← Chapters

အခန်း (၃၀၇-၃၁၀)

Vol. 21 Ch. 307-310

အခန်း (၃၀၇-၃၁၀)

Vol. 21 Ch. 307-310

ယွမ်ကျိုး အပိုင်း(၃၀၇)

"၁၂နာရီကြာတာက ဘယ်လိုဖြစ်နိုင်မှာလဲ" မန်နေဂျာရှီက ၀င်လာပြီး အလွန်သိချင်သည့်ပုံစံဖြင့် ပြောလိုက်သည်။

“ခင်ဗျားကရော ဘာလို့ ဒီကိုရောက်လာတာလဲ။ ယွမ်သူဌေး ဒီမှာမရှိဘူး”

ဝူဟိုင်က မန်နေဂျာရှီကို သိသည်။ တကယ်တော့ တစ်ပတ်အတွင်းခဏခဏလာတဲ့‌ဧည်သည့်ဆိုတာ သိပ်မှ မရှိပဲ။ မန်နေဂျာရှီက ခေါင်းညိတ်ပြီးပြောလိုက်သည်။

“အင်း ကျွန်တော်က နေ့တိုင်း ငါးနာရီအိပ်တယ်လေ။ ယွမ်သူဌေးက ငါ့ထက်ပိုဝီရိယရှိတယ်။ သူ့အတွက် ခြောက်နာရီက အနားယူဖို့ လုံလောက်ပြီ”

သူပြောပြီးတာနဲ့ လူအုပ်ကြီးကတိတ်ဆိတ်သွားသည်။ ဝူဟိုင်တောင်

မနေနိုင်ဘဲ ပြောမိသွားသည်။

“ခင်ဗျားက တော်တော်ကြိုးစားတာပဲဗျာ။ ကျနော်တို့က ဘာအတွက် အလုပ် ကြိုးစားရတာလဲ။ အကြံပြုတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ဗျာ ဒါက“အဆိပ်ရှိတဲ့ကြက်စွပ်ပြုတ်”ပဲဖြစ်နေပြီ"

ဒါတောင်မှ တခြားသူတွေကိုလှောင်ပြောင်ချင်စိတ်‌ပျောက်စေသည်။ တစ်ယောက်က ယွမ်ကျိုးစားသောက်ဆိုင်မှာ တစ်ပတ်ကို သုံးကြိမ်လာစားတတ်ပြီး ကြက်သွန်ဖြူကို အမြဲတမ်းမစားဘဲ ချန်ထားတတ်သည့် လျှပ်စစ်ကုမ္ပဏီရဲ့မန်နေဂျာတစ်ယောက်ဖြစ်သည်။

နောက်တစ်ယောက်ကတော့ တက်သစ်စကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး စား‌‌သောက်ဆိုင်ကို ကိုယ်ပိုင်ကန်တင်းအဖြစ် ယူဆထားသူဖြစ်သည်။

'သူတို့‌တွေက ကိုယ့်ဂုဏ်ကိုယ်ဖော်နေ တာမဟုတ်ဘူးဆိုတာ ‌သေချာလား?'

လူအုပ်ကြီးက တစ်ခဏ ပြောစရာစကားမဲ့သွားလေသည်။ ခဏကြာတော့ဧည့်သည်တစ်ယောက်က စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ငါတို့‌‌တွေ ညဘက်မှာ အသားကင်ဆိုတာကရော ဘယ်လိုလဲ”

"အင်း အဲ့ဒီအကြံကောင်းတယ်။ အတိအကျဆိုရင် ဘယ်လိုအသားကင်မျိုးကို ‌ပြောတာလဲ”

တစ်ယောက်က ဝူဟိုင်းကို မေးကြည့်လိုက်သည်။ ပုံမှန်စားနေကြဧည့်သည်တွေကသာ ဝူဟိုင်းက ယွမ်ကျိုးဆီမှာအချက်အပြုတ်သင်ယူဖူးမှန်း သိလေသည်။

“ဝူဟိုင်း အဲဒါဘာလဲဆိုတာ ခင်ဗျားသိလား”

မန်နေဂျာရှီက တိုက်ရိုက်ပင် မေးလိုက်သည်။

“ကျွန်တော် ဘယ်လိုသိနိုင်မှာလဲ။ သူက ဒီနေ့ဒီမှာမရှိဘူးဆိုတာတောင် မသိပါဘူး”

ဝူဟိုင်းကြည့်ရတာ အကူအညီမဲ့နေပုံပင်။

“ဘယ်လိုတောင် မသိနိုင်ရတာတုန်း။ ခင်ဗျားက သူနဲ့အနီးကပ်ဆုံးလူပဲလေ”

မန်နေဂျာရှီက ပွင့်ပွင့်လင်းလင်းပင် အပြစ်တင်လိုက်သည်။

“အဲ့ဒါ ခင်ဗျားရဲ့အလုပ်မဟုတ်ဘူး”

ဝူဟိုင်းက အစားအစာကို စီမံခွင့်မရ၍ ပျော်ရွှင်မနေပေ။အခု သူက သူ့မျက်နှာကိုတောင် မထိန်းသိမ်းနိုင်တော့ဘူးဖြစ်နေသည်။

“ကျွတ် ဘယ်လိုတောင် ဆိုးရွားတဲ့သဘောထားလဲ။ ဒါပေမဲ့လဲ ဒါက ဟင်းလျာအသစ်လို့ ကျွန်တော် ယုံကြည်တယ်‌နော်”‌

မန်နေဂျာရှီက ဝူဟိုင်းကို စိတ်မဆိုးနိုင်ပဲ ပြောလိုက်သည်။

“ကျွန်တော်လဲ အခုပြန်သွားပြီး ညကျမှအဲဒါဘာလဲဆိုတာ လာကြည့်ဦးမယ်။ဒါပေမယ့် အဲ့ဒါက ဟင်းလျာအသစ်ဖြစ်မယ်လို့တော့ ထင်တယ်ဗျ” ဖောက်သည်တစ်ယောက်ကလဲ သံ‌ယောင်လိုက်သည်။

“အပိုလုပ်လွန်းတဲ့စကားတွေပဲ။ တစ်ခါမှ မစားဖူး၊ မကြားဖူး၊ မမြင်ဖူးဘဲနဲ့ဗျာ။သေချာတာပေါ့။ အဲ့ဒါက ဟင်းလျာအသစ်ပဲ”

ဝူဟိုင်းက လက်ပိုက်လိုက်ပြီး ဖြစ်သင့်သည်အတိုင်း ပြောလိုက်သည်။

“နေပါဦး။ ဒါဆို ဒီညအတွက် သောက်စရာအရက် မရှိဘူးလား”

မန်နေဂျာရှီက တစ်ခုခုကို သတိရသွားပြီး ဂရုတစိုက်လေသံနဲ့ မေးလိုက်သည်။

“သေချာပေါက်မဟုတ်ဘူးပေါ့”

ဝူဟိုင်းက စိုက်ကြည့်ပြီး အဖြေပေးလိုက်သည်။ သူက ယနေ့အတွက်ကံကောင်းစေသောမဲနှိုက်ခြင်းမှသောက်စရာအတွက် စီစဉ်စရာမလိုပေ။ ဒီတော့ ဒီကံကောင်းတဲ့သကောင့်သားတွေ သောက်ခွင့်မရခြင်းအတွက်လဲ အလွန်ပျော်မိသည်။

“သက်သက်သာသာလုပ်ပါဗျာ။ ကျွန်တော်လည်း ဘောလုံးနီမရပါဘူး”

မန်နေဂျာရှီက ပြုံးပြီး ပြောလိုက်လေသည်။

"ဒါဆိုရင် ခင်ဗျားက ဘာလို့ စိတ်လှုပ်ရှားနေရတာလဲ”

ဝူဟိုင်းက ထိုပြောစရာစကားမဲ့စေတဲ့အပြုအမှုကို ထုတ်ဖော်လိုက်လေသည်။ တခြားပွဲကြည့်ပရိတ်သတ်လုပ်နေကြသူတွေအတွက်တော့ ဒီလူနှစ် ယောက်က အလွန်ကို အတွေ့အကြုံမရှိဘူးပဲ။ ဒါပေါ့ သူတို့လည်း ဒီကိစ္စကို ဂရုစိုက်ပါသည်။

“ကျွန်တော်သိသလောက်တော့ သူဌေးယွမ်က သူ့စကားသူမတည်ဘဲ မနေ

ဖူးဘူး။ ဒါပေမယ့် ဒီလိုမထွက်သွားခင်တုန်းက သောက်စရာအရက်အတွက် ဘာမှမပြောခဲ့ဘူး။ သူက ဘာဆက်လုပ်မှာလဲ”

ဒီထွက်ခွာခွင့်တောင်းခံမှုကို ဦးတည်ပြီးတော့ ဧည့်သည်တစ်ယောက်က စကားတွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။

“ခင်ဗျားက အရမ်းတွေးနေတာပဲ။ သူဌေးယွမ်မှာ အဖြေရှိပြီးသားလို့ ကျွန်‌တော်ယုံတယ်”

ဒါက‌ သူဌေးယွမ်ကို ယုံကြည်သောဧည့်သည်တစ်ယောက်ပင် ဖြစ်သည်။

‌“ကောင်းပြီလေ။ ဒါဆို အခုသွားကြတော့။ ဒီမှာတစ်ယောက်မှ မမြင်ချင်တော့ဘူး”

ဝူဟိုင်ကး လက်ဝှေ့ရမ်းပြီး ဦးစွာ ထွက်ခွာသွားသည်။

“သွားကြတာပေါ့”

မန်နေဂျာရှီက ခေါင်းလှည့်ကာ သူ့‌နောက်မှာရပ်ပြီး ဘာစကားမှမဆိုတဲ့အတွင်းရေးမှူးကို ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ မန်နေဂျာရှီ။ ကားက အခုလာနေပါပြီ။ ကျမတို့ ဒီညဒီကိုလာမှာပါလား”

အတွင်း‌ရေးမှူးမှာ ဒေါက်မြင့်ဖိနပ်တွေ စီးထားသော်လည်း လမ်းလျှောက်သည့်အခါ ဘာသံမှ ထွက်မလာပေ။ သိသာစွာပင် သူမက ထရိန်နင်းဆင်းဖူးလေသည်။

“အင်း”

မန်နေဂျာရှီက ခေါင်းညိတ်လိုက်သည်။

“ငါတို့ ညရှစ်နာရီလောက်လာကြရင်

ဘယ်လိုလဲ”

ဟင်းလျာအသစ်ကို စပ်စု‌ချင်သော်လည်း သူဌေးယွမ်ရဲ့ဖြေရှင်းပုံကို ပိုစိတ်၀င်စားနေသောဧည့်သည်တစ်ယောက်က ဆိုလိုက်သည်။

“ပြဿနာမရှိဘူး။ အတူတူလာကြတာပေါ့။ ဧည့်သည်တွေဆီက တညီတညွတ်တည်းစကားသံ ထွက်လာသည်။ ကားထဲမှာ ရှိနေဆဲဖြစ်တဲ့ယွမ်ကျိုးက သူ့နားတွေ ယားလာတာကိုအဆက်မပြတ်ခံစားနေရသည်။ တစ်ယောက်ယောက်က သူ့အကြောင်းနောက်ကွယ်မှာ ပြောနေသလားပဲ။

