မင်းကရော ကောင်းကင်ဘုံပါရမီရှင်တစ်ယောက်လား
Vol. 45 Ch. 441
တိမ်တိုက်များ ကွဲလွင့်သွားလေသည်။
ချင်းယွဲ့ဂိုဏ်း၏ရတနာဝေဟင်သင်္ဘောသည် ရှန်းယီနှင့် သူ၏အဖော်ကို နန်ယန်ဂိုဏ်းသို့ အရောက် ပို့ဆောင်ပေးခဲ့သည်။ လျိုချန်းယွင်သည် လက်သီးဆုပ်၍နှုတ်ဆက်လိုက်ပြီးနောက် ရတနာဝေဟင်သင်္ဘောကို ချင်းယွဲ့ဂိုဏ်းဆီသို့ ဦးတည်မောင်းနှင်သွားလေ၏။
ဤခရီးစဉ်သည် ရှန်းယီ၏ အမြင်ကျယ်စေရန် ရည်ရွယ်ခဲ့သော်လည်းမမျှော်လင့်ဘဲ သူမ၏ ကိုယ်ပိုင်အမြင်များကိုပါ ပိုမိုကျယ်ပြန့်သွားစေခဲ့သည်။ လမ်းခွဲပြီးသည့်တိုင်အောင် တစ်ဖက်လူက ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များ၏အကြောင်းရင်းကို တစ်ခွန်းမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။
ဆိုလိုသည်မှာ ရှန်ယီသည် နယ်နိမိတ်စည်းမျဉ်းများကိုကောင်းစွာသိမြင်ထားပြီး ဂိုဏ်းနှစ်ခုကြား မဟာမိတ်ဖွဲ့ထားသော်လည်း ချင်းယွဲ့ဂိုဏ်းအပေါ် သူ၏မကျေနပ်ချက်များကို ရောနှောရန် ရည်ရွယ်မထားပေ။ ထို့ပြင် သူမဖခင်၏ သဘောထားကို သိနေလင့်ကစား မည်သည့်တောင်းဆိုမှုကိုမျှ မပြုလုပ်ခဲ့ပေ။
ပိဟိုင်ဖားပြုတ်ကို သတ်ဖြတ်ခြင်းက တစ်ဖက်လူ၏စွမ်းအားကို သက်သေပြခဲ့သည်ဆိုလျှင်၊ ဂိတ်စောင့် သမင်နတ်ဆိုးကိုကြိုတင်ဖမ်းဆီးထားခြင်းက သူ၏စေ့စပ်သေချာသော တွေးခေါ်မှုနှင့် အပြစ်အနာအဆာကင်းသော လုပ်ဆောင်နိုင်စွမ်းကို သက်သေပြနေသည်။
သို့သော်...
လျိုချန်းယွန်သည် ရတနာဝေဟင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီး ချင်းယွဲ့ဂိုဏ်း၏အတွင်းစည်းတံခါးသို့ဝင်ရောက်ကာ ဝါးအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့သည်။ သူမ အနည်းငယ် ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။
တံခါးခေါက်၍ဝင်သွားပြီးနောက် သူမဖခင်အနီးသို့ ချဉ်းကပ်ကာ တီးတိုးပြောလိုက်၏။ "အကြီးအကဲလျို၊ ကျွန်မ ပြန်ရောက်ပါပြီ။"
တည်ကြည်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျောဘက်တွင်လက်တစ်ဖက်ကို နောက်ပစ်ထားကာ မတ်မတ်ရပ်နေပြီး စက္ကူပေါ်တွင် လခြမ်းပုံသဏ္ဍာန်ကို ရေးဆွဲရင်းဖြည်းညင်းစွာ မေးလိုက်သည်။ "ဘယ်လိုနေလဲ။ သူ သေချာ အသားကျရဲ့လား။"
အရိပ်မှနေ၍ ဤကဲ့သို့ ရုတ်တရက်ထမြောက်လာသော လူငယ်တစ်ယောက်အနေဖြင့် ပြင်ပလောကနှင့် ထိတွေ့သောအခါ ကြီးမားသောကွာဟချက်ကို ခံစားရပြီး အလွယ်တကူစိတ်လှုပ်ရှားတုန်လှုပ်သွားတတ်သည်။ လူအများ၏လေးစားမှုကို ခံရရာမှ ရုတ်တရက် သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားချိန်တွင် အနည်းငယ်ပေါ့ဆမိသည်နှင့် သူတို့၏တာအိုနှလုံးသားများ ပျောက်ဆုံးသွားန်ုငပေ၏။
ရှန်းယီ၏အစောပိုင်း အပြုအမူများကို ပြန်လည်သတိရရင်း လျိုချန်းယွန်က နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။ "သူက အကြီးအကဲထင်ထားတာထက်တောင် ပိုပြီးအသားကျနေလောက်တယ်..."
