အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
ယွမ်ကျိုး အပိုင်း(၂၈၉)
ဤတစ်ကြိမ်တွင်မူ စနစ်က အသိပေးစာအပြင် နောက်ခံတေးဂီတ ပါဝင်လာသည်။ ဂီတသံက ယွမ်ကျိုး၏စိတ်ထဲ ပဲ့တင်နေသည်။
“ငါ့ကြိုးစားအားထုတ်မှုက အကျိုးသက်ရောက်ပုံပဲ” ယွမ်ကျိုးက သူ့ဒေသကိုယ်စားပြု စားသောက်ဆိုင်ကို စစ်ဆေးရန်အတွက် ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်သည်။
မျှော်မှန်းထားသည့်အတိုင်ပင် သူ့ဆိုင်က စာရင်း၏ထိပ်ဆုံးအဆင့်သို့ ရောက်နေသည်။
“မှတ်ချက်လေး ရှိနေပါလား။ အံ့ဩစရာပဲ”
ယွမ်ကျိုးက သေချာစစ်ဆေးကြည့်ပြီးနောက် တအံ့တဩ ဖြစ်နေသည်။
သူ့ဆိုင်က ဤဒေသကိုယ်စားပြုဆိုင်စာရင်းထဲ အရင်က မဝင်ရောက်ဖူးပေ။
“ယနေ့ခေတ် မှတ်ချက်လေးတွေက ချစ်စရာတော့ ကောင်းသားပဲ”
မကြာခဏဆိုင်သို့ မသွားရန် အကြံပြုထားသောစာကို ဖတ်ရှုရင်း ယွမ်ကျိုး အံ့ဩနေမိသည်။
ယွမ်ကျိုးက သူ့ဆိုင်၏အစားအသောက် ဈေးနှုန်းစာရင်းကို ပြန်ကြည့်ရင်း ယုံကြည်မှုအပြည့်ဖြင့် စိတ်ထဲပြောလိုက်သည်။
“ငါ့လက်ရာကြောင့် ဒီဈေးက များတယ်လို့ မဆိုသာဘူး”
တခြားသူများက သူ့စကားသံကို မကြားသွား၍ ကံကောင်းသွားသည်။ အထူးသဖြင့် ဝူကျိုး ကြားသွားလျှင် ယွမ်ကျိုးကို မသေမချင်း ရိုက်သတ်လိမ့်မည်။ သူ့ကောင်မလေးနှင့်အတူတူ တစ်ပတ်မှ တစ်ကြိမ်သာ လာစားနိုင်သော်လည်း ဝူဟိုင်းက ယွမ်ကျိုး၏ဆိုင်ကို သူ့ကိုယ်ပိုင် ထမင်းဆိုင်ကြီးကဲ့သို့ လာရောက်အားပေးလေ့ရှိသည်။
“အရင်ဆုံး စိတ်ငြိမ်အောင် ထိန်းချုပ်ရမယ်။ ဆုလာဘ်ကို အရင်ယူမယ်” ယွမ်ကျိုးက ဖုန်းကိုအောက်ချထားလိုက်ပြီး လူသူကင်းမဲ့နေသော စားသောက်ဆိုင်ကို ငေးကြည့်လိုက်သည်။ ထို့နောက် သူက လေးကန်စွာ သက်ပြင်းချလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ယွမ်ကျိုးက တိတ်တဆိတ် ရေရွတ်လိုက်ပြီး မစ်ရှင်ကို ထိကာ မစ်ရှင်ကို စစ်ဆေးကြည့်သည်။
[အဓိကမစ်ရှင်] ဒေသအစားအသောက်ကိုယ်စားလှယ် ဖြစ်လာရန် (ပြီးမြောက်ပါပြီ)
(မစ်ရှင်အညွှန်း သာမန်ကျော်ကြားမှုက မင်းရဲ့ရည်မှန်းချက်နဲ့ လိုက်ဖက်မှု မရှိဘူး။ ဒေသ အစားအသောက် ကိုယ်စားလှယ် ဖြစ်ဖို့ တစ်လအတွင်း ကြိုးစားရမယ်။ လူငယ်လေး၊ ငါ မင်းကို ယုံကြည်တယ်)
[မစ်ရှင်ဆုလာဘ်] အဆင့်မြှင့်တင်ဖို့ ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ရရှိမည်။ (လက်ခံရယူနိုင်ပါပြီ)
(ဆုလာဘ်အညွှန်း : ဒီလိုဆုလာဘ်ကို ပိုင်ဆိုင်ဖို့ လူငယ်လေး မင်းကြိုးစားရမယ်)
စနစ်က ဖော်ပြသည်။
“ဆိုင်ရှင် အဆင့်မြှင့်တင်လိုက်ပါပြီ။ စားပွဲခုံ နဲ့ ထိုင်ခုံတွေကို အခုတော့ အသုံးပြုလို့ မရသေးပါဘူး”
“ဘာလို့လဲ” ယွမ်ကျိုးက ထိုင်ခုံ နှင့် စားပွဲခုံ များများ ပိုင်ဆိုင်ခွင့် ရရန် မျှော်လင့်ထားသည်။
စနစ်က ဖော်ပြသည်။
