← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

ယွမ်ကျိုး အပိုင်း(၃၀၄)

ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချပြီး ခဏကြာပြီးနောက် စိတ်ထဲ ထုတ်ပစ်လိုက်သည်။ ထို့နောက် ရောက်တတ်ရာရာ တွေးနေခြင်းကို ရပ်တန့်ကာ ဟင်းလျာများကို ပြင်ဆင်သည်။

ခဏကြာပြီးနောက် လီကျင်း နှင့် ယွမ်အာမှာယူထားသော အစားအသောက်များ ချက်ပြုတ်ပြီးစီးသွားသည်။

ယွမ်ကျိုး ကိုယ်တိုင်ကိုယ်ကျ အစားအသောက်များ သွားရောက် ပို့ဆောင်ပေးသည်။

"မင်းတို့နှစ်ယောက် မှာထားတဲ့ အစားအသောက်တွေ ရပါပြီ။ သုံးဆောင်ပါ" ယွမ်ကျိုးက ဟင်းလျာများကို စားပွဲခုံပေါ် ချပေးပြီး ပုံမှန်အတိုင်း ပျူငှာသော လေသံဖြင့် ပြောသည့်တိုင် လေသံက မနူးညံ့ပေ။

"ဝိုး၊ ယွမ်အာ မြင်လား။ ဒီစားဖိုမှူးပ ယောက်ျားဆန်တယ်" ယွမ်ကျိုးလှည့်ထွက်သွားသောအခါ လီကျင်းက ယွမ်အာ၏အနား တိုးကပ်ကာ တိုးတိုးလေး ပြောသည်။

သူမ၏လေသံတွင် ကျီစယ်သော ခံစားချက်များ ပြည့်နှက်နေသည်။

"အာကျင်း၊ လျှောက်မစ စမ်းနဲ့"

ယွမ်အာက မကျေနပ်ဟန်ဖြင့် လီကျင်းကို ဆိတ်သည်။

"သူက တကယ်ချောတယ် သူ့ကို သိနေသလိုပဲ ခံစားမိတယ်။ အရင်တုန်းက တွေ့ဖူးတာများလား" လီကျင်း ဒွိဟဖြစ်နေသည်။

"တော်လိုက်ပါတော့။ နင့်ပါးစပ်ထဲ အစားအသောက်တွေ အများကြီး ထည့်ထားတာ မလုံလောက်ဘူးလား။ စားပြီးရင် လုပ်စရာကိစ္စ ရှိသေးတာ မမေ့နဲ့။ ဒီဆိုင်က အစားအသောက်ကို စားဖို့ အချိန်အကြာကြီး ကြိုးစားရှာထားရတယ်မလား"

ယွမ်အာက စားပွဲခုံပေါ်မှ အရသာရှိသော အစားအသောက်များကို ညွှန်ပြသည်။

"အိုကေ အိုကေ မြန်မြန်စား။ ငါလည်း စားမယ်"

လီကျင်းက အရသာရှိသော အစားအသောက်များကို အာရုံစိုက်လိုက်သည်။

"အွန်း စားမယ်" ယွမ်အာ ခေါင်းညိတ်သည်။

ထို့နောက် သူတို့ စတင်စားသောက်သည်။

လီကျင်း ပထမဆုံး မြည်းကြည့်သော ဟင်းပွဲက အစုံလိုက်ကြက်ဥထမင်းကြော် ဖြစ်သည်။

"ကြက်ဥဖက်လည်းမတွေ့ရ၊ ကြက်သွန်နီဖက်တောင် မတွေ့ရဘူး။ ဒါပေမဲ့ ရွှေရောင်သန်းနေတာပဲ။ ညွှန်တဲ့အတိုင်း အရသာရှိပါ့မလား"

လီကျင်း ဒွိဟဖြစ်နေသည်။

ထမင်းကြော် တစ်ဇွန်းခပ်ကာ ပါးစပ်ထဲထည့်လိုက်သည်။

"ကောင်းတယ်။ အရသာရှိတယ်"

လီကျင်း၏တောက်ပနေသော မျက်ဝန်းတွင် အထင်ကြီးလေးစားသော ခံစားချက်များ ဖြစ်ပေါ်နေသည်။

ယွမ်ကျိုးချက်ပြုတ်ထားသော ဟင်းလျာကို မိန်းမချောလေး နှစ်ဦး အကြိုက်တွေ့နေသည်။

ထိုစဉ် သူတို့က အရသာကို စာမြုံ့ပြန်ရင်း ခပ်တိုးတိုးလေး ချီးမွမ်းကြသည်။

"ယွမ်အာ၊ ဒီသုန်ပိုဝက်လက်ဟင်းက အရမ်းအရသာရှိတယ်။ ဘာလို့ မစားကြည့်တာလဲ။ ဟင်းရွက်တွေချည်းပဲ အမြဲမစားနဲ့" လီကျင်းက သူမ မှာထားသော အစားအသောက်များကို ယွမ်အာ၏ပန်းကန်ထဲ ထည့်ပေးသည်။

ကောင်မလေးအများစုက အရသာရှိသော အစားအသောက်များ စားခွင့်ကြုံလျှင် မျှဝေစားကြသည်။

မီးဖိုချောင်ထဲ ချက်ပြုတ်နေသော ယွမ်ကျိုးက သူတို့ကို မကြာခဏ လှမ်းကြည့်နေသည်။

သူမကို ငေးကြည့်ရင်း အတိတ်ကို ပြန်လည် အမှတ်ရမိသည်။ သူက လူတစ်ယောက်ကို တမ်းတနေခြင်း မဟုတ်ဘဲ သူ့အတိတ်နေ့ရက်ဟောင်းများကို ပြန်လည် အမှတ်ရခြင်း ဖြစ်သည်။

တခြားသောပုံမှန်ဖောက်သည်များ ကဲ့သို့ လီကျင်း နှင့် ယွမ်အာတို့သည်လည်း အစားအသောက်များ ကုန်သွားသည်နှင့် ဆိုင်မှ ထွက်သွားကြသည်။ ယွမ်ကျိုးကလည်း သူတို့ကို စကားသွား မပြောခဲ့ပေ။

တစ်ချိန်တုန်းက အတန်းဖော် ဖြစ်ခဲ့ဖူးကြောင်းလည်း သူက လီကျင်းကို အသိမပေးခဲ့ချေ။

အဝေးတစ်နေရာ ရောက်သွားသော လီကျင်း နှင့် သူ နောင်အနာဂတ်မှာ ပြန်ဆုံဆည်းရန် မလွယ်ကူချေ။

သူမဆီ အပြေးသွားပြီး သူမကို တိတ်တခိုး ချစ်ခဲ့ဖူးကြောင်း သွားပြောခွင့် ရှိသည်။ တန်ဖိုးကြီးကတ်ကို အသုံးပြုပြီး သူမကို ဖိတ်ခေါ်ခဲ့ရခြင်း ဖြစ်သည်။ သို့တိုင် ယွမ်ကျိုး မလုပ်ခဲ့ပေ။ လီကျင်းက သူမကို တိတ်တခိုး ချစ်ခဲ့ဖူးသော အတန်းဖော် ယွမ်ကျိုး ရှိခဲ့ဖူးခြင်းကိုပင် သူမ မေ့နေလောက်ပါပြီ။

