

ကျောက်ယင်ကျွင်းက မကြိုက်သောအမူအရာဖြင့် စကားပြောနေသော်လည်း သူ့ရဲ့လေသံတွင် ကျေနပ်သောအမူအရာများဖြင့် ပြည့်နှက်နေသည်။

"အွန်း"

ဝမ်နန်းက သဘောပေါက်ကြောင်း ခေါင်းညိတ်ပြသည်။ သူသံသယဝင်မိသော်လည်း ထပ်မံမေးမြန်းခြင်း မရှိခဲ့ပေ။

"ကြက်ဥထမင်းကြော်(၃)ပွဲ ရပါပြီ"

သူတို့စကားပြောနေစဉ် ကျိုကျာက သူတို့ မှာယူထားသောဟင်းပွဲများကို ယူဆောင်လာပေးသည်။

"မြန်မြန်စားကြမယ်။ ငါတို့မှာထားတဲ့ဟင်းတွေ ရောက်လာပြီ"

ဝူကျိုးက ချက်ချင်း တူကို ကောက်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားသောအမူအရာဖြင့် စတင်စားသုံးသည်။ ဝူကျိုး၏တိုက်တွန်းမှုကြောင့် ကျောက်ယင်ကျွင်းကလည်း အချိန်မစောင့်တော့ပဲနဲ့ သူ မှာယူထားသောဟင်းလျာကို စတင်စားသုံးသည်။

ဝမ်နန်က ခဏတွေဝေပြီးနောက် သူ့ရဲ့ဝတ်စုံကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။ ဇွန်းအပြည့်ခပ်ထားသော ထမင်းများကို ပလုတ်ပလောင်းမျိုချပြီးနောက် ဝမ်နန်း မင်သက်ပြီး တအံ့တသြဖြစ်သွားသည်။ ထို့နောက် သူဟာ တစ်ဇွန်းပြီးတစ်ဇွန်းကို လျင်မြန်စွာ စားသုံးသည်။ တခြားသူနှစ်ယောက်ထက် နောက်ကျမှစားသော်လည်း သူက အရင်ဆုံး စားလို့ကုန်သွားသည်။ ထို့နောက် သူဟာ ဇွန်းကိုကိုင်ပြီး ပြောင်လက်နေသည့်ပန်းကန်ပြားကို ငေးကြောင်ကြည့်နေသည်။ ခဏလေးအတွင်းမှာပင် သူ့ရဲ့ပန်းကန်က ဆေးထားသကဲ့သို့ သပ်ရပ်နေသည်။

"ဟေ့ ကောင်စုတ်ကလေး။ အစားအသောက်က ဒီလောက်အရသာရှိတာကို မင်းက ငိုဖို့ လိုလို့လား"

ဝူဟိုင်းက ဤမြင်ကွင်းကို မြင်တွေ့သောအခါ မျက်မှောင်ကြုတ်ပြီးတော့ ဝမ်နန်းကို ပြောသည်။

"ခင်ဗျားက ကျွန်တော့်ကို ပြောနေတာလား"

ဝမ်နန်းက သူ့မျက်နှာကို ခြောက်အောင်သုတ်လိုက်ပြီး သူ့ကို မေးမြန်းလိုက်သည်။

"ကြက်ဥထမင်းကြော်တစ်ပွဲအတွက်နဲ့ မင်းက ငိုတောင်ငိုနေပြီလား။ တကယ့်ကို အံ့ဖွယ်လူသားပဲ"

