သွားလာရန်အတွက် လမ်းလျှောက်ခြင်းကိုသာ အားထားရသောဂိုဏ်းချုပ်
Vol. 45 Ch. 442
ခန်းမဆောင်ကြီး၏ထုတ်တန်းများနှင့် ပရိဘောဂများသည် အနည်းငယ်ဟောင်းနွမ်းဆွေးမြည့်နေသော်လည်း ကံကောင်းထောက်မစွာပင် သန့်ရှင်းသပ်ရပ်စွာ ရှိနေပေသည်။
အကြီးအကဲယန်သည် တရားထိုင်အခင်းအကျင်းပေါ်တွင် မတ်မတ်ထိုင်ရင်းတစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသော လူအုပ်ကြီးကို စောင့်ကြည့်နေ၏။
ရှန်းယီနှင့် တိုက်ရိုက်အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း၊ ယခင်က သူတွေ့ဖူးသော ထုံရှင်းချွမ် နှင့် ရွှီချင်အာ တို့ကိုမြင်လိုက်ရသောအခါ
သူ၏စိတ်အနည်းငယ် တက်ကြွလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများကဲ့သို့နှင့် ယှဉ်လိုက်လျှင် ဤနှစ်ဦးသည် သိပ်ပြီးအထင်ကြီးလောက်စရာ မရှိလှပေ။
သို့သော် ချင်းယွဲ့ဂိုဏ်းတွင်သာဆိုလျှင် သူတို့နှစ်ဦးစလုံးကို အထူးမျှော်လင့်ချက်ကြီးမားစွာထားနိုင်သော သူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
အထူးသဖြင့် ထိုမိန်းကလေးသည် ငယ်ရွယ်စဉ်မှာပင် သူမ၏မွေးရာပါပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့ဖြင့် အစီအရင်ဗန်းပေါ်တွင် ယန်ဝမ်ချန့်ကိုပင် အနိုင်ယူနိုင်ခဲ့၏။
သူမ၏ကျင့်ကြံခြင်းအဆင့်သာ တိုးတက်လာခဲ့မည်ဆိုလျှင် အနာဂတ်အောင်မြင်မှုများသည် ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်ပေ။
ထိုစဉ်မှာပင် အကြီးအကဲယန်သည် ရုတ်တရက် အသံလွှင့်သတင်းစကားတစ်ခုကို လက်ခံရရှိလိုက်၏။ သူ မျက်မှောင်ကြုတ်ကာ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ရာ ၎င်းအတွင်းမှ လျိုချန်းယွင်၏ အသံထွက်ပေါ်လာသည်။
"တပည့်လျိုချန်းယွင် ပြင်ပတာဝန်တစ်ခုအတွက် အကူအညီ အရေးတကြီးလိုအပ်နေလို့ပါ။ အကြီးအကဲယန်ရဲ့လက်အောက်မှာ အားလပ်နေတဲ့ သူတွေရှိမရှိ သိချင်လို့ပါ။ ကျင့်ကြံခြင်းအဆင့် အရမ်းမြင့်စရာမလိုပါဘူး၊ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း တတိယအဆင့် ဆိုရင် လုံလောက်ပါပြီ။"
"ဟူး..."