"ငါ တစ်ဖက်သတ်ချစ်ခဲ့တာကို သူ သိဖို့ မလိုအပ်ပါဘူးလေ"

ယွမ်ကျိုးက လီကျင်း၏နောက်ကျောပြင်ကို ငေးကြည့်ရင်း အတွေးလွန်နေသော်လည်း ခဏလေးအတွင်းမှာပင် ပုံမှန်အခြေအနေ ပြန်ဖြစ်သွားသည်။

သူက လီကျင်းကို အမှန်တကယ် ချစ်မြတ်နိုးခြင်း မဖြစ်နိုင်ပေ။ ကောင်မလေးကို တိတ်တခိုး ချစ်ရသော ခံစားချက်ကို နှစ်သက်နေခြင်း ဖြစ်နိုင်သည်။

သူ့စိတ်တည်ငြိမ်အောင် ကြိုးစားရင်း နေ့လယ်ခင်း ဆိုင်ဖွင့်ချိန်က ပုံမှန်အတိုင်း ကုန်ဆုံးသွားခဲ့သည်။

ခဏကြာပြီးနောက် ကျိုကျာက စားပွဲခုံ နှင့် ထိုင်ခုံများကို ဖုန်သုတ်သည်။

သူမ လှည့်ကြည့်လိုက်သောအခါ သူဌေးယွမ်ကျိုး ငေးငိုင်နေခြင်းကို သတိပြုမိသည်။

"သူဌေး ကျွန်မ ပြန်တော့မယ်။ ညနေမှ ပြန်ဆုံတာပေါ့"

"အွန်း နှုတ်ဆက်ပါတယ်" ယွမ်ကျိုးက ပုံမှန်အတိုင်း ပြန်ပြောသည်။

"ဘိုင့်" ကျိုကျာက လေးနက်စွာ ခေါင်းညိတ်ပြီး လှည့်ထွက်သွားရန် ပြင်ဆင်သည်။

"နေပါဦး၊ ဒီညနေ လာဖို့ မလိုဘူး"

ယွမ်ကျိုးက ရုတ်တရက် လှမ်းပြောသည်။

"အမ်၊ ဘာလို့လဲ" ကျိုကျာက တအံ့တဩ ပြန်မေးသည်။

သူမ ဘာအမှားလုပ်မိ၍ ယွမ်ကျိုးက မလာခိုင်းလဲ တွေးနေသည်။

"ဒီညနေခင်းမှာ လုပ်စရာကိစ္စရှိလို့ ဆိုင်မဖွင့်ဘူး။ ဒါပေမဲ့ မင်းကို လစာမလျှော့ပါဘူး"

ကျိုကျာ၏တုန်လှုပ်နေသောအမူအရာကို မြင်တွေ့သောအခါ ယွမ်ကျိုးက သူမကို ရှင်းပြသည်။

"အသိပေးစာ ရေးပေးရဦးမလား"

ကျိုကျာက စိတ်သက်သာရာ ရသွားပြီး တည်ငြိမ်စွာ မေးမြန်းသည်။

"မလိုဘူး။ ငါ့ဘာသာ ရေးလိုက်မယ်" ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ ခဏတွေးကြံပြီး ငြင်းပယ်သည်။

"သူဌေး ဒါဆိုရင် ကျွန်မ ပြန်တော့မယ်"

ကျိုကျာက သူ့သူဌေး ဆုံးဖြတ်ချက် မပြင်မှန်း သိနေ၍ ချက်ချင်း ထွက်သွားသည်။

"အိုကေ၊ ပြန်တော့ မနက်ဖြန် နောက်မကျစေနဲ့" ယွမ်ကျိုးက ပုံမှန်အတိုင်း ညွှန်ကြားသည်။

ကျိုကျာ ပြန်မှ ယွမ်ကျိုးက အိမ်ပေါ်ထပ်တက်ကာ A4စာရွက်အလွတ်ကို ထုတ်ကာ အကြောင်းပြချက်ရေးသားရန် ပြင်ဆင်သည်။

ကိုယ်ကျင့်သီလကောင်းမွန်ပြီး စည်းကမ်းရှိသူ ဖြစ်၍ ဆိုင်ပိတ်ရသော အကြောင်းအရင်းကို သေချာရေးသားမည်။

"ကောင်းပြီ။ ဒီပိတ်ရက်က အနားယူလို့ အဆင်ပြေတယ်"

[ယနေ့က နိုင်ငံတကာ သတင်းထောက်နေ့ပါ။ ဒါကြောင့် သတင်းထောက်များကို လေးစားသည့်အနေဖြင့် နေ့တစ်ဝက်ဆိုင်ပိတ်ပါတယ်။ ဒီပြင် အစားထိုးတဲ့အနေနဲ့ ည၁၂နာရီမှာ အကင်ရောင်းပါမယ်။ ည၂နာရီ ဆိုင်ပိတ်ပါမယ်]

ယွမ်ကျိုးက သူ ရေးသားသောစာသားများက သူ့အကြိုက်နှင့် ကိုက်ညီမှု ရှိသည်ဟု ယုံကြည်သည်။

"အဆင်ပြေပြီ၊ အကူညီပေးမယ့် တစ်ယောက်ယောက် ရှာရမယ်"

စားပွဲခုံပေါ်တင်ထားသော အသိပေးစာကို ကျေနပ်ဟန်ကြည့်ရင်း ယွမ်ကျိုးက ဖုန်းကို ထုတ်ကာ ရေရွတ်သည်။

"ဘယ်သူ့ကို ဆက်သွယ်ရမလဲ"

ယွမ်ကျိုးက သူ့ဖုန်းထဲမှ ဖုန်းမှတ်တမ်းကို စစ်ဆေးရင်း အတော်လေး စိုးရိမ်စိတ် ဖြစ်နေသည်။

သူ့တသီးတသန့် နေတတ်သော အကျင့်စရိုက်ကြောင့် လူမှုရေး ညံ့ဖျင်းသည်။ သူ တစ်ကိုယ်တည်း နေထိုင်ရခြင်းကို ပိုနှစ်သက်သည်။ ထို့ကြောင့် သူ့ဖုန်းမှတ်တမ်းထဲ မှတ်သားထားသူ သိပ် မရှိပေ။

"စွန်းမင်က ဆိုင်ဖွင့်နေတယ် မအားလောက်ဘူး။ KFCကလည်းအလုပ်လုပ်နေတယ်"

ယွမ်ကျိုး တစ်ယောက်ချင်းစီ ဖယ်ထုတ်နေသည်။

ထို့နောက် သူ တစ်ကြိမ် ဖုန်းဆက်ဖူးသော ကျန်းချန်ရှီ၏ဖုန်းနံပါတ်ကို တွေ့သွားသည်။

"ဒီဖုန်းက ရှန်မင်ကြောင့် ဆက်ဖူးတဲ့ ဖုန်းမလား"

