အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
ယွမ်ကျိုး အပိုင်း(၂၉၅)
ဖန်ဟမ်က မြေပဲစေ့ကို ယူကာ သူ မနှစ်သက်သော ငရုပ်သီးစေ့များကို ဖယ်ထုတ်ပစ်လိုက်သည်။
မြေပဲစေ့ သူ့ခံတွင်းထဲ ဝင်ရောက်သွားသောအခါ သူ စားခဲ့ဖူးသော ယစ်ထုပ်မြေပဲနှင့် ခြားနားကြောင်း သဘောပေါက်သွားသည်။
သူ့ဆိုင်ကမြေပဲကို ဆီဖြင့် နှစ်ကြိမ်တိတိကြော်ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်းများ ရောထည့်သည်။
နှစ်ကြိမ်တိတိ ကြော်လှော်ထား၍ မြေပဲကကြွတ်ဆပ် မွှေးကြိုင်းသည်။ ထို့အပြင် အစပ်အရသာက အရမ်းအသာရှိသည်။ မြေပဲကိုဝါးရင်း အပေါ်ယံအဆီလွှာကို ဦးစွာ ခံစားမိသည်။
သို့သော်ငြားလည်း ယနေ့ခေတ်တွင် ကျန်းမာရေးအတွက် အဆီလျှော့စားလေ့ရှိ၍ မြေပဲကြော်မှာ ဆီသိပ်မထည့်တော့ပေ။
ယွမ်ကျိုး၏လက်ရာမြေပဲက သူတို့ဆိုင်က လက်ရာနှင့် ခြားနားသည်။
“အီစိမ့်တဲ့အရသာကို မခံစားမိဘူး”
“သူဌေးဖန်၊ ဒီမြေပဲက ခင်ဗျားမြေပဲထက် ပိုအရသာရှိတယ်” ချန်ဝေက စားရင်းပြောသည်။
ချန်ဝေ၏ဝေဖန်မှုက မှန်ကန်သည်။ မြေပဲက တကယ်အရသာရှိသည်။ မြေပဲအခွံခွာခြင်းမှစ၍ ယွမ်ကျိုးက သူ့ဘာသာသူ လုပ်ဆောင်သည်။
“ဒီကနေ့ မင်းကို အရက်တိုက်တဲ့လူက ငါဆိုတာ သိဦး”ဖန်ဟန်က ချန်ဝေကို ဟန်ပါပါကြည့်လိုက်သည်။
“သူ့ကို လျစ်လျူရှုထားလိုက်။ အဲဒီလူက ကျေးဇူးကန်းတဲ့ကောင်” ဘေးနားက ရှန်ရှီက အားမနာစတမ်း ဝေဖန်သည်။
“ကောင်စုတ်၊ မင်းက ငါ့သူငယ်ချင်း မဟုတ်ဘူးလား” ချန်ဝေက ဆွံ့အသောအမူအရာကို ဖော်ပြသည်။
“ဒါပေါ့ ဟုတ်တယ်လေ။ ဒါပေမဲ့ ဧည့်သည်က အိမ်ရှင်ကို စော်ကားတဲ့စကားမျိုး မပြောသင့်ဘူးလေ” ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှားသော ပလက်စတစ်လက်အိတ်လေးဖြင့် မြေပဲကို ကိုင်ရင်း ပါးစပ်ထဲထည့်နေသည်။
“ဟဲဟဲ။ ငါ မင်းကို ဒီနေရာခေါ်လာတာ မမေ့သင့်ဘူး” ချန်ဝေက မကျေနပ်ဟန် ရေရွတ်သည်။
“နင် ပြောတာ ငါ မကြားဘူး” ရှန်ရှီက ပခုံးဆက်ခနဲ တွန့်ကာ ဖြည်းဖြည်းချင်း စားသည်။
အရင်ဆုံး စစားသည့် လင်းဟုန် နှင့် ဝူဟိုင်းက တခြားသူပန်းကန်ကို နှိုက်စားရန် ကြံရွယ်ထား၍ သူတို့မြေပဲကို မြန်မြန်စားနေခြင်း ဖြစ်၏။
ဟာသပဲ။ တခြားသူပန်းကန်ထဲက နှိုက်မစားလျှင် သူတို့ပန်းကန်ထဲပါသော မြေပဲနည်းနည်းလေးကြောင့် သူတို့ဗိုက်မဝပေ။
စုမူ နှင့် ကျန်းချန်ရှီက မစားသေးဘဲ မြေပဲပန်းကန်ကို လေ့လာနေသည်။
“ချန်ရှီ၊ မြေပဲက တကယ်အရသာရှိပေမဲ့ မိန်းကလေးတွေက အများကြီး မစားရင် ပိုကောင်းမယ်” စုမူက ပါးချိုင့်ပေါ်အောင် ပြုံးရင်းပြောသည်။