နွေရာသီမှာ ညတာရှည်က နောက်ကျစွာ ရောက်လာသည်။ ယနေ့သည် နေ့ကောင်းလေးတစ်နေ့ဖြစ်ပြီး ဒီနေ့ရဲ့ အခုအချိန်မှာ‌ အလင်းရောင်အချို့ကိုတောင် မြင်နိုင်လေသည်။

ည ၇နာရီ ၅၀မိနစ်မှာ ရှန်းမင်က ယွမ်ကျိုးစားသောက်ဆိုင်ရဲ့၀င်ပေါက်ကိုရောက်လာသည်နှင့် မြင်လိုက်ရသည်က တံခါးမှာ‌ရောက်နေတဲ့ဝူဟိုင်းနှင့် အခြားဧည့်သည့်တွေကိုပဲ ဖြစ်သည်။

“လူတိုင်းအရက်သောက်ဖို့ လာကြတာလား”

ရှန်းမင်မှာ ယနေ့ အရက်‌သောက်ရန်အတွက် ဘယ်သူလာမယ်ဆိုတာ မသိပေ။ လူဆယ်ယောက်ကျော်အားမြင်လိုက်ရသောအခါ သူမမှာ အံ့ဩသွားခဲ့ရလေသည်။

“မဟုတ်ပါဘူး။ သူဌေးယွမ်က ဒီမှာဆိုတာ ခင်ဗျားမသိဘူးလား”

ဝူဟိုင်းက ထွက်ခွာခွင့်တောင်းခံမှုကို ညွှန်ပြရင်းနဲ့ ပြောလိုက်သည်။ ယွမ်ကျိုး၏နာမည်ကို ပြောရာတွင် သူဒေါသတကြီးဖြင့် အံတောင်ကြိတ်မိသွားလေသည်။

“အင်း ကျွန်မ သိပါတယ်။သူဌေးယွမ်က ဒီကိုလာဖို့နဲ့ ဧည့်သည်တွေကိုနှုတ်ဆက်ဖို့ ညွှန်ကြားထားတယ်။ နည်းနည်းလောက်ကြာရင် သူလာပါလိမ့်မယ်”

ရှန်းမင်က နာခံမှုရှိစွာ ခေါင်းညိတ်ပြရင်း ကျောပိုးအိတ်ထဲမှ သော့ကိုထုတ်ယူလိုက်သည်။

“အာ သူက ဒီပုံစံနဲ့ စီစဉ်ထားတာပဲ”

သူတို့အားလုံး ပြောစရာစကားမဲ့သွားလေသည်။ ဒါပေမယ့် သူတို့အားလုံးတွေးကြည့်လိုက်တဲ့အခါမှာတော့ ဒါကတကယ့်ကို ဖြစ်သင့်သည်ဆိုတာ တွေ့ရှိသွားသည်။ အမှန်တကယ်မှာတော့ ယွမ်ကျိုးမှာ မည့်သည့်အရာမှ လုပ်စရာမလိုပေ။

“ကျွီ”ဆိုတဲ့အသံနှင့်အတူ ရှန်းမင်က တံခါးကို တွန်းဖွင့်လိုက်သည်။ ဤသည်မှာ နေ့စဉ်အသုံးပြုသည့်အဓိကခန်းမကြီးတံခါးဖြစ်သည်။ LEDမီးလင်းဆိုင်းဘုတ်ပြားမှာတော့ ယွမ်ကျိုးက လျှော့ဈေးအချက်အလက်ကို ရေးလေ့ရှိသည်။ ရှန်းမင်က အထဲကို၀င်လာပြီး LEDဆိုင်းဘုတ်ကို မီးဖွင့်လိုက်သည်။

LEDဆိုင်းဘုတ်ပြားမှာ မီးရောင်စုံများဖြင့် လင်းလက်နေ‌သည်။

"သူဌေးယွမ်ရဲ့အကြိုက်က အရင်လိုထူးခြားနေတုန်းပါပဲလား"

ဧည်သည့်တွေက မျက်စိရှေ့က ၀ံ့ကြွားလွန်းလှတဲ့ဆိုင်းဘုတ်ကြီးကို ကြည့်ပြီး မှတ်ချက်ချမိသည်။ သူတို့ကြည့်ရတာကျင့်သားမရသေးပုံပင်။

“အမြဲဒီလိုပါပဲ”

ဝူဟိုင်က အကူအညီမဲ့စွာ ပြောဆိုလိုက်မိသည်။ သူတို့တွေ LED ဘုတ်ပြားပေါ်က သတိပေးချက်ကို ဖတ်လိုက်ရတဲ့အခါမှာတော့ ပို၍ပြောစရာစကားမဲ့သွားရလေသည်။

“သူဌေးယွမ်က ဒီညနေ ဒီမှာရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေက ဝါးအရက်ကိုပဲ ၀န်ဆောင်မှုပေးနိုင်မှာပါ”

အောက်မှာ ယွမ်ကျိုးလက်မှတ်နှင့်ပင်။

“ပုံမှန်အချိန်တွေမှာပဲ သူက ဟင်းပွဲတွေချက်ပေးတာပါလို့ ပြောခဲ့တာပဲ”

ဝူဟိုင်က မကျေနပ်စွာဆိုလိုက်သည်။

“အကိုဝူ ကျမတို့က Drunkardမြေပဲတွေကိုလည်း ပုံမှန်အချိန်တွေမှာ ၀န်ဆောင်မှုပေးပါတယ်”

ရှန်းမင်က စိတ်အားထက်သန်စွာ ဆိုလိုက်သည်။

“ငါပြောတာက တကယ့်ကို မိုက်တဲ့ဟင်းပွဲတွေအကြောင်း...”

ဝူဟိုင်းက မျက်နှာတစ်ချက်မပြောင်းဘဲ သူမကို အမှန်ပြင်ပေးလိုက်သည်။

“သူဌေးယွမ်ကတော့ လူတွေကို အချိန်တိုင်းမှာ အပျင်း‌ပြေစေတာပါပဲ”

ဧည့်သည့်တွေက သတိပေးချက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောစရာစကားမရှိတော့ပေ။

“အဲလိုမဟုတ်ပါဘူး။ ကျွန်မရဲ့သူဌေးပြောတာက ရှင်တို့အတွက် ညစာမပြင်ဆင်ပေးနိုင်တာအတွက် ဒီည အသားကင် ပြင်ဆင်ပေးပြီး အစားထိုးလျော်ပေးပါမယ်တဲ့”

ရှန်းမင်မှာ လျင်မြန်စွာ ရှင်းပြလိုက်ရသည်။

“ကျွန်တော်က ဟာသလုပ်နေတာပါ”

ရှန််းမင် စိတ်လှုပ်ရှားနေတာကိုမြင်ပြီးတော့ ဧည့်သည်က ရှင်းပြဖို့ ကြိုးစားလေသည်။ သူတို့က ယွမ်ကျိုးရဲ့ကိုယ့်ကျင့်တရား ဖြောင့်မတ်တယ်ဆိုတာကိုယုံပါသည်။ ဒါပေမယ့် ယွမ်ကျိုးရဲ့ကိုယ်ကျင့်တရားကောင်းမွန်ပါသည်ဆိုတာကို မယုံနိုင်တဲ့တစ်ယောက်သောသူကတော့ စနစ်ပင် ဖြစ်လိမ့်မည်။ အစမှာတော့ ယွမ်ကျိူးက Senior BBQ Masterဘွဲ့ကို ရရှိပြီး နောက်ဆက်တွဲအနေဖြင့် အသားကင်အတွက် ဆိုင်ခင်းရောင်းချရန် လိုအပ်လေသည်။ ဆန့်ကျင်ဘက်အားဖြင့် ယွမ်ကျိုးမှာမူ ဧည့်သည့်တွေအတွက် အလျော်ပေးဖို့အသုံးပြုခဲ့လေသည်။ ဒီလိုကိစ္စတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ စနစ်အနေဖြင့် ယွမ်ကျိုးအား စည်းမျဉ်းဖောက်ဖျက်သည်ဟု မပြောနိုင်ပေ။ဤလူ၏ရူးမိုက်မှုအား ထိုင်ကြည့်နေဖို့သာ တတ်နိုင်လေသည်။ ကံကောင်းစွာဖြင့် ယနေ့ည ချန်ဒူမှာ ကားလမ်းများ ပိတ်ဆို့မှု မရှိပေ။ ဒီလိုနဲ့ မစ္စတာပိုင်မှာ မိနစ်လေးဆယ်အတွင်း သူတို့နှစ်ဦးအား ပြန်လိုက်ပို့နိုင်ခဲ့သည်။ ဒါပေမယ့် ကျန်းချန်ရှီးက ယွမ်ကျိုးအား လမ်းဘေးတစ်နေရာမှာ ချထားခဲ့ခြင်းပင်။

“ကျေးဇူးပါ”

ယွမ်ကျိုးက ကားတံခါးပိတ်ရင်းနဲ့ ပေါ့ပေါ့ပါ့းပါး ပြောလိုက်သည်။ ကားထဲမှာထိုင်နေတဲ့ကျန်းချန်ရှီးမှာ ဘာစကားမှ

မဆိုပဲ လက်ပဲ ဝှေ့ရမ်းပြလိုက်သည်။ထို့နောက် မစ္စတာပိုင်က ကားကို ဆက်မောင်းသွားလေသည်။

ယွမ်ကျိုးမှာ စားသောက်ဆိုင်ရှေ့တံခါးမှ ၀င်မလာပေ။ ထိုအစား သူက နောက်ဘက်မှသာ ၀င်ခဲ့သည်။

ဒုတိယထပ်ကို သန့်ရှင်းပြီးတာနဲ့ သူကမီးဖိုချောင်ထဲကို တစ်ဖန် ထပ်၀င်ကာအချိန်အနည်းငယ်လေးအတွင်း BBQကို စတင်ပြင်ဆင်လေသည်။ ဆိုင်ခန်းထဲမှာ ထိုင်ပြီး အရက်သောက်နေကြသောလူများမှာ ထိုအကြောင်းနှင့်ပတ်သက်ပြီး မသိရှိကြပေ။

“ဟေး စာရေးဆရာရေ ခင်ဗျားရော ဒီည ဒီမှာနေပြီး BBQစားကြည့်မှာလား”

မိန်မိန်မှာ မကြာခဏပေါ်လာတတ်သူတ‌စ်ယောက်မဟုတ်ပေ။

“ဟင့်အင်း အဲ့လိုမဟုတ်ပါဘူး။ အရက်သောက်ပြီး ရီဝေဝေလေးဖြစ်မှ စာရေးဖို့ ပြင်ဆင်နေတာ။ အဲ့ခံစားချက်ကအရမ်းကို မိုက်တယ်”

ဒါကတော့ သူ့ကိုယ့်သူ ၀တ္ထုရေးဆရာတစ်ယောက်လို့ နာမည်ပေးထားသူ

ပင်။

“ဝိုးဟိုးဟိုး မိန်မိန်။ ခင်ဗျား ဒီည live လွှင့်ဆွေးနွေးမှုလုပ်တဲ့အခါ ခင်ဗျားရဲ့‌ဆွေးနွေးမှုကို ကျွန်တော် စိတ်၀င်စားလာအောင် မလုပ်နဲ့နော်”

တခြားတစ်ဖက်မှာတော့ အရင်က ကျန်းချန်ရှီးနောက် တစ်ခါလိုက်ဖူးတဲ့

စုမု ရှိလေသည်။

သူက ဒီတစ်ခါမှာတော့ တစ်ယောက်တည်းမဟုတ်ဘဲ ဘေးနားမှာ မိန်းကလေးငယ်လေးတစ်ယောက်အတူ ပါလေသည်။ ကြောင်နက်လေး တစ်ကောင်ကို ပိုက်ကာ တိတ်ဆိတ်စွာဖြင့် ထိုင်နေလေသည်။ စုမု စကားပြောလိုက်သောအခါမှသာ သူမရဲ့ခေါင်းကိုရှက်စနိုးအမူအရာလေးဖြင့် မော့လာသည်။

“ဘာလို့လဲ?”

