← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

ယွမ်ကျိုး အပိုင်း(၂၉၈)

လူအများစုက မိမိကြုံရမည့် အနာဂတ်နှင့် ပတ်သက်ပြီး စိုးရိမ်စိတ် များတတ်သော်လည်း ယွမ်ကျိုးက မာကျာ ရောက်လာလည်း စိုးရိမ်နေမည် မဟုတ်ပေ။ သို့သော်လည်း သူက တခြားကိစ္စရပ်ကို ရုတ်ခြည်း တွေးမိသည်။

“တစ်ခါမှ မတွေ့ဖူးတဲ့လူကိုလည်း ဖိတ်ကြားလို့ရတဲ့ သဘောလား” ယွမ်ကျိုးက ရုတ်ခြည်း မေးမြန်းသည်။

စနစ် “ဟုတ်ပါတယ်”

“အနုပညာရှင်တွေကိုလည်း ဖိတ်ကြားလို့ရတဲ့ သဘောလား။ ဒီလိုဆိုရင် ငါ့စားသောက်ဆိုင်က နာမည်ကြီးလာနိုင်တယ်”

ယွမ်ကျိုးက နဖူးကို ပွတ်သပ်ရင်း လေးနက်စွာ ပြောသည်။

“ဒါဆိုရင် ရုရှားသမ္မတကို ဖိတ်ရင်ကောင်းမလား” ယွမ်ကျိုးက စိတ်ကူးယဉ်ကြည့်သည်။

ထို့နောက် နိုင်ငံတကာသတင်းကို တစ်ချက်လှမ်းကြည့်ရင်း

“ဒါမှမဟုတ်ရင် အမေရိကန်သမ္မတထရန့်ကို ဖိတ်ရင်ကောင်းမလား။ သူ့မှာ ကိုယ်ပိုင်လေယာဉ်ရှိတယ်”

“ထားလိုက်ပါတော့။ ဒီလူတွေက လူမှုရေးသိပ်မကောင်းလောက်ဘူး။ နောက်တစ်ခေါက်မှပဲ စဉ်းစားတော့မယ်” ထရန့်အကြောင်းသတင်းကို တွေးမိသောအခါ ယွမ်ကျိုးက သူ့အကြံအစည်ကို လုံးဝ လက်လျှော့လိုက်သည်။

“ကိစ္စကြီးတစ်ခု လုပ်လို့ရတာပဲ။ ငါတို့နိုင်ငံက သူဌေးကြီးတွေကို ဖိတ်လို့ရတာပဲ” တရုတ်ပြည်ကိုယ်စား နိုင်ငံတကာသွားနေသော နိုင်ငံအကြီးအကဲများကိုပင် ယွမ်ကျိုးက ထည့်စဉ်းစားမိသည်။

“မဖြစ်သေးပါဘူး၊ ငါ့ရဲ့အဝယ်တော့လမ်းကြောင်းကိုတော့ မဖြေရှင်းနိုင်သေးဘူး” ယွမ်ကျိုးက သူ့ပေါင်ကို ပုတ်ကာ အရေးကြီးသော တစ်စုံတစ်ရာကို တွေးမိသွားသည်။

“စနစ်၊ ဟင်းချက်ပစ္စည်းတွေဝယ်လို့ရတဲ့ အဝယ်တော်လမ်းကြောင်းကို ပြောပေးလို့ရမလား” ယွမ်ကျိုးက စနစ်ကို ချက်ချင်း မေးမြန်းသည်။

စနစ် “ဆိုင်ရှင်ရဲ့လက်ရှိဟင်းချက်ကျွမ်းကျင်မှုအဆင့်နဲ့ သိဖို့ အရည်အချင်းမပြည့်မီပါဘူး”

“အာဏာပိုင်တွေက ငါ့ကို စုံစမ်းမိသွားရင် ဘယ်လိုလုပ်မလဲ” ယွမ်ကျိုးက စိုးရိမ်တကြီး ပြောသည်။

စနစ် “အဲဒီအတွက် မစိုးရိမ်ပါနဲ့။ ဆိုင်ရှင်က အဆင့်မြှင့်တင်ဖို့ပဲ ကြိုးစားအားထုတ်ပေးပါ”

“ဟင်းချက်အသုံးအဆောင်တွေကို လက်တွေ့ဝယ်လို့ရရင် ကောင်းမယ် တကယ်ပြောတာပါ”

ယွမ်ကျိုးက လေးနက်စွာ ပြောသည်။

စနစ် “ဆိုင်ရှင်က အဆင့်မြှင့်တင်ဖို့ပဲ ကြိုးစားအားထုတ်ပေးပါ”

“အင်း ဟုတ်ပါပြီ” ယွမ်ကျိုးက ဆက်မပြောတော့ပေ။

“ထားလိုက်ပါတော့လေ။ ငါလည်း ငါစိတ်ကူးယဉ်ထားတဲ့ အနုပညာရှင်တွေကို မသိဘူး” ယွမ်ကျိုးက အနုပညာရှင်များကို သူ့ဆိုင်ဖိတ်ကြားချင်သော အကြောင်းအရင်းက သူ့ဆိုင်ကို ပိုကျော်ကြားစေချင်၍ ဖြစ်သည်။

မာကျာကို တွေ့ချင်သော ဆန္ဒက သူ့ဆန္ဒဖြစ်နေ၍ တခြားအနုပညာရှင်များကို မဖိတ်ရန် တွေးမိသည်။

“ငါ့ဆန္ဒမပါဘဲတော့ ငါ့ငွေတွေကို သိမ်းယူလို့ မရဘူးမလား” ရွှေရောင်တောက်နေသောဘဏ်ကတ်ကို ငေးကြည့်ရင်း ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

တော်ဝင်စားဖိုမှူးရင်ဆိုင်ခဲ့ရသော ပြဿနာရပ်ကို တွေးမိသောအခါ ယွမ်ကျိုးက သူ့စားသောက်ဆိုင်လေး ပိုကျော်ကြားအောင် ပြုလုပ်ချင်သော စိုးရိမ်စိတ် လျော့နည်းသွားသည်။ ထို့အစား သူ့ဟင်းချက်စွမ်းရည်ကို ယခုထက် ပိုတိုးတက်အောင် ကြိုးစားသည်။