“နင်ပဲ အများကြီး မစားသင့်တာပါ။ အဲဒီဟင်းက စပ်တော့ နင့်မျက်နှာ ဝက်ခြံပေါက်သွားရင် မကောင်းဘူးလေ” ကျန်းချန်ရှီက စုမူကို မနှစ်မြို့သောအကြည့်ဖြင့် ကြည့်သည်။
“အတွေးမလွန်နဲ့။ ယောက်ျားတွေက ဝက်ခြံပေါက်စရာလား”စုမူက ပေါ့ပါးစွာ ပြုံးလိုက်ပြီး ရှင်းရှင်းလင်းလင်း ပြောသည်။
“အတ္တကြီးတဲ့လူတွေက ကိုယ့်ဘာသာကိုယ်ပဲ အကောင်းမြင်တတ်တာလေ။ ငါက အဲဒီလိုလူတန်းစားမျိုး မဟုတ်ပါဘူး” စုမူက ဝေဖန်သည်။
“ဟုတ်လို့လား။ ငါတော့ နင့်ကို အတ္တသမားလို့ပဲ ထင်မိတယ်” ကျန်းချန်ရှီက အတော်လေး ဆွံ့အသွားသည်။
သူ့မြင်ကွင်းထဲရောက်နေသော စားကောင်းသောက်ဖွယ်က သူ့အစာအိမ်ကို ကယ်တင်ပေးနိုင်၍ မြန်မြန်စားမိသည်။
မြေပဲတစ်ခုပြီးတစ်ခု ပါးစပ်ထဲထည့်သည်။ မြေပဲကို ဝါးရင်း အချိုအရသာက ခံတွင်းထဲ ပြန့်သွားသည်။ အရက်လေးသောက်လိုက် မြေပဲလေးဝါးရင်း တကယ်ကို နတ်ဘုံနတ်နန်း ရောက်နေသဘိ ခံစားမိသည်။
“ကောင်းတယ်ကွာ” ချန်ဝေက သူ့တည်ကြည်သောအမူအရာကိုပင် ဟန်မကိုယ့်နိုင်တော့ဘဲ အကျယ်ကြီး ထအော်သည်။
“အမြည်းနဲ့တွဲစားလိုက်ရမှ အရက်ပြင်းပြင်း သောက်ခွင့်ရသလို ခံစားမိတယ်။ မိုက်တယ်ကွာ” ချန်ဝေက ခွက်ကို အောက်ချထားလိုက်ပြီး ကျေနပ်တင့်တိမ်ဟန် ပြောသည်။
“အဲလို မဟုတ်ဘူး။ အရက်နဲ့တွဲစားမှ မြေပဲက ပိုအရသာရှိသွားတာ။ ဒါကို အရက်သမားတွေကြိုက်တာ မဆန်းကြယ်ပါဘူး။ အရက်နဲ့ မြေပဲက တကယ်ကို လိုက်ဖက်တယ်” စုမူက ကြားဖြတ်ပြောသည်။
“မင်းလို လူငယ်က ဘာများ သိမှာမလို့လဲ” ချန်ဝေက ပိန်ပိန်ပါးပါးစုမူကို သဘောမတွေ့ချေ။
“ခင်ဗျားက ကိုယ်သိကိုယ်တတ် ဖြစ်နေသလို့လား” စုမူကလည်း ပြန်လည်ချေပသည်။
“အရက်နဲ့ မြေပဲက နဂိုတည်းက တွဲစားလို့ အဆင်ပြေတာပါ” ဝူဟိုင်းကလည်း ကျန်းချန်ရှီ၏မျက်နှာကြောင့် စုမူဘက်မှ ထောက်ခံသည်။
“ဒါပေါ့။ ငါက မင်းထက်တော့ ပိုသိပိုကျွမ်းတယ်” ချန်ဝေက ပျော့တိပျော့ဖက်စုမူကို လုံးဝ အလျှော့မပေးချေ။
“ချန်ဝေ၊ ငါ့မောင်လေးက စကားပြောမတတ်လို့ပါ” ကျန်းချန်ရှီက ပြုံးရွှင်စွာ ပြောသည်။
“မြေပဲနဲ့တွဲစားလိုက်မှ ဒီအရက်က အရက်ပြင်းပြင်းပုံစံပေါက်သွားတယ်လို့ ငါ ပြောရင် လက်ခံလိုက်ပေါ့” ချန်ဝေက သူ မှန်ကန်ကြောင်း အပီအပြင် ပြောဆိုသည်။
“ဘာမဟုတ်တာလေးနဲ့ ငြင်းခုံနေကြတယ်။ တော်ကြပါတော့။ သောက်စရာရှိတာ ဆက်သောက် စားစရာရှိတာ ဆက်စားကြ” ဝူဟိုင်းက ကြားဝင်ဖြန်းဖြေသည်။
“ဟုတ်ပြီ ငါ့စိတ်ငါ ထိန်းချုပ်လိုက်မယ်။ ဒီလို အသေးအဖွဲ့ကိစ္စအတွက်နဲ့ မငြင်းခုံတော့ဘူး” စုမူက သူ့ပါးသူ ပွတ်သပ်ရင်း အရက်ဆက်သောက်သည်။