"အိုး..." အကြီးအကဲလျိုက စုတ်တံကိုချကာ စားပွဲရှေ့ရှိ ကုလားထိုင်ကို ညွှန်ပြရင်းစိတ်ဝင်တစားဖြင့် "ထိုင်ပြီး ဖြည်းဖြည်းချင်းပြောပြစမ်းပါ" ဟု ဆိုလိုက်သည်။
ရှေးရိုးစွဲဆန်သော အကြီးအကဲ၏စရိုက်ကို ကောင်းစွာသိထားသည့် လျိုချန်းယွန်သည် ဤအမူအရာက တရားဝင်ကိစ္စများမှ သွေဖည်သွားပြီဖြစ်ကြောင်း နားလည်လိုက်သဖြင့် အတော်လေး စိတ်အေးသွားသည်။ သူမက စားပွဲဆီသို့လျှောက်သွားကာ လက်ဖက်ရည်အိုးထဲမှ ဝိညာဉ်လက်ဖက်ရည်တစ်ခွက်ကို ငဲ့ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့မွေးနေ့ကို ဂုဏ်ပြုဖို့ သူ့ကိုကျွန်မခေါ်သွားခဲ့တယ်။ ကျွန်မတို့ ပြန်ထွက်လာတဲ့အချိန်မှာတော့ အထဲမှာ တစ်ယောက်မှ အသက်မရှင်တော့ဘူး။"
"ဒါပေမယ့် သူကသူ့အာဏာသုံးပြီး တခြားလူတွေကိုအနိုင်ကျင့်မယ့်သူမျိုးလို့တော့ ကျွန်မ မထင်ဘူး။ အဲဒီနတ်ဆိုးကျင့်ကြံသူတွေက အရမ်းရန်လိုလာလို့ပဲ ဖြစ်ရမယ်... ကျွန်မ ခန့်မှန်းရသလောက်ဆိုရင် ပိဟိုင်ဖားပြုတ်က သူ့ရဲ့ရေသတ္တဝါမျိုးနွယ်အဆင့်အတန်းကို အထင်ကြီးပြီး သူတို့ရဲ့သာမန်ကျင့်ကြံသူအသွင်အပြင်ကိုမြင်တော့ နည်းနည်း အနိုင်ကျင့်ချင်ခဲ့တာ နေမှာပါ။"
လျိုချန်းယွန် စကားပြောအပြီးတွင် မော့ကြည့်လိုက်သည်။ ယင်းကိုမြင်သောအခါ အကြီးအကဲလျိုက မျက်လုံးများကိုမှိတ်ကာ ခေတ္တမျှစဉ်းစားလိုက်ပြီး "မင်းအပြောအရဆိုရင် အဲဒီကိစ္စကို အရင်လက်ပါခဲ့တာက သူပေါ့"
ဤမေးခွန်းသည် အပြစ်တင်လိုသောကြောင့် မဟုတ်ဘဲ အမှန်တကယ်သိချင်စိတ်ကြောင့်သာ ဖြစ်သည်။ အကြီးအကဲလျိုသည် ရှန်းယီ၏ ဂိုဏ်းချုပ်အဆင့်အတန်းကို အသိအမှတ်ပြုသော်လည်း သူ၏မကြာသေးမီကမှ ရရှိထားသော ဟင်းလင်းပြင်လျှောက်လှမ်းခြင်းကျင့်ကြံခြင်းအဆင့်ကိုတော့ လျစ်လျူရှုမည်မဟုတ်ပေ။
"သူ့မှာရုပ်သေးရုပ်တွေကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိတယ်။ အဲဒီအထဲက အသန်မာဆုံးဖြစ်တဲ့ ခွေးဝါကြီးက ဟင်းလင်းပြင်လျှောက်လှမ်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ထက် လုံးဝ မအားနည်းဘူး" ဟု လျိုချန်းယွန်က ခေါင်းခါရင်း ပြောသည်။
အကြီးအကဲလျိုက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် စုတ်တံကိုပြန်ကောက်ကိုင်ကာ စုတ်တံထိပ်ကိုကျပန်းရွေ့လျားရင်း "ငါတို့က မဟာမိတ်ဂိုဏ်းတွေဖြစ်လို့ ဟုန်ကျယ်ရေသတ္တဝါတွေက တစ်ခုခု လာရောက်အငြင်းပွားခဲ့ရင် သူ့ကိုယ်စား မင်းဖြေရှင်းပေးလိုက်ပါ။ ပြေလည်အောင် မရှင်းနိုင်ဘူးဆိုရင်တော့ ငါ့ရဲ့ဒီအမိန့်စာကို သုံးလိုက်ပါ။"
"အဲဒီလောက်ထိတော့ မလိုလောက်ပါဘူး။ သူက ကိစ္စတွေကို အတော်လေး ရှင်းရှင်းလင်းလင်း ကိုင်တွယ်သွားတယ်။ ကျွန်မထက်တောင် ပိုပြီး ပါးနပ်သေးတယ်" ဟု လျိုချန်းယွန်က ပြောလိုက်သည်။ သို့သော်လည်း သူမသည် အကြီးအကဲလျိုကမ်းပေးသော အမိန့်စာကို လက်ခံယူလိုက်၏။