“ဆိုင်ရှင်၊ ဆုလာဘ်ကို လက်ခံယူပါ”
“အဆင့်ဘယ်လောက်ရောက်ပြီလဲဆိုတာ အရင်စစ်ဆေးကြည့်မယ်”
သူက ဖန်သားပြင်ကို ထိလိုက်ပြီး အဆင့်နံပါတ် ပြောင်းလဲခြင်းမှလွဲ၍ တခြားအခြေခံ အချက်အလက်များ မပြောင်းလဲသွားခြင်းကို သတိပြုမိသည်။
ပစ်မှတ်၊ စနစ်က ဆိုင်ရှင်ကို အနောက်တိုင်း နဲ့ အရှေ့တိုင်း အစားအသောက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ချက်ပြုတ်တတ်အောင် ကူညီပေးပါမယ်။
ဆိုင် : ယွမ်ကျိုး(သာမန်လူသား)
နိုင်ငံသား : ဟန်တရုတ်လူမျိုး
လိင် : ယောက်ျား
အသက် : ၂၄
ရုပ်ပိုင်းဆိုင်ရာအရည်အသွေး - C (အလိုအလျောက်တုံ့ပြန်မှု ၊ ခွန်အား ၊ ညှိနှိုင်းမှုနှင့်လက်စွမ်းစသဖြင့်)
အချက်အပြုတ်ကျွမ်းကျင်မှု - မသိသေး
ကျွမ်းကျင်မှု - မသိသေး
ကိရိယာများ - မသိသေး
ချက်ပြုတ်မှုကိုရှုထောင့်(၅)ခုမှနေ၍ အကဲဖြတ်ခြင်း - လူသစ်
အဆင့်-၄
(မင်းက ဟင်းချက်တဲ့နယ်ပယ်မှာ လူသစ်တစ်ယောက်ဖြစ်ပြီး ချက်ပြုတ်ရေးနယ်ပယ်တွင်အတွေ့အကြုံ၂နှစ်ရှိခဲ့သော်လည်း ကြက်ဥထမင်းကြော် ချက်ပြုတ်နည်းကို မကျွမ်းကျင်သေးပါ )
ဂုဏ်ပုဒ် : ဂျုံအစားအသောက် ချက်ပြုတ်မှု ကျွမ်းကျင်သူ
(မီးဖိုချောင်ထဲမှာ အလုပ်လုပ်ရတာ တအားပင်ပန်းနေမှာပဲ။ မင်း ဟင်းချက်စွမ်းရည် တိုးတက်ဖို့ အနားယူချိန် လိုအပ်တယ်။ ဒါကြောင့်မို့ မင်းရဲ့စီးပွားရေးလုပ်တဲ့အချိန်ကို နေ့စဥ် ၆နာရီ လျှော့ချရန် ဆုံးဖြတ်လိုက်တယ်)
“အဆင့်၄ ရောက်သွားတာတောင် အခုထက်ထိ လူသစ်ပဲ ဖြစ်နေသေးလား” ယွမ်ကျိုးက မကျေနပ်ဟန် ပြောဆိုသည်။
“ဒါနဲ့ ဒီတစ်ခေါက် တွဲဖက်စားမယ့် အဆာပြေမုန့်က ဘာများလဲ” အရင်တစ်ခေါက်က ဆုလာဘ်အနေဖြင့် ရရှိခဲ့သော ချင်းဟွေ့ အဆာပြေမုန့် ၈မျိုးအကြောင်းကို ပြန်လည် တွေးတောမိသည်။
စနစ် “ တွဲဖက်စားသုံးမယ့် အဆာပြေမုန့်ကို ပေးအပ်လိုက်ပါပြီ။ စစ်ဆေးကြည့်ပေးပါ”
“ကောင်းပြီလေ” တစ်ခါတရံ ယခုလို ဆုလာဘ်မျိုးပေးလေ့ မရှိ၍ ယွမ်ကျိုးက အထူးတလည် မေးမြန်းခြင်း ဖြစ်သည်။
အဆင့်မြှင့်တင်ခြင်းကြောင့် ရရှိမည့် ဆုလာဘ်ကို ယွမ်ကျိုးက အတော်လေး စိတ်ဝင်စားမိသည်။
အထုပ်သဖွယ် ပစ္စည်းလေးကို ထိကြည့်ပြီးနောက် အတွင်းမှ ဆုလာဘ်က ယွမ်ကျိုး၏အမြင်အာရုံပေါ် ရောက်လာသည်။
“ဖိတ်ကြားလွှာ သုံးစောင်၊ အဆာပြေမုန့်တစ်ခု နဲ့ မီနူးလား။ မီနူး သုံးခွင့်ပေးလိုက်ပြီလား” ကြာပန်းပုံစံ သရုပ်ဖော်ထားသော စာရွက်အပိုင်းအစက ယွမ်ကျိုး၏လက်ထဲ ပေါ်လာသည်။
“ဒါက မီနူးလား။ စနစ် မင်း ဘယ်နှခုလောက် ပေးမလဲ” ယွမ်ကျိုးက စပ်စပ်စုစု မေးမြန်းသည်။
စနစ် “စားပွဲတစ်ခုမှာ မီနူးတစ်ခု ရပါမယ်”
“အရမ်းများနေသလား” ယွမ်ကျိုးက သူ့လက်ထဲမှ ထူးခြားသော မီနူးကို ကိုင်ဆောင်ရင်း တအံ့တဩ ဖြစ်နေသည်။
မီနူးပေါ်မှ လက်ရေးလက်သားက သေသပ်လှပသည်။