မိန်မိန်က စပ်စုချင်သည့်အမူအရာပြလာသည်။ အရက်ကြောင့် သူမမျက်နှာမှာ နီနေပြီး ပို၍ချစ်စရာကောင်းလာသည်။

“ကျွန်တော်က အရမ်းချောလွန်းတယ်။ တကယ်လို့ ကျွန်တော်သာ ဖန်သားပြင်မှာပေါ်လာရင် ခင်ဗျားliveကို ဘယ်လိုဆက်လုပ်မှာလဲ”

စုမုက အရက်ကို တစ်ကျိုက်တည်းသောက်ချလိုက်ပြီး သဘာ၀ကျကျပြောလိုက်သည်။ မိန်မိန်မှာမူ ပါးစပ်အဟောင်းသားဖြင့် တစ်ခဏ စကားမပြောနိုင်ပေ။ ကံကောင်းစွာဖြင့် BBQအချိန်ဟာ ကျရောက်လို့လာပြီဖြစ်သည်။

အဲဒါက ဘယ်လိုဟာမျိုးလဲဆိုတာဘသူသိနိုင်ပါမည်လဲ။

ယွမ်ကျိုး အပိုင်း(၃၀၇) ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၀၈)

မန်မန်တစ်ယောက်စောင့်နေရင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်စက်ကို စမ်းသပ်ချိန်ညှိကြည့်နေသည်။ စာရေးသူကတော့ အရက်သောက်ရင်း ဗလုံးဗထွေး ရေရွတ်လျက်ရှိသည်။

ကြောင်နက်တစ်ကောင်ကို ပွေ့ချီထားသောမိန်းကလေးငယ်က အနည်းငယ်တွန့်ဆုတ်စွာ မေးလာသည်။

"အစ်ကိုကြီး ညီမလေးလည်း အရက်လေးတစ်ခွက်လောက် သောက်လို့ရမလား?”

ကြောင်နက်ကလေးပွေ့ထားပြီး သိမ်မွေ့ပုံရသော မိန်းမငယ်လေးက ရှိုးတိုးရှန့်တန့်ပုံဖြင့် မေးလိုက်သည်။

“မသောက်ရပါဘူး။ မင်းပဲပြောတော့ ကြည့်ရုံသက်သက်လာတာဆို”

စုမူက အရက်တစ်ငုံလောက်ကို အရသာရှိစွာ မော့ချလိုက်ပြီးမှ ဖြေလိုက်သည်။

“ဒါပေမယ့် ဘော့စ်မှ ဒီမှာမရှိတာ။ အစ်ကိုကြီးကလည်း ပြောပြီးသားစကားမတည်ဘူး”

မိန်းကလေးမှာ သူမရဲ့အစ်ကိုကြီးစုမူကဲ့သို့ မက်မွန်ပွင့်ပုံမျက်ဝန်းများရှိသည်။ သူမက မကျေမနပ်ဖြင့် မျက်လုံးများပြူးကာ ပြန်ပြောလိုက်သည်။

“ဘော့စ်ယွမ်က အလုပ်ကိစ္စသွားတာ ငါနဲ့မဆိုင်ဘူးလေ။ ငါလည်း မတတ်နိုင်ဘူး”

စုမူက သူနဲ့မဆိုင်သလို ပုခုံးတွန့်ပြသည်။

“အခုလေးတင် အစ်မမန်မန်က အရသာရှိတယ်လို့ ပြောသွားတာကို”

မိန်းကလေးငယ်က အခိုင်အမာပြောလိုက်သည်။ ဒီတစ်ကြိမ်တွင် မိန်းကလေးလက်ထဲရှိ ကြောင်ကလေးကတောင်“ညောင်”ဟု အသံပေးလာသည်။

“အစ်ကိုကြီးတွေ့လား။ ကြောင်လေးကတောင် ထောက်ခံနေပြီ”

မိန်းကလေးက ကြောင်လေးကို မြှောက်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။

“အဲ့ကြောင်က ငါ့ရဲ့ချောမောလှပတဲ့အသွင်အပြင်ကို မနာလိုဖြစ်နေတယ်ထင်တာ”

စုမူက သူ့မျက်နှာသူ ပွတ်သပ်လိုက်ရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

မိန်းကလေးက“အသားကင်လည်း စားချင်တယ်”ဟုပြောလာသည်။ ဒုတိယအရသာရှိဆုံးတစ်ခုကိုတော့ သူမမြည်းကြည့်ရမှ ဖြစ်မည်။

“မင်းဝိတ်တက်လာရင်တော့ ငါ့ညီမဆိုပြီး သူများတွေကို မပြောနဲ့”

စုမူက မကြိုက်မနှစ်သက်ဟန်ဖြင့် ပြောလိုက်သည်။

“ညီမလေးလည်း အစ်ကိုကြီးလိုပါပဲနော်။ ဘယ်သူမှ မဝဘူးရယ်” မိန်းကလေးက အခိုင်အမာပြောလာသည်။

“ဒါပေမယ့် မင်းက ငါ့လိုတော့ ကြည့်မကောင်းဘူးလေ”

စုမူက ပြောလိုက်သည်။

“တော်ပါတော့ အစ်ကိုကြီးရယ်။ အသားကင်တာ စတော့မယ်” မိန်းကလေးက သူမအစ်ကိုကြီး၏နေ့ဓဒူဝကြွားလုံးများကို အသားကျနေပြီဖြစ်သော်လည်း အနည်းငယ် မသက်မသာခံစားလာရ၍ ခေါင်းစဉ်ပြောင်းလိုက်တော့သည်။

“အင်း အခုသွားမယ်လေ။ ငါတို့မစားလည်း ကြည့်လို့ရသေးတယ်”

သူ့လက်က နာရီကို တစ်ချက်ကြည့်လိုက်ရင်း လက်ကျန်ဝါးအရက်တစ်ငုံကို ခပ်ဖြည်းဖြည်းမော့လိုက်ကာ စုမူ ထရပ်လိုက်သည်။

“အစ်ကိုကြီးရှင်းရမှာနော်”

မိန်းကလေးက ကြောင်နက်ကလေးကိုပွေ့ချီလိုက်ရင်း စုမူရဲ့နောက်မှ စိတ်လှုပ်ရှားစွာ ပြောရင်း လိုက်သွားတော့သည်။

“ဒန် တန့် ဒန်... မန်မန်ရဲ့ သန်းခေါင်ယံတိုက်ရိုက်ထုတ်လွှင့်အစီအစဉ်ဖြစ်ပါတယ်။ ဘာမှမစားရသေးတဲ့လူတွေကတော့ ကိုယ့်ကိုကိုယ် ကြိုတင်ပြင်ဆင်ထားကြပါနော်။ ဘော့စ်ယွမ်ရဲ့ အသားကင်ကို မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်”

စကားအနည်းငယ်ပြောပြီးနောက် မန်မန်က သူမအသွင်အပြင်ကို အနည်းငယ်ပြင်ဆင်လိုက်သည်။ ဆံပင်ကို ပိုနီတေးလ်စည်းထားကာ ပိုချစ်စရာကောင်းနေသည်။

အထီးကျန်မှု - “ဝိုး...နောက်ဆုံးတော့ ငါ မင်းတို့ကို တွေ့ရပြီ။ ငါ့အိပ်ရာတစ်ခုလုံး သရေစာမုန့်တွေ အပြည့်ပဲ”

လူစွမ်းကောင်းများ - “ဟေ့ သနားစရာသူငယ်ချင်းလေးတွေ။ တကယ့်အစားသရဲတွေ ဘာကြိုက်လဲဆိုတာ မင်းတို့သိမှာမဟုတ်ဘူး။ ငါက ယွမ်ကျိုးရဲ့စားသောက်ဆိုင်ကို ရောက်ဖူးတယ်လေ”

အစားသူခိုး - “LOL...ချမ်းသာတဲ့လူစွမ်းကောင်းများက မနာလိုဖြစ်နေပြီ”

မိုးကြိုးမိုး - “ငါကတော့ မန်မန်ကိုကြည့်ချင်တာ။ သူမက ချစ်စရာကောင်းနေတုန်းပဲ”

ဟွမ်ရိကျန်း - “Screen ပေါ်က မက်ဆေ့ချ်တွေက မန်မန့်ကို ကွယ်ကုန်ပြီ။ အခုတော့ထားလိုက်ဦးမယ်။ နောက်ပိုင်းကျရင်တော့ ဘော့စ်ယွမ်ကို မကွယ်စေနဲ့နော်”

တိမ်ကျွမ်းကျင်သူများ - “ငါ အခုဘော့စ်ယွမ်ရဲ့စားသောက်ဆိုင်ကို သွားတဲ့လမ်းပေါ်မှာ”

ညကဲ့သို့အေးစက်သောရေ - “သတိပေးချက်၊ အရသာရှိတဲ့အစားအသောက်တွေလာတော့မယ်။ အစာငတ်ပြီး မသေချင်တဲ့သူတွေ မြန်မြန်ဖယ်ကြတော့”

ယာခဲမာဖေးဒီ - “ထွက်သွားချင်ပေမယ့် သိချင်နေလို့ ကိုယ့်ကိုကိုယ်နှိပ်စက်နေသူတစ်ဦးရှိ။ ငါဘာလုပ်ရမလဲ?”

ရွှေ - “သဘောတူတယ်။ အသားကင်အစီအစဉ်မစခင်ကတင် ခေါက်ဆွဲတစ်ပွဲစားထားတာ။ ဝက်ပေါင်ချောင်းကို ငါ့လက်တွေနဲ့ တုန်ယင်စွာကိုင်ရင်း ဝိတ်ချဖို့ဆိုတာ ငါ့အတွက်မဖြစ်နိုင်တော့ဘူးလို့ ခံစားနေရပြီ”

“ခစ်..ခစ်... လူတိုင်းက ဘော့စ်ယွမ်ကို သဘောကျတဲ့ပုံပဲ။ မင်းတို့သဘောကျတဲ့အကြောင်း ဘော့စ်ယွမ်ကို ပြောပြလိုက်ပါ့မယ်နော်”

မန်မန်က ပြုံးရင်း ပရိတ်သတ်များကို

စနောက်လိုက်သည်။ အဲ့ဒီနောက်မှာတော့screenပေါ်တွင် မက်ဆေ့ချ်များ အမြောက်အမြားရောက်လာတော့သည်။

ဧည့်သည်များမှာ ယွမ်ကျိုး၏ စားသောက်ဆိုင်အတွင်းရှိ ခန်းမထဲသို့ ရှန်းမင်အနောက်မှ ပျော်ရွှင်စွာလိုက်ဝင်လာကြသည်။ စားသောက်ဆိုင်အတွင်းတွင်မူ ယွမ်ကျိုးမှာ အစစအရာရာ အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။