သူ့သမီးဖြစ်သူအတွက်ပင် ဤကဲ့သို့သော ရတနာမျိုးကို ရရှိရန် မလွယ်ကူပေ။
တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း ကျောက်စိမ်းဖြူမြို့တော်ကျင့်ကြံသူတစ်ဦးကို ကိုယ်စားပြုသော ဤအမိန့်စာသည် ဟုန်ကျယ်အတွင်းရှိ ပြဿနာကိုးဆယ့်ကိုးရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်သည်။
"တခြား ဘာရှိသေးလဲ။" အကြီးအကဲလျိုက သူမဘက်သို့ လှည့်ကြည့်လိုက်၏။
လျိုချန်းယွန်က နှုတ်ခမ်းစူကာ ကုလားထိုင်ပေါ်မှ ထလိုက်ပြီး "နန်ယန်ဂိုဏ်းရဲ့အရင်းအမြစ်တွေ ကုန်ခမ်းနေပြီလို့ ကျွန်မသံသယရှိတယ်။ သူ့ရဲ့ ချဉ်းကပ်ပုံက အတော်လေးအကြည့်ရဆိုးပြီး ထင်ရှားတဲ့ တရားမျှတအယူဂိုဏ်းတစ်ဂိုဏ်းနဲ့ လုံးဝမလိုက်ဖက်ဘူး..."
"စည်းကမ်းဖောက်ဖျက်တာမဟုတ်ရင် မင်း သူတို့ကို နောက်တစ်ကြိမ်ထပ်ကူညီပေးလို့ရပါတယ်။ ဂိုဏ်းအတွင်းမှာ သူပါဝင်ဖြေရှင်းချင်တဲ့ ကိစ္စရှိရင်လည်းသူပါဝင်ခွင့်ရှိပြီး အကြီးအကဲတစ်ယောက်လို ဆက်ဆံခံရမှာပါ... အကြည့်ရဆိုးတဲ့ ချဉ်းကပ်ပုံ ဆိုတဲ့ကိစ္စကရော မင်းက သူ့ကွယ်ရာမှာ အတင်းပြောနေသင့်တဲ့ကိစ္စလား။ အဆင့်အတန်း အရိုအသေပေးရမယ်ဆိုတာကို မမေ့နဲ့" ဟု အကြီးအကဲလျိုက တည်ငြိမ်စွာ သတိပေးလိုက်သည်။
"ကျွန်မ မှားသွားတာကို နားလည်ပါပြီ။" လျိုချန်းယွန်သည် ဤကဲ့သို့သော ကိစ္စများနှင့်ပတ်သက်၍ သူ့ကို မငြင်းခုံရဲပေ။ ဤအဘိုးကြီးသည် အမှန်တကယ်ပင်ပြစ်ဒဏ်များ ချမှတ်တတ်၏။
သူမ လှည့်၍ တံခါးဆီသို့ လျှောက်သွားခဲ့သည်။ မထွက်ခွာမီ သူမမနေနိုင်ဘဲ နောက်သို့လှည့်ကာ နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်၏။
"ဘာလို့ သူ့ကို ဒီလိုမျိုးကူညီနေရတာလဲ။ အကြီးအကဲကတကယ်ပဲ သူ့ကို ဂိုဏ်းချုပ်ရာထူးအထိရောက်အောင် ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတာလား။"
"အဓိပ္ပာယ်မရှိတာ"
အကြီးအကဲလျိုက သူမကို ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။ "ငါက သာမန် ကျင့်ကြံသူတစ်ယောက်ပါ။ တစ်ယောက်ယောက်ကို မသေမျိုးအဆင့်ထိ မြှင့်တင်ပေးဖို့ ငါ့မှာ ဘယ်လို အရည်အချင်းရှိလို့လဲ။ ဒါက မဟာမိတ် သဘောတူညီချက်ကို ဖြည့်ဆည်းပေးရုံသက်သက်ပါ... အချိန်တန်လို့ သူက ဂိုဏ်းပေါင်းစုံရဲ့ ထောင့်ပိတ်ဖိအားပေးတာကို ခံရပြီး ဟဲတာအိုရတနာနယ်မြေကို ဆက်လက်မစောင့်ရှောက်နိုင်တော့တဲ့အခါ ငါတို့ရဲ့ဆက်ဆံရေးဟောင်းကို သတိရပြီး ငါတို့ဂိုဏ်းကို တပည့်တစ်ယောက်အနေနဲ့ ဝင်လာဖို့ ဆန္ဒရှိကောင်း ရှိလာနိုင်တယ်။"
"ဟိုနေ့က ကောင်းကင်ဓားဂိုဏ်းပြောသွားတာ မမှားပါဘူး။ ဒီလူငယ်လေးဆီမှာ တကယ်ပဲ နဂါးတစ်ကောင်ရဲ့ အငွေ့အသက် ရှိနေတယ်။"