အကြီးအကဲယန်သည် လက်မြှောက်အရှုံးပေးချင်စိတ်ဖြင့် သက်ပြင်းချလိုက်၏။ အစီအရင်များကို တာဝန်ယူရသော ပြင်ပအကြီးအကဲတစ်ဦးအနေဖြင့်၊ ဤလူများ အပြင်ထွက်သည့်အခါတိုင်း မတော်တဆမှုများကို ကာကွယ်ရန် အစီအရင်ပညာရပ်တွင် ကျွမ်းကျင်သောတာဝန်ခံတစ်ဦးကို သူ၏ထံမှ အမြဲလိုလိုတောင်းဆိုတတ်ကြသည်။
ငှားရမ်းရန် လူအများအပြားလည်း မရှိလှပေ။
"ဘယ်လိုပဲဖြစ်ဖြစ်လုပ်စရာလည်း သိပ်မရှိတာဆိုတော့ မင်းသွားလိုက်ပါလား" ဟုဆိုကာ အကြီးအကဲယန်က သူ၏ဘေးတွင်ရှိသော ယန်ဝမ်ချန့်ကို လှည့်ကြည့်လိုက်သည်။
ဤတပည့်သည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ပထမအဆင့်တွင်သာ ရှိသေးသော်လည်း၊ အစီအရင်တစ်ခုတည်ဆောက်ရန် အချိန်ပေးမည်ဆိုလျှင် တတိယအဆင့် အထောက်တော်တစ်ဦးကို ရှုံးနိမ့်မည်မဟုတ်ပေ။
ထို့ပြင် လျိုချန်းယွင်သည် အစီအရင်များကို ပိုင်းခြားသိမြင်နိုင်ရန်အတွက်သာ သူ၏အကူအညီကို လိုအပ်ခြင်းဖြစ်ဖို့ များသည်။ ဂိုဏ်းနှင့်ဝေးကွာသော ဤကဲ့သို့သောတာဝန်မျိုးအတွက် စည်းမျဉ်းများအရ အနည်းဆုံး ဟင်းလင်းပြင်လျှောက်လှမ်းခြင်း စတုတ္ထအဆင့်ရှိ တရားဝင်အထောက်တော်တစ်ဦးက ဦးဆောင်ရန် လိုအပ်သည်။ ထို့ကြောင့် အစီအရင်ဆရာတစ်ဦးအနေဖြင့် တိုက်ပွဲဝင်ရန် လိုအပ်မည်မဟုတ်ပေ။
သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတလောက်သာဆိုလျှင် ပြဿနာ ပို၍ပင် မရှိနိုင်ပေ။
"..."
ယန်ဝမ်ချန့် ခေတ္တမျှတိတ်ဆိတ်သွား၏။ တကယ်တော့ သူသည် ရှန်းယီနှင့် ပိုမိုဖလှယ်ဆွေးနွေးရန် ကျန်ရစ်ချင်ခဲ့ပြီး ထိုနေ့က သူ မည်သို့ရှုံးနိမ့်ခဲ့ရသည်ကို အနည်းဆုံးတော့ နားလည်ချင်ခဲ့သည်။
သို့သော်လည်း အကြီးအကဲယန်သည် သူ၏ ကျေးဇူးရှင်နှင့် ဆရာဖြစ်သောကြောင့် သူ၏အမိန့်ကို မလွန်ဆန်နိုင်ပေ။
"တပည့် အမိန့်နာခံပါ့မယ်။" ယန်ဝမ်ချန့်က ရိုသေစွာဦးညွှတ်လိုက်ပြီးနောက် အနည်းငယ် တွန့်ဆုတ်နေသော်လည်း ခန်းမအထွက်ပေါက်ဆီသို့ ထွက်ခွာသွားလေသည်။
ချင်းယွဲ့ဂိုဏ်း
လျိုချန်းယွင်၏ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်စွမ်းဆောင်ရည်မှာ အလွန်မြင့်မားသည်ဟု ဆိုရမည်။
အကြီးအကဲလျိုထံမှ ထွက်ခွာလာပြီးမကြာမီတွင် သင့်တော်သောတာဝန်တစ်ခုကို သူမ ရှာတွေ့ခဲ့သည်။ သူမသည် အထောက်တော်များကြားတွင်ပင် ခွန်အားအရအလယ်အလတ်အထက်တွင်ရှိပြီး ရင်းနှီးသူတစ်ဦးအနေဖြင့် အလွန်ယုံကြည်စိတ်ချရသော တပည့်ညီအစ်မတစ်ဦးကိုလည်း ဆက်သွယ်ခဲ့သည်။
တစ်ချက်ပြဿနာရှိသည်မှာ ရှန်းယီ၏လက်ထဲတွင် ရုပ်သေးရုပ်ရှိနေသော်လည်း သူသည် ချင်းယွဲ့ဂိုဏ်း၏ အဖွဲ့ဝင်စစ်စစ်မဟုတ်သောကြောင့် ခရီးသွားလာရေး စည်းမျဉ်းများနှင့် သိပ်မကိုက်ညီခြင်းပင်ဖြစ်သည်။
ထို့ကြောင့် သူမသည် ပြင်ပအကြီးအကဲများစွာထံ ချဉ်းကပ်၍ စုံစမ်းမေးမြန်းခဲ့ရသည်။
"ဘယ်လိုနေလဲ။" ကျန်းချန်က သူမကို လှမ်းကြည့်လိုက်၏။ "မင်းရဲ့ အဲဒီကြောက်တတ်တဲ့စိတ်နဲ့များ အပြင်ဘက်ကို ဘယ်လိုများ ထွက်ရဲတာလဲ။"
"..."