“စာရွက်သားက မဆိုးပါဘူး။ စာရွက်သားအနံ့တောင် မရဘူး” ယွမ်ကျိုး အတော်လေး ကျေနပ်မိသည်။
“အလှဆင်ထားတာတွေ ပါရင် မီနူးက ပိုလှသွားမယ်” ယွမ်ကျိုးက သူ လိုချင်သည့် အချက်ကို တောင်းဆိုသည်။
သို့တိုင် မီနူးကို ပိုင်ဆိုင်ခွင့်ရသွား၍ အတော်အတန် ကျေနပ်မိသည်။ ဆိုင်းဘုတ်တစ်ခုသာ လိုအပ်တော့သည်။ လိုအပ်ချက်များကို တစ်ခုပြီး တစ်ခု ပြည့်စုံအောင် ကြိုးစားသွားမည်။
“စနစ် ၊ ကံစမ်းမဲ နှိုက်လို့ရပြီလား”
ထို့နောက် စနစ်က စကားတစ်ခွန်းမျှ မဆိုဘဲ ကံစမ်းမဲနှိုက်သော အစီအစဉ်ကို ဖန်တီးပေးသည်။ သို့သော်လည်း ဤသည်ကား ယခင်နှင့် ခြားနားသည်။
“ဒါက ဘာလဲ။ ငါ မဲနှိုက်လို့ ပေါက်တဲ့ နိုင်ငံကို အလည်ပတ်သွားခွင့် ရမှာလား” ယွမ်ကျိုးက နိုင်ငံကိုယ်စားပြု သင်္ကေတများကိုကြည့်ရင်း တအံ့တဩ ဖြစ်နေသည်။
စနစ် “ဆိုင်ရှင်က ကံစမ်းမဲ သုံးကြိမ်နှိုက်ခွင့် ရပါတယ်။ မဲပေါက်တဲ့ နိုင်ငံရဲ့ ဒေသအစားအသောက်ကို ပိုင်ဆိုင်ခွင့် ရမှာပါ”
“ဘယ်လို သတ်မှတ်ချက်မျိုး ရှိသေးလဲ။ နိုင်ငံကို ဘယ်လို နယ်မြေပိုင်ခြားထားလဲ” ယွမ်ကျိုးက ခဏတုံ့ဆိုင်းနေပြီးမှ ပြန်မေးသည်။
စနစ် “နယ်မြေခွဲခြားသတ်မှတ်တာကတော့ အဲဒီနိုင်ငံရဲ့အင်အားပေါ် မူတည်တယ်”
“ပထဝီသင်နေရသလိုပဲ ခေါင်းကိုက်လာပြီ” ယွမ်ကျိုးက ပထဝီဘာသာရပ်ကို အမုန်းဆုံးဖြစ်သည်။
အပိုင်း(၂၈၉)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၉၀)
“မော်လတာနိုင်ငံ။ အဲဒီနိုင်ငံမှာ ကောင်းတဲ့အစားအသောက်တွေ ရှိလို့လား။ အဲဒီနိုင်ငံကို အရင်တုန်းက မကြားဖူးပါဘူး”လှည့်စားပွဲကို ဂရုတစိုက် ငေးကြည့်ရင်း ယွမ်ကျိုးကို တွေးဆနေသည်။
ထို့နောက် သူက တခြားနိုင်ငံကြီးများကို ကြည့်သည်။
သူ ပထမဆုံးမြင်မိသည့် နိုင်ငံက အမေရိကန်နိုင်ငံ ဖြစ်သည်။
“ဒီနိုင်ငံဆိုရင်တော့ ဟမ်ဘာဂါ နဲ့ အသားကင်တွေ ဖြစ်လောက်မယ်” ယွမ်ကျိုးက လေးနက်စွာ တွေးတောလိုက်သည်။
“မဲမဲသဲသဲ အစားအသောက်တွေရှိတဲ့ နိုင်ငံတော့ မဲမပေါက်ချင်ဘူး”
“ဟူး စိတ်ပျက်လိုက်တာ” ယွမ်ကျိုးက သူ ကံမဆိုးရန်သာ ဆုတောင်းနေမိသည်။
ခဏကြာသည့်တိုင် ယွမ်ကျိုးက ကံစမ်းမဲမနှိုက်ဘဲ လှည့်သောစားပွဲကြီးကို ငေးကြည့်ကာ စကားပြောသည်။
“ကံကောင်းဖို့ လိုအပ်နေပြီ”
ထို့နောက် သူက မုန့်လာဥကြီးများ ထောက်ပံ့ပေးရန် စနစ်ကို တောင်းဆိုလိုက်ပြီး သစ်သီးမျိုးစုံ ပုံဖော်သည်။ သစ်သီးတစ်မျိုးချင်းစီတွင် အဓိပ္ပါယ်တစ်ခုချင်းစီ ရှိလောက်သည်။
“ကံကောင်းအောင် သစ်သီး ငါးမျိုး ပြင်ဆင်ထားပြီးပြီ”
“စနစ်၊ စလို့ရပါပြီ” ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်ပြီး မဝံ့မရဲပြောသည်။
စနစ် “ဆိုင်ရှင်ကိုယ်တိုင် လှည့်လို့ရပါတယ်”
“ကောင်းပြီလေ” ယွမ်ကျိုးက ခေါင်းညိတ်ကာ လှည့်လိုက်သည်။
“ဒိန်းမတ်နိုင်ငံ”