ယခုဆိုလျှင် သူ့လက်ရာ နှင့် သူ့ရောင်းချသောအစားအသောက်က အလွန်လိုက်ဖက်သည်။

ယွမ်ကျိုးက သူ့စိတ်ထဲဒွိဟဖြစ်သော ခံစားချက်ကို ဖယ်ရှားပြီးနောက် မာကျာက တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ သူမ၏လက်ထောက်နှင့်အတူတူ အေးအေးဆေးဆေး လမ်းလျှောက်နေသည်။

“အစ်မကျာ။ ကျွန်မတို့တွေ ဘာစားကြမလဲ” အင်္ကျီလက်တိုဝတ်ဆင်ထားသော အမျိုးသမီးလက်ထောက်က သေချာ မေးမြန်းသည်။

“ရှောင်ဝူ။ မင်း ဘယ်အစားအသောက်ကို ညွှန်ချင်လဲ” ဝင့်ကြွား ထည်ဝါသော အဆောက်အဦကြီးများကို ကြည့်ရင်း မာကျာက မေးမြန်းသည်။

“အစ်မကျာ ၊ ညီမလည်း ဒီနေရာကို မရောက်တာ ကြာပြီလေ” ရှောင်ဝူအမည်ရှိသော လက်ထောက်မိန်းကလေးက အားတုံ့အားနာ ပြောသည်၊

“ဒါဆိုရင်လည်း ရောက်တတ်ရာရာ လမ်းလျှောက်ရင်း တွေ့တဲ့ဆိုင်မှာ နေ့လယ်စာ စားကြမယ်လေ” မာကျာက ပျော်ပျော်ရွှင်ရွှင် အကြံပြုသည်။

“အင်းပါ သဘောအတိုင်းပဲ” ရှောင်ဝူက ခေါင်းညိတ်ကာ မာကျာနှင့်အတူတူ ဦးတည်ရာမဲ့ လမ်းလျှောက်ထွက်လာခဲ့သည်။

“ဒီနေရာက ထူးဆန်းတယ်။ အရှေ့ဘက်မှာ ခေတ်မီ အဆောက်အဦကြီးတွေ ရှိပေမဲ့ ဒီနေရာက ရှေးကျတဲ့ အဆောက်အဦတွေများတယ်” မာကျာက ယွမ်ကျိုး၏စားသောက်ဆိုင် တည်ရှိသော ဘေးလမ်းကို ညွှန်ပြသည်။

“ဒီနေရာက မဖွံ့ဖြိုးသေးတာ ဖြစ်မယ်။ နောက်ပိုင်းတော့ အဆောက်အဦအသစ်တွေ ထပ်ဆောက်လောက်မှာပါ” လက်ထောက်ရှောင်ဝူက လေးနက်စွာ ပြောသည်။

“ဟုတ်တယ်။ ဒီလိုအဆောက်အဦဟောင်းတွေက နောင်အနာဂတ်မှာ ပျောက်ကွယ်သွားမှာပါ” မာကျာက ခံစားချက်အပြည့်ဖြင့် ပြောသည်။

“အစ်မကျာ။ ဟိုနားကို ကြည့်ပါဦး။ တန်းစီနေတဲ့လူတွေ အများကြီးပဲ။ ညီမတို့တွေ သွားကြည့်မလား”

လက်ထောက်ရှောင်ဝူက တက်ကြွသော မိန်းကလေး ဖြစ်သည်။ အလုပ်ကို ကျွမ်းကျင်သော အလုပ်သမားလေးလည်း ဖြစ်သည်။

“အဲဒီဆိုင်မှာ တစ်ခုခု ဝယ်စားကြမလား” မာကျာက ဗိုက်ကို လက်ဖြင့်ကွယ်ကာ ပြောသည်။

“ဆိုင်ရဲ့လက်ရာကောင်းလို့သာ လူအများကြီး တန်းစီစောင့်နေတာ ဖြစ်မယ်” ရှောင်ဝူက မျက်နှာဖုံးမက်စ်ကို ထုတ်ကာ မာကျာကို ပေးသည်။

“ဒါကြီး တပ်ထားလိုက်ရင် နေမကောင်းဖြစ်နေတဲ့ပုံပေါက်သွားမလား” မာကျာက မက်စ်တပ်ရင်း သူမကိုယ်သူမ လှောင်နေသည်။

“မဖြစ်ပါဘူး။ အစ်မက အရမ်းလှပါတယ်” ရှောင်ဝူက သူမကို ရိုးသားစွာ ချီးမွမ်းသည်။

သူမက အမှန်တကယ်ပြောခြင်းဖြစ်သည်။ မာကျာက တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး လမ်းပေါ် လျှောက်သွားနေခြင်းက ထူးဆန်းသော်လည်း သူမ၏ပုံစံက ကြည့်ကောင်းနေသည်။

သူတို့နှစ်ဦး စကားတပြောပြောဖြင့် တန်းစီနေသော လူအုပ်စုကြီးအနား ရောက်သွားသည်။ ထိုစဉ် စုံစမ်းမေးမြန်းခြင်းက လက်ထောက်ရှောင်ဝူ၏တာဝန် ဖြစ်သည်။

“တဆိတ်လောက်ရှင့်။ ဘာလို့ ဒီနေရာမှာလူအုံနေတာလဲ” ရှောင်ဝူက ယဉ်ယဉ်ကျေးကျေး မေးမြန်းသည်။

“နေ့လယ်စာစားဖို့အတွက်လေ။ ဒါက ပုံမှန်ပဲလေ” အမျိုးသားတစ်ယောက်က သူ လှည့်ကြည့်လိုက်သောအခါ မိန်းမချောလေး နှစ်ဦးဖြစ်နေ၍ ဖော်ရွေစွာ ပြန်ဖြေသည်။