“မင်းတို့ဘာသာ ငြင်းခုံတာ ငါနဲ့ မဆိုင်ဘူးလေ။ ဘာလို့ ငါ့အရက်ကို ယူရသလဲ” ဖန်ဟန်၏စူးစူးဝါးဝါး အော်သံ ထွက်ပေါ်လာသည်။
“ဟဲဟဲ၊ အပြစ်တင်မစောပါနဲ့” ချန်ဝေက အရက်တစ်ဝက်ခန့်ပါသော ခွက်ကို ကိုင်ဆောင်ရင်း ဝူဟိုင်းနှင့် လင်းဟုန်တို့အနား သွားသည်။
“ခပ်ဝေးဝေးနေစမ်း၊ ခင်ဗျားက အရက်သူခိုးပဲ။ ခင်ဗျားအတွက် ခွဲတမ်းမရှိဘူး” လင်းဟုန်က ဝိုင်ပုလင်းကို လျင်မြန်စွာ သယ်လိုက်ပြီး သူ့ထံမှ အရက်ပုလင်း လုသွားမည်ကို စိုးထိတ်နေသည်။
အပိုင်း(၂၉၅)
ပြီးပါပြီ။
၂၉၆ မှ ၃၀၀
ယွမ်ကျိုး အပိုင်း(၂၉၆)
"ယွမ်ကျိုးရဲ့ယစ်ထုပ်မြေပဲ အရသာက ဘယ်လိုလဲ စားကောင်းရဲ့လား စားသုံးသူတွေအတွက် လောက်ငှရဲ့လား" ဖန်ဟမ်က သူ ယူလာသောမြေပဲကို ထုတ်လိုက်သည်။
"လာလေ စမ်းစားကြည့်ဦး" ဖန်ဟမ်က ရက်ရက်ရောရော ကမ်းလှမ်းသည်။
"မင်း ကြော်လာတာလား" အရက်ခွက်ကိုင်ရင်း ချန်ဝေက လည်ပင်းစောင်းငဲ့ကာ မေးမြန်းသည်။
"မဟုတ်ပါဘူး။ ငါ့အရက်ဆိုင်က ယူလာတာလေ" ဖန်ဟမ်က အားကြိုးမာန်တက် ပြောသည်။
"ဒါဆိုရင်တော့ အတူတူ စားကြည့်တာပေါ့" ချန်ဝေက တခြားသူများကိုလည်း ဖန်ဟမ်ယူလာသော မြေပဲစားကြည့်ရန် တိုက်တွန်းသည်။
"မြေပဲ အပြင်အဆင်ကတော့ သူဌေးယွမ်လောက် မကောင်းဘူး"
သူ့အနီးနားမှာ ထိုင်နေသော ရှန်ရှီက မြင်မြင်ချင်း ပွင့်လင်းစွာ ပြောသည်။
"တကယ်ပြောတာ။ မြေပဲတွေက ပုံစံမပျက် မရှိတဲ့အပြင် အရွယ်အစားလည်း မတူဘူး" ဝူဟိုင်းက ပိုင်နိုင်စွာ ပြောသည်။
"သူဌေးယွမ်ရဲ့မြေပဲလို မမွှေးဘူး" လင်းဟုန်က ချေးများသော လေသံဖြင့် ပြောသည်။
"အရောင်တောက်နေတော့ ဆီများတဲ့ပုံပဲ" ကျန်းချန်ရှီက ချီတုံ့ချတုံ့ ပြောသည်။
"အမ်၊ ဒီမြေပဲစေ့မှာ အစက်အပျောက်လေးတွေ ဘာလို့ရှိနေသလဲ" အမြင်စူးရှသောစုမူက မြေပဲစေ့ပေါ်မှ အမဲစက်ကို ချက်ချင်း မြင်သွားသည်။
"တော်လိုက်တော့ စားချင်စား မစားချင်နေတော့ မစားရင်လည်း ပေါက်ပန်းလေးဆယ် မပြောစမ်းနဲ့" ဖန်ဟမ်က မကျေမနပ်ပြောဆိုသည်။
ဤလူတစ်စုက သူ့ကိုလေးစားမှု မရှိသည့်အပြင် သူ ယူလာသော မြေပဲကို ပစ်တင်ပြောဆိုနေသည်။
"ဟုတ်တယ် ဟုတ်တယ် ငါစားမယ်။ မင်းက ငါတို့ကို ရက်ရက်ရောရော ကျွေးတော့လည်း ငါတို့က စမ်းစားကြည့်ရမှာပေါ့" လင်းဟုန်က အရေးတကြီး ဆုံးဖြတ်ချက် ချမှတ်လိုက်သကဲ့သို့ လေးနက်စွာ ပြောဆိုသည်။
"ဒါလည်း ထိပ်တန်းအရည်သွေးရှိတဲ့ ယစ်ထုပ်မြေပဲ။ ငရုပ်သီးစေ့လေးတွေတောင် ဖယ်ပေးထားတယ်"
ဖန်ဟမ်က သူ့ဦးခေါင်းကို လက်ဖြင့်ကွယ်ကာ ခေါင်းကိုက်သော အမူအရာကို ဖော်ပြသည်။
"အဲဒီလိုတော့ မပြောသင့်ဘူးလေ။ သူဌေးယွမ်ရဲ့ယစ်ထုပ်မြေပဲထဲပါတဲ့ ငရုပ်သီးစေ့တွေ တစ်စေ့မကျန်အောင် ငါတို့အားလုံး စားလိုက်တယ်။ စားကောင်းတယ် အရသာရှိတယ်" စုမူက မဆိုင်းမတွ ပြောဆိုသည်။