“ဝိုး မဆိုးဘူးပဲ” ယွမ်ကျိုးက ရလဒ်ကို ကျေနပ်နေမိသည်။
ဒုတိယအကြိမ် လှည့်လိုက်သောအခါ ဒိန်းမတ်နိုင်ငံ၏ဘေးချင်းနိုင်ငံဖြစ်သော ဆွီဒင်နိုင်ငံ ရောက်သွားသည်။
“နောက်ဆုံးတစ်ခေါက်လည်း ကံကောင်းမှာပါ” ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“သူ နှစ်သက်သော ပြင်သစ်နိုင်ငံ မဲပေါက်သွားတယ်”
ဤတစ်ခေါက် ကံစမ်းမဲပေါက်သောနိုင်ငံမှ ထောက်ပံ့ပေးမည့် ဟင်းလျာများကို ချက်ချင်း စစ်ဆေးကြည့်သည်။ ထို့နောက် ယွမ်ကျိုးက ကျေနပ်ဟန် ပြောသည်။
“ဒီအစားအသောက်တွေကလည်း အရမ်းကောင်းတယ်”
“ဟူး အောင်မြင်ပြီ” သူ့ကို ဆုလာဘ်အနေဖြင့် ပေးထားသော အစားအသောက်များကို ကြည့်ရင်း ယွမ်ကျိုး အတော်လေး ပျော်ရွှင်နေသည်။
“ကံတော်တော်ကောင်းတယ် ပြောလို့ရတယ်။ အဆင့်မြှင့်လေ ဆုများများ ပိုင်ဆိုင်ခွင့်ရလေပဲ” ထူးခြားသောအဆင့်မြှင့်တင်မှုူနှင့် ၅၀ရာခိုင်နှုန်း အကျိုးခံစားခွင့်ကို ကြည့်ရင်း သူ ပိုပျော်ရွှင်လာသည်။
ယွမ်ကျိုးက ဆုလာဘ်ကို လက်ခံယူလိုက်သည်။ ထို့နောက် ဖိတ်ကြားလွှာများကို လေ့လာကြည့်သည်။
“စနစ်၊ ဒါက ဘာတွေလဲ။ မင်း ငါ့ကို သေချာမရှင်းပြထားဘူး။ စာလေးတစ်ကြောင်းတောင် မပါဘူးနော်” ယွမ်ကျိုးက ဖိတ်ကြားလွှာကို ထပ်တလဲလဲ ကြည့်ရှုသည်။
[ဖိတ်ကြားလွှာ] ဤကတ်ပိုင်ရှင်က သူ သိတဲ့ ဘယ်သူ့ကိုမဆို တစ်ကြိမ် ဖိတ်ကြားနိုင်ပါတယ်။ တစ်ယောက်တည်းက ထပ်တလဲလဲ သုံးခွင့် မရှိပါဘူး။
(အသုံးပြုနိုင်သော ညွှန်ကြားချက် ၊ ဖိတ်ကြားလွှာကို သက်ရှိလူသားအတွက်ပဲ အသုံးပြုနိုင်တယ်။ ဧည့်သည်မဖိတ်ကြားခင် သုံးရက်ကြိုပြီး အသုံးပြုပေးပါ။ သုံးရက်ကျော်တာနဲ့ ဖိတ်ကြားခံရသူက ဆိုင်မှာ လာစားလို့ရပါပြီ။)
“ရိုးရှင်းလှချည်းလား” ယွမ်ကျိုး အံ့ဩမိသည်။
“အဖေနဲ့အမေကို ဖိတ်ကြားခွင့်ရမယ်လို့ တွေးထားတာ။ ငါ အတွေးလွန်သွားတာပဲ။ ဒါပေမဲ့ အဖေတို့ရဲ့သားက ကျွမ်းကျင်တဲ့ စားဖိုမှူးကြီး ဖြစ်နေပြီ”
သက်ရှိလူသားကိုပဲ ဖိတ်ကြားခွင့်ရှိသော ညွှန်ကြားချက်ကို ဖတ်ရင်း ယွမ်ကျိုး သက်ပြင်းချမိသည်။
သူ့လက်ရှိဟင်းချက်စွမ်းရည်နှင့် ယွမ်ကျိုးက ကျွမ်းကျင်စားဖိုမှူး ဖြစ်ထိုက်ပါသည်။
ယွမ်ကျိုးက ဖိတ်ကြားလွှာများကို ခဏလေးအတွင်း မည်သို့အသုံးပြုသင့်လဲ မသိ၍ ဘေးဖယ်ထားလိုက်ပြီး တွဲဖက်အဆာပြေမုန့်ကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။
တွဲဖက်အဆာပြေမုန့်တစ်ခုကို ဖွင့်ကြည့်လိုက်သောအခါ ယစ်ထုတ်များအကြိုက်မွှေးကြိုင်းမြေပဲ ဖြစ်နေသည်။
“စနစ်က ရက်စက်လိုက်တာ။ အစားအသောက် တစ်မျိုးတည်းလား” ယွမ်ကျိုးက တိတ်တဆိတ် ငြီးတွားသည်။
“ဘာပဲဖြစ်ဖြစ်ပါလေ မိုးရွာတုန်း ရေခံတယ်ပဲ သဘောထားပါ့မယ်” အရက်ဆိုင်ဖောက်သည်များ၏ ခဏခဏ တောင်းဆိုသံများကို တွေးမိသောအခါ စိတ်သက်သာရာ ရသွားသည်။