လျိုချန်းယွင်က ထိုပိန်သွယ်သောအမျိုးသမီးကို တံတောင်ဖြင့်တွတ်လိုက်သည်။
"နင့်ဟာနင် ကြောက်တတ်တာနေမှာပေါ့။ အဆင်ပြေသွားပြီ၊ သူက အစီအရင်ပညာမှာ ကျွမ်းကျင်တဲ့ အထောက်တော်တစ်ယောက်ပဲ။"
သူမသည် သူမ၏အစ်မဖြစ်သူ၏ ပွင့်လင်းသောသဘာဝကို ကောင်းစွာသိသောကြောင့် အမှန်တကယ် စိတ်ဆိုးခြင်းမရှိပေ။
"ဒါမှပေါ့။" ကျန်းချန်က နှုတ်ခမ်းကို အနည်းငယ်စူကာ မျက်မှောင်ကြုတ်လိုက်၏။
"ရိုးရိုးသားသားပြောရရင်၊ ငါ့ကျင့်ကြံခြင်းအဆင့်က မင်းထက် အများကြီးပိုမြင့်တယ်ဆိုပေမယ့် ပြင်ပလောကမှာတော့ သိပ်ပြီးအထင်ကြီးစရာမကောင်းသေးပါဘူး။ သာမန်တာဝန်တွေဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် မီးလို ပူလောင်တဲ့ ဒေါသရှိတဲ့ငှက်နတ်ဆိုးနဲ့ ဘာလို့ သွားပြီးပြဿနာရှာရမှာလဲ။"
"မင်း မသိဘူးလား။ ဟုန်ကျယ်တဝိုက်ကဒီဒေသတွေမှာ ရေသတ္တဝါမျိုးနွယ်တွေက သဘာဝအရ မီးကို မုန်းတီးကြပြီး မြင်မြင်သမျှကိုသတ်ချင်ကြတာ။ ဒီလိုအခြေအနေမျိုးမှာ အသက်ရှင်ကျန်ရစ်တဲ့ နတ်ဆိုးတစ်ကောင်ကို ကိုင်တွယ်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး။ ပြီးတော့ သူတို့ရဲ့အသိုက်တွေက ထောင်ချောက်တွေနဲ့ ပြည့်နေတာလေ။"
ထိုစကားများကြောင့် လျိုချန်းယွင်က သူမ၏တံတောင်ဆစ်ကို ရုတ်သိမ်းလိုက်ပြီး အကြည့်လွှဲကာ "ငါက ဒီတာဝန်ကို အမှတ်မထင် တွေ့သွားလို့ပါ၊ ဘာကြောင့်လဲဆိုတာတွေ အများကြီး မရှိပါဘူး... ပြီးတော့၊ နင်က ငါ့ထက် တစ်ဆင့်ပဲ မြင့်တာလေ၊အများကြီးပိုမြင့်တယ်ဆိုတာ ဘာသဘောလဲ။"
ကျန်းချန်က ပြုံးလျက် ခေါင်းခါလိုက်ပြီး ထိုကိစ္စကို ထပ်မံဖိအားမပေးတော့ပေ။ ကိုယ်တိုင်မတွေ့ကြုံဖူးသူများသည် ထိုတစ်ဆင့်တည်းသော ကွာဟချက်က မည်မျှကျယ်ပြန့်နိုင်သည်ကို နားလည်ရန် အလွန်ခက်ခဲပေသည်။
"သူ မရောက်လာသေးဘူးလား။" ကျန်းချန်သည် ဂိုဏ်းထဲမှ ထွက်လာပြီး ချင်းယွဲ့ရုပ်ကြွပေါ်သို့ တက်လိုက်သည်။
"ငါတို့ နည်းနည်းတော့ထပ်စောင့်ရဦးမယ်။" လျိုချန်းယွင်သည် အထက်သို့ မော့ကြည့်လိုက်ပြီး လက်ရှိ နန်ယန်ဂိုဏ်း၏အရင်းအနှီးများအရ သွားလာရေးအတွက် မည်သည့်အစားထိုးရတနာမျိုးကိုမျှ တတ်နိုင်မည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။