ယွမ်ကျိုးက လေးနက်စွာ တွေးတောသည်။

ကျန်းချန်ရှီ၏ကျီစယ်သော အမူအရာကို မြင်ယောင်မိသောအခါ တုံ့ဆိုင်းမိသောလည်း ဖုန်းခေါ်လိုက်သည်။

ဖုန်းသံတစ်ချက်မြည်ရုံဖြင့် ဖုန်းကိုင်သည်။

သို့သော်လည်း ယွမ်ကျိုး မပြောခင်မှာပင် ကျန်းချန်ရှီ၏ ကျီစယ်သော အသံက အရင်ဆုံး ထွက်ပေါ်လာသည်။

"ရှားရှားပါးပါး ဧည့်သည်ပဲ။ ငါ့အိပ်ရာအသစ်ကို စမ်းကြည့်ချင်တဲ့ သဘောလား"

"အဟွတ် အဟွတ်၊ မင်းကို မေးစရာရှိတယ်" ယွမ်ကျိုးက မျက်နှာထား ခပ်တည်တည် အသံတည်တည်ဖြင့် မေးမြန်းသည်။

"သူဌေးယွမ် ဟိုကောင်မလေးကို သွားခေါ်ခိုင်းဦးမလို့လား။ နေ့ဘက်ကြီးနော်"

"ဟူး သူဌေးယွမ် ရှင်က ဟိုကောင်မလေးကို သွားခေါ်ခိုင်းဦးမလို့လား"

သူမ၏လေသံတွင် ကျီစယ်သောခံစားချက် ပေါ်လွင်နေသည်။

"မေရှန်ကို သွားချင်လို့ မင်းနဲ့ သိကျွမ်းတဲ့ ဒရိုင်ဘာ ခေါ်ပေးလို့ မရဘူးလား။ ည ၁၀နာရီမတိုင်ခင် အိမ်ပြန်ရောက်ချင်တယ်" ကျီစယ်မှုကို မခံစားချင်၍ သူ့ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ပြောလိုက်သည်။

"ဪ အဲဒီလိုလား" ကျန်းချန်ရှီ နည်းနည်း အံ့ဩသွားသည်။

"အွန်း ဟုတ်တယ်" ယွမ်ကျိုးက ဖုန်းပြောရင်း မသိမသာ ခေါင်းညိတ်သည်။

"ငါနဲ့အတူ သွားရတာ အဆင်ပြေရင်တော့ ငါ နင့်ကို ကူညီပေးနိုင်တယ်"

ကျန်းချန်ရှီ ချက်ချင်း ပြန်ပြောသည်။

"မင်းလည်း မေရှန်ကို သွားမလို့လား" ယွမ်ကျိုး မေးမြန်းလိုက်သည်။

"ဟုတ်တယ်။ အဲဒီမှာ အလုပ်ကိစ္စလေး ရှိလို့ပါ"

ကျန်းချန်ရှီက အလုပ်အကြောင်း ပြောသောအခါ လေးနက်သော အမူအရာ ရှိသည်။

"ရတယ်။ အဆင်ပြေတယ်။ ဒါပေမဲ့ ငါက အခုချက်ချင်း သွားချင်တာနော်" ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် ပြန်ပြောသည်။

"ကောင်းပြီလေ၊ ဒါဆိုရင် အခုပဲ ရှင့်စားသောက်ဆိုင်ကို သွားခဲ့မယ်"

ကျန်းချန်ရှီက ထိုစကားကိုပြောပြီးနောက် ဖုန်းချလိုက်သည်။

"အဲဒီမိန်းမက ငါ့ထက် အရင်ဖုန်းချသွားတာပဲ။ ငါ အရင်ဖုန်းခေါ်တာ"

ယွမ်ကျိုးက အချိန်သိပ်မရ၍ ဆိုင်ဝင်ပေါက်နား ချက်ချင်း ထွက်လိုက်သည်။ ထို့နောက် သူအသင့်ပြင်ဆင်ထားသော စာရွက်ကို တံခါးပေါ် ကပ်လိုက်သည်။

"ပြီးပြီ" ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက တံခါးသေချာပိတ်သည်။

တခြားတစ်ဖက်တွင်မူ ကျန်းချန်ရှီက ကားဆရာပိုင်ကို ဖုန်းခေါ်လိုက်ပြီး သူမကို ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ပို့ခိုင်းသည်။

အပိုင်း(၃၀၄)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၀၅)

ဖုန်းချပြီးနောက် အပြင်သွားဖို့ အဆင်သင့်ဖြစ်သည်အထိ မိနစ်(၂၀)မျှသာ အချိန်ယူခဲ့ရသည်။

“နောက်ဆို ငါ့ကောင်မလေးက အပြင်သွားဖို့ အချိန်ဘယ်လောက်ယူပြင်ဆင်ရမလဲ”

ယွမ်ကျိုး သိချင်သွားမိသည်။ အဲ့ဒီအကြောင်းကို သူလမ်းလျှောက်ရင်း စဉ်းစားလာခဲ့သည်။ ဒီတစ်ကြိမ်တော့ သူ ပေါ့ပေါ့ပါးပါးသာ ဝတ်စားလာခဲ့သည်။ သနပ်ခါးရောင်ဘောင်းဘီနှင့် အဖြူရောင်တီရှပ် ဝတ်ကာ လမ်းဆုံတွင် ရပ်ရင်း ကျန်းချန်ရှီးကို စောင့်နေလိုက်၏။

ခဏကြာပြီးနောက် "ကျွီ"ခနဲမြည်သံနှင့်အတူ အစိမ်းရောင်တက္ကစီတစ်စီး ယွမ်ကျိုးရှေ့သို့ ရပ်လာသည်။

ယွမ်ကျိုးကို မြင်လိုက်သည်နှင့်

“ဝိုး..ဒီနေ့ဝတ်စုံနဲ့ သိပ်ခန့်နေပါလား။ ဘလိုင်းဒိတ်ချိန်းထားလို့လား”

ကားနောက်ခုံတွင်ထိုင်နေသော ကျန်းချန်ရှီးက ကားနောက်ခန်းတံခါးကို ဖွင့်ပေးရင်း စနောက်လာသည်။

“မဟုတ်ပါဘူး။ ငါ နေ့တိုင်း ဒီပုံစံပဲ ဝတ်တာကို”

ယွမ်ကျိုးက ခပ်တည်တည်မျက်နှာထားဖြင့် ပြောလာသည်။

“သြော်..‌ဟော်..ဘော့စ်ယွမ်ကလည်း အထိမခံတဲ့လူပဲနော်”

ယွမ်ကျိုးထိုင်ရန် နေရာရွှေ့ပေးရင်း ကျန်းချန်ရှီးက ပြောလိုက်သည်။

ယွမ်ကျိုးက “မဟုတ်ပါဘူး။ ငါက အမှန်တွေပြောရုံပဲ” ဟုဆိုကာ ကားထဲဝင်လိုက်သည်နှင့် ကျောကို မတ်မတ်ဆန့်ထိုင်နိုင်ရန် ပြင်လိုက်သည်။