“ဒါက သူဌေးယွမ်ရဲ့ဆိုင်လေ။ မင်းတို့က ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ထင်တယ်။ ဒီဆိုင်ကို ခဏခဏလာရင် ဒီမြင်ကွင်းက မြင်ဖူးနေကျ ဖြစ်သွားလိမ့်မယ်။ နေ့တိုင်း လာစားတဲ့လူက များတယ်။ ဒါကြောင့်မို့ မင်းတို့စောစောရောက်ရင် စားခွင့်ကြုံမယ်။ နောက်ကျမှရောက်ရင်တော့ မင်းတို့အလှည့်ရောက်မှာ မဟုတ်ဘူး” အမျိုးသားက သူတို့ကို သေချာရှင်းပြသည်။

“အဲဒီသူဌေးယွမ်က ကျွမ်းကျင်စားဖိုမှူးလား”

ရှောင်ဝူက စပ်စုသည်။

“အဲလိုလည်း မဟုတ်ဘူး။ သူဌေးယွမ်ရဲ့လက်ရာက တကယ် အရသာရှိတယ်။ စားကြည့်လိုက်ပါ။ စားပြီးရင် သိသွားလိမ့်မယ်” အမျိုးသားက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“ဒါဆိုရင်တော့ စားဖို့ စဉ်းစားရမယ်” ရှောင်ဝူက အတော်လေး စိတ်ဝင်စားသွားသော်လည်း သူမ၏သူဌေးမာကျာကို ဆုံးဖြတ်ခွင့်ပေးသည်။

“ဒီဆိုင်မှာပဲ စားကြမယ်” မာကျာက သူမကို သတိထားမိသူ မရှိ၍ စိတ်အေးလက်အေး ထိုစကားကို ပြောလိုက်သည်။

“အွန်း၊ ညီမက ဒီနေရာမှာ တန်းစီလိုက်မယ်။ အစ်မက ခဏစောင့်နေလိုက်” ရှောင်ဝူက အားကြိုးမာန်တက်ပြောသည်။

“မရဘူး။ အဲဒီလိုလုပ်လို့ မရဘူး။ လူစာထိုး တန်းစီလို့ မရဘူး။ ပါဆယ်သယ်လို့လည်း မရဘူး” အမျိုးသားက ကြင်နာစွာ သတိပေးသည်။

“စည်းမျဉ်းတွေများလှချည်းလား” သာမန်စားသောက်ဆိုင်လေး၊ တန်းစီနေသောလူအုပ်ကြီးကို ကြည့်ရင်း ရှောင်ဝူ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

“အစ်မကျာ ဆက်စောင့်မလား ဘယ်လိုလဲ” မာကျာက တခြားအနုပညာရှင်ကြယ်ပွင့်များ ကဲ့သို့ မောက်မာသောအမူအကျင့် မရှိပေ။

သူမကို တခြားသူများ သိပ်မမှတ်မိလျှင် အစားအသောက်ဈေးတန်း လျှောက်သွားတတ်သလို မျက်နှာဖုံးမက်စ် မတပ်ဘဲ ဈေးဝယ်ထွက်လေ့ရှိသည်။

ထို့ကြောင့် တန်းစီစောင့်ရခြင်းက သူမအတွက် ပြဿနာ မရှိပေ။

သို့သော်ငြားလည်း သူမ၏ဘေးနားရောက်လာသော အမျိုးသားက သူမကို စပ်စုသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ သူ့အရှေ့မှာ လူဘယ်နှရောက် ရှိလဲ သေချာရေတွက်ကြည့်နေသည်။

မာကျာတို့နှစ်ယောက်က တခြားသူထက် စောရောက်နေ၍ အချိန်အကြာကြီး မစောင့်ဆိုင်းခဲ့ရပေ။

“ဒီကနေ့ ဘာများ သုံးဆောင်ချင်ပါသလဲ” ယနေ့က တနင်္ဂနွေနေ့ဖြစ်၍ ရှန်မင်၏အလုပ်ချိန် ဖြစ်သည်။

“ဆိုင်ရဲ့မီနူး ဘယ်မှာလဲ” ရှောင်ဝူ မေးမြန်းသည်။

“ခဏစောင့်ပေးပါ။ ဒါက မင်းတို့နှစ်ယောက်အတွက် မီနူးပါ” ရှန်မင်က ပျူငှာစွာဖြင့် မီနူးပေးသည်။

“ဝိုး၊ မီနူးက တကယ်မိုက်တယ်။ လှလိုက်တာနော်” ရှောင်ဝူက ချီးမွမ်းသည်။

“တကယ်ထူးခြားတယ်” မာကျာကလည်း သဘောတူသည်။

“ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်။ ဘာများသုံးဆောင်ချင်ပါသလဲ” ရှန်မင်က ပြုံးပြုံးရွှင်ရွှင် မေးမြန်းသည်။

ရှန်မင် မေးမြန်းနေစဉ် ယွမ်ကျိုးက မာကျာကို မြင်သွားသည်။ စနစ်၏အသိပေးချက်ကြောင့် မာကျာမှန်း သိသွားခြင်း ဖြစ်သည်။

သူ သဘောကျသော အနုပညာရှင်ကို ဖိတ်ကြားခွင့်ရ၍ စိတ်လှုပ်ရှားနေမိသည်။ သူ့ဆန္ဒများက တစ်ခုချင်းစီ ပြည့်စုံလာသည်။

“အမှတ်တရ လက်မှတ်တောင်းရင် ကောင်းမလား” ယွမ်ကျိုးက သူ့စိတ်ထဲ တွေးနေသည်။

ခဏကြာမှ သူ့အတွေးကို ဖယ်ထုတ်လိုက်သည်။

အလုပ်ချိန်ဖြစ်၍ တခြားစားသုံးသူများကိုလည်း တာဝန်ကျေရမည်။ လက်မှတ်တောင်းသည့် အသေးအမွှားကိစ္စရပ်က နောင်မှလုပ်လည်း အဆင်ပြေသည်။

ယွမ်ကျိုးက လစဉ် ယွမ်သန်းချီပိုင်ဆိုင်သူ ဖြစ်နေပါပြီ။ ရုပ်ရှင်ဈေးကွက်ထဲ ရင်းနှီးမြှုပ်နှံပြီး မာကျာကို ခေါင်းဆောင်မင်းသမီးဖြစ်ခွင့်ပေးခြင်းက လွယ်ကူသောကိစ္စရပ် ဖြစ်သည်။

ယခုအချိန်မှာ အရေးကြီးဆုံးက သူ့အတွက် အိမ်ဝယ်ယူရန် ဖြစ်ပြီး ဗီလာတစ်ခုကို ဝယ်ယူချင်နေသည်?