သူတို့နှစ်ဦး ခေတ္တမျှစောင့်ဆိုင်းနေလိုက်ကြသည်။
နောက်ဆုံးတွင် လွန်းပျံယာဉ်တစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားလေ၏။ ယန်ဝမ်ချန့်သည် ပေါ့ပါးစွာ ဆင်းသက်လာပြီး နှစ်ဦးစလုံးကို ဦးညွှတ်နှုတ်ဆက်လိုက်၏။ "တပည့် ယန်ဝမ်ချန့်၊ အကြီးအကဲယန်ရဲ့ အမိန့်နဲ့ ရောက်လာတာပါ။ အထောက်တော်နှစ်ဦးကို နှုတ်ဆက်ပါတယ်။"
"ဘာလို့ ရှင်ဖြစ်နေရတာလဲ။" လျိုချန်းယွင်က အလိုအလျောက် မျက်မှောင်ကြုတ်လိုက်၏။
သူမ မှတ်မိသည်က မှန်မည်ဆိုလျှင် ဤလူငယ်သည် ထိုနေ့က ရှန်းယီကိုပင် ရှုံးနိမ့်ခဲ့သူဖြစ်သည်။ သူမသည် မတော်တဆမှုများကို ရှောင်ရှားရန်အတွက် အစီအရင်ပညာရပ်တွင် ကျွမ်းကျင်သော အထောက်တော်တစ်ဦးကို အတိအကျရှာဖွေခဲ့ခြင်းဖြစ်ပြီး၊ အခြေအနေကို ရှုပ်ထွေးအောင်လုပ်မည့်သူကို ရှာဖွေခဲ့ခြင်း မဟုတ်ပေ။
"နင် ဘာမှမသိဘူး။" ကျန်းချန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ယန်ဝမ်ချန့်ကို နူးညံ့စွာ ပြုံးပြလျက်ပြောလိုက်သည်။
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး၊ ငါ့ကို စီနီယာအစ်မလို့ပဲ ခေါ်ပါ... မောင်လေးယန်ရဲ့ စွမ်းရည်တွေက အထောက်တော်တွေထက် မနိမ့်ပါဘူး။ သူ လက်စွမ်းပြတဲ့အခါကျရင် နင် နားလည်သွားပါလိမ့်မယ်။"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ ကျန်းချန်၊ ဝမ်ချန့် သေချာပေါက် အစွမ်းကုန်ကြိုးစားပါ့မယ်"
ယန်ဝမ်ချန့်က မောက်မာခြင်း၊ နှိမ့်ချခြင်းမရှိဘဲ ပြန်ဖြေလိုက်ပြီး သူတို့ဂိုဏ်း၏ပြင်ပလူကဲ့သို့ လျိုချန်းယွင်ကို မည်သည့်ရှင်းပြချက်မျှ မပေးခဲ့ပေ။ သူ၏ စွမ်းအားရှိသူတစ်ဦး ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်များကို ထည့်သွင်းစဉ်းစားလိုက်လျှင်၊ သူပေးစွမ်းနိုင်သော ဝင်္ကပါအထောက်အပံ့မှာ မည်သူ့ထက်မျှ မနိမ့်ကျကြောင်း သူ ယုံကြည်ချက်ရှိသည်။
"ကိစ္စမရှိပါဘူး။" ကျန်းချန်က တောက်ပစွာ ပြုံးလိုက်ပြီး လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်သည်။ အစီအရင်များအပြင်၊ မောင်လေးယန်၏ အရပ်အမောင်းနှင့် သွင်ပြင်လက္ခဏာတို့ကပင် မြင်ရသည်မှာ အတော်လေး မျက်စိပသာဒဖြစ်စေသည်။