“ဟုတ်ပါပြီ။ စတာပဲဟာ စိတ်ထဲမထားပါနဲ့” ကျန်းချန်ရှီးက ရယ်မြူးရိပ်သန်းစွာ ယွမ်ကျိုးကို ကြည့်လိုက်သည်။

“ဟမ်း...ကျေးဇူးပဲ။ ကားခ ဘယ်လောက်ကျလဲ”

ကားက ဖြေးညှင်းစွာ ထွက်ခွာချိန်တွင် မှိတ်သွားပြီဖြစ်သော တက္ကစီမီတာကို ကြည့်ရင်း ယွမ်ကျိုးက ရုတ်တရက်မေးလိုက်သည်။

“အသွားအပြန်ဆို ယွမ်၃၀၀။ စောင့်ရရင်တော့ သပ်သပ် ထပ်ပေးရမယ်”

ကျန်းချန်ရှီးက ရှင်းပြသည်။

“ကျွန်တော့်ကို စောင့်ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်။ ညနေကျမှ ကျွန်တော် ပြန်မှာ” သွားရမယ့်နေရာတွေကို တစ်ချက်စဉ်းစားလိုက်ကာ ယွမ်ကျိုး ဖြေလိုက်သည်။

“ကိစ္စမရှိပါဘူး။ စိတ်မပူပါနဲ့။ မင်းက ကျန်းချန်ရှီးရဲ့သူငယ်ချင်းပဲဥစ္စာ။ မင်းကိုသေချာပေါက် ဈေးလျှော့ပေးမယ်”

မီးစိမ်းမှာကို စောင့်နေရင်း ဦးလေးပိုင်က နောက်လှည့်ကာ ယွမ်ကျိုးကို ခပ်ပြုံးပြုံးပြောသည်။

“အ‌နှောင့်အယှက်ပေးရတာ အားနာလိုက်တာ”

ယွမ်ကျိုးက အားတုံ့အားနာနဲ့ ပြောလိုက်သည်။

“အနှောင့်အယှက်မဟုတ်ပါဘူး ကောင်ကလေးရဲ့”

ပြုံးစိစိဖြစ်နေတဲ့ ဦးလေးပိုင်မျက်နှာအရ တစ်ခုခုကို နားလည်မှုလွဲနေပုံပေါ်သည်။

“ဟုတ်ကဲ့” ဟုသာ ယွမ်ကျိုး ခေါင်းညိတ်ရင်း ဖြေပေးလိုက်သည်။

မီးနီရာမှ မီးစိမ်းသွားသောအခါ ကားဆက်မောင်းလာခဲ့သော်လည်း ကားအတွင်း၌ တိတ်ဆိတ်နေလေသည်။

ကျန်းချန်ရှီး၏မျက်နှာပေါ်တွင် အနည်းငယ်ပင်ပန်းနွမ်းနယ်ပုံပေါ်နေ၏။ သေချာစွာအနီးကပ်ကြည့်မည်ဆိုပါက မျက်တွင်းအောက်၌ အညိုကွက်များဖြစ်နေသည်ကို မြင်နိုင်ပေသည်။ သူမရဲ့စ‌နောက်တတ်တဲ့အကျင့်အတိုင်း ယွမ်ကျိုးကို စနောက်ပြီးနောက် နောက်မှီကို မှီထိုင်ရင်း မျက်လုံးများမှိတ်ကာ အနားယူနေသည်။

သို့သော်ငြားလည်း ယွမ်ကျိုးမှာမူ ကားနောက်ခုံတွင်ထိုင်ကာ ဘယ်ဆီဘယ်ဝယ်မသိငေးငိုင်လိုက်ပါလာသည်။

တကယ်တမ်းပြောရလျှင် ချန်ဒူမြို့မှာ မိန်ရှန်းနှင့် မဝေးလှ။ ဘတ်စ်ကားဖြင့် သွားပါက တစ်နာရီကျော်ကြာတတ်ပြီး ကိုယ်ပိုင်ကားဖြင့်ဆိုပါက မိနစ်လေးဆယ်သာကြာမြင့်လေသည်။

ဒါပေမယ့် အဲ့မြို့ကို ယွမ်ကျိုးမ‌ရောက်ဖြစ်သည်မှာ ၆နှစ်ရှိပြီ။ အထက်တန်းကျောင်းပြီးသည့် နောက်ပိုင်း မိန်ရှန်းကို မရောက်ဖြစ်တော့။

မိန်ရှန်းက ယွမ်ကျိုးရဲ့မွေးရပ်မြို့ဖြစ်သည်။ အဲ့ဒီတုန်းက တရုတ်နှစ်သစ်ကူးချိန်တောင် ပြန်ဖို့ တွန့်ဆုတ်နေခဲ့သည်။ အဲ့ဒီမှာ အိမ်လည်း မရှိတဲ့အပြင် သူ့မိဘများရဲ့ဆွေမျိုးများလည်း မရှိပေ။

သူ့မိဘတွေတောင်မှ ဘိုးဘွားဂူသင်္ချိုင်းသန့်ရှင်းရေးနေ့တွင် အမွှေးတိုင်ပူဇော်ရန်အတွက်သာ မွေးရပ်မြို့သို့ သွားလေ့ရှိသည်။ အခြေခံအားဖြင့်ပြောရလျှင် ယွမ်ကျိုးအတွက်မူ ကျောင်းတက်ရန်ရှိပါ က နောက်တစ်ခေါက်မှသာ ပြန်သွားဖို့ ဆုံးဖြတ်မိမည်ဖြစ်သည်။

သူ့မိဘများ ဆုံးပါးပြီးနောက် ပြန်သွားဖို့ရန် ယွမ်ကျိုး ပိုဝန်လေးနေမိ၏။ ဒါပေမယ့် တကယ်တမ်း မိန်ရှန်းမြို့မှာ ဝမ်းနည်းစရာထက် ပျော်စရာပိုများသည်။

မိသားစုများ၊ သူငယ်ချင်းများ၊ ကျောင်းနေဖက်များနှင့် နွေးထွေးသည့်အမှတ်တရများစွာရှိရာ မကောင်းသော အမှတ်တရများထက် ကောင်းမွန်သောအမှတ်တရများက ပိုများလေသည်။ ဒါကြောင့် သူ့မွေးရပ်မြို့ကို ပြန်ရန် ယွမ်ကျိုးအလျင်စလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မွေးရပ်မြို့ကို ပြန်တာဖြစ်သောကြောင့် အလျင်စလိုဆုံးဖြတ်ခဲ့ခြင်းက အရေးတော့မကြီးပေ။

“ကောင်ကလေး...မိန်ရှန်းမြို့ကိုရောက်ပြီ။ မင်းတို့ ဘယ်နေရာကို သွားမလဲ”

