← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

ယွမ်ကျိုး အပိုင်း(၃၀၁)

ယွမ်ကျိုးက ပြုံးရွှင်စွပြောသည်။

“ဒါဆိုရင် ဆုကို လက်ခံယူလိုက်တော့မယ်”

“ဒါနဲ့ ဆရာတဆူအဆင့်ရောက်ဖို့ မင်း ငါ့ကို ကူညီပေးနိုင်မလား” ယွမ်ကျိုးက စနစ်၏ကတိစကားကို မမေ့လျော့ခဲ့ပေ။

စနစ် “ဆုကို ထုတ်ပြန်ပြီးပါပြီ။ ဆိုင်ရှင်က လက်ခံယူပြီး စစ်ဆေးကြည့်နိုင်ပါတယ်”

[အကင်မစ်ရှင်] အကင်မစ်ရှင်ကို ကိုယ့်ဘာသာကိုယ် အောင်မြင်အောင် လုပ်ဆောင်ခြင်း

(မစ်ရှင်အညွှန်း ကိုယ့်ဘာသာ လုပ်ဆောင်တယ်ဆိုတာက အသိပေးစရာ မလိုဘဲလုပ်ဆောင်တာကို ဆိုလိုချင်တာပါ)

[မစ်ရှင်ဆုလာဘ်] အကင်ကျွမ်းကျင်သူ ဂုဏ်ထူးဆောင်၊ ဆရာတစ်ဆူအဆင့်

(ဆုလာဘ်အညွှန်း၊ မမျှော်လင့်ထားသောဆုလာဘ်က အံ့အားသင့်စဖွယ်ပဲ မဟုတ်ဘူးလား)

[အထူးဆု] နှစ်ယောက်မတ်တတ်ရပ်ခွင့် ကမ်းလှမ်းချက်။ စားသုံးသူ နှစ်ဦးကို ဆိုင်ထဲမှာ မတ်တတ်ရပ်ပြီး စားခွင့်ပြုမယ်

ဆုလာဘ်ကို စစ်ဆေးကြည့်ပြီးနောက် ယွမ်ကျိုး အတော်လေး ပျော်ရွှင်သွားသည်။

“စနစ်၊ ခင်ဗျားက တကယ် ကတိတည်သားပဲ” ယွမ်ကျိုးက ချီးမွမ်းစကားကို မတွန့်တိုခဲ့ပေ။

“ဆုလာဘ်က ထိုင်ခုံ မဟုတ်ပေမဲ့ လူနှစ်ယောက်စာ မတ်တတ်ရပ် စားခွင့်ပေးတယ်ဆိုတော့ မဆိုးပါဘူး”

နံရံရှုခင်းနားက သတ်မှတ်ထားသော နေရာသို့ ယွမ်ကျိုး ငေးကြည့်ရင်း ကျေနပ်နေမိသည်။

နေရာလပ်များများ ရရှိရန် သူ မျှော်လင့်ခဲ့သည်မှာ ကြာပါပြီ။ ယခုပိုင်ဆိုင်ခွင့်ရသော ဆုလာဘ်က သူ့ကို အတော်လေး ကျေနပ်ပီတိဖြစ်စေသည်။

ဤဘွဲ့က တခြားဘေးဒုက္ခရောက်စေမည့် အခြေအနေကို ယွမ်ကျိုး မတွေးခဲ့မိပေ။ ထိုအကြောင်းကို တွေးမိသောအခါ ယွမ်ကျိုး စိတ်အနှောင့်အယှက် ဖြစ်မိသည်။

“စနစ် ဒီတစ်ခေါက်ရတဲ့ဆုလာဘ်အတွက် တောင်းဆိုချက်တွေ ရှိသေးတာလား”

စနစ် “ အကင်ကျွမ်းကျင်သူက စားသုံးသူတွေကို ကောင်းမွန်တဲ့ အရသာတွေ ဖန်တီးပေးသင့်တာပေါ့

“အကင်ဆိုင်ကို ည၁၂နာရီအချိန်မှာ ဖွင့်ပေးပါ။ တစ်လမှာ အနည်းဆုံး ငါးကြိမ် ဆိုင်ဖွင့်ရပါမယ်”

“ငါ့ကို ပျော်ရွှင်စေတဲ့ အလုပ်မျိုး လုပ်ရတာလည်း မဆိုးပါဘူး” ယွမ်ကျိုးက စနစ်၏အဖြေကို မြင်သောအခါ သူ လိုချင်သော ရလဒ်ဖြစ်၍ ကျေနပ်နေသေးသည်။

ညလယ်ခေါင်အချိန်မှာ အကင်ဆိုင်ဖွင့်ခိုင်းခြင်းသည် စနစ်က သူ့အိပ်ချိန်ကို ခိုးယူခြင်းလည်း ဖြစ်သည်။

“စနစ်၊ ငါက ကလေးပဲရှိသေးတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့ လိုအပ်သေးတယ်။ အချိန်နည်းနည်းစောစော ဖွင့်ပေးလို့ မရဘူးလား” ယွမ်ကျိုး မေးမြန်းသည်။

သို့သော်လည်း စနစ်က သူ့ကိစ္စပြီးဆုံးသွားလျှင် ပုံမှန်အတိုင်း ပျောက်ကွယ်သွားတတ်သည်။ ယွမ်ကျိုး၏မေးခွန်းကို မဖြေခဲ့ပေ။

အပြင်ဘက်မှာ မိုးဖွဲဖွဲလေး ရွာသွန်းနေသော်လည်း ယွမ်ကျိုး၏စိတ်က ရှုပ်ထွေးနေသည်။

“မိုးရွာတဲ့နေ့တွေမှာပဲ အကင်ဆိုင်ဖွင့်ရင် မဆိုးဘူး ပြောလို့ရတယ်” ယွမ်ကျိုးက သူ့နဖူးကို ပွတ်ကာ အကြံကောင်းကို တွေးမိသွားသည်။

မိုးရေစက်များက သူ့ဆီ အကြံဉာဏ်ကောင်းများ သယ်ဆောင်ပေးသည်။

အရက်ဆိုင်ပိတ်သည်နှင့် အကင်ဆိုင်ကို အလောတကြီးဖွင့်ရန် မလိုအပ်တော့ချေ။

မိုးရွာနေလျှင် သူက အရက်ဆိုင်ကို ပိတ်ထားပြီး လိုအပ်သည်များကို အေးအေးဆေးဆေး ပြင်ဆင်နိုင်သည်။