ဝူဟိုင်းက မထီမဲ့မြင်အမူအရာဖြင့် ပြောဆိုလိုက်သည်။ ပလုတ်ပလောင်းစားလိုက်၍ အစားအသောက်ရဲ့အရသာကို စားမြုံ့ပြန်ရန် အချိန်ပင် မရခဲ့ပေ။ ထို့ကြောင့် ဝူကျိုးနှင့် ကျောက်ယင်ကျွင်းတို့က ဝမ်နန်းကို သံသယမျက်ဝန်းဖြင့် ကြည့်လိုက်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ရောင်းချသော အစားအသောက်များအားလုံးက လူအများ၏အသိအမှတ်ပြုခံရသော ထိပ်တန်းစားဖွယ်ဖြစ်သည်။ အရသာရှိသောအစားအသောက်ကို စားရသောကြောင့် ငိုကျွေးသောသူကို ရုပ်ရှင်ထဲတွင်သာ မြင်ဖူးသည်။ ထို့ကြောင့် ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"အားနာပါတယ်။ ဒီမြို့ကို ကျွန်တော်က ပထမဦးဆုံးရောက်ဖူးပြီးတော့ ဒီဆိုင်၊ ဒီပတ်ဝန်းကျင်နဲ့ မရင်းနှီးသေးလို့ပါ"

ဝမ်နန်းက ဇွန်းကို အောက်ချလိုက်ပြီး ရှင်းပြလိုက်သည်။

"အဓိကအချက်ကိုသာ ပြောစမ်းပါ။ ဒါက မင်းငိုတာနဲ့ ဘာမှမဆိုင်ဘူးလေ"

ဝူဟိုင်းက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။ သူက အထွန့်တက်သောစကားများကို ကြားချင်စိတ် မရှိပေ။

"ဒီထမင်းကြော်ရဲ့အရသာကြောင့် ငိုတာမဟုတ်ပါဘူး။ ဒီထူးဆန်းတဲ့မြို့မှာ ဟင်းလျာအသစ်ကို မြည်းရလို့ ကောင်းမွန်တယ်လို့ ခံစားမိလို့ပါ။ ကျွန်တော် စားလိုက်တဲ့အစားအ‌စာကြောင့် ကျွန်တော့်အစာအိမ်က အာဟာရပြည့်သွားသလို ခံစားရတယ်။ တကယ့်ကို ကောင်းမွန်တဲ့ခံစားချက်ပဲ။ ကျေးဇူးအရမ်းတင်ပါတယ်"

"ဒီကောင် လူထူးလူဆန်းပဲ"

ဝမ်နန်း၏မျက်နှာကို ကြည့်ပြီး ဝူဟိုင်းက မယုံကြည်နိုင်စွာ ပြောသည်။

အပိုင်း(၂၈၇)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၈၈)

"စားလို့ကောင်းပါတယ်" ထိုစကားသံကိုကြားရမှ ဝူကျိုး စိတ်အေးရသည်။

"အွန်း၊ ကျေးဇူးတင်ပါတယ် အစ်ကိုဝူ" ဝမ်နန်က လေးနက်စွာ ပြောသည်။

"သူ့ကို ထပ်မညွှန်နဲ့တော့။ ပထမဆုံး လစာရရင် ငါတို့ကို ဒကာခံလို့ ရတယ်နော်" ကျောင်ယင်ကျွင်းက ကမ်းလှမ်းသည်။

"ဟုတ်တယ် သူပြောတာ မှန်တယ်။ ငါ့အတွက်တော့ ဒါက အကောင်း‌ဆုံး ‌ဆုလာဘ်ပဲ" ဝူကျိုး အတော်လေး မျှော်လင့်မိသည်။

"ဟုတ်ကဲ့ပါ ကျွေးပါ့မယ်" ဝမ်နန်က ချက်ချင်း ပြန်ပြောသည်။

"ဒါဆိုကောင်းတာပေါ့။ အခုဆို ဘာပြဿနာမှ မရှိတော့ဘူး" ကျောင်ယင်ကျွင်းက ဝမ်နန်၏ပခုံးကို ပုတ်လိုက်သည်။