ဦးလေးပိုင်၏မေးခွန်းက ယွမ်ကျိုးရဲ့အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။

“မြန်လိုက်တာ။ ဘော့စ်ယွမ် ဘယ်မှာဆင်းမလဲ”

ကျန်းချန်ရှီးက မတ်မတ်ထိုင်လိုက်ရင်း သိလိုစိတ်ဖြင့် မေးသည်။

“ကျင်းယိလမ်းမှာ ချပေးခဲ့ပါ။ မင်းကရော” မိန်ရှန်းမြို့ရဲ့အဓိကလမ်းမကြီး၏အမည်ကိုသာ ပြောလိုက်ရင်း ကျန်းချန်ရှီးကို လှည့်ကြည့်လိုက်သည်။

“ငါလည်း မင်းနဲ့ အဲ့ဒီကိုအရင်သွားလိုက်မယ်လေ”

ကျန်းချန်ရှီးက အချိန်ကို တစ်ချက်ကြည့်လိုက်ရင်း ပြောသည်။

"ဟုတ်ပြီလေ။ အဲ့ကိုပဲသွားကြတာပေါ့” ဦးလေးပိုင်က ဖြေလိုက်ကာ အဓိကလမ်းမကြီးဆီသို့ ဦးတည်လိုက်သည်။

မိန်ရှန်းရဲ့လမ်းသွယ်တွေက ကတ္တရာလမ်း မဟုတ်ဘဲ ကွန်ကရစ်လမ်းများဖြစ်သည်။ လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ဆိုင်ခန်းများရှိပြီး နှစ်များစွာကတည်းက ရှိခဲ့ပုံပေါ်သည်။ ဒါက ကျန်းချန်ရှီးအတွက် မိန်ရှန်းမြို့ကို ပထမဆုံးအကြိမ်လာဖူးခြင်းဖြစ်သည်။

“မဆိုးပါဘူး”

ကားပေါ်က ဆင်းလိုက်သည်နှင့် ကျန်းချန်ရှီးက သက်သောင့်သက်သာဖြစ်စွာ ပြောလိုက်သည်။

“မဆိုးဘူး ဟုတ်လား။ ဒီက ဝန်ဆောင်မှုတွေက တော်တော်ပြည့်စုံနေပြီကို”

ယွမ်ကျိုးက ဆက်ဖြေလိုက်သည်။

“တကယ်”

ကျန်းချန်ရှီးက ခေါင်းဆတ်ကာ ပြောလိုက်သည်။ ကျန်းချန်ရှီး၏အဖြေက ယွမ်ကျိုးကို စကားစခွင့်ရသွားစေသည်။

မြို့က ယွမ်ကျိုးအတွက် ပိုပြီးရင်းနှီးနေ၏။ ဆိုင်ခန်းများနည်းနည်းမှ ပြောင်းလဲခြင်းမရှိသည်ကို တွေ့ရသည်။ ရုတ်တရက်ဆိုသလို ယွမ်ကျိုးစကားပြောချင်စိတ်ဖြစ်လာပြီး နေရာများကို မိတ်ဆက်ပေးတော့သည်။

“ကြုံတုန်းပြောရရင် အထက်တန်းကျောင်းတက်တုန်းက ငါ ဒီကိုမကြာခဏလာတယ်။ ဒီဓာတ်ပုံဆိုင်က ဆက်ဆံရေးတော်တော်ဆိုးတာကို အခုထိ ဖွင့်ထားနိုင်တာ အံ့သြစရာပဲ”

ယွမ်ကျိုးပြောရင်း ရှားရှားပါးပါး ပြုံးလိုက်သည်။

“မင်းတောင် အဲ့လိုပြောတယ်ဆိုမှတော့ အဲ့ဆိုင်က တကယ်ဆက်ဆံရေးညံ့တာပဲဖြစ်မယ်”

ကျန်းချန်ရှီးက သံယောင်လိုက်ပြောသည်။

“တကယ်ပြောတာ။ ဒါပေမယ့် ဒီဆိုင်က ဓာတ်ပုံဆရာက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်”

ယွမ်ကျိုးတစ်ယောက် ဓာတ်ပုံရိုက်ဖို့ လာခဲ့ချိန်တုန်းက ဓာတ်ပုံဆရာရဲ့ရွှန်းရွှန်းဝေအောင် ပြောဆိုခဲ့ပုံကို သတိရကာပြောလိုက်သည်။

“ဒီဆိုင်ကိုတွေ့လား။ အဲ့ဒီအင်တာနက်ကဖေးဆိုင်ပေါ့။ ကြည့်ရတာ အခုလိုင်စင်ရသွားပြီထင်တယ်”

ဟန်လုံအင်တာနက်ကဖေး ဟု ဆိုင်းဘုတ်တပ်ထားသော ဆိုင်ငယ်လေးကို ညွှန်ပြရင်း ယွမ်ကျိုးက အသံခပ်နိမ့်နိမ့်ဖြင့် ပြောသည်။

“အရင်တုန်းကတော့ အဲ့မှာစားသောက်ဆိုင်လေးရှိတယ်။ ဆိုင်ရှင်က သဘောကောင်းတဲ့အဖွားတစ်ယောက်ပဲ။ သူမက အရက်သောက်ရတာ ကြိုက်တယ်။ ဒါပေမယ့် သူမချက်တဲ့ ချဥ်စပ်ဆန်ခေါက်ဆွဲက အရမ်းအရသာရှိတာ။ အဲ့အချိန်တုန်းက ‌နေ့တိုင်း အတန်းပြီးတာနဲ့ ငါဒီကိုလာပြီး ခေါက်ဆွဲတစ်ပန်းကန်ဝယ်စားနေကြ"

“အများကြီးပြောင်းလဲသွားပြီ။ ဈေးတန်းလေးထဲမှာ ဆိုင်ခန်းအလွတ်တွေ အများကြီးဖြစ်သွားပြီ။ ပြောရဦးမယ်။ ငါတို့ယောကျ်ားလေးတွေရဲ့လျှို့ဝှက်နေရာက ဒီမှာလေ”

“ဟော ဒီအပင်ကြီးတောင် ရှိသေးတယ်။ ဒီမှာကြည့်...မိုးကြိုးပစ်ခံထားရတဲ့ အရာတွေ။ အထင်ကြီးစရာပဲ”

“ဒါက စာအုပ်အငှားဆိုင်။ (၁၀)ယွမ် စရံပေးထားရင် တစ်ရက်ကို (၁)ယွမ်ကျတယ်။ တစ်ခါက ဆရာမစာအုပ် သိမ်းခံထိလို့ စရံ(၁၀)ယွမ်ဆုံးပါလေရော။ အဲ့တုန်းက ငါ ခဏလောက် စိတ်မကောင်းဖြစ်သွားသေးတယ်"

အဲ့ဒီနောက် လမ်းမကြီးတလျှောက်ရှိ ဆိုင်ခန်းများအားလုံးအကြောင်းကို ယွမ်ကျိုးတရစပ် မိတ်ဆက်ပြောဆိုတော့သည်။