ယွမ်ကျိုးက သဘောထားကြီးစွာ တွေးတောမိသည်။

အပိုင်း(၂၉၈)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၉၉)

လှပကြော့ရှင်းသောမီနူးကို ရှုစားရင်း ရှောင်ဝူ နှင့် မာကျာတို့က မှာယူနိုင်သော အစားအသောက်များကို လေ့လာသည်။

သူတို့က ဈေးနှုန်းကိုမြင်သောအခါ မာကျာက အံ့ဩစိတ်ကြောင့် မျက်ခုံးပင့်သော်လည်း စကားတစ်ခွန်းမျှ မဆိုပေ။ သို့သော်ငြားလည်း ရှောင်ဝူက အကျယ်ကြီး ထအော်သည်။

“သူဌေးက ထိုင်းဘတ်ငွေ လက်ခံတာလား”

“အားနာပါတယ်။ ငါတို့က ယွမ်ပဲ လက်ခံတာပါ” ရှန်မင် ပြုံးသည်။

“ဟင်းပွဲတွေက အရမ်းဈေးကြီးတယ်” ရှောင်ဝူ အားတုံ့အားနာ ဖြစ်နေသည်။ သူမက သာမန်လက်ထောက်ဖြစ်၍ သူမ၏လစာက ယွမ်၄၀၀၀ထက် မပိုချေ။ ယခုလို ဈေးကြီးသော အစားအသောက်ကို သူမက ဝယ်မစားနိုင်ပေ။

“ရှောင်ဝူ၊ ဒီနေ့ ငါ ဝယ်ကျွေးပါ့မယ်” မာကျာက ပြုံးရွှင်စွာ ပြောသည်။

“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဆင်မပြေလောက်ဘူး” ရှောင်ဝူက တည်တည်ငြိမ်ငြိမ် ငြင်းသည်။

“ကိစ္စမရှိပါဘူး။ ဒီနေ့ ငါ့ကို အဖော်လိုက်ပေးလို့ မုန့်ဝယ်ကျွေးတယ်ပဲ သဘောထားပါ” မာကျာက ထပ်ပြောသည်။

“မလုပ်နဲ့” ရှောင်ဝူက ထပ်ငြင်းသည်။

“ငါ့စကားကို နားထောင်ပါ” မာကျာက ယခုတော့ လေးနက်စွာ ထပ်ပြောလာသည်။

မာကျာ၏အကြည့်ကြောင့် ရှောင်ဝူ လက်ခံလိုက်သည်။

“ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ”

ရှောင်ဝူက ဟင်းတစ်ပွဲကို သေချာမှာလိုက်သည်။

“ငါက ဒီဟာ၊ ဒါ ၊ ဒါ မှာမယ်။ ဒီလောက်ဆိုရပြီ” မာကျာက ကျင်းလင် ပုစွန်ဟင်းကို သူမအတွက် မှာယူပြီး အမဲသားဟင်း နှင့် အရွက်ဟင်းက ရှောင်ဝူအတွက် ဖြစ်သည်။

သူမက အဓိကဟင်းလျာများ မမှာယူခြင်းက အနုပညာရှင်ဖြစ်နေ၍ ကိုယ်အလေးချိန် မတက်ချင်၍ ဖြစ်သည်။

ဤတစ်ကြိမ်တွင် ယွမ်ကျိုးကိုယ်တိုင်ကိုယ်ကျ အစားအသောက် လာပို့ပေးသည်။

“မင်းတို့နှစ်ယောက် မှာထားတဲ့ အစားအသောက်တွေပါ။ သုံးဆောင်ပါဗျာ” ယွမ်ကျိုးက ကြုံတောင်ကြုံခဲ ပြုံးပြသည်။

“အိုကေ၊ ကျေးဇူးပါ” မာကျာက ခေါင်းညိတ်ကာ သူ့ကို ကျေးဇူးတင်သော်လည်း မက်စ် မချွတ်သေးပေ။

“အွန်း” ယွမ်ကျိုးက ခေါင်းညိတ်ကာ မီးဖိုချောင်ပြန်သွားပြီး တခြားဖောက်သည်များ မှာယူထားသော အစားအသောက်များကို ပြင်ဆင်သည်။

ယွမ်ကျိုး လှည့်ထွက်သွားမှသာ မာကျာက မက်စ်ချွတ်ကာ စတင်သုံးဆောင်သည်။

ယွမ်ကျိုးက ဤမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်သော်လည်း စိတ်ထဲ သိပ်မထားပေ။

…

ရာသီဥတုက အစိုးမရချေ။ လေထုညစ်ညမ်းမှု ပိုဆိုးရွားလာ၍ ရာသီဥတု ဖောက်ပြန်လာသည်။

မိုးရွာချင်သည့်အချိန် မိုးရွာသည်။ စနစ်က ရာသီဥတုအသိပေးချက်ထက် ပိုတိကျနေ၍ ကံကောင်းသည်။ ထို့ကြောင့် ယနေ့မိုးရွာမည့်အကြောင်းကို အတိအကျ သိနေသည်။

ယွမ်ကျိုးက ညနေခင်း ဆိုင်ပိတ်ထားလိုက်သည်။

မိုးသံဖွဲဖွဲ ထွက်ပေါ်နေသည်။

“ငါ့မှာ အရက်ရှိပေမဲ့ စားကောင်းသောက်ဖွယ်တွေ မရှိဘူး” မှောင်မိုက်နေသော ကောင်းကင်ယံကို ငေးကြည့်ရင်း ယွမ်ကျိုးက သူ့နဖူးကို သပ်ကာ လေးနက်စွာ ပြောသည်။

ယွမ်ကျိုးက မီးဖိုချောင်ထဲ လှည့်ပတ်သွားရင်း အကင်စက်ကို ရုတ်တရက် တွေ့သွားသည်။

“အသားကင်စက်မလား။ ဘာလို့ဖြစ်လို့ ဒီနေရာ ရောက်နေတာလဲ” ယွမ်ကျိုးက အကင်စက်အသေးကို စပ်စုနေသည်။