"သူတို့က ဟဲတာအိုရတနာနယ်မြေကို လိုချင်တပ်မက်လောက်အောင် အရှက်မရှိပေမယ့် ချင်းယွဲ့ဂိုဏ်းကတော့ အဲဒီလို လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုအရမ်းကောင်းမွန်တဲ့ တပည့်တစ်ယောက်ကိုလက်ခံရတာက သိပ်ဆိုးလှမှာတော့ မဟုတ်ပါဘူး" ဟု အကြီးအကဲလျိုက ထပ်လောင်းပြောဆိုကာ လက်စကိုဝှေ့ယမ်းရင်း "မင်း သွားလို့ရပြီ" ဟု ဆိုလိုက်သည်။
နန်ယန်ဂိုဏ်း နေရောင်အောက်သို့ပြန်လည်ရောက်ရှိလာသည့်နေ့တွင် အချို့သော မဟာမိတ်ဂိုဏ်းများ၏အပြုအမူများနှင့် စကားလုံးများသည် အကြီးအကဲကို အမှန်တကယ်ပင် ရွံရှာသွားစေခဲ့ပုံရသည်။ ထို့ကြောင့် သူ၏သဘာဝနှင့်မတူဘဲ ဤကဲ့သို့ ကြမ်းတမ်းသော စကားလုံးများကို ထုတ်ပြောလာခြင်းဖြစ်သည်။
အကြည့်ရဆိုးတဲ့ ချဉ်းကပ်ပုံအကြောင်း ပြောနေတာလား။ ဒါကမှ တကယ့်ကို အကြည့်ရဆိုးတဲ့ ချဉ်းကပ်ပုံပဲ။
...
နန်ယန်ဂိုဏ်း၏တောင်ထွတ်ပေါ်တွင်
ရှန်းယီသည် မဟာအစီအရင်ကြီးကို စတင်မောင်းနှင်ရန် ပြင်ဆင်နေစဉ် အဝေးမှ ချဉ်းကပ်လာသော ပုံရိပ်နှစ်ခုကို ရုတ်တရက် သတိပြုမိလိုက်၏။
လီချင်းဖုန်းသည်လည်း ရောက်ရှိလာသူများကို မှတ်မိသွားသည်။ သူတို့သည် ယမန်နေ့က ရောက်လာခဲ့သော အကြီးအကဲယန် နှင့် ညီအစ်ကိုယန် တို့ပင်။
"နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပေါ့။"
အကြီးအကဲယန်က အနီးသို့ရောက်လာစဉ် သက်ပြင်းချကာ ညည်းညူလိုက်၏။ "ဂိုဏ်းချုပ်ရှန်၊ မင်းရဲ့ဂိုဏ်းက အကြီးအကဲတွေကို သေချာ ထိန်းချုပ်သင့်တယ်။ ငါက အကြီးအကဲလျိုရဲ့ အမိန့်နဲ့ အစီအရင်တွေအကြောင်း ဟောပြောပို့ချဖို့ လာခဲ့တာ။ ဒါပေမယ့် သူတို့က ငါ့အတွက် မဟာအစီအရင်ကြီးကို ဖွင့်မပေးဘဲ ငါ့လိုအဘိုးကြီးတစ်ယောက်ကိုအပြင်ဘက်မှာ တစ်နေကုန် အော်ဟစ်နေအောင် ထားခဲ့ကြတယ်။ အဲဒါက ဘာသဘောလဲ။"
"အကြီးအကဲယန်ရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ သူတို့ကို ကျွန်တော်ပြောလိုက်ပါ့မယ်။" ဟု ရှန်ယီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ချင်းယွဲ့ဂိုဏ်းက ယဉ်ကျေးမှုစကားသက်သက်သာ ဖြစ်မည်ဟု သူထင်ထားခဲ့ပြီး ဤမျှလျင်မြန်စွာ လူလွှတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် သာမန်အကြီးအကဲတစ်ဦးကို မဟုတ်ဘဲ အစီအရင်ပညာရပ်တွင် အကျွမ်းကျင်ဆုံးဖြစ်သော အပြင်စည်းအကြီးအကဲကိုပင် စေလွှတ်လိုက်ခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အစီအရင်အတွင်းသို့ သူ၏စွမ်းအင်ကို ထည့်သွင်းထားပြီးဖြစ်သောကြောင့် မဟာမိတ်ဂိုဏ်း၏ရှေ့တွင် ထပ်မံလုပ်ဆောင်ပြရန် မလိုအပ်တော့ပေ။
"ဘာမှမဟုတ်ပါဘူး၊ စိတ်ထဲမထားပါနဲ့" ဟု အကြီးအကဲယန်က လက်ကာပြလိုက်၏။