ယွမ်ကျိုးရဲ့ဒီလိုပုံစံမျိုးကို ကျန်းချန်ရှီး ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူက အတော်စကားပြောနိုင်သူပင်။ အခုလို လူသားဆန်တဲ့ပုံစံမျိုးရှိမှန်း မထင်မှတ်ထားခဲ့မိပေ။

လမ်းများကို ဖြတ်သန်းလမ်းလျှောက်လာခဲ့ပြီးနောက် ဟောင်းနွမ်းနေသော အဆောက်အဦးများကို သူတို့ရှေ့မှာ တွေ့လာရသည်။

“ရှေ့တည့်တည့်က ငါတက်ခဲ့တဲ့ကျောင်းလေ။ မင်း လျှောက်ပတ်ကြည့်ချင်သေးလား”

ယွမ်ကျိုးက လမ်းအဆုံးမှာ ခဏရပ်ရင်းမေးသည်။

“ကြည့်မယ်လေ”

တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ရှီ ခေါင်းညိတ်ပြလိုက်သည်။

“ငါ ဒီမှာကျောင်းတက်ဖူးတယ်။ အခုတော့ ပိတ်ထားလိုက်ကြပြီ။ အံ့သြစရာပဲ”

ယွမ်ကျိုး၏လေသံမှာ အောက်မေ့သတိရခြင်း၊ စိတ်ထိခိုက်ခံစားခြင်းများ ပါဝင်နေယောင်။

“အဆောက်အဦးရဲ့အရည်အသွေးက တော်တော်ကောင်းသေးတာကို”

ပြောရင်း ကျန်းချန်ရှီးတစ်ယောက် ရုတ်တရက်ကြီး မဆီမဆိုင်သက်ပြင်းချမိသည်။

“အင်း...”

ယွမ်ကျိုး ချက်ချင်း ငြိမ်သက်သွားသည်။

“မင်း ဒီမှာ ၁၉၈၀ ခုနှစ်လောက်တုန်းက ကျောင်းတက်ခဲ့တာမဟုတ်လား”

ကျန်းချန်ရှီးတစ်ယောက် ယွမ်ကျိုးကို သေချာကြည့်ရင်း မေးလိုက်သည်။

“...”

စိတ်ထိခိုက်စရာခံစားချက်များ ရုတ်တရက်ပျောက်ကွယ်သွားသလို ယွမ်ကျိုး ခံစားလိုက်ရသည်။ ဒီနောက် ဘာမှမပြောတော့ဘဲ သူမကို ဦးဆောင်ကာ ကျောင်းဆီသို့ လျှောက်သွားလိုက်သည်။ သူ့နောက်မှ ကျန်းချန်ရှီး တိတ်ဆိတ်စွာ လိုက်ပါသွားသည်။

“ဒါတွေက တဖြည်းဖြည်း ပျက်စီးလာပုံပဲ။ အရင်တုန်းကတော့ သစ်သားအဆောက်အဦးတွေပဲ။ ရှုခင်းကြည့်ဖို့ဆောက်ထားတဲ့ဟာတွေပေါ့”

သစ်သားအပျက်အစီးပုံအချို့ကို ယွမ်ကျိုးညွှန်ပြလိုက်ရင်း ပြောသည်။

“ဪ...”

ကျန်းချန်ရှီးတစ်ယောက် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။

“ဒါက စာသင်ဆောင်လေ။ ဒါပေမယ့် ငါတို့ကျောင်းမှာ စာကြည့်တိုက်တော့မရှိဘူး” ပင်မစာသင်ဆောင်ကြီးကို ညွှန်ပြရင်း အချိန်ပြည့်တိုးဂိုက်တစ်ယောက်ကဲ့သို့ နေရာတိုင်းကို ယွမ်ကျိုး လိုက်လံရှင်းပြ တော့သည်။

“အံ့သြစရာပဲ”

ကျန်းချန်ရှီးမှာလည်း အလွန်အားစိုက်နားထောင်သူတစ်ယောက်ပုံစံမျိုး ဖြစ်နေတော့သည်။ သူတို့နှစ်ယောက် ကျောင်းအတွင်း နာရီများစွာကြာအောင် လှည့်ပတ်ကြည့်ပြီးနောက် တဖြည်းဖြည်းချင်း မှောင်လာပြီဖြစ်သည်။

ယွမ်ကျိုးက အားတက်သရောပြောလိုက်၊ ကျန်းချန်ရှီးက တစိုက်မတ်မတ်နားထောင်လိုက်ဖြင့် လိုက်ဖက်ညီနေတော့သည်။

“သတိရတုန်းပြောရဦးမယ်။ ငါတို့ကျောင်းသားတွေ အကုန်လုံး ကျောင်းမှာပဲနေကြရတာလေ။ ယောကျာ်းလေးအဆောင်တွေက တကယ်မဆိုးဘူး။ တစ်ခန်းကို လူခြောက်ယောက်နေရတာ”

ပင်မစာသင်ဆောင်အနောက်ဘက်ရှိ အဆောက်အဦးကို ညွှန်ပြရင်း ယွမ်ကျိုးကပြောသည်။

“ဂွီ...”

ကျန်းချန်ရှီးမှ တစ်ခုခုပြောရန် ဟန်ပြင်နေစဉ်မှာပင် သူမရဲ့အစာအိမ်မှ အချက်ပြလာတော့သည်။ နှစ်ယောက်သား ချက်ချင်းဆိုသလို အသံတိတ်သွားကြ၏။

အသံကြောင့် ယွမ်ကျိုး၏တက်ကြွနေမှုကြီးလည်း ပျောက်သွားချေပြီ။ အဲ့လောက်ထိ နာရီပေါင်းများစွာကြာအောင် သူ စကားတွေပြောနေခဲ့မိတာလား။ သူ ကျန်းချန်ရှီးကို ကြည့်လိုက်ရာ ပျင်းရိငြီးငွေ့မှု တစ်စုံတစ်ရာမပြဘဲ နဂိုပုံစံအတိုင်းသာရှိသည်ကို တွေ့ရသည်။ ဘာပဲဖြစ်ဖြစ် တခြားသူများဗလုံးဗထွေးပြောသည်ကို နားထောင်ရသည်မှာ အတော်ပင်စိတ်ညစ်စရာ ကောင်းရာ ယွမ်ကျိုးတစ်ယောက် အနည်းငယ်ရှက်သွားမိသည်။ သူ့လို နာရီများစွာကြာအောင် ပြောပါက ဆိုဖွယ်ရာမရှိတော့။

“ဆောရီး ... ငါ မင်းကို ညနေစာလိုက်ကျွေးမယ်လေ”

သူ့အပြုအမူအတွက် စိတ်မကောင်းဖြစ်မိသည်ဖြစ်ရာ ကျန်းချန်ရှီးကို တစ်ခုခု ပြန်အစားထိုးပေးချင်မိသည်။