ညခင်း အရက်ဆိုင်ဖွင့်ချိန်တွင် ယွမ်ကျိုးက အစားအသောက်အသစ်ကို ထုတ်မရောင်းသေးပေ။ ချက်ပြုတ်နည်းကို သေချာ မလေ့ကျင့်ဘဲ မရောင်းချင်၍ ဖြစ်သည်။
“သူဌေးယွမ်၊ နင်က တကယ် လူဆိုးပဲ။ အရက်နဲ့ တွဲမြည်းလို့ရမယ့် အမြည်း မရောင်းပေးဘူး။ ဒီနေ့ ငါ့သူငယ်ချင်းကြီးကို ဆိုင်ခေါ်လာပေးတယ်”
ချန်ဝေက နွေရာသီဖက်ရှင်ကို သေသပ်ကျနစွာ ဝတ်ဆင်ထားသော အမျိုးသားကို လက်ညှိုးထိုးပြသည်။
“ဒီရက်ပိုင်းအတွင်းတော့ တွဲဖက်စားလို့ရမယ့် အမြည်းကို ရောင်းပေးမှာပါ” ယွမ်ကျိုးက မီးဖိုချောင်မှ ထလိုက်ပြီး လေးနက်စွာ ပြောသည်။
“ဒါဆိုရင်လည်း ငါလည်း ဘာအစားအသောက်မှ ယူလာစရာ မလိုတော့ဘူး” ဖန်ဟမ်က အလှဆင်ထားသော မုန့်ဘူးကို ညွှန်ပြသည်။
“ အရက်သောက်တော့မယ်။ မစောင့်နိုင်တော့ဘူး။ သောက်မယ် ရှန်ရှီ” ချန်ဝေက ကျေနပ်လောက်သော တုံ့ပြန်မှုကို ရရှိပြီးနောက် သူနှင့်အတူတူ ပါလာသော လူကို စေ့ဆော်သည်။
“သုန်သုန် ဘယ်မှာလဲ” ဖန်ဟမ်က သူစိမ်းကိုကြည့်ကာ မေးမြန်းသည်။
“သူက အလုပ်ကိစ္စပေါ်လာလို့ မလာတော့ဘူး။ ဒါနဲ့ လျန်ဖန်ကိုလည်း မတွေ့တာကြာပြီနော်” လူအုပ်စုကြီးကို ငေးကြည့်ရင်း ချန်ဝေက ပုံမှန်ဖော်သည် မိန်းမလှလေးကို ရုတ်တရက် တွေးမိသွားသည်။
“ဟုတ်တယ်။ မတွေ့တာကြာပြီ။ နောက်တစ်ခေါက်မှ ချန်ရှီးကို မေးကြည့်တာပေါ့” ဖန်ဟမ်က ပခုံးဆတ်ခနဲ တွန့်လိုက်သည်။ သူတို့က အရက် အတူတူ သောက်လေ့ရှိ၍ မိတ်ဆွေဟု ယူဆနိုင်သည်။
“သူက နေ့ခင်းဘက်လည်း ဆိုင်မလာဘူး” ယွမ်ကျိုးက ရုတ်ခြည်း ဝင်ပြောသည်။
“ဟုတ်လား။ နေ့ခင်းဘက်တောင် မလာဘူးလား” ထိုစကားသံကိုကြားပြီးနောက် ချန်ဝေ အတော်လေး အံ့ဩသွားသည်။
“အွန်း” ယွမ်ကျိုး ခေါင်းညိတ်သည်။
“အလုပ်ရှုပ်နေလို့ ဖြစ်မှာပါ။ အရက်သွားသောက်ကြမယ်” ဝူဟိုင်းက ခဏတုံ့ဆိုင်းပြီးမှ မျက်မှောင်ကြုတ်ကာ ပြောသည်။
“မင်းပြောတာမှန်တယ်။ ပျော်ပျော်ပါးပါး အရက်သောက်ကြတာပေါ့။ ဒါက ငါ့ညီအစ်ကိုလို ခင်ရတဲ့ သူငယ်ချင်း ရှန်ရှီးပဲ။ သူက မသောက်တတ်ဘူး အနံ့ရှုဖို့ ရောက်လာတာလေ”
သူ့သူငယ်ချင်း လိုက်လာသည့် ရည်ရွယ်ချက်ကို ထုတ်ပြောသည်။
“ဒါက မသေချာတော့ပါဘူး။ ၂၀ရာခိုင်နှုန်းလောက်ပဲ သေချာတော့တယ်။ ငါ သောက်မယ်ဆိုရင် မင်းမပြုံးနိုင်တော့ဘူးမလား”
“ဒါတော့ မင်း စကားမတည်တာပဲ။ ငါ တကယ် မပြုံးနိုင်တော့ဘူး” ချန်ဝေက လေးနက်စွာ ပြောသည်။
“အဲဒီလိုလည်း မဟုတ်ရပါဘူး။ မင်းကောင်းဖို့အတွက်ပါ။ အရက် လျှော့သောက်တော့ ကျန်းမာရေးအတွက် ကောင်းတာပေါ့” ရှန်ရှီးက လေးနက်စွာ ပြောသည်။
“ဒီလမ်းအတိုင်းကြွရောက်ပေးပါ” ရှန်မင်က လမ်းပြသည်။
ထို့နောက် သူတို့အုပ်စုက တစ်ယောက်ပြီးတစ်ယောက် အရက်ဆိုင်သို့ ဝင်ရောက်သည်။ ဝူဟိုင်းမှလွဲ၍ လူတိုင်းက အရက်သောက်ရမည့် အခွင့်အရေးကြောင့် ပျော်ရွှင်နေသည်။