ယွမ်ကျိုးက အကင်ဆိုင်ဖွင့်မည့်ကိစ္စကို စီစဉ်နေစဉ် မာကျာက ရိုက်ကူးရေးပြီးဆုံးသွား၍ ဟိုတယ်မှာ အနားယူနေသည်။

“အစ်မကျာ မြန်မြန် အဝတ်သွားလဲပါ” ရှောင်ဝူက တစ်ကိုယ်ရည်သုံးပစ္စည်းများကို ထုတ်ကာ သူမကို တိုက်တွန်းသည်။

“အွန်း၊ နင်လည်း ရေချိုးဦဂ” မာကျာက ခေါင်းညိတ်ကာ ပစ္စည်းများကို လက်ခံယူပြီး ရေချိုးခန်းထဲသို့ ဝင်သည်။

မိုးရေထဲမှာ ရိုက်ကူးရေးပြုလုပ်ခဲ့ရ၍ မြန်မြန် ရေချိုးသင့်သည်။

မာကျာက ရေချိုးခန်းမှ ထွက်လာသည်နှင့် သူမ၏လက်တော့ရှေ့ သွားသည်။ မာကျာက သူမ၏ပရိသတ်များနှင့် ထိတွေ့ဆက်ဆံရန် ဘလော့ကို အသုံးပြုသည်။

သူမ၏ဗိုက်ထဲ ရုတ်ခြည်း အသံမြည်လာသည်။ ဗိုက်ဆာနေသော သင်္ကေတ ဖြစ်သည်။

“အခုချိန်မှ ဗိုက်ဆာနေရင်း သည်းခံရတော့မယ်။ နောက်ကျနေတော့ ဆိုင်တွေ မဖွင့်လောက်တော့ဘူး။ နင့်မျှော်လင့်ချက်လေးကို ငါ ဖြည့်ဆည်းပေးလို့ မရတော့ဘူး” မာကျာက သူမ၏ဗိုက်ကို ပွတ်သပ်ရင်း နှစ်သိမ့်ဟန် ပြောသည်။

သူမစာရေးသားလေ့ရှိသော ဘလော့ကို ငေးကြည့်ရင်း ယွမ်ကျိုး၏စားသောက်ဆိုင်အကြောင်းကို ရုတ်တရက် တွေးမိသွားသည်။

(မနေ့တုန်းက ငါတို့ရိုက်ကွင်းနားက နာမည်မရှိတဲ့စားသောက်ဆိုင်လေးမှာ နေ့လယ်စာ သွားစားဖြစ်ခဲ့တယ်။ ဆိုင်ရှင်ရဲ့လက်ရာက ထိပ်တန်းအဆင့်ပဲ။ ဒါပေမဲ့ ဆိုင်က ပုံမှန်ထက် ပိုဈေးကြီးလို့ မသွားဖို့ အကြံပြုချင်တယ်။ ဒါပေမဲ့ အရိုးသားဆုံးပြောရရင် ဆိုင်ရှင်ရဲ့ဟင်းချက်လက်ရာနဲ့ ပေးရတဲ့ဈေးနှုန်းက တကယ်ကို ထိုက်တန်ပါတယ်)

ထို့နောက် စာ၏နောက်တွင် မာကျာက လျှို့ဝှက်ဆန်းကြယ်သောအပြုံးပုံလေး ဖြည့်ပေးလိုက်သည်။

သူမက နာမည်ကျော် မဟုတ်သော်လည်း သူမ၏သရုပ်ဆောင်အရည်အချင်းကြောင့် ပရိသတ်အခိုင်အမာ ရှိသည်။

ဘလော့တင်လိုက်သည်နှင့် သူမ၏ပရိသတ်များက ကြိုက်နှစ်သက်ကြောင်း ပြသသည့်အပြင် မှတ်ချက်များပင် ရေးသားကြသည်။

(ကျာကျာက ချစ်စရာကောင်းလိုက်တာ၊ ရှန်ဟိုင်းကို လာခဲ့ပါဦး။ အဲဒီဒေသရဲ့အစားအသောက်တွေကလည်း တကယ် အရသာရှိပါတယ်။ မင်းကို လိုက်ဝယ်ကျွေးပါ့မယ်) ခေါက်ဆွဲလေး

(မုန့်ချိုတွေက စားလို့သိပ်မကောင်းပါဘူး။ ငါတို့ရှင်းကျန်းမြို့ကိုပဲ လာခဲ့ပါ။ မင်းအကြိုက် သိုးကင်တွေ ကြိုက်သလောက် စားလို့ရတယ်) ရာခယ်မာဖေးသီ

(အစ်မကျာက ဆိုင်နာမည်တောင် မပြောဘဲနဲ့ စားကောင်းသောက်ဖွယ်ကို ညွှန်ပေးတာပဲ) ရုံဖန်

(အစ်မကျာ၊ ဆိုင်နာမည်လေးပြောပေးပါ။ ကိုယ်တိုင်ကိုယ်ကျ သွားစားချင်လို့ပါ” ဟိုက်ဟွင်ရီ

(လူချမ်းသာရီရီလား။ ငါ့ကိုလည်း ခေါ်သွားပေးပါ) ဒုတိယနောက်လိုက်လေး

မာကျာ မပြောသည့်တိုင် အင်တာနက်စနစ်က အလိုအလျောက် ဖော်ထုတ်ပေးသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်က ထောင်ရှီးလမ်းမှာ အတော်လေး နာမည်ကြီးသောကြောင့် နာရီခန့်ပင် မကြာလိုက် ရှာတွေ့သွားကြသည်။

ထို့နောက် မှတ်ချက်များ ပလူးပျံသွားသည်။

ပရိသတ်များက အရင်ဆုံး လူစုကြသည်။ သူတို့နှစ်သက်သော အနုပညာရှင်သွားစားသော စားသောက်ဆိုင်ကို သူတို့လည်း သွားစားကြည့်ချင်သည်။

(သူဌေးယွမ် စားသောက်ဆိုင်ရဲ့ပုံမှန်ဖောက်သည် ပြောတာတော့ အရသာ အရမ်းကောင်းတယ်တဲ့၊ ငါတို့ကျာကျာ အရမ်းကြိုက်သွားမယ်လို့ မထင်ထားဘူး) သူရဲကောင်း

(ငါက ခေါက်ဆွဲပြုတ်ကြိုက်တယ်၊ အခုတောင် ခေါက်ဆွဲပြုတ် တစ်ပန်းကန် စားချင်လားပြီ)