ထို့နောက် တခြားသူအားလုံးကလည်း ထောက်ခံကြသည်။
"မင်းတို့ကောင်တွေ ငါ့မြေပဲကို မကြိုက်ရင်လည်း မစားကြပါနဲ့။ ငါ့အတွက် ချန်ထားလိုက်တော့။ ငါ သိမ်းလိုက်တော့မယ်"
ချန်ဝေကို သူ့အရက် သောက်ခွင့်ပေးလိုက်ခြင်းက အမှားကြီးတစ်ခု ကျူးလွန်လိုက်ခြင်းဟုပင် ခံစားမိသည်။
"ငါ စားနေတယ်လေ" ရှန်ရှီက မျက်မှောင်ကြုတ်ကာ ဆောင့်ကြီးအောင့်ကြီးဖြင့် မြေပဲ ဝါးနေသည်။
ဖန်ဟမ်က စကားပြောချင်စိတ်ပင် ကုန်ခမ်းသွားသည်။
အရက်ဆိုင်ဖွင့်ချိန် သုံးနာရီ ကုန်ဆုံးသွားသည်။ ထိုစဉ်အတောအတွင်း ရှန်မင်က သူ့နေရာမှာပင် တိတ်တဆိတ်ထိုင်ကာ အိမ်စာလုပ်နေသည်။
တက္ကသိုလ်က အိမ်စာ သိပ်မပေးမှန်း ယွမ်ကျိုး သိသည်။ ရှန်မင် အလုပ်ဆင်းချိန်ထိ အိမ်စာလုပ်လေ့ရှိသည်။
ဖောက်သည်အားလုံး ပြန်သွားပြီးနောက် သူမက အရက်ဆိုင်ကို သန့်ရှင်းရေး ပြုလုပ်ပြီး ဆေးကြောစရာရှိသောခွက် နှင့် ပန်းကန်ကို မီးဖိုချောင်ပို့သည်။
"ဒါတွေ မီးဖိုချောင်ယူသွားဖို့ မလိုအပ်ဘူး။ တံခါးပိတ်ပြီး ပြန်တော့" ယွမ်ကျိုးက ရှန်မင်ကို တားသည်။
"ရပါတယ်။ ကျွန်မမှာ အချိန်ရှိပါသေးတယ်" ရှန်မင်က နာရီကို ကြည့်လိုက်ပြီး ယုံကြည်မှုလွန်ကဲစွာ ပြောသည်။
"မလိုအပ်ပါဘူး။ ပြန်တော့" ယွမ်ကျိုး ခေါင်းခါသည်။
"အမ် ဟုတ်ကဲ့ ဘိုင့်ဘိုင် သူဌေး" ယွမ်ကျိုး၏လေးနက်သော အမူအရာကြောင့် ရှန်မင်က စကားဆက်မပြောတော့ပေ။ သူမက ဆုံးဖြတ်ချကိပိုင်နိုင်စွာဖြင့် ပန်းကန်ပြားကို ချထားပြီး ထွက်သွားသည်။
ဒုတိယထပ်မှာ မတ်တတ်ရပ်ရင်း ယွမ်ကျိုးက ရှန်မင် နောက်ဆုံးကားပေါ်တက်သွားသော မြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
"ဖိတ်ကြားလွှာကိစ္စကို စဉ်းစားသင့်ပြီ" အရက်ဆိုင်ကို သန့်ရှင်းရေးပြုလုပ်နေရင်း ယွမ်ကျိုးက သူ့ဘာသာသူ ရေရွတ်သည်။
အရက်ဆိုင်ဖောက်သည်များက စည်းကမ်းရှိ၍ သန့်ရှင်းရေး သိပ်လုပ်စရာ မလိုအပ်ချေ။
သန့်ရှင်းရေးပြုလုပ်ပြီးနောက် ယွမ်ကျိုးက အနားယူရန် သူ့အိပ်ခန်းသို့ ချက်ချင်း မပြန်ခဲ့ပေ။ ထို့အစား သူက ဖိတ်ကြားလွှာကို ထုတ်ကာ မည်သူကို ဖိတ်ကြားသင့်လဲ တွေးတောနေခဲ့သည်။
သိပ်မရင်းနှီးသူများ၏ ပုံရိပ်က ယွမ်ကျိုး၏စိတ်ထဲ စွဲထင်ကျန်ရစ်နေသည်။
ဘောပင်လှည့်ရင်း လူရွေးချယ်နေသည်။ ဤအကျင့်က အလယ်တန်းကျောင်းသားဘဝတည်းက အကျင့်ဖြစ်သည်။
သူ ရုတ်တရက် အတွေးပေါက်သွားသည်။
"ဟုတ်တယ်။ သူပဲ။ သူ လာမလား စောင့်ကြည့်ရမယ် သူလာရင်တော့ တကယ်ကို မိုက်ပြီပဲ"
ယွမ်ကျိုး မာကျာ နာမည်ကို ဖိတ်စာမှာ ဖြည့်လိုက်သည်။