အရင်တစ်ခေါက်က အစားအသောက်ပြင်ဆင်ရန် ယွမ်ကျိုးအသုံးပြုခဲ့သော ovenမှာ ယခုတွင် ပုံမှန်အချိန်များ၌ အသုံးပြုလေ့မရှိသော မိုးပြာရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ကောင်တာပေါ်တွင်တင်ထား၏။ အခြားအရာတွေကိုတော့ ယွမ်ကျိုးနာရီ‌ပေါင်းများစွာ အားထုတ်ပြင်ဆင်ခဲ့ရသည်။

ယွမ်ကျိုးမှာ မီးဖိုချောင်ထဲတွင် ၈နာရီခွဲမှ ၁၂နာရီအထိ သုံးနာရီခွဲကြာအောင် အသားကင်ရာတွင် အသုံးပြုမည့် အသားတုတ်ထိုးများနှင့် အခြားပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့ရသည်။ သို့သော်လည်း အသားတုတ်ထိုးများမှာ အမျိုးအစားလိုက်စီထားတာမဟုတ်ဘဲ ကြုံသလို စီထားပုံပေါ်သည်။

“အစ်ကိုကြီး ... ဒီနေရာက သိပ်ကျဉ်းတယ်။ မီးခိုးမွှန်နေတော့မှာပဲနော်?” မိန်းကလေးမှာ ယွမ်ကျိုး၏စားသောက်ဆိုင်အတွင်းသို့ ဝင်လာရင်း စိတ်ပူစွာမေးလိုက်သည်။

သိပ်မသေချာပေမယ့် စုမူက “မမွှန်လောက်ပါဘူး။ ဒီမှာ ငါအရင်က တစ်ခါမှ ဆီနံ့၊ညှော်နံ့တွေ မရဖူးဘူး”ဟု ဖြေလိုက်သည်။

လမ်းတစ်လျှောက်ရှိ အသားကင်ဆိုင်များအားလုံးမှာမူ မီးတောက်မီးခိုးများနှင့် ပြည့်နှက်နေတတ်သည်။

“အားလုံးပဲ မင်္ဂလာညချမ်းပါ။ ရှန်းမင် မင်းအခုပြန်လို့ရပြီ”

ယွမ်ကျိုးက ဧည့်သည်များကို ကြိုဆိုပြီးနောက် ရှန်းမင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ဘော့စ် ကျွန်မတို့ အခုထိ ဆိုင်ဖွင့်ထားတုန်းလေ”

ရှန်းမင် အနည်းငယ်အံ့သြသွားသည်။

ယွမ်ကျိုးမှ “ငါနဲ့ထားခဲ့လိုက်ပါ။ ဘတ်စ်ကားလွတ်သွားမယ်”ဟုသာ ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ မနက်ဖြန်မနက်ပိုင်း အတန်းမရှိလို့ အခု ကူလုပ်ပေးလို့ရပါတယ်”

ရှန်းမင်က ပြန်ပြောလိုက်သည်။

ယွမ်ကျိုးက “ငါ မင်းကို ပြန်လိုက်ပို့စရာကားမရှိဘူး”ဟုသာ တည့်တိုးပြောလိုက်ရတော့သည်။

“ဟုတ်ပြီလေ ဘော့စ်။ အဲ့ဒါဆိုရင် ပြန်ပြီနော်”

ဘယ်သူမှ သူမကို ပြန်မပို့နိုင်မှန်း သူမအသေအချာသိသည့်အတွက် ချက်ချင်း ပြန်ဖြေလိုက်သည်။

“ကျွတ်..ကျွတ်... ဘော့စ်ယွမ်က မိန်းကလေးတွေကို ဘယ်လိုကြင်နာရမယ်မှန်းမသိဘူးပဲ။ မင်းဘယ်လိုလုပ်မလဲ?”

စားသောက်ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် လင်းဟုန်က သက်ပြင်းချရင်း ပြောလိုက်သည်။

“နင် ဘော့စ်ယွမ်ကိုအထင်လွဲနေပြီ။ သူ တစ်ခါက အဲ့ကောင်မလေးကို သူ့ကောလိပ်ကို လိုက်ပို့ပေးဖို့ အကူအညီတစ်ခါတောင်းဖူးတယ်။ သူက စကားပြောတည်ကြည်ပေမယ့် စိတ်နှလုံးကောင်းရှာပါတယ်”

ကျန်းချန်ရှီးက ပြောလိုက်သည်။

“ငါတော့ ဘယ်အချိန်စားရမလဲဆိုတာပဲစိတ်ဝင်စားတယ်”

ဝူဟိုင်းက အစားအသောက်တွေကို အလေးထားဆုံးဖြစ်သည်။

“ဆိုင်က မနက်၂နာရီဆို ပိတ်ပြီ”

နံရံပေါ်က နာရီကို ညွှန်ပြရင်း ယွမ်ကျိုးက ပြောလိုက်သည်။

“ဘော့စ်ယွမ်...မင်းသိပ်ရက်စက်တာပဲ။ ဘာလို့ ငါတို့ကို စောစောမပြောတာလဲ?။ မန်မန်က အခု အသားကင်တွေအော်ဒါတင်တော့မယ်”

ယွမ်ကျိုးအား ဝိုင်းဝန်းစနောက်နေကြစဉ် မန်မန်မှာ သူမ၏ပရိသတ်များနှင့် စကားပြောနေခဲ့သည်။ ယွမ်ကျိုး၏ပြောသံကို ကြားလိုက်သည်နှင့် မန်မန်က မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။

“မင်းတို့ ဒီမှာ မှာလို့မရဘူး။ တကယ်လို့ အသားကင်စားချင်တယ်ဆိုရင် တစ်ယောက်ကို အသားတုတ်ထိုး ၁၆ချောင်းစီပဲ ရမယ်”

ယွမ်ကျိုးက ပြောင်းပြောပြန်သည်။

“ကြည့်...စည်းမျဉ်းအသစ်တွေပြောပြန်ပြီ။ သူ့ကို သံလိုက်အိမ်မြှောင်လို့ ခေါ်ကြတာ အံ့သြစရာမဟုတ်တော့ပါဘူး” မန်မန်က ကင်မရာကို ချိန်လိုက်ကာ ပရိသတ်ကို တိုးတိုးပြောလိုက်သည်။

“ငါ တစ်ခုမှာမယ်”

စိတ်ပျက်စရာစည်းမျဉ်းတွေရှိပေမယ့် ဝူဟိုင်းကတော့ မှာလိုက်သေးသည်။ သူညနေစာတောင် မစားရသေးပေ။ သူ့သီအိုရီအရ ဒီက အရသာရှိတဲ့အသားကင်တွေသာရှိမယ်ဆိုရင် တခြားဆိုင်က အသားကင်တွေစားပြီး သူ့ဗိုက်ကို သူဒုက္ခပေးပါဦးမလား?

“ငါ့ကိုလည်း တစ်ပွဲပေးပါ”

မန်မန်က ကျယ်လောင်စွာအော်ပြောလိုက်သည်။

“ငါလည်း တစ်ပွဲ”

လင်းဟုန်မှာ အသားကင်စားရန် တကူးတကလာခဲ့သည်ဖြစ်ရာ စိတ်ပျက်စရာကန့်သတ်ချက်တွေရှိနေပေမယ့် မှာလိုက်သည်။

“ဟုတ်ပြီ။ ခဏစောင့်ပေးကြပါဦး” ယွမ်ကျိုးက ခေါင်းညိတ်ကာ ဖြေပြီးနောက် နှာခေါင်းစည်းတပ်ကာ အသားကင်သုံးပွဲကို စတင်ကင်တော့သည်။

“ဘော့စ်ယွမ်ရဲ့အသားကင်ကို တစ်ချက်ကြည့်လိုက်ရအောင်။ ကျွန်မတို့ သူ့ဟင်းချက်နည်းတွေကို ခိုးလို့ရတာပေါ့” မန်မန်က ကင်မရာကို ယွမ်ကျိုးဆီ ချိန်လိုက်ပြီး မီးဖိုချောင်တွင် အသားခိုးမည့်မြေခွေးမလေးသဖွယ် ပြောဆိုလိုက်သည်။

“ဘယ်ပွဲက ငါ့ဟာလဲ?”

အသားနှင့် ဟင်းသီးဟင်းရွက်တုတ်ထိုးများကို ကြည့်ကာ ဝူဟိုင်းက မေးလိုက်သည်။

“ပထမတစ်ခုလေ။ အစဉ်အတိုင်းကင်နေတာ”

ဝက်လိုင်းသားအကင်ငါးချောင်း၊ ပုစွန်အကင်တစ်ချောင်း၊ ဟင်းသီးဟင်းရွက်အကင် ၆ချောင်းနှင့် အခြားအသားများပါသည့်ပွဲကို ပြရင်း ယွမ်ကျိုးက ပြောလိုက်သည်။

ဝူဟိုင်းတစ်‌ယောက်ကြည့်ရင်း အလွန်ကျေနပ်သွားသည်။ သူက တခြားတစ်ခုကို ညွှန်ပြရင်း “ဒါကဘာလဲ?”

အဲ့တစ်ခုက လင်းဟုန်ရဲ့အကင်ပွဲဖြစ်သည်။ အနီရောင်အသားကင်ချောင်းအချို့ပါရာ ဝူဟိုင်း သိချင်မိသွားသည်။

“အမဲသား” ယွမ်ကျိုးက တိုတိုတုတ်တုတ် ဖြေပေးလိုက်သည်။

“ဘော့စ်ယွမ်ရဲ့အမဲသားကင်က ဝါးလို့ကောင်းမယ့်ပုံပဲ။ အဲ့ဒါထက် သူလှီးထားတာကတော့ ပါးတယ်”

မန်မန်မှာ ပရိသတ်ကို သူမ မစားခင်အချိန်ထိ တစ်ဆင့်ပြီးတစ်ဆင့် ပြောပြနေတော့သည်။

“အစ်ကိုကြီး...မီးခိုးလည်း မညှော်ဘူးဆိုတော့ ညီမလေးလည်း တစ်ပွဲလောက် မှာလို့ရမလား?” ကြောင်ကလေးနှင့်မိန်းကလေးငယ်က စုမူကို မေးလိုက်သည်။

“ရှောင်ရှန်း...မင်း တကယ်စားချင်တာသေချာတယ်နော်?”

စုမူကတော့ အသားကင်ကို လုံးဝ စိတ်မဝင်စားပေ။ မီးတောက်မီးခိုးတွေအပြင် မီးသွေးအမှုန်အမွှားတွေရှိနေနိုင်သဖြင့် အသန့်အရမ်းကြိုက်သော စုမူအတွက် စိတ်မသက်သာဖြစ်စေသည်။

“အွန်း ကျေးဇူးပဲ...အစ်ကိုကြီး”

ဘယ်သူမှ သူမကို သတိမထားမိကြတာမြင်သဖြင့် မိန်းကလေးမှာ ချွဲနွဲ့ဟန်ဖြင့် စုမူကို ပြောလိုက်သည်။

“ပြီးရော ဘော့စ်ယွမ်ရေ။ ဒီကိုလည်း တစ်ပွဲပေးပါ”

စုမူမှာ သူ၏ဆိုးသွမ်းသောညီမလေးအား ဘယ်လိုကိုင်တွယ်ရမှန်း မသိဟန်ဖြင့် မှာပေးလိုက်ရသည်။ ခဏကြာပြီးနောက် အရင်ရောက်လာကြသူများက အသားကင်ကို စတင်စားနေကြပြီဖြစ်သည်။ တစ်ဖက်တွင်မူ အချိန်ခဏလေးအတွင်း လမ်းပေါ်ရှိစားသောက်ဆိုင်သို့ လူများပိုဝင်လာကြတော့သည်။

'ယွမ်ကျိုးရဲ့ အသားကင်က ဘယ်လိုအရသာမျိုးပါလိမ့်?'