"ငါက ဒီအတိုင်း လျှောက်ပြောနေတာပါ။ တကယ်တော့ ဂိုဏ်းချုပ်ရှန်းနဲ့ အစီအရင်ပညာရပ်ရဲ့ သိမ်မွေ့မှုတွေအကြောင်းကို နောက်တစ်ကြိမ် ဖလှယ်ချင်လွန်းလို့ ငါ့သဘောနဲ့ငါ လာခဲ့တာပါ။"
ထိုစကားကို ကြားသောအခါ ယန်ဝမ်ချန့်သည် အားတင်းကာ ပြုံးပြလိုက်ရသည်။ ဤသည်မှာ သူ မျက်နှာသာအပေးမခံရတော့သည့် အရသာကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်သည်။
သို့သော် ရှန်းယီကို ပြန်ကြည့်လိုက်ပြီး ယခင်က ခန်းမထဲရှိ စမ်းသပ်မှုကို ပြန်လည်သတိရလိုက်သောအခါ၊ ထိုအရာအားလုံးသာ အမှန်တကယ်ဖြစ်ခဲ့ပါက သူတစ်ယောက်တည်းသာမက နန်ဟုန်သားတော်ခုနစ်ပါးအားလုံးထဲတွင်ပင် ရှန်းယီထက် ပိုမိုထူးချွန်သူကို ရှာတွေ့ရန် ခက်ခဲလိမ့်မည်ဟု တွေးမိသည်။
ယခုတစ်ကြိမ် သူလာရောက်ရခြင်းမှာ ဂိုဏ်းချုပ်ရှန်းယီ၏ စွမ်းရည်များကို နောက်တစ်ကြိမ် မြင်တွေ့လိုသောကြောင့်သာ ဖြစ်သည်။
"ကျွန်တော် အားတဲ့အခါကျရင် ကတိအတိုင်း သေချာပေါက် တွေ့ဆုံပါ့မယ်။"
ရှန်းယီက ခေါင်းညိတ်ပြလိုက်ပြီး အစီအရင်ကို အသက်သွင်းရန် တာအိုချပ်ပြားကို ဆုပ်ကိုင်ကာ လူအချို့ကို နန်ယန်ဂိုဏ်း၏ အတွင်းစည်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ယင်းကိုကြားသောအခါ အကြီးအကဲယန်သည် ချက်ချင်းပင် ဝမ်းသာပျော်ရွှင်သော အမူအရာကို ပြသလိုက်၏။ "ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ ငါ မင်းကို စောင့်နေမယ်။"
ဝူတောက်အန်းနှင့် ချန်ချမ်ခွင်းတို့သာ ဤနေရာတွင်မရှိခြင်းမှာ ကံကောင်းသည်။ သို့မဟုတ်ပါက ရှန်းယီ၏အားလပ်ချိန်ဆိုသည်မှာ မည်မျှ ရရှိရန်ခက်ခဲကြောင်း အဘိုးကြီးအား သေချာပေါက် ပြောပြကြလိမ့်မည်။
"အကြီးအကဲယန်ကို သင်ကြားရေးခန်းမဆီ ခေါ်သွားလိုက်ပါ။ ပြီးတော့ တခြားသူတွေကိုလည်း နားထောင်ဖို့ လာခဲ့ကြဖို့ အကြောင်းကြားလိုက်ပါ။"
ရှန်ယီက လီချင်းဖုန်းကို ခေါင်းညိတ်ပြလိုက်သည်။ ရက်ပေါင်းများစွာ ရှင်းလင်းရေးလုပ်ပြီးနောက် လူဦးရေနည်းပါးသည်မှလွဲ၍ အတွင်းစည်းသည် ယခုအခါ မသေမျိုးဂိုဏ်းတစ်ခုနှင့် အတော်လေး တူလာခဲ့ပြီဖြစ်သည်။
ဤကဲ့သို့သော ပြင်ပအကြီးအကဲတစ်ဦး ကိုယ်တိုင်ကိုယ်ကျဟောပြောပို့ချမည်ဆိုပါက ရွှီမိသားစုမှ လူများသည် သေချာပေါက် အလွန်စိတ်ဝင်စားကြပေလိမ့်မည်။
လူအချို့ကို စေလွှတ်ပြီးနောက်... ရှန်းယီသည် ပင်မခန်းမကြီးအတွင်းရှိ ဘိုးဘေးရုပ်တုအောက်ရှိ ယဇ်ပလ္လင်ဆီသို့ ပြန်သွားကာ သစ်သားရုပ်တုဘေးတွင် ထိုင်လိုက်ပြီးတိုးတိတ်စွာ ပြောလိုက်သည်။
"ခဏလောက် ခွင့်လွှတ်ပါ။ နန်းတော်သို့တက်လှမ်းခြင်းနည်းစနစ်အကြောင်း ကျွန်တော် သိချင်ပါတယ်။ မိုးပြာဖီးနစ်ရဲစွမ်းအင်ကို ရယူပြီး အင်မော်တယ်နန်းတော်တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ကျွန်တော် ဘာတွေကိုဂရုစိုက်ရမလဲ။"