"ပြန်မယ်" တခြားသူ ထိုင်ခုံရအောင် ဝူကျိုးက သူတို့နှစ်ယောက်ကို ဆွဲခေါ်လာသည်။

"လူထူးဆန်းပဲ" ဝူဟိုင်းက သူ ကြားရုံမျှ ရေရွတ်သည်။

“ခင်ဗျား နားမလည်ပါဘူး” ယွမ်ကျိုးက ချက်ချင်း ပြန်ပြောသည်။

“ အမှန်ပဲ။ ငါနားလည်တယ်။ ငါ သဘောမတူရုံပဲ” ဝူဟိုင်းက ချက်ချင်း ခေါင်းခါသည်။

“အိုကေ” ယွမ်ကျိုးက ခေါင်းညိတ်ကာ မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။

ဝူဟိုင်းက စောင့်ဆိုင်းနေစဉ် အနည်းငယ် တွေးဝေနေသည်။ ကျန်းကျဝေတို့နှင့် ဖုန်းပြောခဲ့သော အကြောင်းအရာကို ပြန်တွေးမိသည်။

“ဟိုင်းအာ ခုတလော နေကောင်းရဲ့လား” ကျန်းကျဝေ၏ချိုသာသောအသံက ဖုန်း၏တစ်ဖက်မှ ထွက်ပေါ်လာသည်။

သူ့ညီမ၏မကျေမနပ် ပြောဆိုသံကိုလည်း မပီမသ ကြားနိုင်သည်။

“ဘာလို့ ချိုချိုသာသာ ပြောနေတာလဲ။ သူ့ဘဝနဲ့သူ ပျော်နေပြီလေ။ ရှင့်ကို ဒီမှာ ထားခဲ့တာလေ”

“မဆိုးပါဘူး။ ဘာဖြစ်လို့လဲ” ဖုန်းကိုင်ရင်း ဝူဟိုင်းက မနက်စာကို အရသာရှိစွာ သုံးဆောင်နေသည်။

“ပန်းချီကားတွေအကုန်လုံးရောင်းထွက်သွားပြီ။ အကောင်းဆုံးရော ဒုတိယအကောင်းဆုံး ပန်းချီကားလည်း ရောင်းထွက်သွားတယ်”

ကျန်းကျဝေက ခဏတုံ့ဆိုင်းနေပြီးမှ မဝံ့မရဲ ပြောသည်။

“အားလုံး ရောင်းထွက်သွားပြီလား” ဝူဟိုင်းက ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး လေးနက်သော အမူအရာကို ဖော်ပြသည်။

“ဟုတ်တယ်။ အဲဒီပန်းချီကားနှစ်ချပ်ကာ တခြားအလှပန်းချီကားတွေထက် ယွမ် ၁.၀၅သန်းကျော် ပိုရတယ်” ဤတစ်ကြိမ်တွင်တော့ ကျန်းကျဝေက အသေးစိတ် ရှင်းပြသည်။

“ဘယ်သူ ဝယ်သွားတာလဲ” ဝူဟိုင်းက မျက်မှောင်ကြုတ်ရင်း မပျော်မရွှင် အမူအရာဖြင့် မေးမြန်းသည်။ သူကိုယ်တိုင်လည်း အကြောင်းအရင်းကို မသိပေ။

“ဟိုတလောက ငါတို့တွေ ပြောနေတဲ့လူလေ။ မင်းလည်း သူ့ကို မြင်ဖူးတယ်လေ” ကျန်းကျဝေက ဝယ်သူအကြောင်းကို အသေးစိတ်ပြောပြသည်။

“အိုကေ။ ငါ သိပြီ” သူ သိချင်သည့်အချက်ကို သိသည်နှင့် ဝူဟိုင်းက ချက်ချင်း ဖုန်းချလိုက်သည်။

“သူ ဖုန်းချသွားတာလား” ဝူလင်းက ကူကယ်ရာမဲ့ဖြစ်နေသော ကျန်းကျဝေကို ကြည့်နေသည်။

“အွန်း။ သူက မပျော်ပုံပဲ” ထိုစကားကို ပြောနေစဉ် ကျန်းကျဝေက ဝူဟိုင်းကို စိတ်ပူနေမိသည်။