သူမက ယွမ်ကျိုး တစ်ခါသာ မြင်ဖူးသော ဇာတ်လမ်းတွဲ မင်းသမီး ဖြစ်သည်။
"အဲဒီမိန်းကလေး လာပါ့မလားပဲ" ယွမ်ကျိုးက ဖိတ်ကြားလွှာကို သိမ်းဆည်းကာ ဒုတိယထပ်မှာ ထားရန် စီစဉ်သည်။
ထိုစဉ် ကတ်ပေါ်တွင် ပြောင်းလဲမှု ဖြစ်ပေါ်သွားသည်။
စာရွက်ပေါ်က သူ့လက်ရေးက ပုံနှိပ်စာလုံးအဖြစ်ပြောင်းလဲပြီး နေရာလွတ်တွင် မာကျာ၏ဓာတ်ပုံတဖြည်းဖြည်းချင်း ပေါ်လာသည်။
သူ သေချာကြည့်မှ မာကျာဓာတ်ပုံမှန်း သိသွားသည်။
"အခုဆိုရင် ပို့စကတ်လေးနဲ့ တူသွားပြီ။ အံ့ဩစရာပဲ" ယွမ်ကျိုးကို ဖိတ်စာကို စပ်စုနေသည်။
"တခြားဖိတ်စာတွေလည်း နောက်နောင် အဲဒီလို ပြောင်းသွားမလားပဲ" ယွမ်ကျိုးက ထူးခြားသောဖိတ်စာကို ကိုင်ရင်း စပ်စုသည်။
စနစ် "ဟုတ်တယ်"
"သုံးရက်ကြာရင် မာကျာ လာပါ့မလား။ ငါဖိတ်မှန်းရော သိပါ့မလား" ယွမ်ကျိုးက ရှင်းရှင်းလင်းလင်း သိချင်နေသည်။
ယုံကြည်ရခက်သောကိစ္စရပ်များကို ခေတ်မီ နည်းပညာဖြင့် မရှင်းပြနိုင်ပေ။
စနစ် "သုံးရက်ကြိုပြီး ဖိတ်ထားတာပါ။ မစိုးရိမ်ပါနဲ့။ သူ မသိဘဲ မနေပါဘူး"
"ဒါဆိုကောင်းတယ်" ယွမ်ကျိုး ခေါင်းညိတ်သည်။
သူက မာကျာနှင့် မသိကျွမ်းဘဲ မာကျာက သူ့ဆိုင်ရောက်လာလိမ့်မည်ဟု ပြောခြင်းက အတော်ထူးဆန်းနေသည်။
"အခုတော့ သုံးရက်စောင့်ကြည့်ရုံပဲပေါ့" ယွမ်ကျိုးက သူ အနှစ်သက်ဆုံး သရုပ်ဆောင်ကို တွေ့ခွင့်ကြုံမည်မှန်း တွေးမိသောအခါ အတော်လေး စိတ်လှုပ်ရှားမိသည်။
ယွမ်ကျိုးက နာမည်ချရေးလိုက်သည်နှင့် ဖိတ်ကြားလွှာကို အောင်အောင်မြင်မြင် ပေးပို့နိုင်ခဲ့သည်။
အပိုင်း(၂၉၆)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၉၇)
ဖိတ်ကြားလွှာကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့သည်။ တစ်ဖက်တွင်မူ ယွမ်ကျိုး၏ဖိတ်ခေါ်မှုကြောင့် ဟွမ်လင် အတော်လေး ပျော်ရွှင်နေသည်။
သူမ အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးပြုလုပ်သော အပြုအမူက သူ့မောင်လေးဟွမ်လိကို သတင်းကောင်းပြောခြင်း ဖြစ်သည်။
“ဟွမ်လိ၊ သူဌေးယွမ်က မနက်ဖြန် သူ့ဆိုင်လာစားဖို့ ဖိတ်ထားတယ်” ဟွမ်လင်က အိမ်တံခါးဖွင့်ဖွင့်ချင်း ထိုစကားကိုပြောခြင်း ဖြစ်သည်။
“တကယ်လား” ဟွမ်လိ၏ဖြူဖြူဖျော့ဖျော့ မျက်နှာပေါ်မှ သံသယအငွေ့အသက်များ ရှိနေသည်။
“ဒါပေါ့။ စောနလေးတင် အစ်မကို ပြောတာ” ဟွမ်လိက ပြုံးပြုံးရွှင်ရွှင် ပြောသည်။
“အစ်မ၊ ကျွန်တော်သွားချင်ပေမဲ့ ငွေတွေအများကြီး မဖြုန်းချင်ဘူး” ဟွမ်လိက အံ့ဩသောအမူအရာကို ဖော်ပြပြီး ချီတုံ့ချတုံ့ပြောသည်။