နတ်ဆိုးသက်တမ်းမှာ အလွန်ပေါများသောကြောင့် သူသည် ပိုမိုဝေးကွာသော ရည်မှန်းချက်များကို ထားရှိနိုင်သည်။ အကယ်၍ သူသာ မိုးပြာရောင်ဖီးနစ်၏စွမ်းအင်ကို ရရှိနိုင်ပါက သူ၏အနာဂတ်ကျင့်ကြံခြင်းအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်မှာ သေချာပေသည်။
လီချင်းဖုန်း တစ်နေကုန်အော်ဟစ်နေခဲ့သော်လည်း လှုပ်ရှားမှုမရှိခဲ့သော သစ်သားရုပ်တုသည် နောက်ဆုံးတွင်မျက်လုံးများကို ဖွင့်လာခဲ့၏။
လီရွှမ်ချင်းက ရှန်ယီကိုကြည့်ကာ ခေါင်းခါလိုက်သည်။ "ငါ မသိဘူး။"
"ဟမ်" ရှန်းယီ အနည်းငယ် အံ့သြသွားပြီးနောက် တစ်ဖက်လူ၏ရိုးသားသော အသံကို ကြားလိုက်ရသည်။
သူ အံ့သြသွားသည်မှာ လီရွှမ်ချင်း၏ တောင့်တင်းနေသောသစ်သားမျက်နှာပေါ်တွင် နှိမ့်ချမှုအရိပ်အယောင်တစ်ခု ပေါ်လာခြင်းပင်။
"ရွှမ်ချင်းရဲ့ပထမဆုံး နန်းတော်သုံးခုစလုံးက ကောင်းကင်ဘုံနန်းတော်တွေချည်းပါပဲ။"
"..."
ရှန်းယီ သက်ပြင်းရှည်ကြီးတစ်ခု ရှိုက်လိုက်ပြီး သူ၏ရှေ့ရှိ သစ်သားရုပ်တုကို ပြန်လည်အကဲဖြတ်ရန် စတင်လိုက်၏။
နှစ်နှစ်ကြာပြီးနောက် သူသည် ကျန်းချိုလန်နှင့် အတူရှိခဲ့စဉ်က ခံစားခဲ့ရသော သက်တောင့်သက်သာမရှိမှုကို ပြန်လည်သတိရမိပြန်သည်။ ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ ကလစ်ကလစ်မြည်သံက သူ၏နားထဲတွင် ထပ်မံပဲ့တင်ထပ်နေသကဲ့သို့ပင်။
"ဒါဆို ကောင်းကင်ဘုံနန်းတော်တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ။" ရှန်းယီက သူ၏စိတ်ခံစားမှုများကို ဖိနှိပ်ထားလိုက်သည်။
"ငါ့ရဲ့ နည်းလမ်းတွေက မင်းနဲ့ ကိုက်ညီချင်မှ ကိုက်ညီလိမ့်မယ်။ ပထမဆုံး နန်းတော်သုံးခုအတွက် ရွှမ်ချင်းက ဒုတိယအဆင့်ဖြစ်တဲ့ တာအိုမဏ္ဍိုင်တစ်ခုတည်းကိုပဲ စဉ်းစားခဲ့တာ။ ငါ့မှာ နန်ယန်ဂိုဏ်းချုပ်က ဆရာအဖြစ်ရှိခဲ့တော့ အဖိုးတန်ပစ္စည်းတွေအတွက် စိတ်ပူစရာမလိုခဲ့ဘူးလေ။"
လီရွှမ်ချင်းက သက်ပြင်းချလိုက်၏။ ဤသည်မှာ သူသည် ရှန်းယီနှင့် အခြားသူများကို မကူညီနိုင်ဟု ယခင်က ပြောခဲ့ခြင်း၏အကြောင်းရင်းဖြစ်သည်။
နန်ဟုန်သားတော်ခုနှစ်ပါး၏ စည်းမျဉ်းများအရ ဝိညာဉ်နန်းတော်သုံးခုရှိမှသာ တိုက်ရိုက်တပည့်အဖြစ် သတ်မှတ်နိုင်သည်။ သူသည်လည်း တိုက်ရိုက်တပည့်ဟု အခေါ်ခံရသော်လည်း သူတို့ထက်ကား အဆင့်မြင့်နေသေးသည်။
ကောင်းကင်ဘုံပါရမီရှင်တစ်ယောက်၏ လမ်းစဉ်ကို အခြားသူများအလွယ်တကူပြန်လည်ပုံဖော်၍ မရနိုင်ပေ။
"ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ အရင်သွားခွင့်ပြုပါဦး။"
ရှန်းယီက အနည်းငယ် ဦးညွှတ်လိုက်ပြီး ခန်းမကြီးထဲမှ ထွက်လာခဲ့သည်။ တကယ်တော့ ကျင့်ကြံခြင်းတွင်ခြေလှမ်းတိုင်း စုံလင်နေရန် မလိုအပ်ပေ။