“စိတ်ထဲမထားပါနဲ့။ မင်းရဲ့အဆောင်ကို ငါ့ကိုလိုက်ပြမလို့ မဟုတ်ဘူးလား”

ကျန်းချန်ရှီးက ဘေးဘက်ရှိ စွန့်ပစ်အဆောက်အဦးအား လက်ညှိုးထိုးရင်းပြောသည်။

“မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် အဲ့မှာ အခုဘယ်သူမှ မနေတော့တဲ့ဟာ”

ယိုင်နဲ့နဲ့အဆောက်အဦးလေးအား တစ်ချက်ကြည့်ရင်း မချင့်မရဲပြောလိုက်သည်။

“မင်းမှာ ကျောင်းနေဖက်တွေအများကြီးရှိမှာပဲ။ ဟုတ်တယ်မဟုတ်လား။ အတန်းဖော်တွေထဲမှာ မင်းက အကောင်းဆုံးပဲဖြစ်ရမယ်။ ပြန်လည်တွေ့ဆုံပွဲတွေ ဘာတွေလုပ်ပြီး မင်းအခုအဆင်ပြေနေတာကို ပြရမှာပေါ့”

ကျန်းချန်းရှီးက ပြုံးရင် အကြံပြုလိုက်သည်။

“တကယ်ပြတ်သားတဲ့အကြံပြုချက်ပဲ” ဘယ်လိုတုံ့ပြန်ရမည်မသိဘဲ ယွမ်ကျိုးပြောလိုက်မိသည်။

“ဒါပေါ့။ ဉာဏ်ပညာအပြည့်နဲ့လူက ပေးတဲ့ အကြံကောင်းလေးတစ်ခုလေ”

ကျန်းချန်းရှီးက ခပ်နောက်နောက် ပြန်ဖြေသည်။

“မင်းလုပ်တာနဲ့ ခံစားချက်လေးတွေတောင်ပျက်ကုန်ပြီ”

ယွမ်ကျိုးတစ်ယောက် ပြောစရာစကားမဲ့သွားသည်။

ခဏကြာပြီးနောက် ယွမ်ကျိုးက “နှစ်သိမ့်ပေးလို့ ကျေးဇူးပဲ”ဟု ပေါ့ပေါ့ပါးပါးပြောလာလေသည်။

“ရပါတယ်။ ဒီအစ်မက နားလည်မှုအပြည့်ရှိတယ်လေ။ မဟုတ်ဘူးလား”

ကျန်းချန်းရှီးက ပြုံးလိုက်ရာ ပါးချိုင့်လေးနှစ်ဖက်မှာ ခပ်ရေးရေးပေါ်လာ၏။

ယွမ်ကျိုးမှ ခေါင်းညိတ်လိုက်ကာ

“ဒါပေါ့”ဟု ထောက်ခံလိုက်သည်။

...

အပိုင်း(၃၀၅)

ပြီးပါပြီ။

၃၀၆ မှ ၃၁၀

ယွမ်ကျိုး အပိုင်း(၃၀၆)

"နောက်တစ်ခေါက်လာမှ ငါနေခဲ့တဲ့ အဆောင်ကို လိုက်ပြမယ်။ အရင်ဆုံး တစ်ခုခု သွားစားကြမယ်"

ယွမ်ကျိုးက သူနေထိုင်ခဲ့သော ယောက်ျားလေးအဆောင်သို့ မခေါ်သွားခဲ့ပေ။

"မစားတော့ဘူး။ အိမ်ပြန်တာ ပိုကောင်းမယ်။ ဒါဆိုရင် ရှင့်လက်ရာကို စားခွင့်ကြုံမှာပဲ"

ကျန်းချန်ရှီးက ကျီစယ်သောလေသံဖြင့် စနောက်လိုက်သည်။

"ဒီနေ့ည အသားကင်ရောင်းမယ်"

ယွမ်ကျိုးက ပွင့်လင်းစွာ ပြောသည်။

"ဟမ်...ဝန်ဆောင်မှုအသစ်လား"

ကျန်းချန်ရှီး အံ့ဩသွားသည်။

"အွန်း တစ်ခုခု သွားစားကြမယ်"

ယွမ်ကျိုးက သူမကို ခေါ်သွားသည်။

"ဘယ်ဆိုင်မှာ သွားစားမလဲ။ အဘွားကျန်းဆိုင်က ဖက်ထုပ်လား ဒါမှမဟုတ် ဆန်ခေါက်ဆွဲလား။ ဒီနေ့ည အကင်မစားရရင် ယန်လေးဆိုင်က ကင်းမွန်ကင် ဝယ်စားတော့မလို့"

"ဘယ်ဆိုင်မှာ သွားစားချင်တာလဲ"

ယွမ်ကျိုးက လေးလေးစားစားနှင့် မေးမြန်းသည်။

"ငါ့အိမ်လိုက်ခဲ့ပြီး ဟင်းချက်ပေးပါလား။ ရှင့်မီးဖိုချောင်နဲ့ ကျွန်မရဲ့မီးဖိုချောင်ကို ယှဉ်ကြည့်ပါလား"

ကျန်းချန်ရှီးက သူ့ကို ပွင့်လင်းစွာ ကျီစယ်လိုက်သည်။

"တစ်ခါတစ်ရံဆိုရင် မင်းက စကားမပြောတဲ့အခါ မိန်းမကောင်းလေးနဲ့ တူတယ်"

ယွမ်ကျိုးက ကူကယ်ရာမဲ့စွာ ပြောသည်။

"ငါက အရမ်းချောမောနေတာ နင့်အတွက် အဆင်မပြေ ဖြစ်နေသလား။ အဲ့ဒီလိုဆိုရင်တော့ အားနာမိပါတယ်"

ကျန်းချန်ရှီးက အားမနာစတမ်း ကြွားဝါးသည်။

"ဖက်ထုပ်သွားစားကြမယ်။ ဒီနားလေးမှာတင်ပဲ"

ကျန်းချန်ရှီး၏ကောင်းကွက်လေးကို ထည့်စဉ်းစားမိ၍ ယွမ်ကျိုးက ဝေဖန်မှု မလုပ်ခဲ့ပေ။ ထို့ကြောင့် သူက စကားလမ်းကြောင်းလွှဲလိုက်သည်။

"ရပါတယ်။ သံလိုက်အိမ်မြှောင်သူဌေးယွမ်က ဝယ်ကျွေးမလား"

ကျန်းချန်ရှီးက အံ့ဩသောအမူအရာကို ဖော်ပြသည်။

"အွန်း။ ငါက ကပ်စေးနဲ မဟုတ်ပါဘူး"

ယွမ်ကျိုးက ထပ်မံပြောကြားသည်။

"ရှင့်ကို ကပ်စေးနဲလို့ မပြောခဲ့ပါဘူး သူဌေးယွမ်ရယ်"

ကျန်းချန်ရှီးက သူမ၏ပါးစပ်ကို လက်ဖြင့်ကွယ်ကာ ခပ်ပြတ်ပြတ်ပြောသည်။

"အွန်း။ သွားကြမယ်"