ဤတစ်ကြိမ်တွင် စနစ်က သူ မေးစရာပင် မလိုဘဲ ပြန်ဖြေသည်။

စနစ် “ဒါက စနစ်က ထောက်ပံ့ပေးထားတဲ့ မီးဖိုချောင်သုံးပစ္စည်းပါ”

“ဪ ဒါဆိုရင်တော့ ငါ့ညစာကို ဖန်တီးလို့ရပြီ”

မိုးရွာနေသောကြောင့် ယွမ်ကျိုးက နေ့ခင်းဘက်တည်းက နေ့လယ်စာ မစားဘဲ ညနေဘက်အထိ စောင့်ဆိုင်းနေခဲ့သည်။ အထူးတလည် ပြင်ဆင်စားသောက်ချင်၍ စောင့်ခဲ့ခြင်း ဖြစ်သည်။

အသင့်ရှိသော ဟင်းခတ်အမွှေးအကြိုင်များ နှင့် ထိပ်တန်း အရည်အသွေးရှိသော ကုန်ကြမ်းများက သူ့ကို ဆွဲဆောင်နေသည်။

သူက ရေခဲသေတ္တာထဲမှ ဝက်သားတုံးကို ထုတ်သည်။ ဖက်ထုပ်ပေါင်းလုပ်လျှင် အသုံးပြုသော ဝက်သားဖြစ်၍ ဝက်ခေါက်ပါရှိနေသေးသည်။

အမဲသားလွှာဟင်းအတွက် အသုံးပြုသော အမဲသားကိုလည်း ထုတ်သည်။ ထို့နောက် အသားများကို ဘေစင်ပေါ်တင်ကာ ရေဆေးကြောသည်။ မီးဖိုချောင်သုံးဓားဖြင့် အကျိအချွဲများကို ခြစ်ထုတ်သည်။ ထိုမှသာ အသားကင်နှင့် အနံ့ဆိုးပျောက်လိမ့်မည်။

ဝက်သားတုံးကို လက်သည်းခွံတစ်ဝက်ခန့် လှီးပြီး ပန်းကန်ပြားထဲ ထည့်ထားသည်။

အမဲသားကိုလည်း လက်ဖဝါးတစ်ဝက်ခန့် လှီးထားသည်။

နောက်ထပ်အသုံးပြုမည့်ပစ္စည်းက သေချာပြင်ဆင်ထားသော တို့ဟူးဖြစ်သည်။ ယွမ်ကျိုးက နေ့လယ်ခင်းတည်းက နူးညံ့သောတို့ဟူး ပြုလုပ်ထားပြီး ဝါးဘူးထဲ ထည့်ထားသည်။

ထို့နောက် ပုစွန်တစ်ဆုပ်စာ ဖမ်းထားသည်။ ပုစွန်ကို သန့်စင်ပြီးနောက် အခွံခွာထားလိုက်သည်။

ထို့အပြင် ကျင်းလင်မြက် ပန်းကန်တစ်ဝက်ခန့် နှင့် လက်ဖက်ကြက်ဥပြုတ်ရန် သုံးသော လက်ဖက်အိုး တစ်အိုးတည်းထားသည်။ မီးဖိုချောင်တစ်ခန်းလုံး သက်ဝင်လှုပ်ရှားပြီး ရှုပ်ယှက်ခတ်နေသည်။

“အသားကင်ဖို့ တုတ်ချောင်းလေးတွေ လိုအပ်တယ်မလား။ ဘာလို့ မရှိရတာလဲ” ယွမ်ကျိုး တွေးမိသည်။

စနစ် “မီးဖိုချောင်သုံးပစ္စည်းအားလုံး ပေးထားပါတယ်။ ဆိုင်ရှင်ကိုယ်တိုင် ယူသုံးလို့ရပါတယ်”

“ဒီကနေ့ ငါ ဘာတွေးနေလဲဆိုတာ သိနေတာလား စနစ်” ယွမ်ကျိုးက ကျေနပ်ဟန်ပြောသည်။

သို့သော်လည်း စနစ်က သူ့ကို လျစ်လျူရှုထားသည်။

ယွမ်ကျိုးက မီးဖိုချောင် အံ့ဆွဲထားမှာပင် သူ ရှာနေသော ပစ္စည်းကို ရှာတွေ့၍ ကျေနပ်သွားသည်။

“ငါက ပေါင်အိုးကို ဖျက်ဆီးပစ်မှာကို စနစ်က စိုးရိမ်နေသလားပဲ” ယွမ်ကျိုးက ခန့်မှန်းမိသည်။

ယွမ်ကျိုးက ပြင်ဆင်သင့်သည့်အလုပ်များကို မြန်ဆန်စွာ လုပ်ဆောင်သည်။ အလုပ်ပြီးဆုံးသွားသောအခါ အသားကင်မည့် နေရာ ရှာဖွေရသည်။

အရက်ဆိုင်ဖွင့်သော ဒုတိယထပ်က နေရာကောင်းဖြစ်သည်။

ခေါင်မိုး မရှိသည့်တိုင် မိုးလွတ်နိုင်သည်ဟု ယွမ်ကျိုး ခံစားမိသည်။

မိုးသံလေသံများကို နားစွင့်ရင်း အရက်သောက် အကင်စားကာ ပျော်မြူးနိုင်သည်။

“အမ် ကဗျာစပ်လို့တောင် ရတယ်”

မီးသွေးကို စနစ်က အခမဲ့ပေးသုံးခြင်းဖြစ်သည်။ တခြားအသုံးဆောင်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို ထုတ်ပြန်သည်။ဈေးများသည့်တိုင် သူ တတ်နိုင်သော ပမာဏဖြစ်သည့်အပြင် သူ့ပျော်ရွှင်မှုူကို ဖန်တီးပေး၍ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။

“ဒါတွေ မေ့ထားလိုက်။ အသားကင်ဖို့က ပိုအရေးကြီးတယ်” ယွမ်ကျိုးက တိတ်ဆိတ်နေသော ဝါးတောပတ်ဝန်းကျင်ကို ကြည့်ရင်း မျှစ်စားချင်သော အတွေးကို ဖျောက်ပစ်လိုက်သည်။