(ငါတော့ ညလယ် အဆာပြေစားချင်တယ်။ အရက်လေးပါ သောက်ရရင် ပိုကောင်းမယ်။ သူဌေးယွမ်ရဲ့ဝါးအရက်က တော်တော်ကောင်းတယ် သတင်းကြားမိတယ်)

အရက်တစ်ပုလင်းတွင် အရက်နည်းနည်းသာ ပါရှိ၍ လူအနည်းစုသာ သောက်နိုင်သည်။

တိုက်ရိုက်ထုတ်လွှင့်သူမန်မန်ကလည်း ဝင်ရောက်ပြောဆိုလာသည်။

(သူဌေးယွမ်ဆိုင်ရဲ့ စည်းမျဉ်းတွေကလည်း ချစ်ဖို့ကောင်းတယ်။ ငါတို့ကို စည်းကမ်းဖောက်ခွင့်မပေးလို့ ပိုချစ်စရာကောင်းတာပဲ) မန်မန်

များစွာသောချီးမွမ်းစကားကြောင့် သိလိုစိတ်ကို ပို၍လှုံ့ဆော်ပေးသည်။

…

ယွမ်ကျိုးက သူ့ဘာသာသူ ခွေးနှင့် အလုပ်ရှုပ်နေပြီး သူ့ဆိုင်သတင်းကို မသိသေးပေ။

“ဒီကောင်လေးက လူထက်တောင် အသိဉာဏ် ထက်မြက်နေသလိုပဲ” ယွမ်ကျိုးက နောက်ဖေးတံခါးကို တအံ့တဩ ကြည့်နေသည်။

ထို့နောက် သူ ဆက်ပြောသည်။

“အခုပဲ တံခါးဖွင့်တော့မယ်”

သူ့ဘက်က ထိုစကားကိုပြောလိုက်စဉ် တံခါးအပြင်ဘက်က ခွေးလေးက ချက်ချင်း အသံတိတ်သွားသည်။

“နှစ်ရာကျော် ခွေးစွပ်ပြုတ်လေး” ယွမ်ကျိုးက အတော်လေး တအံ့တဩ ဖြစ်နေသည်။

အပြင်ဘက်မှ အသံမကြားသောအခါ ယွမ်ကျိုးက ခေါက်ဆွဲထုတ်ကာ ခေါက်ဆွဲပြုတ်ရန် ပြင်ဆင်သည်။

အပြင်ဘက်မှ တံခါးကို ကုတ်နေသူက ခွေးလေးစွပ်ပြုတ် ဖြစ်သည်။ သူခိုးဖမ်းပေးသည့် နေ့တည်းက ခွေးလေးစွပ်ပြုတ်က ည၁၂နာရီရောက်တိုင် တံခါးကုတ်ကာ အစာတောင်းလေ့ရှိသည်။

ယွမ်ကျိုး အနားယူနေချိန် မဟုတ်လျှင် စနစ်က ပြင်ပမှ အသံများကို မကာကွယ်ပေးထားချေ။ ထို့ကြောင့် နားပါးသော ယွမ်ကျိုးက အပြင်ဘက်မှ အသံကို လွယ်လင့်တကူ ကြားနိုင်သည်။

ပထမတစ်ကြိမ်တုန်းက တိုက်ဆိုင်မှုဟု ယူဆမိသော်လည်း ဒုတိယမြောက် တတိယမြောက် ဖြစ်လာသောအခါ တိုက်ဆိုင်မှု မဟုတ်တော့ပေ။

ခဏကြာပြီးနောက် ခေါက်ဆွဲပြုတ်ရရှိသွားသည်။

သူက ခေါက်ဆွဲပန်းကန်ကို နောက်ဖေးတံခါးဆီ သယ်လာပြီး တံခါးကို ဖွင့်လိုက်သည်။

“ခေါက်ဆွဲစားပြီးရင် အရည်သောက်လိုက်။ ဒါက အရမ်းဈေးကြီးတယ်နော်” တံခါးနားမှာ ထိုင်နေသော စွပ်ပြုတ်ကို ယွမ်ကျိုး ကြည့်သည်။

ယွမ်ကျိုးက ခွေးစာခွက်ကို ကြိုဝယ်ထားသည်။ ခွေးက ယွမ်ကျိုး၏စကားကို နားလည်သယောင် ယွမ်ကျိုးကို ကြည့်နေသည်။

“နေ့ဘက်မှာ အများကြီးစားထားတော့ ညဘက် သိပ်မစားနိုင်တော့ဘူးမလား” ယွမ်ကျိုးက ပြောသည်။

ခွေးစာခွက်ထဲ ခေါက်ဆွဲဖက်များ ရှိနေသေးသည်။ ခွေးက ခေါက်ဆွဲပြုတ် အရမ်းကြိုက်နေသော အကြောင်းအရင်းကို မည်သူမှ မသိပေ။

အပိုင်း(၃၀၁)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၀၂)

ယွမ်ကျိုးက စွပ်ပြုတ်ကို အစာကျွေးပြီးနောက် မီးဖိုချောင်ကို သန့်ရှင်းရေးပြုလုပ်ကာ ရေမိုးချိုးသန့်စင်ပြီးနောက် အနားယူသည်။ သူ့အကြောင်း ဆွေးနွေးနေခြင်းကို ယွမ်ကျိုး မသိခဲ့ပေ။

သူက အရာရာကို လျစ်လျူရှုပြီး စိတ်အေးချမ်းသာစွာ အနားယူသည်။ ဟောက်သံပင် ကြားရသည်။

နောက်တစ်နေ့ မနက်စောစော အိပ်ရာမှထပြီး လေ့ကျင့်ခန်း စောစောလုပ်သည်။ ထို့နောက် တစ်ခါမှ မရောင်းချဖူးသော ယွမ်ရှောင်မုန့်ချိုကို ပြင်ဆင်သည်။

“သူဌေးယွမ်၊ ခင်ဗျား နာမည်ကြီးနေတယ်နော်” ဝူဟိုင်းက ဆိုင်ထဲဝင်ဝင်ချင်း ထိုစကားကိုပြောသည်။

သို့သော်ငြားလည်း ယွမ်ကျိုးက စပ်စုဟန် တစ်ချက်ကြည့်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ရှန်မင်က ဝင်ပြောသည်။