"သွားကြရအောင်။" ဟန်ပါပါအမူအရာဖြင့် သူမသည် လျိုချန်းယွင်ထံမှ ချင်းယွဲ့ရတနာဝေဟင်သင်္ဘောကို လုယူလိုက်သည်။
"သွားကြရအောင်ဆိုတာ ဘာသဘောလဲ။ အဓိကလူက... မရောက်လာသေးတဲ့သူ တစ်ယောက် ရှိသေးတယ်လေ" လျိုချန်းယွင်က ရတနာဝေဟင်သင်္ဘောကို ပြန်လုယူလိုက်ပြီး သူမကိုစိတ်တိုစွာဖြင့် စိုက်ကြည့်လိုက်၏။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမဤခရီးစဉ်ကို စီစဉ်ရခြင်း၏တစ်စိတ်တစ်ပိုင်းမှာ သူမတစ်ယောက်တည်း ရှန်းယီကို မထိန်းချုပ်နိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး၊ သူ့နောက်သို့ နောက်ထပ် သုံးလကြာလိုက်ပါရမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။
ဂိုဏ်းချုပ်ရှန်း၏စရိုက်အရဆိုလျှင် သူ မည်ကဲ့သို့သောပြဿနာများ ဖန်တီးမည်ကို မည်သူ ခန့်မှန်းနိုင်မည်နည်း။
"နောက်တစ်ယောက်" ကျန်းချန်နှင့် ယန်ဝမ်ချန့် နှစ်ဦးစလုံး အံ့သြရှုပ်ထွေးသွားကြသည်။
နောက်တစ်ခဏတွင် ကောင်းကင်မှ ဆင်းသက်လာသော ခရမ်းရောင်နှင့်အဖြူရောင် အလင်းတန်းတစ်ခုကို သူတို့မြင်တွေ့လိုက်ရ၏။ အလင်းရောင်များပျောက်ကွယ်သွားသောအခါ မင်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ရှန်းယီက လူအုပ်ကိုဦးညွှတ်လိုက်ပြီး "စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်။"
ချင်းယွဲ့ဂိုဏ်းက ယခင်က အမွေးတိုင်တစ်တိုင်စာ အချိန်မျှသာယူခဲ့ရသော ခရီးစဉ်ကို ရောက်ရှိရန် သူသည် လေးနာရီကြာမျှ အချိန်ယူခဲ့ရသည်။
"လုံးဝ မဟုတ်ပါဘူး၊ ကျွန်မတို့လည်း အခုမှ ရောက်တာပါ။ ကျွန်မ လာကြိုသင့်တာပါ" လျိုချန်းယွင်က ခေါင်းခါလိုက်၏။ ကျန်းချန်ကို တည်ငြိမ်အောင် ထိန်းထားရန်သာ မလိုပါက သူမသည် နန်ယန်ဂိုဏ်းသို့ သွားရောက်ပြီးနေပြီဖြစ်သည်။
ဤအစ်မဖြစ်သူသည် သူတို့၏အဆင့်အတန်းကို အခွင့်ကောင်းယူတတ်သူများကို အမုန်းဆုံးဖြစ်သည်။ သူမ၏ဖခင်ဖြစ်သူသည် ရှေးရိုးစွဲဆန်လွန်းသော အကြီးအကဲတစ်ဦးသာ မဟုတ်ပါက သူမကိုယ်တိုင်ပင် ကျန်းချန်၏အထင်သေးခြင်းကို ခံရနိုင်ချေရှိသည်။
"ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ပထမအဆင့်လား။" ကျန်းချန်က မျက်ခုံးပင့်လိုက်၏။ ထိုလူငယ်သည်လည်း အတော်လေး ရုပ်ရည်ချောမောပေသည်။