အပိုင်း(၂၉၀)
ပြီးပါပြီ။
၂၉၁ မှ ၂၉၅
ယွမ်ကျိုး အပိုင်း(၂၉၁)
ယောက်ျားတွေက အရက်သောက်ရင်း စကားပြောကြသည်။ အမျိုးသမီးများနှင့် အမျိုးသားများ၏အဓိက ကွာခြားချက်က အမျိုးသမီးများက သူတို့အကြောင်း ပြောလျှင်ပြော မပြောလျှင် တခြားသူ၏အတင်းကို တုပ်လေ့ရှိသည်။
ယောက်ျားအများစုက တစ်ယောက်နှင့် တစ်ယောက် ဟာသ ပြောဆိုရင်း အမြည်းအကြောင်းသာ ပြောဆိုကြသည်။
ချန်ဝေ၏သူငယ်ချင်း ရှန်ရှီးက သူကတိအတိုင်းပင် အရက်မသောက်ခဲ့ပေ။ အရက်ပါဝင်မှုနှုန်း နည်းပါးလွန်း၍ သောက်ရန် စိတ်မဝင်စားခြင်း ဖြစ်သည်။
ညဉ့်လယ်အထိ ယွမ်ကျိုးက ပြတင်းပေါက်နားမှာ မတ်တတ်ရပ်ပြီး ရှန်မင် နောက်ဆုံးကားပေါ် တက်သွားသော မြင်ကွင်းကို စောင့်ကြည့်နေသည်။ ဤသည်ကား သူ၏နိစ္စဒူဝ အလုပ်ဖြစ်သည်။ ယွမ်ကျိုး၏ညစဉ် အလေ့အကျင့်လည်း ဖြစ်သည်။
…
နောက်တစ်နေ့ မနက်အစောပိုင်းတွင် ယွမ်ကျိုးက အိပ်ရာစောစောထကာ လမ်းလျှောက်ထွက်သည်။
“ထူးထူးခြားခြား မရှိပေမဲ့ ထူးဆန်းနေသလို ခံစားရတယ်။ သူ မလာတော့ဘူးလား” ယွမ်ကျိုးက မော်ကြွားသော သူခိုးအကြောင်း တွေးနေမိသည်။
“စနစ်၊ မနေ့ညတုန်းက ဒီနေရာကို ဘယ်သူမှ မလာဘူးလား”
ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် စနစ်ကို ဒဲ့မေးလိုက်သည်။
စနစ် “ သူ ဒီနေရာမှာ ရှိနေပါတယ်”
အနှေးလမ်းလျှောက်နေစဉ် ယွမ်ကျိုးက စနစ်က ဖော်ပြသော ဗီဒီယိုကို ကြည့်သည်။
“ဒီကောင် အရမ်းကို ဗရုတ်ကျလွန်းတယ်”
ယွမ်ကျိုး အားရပါးရ ထအော်ရယ်မိသည်။ တကယ် ရယ်စရာကောင်းနေသည်။
သူခိုးရောက်လာသည် မနက် ၂နာရီ ၄၀မိနစ် အချိန်ကို စနစ်က မှတ်တမ်းတင်ပေးထားသည်။ အမည်းရောင် အားကစားဝတ်စုံနှင့် အတွေ့အကြုံရှိသော လူတော်ပုံစံ ဖမ်းထားသည်။
သူက ခွေးစွပ်ပြုတ်ကို သတိထားမိ၍ ခွေးကြိုက်သော ပေါင်မုန့် အသားညှပ် ကြိုပြင်ဆင်လာသည်။
စွပ်ပြုတ်က အငိုက်မိ မခံဘဲ မြေကြီးပေါ်မှာ တိတ်တဆိတ် လှဲလျောင်းရင်း သတိထားဟန်ဖြင့် ငေးစိုက်ကြည့်နေသည်။
“ဟေ့ စားလေ။ ညဘက်ဆိုတော့ ဗိုက်ဆာနေမှာပေါ့”
မော်ကြွားသောသူခိုးက မုန့်ကိုဖောက်ပြီး ခွေးကို ပစ်ကျွေးသည်။
သို့သော်လည်း ထက်မြက်သောစွပ်ပြုတ်က သူ့အစာကို ဂရုမစိုက်ဘဲ သတိထားဖြင့် သူ့ကို ကြည့်နေသည်။
သို့တိုင် သူ့မှာ တခြားနည်းလမ်း ရှိနေသေးသည်။
ထို့နောက် သူက ဖြန်းဆေးဘူးကို ထုတ်လိုက်ပြီး စွပ်ပြုတ်၏မျက်နှာကို ရေဖြန်းလိုက်သည်။ အဆိပ်ရည် မဟုတ်၍ စွပ်ပြုတ်က ခဏလေးအတွင်း ပြန်နိုးလာလိမ့်မည်။
စွပ်ပြုတ် မြေကြီးပေါ် လဲကျသွားမှ မော်ကြွားသူက သူ့အစီအစဉ်ကို အကောင်ထည်ဖော်သည်။ သူ့လက်ကို သုတ်လိုက်ပြီး အရက်ဆိုင် နောက်ဘေးနံရံတွယ်တက်ရန် ကြိုးစားသည်။
အရက်ဆိုင်မှ တဆင့် စားသောက်ဆိုင်ထဲ ဝင်ရောက်ရန် ကြံစည်ထားသည်။
ထို့နောက် ယွမ်ကျိုးက အရယ်ရဆုံး နံရံတွယ်တက်နည်းကို မြင်တွေ့ရသည်။