“လူကြီးမင်းဝူ ၊ ဒီကနေ့ ယွမ်ရှောင်မုန့်ချို ရပါမယ်။ စားကြည့်ချင်လား”

ကျိုကျာ၏ကြင်နာတတ်သောအမူအရာနှင့် ခြားနားစွာ ရှန်မင်က ဖောက်သည်တိုင်းကို ပျူငှာစွာ ဆက်ဆံသည်။

သူမက ယွမ်ကျိုးကိုလည်း လေးစားသောအမူအရာပြသသည်။

အတင်းတုပ်ချင်နေသော ဝူဟိုင်းက မီနူးအသစ်ကို ချက်ချင်း အာရုံရသွားသည်။

“ငါ့ဆုံးဖြတ်ချက် မှန်ကန်သွားပုံပဲ” ဝူဟိုင်းက သူ့မုတ်ဆိတ်မွေးကို ဝင့်ကြွားစွာ သပ်သည်။

“တစ်ပွဲ ခုချက်ချင်းပေးပါ” အတင်းပြောရန်ပင် ချက်ချင်း မေ့လျော့သွားပြီး မုန့်မှာလိုက်သည်။

“အိုကေ ခဏစောင့်ပေးပါ။ ချက်ချင်း ရစေရမယ်” ရှန်မင်က ခေါင်းညိတ်ကာ ပြန်ပြောသည်။

ဝူဟိုင်းပြောသံကိုကြားပြီးနောက် ယွမ်ကျိုးက သူကြိုတင်ပြင်ဆင်ထားသော ယွမ်ရှောင်မုန့်ကို အိုးထဲထည့်လိုက်သ်ည။

“ဒါက ထန်ယွမ် မဟုတ်ဘူးလား” ဝူဟိုင်းက မေးမြန်းသည်။

“သူတို့နှစ်ခုက မတူဘူး” ယွမ်ကျိုးက တိတိပပ ပြန်ဖြေသည်။

“သူဌေးယွမ် ရှင့်ဆိုင်က တစ်နေ့ထက်တစ်နေ့ ပိုနာမည်ကျော်လာတယ်နော်” ချစ်စရာကောင်းသော ကာတွန်းဝတ်စုံကို ဝတ်ဆင်ထားသော မန်မန်က ဆိုင်ထဲဝင်လာသည်။

“တကယ်လား” ယွမ်ကျိုးက သူမကို လေးစားဟန် ပြန်စကားပြောသည်။ ထို့နောက် အိုးထဲမှ ယွမ်ရှောင်မုန့်ကို သေချာ ခပ်ယူသည်။

“ဘာလဲဆိုတာ မသိချင်ဘူးလား” မန်မန်က သူ့ကိုမေးလေ ဟူသောအမူအရာကို ဖော်ပြသည်။

“နိုး၊ မမေးဘူး။ တစ်ယောက်ယောက်က ငါ့ကို ပြောပြမှာပဲ” ယွမ်ကျိုးက ဝူဟိုင်းမှာယူထားသော ယွမ်ရှောင်မုန့်ကို ပြင်ဆင်ရင်း ပြန်ဖြေသည်။

“ငါ့ကို ခခယယ မမေးရင် မပြောပါဘူး” ဝူဟိုင်းက ပန်းကန်ကို သူ့အနား ဆွဲယူရင်း ပြန်ပြောသည်။

“သူဌေးယွမ်က ကျွန်မကို အလကားကျွေးရင် ပြောပြမယ်” မန်မန်က ပဟေဠိဆန်စွာ ပြုံးသည်။

“ပြောစရာမလိုဘူး။ မာကျာကြောင့်ဆိုတာ သိတယ်” ယွမ်ကျိုးက လေးနက်စွာ ပြန်ပြောသည်။

“ဟုတ်လို့လား။ သူဌေးယွမ်က ဘယ်လိုသိနေတာလဲ။ ဘလော့ကြည့်လိုက်လို့လား” မန်မန်က မယုံကြည်ဟန် မေးမြန်းသည်။

“မဟုတ်ဘူး၊ မာကျာက ဒီဆိုင်ကို တစ်ခါလာဖူးတယ်”

ဘလော့ရေးသားခဲ့သော မာကျာကိုယ်တိုင်ပင် ယခုလို ရလဒ်မျိုးကို မမျှော်လင့်ထားပေ။

“နာမည်မဲ့စားသောက်ဆိုင်လေးက တော်တော် နာမည်ကြီးတာပဲ။ ယွမ်ကျိုး စားသောက်ဆိုင်လား” မနက်အိပ်ရာနိုးနိုးချင်း မာကျာ ဘလော့ဖတ်ရှုရင်း ပြောသောစကားဖြစ်သည်။

“အစ်မကျာ ဘာဖြစ်လို့လဲ”ထူးဆန်းသောမျက်နှာအမူအရာ ဖြစ်နေသောမာကျာကို ရှောင်ဝူ မေးမြန်းသည်။

“ဘာမှမဟုတ်ပါဘူး။ သွားကြမယ်” လက်တော့ကိုပိတ်ကာ မာကျာ ပြန်ပြောသည်။

“အွန်း” ရှောင်ဝူက ဆက်မမေးမြန်းဘဲ တံခါးဖွင့်ပေးသည်။

မနက်ခင်းဆိုင်ဖွင့်ချိန် ပြီးဆုံးသွားခဲ့သည်။ ဖောက်သည်အရမ်းမများလာခဲ့ပေ။

ယွမ်ကျိုးက သူအသစ်ပိုင်ဆိုင်ထားသော ဖိတ်စာများကိုသာ စိတ်ဝင်စားနေသည်။ သူ အားလပ်ချိန်အတွင်း နေ့တိုင်းနေ့တိုင်း ဟင်းလျာအသစ်ကို ချက်ပြုတ်ပြီး ကျန်အချိန်များတွင် ပန်းပုထုခြင်း ပညာရပ်ကို လေ့လာလိုက်စားသည်။

ဤသည်ကား သူ့အကျင့်လို ဖြစ်နေသည်။ ဟင်းလျာအသစ်ကို လေ့လာမှု ပြီးဆုံးပြီနောက် တခြားဖိတ်စာအသစ်မှာ နာမည်ရေးလိုက်သည်။