သို့သော် တပည့်နှစ်ဦးကို ခရီးစဉ်တွင် ခေါ်ဆောင်သွားခြင်းက အလွန်အန္တရာယ်များပေလိမ့်မည်။ သူမသည် မောင်လေးယန်ကိုလည်း စောင့်ရှောက်ပေးရဦးမည်။
သူမ စကားမဆုံးမီမှာပင် မောင်လေးယန်၏ မျက်နှာအမူအရာသည် ရုတ်တရက် အလွန်ထူးဆန်းသွားသည်ကို သူမ မြင်လိုက်ရ၏။
သူက သူ့ကိုယ်သူ ကြည့်လိုက်၊ ထို့နောက် လျိုချန်းယွင်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏အကြည့်များကို ရှန်းယီထံသို့ ပြန်လည်ရောက်ရှိသွား၏။
ယန်ဝမ်ချန့် သိပ်နားမလည်တော့ပေ။ ဤမျှ အင်အားကြီးမားသော အစုအဖွဲ့နှင့်ဆိုလျှင် သူ့ကို အဘယ်ကြောင့် ခေါ်ရသနည်း။ မည်သို့ပင်ကြည့်ကြည့် သူသည် ပိုလျှံနေသူတစ်ဦးနှင့် တူနေသည်။
ခေတ္တအကြာတွင် သူသည် သက်ပြင်းရှည်ကြီးတစ်ခုရှိုက်လိုက်ပြီး ဦးညွှတ်လျက် "ဝမ်ချန့်၊ ဂိုဏ်းချုပ်ရှန်းကို အရိုအသေပေးပါတယ်။" ဟု ဆိုလိုက်သည်။
ယခင်က ရှုံးနိမ့်မှုမှာရှင်းပြ၍မရနိုင်ခဲ့သော်လည်း၊ ၎င်းသည် အစီအရင်ဗန်းဖြင့် အသေးအမွှား ကစားခြင်းမျှသာ ဖြစ်သည်။ အကယ်၍ သူသည် တစ်ဖက်လူ၏လုပ်ဆောင်ချက်များကို အမှန်တကယ် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရမည်ဆိုလျှင် သူသည် ရိုးသားစွာပင် ယုံကြည်လက်ခံသွားနိုင်ပေသည်။
"ဂိုဏ်းချုပ်" ဟူသော စကားလုံးများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကျန်းချန်၏ မျက်နှာအမူအရာသည်လည်း ထူးဆန်းသွားလေ၏။
လူငယ်၏ကျင့်ကြံခြင်းအဆင့်ကို ထည့်သွင်းစဉ်းစားလိုက်သောအခါ၊သိပ်ပြီး စဉ်းစားနေစရာမလိုဘဲ သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို သူမ ကောက်ချက်ချနိုင်လိုက်သည်။
"နန်ယန်ဂိုဏ်းချုပ်လား။" သူမသည် အပြစ်ရှိသလို ဖြစ်နေသော လျိုချန်းယွင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီးနောက် သူမ၏အပြုံးကို ဖိနှိပ်ကာ အကြည့်ကို ဖြည်းညင်းစွာ လွှဲဖယ်လိုက်သည်။
သူ့ကို တရားဝင်ဦးညွှတ်၍ ဂိုဏ်းချုပ်ဟု မခေါ်ဆိုလိုသလို၊ ပြဿနာလည်း မဖန်တီးလိုသောကြောင့်၊ သူမသည် မမြင်ရလျှင် စိတ်မပူရဟုသာသဘောထားပြီး နေလိုက်တော့သည်။