အစပိုင်းတွင် မော်ကြွားသူက နံရံပေါ် အေးအေးဆေးဆေး တက်နိုင်သော်လည်း သူ့မျက်နှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။ နံရံပေါ်မှ ချော်ကျသွား၍ ဖြစ်သည်။
တစ်စုံတစ်ယောက်က နံရံပေါ်မှာ ဆီလောင်းထား၍ လက်ချော်သွားသည်ဟု ခံစားမိသည်။
မော်ကြွားသူက သူ့လက်ကို ကြည့်ကာ နံရံထိပ်ကို ကြည့်သည်။
“စိတ်ဝင်စားစရာပဲ။ နံရံတက်လို့ မရဘူးဆိုတာ မယုံကြည်ဘူး”
မော်ကြွားသူက သူ့လက်ကို အဝတ်ကြမ်းဖြင့် သုတ်ကာ နံရံပေါ် ထပ်တက်သည်။
လက်မှာ ဆီမပေကျံတော့၍ နံရံပေါ် တက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့တိုင် သူမျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူက စွပ်ပြုတ်ပေါ် ပြုတ်ကျသွားသည်။ သူ ပြုတ်ကျသည့် အရှိန်ကြောင့် ခွေးလေးစွပ်ပြုတ် နိုးသွားသည်။
“ဝူ ဝူ ဝုတ်” ခွေးစွပ်ပြုတ်က ဒေါနှင့်မောနှင့် ဟောင်ပြီး သူ့ကို ကိုက်ရန် ကြိုးစားသည်။
မော်ကြွားသူက လျင်မြန်စွာ တုံ့ပြန်၍ ကံကောင်းသွားသည်။ သူက နံရံပေါ် ခုန်တက်သော်လည်း တစ်စက္ကန့်ပင်မကြာ ပြုတ်ကျလာသည်။
ထို့နောက် ခွေးစွပ်ပြုတ်က သူ့ကို ကိုက်ရန် ဟန်ပြင်သည်နှင့် သူက နံရံပေါ် ခုန်တက်ရန် အကြိမ်ကြိမ် ကြိုးစားသည်။ ထို့နောက် စွပ်ပြုတ်က သူ ပြုတ်ကျလာမည့် နေရာမှာ အသင့်စောင့်ဆိုင်းပြီး သူ့ကို ကိုက်ရန် ဟန်ပြင်သည်။
ရယ်စဖွယ်မြင်ကွင်းကြောင့် ယွမ်ကျိုးက အကျယ်ကြီး အော်ရယ်ချင်စိတ်ကို ထိန်းချုပ် မရပေ။
ခွေးနှင့် သူခိုး ထိပ်တိုက်ရင်ဆိုင်မှုက တစ်နာရီခန့်ကြာခဲ့သည်။ သူခိုးက ခွေး၏မလျှော့စတမ်း ရန်လိုမှုမှ အောင်အောင်မြင်မြင် လွတ်မြောက်သွားသည်။
“တကယ် အရည်အချင်းရှိတဲ့လူပဲ” ယွမ်ကျိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
မော်ကြွားသူ၏ ခြေရာဖျောက်နိုင်စွမ်းကြောင့် မည်သူမှ သူ့ကို မိအောင် မဖမ်းနိုင်ချေ။
“မင်္ဂလာနံနက်ခင်းပါ သူဌေးယွမ်” ယွမ်ကျိုးက မျက်နှာပိုးပြင်လိုက်ပြီး တည်ငြိမ်သောအမူအရာကို ဖော်ပြသည်။
“သူဌေးယွမ်၊ နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲ” ယွမ်ကျိုး၏လေးနက်သော မျက်နှာအမူအရာကြောင့် ဟွမ်လင်က မေးမြန်းခြင်း ဖြစ်သည်။
“နေကောင်းပါတယ်။ အစားအသောက်အရသာမြည်းဖို့အတွက် မင်းကို ဖိတ်ချင်လို့” ယွမ်ကျိုးက ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း လေးနက်သော အမူအရာကို သရုပ်ဖော်သည်။ သို့တိုင် သူ့အမူအရာက ကြည့်မကောင်းပေ။
“တကယ်လား။ ကျွန်မကိုလား” ဟွမ်လင်က မယုံကြည်နိုင်ဟန် ပြောသည်။
“ဟုတ်တယ်။ မင်းတို့မောင်နှမကို ဖိတ်တာပါ” ယွမ်ကျိုးက ခေါင်းညိတ်ကာ လေးနက်စွာ ပြောသည်။
“ဘာလို့လဲ” ဟွမ်လင်က နားလည်ရခက်သော အမူအရာဖြင့် မေးမြန်းသည်။