“မောင်လေး ခြေထောက်ကုဖို့ သုံးမယ်ငွေတွေကို မသုံးပါဘူး” ဟွမ်လင်က အလေးအနက် ခေါင်းညိတ်ပြီး ဟွမ်လိကို ကြည့်သည်။
“တကယ်လား။ တကယ်ပြောတာလား” ထိုမှသာ ဟွမ်လိ၏မျက်နှာက နီမြန်းလာပြီး စိတ်လှုပ်ရှားသော ခံစားချက် ဖြစ်ပေါ်လာသည်။
“ဒီအစ်မက မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ” ဟွမ်လင်က အာမခံသည်။
“အွန်း၊ ဒါဆိုရင် သူဌေးယွမ်ရဲ့လက်ရာကို စားခွင့်ကြုံတော့မယ်ပေါ့” ဟွမ်လိက ရုတ်တရက် ထရပ်သည်။
ယွမ်ကျိုး၏နာမည်ဂုဏ်သတင်းကြောင့် ဟွမ်လိက ယွမ်ကျိုးကို အရမ်းသဘောကျသည်။
မိဘနှစ်ပါးလုံး ရုတ်တရက် ဆုံးပါးသွားသော ယွမ်ကျိုးက လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး ဟင်းချက်စွမ်းရည်ကို တိုးတက်အောင် ကြိုးစားကာ စားသောက်ဆိုင်ပြန်ဖွင့်ခဲ့သည်။
ယွမ်ကျိုးက သူ့ဟင်းချက်စွမ်းရည်ကို တော်ဝင်စားဖိုမှူးထံမှ သင်ယူထားသည်ဟု သတင်းတချို့ထွက်ဖူးသည်။ ယွမ်ကျိုး၏သတင်းတိုင်းက ချဲ့ကားပြောဆိုခြင်း ဖြစ်သည့်တိုင် အများနှင့်မတူ တစ်မူထူးခြားနေသည်။ သို့တိုင် ယွမ်ကျိုးက ဤသတင်းအားလုံးကို လုံးဝ မသိပေ။
သို့သော်လည်း ဟွမ်လိက ယွမ်ကျိုး၏သတင်းတိုင်းကို သိနေသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်က ဒေသကိုယ်စားပြုစားသောက်ဆိုင် စာရင်းထဲ ပါဝင်သည်။ ဟွမ်လိက ယွမ်ကျိုးကို အထင်ကြီးလေးစားသော ခံစားချက် ဖြစ်ပေါ်နေသည်။
ထို့အပြင် ယွမ်ကျိုး၏လက်ရာကို အခမဲစားခွင့်ရမည်ဖြစ်၍ ဟွမ်လင်တို့မောင်နှမက ယွမ်ကျိုးကို လူကောင်းဂုဏ်ဘွဲ့ ချီးမြှင့်ထားသည်။
ဤသည်ကို ယွမ်ကျိုးက လုံးဝ မသိခဲ့ပေ။
…
နောက်တစ်နေ့ မနက်စောစောတွင် ဟွမ်လင်က သူ့မောင်လေး အဝတ်ရှာရင်း အလုပ်ရှုပ်နေခြင်းကို မြင်တွေ့သွားသည်။
“ဒီမှာ ဘာတွေလုပ်နေတာလဲ” ဟွမ်လင် အတော်လေး အံ့ဩနေသည်။
“ကောင်းကောင်းမွန်မွန် ဝတ်စားပြီး သွားစားချင်လို့ပါ” ဟွမ်လိက ရှက်ကိုးရှက်ကန်း ပြန်ပြောသည်။
“အစ်မက မောင်လေးရဲ့အကြံပေးလုပ်ပြီး အကြံပေးမယ်” ဟွမ်လင်က ပြုံးရွှင်စွာ ပြောသည်။
“ကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ် အစ်မ”
ဟွမ်လိက ကျေးဇူးတင်စကား ချက်ချင်းပြောသည်။
သူတို့မောင်နှမ ခဏကြာ အဝတ်ရွေးရင်း ဟွမ်လိ စိတ်ကြိုက် အဝတ်အစားကို တွေ့သွားမှ မောင်နှမနှစ်ယောက် အိမ်အပြင်ထွက်လာခဲ့သည်။ တကယ်တမ်း အချိန်စောသေးသော်လည်း သူတို့မောင်နှမက နောက်ကျခြင်းကို မနှစ်မြို့၍ စောစောအိမ်မှ ထွက်လာခြင်း ဖြစ်သည်။
သူတို့ရောက်လာသောအခါ ကျိုကျာ အလုပ်ချိန်ဖြစ်သည်။