ယွမ်ကျိုး အပိုင်း(၃၀၈)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၀၉)

လူတော်တော်များများ စားသောက်ဆိုင်အတွင်းသို့ တဖွဲဖွဲဝင်ရောက်လာကြရာ လမ်းဘေးတွင် စည်ကားသိုက်မြိုက်နေတော့သည်။ စားသုံးသူများအပြင် ခေါင်းရွက်ဈေးသည်များ၊ လက်ပွေ့ဈေးသည်လေးများလည်း တဖြည်းဖြည်းပိုများလာခဲ့သည်။

ဤလူများမှာ ယွမ်ကျိုးအကြောင်းနားလည်ကြရာ အပြင်ဘက်တွင် မည်သူမျှ အသားကင်မရောင်းကြတော့ချေ။ သောက်စရာအချိုရည်နှင့် အရက်များသာ ရောင်းချကြတော့သည်။

ထမင်းကြော်၊ ကန်တုံစတိုင် နှမ်းဆီမွှေးခေါက်ဆွဲအေးကဲ့သို့သော အခြားသန်းခေါင်ယံအချိန် စားစရာအဆာပြေမုန့်များကိုသာ ရောင်းကြသည်။

ခဏအတွင်းမှာပင် အပြင်ဘက်၌ လူတန်းရှည်ကြီး ဖြစ်ပေါ်လာတော့သည်။

“တွေ့ကြလား။ ဒါဘော့စ်ယွမ်ရဲ့အစွမ်းလေ။ အရမ်းနောက်ကျနေတာတောင် လူတွေအများကြီးရှိနေတုန်းပဲ”

မန်မန်က သူမ၏ဖုန်းကင်မရာကို အပြင်ဘက်ရှိစားသုံးသူတွေဘက် လှည့်ပြလိုက်ရင်း သက်ပြင်းချလိုက်သည်။

ပူစီနံခေါက်ဆွဲ - "ငါလည်း အဲ့လူတန်းကြီးထဲက တစ်ယောက်ဖြစ်ပါစေဆုတောင်းတယ်။ မင်းတို့တွေ ဝက်လိုင်းသားကင်က တစီစီမြည်နေတာသတိထားမိလား? သွားရည်တောင်ယိုလာပြီ"

KFCကြိုက်တဲ့ခံစားချက်လေး - "ငါက အမဲသားစားချင်တာ"

နွေးထွေးပေမယ့် ဝမ်းနည်းနေတယ် - "ငါလည်း တန်းစီတဲ့လူတွေအထဲပါချင်လိုက်တာ"

Screenပေါ်ရှိ မက်ဆေ့ချ်များမှာ ပရိသတ်ကြီးရဲ့အားကျမှုတွေကို အပြည့်အဝဖော်ပြနေတော့သည်။ အဲ့ဒီနောက်မှာတော့ မနာလိုနေတဲ့လူတွေမှာ မန်မန်ကို စားရန် အတင်းတိုက်တွန်းကြတော့သည်။ သို့မှသာ သူတို့၏အစားကောင်းများ ဆာလောင်မွတ်သိပ်မှုကို ပုံများမှတဆင့် ဖြေသိမ့်နိုင်ကြမည်ဖြစ်သည်။ အဲ့နောက်မှာ သူတို့ ပိုဆာကောင်းဆာလာနိုင်ပေမယ့် လောလောဆယ်တော့ လုံးဝဂရုမစိုက်နိုင်တော့ပေ။

“အားလုံးပဲ ဖြည်းဖြည်းသုံးဆောင်ကြပါဦး”

ယွမ်ကျိုးက ပထမဆုံးမှာယူသည့် အကင်သုံးပွဲကို သယ်လာသည်။ ကျွမ်းကျင်အကင်ဆရာတစ်ဦးဖြစ်လာသော ယွမ်ကျိုးက အသားနှင့် ဟင်းသီးဟင်းရွက်တုတ်ထိုးများကို တစ်ပြိုင်တည်း လွယ်ကူစွာ ထုတ်ယူလာသည်။ ဒါ့အပြင် အကင်ချောင်းအားလုံးမှာ စားရန်အသင့် ဖြစ်နေပေပြီ။

“ဝိုး...အစာစားချိန်ရောက်ပြီ။ ငါ ဘယ်ဟာကို စစားသင့်တယ်ထင်လဲ?”

မန်မန်က ကင်မရာကို အကင်ချောင်းဆီချိန်ပြလိုက်ရင်း သွားရည်ယိုနေဟန်ဖြင့် မေးလိုက်သည်။ မန်မန်တယောက် သူမပရိတ်သတ်များနှင့် အပြန်အလှန်ပြောဆိုနေချိန်မှာပင် ဘေးဘက်ရှိ လင်းဟုန်နှင့် ဝူဟိုင်းတို့မှာ စားနေကြပြီဖြစ်သည်။

တကယ်တော့ မန်မန်လည်း ချက်ချင်းစားချင်နေပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သူမ၏ပရိတ်သတ်များနှင့် အပြန်အလှန်ဆက်ဆံရန် အလွန်အရေးကြီးလှသည်။

အပြာရောင်ဝမ်းနည်းမှု - “ဝက်လိုင်းသား..ဝက်လိုင်းသားကို အရင်စားပါဗျို့။ အဆီစက်လေးတွေက အရမ်းကိုဆွဲဆောင်နေတာကြည့်ပါဦး။ စားလိုက်တော့ မန်မန်”

မိုးတိတ်ပြီ - "ဝက်လိုင်းသားပဲပေါ့။ ဝက်လိုင်းသားမပါဘဲ အကင်လို့ဘယ်ခေါ်လို့ရပါ့မလဲ"

ဂိမ်း၀၀ - "အစာစားချင်စိတ်နှိုးဆော်တဲ့အနေနဲ့ အသီးအရွက်ကင်ကနေ စလိုက်ရင်လည်းကောင်းတယ်လို့ ငါတော့ထင်တယ်"

Screenပေါ်သို့ မက်ဆေ့ချ်များပေါ်ပေါက်လာပြီးနောက် လူတိုင်းရဲ့အာရုံက ဝက်လိုင်းသားကင်ဆီ ရောက်သွားတော့သည်။ ထို့နောက် မန်မန်လည်း ပရိတ်သတ်အများစုမျှော်လင့်ထားသည့်အတိုင်း ဝက်လိုင်းသားကင်ကို စတင်ရွေးချယ်စားလိုက်သည်။

“အဲ့ဒါဆို ငါ ဝက်လိုင်းသားကင်ကိုစစားလိုက်မယ်”

မန်မန်က ဝက်လိုင်းသားကင်ကို ယူလိုက်ရင်းပြုံးကာ ပြောလိုက်သည်။

ဝက်လိုင်းသားကို အကင်တစ်ချောင်းလျှင် နှစ်ခုစီ ထိုးသီထားပြီး ပါးစပ်အပြည့် တစ်ကိုက်စာအတွက် လုံလောက်ရုံမျှသော အရွယ်အစားများဖြစ်သည်။ မိန်းကလေးတစ်ယောက်အနေနဲ့ မန်မန်မှာ အဲ့လောက်အသားအများကြီးကို တကယ် မစားလိုပေ။

နောက်ဆုံးမှာ အသားဟင်းကို တစ်ခဏတာ အရသာခံရုံဖြစ်သော်လည်း နောက်ဆက်တွဲအနေဖြင့် အမှန်တကယ်ဝိတ်တက်စေနိုင်သည်ကို သူမ အလွန်နားလည်ပြီးဖြစ်သည်။ မန်မန်မှာ ယွမ်ကျိုးချက်သည့် ပဲငံပြာရည်ဝက်သားနှပ်ကို အရသာလည်းရှိ၊ အဆီလည်းကင်းသဖြင့် အကြိုက်ဆုံးဖြစ်သည်။ မိန်းမလှလေးများအတွက် ထိုသို့သောဟင်းများကသာ သင့်လျော်ပေသည်။

ဒါပေမယ့်လည်း ကောင်းမွန်တဲ့ အစားအသောက်အကြောင်းထုတ်လွှင့်ပြသသူတစ်ဦးအနေဖြင့် အစားအသောက်၏ကောင်းမွန်သောအသွင်အပြင်မှာ မရှိမဖြစ်အကြောင်းတရားတစ်ခုဖြစ်သည်။ ဒါ့အပြင် ယွမ်ကျိုးချက်တဲ့ဟင်းမှန်သမျှ သေချာပေါက် အရသာရှိမည်မှန်း မန်မန်သိထားပြီးဖြစ်သည်။

ဝက်လိုင်းသားလေး လျှာပေါ်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူမမျက်လုံးများကို အလိုအလျောက်ပိတ်မိသွားတော့သည်။ မူလက ဝက်လိုင်းသားပေါ်ရှိ အဆီစက်များကို မြင်ချိန်တွင် အလွန်ဆီများပြီး အီမည်ဟု သူမထင်ခဲ့မိသည်။ သို့ရာတွင် ပါးစပ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ကြွပ်ရွမှု၊ နူးညံ့မှုနှင့် အလွန်မွှေးပျံ့သောအနံ့တို့ကိုသာ သူမခံစားမိတော့သည်။ အဆီရော၊ အသားရောမှာ နူးညံ့စီးပိုင်ပြီး ဝါးလိုက်လျှင် လတ်ဆတ်သောအသီးဂျယ်လီနှင့်အသားရနံ့ ရှိနေသည်။ အဆီအနည်းငယ်ပါသောအသားကို ကင်ထားသဖြင့် မွှေးပျံ့သောအနံ့နှင့် ဝါးလို့ပင် ကောင်းနေသေးသည်။ ဒါ့အပြင် အသီးရနံ့၊ မီးသွေးရနံ့နှင့် ဝက်သားကိုအရသာရှိစေရန် အသုံးပြုထားသည့် ဆားကြမ်းတို့ကြောင့် ဝက်လိုင်းသားကင်မှာ အံ့သြဖွယ်ကောင်းလောက်အောင် အရသာရှိနေတော့သည်။

အရသာရှိလှသဖြင့် မန်မန်မှာ ဝက်လိုင်းသားကင်နောက်တစ်တုံးကို မြန်မြန်စားလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ အနည်းငယ်ကွာခြားသည်။ ဒီတစ်တုံးက ဝါးတုတ်တံ၏ အဆုံးတွင်ရှိသဖြင့် အနည်းငယ်ပိုနူးညံ့ကာ မတူညီသောအထိအတွေ့ကိုပေးနေ၏။

“ဘော့စ်ယွမ် ... ရှင် ဒါတမင်လုပ်ထားတာမို့လား? ရှင် လုပ်ထားတဲ့ဝက်လိုင်းသားက အရမ်းအရသာရှိတာပဲ။ ကျွန်မတို့ ဘယ်ဝိတ်ချရတော့မလဲ”

မန်မန်မှာ ဝက်လိုင်းသားကင်နှစ်တုံးကိုစားရုံနှင့် စိတ်မကောင်းဖြစ်သွားပုံပေါ်လာသည်။

“မင်း မဝလာပါဘူး စိတ်ချ”

ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

မန်မန်က “တကယ်လား။ အဲ့ဒါဆို ကျွန်မ တကယ်စားပြီနော်”