“မနက် အိပ်ရာထထချင်း ပထမဆုံးတွေ့တဲ့လူနဲ့ သူ့မိသားစုကို ဖိတ်ခေါ်တာပဲ။ ဒါက ငါ့စည်းမျဉ်းပဲ” ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့် ပြောသည်။
“ဒါပေမဲ့ ကျွန်မက ကျွမ်းကျင် အစားအသောက်ဝေဖန်သူ မဟုတ်ဘူး။ အသုံးဝင်တဲ့ အကြံပြုချက်တော့ ပေးနိုင်မှာပါ” ဟွမ်လင်က တုန်လှုပ်သော အမူအရာဖြင့် ပြောသည်။
“ငါ့အစားအသောက်တွေက စားသုံးသူတွေအတွက်လေ” ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးပြောရင်း လမ်းဆက်လျှောက်နေသည်။
“ဒါပေမဲ့” ဟွမ်လင်က သူ့ကို စကားဖြတ်ပြောသည်။
“မနက်ဖြန် မနက် ၁၁နာရီ ၄၀မိနစ် မင်းရဲ့မောင်လေးနဲ့အတူတူ ဆိုင်ကို လာခဲ့ပါ။ နောက်မကျစေနဲ့” ယွမ်ကျိုးက အချိန်အတိအကျ သတ်မှတ်ပေးသည်။
“အမ်၊ အိုကေပါ။ စိတ်အနှောင့်အယှက်ပေးမိရင် အားနာမိပါတယ်” ဟွမ်လင်က ခဏတုံ့ဆိုင်းပြီးမှ သဘောတူလိုက်သည်။
“အွန်း” ယွမ်ကျိုးက ခေါင်းညိတ်ကာ ခပ်လှမ်းလှမ်း ပြေးသွားသည်။
ကိစ္စတစ်ခုပြီးတစ်ခု ပြီးမြောက်သွား၍ ယွမ်ကျိုး အတော်လေး ပျော်ရွှင်မိသည်။
ယွမ်ကျိုးက စိတ်ကြည်လင်နေ၍ အရသာရှိသော အစားအသောက်ကို ချက်ပြုတ်သည်။ ဤတစ်ကြိမ်တွင် မနက်ခင်း ရောင်းချမည့် အစားအသောက်က ရှောင်လုံပေါင်း ဖက်ထုပ်ဖြစ်သည်။
“ဟေ့ အဘိုး။ မတွေ့တာကြာပြီနော်”
ဝူဟိုင်းက အရှေ့ဘက်တန်းမှာ တန်းစီနေသော အဘိုးအဘွားလင်မယားကို တအံ့တဩ ငေးကြည့်သည်။
“ဟုတ်တယ်။ ဆိုင်မလာတာ ကြာပြီ”
အဘိုးက သူ့မိန်းမကိုပါ ခေါ်လာနိုင်၍ ပျော်ရွှင်နေသည်။
“မွှေးကြိုင်းနေပုံအရ ဖက်ထုပ်ပဲ ဖြစ်ရမယ်” အဘိုးအိုက အစားအသောက်ကို အာရုံခံနေသည်။
“ကျွန်တော်လည်း အဲလိုပဲ ထင်တယ်” ဝူဟိုင်းကလည်း ခေါင်းညိတ် သဘောတူသည်။
“မိန်းမချောလေး မလာတော့ပါလား” ရှေ့နောက် ထပ်တလဲလဲ ကြည့်ရင်း အဘွားက ရုတ်တရက် ပြောသည်။
“သူ မလာတာကြာပြီလေ” သူ့ပန်းချီကားထဲမှ ကောင်မလေးပုံရိပ်ကို ပြန်လည်မြင်ယောင်မိသောအခါ သူ့မျက်နှာပေါ်မှ ပျော်ရွှင်မှု ပျောက်ကွယ်သွားသည်။ ထို့နောက် သူက ပေါ့ပါးစွာ ပြောသည်။
“တစ်ခုခု လုပ်နေလို့ ဖြစ်မှာပေါ့” လင်းဟုန်က ဝင်ပြောသည်။
ယွမ်ကျိုး၏ပုံမှန်ဖောက်သည်များ တစ်စထက်တစ်စ ပိုများပြားလာပြီး လူတန်းရှည်ကြီး ဖြစ်သွားသည်။
ထိုစဉ် ဆိုင်တံခါးကို ရှန်မင် ဖွင့်လိုက်သည်။
“ဆိုင်ဖွင့်ပါပြီ။ ဝင်လို့ရပါပြီ”
“ဆိုင်ဖွင့်ပြီကွ။ ငါတို့တွေ ဆိုင်လာစားတာနဲ့ စွပ်ပြုတ် စားခွင့်ကြုံတာပဲ။ ကံကောင်းတယ်လို့ ပြောရမယ်” အဘိုးအိုက ပျော်ရွှင်စွာ ပြောသည်။
“ဒါပေါ့။ ဒီမြို့မှာ ငါ့သားဆိုင်မှာ ရောင်းတဲ့ ဖက်ထုပ်က အကောင်းဆုံးပဲ” အဘွားအိုကလည်း ချီးမွမ်းသည်။
သို့သော်ငြားလည်း ဝူဟိုင်းက စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ပျော်ရွှင်သော အမူအရာ မတွေ့ရပေ။
အပိုင်း(၂၉၁)
ပြီးပါပြီ။