“ဆိုင်ထဲဝင်လာပေးပါ” ကျိုကျာက သူတို့မောင်နှမကို ဆိုင်ထဲဝင်ရန် ကြိုဆိုသည်။ အပြင်ဘက်မှာလည်း စားသုံးသူ အများကြီး မရှိသေးပေ။ သူတို့ရောက်လာသည့်အချိန်က ၁၁နာရီ၃၀မိနစ်သာ ဖြစ်နေသေး၍ ဆိုင်မဖွင့်သေးပေ။
“ကျေးဇူးတင်ပါတယ်” ဟွမ်လိက ခက်ခက်ခဲခဲ လမ်းလျှောက်နေရ၍ ဟွမ်လင်ကလည်း ဆိုင်ထဲသို့ အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာသည်။
“မင်းတို့နှစ်ယောက် ရောက်လာပြီပဲ” ယွမ်ကျိုးက ခေါင်းညိတ်ကာ နှုတ်ဆက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေးယွမ်” ဟွမ်လင်က ဟွမ်လိကအတွက် ထိုင်ခုံထုတ်ပေးကာ ပျူငှာစွာ ပြောသည်။
“အဲလိုပြောဖို့ မလိုအပ်ပါဘူး။ အကူအညီပေးတဲ့ မင်းတို့ကိုပဲ ငါက ကျေးဇူးတင်ရမှာပါ” ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် ပြောသည်။
“အဲလိုဆိုရင်တောင် ကျေးဇူးတင်ရမှာပါပဲ သူဌေးယွမ်ရယ်” ဟွမ်လင်က ပြုံးရွှင်စွာ ပြောသည်။
“ဒီမီနူးထဲပါတဲ့ အစားအသောက်အားလုံးရတယ်။ မင်းတို့စားချင်တာ မှာလေ” ယွမ်ကျိုးက ကျိုကျာကို အစားအသောက်စာရင်း မှတ်ထားရန် အချက်ပြသည်။
“ဟုတ်ကဲ့။ ငါတို့မောင်နှမထက် လုံလောက်တာထက်တောင် ပိုလျှံနေပါပြီ။ ဒီဆိုင်မှာ အစားအသောက် အလဟဿ ဖြစ်ခွင့်မပေးဘူးလို့ကြားတယ်” ဟွမ်လင်က ပြောသည်။
“ဟုတ်တယ်။ အဲဒီလိုစည်းမျဉ်း တကယ်ရှိပါတယ်” ယွမ်ကျိုး ခေါင်းညိတ်သည်။
သို့သော်ငြားလည်း တခြားတစ်ဖက်တွင်မူ ဟွမ်လိက စကားတစ်ခွန်းမျှ မပြောဘဲ တစ်ချိန်လုံး ခေါင်းငိုက်စိုက်ထားသည်။ ရံဖန်ရံခါ ယွမ်ကျိုးကို ခိုးကြည့်တတ်သည်။
“အစားအသောက်ပြင်ဆင်ဖို့ သွားဦးမယ်” ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲ ဝင်သွားသည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေးယွမ်” ဟွမ်လင်က ပျူငှာစွာ ပြောသည်။
ယွမ်ကျိုး ထွက်သွားမှ ဟွမ်လင်က ဟွမ်လိကို ချိုသာစွာ ပြောသည်။
“ဟွမ်လိ ဘာလို့စကားမပြောတာလဲ”
“အသံတိတ်နေဖို့ မရည်ရွယ်ပါဘူး။ အစ်မ သူဌေးယွမ်ကို ကြည့်နေလို့ပါ”
ဟွမ်လိက ရှက်ကိုးရှက်ကန်းဖြစ်နေ၍ သူ့ဖြူဖျော့ဖျော့ မျက်နှာက နီမြန်းနေသည်။
“သူက တကယ်မိုက်တယ်” ဟွမ်လင် ခေါင်းမော့လိုက်သည်နှင့် ယွမ်ကျိုး၏ဓားကိုင်သော အရည်အချင်းကို မြင်တွေ့ရသည်။
ယွမ်ကျိုးက အမဲသားလွှာကို လွှာနေခြင်းဖြစ်သည်။ သူတို့မောင်နှမက ယွမ်ကျိုး ဟင်းချက်ပြုတ်နေခြင်းကို စိတ်ဝင်တစား ငေးကြည့်ကြသည်။
ထိုမှသာ ယွမ်ကျိုး၏ဆိုင်မှာ စားခွင့်ရရန် တန်းစီစောင့်နေသော လူတန်းရှည်ကြီး ရှိနေသည့် အကြောင်းအရင်းကို နားလည်သွားသည်။ အရောင်အဆင်း အနံ့အရသာက အမှတ်ပြည့်ပေးထိုက်သည်။ ထို့ကြောင့်လည်း ဆိုင်၏စီးပွားရေးကောင်းမွန်နေသည်။