ယွမ်ကျိုးပြောလိုက်သည်ကို သံသယမရှိဘဲ မျက်စိစုံမှိတ်ယုံကြည်ပေးလိုက်တော့သည်။

ကျန်နေသေးသည့် ဝက်လိုင်းသားအကင်ချောင်းများကို ယူလိုက်ရင်း သူမ၏ပရိသတ်များအား ရှင်းလင်းပြောဆိုပြကာ စတင်စားတော့သည်။

“မှန်းကြည့်။ ဒီဝက်လိုင်းသားက အရမ်းအရသာရှိတာနော်။ နည်းနည်းအဆီများပြီး မီးကျွမ်းသလိုဖြစ်နေပေမယ့် တကယ်တော့ လုံးဝအဆီများပြီး အီတဲ့အရသာမရှိတဲ့အပြင် တော်တော်လတ်ဆတ်တဲ့အရသာရှိတယ်။ အဲ့ဒီတော့ အသားကကွာ ဖက်ထုတ်ပြုတ်ဟင်းရည်ထဲကလိုပဲ”

မန်မန်က လိုရင်းကို သေချာပြောပြလိုက်လေသည်။ မန်မန်ရဲ့သွားရည်ယိုစရာ သရုပ်ဖော်ပြောဆိုမှုနှင့် စားသောက်ပုံအမူအရာတွေ သွေးဆောင်မှုကြောင့် ပရိသတ်ကြီးမှာ သူတို့ခန္ဓာကိုယ်အတွင်းရှိ အစားအသောက်စွဲလမ်းစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူတို့၏ဆာလောင်မှုကို ဖန်သားပြင်ပေါ်တွင် မက်ဆေ့ချ်များဖြင့်သာ ဖော်ပြနိုင်တော့သည်။

ဂိမ်း၀၀ - "အဆီပါပေမယ့် မအီဘူး။ မီးခပ်ပြင်းပြင်းနဲ့ကင်ထားပေမယ့် ဝါးရမခက်ဘူး။ မန်မန်ရေ နောက်ထပ်ဝက်လိုင်းသားကင်ဆယ်ချောင်းလောက်ပေးပါဦး"

တို့ဟူးပန်း - "ဆောရီးပဲ ငါသွားရည်ယိုနေတာ မရပ်တော့ဘူး။ ရေအရင်သွားသောက်လိုက်ဦးမယ်"

အပြာရောင်ဝမ်းနည်းမှု - "အရသာရှိမယ့်ပုံပဲ။ မင်းတို့တွေ ဝက်လိုင်းသားရဲ့အရောင်က ပြီးပြည့်စုံအောင်ကင်ထားတဲ့ပုံမှန်း သတိထားမိကြလား။ ရွှေဝါရောင်သန်းနေတာပဲ။ ဘော့စ်ယွမ်ရဲ့လက်ရာကတော့ တကယ်အံ့မခန်းပဲ”

“ရှင်ပြောတာမှန်တယ်။ ဒီဝက်လိုင်းသားအကင်ချောင်းတွေကို ကြည့်။အကုန်လုံးက ရွှေဝါ‌ရောင်သန်းနေတာ” မန်မန်က ကျန်နေသေးသည့် ဝက်လိုင်းသားကင်များကို ပရိသတ်တွေဆီ မြှောက်ပြလိုက်သည်။ ကင်မရာထဲမှာပင် အကင်တွေက အရောင်တွေ တစ်ညီတည်းဖြစ်ကာ ကြည့်လို့ပင် ကောင်းနေတော့၏။ အဓိကအချက်မှာ သန်းခေါင်ယံည၁၂နာရီ ဖြစ်နေခြင်းပင်။ လူအများမှာ သွားရည်ယိုစရာကောင်းလှသော ဝက်လိုင်းသားကင်များကို ကြည့်ရင်း အခြားသူများ၏ အရသာရှိလှသောစားကောင်းသောက်ဖွယ်များမှာ မည်သို့မည်ပုံအရသာရှိလှပါကြောင်း ဖော်ညွှန်းချက်များကို နားထောင်နေရသည်ကို တွေးမိရုံနှင့်ပင် သည်းမခံနိုင်ကြတော့ပေ။ ထို့အတွက် ပရိသတ်များမှာ အာရုံများတည်ငြိမ်စေရန် အလို့ငှါ တစုံတခုကို အဆက်မပြတ်စားသောက်ရန် ရွေးချယ်လိုက်ကြတော့သည်။

မန်မန်မှာမူ ဘေးဘက်ရှိ အမဲသားကင်များကို စတင်စားသောက်နေပြီဖြစ်သည်။ သဘာဝကျစွာပင် အမဲသားကင်များကို ယွမ်ကျိုးကိုယ်တိုင်ပြင်ဆင်ထားသည့် အရသာမှုန့်များထည့်သွင်းထားသော အထူးဆော့စ်ဖြင့် မွမ်းမံပေးထားရာ အစပ်အဟပ်မှာ လွန်စွာ လိုက်ဖက်နေတော့သည်။ တစ်တုံးလောက်စားပြီးသည်နှင့် မန်မန်မှာ အရသာကို ဖော်ပြရန် မစောင့်နိုင်တော့ပေ။

“သူ့အရသာကလေ နို့နံ့ခပ်သင်းသင်းလေးရှိနေတာ...အံ့သြစရာပဲ။ ဝါးနေရင်းနဲ့ အနှစ်တွေလျှံထွက်လာသမျိုးခံစားရတယ်။ နောက်ဆုံးကွာ...အသက်ရှူသွင်းလိုက်ရင်ကို ဝင်သက်ထဲမှာ ပန်းရနံ့တွေ၊ နို့အနံ့လေးတွေပါလာသလိုမျိုးသိလား။ စောက်ရမ်းမိုက်တယ်”

မူလကတည်းက အမဲသားကင်ကို သီးသန့်စားရန် ယွမ်ကျိုးက ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ တို့စားစရာဆော့စ်သီးသန့်ထည့်မပေးထားပေမယ့် နို့ရနံ့လေးရှိနေသည်။ အမဲသားမျှင်လေးများမှာ လျှာပေါ် အရည်ပျော်သွားပြီး အနှစ်အရသာအပြည့်နှင့် ဆားတို့မှာ နို့နံ့ခပ်သင်းသင်းရှိသည့် အမဲသားကို စားချင်စဖွယ်ဖြစ်အောင် ပံ့ပိုးပေးနေတော့သည်။ အမဲသားတစ်တုံးကို ပိုအရသာရှိလာစေသည်။ မန်မန် တိုက်ရိုက်ထုတ်လွှင့်နေစဉ်တွင် ဝူဟိုင်းနှင့်လင်းဟုန်တို့မှာ ငြင်းခုံနေကြသည်။

“မင်းနဲ့ ငါအကင်လဲစားချင်လို့”

ဝူဟိုင်းက သူ့ကျင်းလင်မြက်အကင်ကိုယူကာ လင်းဟုန်၏ပန်းကန်ထဲရှိ အမဲသားကင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

“ငါ့ကိုအရူးများထင်နေလား?”

လင်းဟုန်က သူစိမ်းဆန်စွာ ဖြေသည်။

“ငါမှတ်မိပါသေးတယ်။ မင်းပဲအသားစားရတာ မကြိုက်ဘူးဆို”

ယွမ်ကျိုးထံမှ ချက်နည်းပြုတ်နည်းကိုသာမက မျက်နှာပြောင်တိုက်လိမ်ပြောနည်းကိုပါ သင်ယူခဲ့သော ဝူဟိုင်ကပြောလိုက်သည်။

“အဲ့ဒါဆို မင်းရဲ့ဝက်လိုင်းသားကင်နဲ့ ငါ့တို့ဟူးကင်ကို လဲမယ်”

လင်းဟုန်က တို့ဟူးကင်တစ်ချောင်းကို ယူကာပြောသည်။

“ရတယ်လေ”

ဝူဟိုင်က ချက်ချင်း သဘောတူလိုက်သည်။

“တကယ်?”

ဝူဟိုင်း သဘောတူတာကို ကြားလိုက်ရတော့ လင်းဟုန် ချက်ချင်း အံ့သြသွားသည်။

“တကယ်ပါဆို”

ဝူဟိုင်းက တို့ဟူးကင်ကို ချက်ချင်းယူလိုက်ပြီး အလင်း၏အလျင်နှုန်းဖြင့် စားလိုက်တော့သည်။ ဒါပေါ့ ဝက်လိုင်းသားကင်ကိုလည်း လင်းဟုန်ကိုပေးလိုက်သည်။

“မင်းက တို့ဟူးစားရတာကို ကြိုက်တာလား”

လင်းဟုန်က အံ့သြသွားဟန်ဖြင့် ပင့်သက်ရှိုက်ကာ မေးလိုက်‌သည်။

“ငါ့မှာ တို့ဟူးမပါလို့လေ”

ဝူဟိုင်းက သူ့ပန်းကန်ကို ညွှန်ပြကာပြောလိုက်သည်။

ဟုတ်ပေသည်။ အကင်တစ်ချောင်းချင်းစီကို ခွဲဝေပေးသူမှာ ယွမ်ကျိုးသာဖြစ်သည်။ တကယ်တော့ သူက အကင်တွေကို သာမန်ကာလျှံကာ ယူလိုက်ခြင်းသာဖြစ်၏။ အသားကင်ချောင်းတွေမှာ ထူးထူးခြားခြားကွာခြားချက်မရှိပေမယ့် အသီးအရွက်ကင်တွေမှာတော့ မတူပေ။ အယောက်စီတိုင်းမှာ အသီးအရွက်ကင်တွေက တစ်ယောက်နဲ့ တစ်ယောက်မတူကြ။ အဲ့အတွက် ဝူဟိုင်းဆီမှာ တို့ဟူးကင် တကယ်ကို မပါခြင်းဖြစ်သည်။ တို့ဟူးကင်စားပြီးသည်နှင့် ဝူဟိုင်းမှာ လင်းဟုန်၏မစားရသေးသော အမဲသားကင်ကို မျက်စပစ်တော့သည်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက် အချင်းချင်းအကင်ချောင်းလဲလှယ်ရေးအတွက် တစ်ယောက်နှင့်တစ်ယောက်ဈေးဆစ်ကာ ညှိနှိုင်းနေလေသည်။

တစ်ဖက်တွင်လည်း အခြားသောစားသုံးသူများမှာ သူတို့အတိုင်း လိုက်လုပ်ကြတော့သည်။ ပထမဆုံး အမျိုးအစားမတူညီသည့် အကင်ချောင်းများကို မြည်းစမ်းကြည့်ကြပြီး လဲလှယ်လိုသည့် အကင်များကို ရွေးချယ်ကာ အခြားသူများနဲ့လဲလှယ်ကြ၏။

ဤသည်မှာ အသစ်တွေ့ရှိမှုတစ်ခုဖြစ်ပြီး ယွမ်ကျိုး၏ စားသောက်ဆိုင်တွင်သာ တွေ့နိုင်သော မြင်ကွင်းတစ်ခုဖြစ်လေသည်။

ယွမ်ကျိုး အပိုင်း(၃၀၉)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၁၀) စွမ်းအားအပြည့်နဲ့ပြိုင်ဘက်

မနက်(၁)နာရီရှိပြီဖြစ်သော်လည်း ယွမ်ကျိုး၏စားသောက်ဆိုင်အပြင်ဘက်တွင် စည်ကားနေဆဲပင်။ ခေါင်းရွက်ဈေးသည်နှင့် လက်ပွေ့ဈေးသည်လေးများသည် စောင့်ဆိုင်းနေသော လူတန်းရှည်ကြီးထဲမှ စားသုံးသူများအား သူတို့ထံမှ ဝယ်လိမ့်နိုးဖြင့် တစ်ယောက်ချင်းစီကို လိုက်လံမေးမြန်းကာ ရောင်းချရန် ကြိုးစားနေကြ၏။

“ရေငတ်ပြေစေမယ့် အုန်းရည်အေးအေးလေးနော်။ တစ်ဘူးလောက် ယူကြဦးမလား?”