ယွမ်ကျိုးက ဝက်သားကိုအရင်ဆုံးကင်သည်။ အသားကင်တုတ်တိုးဖြစ်ဖြစ် ဟော့ပေါ့ဖြစ်ဖြစ် ယွမ်ကျိုးက တစ်မျိုးချင်းစီ သုံးဆောင်ရခြင်းကို နှစ်သက်သည်။

ခဏလေးအတွင်းမှာပင် ဝက်သားကင်ရရှိသွားပြီး အသားထဲမှ အဆီများ ထွက်လာသည်။

ပြင်ဆင်ထားသော လက်ဖက်ရည်ကို အသားပေါ် သုတ်လိုက်သောအခါ မွှေးရနံ့ပိုသင်းကြိုင်လာသည်။

“ငါ့အသားကင်က အရမ်းကောင်းမယ့်ပုံပဲ” ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

သုံးမိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုးဖန်တီးထားသော အသားကင်က စားသုံးနိုင်သော အနေအထားသို့ ရောက်သွားသည်။

“မွှေးနေတော့ အမှတ်ပြည့်ပေးမယ်။ အရက်တစ်ငုံ့သောက်လိုက်တော့ ပိုအရသာတွေ့သွားတယ်”

စနစ်က ထောက်ပံ့ပေးထားသော ဝက်သားက အဆီတစ်ဝက် အသားတစ်ဝက် ပါရှိသည်။ မီးသွေးဖြင့်ကင်လိုက်သောအခါ အသားထဲမှ အဆီများ ထွက်ပေါ်လာပြီး ပိုမွှေးကြိုင်စေသည်။

ယွမ်ကျိုး အသားကင်တုတ်တိုး တစ်ချောင်းလုံး ကုန်အောင်စားလိုက်သည်။

“အရသာရှိတယ်” သူက ချီးမွမ်းချင်စိတ်ကို ထိန်းချုပ်မရခဲ့ပေ။

ဝက်ခေါက်ကို ဝါးမိသောအခါလည်း အီစိမ့်သောခံစားချက်ကို မခံစားရပေ။

“ကောင်းတယ်”

အသားကနူးညံ့ပြီး ဝါးရအဆင်ပြေသည့်အပြင် အသားထဲမှာ ကောလဂျင်အများကြီး ပါနေသည်။

“အို့စ် အမဲသားလည်း စားရမယ်” ဝက်သားကို အရင်မြည်းကြည့်ပြီးနောက် ကင်စရာ တခြားအသားများကို တွေးမိသွားသည်။

အမဲသားကင်ပြီး စားရန် အသင့်ဖြစ်နေသော်လည်း ဝက်သားကင်ကို ပိုအကြိုက်တွေ့နေသည်။

“ဒါကမှ ဝက်သားကင် အရသာစစ်စစ် စားခွင့်ရတာပဲ” ယွမ်ကျိုးက ခံစားချက်အပြည့်ဖြင့် ပြောသည်။

အပိုင်း(၂၉၉)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၀၀)

ယွမ်ကျိုး စားသည့်နှုန်းက အရမ်းမြန်ဆန်သည်။ ဝက်သားကင်တုတ်ထိုး ၃ချောင်းပဲ ကျန်သောအခါ သူက အမဲသားတုတ်တိုးကို ဆက်စားသည်။

အမဲသားက ဝက်သားလို အဆီမပါ၍ အဆီသုတ်ကာ ကင်သည်။ ထိုမှသာ အမဲသားကင်မှ မွှေးရနံ့ ထွက်ပေါ်လာပြီး သူ့နှာခေါင်းထဲ ဝင်ရောက်သွားသည်။ မွှေးကြိုင်လွန်းသော အမဲသားရနံ့က ဝါးတော ဒုတိယထပ် တစ်ထပ်လုံး ပြန့်နေခြင်း ဖြစ်သည်။

“တကယ်ကို အမဲသားကောင်းပဲ” ယွမ်ကျိုးက အမဲသားတုတ်ထိုးကို ချက်ချင်း စားပစ်သည်။

ဤတစ်ကြိမ်တွင်မူ သူက ဆားနဲ့တို့မစားဘဲ ဒီအတိုင်း စားလိုက်ခြင်း ဖြစ်သည်။

အမဲသားကို ဆားမထည့်ထားသည့်တိုင် အမဲသားမှာ အငန်အရသာ နည်းနည်း ခံစားမိသည်။

“အရသာရှိတယ်” ယွမ်ကျိုးက ကျေနပ်ဟန် ပြောဆိုသည်။

အမဲသားကင်များ စားသုံးနိုင်ကြောင်း သတိပြုမိ၍ ယွမ်ကျိုးက ကင်ထားသော အမဲသားများကို ယူကာ သေချာပြင်ဆင်ထားသော အချဉ်ရည်ထဲ နစ်လိုက်သည်။

အမဲသား သုံးပုံ တစ်ပုံကို အချဉ်ရည်ထဲ နစ်ကာ သူ့ခံတွင်းထဲ ထည့်ရင်း တမြုံမြုံ ဝါးသည်။

အမဲသားက နူးညံ့လွန်းသည့်အတွက် တစ်ချက် ဝါးလိုက်ရုံဖြင့် အရည်ပျော်သွားသည်။ အမဲသား၏ လတ်ဆတ်မှုက သူ့ကို ခံတွင်းတွေ့စေသည်။

“အချဉ်ရည်လေးနဲ့ တို့စားတာက အကောင်းဆုံးလို့ ထင်တာ မှန်နေတာပဲ”

ယွမ်ကျိုးက ပလုံပလောင်းဝါးရင်း စကားပြောသည်။

အမဲသားအရသာက အတော်လေးထူးခြားသည်။ သာမန်ကင်ရုံလေးကပင် အရသာက အံ့မခန်းပင်။

ယွမ်ကျိုးက အမဲသာ၏အရသာထဲ နစ်မြောနေစဉ် တခြားအသားများ ကင်ရဦးမည်ကို သတိရသွားသည်။

ပုစွန်များကို အနီရောင်သန်းသည်အထိ ကင်ကာ ပုစွန်အသားများကို စားသည်။

ကျင်းလင်းမြက်ကင်ရသည့်အလုပ်က အလွယ်ကူဆုံး ဖြစ်သည်။ ယွမ်ကျိုးက ကျင်းလင်းမြက်ပေါ် အချဉ်ရည်လောင်းလိုက်ကာ ကင်သည်။ ထိုမှသာ ကျင်းလင်းမြက်က အဝါရောင်သန်းသွားပြီး ယွမ်ကျိုး စားသည်။