ခဏလေးအတွင်းမှာပင် သူ ဖိတ်ကြားလိုက်သော အမျိုးသမီး၏ ပုံရိပ်ပေါ်လာသည်။

မိန်းမချောလေး တစ်ဦးဖြစ်သည်။ သူမက ယွမ်ကျိုး အထက်တန်းကျောင်းသားဘဝတုန်းက အတန်းဖော်မိန်းကလေး ဖြစ်သည်။ ကျောင်း၏ ထိပ်တန်း အချောအလှလေးလည်း ဖြစ်သည်။

“လီကျင်း မတွေ့တာကြာပြီ” ကတ်ပေါ်မှ ဓာတ်ပုံကို ငေးကြည့်ရင်း ယွမ်ကျိုးက ပွင့်လင်းစွာ ပြောသည်။

“ဒါဆိုရင် ဒါက ဒုတိယမြောက်ကတ်ပဲ။ ဒီတစ်ခုကို သုံးပြီးရင် နောက်တစ်ခုပဲ ကျန်တော့တယ်။ ဘယ်လိုသုံးရမလဲဆိုတာ ကောင်းကောင်းကြံစည်ရမယ်” ယွမ်ကျိုးက ကျန်နေသေးသော ကတ်အလွတ်ကို ငေးကြည့်ရင်း လေးနက်စွာ ပြောသည်။

သူ့အတွက် အကျိုးရှိအောင် အသုံးချသင့်သည်။

ယွမ်ကျိုးဘက်ခြမ်းမှာ လေငြိမ် အေးချမ်းနေစဉ် ဝူဟိုင်း၏ဘဝက မုန်တိုင်းထန်နေသည်။

“ဝူဟိုင်း တံခါးဖွင့်စမ်း၊ နင် ဒီလို ပုန်းကွယ်နေရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ် ထင်သလား။ ၁၀မိနစ်အတွင်း အခန်းထဲက ထွက်လာစမ်း။ ဒီလိုမှ မဟုတ်ရင်တော့ အကျိုးဆက်ကို ခံယူဖို့ အသင့်ပြင်ထားလိုက်စမ်း” ဝူလင်းက ဝူဟိုင်း၏စတူဒီယိုအခန်းတံခါးကို အကြမ်းပတမ်း ရိုက်နေသည်။ သူမ၏ကြမ်းတမ်းသောအပြုအမူက လှပသောရုပ်ရည်နှင့် လုံးဝ လိုက်ဖက်မှု မရှိပေ။

“ထားလိုက်ပါတော့ ရှောင်ဟိုင်းက အခန်းထဲမှာ ပန်းချီဆွဲနေတာ ဖြစ်ချင်ဖြစ်မှာပါ” ကျန်းကျဝေက ကူကယ်ရာမဲ့ အမူအရာဖြင့် ဝူလင်းကို တားဆီးသည်။

“ရှင်ပဲ သူ့ကို ယုံကြည်နေသေးတာပါ။ ၁၀မိနစ်အတွင်း အခန်းတံခါး မဖွင့်လို့ကတော့ အဲဒီဆိုင်က အစားအသောက်တွေ ထပ်စားလို့ မရအောင်ကို လုပ်ပစ်မယ်” ဝူလင်းက ဝူဟိုင်းကြားနိုင်သော လေသံဖြင့် ခပ်ပြတ်ပြတ် ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ဟိုင်းက မင်းရဲ့အစ်ကိုလေ”

“ဒါဆိုရင် နင်က ငါ့ကောင်လေးလေ” ဝူလင်းကလည်း မတုံ့မဆိုင်း ပြန်ပြောသည်။

“ဟုတ်တယ်လေ။ ဒါကြောင့်မို့ ငါ့စကားကို နားထောင်လေ။ ကိုယ် သူနဲ့ စကားပြောကြည့်မယ်” ကျန်းကျဝေ ဖျောင်းဖျသည်။

“ရှင်စကားပြောလို့ရပါတယ်။ ဒါပေမဲ့ အဲဒီတံခါးကို ငါ ရိုက်ချိုးတဲ့အချိန်ထိ စောင့်ရမယ်။ နင် ငါ့ကို လာမတားနဲ့” ဝူလင်းက မကျေမချမ်း ပြောဆိုသည်။

“ဒါဆိုရင် အခန်းပြင်တဲ့ဆိုင်ကို အရင်ဆုံး ဖုန်းခေါ်ထားလိုက်မယ်။ ပြီးရင် မင်းလုပ်ချင်တာ ဆက်လုပ်” ကျန်းကျဝေက နောက်ဆုတ်ကာ ဖုန်းခေါ်သည်။

သို့သော်ငြားလည်း ဝူလင်းက လူသတ်သမားလေသံဖြင့် အခန်းထဲကလူ ကြားအောင် အော်ပြောသည်။

“ငါ့ကို ဆင်ခြေကောင်းကောင်း မပေးလို့ကတော့ နင့်အိမ်တံခါးလိုပဲ နင့်ဘဝလည်း အဆုံးသတ်သွားစေရမယ်”

ထိုစကားကိုပြောပြီးနောက် သူမ၏ခြေတံရှည်ဖြင့် တံခါးကို အားဖြင့် ဆောင့်ကန်ချလိုက်သည်။

အသံကြောင့် ကျန်းကျဝေ အလန့်တကြားပြေးလာသည်။

“မင်းခြေထောက် ကျိုးသွားပြီလား”

“တံခါးကိုပဲ သွားမေးလိုက်လေ”

ဝူလင်း၏ဖိနပ်က တောက်ပနေဆဲ ဖြစ်သည်။

“ဒါဆိုရင် ကောင်းတာပေါ့။ တံခါးပြင်တဲ့လူက ၄နာရီကျော်ရင် ရောက်လာလိမ့်မယ်”

“ရှောင်ဟိုင်း မင်းရဲ့ပန်းချီကားကို ပြန်ယူချင်တာကို ငါတို့ကို ဘာလို့ မပြောတာလဲ” ကျန်းကျဝေ စိတ်မကောင်းဖြစ်မိသည်။

“ပန်းချီကားကို စားသောက်ဆိုင်နားက ဖြတ်သွားသူများလို့တောင် နာမည်ပြောင်းလိုက်ပြီ” ဝူဟိုင်းက တုန်တုန်ရီရီ အမူအရာဖြင့် ပြန်ပြောသည်။

“ရှောင်ဟိုင်း၊ မင်း လုပ်သမျှကို ငါက မတားပါဘူး။ ဘာလို့ ငါ့ကို မပြောတာလဲ” ပန်းချီကားပြန်ယူလိုက်သည့်အတွက် ကျန်းကျဝေက ဝူဟိုင်းကို အပြစ်တင်နေခြင်း မဟုတ်ပေ။