“ဖရဲသီးဖျော်ရည်ရမယ်။ ဖရဲသီးဖျော်ရည်”

“အစာအိမ်ကို အာဟာရဖြည့်ပေးမယ့် ဆန်ပြုတ်နဲ့ သွေးအားကောင်းစေတဲ့ ပဲနီလေးစွပ်ပြုတ်နော်။ ဝယ်ကြဦးမလား?"

ဈေးသည်လေးများ၏ ဈေးခေါ်သံများမှာ လမ်းလေးထဲတွင် ခေါက်တုံ့ခေါက်ပြန်နှင့် ပေါ်ထွက်နေတော့၏။ လူတော်တော်များများကလည်း ဝယ်ယူအားပေးကြသည်။

ဤသည်မှာလည်း မဆန်းပေ။ စားသောက်ဆိုင်အတွင်းမှ လူများမှာ အားပါးတရစားသောက်နေကြရာ ဖြတ်သွားဖြတ်လာများအနေဖြင့်လည်း ကြည့်ရင်းဆာလောင်လာရသဖြင့် ဗိုက်ဟောင်းလောင်းဖြင့် တန်းစီနေကြသူများအတွက်မူ ဆိုဖွယ်ရာမရှိတော့။

လူများမှာ တစ်ယောက်နှင့်တစ်ယောက် အကင်ချောင်းများ လဲလှယ်နေကြရာ စုမူနှင့် သူ့ညီမလည်း အတူတူပင်။

“အစ်ကိုကြီးပြောတော့ မစားဘူးဆို?”

စုမူ၏ညီမလေးမှာ အလွန်ကောင်းမွန်သော“စုယွဲ့ရှန်း”ဟူသည့် နာမည်ရှိလေသည်။ ယခု သူမမှာ လက်တစ်ဖက်က ကြောင်နက်လေးကို ပွေ့ထားရင်း တစ်ဖက်က အကင်များကို ကာကွယ်ထားရလေသည်။

သူတို့နှစ်ဦးမှာ ဘေးဖက်၌ မတ်တပ်ရပ်နေကြ၏။ ဟင်းပွဲများ မှာယူရာတွင် ဤအနေအထားက ပိုအဆင်ပြေသလို စုယွဲ့ရှန်း၏လက်ထဲ၌ ကြောင်လေးအား ပွေ့ထားရသေးရာ အခြားဧည့်သည်များနှင့် နီးနီးကပ်ကပ်နေရန် အဆင်မပြေသဖြင့် မတ်တပ်ရပ်နေသည်က ပိုအဆင်ပြေလေသည်။

“ငါအဲ့လိုမပြောပါဘူး။ ပြီးတော့ ငါလည်း မြည်းကြည့်ချင်တယ်လေ” ယခင်ကနဲ့မတူစွာ စုမူမှာ သူ့အရပ်အားကိုးနှင့် အမဲကင်ချောင်းကို အလွယ်တကူ ယူလိုက်သည်။

ဦးစွာ အမဲသားကင်ကို သေချာအနံ့ခံလိုက်ကာ တစ်တုံးကို ဆော့စ်နှင့်တို့ပြီး ကျန်တစ်တုံးကို ချန်ထား၏။

“အစ်ကိုလည်း သက်သက်တစ်ပွဲမှာလို့ရတာပဲကို”

စုယွဲ့ရှန်းက ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကာ ယွမ်ကျိုးဘက်သို့ ညွှန်ပြလိုက်ရင်း ပြောသည်။

စုမူက ပုခုံးတွန့်ကာ လူတန်းရှည်ကြီးကို ညွှန်ပြလိုက်ပြီး “နောက်တစ်ပွဲထပ်မှာရင် အလှည့်ရောက်အောင် စောင့်နေရဦးမှာပေါ့ဟ”

စုယွဲ့ရှန်းက အနည်းငယ်တွန့်ဆုတ်ဆုတ်ဖြင့် “ပြီးတာပဲ။ ညီမလေးနဲ့မျှစားလို့ရပေမယ့် ၇ချောင်းပဲနော် ပိုမရဘူး”

“အေးပါ။ အားလုံး ၈ချောင်းကျန်သေးတယ်။ မင်းကို အမဲသားကင်တစ်ချောင်းပေးမယ်လေ။ ရတယ်နော်”

စုမူက သူ၏လှပသော မက်မွန်ပွင့်မျက်လုံးများဖြင့် မျက်စောင်းထိုးကြည့်လိုက်ရင်း တွေဝေမှုမရှိ ပြောလိုက်လေသည်။

စုယွဲ့ရှန်း၏ “အစ်ကိုနော်” ဟူသော မကျေမနပ်သံခပ်စူးစူး ထွက်ပေါ်လာတော့၏။ နောက်ပိုင်းတွင်တော့ နှစ်ဦးသားမှာ အစ်ကိုကြီးနှင့်ညီမလေးအကြား အကင်ချောင်းပိုင်ဆိုင်မှု ခွဲဝေရင်း ရင်းရင်းနှီးနှီး ဆွေးနွေးငြင်းခုံကြလေသည်။

စုမူ အကင်စစားရသည့်အကြောင်းရင်းမှာ မန်မန်၏အညွှန်းကြောင့် ဖြစ်သည်။ အခြားလူများစားသောက်နေသည်ကို မြင်ရပါက အစားအသောက်များမှာ ပို၍အရသာရှိလာတတ်သောကြောင့်ပင်။

ဥပမာ - လူတစ်ယောက်ခေါက်ဆွဲပြုတ်စားနေသည်ကို မြင်ပြီး ထိုလူအား အရသာရှိ/မရှိမေးကြည့်မိပါက ကိုယ်တိုင်လည်း ထိုခေါက်ဆွဲမှာ အလွန်အရသာရှိမှာပဲဟု ခံစားလာရသလိုမျိုးပင်ဖြစ်သည်။ ပြီးလျှင် ကိုယ်တိုင်လည်း သရေတမြားမြားကျလာပြီး စားချင်လာသလိုဖြစ်၏။ ဤကဲ့သို့ သွေးဆောင်မှုမျိုးကို သည်းခံနိုင်ရန် အလွန်ခက်ခဲလေသည်။

ပိုပြီးအရေးကြီးသည်မှာ ယွမ်ကျိုးပြင်ဆင်ထားသည့် အသားကင်သည် မွှေးပျံ့ရုံမျှမက မရပ်မနား စားချင်စိတ်ကိုလည်း ဖြစ်စေသည်။

အချိန်နှစ်နာရီမှာ လျင်မြန်စွာ ကုန်သွားပြီး လူတော်တော်များများမှာ အလှည့်မရောက်ဘဲ စားခွင့်မကြုံလိုက်ကြချေ။ ယွမ်ကျိုး၏စည်းမျဉ်းမှာ အမြဲတမ်းပုံသေဖြစ်ရာ ဆိုင်ကို အချိန်မှန် ပိတ်လေသည်။ လူများမှာ ကံကောင်းထောက်မစွာဖြင့် အချိန်မမှီတော့မှန်းသတိထားမိရာ အနီးတဝိုက်၌ ခေါင်းရွက်ဈေးသည်လေးများရှိသဖြင့် ဗိုက်ဟောင်းလောင်းတော့ မဖြစ်ခဲ့ပေ။

လှည့်လည်ရောင်းချနေသော ဈေးသည်လေးများအားလုံး ပြုံးပန်းတဝေဝေဖြစ်ကုန်ကြသည်။ သူတို့လည်း အတော်ရောင်းလိုက်ကြရသည်။

“ဘော့စ်ယွမ်...နောက်တစ်ခါအသားကင်က ဘယ်တော့လဲ?”

ယွမ်ကျိုးက ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်ကာ စားပြီးပြန်‌တော့မည့် ဧည့်သည်များကို နှုတ်ဆက်နေစဉ် တစ်ယောက်က မေးလိုက်သည်။

ခဏလောက်စဉ်းစားပြီးနောက် ယွမ်ကျိုးမှာ ရာသီဥတုအခြေအနေမည်သို့ရှိမည်မှန်း မသိရာ “အချိန်ကျရင် ကြိုအသိပေးပါ့မယ်ဗျ”ဟုသာ ဖြေလိုက်လေသည်။

“ခန့်မှန်းခြေလောက်ပေါ့ဗျာ?”

စားဖူးကြသူများကလည်း စိတ်ဝင်စားကြသကဲ့သို့ မစားလိုက်ရသူများကလည်း သိချင်နေကြသည်။

မန်နေဂျာရှီမှာ ယွမ်ကျိုး၏ “အသားကင်ကို မကြာခဏတော့ မရောင်းဘူး”ဟူသောပြောစကားကို နားလည်ရာ အသေးစိတ်သိလိုသဖြင့် “တစ်လကို ဘယ်နှကြိမ်လောက် အသားကင်ရောင်းမလဲဆိုတာမျိုးလောက်တော့ ပြောပါဗျာ”ဟု တည့်တိုးမေးလိုက်တော့သည်။

ယွမ်ကျိုးက အလျဉ်းသင့်သလို အနည်းဆုံးအကြိမ်ကိုရွေးကာ “ငါးကြိမ်လောက်ပေါ့။ ဒီလအတွက်ဆို လေးကြိမ်ပဲ ကျန်တော့မယ်”

မန်နေဂျာရှီက “ထင်တဲ့အတိုင်းပဲ။ အကြိမ်ရေသိပ်နည်းတာပဲ”ဟု

မျက်ခုံးများ ကြုံ့ကာပြောသည်။

“ဂရုစိုက်ပြန်ပါခင်ဗျ။ မင်္ဂလာညချမ်းပါ”

ယွမ်ကျိုးမှာ တစ်နေကုန်ပင်ပန်းခဲ့ပြီဖြစ်ခဲ့ပြီဖြစ်ရာ သူနှင့် စကားထပ်မဆိုတော့ဘဲ နှုတ်ဆက်လိုက်သည်။

အသားကင်ရောင်းချိန်နှစ်နာရီအတွက် သူ့စိတ်အခြေအနေကို အကောင်းဆုံးပြင်ဆင်ပေးထားခဲ့ပြီး ဖြစ်လေသည်။

စားသုံးသူများမှာ သူတို့လိုချင်သည့်အဖြေရပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။ ဆိုင်ပိတ်ပြီဖြစ်ရာ ယွမ်ကျိုးအနားယူဖို့သာရှိ၏။

အသားကင်ရောင်းချခြင်းဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခြင်း အထမြောက်သွားပြီဖြစ်သည်။ နောက်ရက်များတွင် အခြားနေရာများ၌ အသားကင်လုပ်ငန်းမှာ ပိုမိုကောင်းမွန်လာပြီး လူတော်တော်များများက ဝက်လိုင်းသားကင်နှင့် အမဲသားကင်များကို မှာယူလာကြ၏။ ဒီစားသုံးမှုအားလုံးကို တစ်စုံတစ်ယောက်က မှတ်တမ်းတင်ယူထားပြီဖြစ်သည်။

ချန်ဒူမြို့လယ်ခေါင်ရှိ ၃၃ထပ်မြင့်သော ချွင်ရှီအဆောက်အဦ၏အထပ်၂၀တွင်

အစည်းအဝေးပွဲငယ်များ ကျင်းပနိုင်သော ခန်းမတစ်ခု၊ စုံစမ်းမေးမြန်းရန်ကောင်တာတစ်ခုနှင့် အလုပ်ခန်းအပြင် အခြားအသုံးပြုနိုင်သည့်အခန်းများပါဝင်သော ကျယ်ဝန်းသည့်ရုံးခန်းတစ်ခန်း ရှိသည်။

အညိုရောင်သစ်သားစားပွဲကြီးနောက်တွင် သေချာချုပ်လုပ်ထားသည့် ဝတ်စုံ၊ ရွှေကိုင်းတပ်မျက်မှန်နှင့် လုပ်ရည်ကိုင်ရည်ပြည့်ဝပုံရသည့် လူတစ်ဦးထိုင်နေသည်။ အသက်၄၀ခန့်ရှိပြီး စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ဖတ်ရှုနေ၏။

“ဒါတွေက မင်းတစ်လလုံးလုပ်ထားတာတွေ ဆိုပါတော့?”