ဟင်းလျာအားလုံး တည်ခင်းစဉ် အပြင်ဘက်က လူအုပ်စုက ဆိုင်ထဲဝင်လာသည်။
သူတို့ရှေ့မှောက်ရောက်နေသော စားတော်ပွဲကြီးမှလွဲ၍ တခြားအရာများကို အာရုံမစိုက်နိုင်ချေ။
သူတို့ထင်မြင်ယူဆချက် မပေးခင် အစားအသောက်၏အရသာကို သိအောင် စားရမည်။
သူဌေးကျောင်ပေးသော ကျသင့်ငွေ နှင့် ယွမ်ကျိုး၏ အစားအသောက် အရသာ မြည်းရန်ဟု ပြောကာ ဖိတ်ကြားမှုက သူတို့မောင်နှမကို အတော်လေး ပျော်ရွှင်စေသည်။
ယွမ်ကျိုးက ခပ်တန်းတန်း မျက်နှာအမူအရာရှိသော်လည်း စကားပြောပွင့်လင်း ရိုးသားခြင်းက သူတို့မောင်နှမကို စိတ်သက်သာရာ ရစေသည်။
“အစားအသောက်တွေစားရင်း ကျေနပ်တဲ့ခံစားချက် မင်းတို့ရရင် ငါ့ဖောက်သည်တွေလည်း အဲဒီလို ခံစားရမှာပါ”
…
မောင်နှမနှစ်ယောက်ကို ဖိတ်ကျွေးပြီးနောက် ပုံမှန်အတိုင်းပင် နှစ်ရက်တာ ကုန်ဆုံးသွားသည်။ ထိုကာလအတွင်း ယွမ်ကျိုးက တိုင်းတစ်ပါး အစားအသောက်များ ချက်ပြုတ်ခြင်းကို လေ့လာခြင်းဖြင့် ပျော်မွေ့နေသည်။
ယွမ်ကျိုး ဖိတ်ကြားထားသော မာကျာဘက်တွင် ပြောင်းလဲမှု တစ်စုံတစ်ရာရှိသည်။
မာကျာက သူမ၏သရုပ်ဆောင်အရည်အချင်းဖြင့် မကျော်ကြားသော်လည်း လူထုက သူမကို နှစ်သက်၍ ကျော်ကြားနေသည်။ ထို့ကြောင့်လည်း ရုပ်ရှင်အဖွဲ့များက သူမကို ဇာတ်ပို့အနေဖြင့် သရုပ်ဆောင်ရန် ကမ်းလှမ်းသည်။ ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ပေးရန် ကမ်းလှမ်းထားသည်မှာ မကြာသေးပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏ရုပ်ရှင်ရိုက်ကွင်းက ယွမ်ကျိုးဆိုင်၏ ခပ်လှမ်းလှမ်းမှာ ဖြစ်နေသည်။ နေပူပူထဲတွင် မာကျာက တရုတ်ရိုးရာဝတ်စုံနှင့် ကုတ်အင်္ကျီ ဝတ်ထားရသည်။ အပူချိန်က ၃၀ဒီဂရီဖြစ်နေ၍ ပူလောင်အိုက်စက်နေသည်။
နာရီဝက်ခန့်ပင် မကြာလိုက် ရိုက်ကူးရေးစတင်သည်။ ထိုစဉ် ရုပ်ရှင်ဒါရိုက်တာက ရုတ်တရက် ဝမ်းလျောနေ၍ ရိုက်ကူးရေးကို ၂နာရီခန့် ရပ်နားလိုက်ရသည်။
ထိုစဉ် မာကျာ၏လက်ထောက်က မာကျာကို အဝတ်စားလဲရန် ကူညီပေးသည်။
“ဒီအဝတ်အစားတွေကို လဲလိုက်တော့မယ်။ မဟုတ်ရင် မိတ်ကပ်ထပ်လိမ်းပြီး အဝတ်အစား ထပ်လဲနေရမယ်” မာကျာက ချိုသာအေးဆေးသောလေသံဖြင့် ပြောသည်။
“ဟုတ်ကဲ့ အစ်မကျာ၊ ဒီနားတစ်ဝိုက် လျှောက်သွားချင်သေးလား” လက်ထောက်က အကြံပြုသည်။
“အင်း သွားကြမယ်” မာကျာက သူမ၏ဒေါက်ဖိနပ်ကို ဝတ်ဆင်ကာ လက်ထောက်နှင့်အတူတူ အပြင်ထွက်လာခဲ့သည်။
ယွမ်ကျိုးက နေ့လယ်ခင်းဆိုင်ဖွင့်ရန် ပြင်ဆင်နေစဉ် သူ့ဘာသာသူ ရေရွတ်မိသည်။
“ငါ ပထမဆုံးဖိတ်ကြားထားတဲ့ ဧည့်သည်က ဒီကနေ့ ရောက်လာလောက်တယ်”
အပိုင်း(၂၉၇)
ပြီးပါပြီ။