ကောင်းကင်ဘုံနန်းတော်နှင့် အင်မော်တယ်နန်းတော်တို့အတွက် အဆင့်ချိုးဖောက်နိုင်ခြင်းက မလုံလောက်ဘူးလော။
ဟူး... ဒီကိစ္စတွေအတွက် ဘာလို့များ စိတ်ပူနေရမှာလဲ။
ရှန်းယီ၏လက်စထဲတွင် ဝှက်ထားသော လက်ချောင်းငါးချောင်းသည် ဖြည်းညင်းစွာ လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားသည်။ သူသည် လူသူကင်းမဲ့သော နေရာတစ်ခုသို့ သွားရောက်ကာ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ကျောက်တိုင်နှစ်ခုကို စုစည်းရန် နတ်ဆိုးသက်တမ်း အနှစ်နှစ်သောင်းကို အသုံးပြုလိုက်၏။
ထို့နောက် နတ်ဆိုးဝိညာဉ်ကို ပြန်လည်ပုံဖော်ရန်အတွက် နတ်ဆိုးမူလကို စုဆောင်းလိုက်သည်။ ပိဟိုင်ဖားပြုတ်ပင်ဖြစ်စေ၊ လင်းယွင်ပင်ဖြစ်စေ၊ နှစ်ဦးစလုံးသည် အိပ်မောကျနေတတ်သော ဖီးနစ်နတ်ဆိုးနှင့် ခွေးအိုကြီးတို့နှင့်မတူဘဲ အလွန်ပုံမှန်ကျသောနတ်ဆိုးကျင့်ကြံသူများ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့၏နတ်ဆိုးဝိညာဉ်များကို တည်ဆောက်ရန်အတွက် နတ်ဆိုးမူလစွမ်းအင်၏ ခိုင်မာသော အခြေခံအုတ်မြစ် လိုအပ်သည်။
သမင်နတ်ဆိုးက ဆယ်ခုမျိုချလိုက်ပြီး ဖားပြုတ်က ရှစ်ခု စားသုံးလိုက်သည်။
[ကျန်ရှိသော နတ်ဆိုးသက်တမ်း- ၁၂၄၀၀၀ နှစ်]
များပြားလှသည်ဟု ထင်ရသော်လည်း ရှန်းယီကမူ ထူးဆန်းစွာပင် လက်ခံနိုင်ဖွယ်ရှိသည်ဟု ခံစားလိုက်ရ၏။ အားလုံးက နှိုင်းယှဉ်ချက်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က အထောက်တော်လျိုချန်းယွန် ပြောခဲ့ဖူးသည်မှာ ပြင်ပအကြီးအကဲများအဖြစ် အရည်အချင်းပြည့်မီသော ပါရမီရှင်များသည် တတိယအဆင့် တာအိုမဏ္ဍိုင်ကို စဉ်းစားဆင်ခြင်ရန်အတွက်ပင် နှစ်ပေါင်း နှစ်သောင်းကျော် အချိန်ယူခဲ့ရသည်ဟု ဆိုသည်။
ယင်းနှင့် နှိုင်းယှဉ်ပါက ရှန်းယီသည် အခြားသူများထက်အချိန် အဆတစ်ရာ၊ တစ်ထောင်ခန့် ပိုမိုသုံးစွဲခဲ့ရသည်။ ယခုမူ ဆယ်ဆပင် မပြည့်တော့ပေ။
သေချာသည်မှာ ဤသည်မှာ ဤကျောက်တိုင်နှစ်ခုက တတိယအဆင့်သို့ ရောက်ရှိနိုင်သည့် အခြေအနေအောက်တွင်သာ ဖြစ်သည်။
ရှန်ယီသည် အလောင်းနှစ်လောင်းကို ထုတ်ယူလိုက်ပြီး သူတို့၏အသွေးအသားများကိုကျောက်တိုင်ရုပ်တုများထဲသို့ လောင်းထည့်လိုက်သည်။
မကြာမီတွင် သူ၏နဖူးပေါ်၌ ဖားပြုတ်တစ်ကောင်နှင့် ဇီးသီးပန်းကွက်သမင်တစ်ကောင် ပေါ်လာခဲ့သည်။
သူသည် လက်ဖြင့်မန္တန်တစ်ခုကို ဖန်တီးလိုက်ပြီး တိုင်းတာရေးပေတံကို ခေါ်ယူလိုက်သည်။ အနည်းငယ် စိတ်လှုပ်ရှားမှုနှင့်အတူ ပေတံကို အနီးသို့ ရွှေ့လိုက်သောအခါ နောက်တစ်ခဏတွင် သူ၏ အသိစိတ်ပင်လယ်အတွင်း၌ ကြွယ်ဝသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