“ထားလိုက်ပါ။ ရောင်းချင်တဲ့လူက သူပဲလေ။ ရှင့်ကိစ္စ မဟုတ်ပါဘူး” ဝူလင်းက သူ့ချစ်သူလက်ကို ကိုင်ရင်း ချစ်သူလေးကို နှစ်သိမ့်ပေးချင်၍ ဘေးနား ထိုင်လိုက်သည်။

“တကယ်ပြောတာ ဟိုင်းအာက ရောင်းချင်ပုံ မပေါ်ဘူး။ ဒါတောင် သူက ရောင်းဖို့ ဆုံးဖြတ်လိုက်သေးတယ်” ကျန်းကျဝေ သက်ပြင်းချသည်။

“သူက စိတ်အပြောင်းလဲမြန်တာပါ”

ဝူလင်းက သူ့ယူဆချက်ကို လက်မခံချေ။ ဝူဟိုင်းက ရောင်းချင်စိတ် မရှိလျှင် နည်းမျိုးစုံဖြင့် တားဆီးလိမ့်မည်။ ယခုချိန်မှာ သူက သူ့ရည်းစားလေးကိုသာ ချွဲနွဲ့ချင်သည်။

“လင်းလင်း။ တစ်ခုခု သွားစားကြမယ်” ဝူလင်း၏နှစ်သိမ့်မှုကြောင့် ကျန်းကျဝေ စိတ်သက်သာရ ရသွားသည်။ သူက ဝူလင်း၏သေးသွယ်သော လက်လေးကို ဆုပ်ကိုင်ကာ မတ်တတ်ရပ်လိုက်သည်။

“အွန်း” ဝူလင်းက နာခံစွာ မတ်တတ်ရပ်လိုက်ပြီး ကျန်းကျဝေနောက် လိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့ချစ်သူနှစ်ဦး ကြည်နူးနေစဉ် ဝူဟိုင်းက အတော်လေး စိတ်မကျေမနပ် ဖြစ်နေသည်။

ဖုန်းချလိုက်ပြီးနောက် ဝူဟိုင်းက သူ့ပန်းချီကားချပ်ကို ပြန်လည် မြင်ယောင်နေမိသည်။

မုရှောင်ယွမ် ဆိုင်မှာ အလုပ်လုပ်စဉ်က ယွမ်ကျိုး၏ဆိုင်ကို ပန်းချီဆွဲထားခြင်း ဖြစ်သည်။

“ငါ နှစ်လလောက် ကြိုးစားပမ်းစား ဆွဲထားတဲ့ ပန်းချီကို ရောင်းလိုက်ရလား” ဝူဟိုင်း မကျေနပ်နိုင်ပေ။

နောက်ထပ် ပန်းချီတစ်ချပ်က အမျိုးသမီးတစ်ဦး၏ နောက်ကျောပြင် ဖြစ်သည်။ ပန်းချီကားချပ်ကို ကြည့်လိုက်ရုံဖြင့် အလွန်ချောမောသော မိန်းကလေးဟု ခန့်မှန်းနိုင်သည်။

“ထားလိုက်ပါတော့။ စားစရာရှိတာပဲ အရင်စားတော့မယ်”

ခဏ နှမြောတဿ ဖြစ်ပြီးနောက် ယွမ်ကျိုး၏နေ့လည်ခင်း ဆိုင်ဖွင့်ချိန် နီးကပ်လာခြင်းကို သတိပြုမိသည်။ ထို့နောက် ဝူဟိုင်းက မတ်တတ်ရပ်လိုက်ပြီး ယွမ်ကျိုးဆိုင်ထဲသို့ သွားသည်။

သူ့စိတ်ခံစားချက်ကြောင့် မျက်နှာက မရွှင်မလန်း ဖြစ်နေသည်။

“ဘာဖြစ်လို့လဲ။ ဆိုးဆေးတွေ စားမိလို့လား”