ထို့နောက် ယွမ်ကျိုးက ဖက်ထုပ်ဝယ်စားရန် လမ်းဘေးဆိုင်သို့ ခေါ်လာသည်။

"ဒီဖက်ထုပ်ဆိုင်လေးက ရှင် ညွှန်းနေတဲ့ဆိုင်လား။ ဆိုင်ပိုင်ရှင် ပြောင်းသွားပုံပဲ"

ကျန်းချန်ရှီးက ဒွိဟဖြစ်သောအမူအရာဖြင့် ပြောသည်။

"ငါလည်း အဲဒီလိုပဲ ထင်တယ်။ အဲဒီလင်မယားမှာ သားတွေရှိပုံပဲ"

ယွမ်ကျိုးက ဆိုင်ရှင်ကို သေချာ အကဲခတ်ပြီး လေးနက်စွာ ပြောသည်။

"တကယ်လား။ သူဌေး‌ယွမ်တောင် ဒီအကြောင်းကို သိနေပြီလား"

"ငါလည်း အဲဒီလိုယူဆလို့လေ"

ယွမ်ကျိုးက ရိုးသားစွာ ပြန်ပြောသည်။ ကျန်းချန်ရှီးက ပခုံးဆတ်ခနဲတွန့်ကာ ယုံကြည်ရခက်သော အမူအရာကို ဖော်ပြသည်။ သို့သော်လည်း ယွမ်ကျိုးက သူမ၏ယူဆချက်ကို ဂရုမစိုက်ပေ။ ထို့အစား သူက ခေါင်းလှည့်လိုက်ပြီး ဟင်းလျာ မှာယူရန် ပြင်ဆင်သည်။ဖက်ထုပ်ပြင်ဆင်ခြင်းက လွယ်ကူသည်။ မိန်းမငယ်လေး လက်ဖဝါးစာ မုန့်ညက်ကို ပြားကာ အစာသွပ်မည့်အသားကို အထဲထည့်ပြီး ဖက်ထုပ်လေးကို ပိတ်သည်။

ယခုလိုပြင်ဆင်မှုဖြင့် ကျွမ်းကျင်သူက တစ်မိနစ်အတွင်း ခွက်တစ်ဝက်ခန့် ပြုလုပ်နိုင်သည်။

ပွက်ပွက်ဆူနေသော ရေနွေးပူထဲ ဖက်ထုပ်ကို ပစ်ထည့်လိုက်ပြီးနောက် ဖက်ထုပ်အသား ပျော့သွားပြီး အထဲမှ အသားလွှာကို ထင်ရှားစွာ မြင်နိုင်သည်။

ထို့နောက် အရသာမှုန့် ကြက်သွန်မြိတ် နှင့် ဆားအနည်းငယ်ကို ရောထည့်သည်။

အရေးကြီးဆုံးပါဝင်ပစ္စည်းက ပုစွန်ခြောက်နှင့် ချက်ပြုတ်ရာတွင် အသုံးပြုသော ရေညှိမှုန့် ဖြစ်သည်။

ပုစွန်ခြောက်နှင့် ရေညှိမှုန့်ကို သုံးလျှင် အချိုမှုန့်ထည့်သုံးရန်ပင် မလိုအပ်တော့ချေ။

ပူပူနွေးနွေးစွပ်ပြုတ် နှင့် ဖက်ထုပ်လေးများကို ပန်းကန်လုံးထဲ လောင်းထည့်လိုက်သောအခါ အရသာမှုန့်များ ပျော်ဝင်သွားသည်။

မွှေးကြိုင်သောအရသာနှင့် အနံ့စူးရှသော ဟင်းခတ်မှုန့် ရောနှောလိုက်သောအခါ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။

"ယွမ်။ အနံ့လေးက မွှေးကြိုင်နေတာပဲ။ အရင်ဆုံး အရသာမြည်းကြည့်မယ်"

ကျန်းချန်ရှီးက ဟင်းပွဲကို ကြည့်ပြီး မနှစ်မြို့သော အမူအရာမပြသခဲ့ပေ။ သူမက တူကို ကိုင်ပြီး ဝမ်းပန်းတသာ ပြောဆိုသည်။

"အွန်း။ ဒီဖက်ထုပ်က ပူပူနွေးနွေးလေး စားမှ အရသာရှိတာ"

ယွမ်ကျိုးက အားမလိုအားမရ ပြောသည်။

သူ့အရသာခံနိုင်စွမ်းကြောင့် ဖက်ထုပ်အရသာက အရင်တိုင်း မဟုတ်ဘဲ အနည်းငယ် ပြောင်းလဲသွားခြင်းကို သတိပြုမိသည်။

ဆိုင်ပိုင်ရှင်ပြောင်းလဲသွားတည်းက အရသာ ပြောင်းလဲသွားသည်။ ဆိုင်ပိုင်ရှင်၏သား ဆိုင်ကို ဦးစီးသည့်တိုင် အရသာက ပြောင်းသွား‌သည်။

ကျန်းချန်ရှီးက ပျော်ပျော်ရွှင်ရွှင် သုံးဆောင်နေသည်။ ခေါင်းမဖော်တမ်း တစ်ဝက်ကုန်အောင် စားပြီးမှ ခေါင်းမော့ကြည့်လိုက်စဉ် ယွမ်ကျိုး မစားရသေး၍ မေးမြန်းလိုက်သည်။

"ပူပူနွေးနွေးလေးစားမှ အရသာရှိတာလို့ ပြောခဲ့တယ် မဟုတ်ဘူးလား"

"အွန်း အခုပဲ စားလိုက်မယ်" ယွမ်ကျိုးက ခေါင်းညိတ်ကာ ပလက်စတစ်ဇွန်းကို ကိုင်ပြီး သုံးဆောင်သည်။

ဖက်ထုပ်အပေါ်ယံလွှာက ‌ပါးသောကြောင့် ခဏလေးအတွင်းမှာပင် ရေနွေးပူထဲ ပျော်သွားသည်။ထို့ကြောင့်လည်း ယွမ်ကျိုး ဝါးလိုက်သည့်အခါ အရသာပြောင်းလဲသွားခြင်း ဖြစ်သည်။

"ငါ ဗိုက်ဝသွားပြီ။ တကယ် အရသာရှိတယ်" ကျန်ချန်းရှီက ပြုံးရွှင်စွာ ပြောရင်း သူ့အရှေ့က ပန်းကန်အလွတ်နှစ်လုံးကို ငေးကြည့်သည်။

သို့သော်ငြားလည်း ယွမ်ကျိုး ဖုန်းကို ကြည့်လိုက်စဉ် ည၇နာရီကျော်နေပါပြီ။

"ပြန်မယ်။ တခြားလုပ်စရာ အလုပ်ရှိသေးလား" ယွမ်ကျိုးက တလေးတစား မေးမြန်းလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး မြို့သို့ ပြန်လာခဲ့သည်။

အပိုင်း(၃၀၆)

ပြီးပါပြီ။

All Chapters