လင်းယွင်၏ကျောက်တိုင်ရုပ်တုသည် ရွှေရောင်အလင်းတန်းကိုတိုက်ရိုက်မြင့်တက်သွားစေပြီး နောက်ဆုံးတွင် တတိယအဆင့်သို့ အနိုင်နိုင် ရောက်ရှိသွားသည်။ ပိဟိုင်ဖားပြုတ်ကမူ ပို၍ပင်ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့ပြီး ထိုမျဉ်းအထက်တွင်ထိပ်ဖျားတစ်ခု ထွက်ပေါ်လာခဲ့သည်။
နှစ်ခုစလုံးသည် တတိယအဆင့်များ ဖြစ်ကြ၏။
အောင်မြင်မှုကြောင့် စိတ်လှုပ်ရှားနေသော ရှန်းယီသည် ကောင်းကင်ဘုံနန်းတော်အကြောင်းကို ရုတ်တရက် သတိရသွားသည်။ ဤပေတံပေါ်ရှိ တိုးတက်မှုအရမျိုးရိုးသွေးများ ဆင်တူမည်ဆိုပါက ဒုတိယအဆင့်မျဉ်းသို့ ရောက်ရှိရန် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့် နတ်ဆိုးတစ်ကောင် လိုအပ်မည်မဟုတ်လော။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ဒုတိယအဆင့်ကို ချိုးဖောက်ရန်အတွက် ပြင်ပအကြီးအကဲတစ်ဦးနှင့် ညီမျှသောနတ်ဆိုးတစ်ကောင်ကို သူ သတ်ဖြတ်ရမည်လော။ ရူးသွပ်ဖွယ်လုပ်ရပ်မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။
ရှန်းယီသည် အတွေးများကို ရှင်းလင်းရန် ခေါင်းခါလိုက်ပြီး တာအိုနန်းတော်ကို ထုတ်ယူကာ အကောင်းဆုံးကျောက်တိုင်သုံးခုကို ရွေးချယ်ပြီး ဘိုင်ဟုန်နှင့် ရွှေရောင်အတောင်ပံကျားတို့ကို ပေါင်းထည့်လိုက်သည်။
သူသည် တိုင်ခြောက်ခုနန်းတော်သို့တက်လှမ်းခြင်းနည်းစနစ်ကို စတင်လည်ပတ်ရန် ကြိုးစားလိုက်၏။
ထိုအချိန်တွင်ပင် သူ၏ခါးရှိ တာအိုချပ်ပြားသည် ရုတ်တရက် တုန်ခါသွားသည်။
"ဟူး။"
ရှန်ယီ သက်ပြင်းတစ်ချက်ချလိုက်ပြီး တာအိုချပ်ပြားကို ထုတ်ယူလိုက်ရာ အတွင်းမှ လျိုချန်းယွန်၏ အသံကို ကြားလိုက်ရ၏။
"ဂိုဏ်းချုပ်ရှန်း၊ ရှင်က ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတာ ကျွန်မ သိတယ်။ ဂိုဏ်းမှာ ရှင်သုံးဖို့အဖိုးတန်ပစ္စည်းတွေရှိလား။ လိုအပ်တာရှိရင် ချင်းယွဲ့ဂိုဏ်းမှာ သတင်းအချက်အလက်တချို့ရှိတယ်။ ဒါပေမယ့် အပြင်ထွက်ပြီး ကိစ္စတချို့ဖြေရှင်းဖို့တော့ လိုလိမ့်မယ်။ ရှင် စိတ်ဝင်စားလားဆိုတာ သိချင်လို့ပါ။"
"..."
ရှန်းယီ ခေတ္တမျှ စဉ်းစားလိုက်ပြီး တာအိုနန်းတော်ကိုပြန်လည်သိမ်းဆည်းရန် လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်၏။
အစောပိုင်း နန်းတော်များသည် မိုးမြေ၏လက်ဆောင်များကို လက်ခံရရှိရန် အလွယ်ကူဆုံးအချိန်ဖြစ်သည်ဆိုလျှင် ဟုန်မုန့်ခရမ်းရောင်စွမ်းအင်ကို တွေ့မြင်ရန် ဤအရာသည် သူ၏ဘဝတွင်တစ်ခုတည်းသော အခွင့်အရေးဟုတ်မဟုတ် သူ စဉ်းစားရမည်။
ထို့ပြင် ခွေးအိုကြီးအပြင် ယခုအခါ သူ၏လက်အောက်တွင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း တတိယအဆင့် အစောင့်အရှောက် နှစ်ယောက် ထပ်တိုးလာပြီဖြစ်သည်။
ကောင်းကင်ဘုံပါရမီရှင်တစ်ယောက် မဖြစ်ချင်တဲ့သူ ဘယ်သူရှိလို့လဲ။