ဝူဟိုင်း၏မျက်နှာအမူအရာကို ကြည့်ရင်း ယွမ်ကျိုးက သာမန်ကာလျှံကာ ပြောလိုက်သည်။

“ဆိုးဆေးတွေကို စားစရာလားဟ ရူးနေလား” ဝူဟိုင်းက ဆိုလိုရင်းကို နားမလည်ချေ။

“အရောင်အသွေးစုံလင်တဲ့ ဟင်းလျာတွေ ထပ်စားခဲ့သလား မေးတာလေ” ယွမ်ကျိုးက စပ်စုသောလေသံဖြင့် လေးနက်စွာ မေးမြန်းသည်။

“ဟာ အဲဒါက ဖန်တီးမှုလေ” ဝူဟိုင်းက သူ့မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောသည်။

“အနုပညာဖန်တီးတာလား” ယွမ်ကျိုးက တခြားစကားလုံးဖြင့် ဖော်ညွှန်းပြန်သည်။

“ပန်းချီဆရာလေ။ အနုပညာတွေဖန်တီးတဲ့ ပန်းချီဆရာလေ။ မင်းမှာ အနုပညာခံစားတတ်တဲ့စိတ်ထားမျိုး မရှိပါဘူး” ဝူဟိုင်းက အားမနာစတမ်း ဝေဖန်သည်။

“ငါ ခံစားတတ်ပါတယ်။ ဒါပေမဲ့ ငါက ချက်ပြုတ်ရတာ ပိုကြိုက်တယ်” ယွမ်ကျိုးက ပေါ့ပါးစွာ ပြောသည်။

စကားပြောရင်း ဝူဟိုင်း၏မျက်နှာအမူအရာက ပိုကောင်းမွန်လာသည်။ နေ့လယ်ခင်းဆိုင်ဖွင့်ချိန်တွင် တအားအလုပ်ရှုပ်တတ်၍ ယွမ်ကျိုးက ဝူဟိုင်း မေးသမျှတိုင်းကို ပြန်ဖြေလေ့ မရှိပေ။ ဝူဟိုင်းကလည်း အချိန်တိုင်း စကားများတတ်သူ မဟုတ်ပေ။

“မှာထားတဲ့ ဟင်းရောက်ပါပြီ” ကျိုးကျာက အစားအသောက် သယ်လာပေးမှ သူတို့စကားပြောခြင်း အဆုံးသတ်သွားသည်။

ဝူဟိုင်းက စကားပြောခြင်းထက် အရသာရှိသော အစားအသောက်များ သုံးဆောင်ရခြင်းကို ပိုနှစ်သက်သည်။

ပုံမှန်ဖောက်သည်များ၏ အကျင့်စရိုက် နှင့် သူတို့အကြိုက်ဟင်းလျာများကို ယွမ်ကျိုးက သိသော်လည်း ထုတ်ပြောလေ့ မရှိပေ။

ယွမ်ကျိုး၏စားသောက်ဆိုင်လေးကို ပုံမှန်အတိုင်း ဖွင့်သည်။ လကုန်ရက် ရောက်တိုင်း အခွန်ဆောင်ရ၍ ယွမ်ကျိုး သိပ်မပျော်ရွှင်ပေ။ လကုန်ရက် ရောက်သောအခါ အစားအသောက်မြေပုံက ဆုရသူကို ကြေညာလိမ့်မည်။

ထို့ကြောင့် ယွမ်ကျိုးက မနက်ခင်း ဆိုင်ပိတ်ပြီးနောက် ထိုင်ခုံမှာ ထိုင်ပြီး ရလဒ်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

မစ်ရှင်အောင်မြင်ရန် ယွမ်ကျိုးက အကောင်းဆုံး ကြိုးစားအားထုတ်ထားသည်။ သူ့ကြိုးစားအားထုတ်မှု အသီးအပွင့်ကို ခံစားရမည့် အချိန်လည်း ဖြစ်သည်။

စနစ်က ဖော်ပြသည်။

“ဂုဏ်ပြုပါတယ် ဆိုင်ရှင်။ မစ်ရှင် ပြီးမြောက်သွားပါပြီ”

အပိုင်း(၂၈၈)

ပြီးပါပြီ။

All Chapters