ယွမ်ကျိုး၏ခံတွင်းထဲ လတ်ဆတ်နူးညံ့သော ခံစားချက်များ ဖြစ်ပေါ်နေသည်။

“အရက် အသားကင်နဲ့ အရသာရှိတဲ့ အစားအသောက်တွေက ကျေနပ်စရာပဲ” ယွမ်ကျိုးက သူ့နေရာမှာတင် အေးအေးဆေးဆေး ထိုင်သည်။

ရံဖန်ရံခါ မိုးဖွဲလေးများကို ငေးကြည့်ရင်း အကင် ကင်သည်။ ထိုစဉ် စနစ်က ရုတ်တရက် တုံ့ပြန်လာသည်။

စနစ် “ ဂုဏ်ထူးဆောင်မစ်ရှင်ကို လှုံ့ဆော်ခဲ့တဲ့ ဆိုင်ရှင်ကို ဂုဏ်ပြုပါတယ်”

“အမ်” ယွမ်ကျိုးက တအံ့တဩ အမူအရာကို ဖော်ပြသည်။

စနစ် “အကင်မစ်ရှင် တစ်ကြိမ် ပြီးဆုံးခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်ကို ယခုပဲ လက်ခံယူနိုင်ပါတယ်”

[အကင်မစ်ရှင်] အကင်မစ်ရှင်ကို ကိုယ့်ဘာသာကိုယ် အောင်မြင်အောင် လုပ်ဆောင်ခြင်း

(မစ်ရှင်အညွှန်း ကိုယ့်ဘာသာ လုပ်ဆောင်တယ်ဆိုတာက အသိပေးစရာ မလိုဘဲလုပ်ဆောင်တာကို ဆိုလိုချင်တာပါ)

မစ်ရှင်ကိုစစ်ဆေးကြည့်ပြီးနောက် ယွမ်ကျိုးက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“လေးလေးနက်နက် ပြောရရင် အံ့ဩတယ်လို့တောင် မခံစားရဘူး”

စနစ်၏လက်တွေ့မကျသော မျှော်လင့်ချက်ကို ယွမ်ကျိုးက ယခင်တည်းက မယုံကြည်ပေ။

စနစ်ကြောင့်ရလာသော မျှော်လင့်ချက်က အဆိပ်သင့်နေသည်ဟု ခံစားမိသည်။ ယုံကြည်မိလျှင် မမျှော်လင့်ထားသော အကျိုးဆက်ကို ခံစားရလိမ့်မည်။

စနစ် “ဆိုင်ရှင် ဆုလာဘ်ကို လက်ခံပေးပါ”

“မလိုအပ်ပေမဲ့ မင်းကိုတော့ ကျေးဇူးတင်ရမှာပေါ့”

ယွမ်ကျိုးက အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ချက်ချင်း ငြင်းသည်။

ဂျုံအစားအသောက် ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံလိုက်စဉ်က သူ့ဆိုင်ဖွင့်ချိန်ကို ၆နာရီကန့်သတ်လိုက်သည်။ ဒါက တကယ်ကို သင်ခန်းစာ ဖြစ်သည်။

“ငါ့ကို ဒုက္ခပေးချင်တာလား မင်း ထင်ထားသလောက် မလွယ်ကူဘူး” ယွမ်ကျိုးက ဝင့်ကြွားစွာ ပြောသည်။

ထို့နောက် အရက်ဆိုင်ဒုတိယထပ်က တိတ်ဆိတ်သွားသည်။ အရမ်းတိတ်ဆိတ်လွန်းသည့်အတွက် အပ်ကျသံ၊ မိုးစက်ကျသံကိုပင် ကြားနိုင်သည်။

ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်လိမ့်မည်ဟု စနစ်က မမျှော်လင့်ထားလောက်ပေ။

ခဏကြာပြီးနောက် စနစ်က “ ဒီဆုလာဘ်က အခမဲ့ပါ ဆုကို ခုချက်ချင်း လက်ခံယူနိုင်မလား”

“မလိုဘူး။ မယူချင်ဘူး” ယွမ်ကျိုးက အမဲသားကို အငမ်းမရ စားသုံးရင်း ငြင်းပယ်သည်။

စနစ် “ဆိုင်ရှင် လက်မခံရင် ဆုလာဘ်က ပျောက်ကွယ်သွားပါလိမ့်မယ်”

ဤစကားလုံးကို မြင်တွေ့သောအခါ ယွမ်ကျိုးက ကူကယ်ရာမဲ့ ခံစားမိသည်။

သို့သော်လည်း ယွမ်ကျိုးက အလျှော့မပေးချေ။

“မလိုအပ်ဘူး။ ပျောက်ကွယ်လည်း ပျောက်ကွယ်ပေါ့”

ယွမ်ကျိုးက ဂရုမစိုက်ဟန်ဖြင့် ဆက်စားနေသည်။

ဤတစ်ကြိမ်တွင် စနစ်က အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။

ယွမ်ကျိုး အကင်အားလုံး စားပြီးချိန်မှ စနစ်က စာတန်းရှည်ကြီး ရေးသားလာခဲ့သည်။

စနစ် မှတ်ဉာဏ်ထဲက အထူးဆုလာဘ်ပါ။ ဆိုင်ရှင် လက်ခံယူပေးပါ”

“စနစ်၊ မင်းပုံစံကလေ အရောင်းစင်တာက ဝန်ထမ်းနဲ့တူနေတယ်။ လျှော့ဈေးတွေ အတင်းပေးပြီး ရောင်းနေသလိုပဲ” စနစ်၏အပြုအမူကြောင့် ယွမ်ကျိုး ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သို့တိုင် လက်မခံချင်သည့် ဆန္ဒက ခိုင်မြဲနေသည်။