စကားပြောသောအခါ၌ပင် လေယူလေသိမ်းမှတစ်ဆင့် ခေါင်းဆောင်ပီသမှုကို ပေးစွမ်းနိုင်၏။

စားပွဲတစ်ဖက်တွင် ရပ်နေသော ဆံပင်တိုတိုနှင့် အမျိုးသမီးက “ဟုတ်ကဲ့...

ဒီသုံးနေရာကတော့ အလားအလာအရှိဆုံးနေရာတွေပါပဲရှင့်။ ကျွန်မတို့စားသောက်ကုန်လုပ်ငန်းရဲ့ ပထမဆုံးဖွင့်မယ့်ဆိုင်ကို ဒီနေရာမှာ ဖွင့်သင့်တယ်လို့ထင်ပါတယ်”

သူမက အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး ယုံကြည်ချက်ရှိရှိဖြင့် တင်ပြနေသည်။

ဒါရိုက်တာတစ်ဦး၏အရှိန်အဝါအပြည့်ရှိသောလူက “မင်းပြောချင်တဲ့သဘောက ဖွံ့ဖြိုးကာစနေရာတစ်ခုရဲ့စားသုံးသူ လာရောက်နှုန်းနဲ့ စားသောက်မှုပမာဏက ပြည်ပဧည့်သည်လာရောက်တတ်ပြီး စည်ကားတဲ့နေရာတစ်ခုနဲ့ အတူတူပဲပေါ့”

အမျိုးသမီးက လုံးဝစိုးရိမ်မှုမရှိဘဲ “စိတ်မပူပါနဲ့ဆရာ။ ကျွန်မတို့ အနည်းဆုံးငါးကြိမ်လောက် နှိုင်းယှဉ်ချက်လုပ်ခဲ့ပါတယ်ရှင့်။ လုံးဝပြဿနာမရှိပါဘူး”ဟု ခိုင်မာစွာပြောလိုက်သည်။

အမျိုးသားက စာရွက်စာတမ်းများကို ပိတ်လိုက်ပြီး ရှေ့ရှိ အမျိုးသမီးအား သေချာကြည့်လိုက်ကာ

“ခိုင်လုံတဲ့အကြောင်းပြချက်လေး ပေးပါဦး”

“ဒါက ဒီလိုရှိပါတယ်ရှင့်။ နိုင်ငံခြားသားဧည့်သည်လာရောက်တတ်တဲ့နေရာ‌က အစားအသောက် ဝန်ဆောင်မှု သိပ်ကောင်းပါတယ်။ အဲ့ဒါအပြင် စားသုံးသူတွေကလည်း နိုင်ငံခြားသားတွေပဲဖြစ်တဲ့အတွက် ဘယ်ဆိုင်ကိုရယ်လို့ သတ်သတ်မှတ်မှတ်စားသုံးတာမျိုးမရှိပါဘူး။ ဈေးကွက်ဖွံ့ဖြိုးမှုကလည်း တော်တော်ခိုင်မာပါတယ်ရှင့်။ အဲ့ဒါကြောင့် ကျွန်မတို့အတွက် နေရာသိပ်မရှိနိုင်ပါဘူး”

အမျိုးသမီးက စာရွက်ကိုလှမ်းယူလိုက်ပြီး မြေပုံကိုထောက်ပြကာပြောသည်။

“အင်း”

အမျိုးသားက နားထောင်ရင်း ခေါင်းညိတ်ထောက်ခံလိုက်၏။

သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် မြေပုံကို ထောက်ကာ “ဖွံ့ဖြိုးပြီးမြို့နယ်တွေမှာ စားသုံးမှုနှုန်းက တကယ်မြင့်ပါတယ်။ ဒါပေမယ့် စားသောက်ကုန်အပိုင်းမှာ တော့သိပ်မကောင်းပါဘူး။ အလားတူပဲ ဈေးကွက်ကလည်း အများကြီးခိုင်မာမှုရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့အနေနဲ့ တမုဟုတ်ချင်းတိုးတက်လာမှာတော့မဟုတ်ပါဘူးရှင့်”ဟု ပြောပြန်သည်။

အမျိုးသားက ယွမ်ကျိုး၏စားသောက်ဆိုင်ရှိသောနေရာကို ထောက်ပြကာ “ဒါကလည်း ဖွံ့ဖြိုးဆဲနေရာတစ်ခုကို ရွေးချယ်သင့်တဲ့ အကြောင်းပြချက်ကောင်းတစ်ခုမဟုတ်ဘူး”ဟု ပြောလိုက်သည်။

ဟုတ်ပေသည်။ ယွမ်ကျိုး၏ဆိုင်မှာ အလွှာတိုင်း၊ အထပ်တိုင်း၌ ကုမ္ပဏီများဖြင့် ပြည့်နှက်နေသော ဖွံ့ဖြိုးဆဲနေရာတစ်ခုတွင် တည်ရှိလေသည်။

ထိုနေရာတစ်ဝိုက်တွင် စားသောက်ဆိုင်အသေးလေးများသာရှိပြီး စူပါမားကတ်ကြီးများနှင့်၊ ဆိုင်ခန်းများနှင့် ပြည့်နှက်နေသောလမ်းများမရှိပေ။

စားကောင်းသောက်ဖွယ်များနှင့် အပန်းဖြေစရာနေရာများလည်းမရှိ။ ထိုနေရာတွင် နေထိုင်ကြသူများမှာ ချန်ဒူမြို့ရပ်ကွက်ဟောင်းနေပြည်သူများဖြစ်ကြပြီး ယွမ်ကျိုးမိဘများကဲ့သို့ အခြားနေရာများမှ ပြောင်းရွှေ့လာကြသူများလည်းရှိသည်။ အများအားဖြင့် နေထိုင်မှုအဆင့်အတန်း သိပ်မမြင့်မားကြပေ။

အမျိုးသမီးက မြေပုံပေါ်ရှိ အနီရောင်အမှတ်အသားပြုထားသော နေရာကို ပြန်ထောက်ပြလိုက်ပြီး “ဟုတ်တယ် အဲ့ဒီစားသောက်ဆိုင်လေးပဲ”

ထိုအရာမှာ ယွမ်ကျိုး၏စားသောက်ဆိုင်ပင် ဖြစ်ချေတော့သည်။

အမျိုးသားက ဇဝေဇဝါဖြင့် “ဪ” ဟု အသံပြုလိုက်သည်။

“ကျွန်မတို့ စုံစမ်းပြီးပြီ။ ဒီဆိုင်မှာ လူတစ်ယောက်ရဲ့ပျမ်းမျှစားသောက်မှုစရိတ်က ယွမ် ၅၀၀ထက်မပိုဘူး။ ဒါက တစ်နပ်စာကုန်ကျစရိတ်ကိုပြောတာ။ ဟင်းတစ်ပွဲချင်းစီရဲ့တန်ဖိုးက သိပ်မများဘူး”

အမျိုးသမီးက အဓိကအချက်ကို ထုတ်ပြောလာသည်။

“ဆိုင်က တစ်ရက်ကို ၆နာရီပဲဖွင့်တာ။ ညနေပိုင်းအရက်ဆိုင်ကိုလာတဲ့ဧည့်သည်လည်း အရမ်းနည်းတယ်။ ဒါပေမယ့် ပုံမှန်ဖောက်သည်တွေထဲမှာ နိုင်ငံခြားသားတစ်ယောက်မှမပါဘူး။ ဒါတောင် ဆိုင်ကသေးပြီး ရောင်းတဲ့အချိန်ကလည်း တိုလို့။ ပုံမှန်ဖောက်သည်တွေရဲ့ဝယ်လိုအားကို မရောက်နိုင်ဘူး”

ဆက်လက်၍ အမျိုးသမီးက ယွမ်ကျိုးဆိုင်၏အားနည်းချက်ကို ရှင်းပြသည်။

“ရလဒ်အနေနဲ့ကတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ စားသောက်ဆိုင်လေးတွေအပြင်၊ လမ်းဘေးဈေးသည်လေးတွေမှာပါ နေ့တိုင်းလူပြည့်စေတာပါ။ ဒါမျိုးဖြစ်ရပ်ကို တခြားနေရာတွေမှာ တွေ့ရခဲတယ်”

“အဲ့လိုဆိုပေမယ့်လည်း ဆိုင်တွေက တဖွဲဖွဲရောက်လာကြတဲ့ စားသုံးသူတွေကို အပြည့် လက်မခံနိုင်ကြသေးဘူး။ အဲ့အတွက် အိမ်ချက်အစားအသောက်တွေရောင်းတဲ့ စားသောက်ဆိုင်(၁၆)ဆိုင်ကို အဲ့ပတ်ဝန်းကျင်မှာ ထပ်ဖွင့်လာတာကိုတွေ့ရတယ်”

အမျိုးသမီးက ယွမ်ကျိုး၏စားသောက်ဆိုင်ဖွင့်ပြီး တစ်ခဏအတွင်း ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုကို ရှင်းပြသည်။

အမျိုးသားက မယုံကြည်နိုင်ဟန်ဖြင့် “အဲ့လောက်စားသောက်ဆိုင်သေးသေးလေးတစ်ဆိုင်က အဲ့နေရာရဲ့စားသုံးမှုနှုန်းကို ဖွံ့ဖြိုးပြီးနေရာတွေနဲ့ ပြည်ပဧည့်သည်လာတတ်တဲ့နေရာတွေရဲ့ စားသုံးမှုနှုန်းလောက်ထိ တိုးမြှင့်ပေးတာလား?”

“ဟုတ်ကဲ့...အဲ့ဆိုင်မှာ ချက်တဲ့လူကတော့ တစ်ယောက်တည်းရယ်။ သူက ဆိုင်ရှင်ပဲ”

အမျိုးသမီးက ခေါင်းညိတ်ရင်း ဖြေသည်။

“အဲ့ဒီတော့ လူတစ်ယောက်တည်းက မြို့နယ်တစ်ခုလုံးရဲ့ဒေသတွင်းထုတ်ကုန်တန်ဖိုးကို မြှင့်တင်ပေးနေတာလို့ မင်းဆိုလိုချင်တာလား?” အမျိုးသားမှာ ပိုပြီးသံသယဝင်လာရတော့သည်။

ယွမ်ကျိုး အပိုင်း(၃၁၀)

ပြီးပါပြီ။

All Chapters