ဝယ်သူကို တစ်နာရီကျော် တောင်းပန်ရလည်း သူ့အတွက် ပြဿနာ မရှိပေ။

“မင်းက ပြခန်းကိစ္စနဲ့ အလုပ်ရှုပ်နေလို့ပါ” ဝူဟိုင်းက အရှက်မဲ့ဟန် ပြောသည်။

“အစ်ကိုကြီး ဒီနေ့ညနေ အိမ်ပြန်ပြီး ညစာစားကြမလား”

သူမ၏အပြုံးတွင် ခြိမ်းခြောက်မှု ရောယှက်နေမှန်း ကျန်းကျဝေပင် ခံစားမိသည်။

“ငါ နင့်ကို အမှန်တိုင်း ပြောပါ့မယ်” ဝူဟိုင်းက နားလည်ဟန် ပြန်ပြောသည်။

“မင်း သဘောတူမယ်မှန်းလည်း သိတယ်။ အဲဒီအတွက်နဲ့ မင်းကို မစိုးရိမ်စေချင်ဘူးလေ၊ ပန်းချီကားကို ဒီနားတစ်ဝိုက်က စားသောက်ဆိုင်မှာ ချိတ်ထားတာပါ” ဝူဟိုင်းက ရှင်းရှင်းလင်းလင်း ပြောသည်။

အပိုင်း(၃၀၂)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၀၃)

ကျန်းကျဝေက ခဏ နှုတ်ဆိတ်နေခဲ့သည်။

"အစ်ကို ၊ နင်က ကျဝေ နင့်တောင်းဆိုတာကို မငြင်းမှန်း သေချာ သိနေမှာပါ" ဝူလင်းက မကျေနပ်ဟန် ပြောသည်။

"အွန်း၊ ငါ သိတယ်" ဝူဟိုင်း ခေါင်းညိတ်သည်။

"ရတယ်။ ကိုယ် အဆင်ပြေတယ် လင်းလင်း" ကျန်းကျဝေက ဝူလင်းကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။

"ကောင်းပြီ။ နင်တို့ပြောချင်တာသာ ပြောတော့" ဝူလင်းက ပခုံး ဆတ်ခနဲတွန့်ကာ သူမ ဝင်မစွက်ဖက်တော့ကြောင်း ဖော်ပြသည်။

"အွန်း" ကျန်းကျဝေက ခေါင်းညိတ်ကာ ဝူဟိုင်းဘက် လှည့်သည်။

"ငါ့ကို အဲဒီလို မကြည့်စမ်းပါနဲ့။ ဘာသဘောလဲဆိုတာ သိတယ်။ ညကျ အတူတူသောက်တာပေါ့"

ဝူဟိုင်းက ကူကယ်ရာမဲ့အမူအရာကို ဖော်ပြသည်။

"ကောင်းပြီ။ မင်း ဝယ်ကျွေးမှာကို စောင့်နေမယ်" ကျန်းကျဝေက စိတ်ရှုပ်နေသော ခံစားချက်မှ လွတ်မြောက်သွားပုံ ပေါ်လွင်သည်။

"နေဦး၊ အနီရောင်ဘောလုံး မပိုင်ထားဘူး" ဝူဟိုင်းက ရုတ်ခြည်း တွေးမိသွားသည်။

"အစ်ကို၊ ငါတို့တွေ ညစာ အတူတူစားနိုင်ပြီပေါ့" သူတို့အားလုံး စိတ်သဘောထား တိုက်ဆိုင်သွား၍ ဝူလင်းက ပြုံးရွှင်သော အမူအရာဖြင့် စကားပြောသည်။

"အားနာပါတယ်။ နင်က အစာကြီးတော့ နင့်ကို ဝယ်မကျွေးနိုင်ဘူး"ဝူဟိုင်းက ဝူလင်းကို မထီမဲ့မြင်ကြည့်ကာ ချက်ချင်း ပြန်ပြောသည်။

"အစ်ကိုက ဝယ်ကျွေးဖို့ မလိုအပ်ပါဘူး။ ကျဝေ ဝယ်ကျွေးမှာပေါ့"

ဝူလင်းက ရှက်ကိုးရှက်ကန်း အမူအရာ ဖော်ပြသည်။

"ကောင်မလေးတွေက ကိုယ့်အစ်ကိုထက် ချစ်သူကိုပဲ ပိုချစ်တယ်" ဝူဟိုင်းက စိတ်ပျက်သော အမူအရာကို ဖော်ပြသည်။

"အစ်ကိုလည်း ချစ်သူ ထားသင့်တယ်" ဝူလင်းက ဝူဟိုင်း အထိနာစေသော လက်နက်ကို ထုတ်သုံးသည်။

"ဒီညနေ ဘာစားမလဲဆိုတာပဲ ဆွေးနွေးရင် ပိုကောင်းမယ်" ဝူဟိုင်းက ချက်ချင်း စကားလမ်းကြောင်းလွှဲသည်။

ဝူဟိုင်းတို့အဖွဲ့က တစ်နေ့ခင်းလုံး အစားအသောက်အကြောင်း ဆွေးနွေးထား၍ ယွမ်ကျိုး၏စားသောက်ဆိုင်မီနူးထဲမှ ဟင်းလျာ အားလုံးနီးပါး မှာယူသည်။

ကျိုကျာက တက်ကြွနေသော ပျားလုပ်သားကဲ့သို့ ဟင်းလျာများကို ပို့ပေးသည်။

ဝူလင်းက အစာစားရင်း စကားပြောရန် မမေ့လျော့ခဲ့ပေ။

"အစ်ကိုက ဒီဆိုင်မှာ နေ့တိုင်းလာစားတာ မအံ့ဩတော့ဘူး။ အစားအသောက်တွေက အရမ်းအရသာရှိတယ်။ အရင်ကစားခဲ့ဖူးသမျှ အစားအသောက်တွေကို ဝက်စာလို့တောင် မှတ်ယူမိတယ်။ ညီမလေး၊ သုန်ပိုဝက်လက်ဟင်း နောက်တစ်ပွဲထပ်ပေးပါ"

ဝူလင်းက ကျင်းလင်းမြက်ကို ပလုံပလောင်းဝါးရင်း နောက်ဟင်းတစ်ပွဲကို ထပ်မှာသည်။

"ဟင်းတစ်ပွဲကို နှစ်ခါမှာ ခွင့်မပေးပါဘူး" ကျိုကျာ ပြန်မဖြေခင် ဝူဟိုင်းက သူ့ညီမကို ရှင်းပြသည်။

"စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စည်းမျဉ်းတွေ များလွန်းတယ်။ ငါ မစားရသေးတဲ့ ဟင်းပွဲပဲပေးတော့။ ဖီးနစ်အမြှီးပုစွန်ဟင်းပေး"

ဝူလင်းက ပလုံပလောင်းစားရင်း ပြောသည်။

"ငါ့ညီမလို့တောင် မထင်တော့ဘူး ဖုတ်ဝင်နေသလား" ဝူဟိုင်းက အားမနာစတမ်း ဝေဖန်သည်။

"ငါက အစ်ကို ကုသိုလ်ရအောင် အများကြီး စားပေးတာပဲ ကျေးဇူးတင်လိုက်ပါ" ဝူလင်းက ချက်ချင်း ပြောသည်။

"လင်းလင်း ချစ်လေးက ပိန်နေတော့ များများစား။ စားကောင်းတယ်မလား"

ကျန်းကျဝေ၏မျက်နှာတွင် အလိုလိုက်သောအမူအရာကို ဖော်ပြသည်။

"မင်းဘဝကို ရင်လေးမိတယ် ညီလေး"

ဝူလင်းက ကျန်းကျဝေ၏ပခုံးကို သနားဟန်ပုတ်လိုက်သည်။

"အဲလိုလည်း မဟုတ်ပါဘူး။ လင်းလင်းက မိန်းမကောင်းလေးပါ"

ကျန်းကျဝေက ချိုသာသောအမူအရာ ဖော်ပြသည်။

"အမလေး ငါ့ရှေ့မှာ တစ်တီတူးနေတယ်"

ဤသို့ဖြင့် ယွမ်ကျိုး၏ဟင်းချက်လက်ရာကို နှစ်သက်သော အမျိုးသမီး ပရိသတ်တစ်ဦး ထပ်တိုးလာသည်။

သုံးရက်ကြာပြီးနောက်

၇၂နာရီက မျက်စိတစ်မှိတ်အတွင်း ကျော်လွန်သွားသည်။ ယွမ်ကျိုး မျှော်လင့်ထားသော နေ့ရက်လေး ရောက်လာသည်။

သူ အရမ်းစိတ်လှုပ်ရှားခြင်း မရှိဘဲ ပုံမှန်အတိုင်း နေ့လယ်ခင်း ဆိုင်ဖွင့်ရန် ပြင်ဆင်သည်။

"အာကျင်း ဒီဆိုင်မှာ ဘာလို့လာစားတာလဲ"

ဖျတ်လတ်တက်ကြွသော အမျိုးသမီး၏အသံက ဘေးလမ်းမှ ထွက်ပေါ်လာသည်။

"ဒီဆိုင်မှာရောင်းတဲ့ အစားအသောက်တွေက အရသာရှိတယ်လို့ ပြောကြတယ်။ ဒီပြင် အလာအလားရှိတဲ့ဆိုင်ဘွဲ့ထူးတောင် ပိုင်ဆိုင်ထားတယ်။ မပြန်ခင် စားသွားသင့်တယ်လေ"

"အိုကေ ကောင်းပြီလေ။ ဒါက နောက်ဆုံးလည်း ဖြစ်သွားနိုင်တယ်"

ဖျတ်လတ်တက်ကြွသောအမျိုးသမီးက ကူကယ်ရာမဲ့အသံကို ဖော်ပြသည်။

ကောင်မလေးနှစ်ယောက်တွင် တစ်ယောက်က ယွမ်ကျိုး ဖိတ်ခေါ်ထားသော အာကျင်း အမည်ရှိ လီကျင်း ဖြစ်ပြီး ကျန်တစ်ဦးက လီကျင်း၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သည်။

လီကျင်းက ရိုးရှင်းသော အားကစားဝတ်စုံကို ဝတ်ဆင်ကာ။ဆိုင်ထဲ ဝင်လာသည်။ ဆံပင်ခပ်မြင့်မြင့် စီးထားကာ ယခင်အတိုင်း ချောမောလှပကာ လူငယ်ဆန်သည်။ အထက်တန်းကျောင်းသူလေးဟုပင် ထင်မှတ်ရသည်။

ထို့အပြင် အားကစားဝတ်စုံလေးကြောင့် ပိန်ပါးသော အသွင်ပိုပေါ်လွင်သည်။ လီကျင်းက အတော်လေး ကြည့်ကောင်းသည်။

လီကျင်းဘေးနားက ကောင်မလေးကိုတော့ ယွမ်ကျိုး မသိပေ။

သူမက ရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တိုအကောက်လေးကြောင့် ချစ်စရာကောင်းသည်။

"ဘာများ သုံးဆောင်ချင်ပါသလဲ"

ယွမ်ကျိုးက ပုံမှန်အတိုင်း လာရောက် မေးမြန်းသည်။

"မီနူးရှိလား" လီကျင်းက သူမ၏အတန်းဖော်ဖြစ်ခဲ့ဖူးသော ယွမ်ကျိုးကို မမှတ်မိပေ။

သူတို့တွေ အထက်‌တန်းကျောင်းမှ ဘွဲ့ရခဲ့သည်မှာ ၆နှစ်ကျော်ကြာပါပြီ။ ယွမ်ကျိုးက ရင့်ကျက်လာပြီး လူကြီးဆန်လာသည်။

ခင်မင်ရင်းနှီးသူ မဟုတ်၍ လီကျင်းက သူ့ကို မမှတ်မိနိုင်ပေ။

ယွမ်ကျိုးက မီနူး လှည့်ယူလိုက်စဉ် သူမက သူငယ်ချင်းကို ကျီစယ်နေသည်။

"ယွမ်အာ၊ အဲဒီတစ်ယောက်က နင့်အကြိုက်ဆုံး ဒီဇိုင်းမလား။ ဦးလေးကြီးပုံစံနဲ့ ဟင်းချက်တတ်တဲ့လူတွေကို သဘောကျတယ်မလား"