ယွမ်ကျိုးက ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ထပ်မံပြောကြားသည်။

“ဈေးဝယ်စင်တာတွေက တစ်နှစ်တစ်ခါ လျှော့ဈေးပေးရောင်းရတဲ့ အကြောင်းအရင်းက ဖောက်သည်တွေဆီကနေ ငွေများများ ရဖို့ပဲ”

ယွမ်ကျိုးက ခဏတုံ့ဆိုင်းပြီးမှ ဆက်ပြောသည်။

“မင်းရဲ့ဆုကို လက်ခံဖို့ မင်းက ငါ့ကို လိမ်လည်ချင်တာလား”

စနစ် “ဆုကို ခုချက်ချင်း လက်ခံယူလိုက်ရင် အကင်ဆရာတစ်ဆူ အဖြစ် ချက်ချင်း အဆင့်တက်သွားမှာပါ”

“တကယ်လား။ ဒါက ဘယ်မှာ အသုံးဝင်လို့လဲ” ယွမ်ကျိုး အတော်လေး စိတ်ဝင်စားသွားသည်။

စနစ် “အစားအသောက်တွေကို သေချာပြင်ဆင်တတ်မယ်။ ဟင်းခတ်အမွှေးအကြိုင်တွေကို ခွဲဝေတတ်မယ်”

“ဒါပဲလား” ထိုစကားကိုကြားမှ ယွမ်ကျိုးက ဂုဏ်ထူးဆောင်ဘွဲကို လုံးဝ စိတ်မဝင်စားတော့ပေ။

အကင်အတွက် အရေးကြီးဆုံးက အသုံးပြုမည့်ပစ္စည်း နှင့် အပူချိန် ထိန်းချုပ်မှု ဖြစ်သည်။ ယွမ်ကျိုးမှာ ထိပ်တန်း အရည်အသွေးရှိသော အသားများ ရှိသည့်အပြင် သူ့ဟင်းချက်လက်ရာကလည်း ကောင်းမွန်နေ၍ အထူးဂုဏ်ထူးဆောင်ဘွဲ့ မလိုအပ်ချေ။

စနစ် “ဆုလာဘ်ကို ချက်ချင်း လက်ခံယူလိုက်ရင် အကင်ကျွမ်းကျင်သူ ဖြစ်သွားမှာပါ”

“မလိုအပ်ဘူး။ တကယ် မလိုအပ်ဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး” ယွမ်ကျိုးက ပန်းကန်လွတ်ကို ညွှန်ပြကာ ကျေနပ်ဟန်ပြောသည်။

ယွမ်ကျိုးက မီးဖိုချောင်သုံးပစ္စည်းများကို သိမ်းဆည်းပြီးသောအခါ စကားဆက်ပြောသည်။

“ငါ့မှာ ဖိတ်ကြားလွှာလည်း ရှိတဲ့အတွက် ငါကြိုက်တဲ့လူကို ဖိတ်ခေါ်လို့ရတယ်။ ဒီအတွက် ဘာဂုဏ်ထူးဆောင်ဘွဲ့မှ မလိုအပ်ဘူး”

“မင်းက ငါ့ကို လိမ်လည်ချင်နေတာ ငါသိနေတယ်။ အားလုံးကို ငါ သေချာသိတယ်”

“ဒီပြင့် ငါက ဂုဏ်ထူးဆောင်ဘွဲ့ ပိုင်ဆိုင်ထားပြီသား” ယွမ်ကျိုးက ပခုံးဆတ်ခနဲ့ တွန့်ကာ ဆုကို တကယ်လက်မခံချင်ကြောင်း ပြသသည်။

စနစ် “ဆိုင်ရှင်ပိုင်ဆိုင်ထားတဲ့ဂုဏ်ထူးဆောင်ဘွဲ့က အခြေခံအဆင့်အတွက်ပါ”

“ဒါဆိုရင် ငါက ဆုကို လက်ခံယူလိုက်ရင်တောင် မင်းက ငါ့ကို အငယ်တန်းအဆင့်ကနေ အမြင့်ဆုံးအဆင့်ကို ပို့ပေးနိုင်လို့လား” ယွမ်ကျိုးက မဝံ့မရဲ မေးမြန်းသည်။

ဂျုံအစားအသောက်ဘွဲ့ထူးကြောင့် ယွမ်ကျိုးက ဂျုံအစားအသောက်နှင့် ပတ်သက်လာလျှင် လျင်မြန်စွာ သင်ယူနိုင်စွမ်းရှိလာ၍ အတော်လေး အထောက်အကူပြုသည်။

စနစ် “မရပါဘူး”

“ဒါဆိုရင် ငါက ဘာအတွက် လက်ခံရဦးမလဲ” ယွမ်ကျိုးက အကင်စက်ကို နေရာချထားပြီး တည့်ပြောသည်။

စနစ်က အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးမှ ယွမ်ကျိုးအလုပ်ပြီးချိန်တွင် တစ်စုံတစ်ရာကို ဖော်ပြလာသည်။

ထို့အပြင် ဤတစ်ကြိမ် ဖော်ပြချက်က ယွမ်ကျိုး မငြင်းနိုင်လောက်သော ကမ်းလှမ်းချက် ဖြစ်သည်။

“ကြည့်စမ်းပါဦး အခုလို ကောင်းမွန်တဲ့ ကမ်းလှမ်းချက်မျိုးကို ဘာလို့ စောစော မပြောတာလဲ။ ဒီကိစ္စကို သေချာဆွေးနွေးကြတာပေါ့” ယွမ်ကျိုးက ထိုင်ခုံမှာထိုင်ရင်း ပြုံးရွှင်စွာ ပြောသည်။

စနစ်က အသိဉာဏ်ရှိလျှင် ယွမ်ကျိုး၏တုံ့ပြန်မှုကြောင့် စိတ်သက်သာရာရဟန် သက်ပြင်းချလိမ့်မည်။ အလိမ်အညာလား အမှန်ကန်လားဆိုတာ ယွမ်ကျိုးက ပိုသိလိမ့်မည်။

အပိုင်း(၃၀၀)

ပြီးပါပြီ။

All Chapters