သူတို့က အသံခပ်တိုးတိုး ပြောနေသည့်တိုင် ယွမ်ကျိုး ရှင်းရှင်းလင်းလင်း ကြားသည်။

သူမကို ဒေါသထွက်ရမည့်အစား ယွမ်ကျိုးက ထိုစကားသံကို ရင်းနှီးနေသည်ဟုပင် ခံစားမိသည်။

အထက်တန်းကျောင်းတက်စဉ်က လီကျင်းက ယခုလို စနောက်ကျီစယ်လေ့ရှိသည်။ ထို့ပြင် သူမက အားကစားသမား ဖြစ်နေ၍ မိတ်ဆွေပေါသည်။

"ဒီမှာ မင်းတို့နှစ်ယောက်အတွက် မီနူးပါ" ယွမ်ကျိုးက မျက်နှာထားတည်ကာ မီနူးပေးသည်။

"ဝိုး၊ အရမ်းဈေးကြီးတယ်။ ယွမ်အာ နင့်ဘာသာနင် ဝယ်စားနော်"

လီကျင်းက ဟန်ကိုယ့်သော အမူအရာဖြင့် စကားပြောသည်။

"မရပါဘူး။ ဒါက ငါတို့နောက်ဆုံးအတူတူစားတာလဲ ဖြစ်နိုင်တယ်။ နင်ပဲ ရှင်းရမယ်"

ယွမ်အာက ခပ်တည်တည် မျက်နှာထားဖြင့် ပြောသည်။

လီကျင်းက မျက်ခုံးပင့်ကာ သူမ၏ဖြူဖျော့သော မျက်နှာပေါ်တွင် ကျီစယ်သော အမူအရာကို ဖော်ပြသည်။

"ထားလိုက်ပါတော့။ ယွမ်အာက ငါ့ကို အခွင့်ရေးယူတော့မယ့်ပုံပဲ"

"ခေါက်ဆွဲပြုတ်တစ်ပွဲ၊ ကျင်းလင်းမြက်တစ်ပွဲ" ယွမ်အာက လီကျင်းကို လျစ်လျူရှုကာ ဟင်းပွဲ မှာသည်။

"အွန်း ငါလည်း မှာမယ်။ သုန်ပိုဝက်လက်ဟင်း နဲ့ အစုံလိုက်ကြက်ဥထမင်းကြော်ပေးပါ"

လီကျင်းက အထက်တန်းကျောင်းသူ ဘဝတုန်းက ကဲ့သို့ အသားစားသုံးခြင်းကို နှစ်သက်နေသေးသည်။

အသားကြိုက်နှစ်သက်သူ ဖြစ်သည့်တိုင် ဝိတ်မတက်လာခဲ့ပေ။ လီကျင်း၏လှပသော ခန္ဓာကိုယ်ကို ငေးကြည့်ရင်း ယွမ်ကျိုး သက်ပြင်းချမိသည်။

"ကောင်းပြီလေ ၊ ခဏစောင့်ပေးပါ၊ ကျိုကျာ ကျသင့်ငွေ လက်ခံယူလိုက်ဦး" ယွမ်ကျိုးက ကျိုကျာကို ညွှန်ကြားသည်။

တသ်ခါတရံ ယွမ်ကျိုးကိုယ်တိုင် အော်ဒါကောက်လေ့ ရှိ၍ ဤအပြုအမူက မထူးဆန်းပေ။

ယွမ်ကျိုး မီးဖိုချောင်ထဲ လှည့်ထွက်သွားသောအခါ စားပွဲပေါ်တင်ထားသည့် လီကျင်း၏ဖုန်းထဲ စာတိုဝင်လာသည်။

[ကျင်း၊ ဒီညနေ ညစာအတူတူစားရအောင်လား၊ ငါ...] နာမည်မမှတ်ထားသည့်ဖုန်းမှ စာပို့လာခြင်း ဖြစ်သည်။

စာအပြည့်မပေါ်သော်လည်း ယွမ်ကျိုးက စကားလုံးတချို့ကို မြင်နိုင်သည်။

ယွမ်ကျိုးက မီးဖိုချောင်ထဲ ပြန်သွားပြီး အစားအသောက် ပြင်ဆင်နေစဉ် လီကျင်း နှင့် ယွမ်အာက စကားပြောနေသည်။

"အာကျင်း တစ်ယောက်တည်း အိမ်ပြန်ရင် ဂရုစိုက်ပြန်နော်" ယွမ်အာက အတော်လေး စိုးရိမ်နေသည်။

"ရပါတယ်ဟာ ငါ့ဇာတိကို ပြန်မှာပဲဟာ" လီကျင်းက စိုးရိမ်ပုံ မပေါ်လွင်ချေ။

"နောက်ကျမှ ထွက်တဲ့လေယာဉ်လက်မှတ် ဝယ်လိုက်ရလား။ နင့်ကို ဘယ်သူမှ လိုက်ပို့လို့ မရတော့ဘူး။ ငါ့ကောင်လေးကို လေဆိပ်လိုက်ပို့ခိုင်းလိုက်မယ် အဆင်ပြေလား" သူမက တွေးလေ စိုးရိမ်စိတ် ဖြစ်မိသည်။ ထို့ကြောင့် ယွမ်အာက ယခုလို ကမ်းလှမ်းခြင်း ဖြစ်သည်။

"ထားလိုက်ပါ။ နင်တို့အတူတူ ချစ်ကြည်နူးနေမယ့် အချိန်တွေကို မဖြုန်းချင်ပါဘူး။ မဟုတ်ရင် နင့်ကောင်လေးက ငါ့ကို မုန်းနေဦးမယ်"

လီကျင်းက ချက်ချင်း ငြင်းသည်။

"နင်က အရင်တိုင်းပဲ ခေါင်းမာလွန်းတယ်" ယွမ်အာက ကူကယ်ရာမဲ့ ပြောသည်။

လီကျင်းက သူမသွားနေကျ လမ်းခရီးဖြစ်၍ မစိုးရိမ်ချေ။ သူစိမ်းတရံနယ်မြေသွားလျှင် ယွမ်အာက လီကျင်းကို မရမက တားဆီးမိလိမ့်မည်။ ည ၁၀နာရီထွက်ခွာမည့် လေယာဉ်ပေါ် လိုက်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

သူတို့နှစ်ဦးပြောနေသောစကားဝိုင်းကို ဘေးက နားထောင်ရင်း ယွမ်ကျိုး စိတ်ရှုပ်ထွေးသွားသည်။ သူ့ချစ်စဖွယ်မင်းသမီးလေးက ချစ်သူရှိခဲ့ဖူးတယ် မဟုတ်ဘူးလား။

အပိုင်း(၃၀၃)

ပြီးပါပြီ။

All Chapters