← Chapters

ရွှေရောင်မီးလျှံစာကလေးနှင့် ပြင်းထန်သောတိုက်ပွဲ

Vol. 45 Ch. 446

ရွှေရောင်မီးလျှံစာကလေးနှင့် ပြင်းထန်သောတိုက်ပွဲ

Vol. 45 Ch. 446

"ထွက်ခွာမယ်"

ကျန်းချင်သည် ယခုအချိန်တွင် ဤကိစ္စကို အမြန်ဆုံးအဆုံးသတ်ချင်နေပြီ ဖြစ်သည်။ ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် လျိုချန်းယွင်နှင့် အဆက်အသွယ် အားလုံးကို ဖြတ်တောက်ပြီး သေသည်အထိ ဘယ်တော့မှ ထပ်မတွေ့တော့ဟု ကျိန်ဆိုလိုက်၏။

လျိုချန်းယွင်ကတော့ ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ရယ်နေလေသည်။ ယန်ဝမ်ချန့်၏ လုပ်ရပ်များက သူမ၏အစ်မဖြစ်သူကို ကောင်းကောင်းကြီးဒေါသထွက်အောင် ဆွပေးလိုက်မှန်း သိသာလှသည်။ သူမကတော့ မီးလောင်ရာလေပင့် မလုပ်တော့ဘဲ နောက်မှ တိတ်တဆိတ်လိုက်ပါသွားတော့သည်။

လမ်းကြောင်းမြေပုံရှိနေသဖြင့် တောင်ပေါ်သို့ တက်ရသည့် ခရီးမှာ အလွန်ပင် ချောမွေ့လွယ်ကူနေသည်။

တောင်ထိပ်သို့ နီးကပ်လာသည်နှင့်အမျှ ကျန်းချင်သည် သူမ၏အရှိန်အဝါအားလုံးကို အစွမ်းကုန် စုစည်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ရတနာပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်ယူကာ အသင့်ပြင်ထား၏။ ရှန်းယီပင်လျှင် ထိုမြင်ကွင်းကို ကြည့်ပြီး အနည်းငယ်အံ့အားသင့်သွားမိသည်။

ပြင်ပကျင့်ကြံသူများက သူတို့ကို အဘယ်ကြောင့်

အသေမျိုးများဟုခေါ်ကြတာလဲဆိုတာ အံ့သြစရာ မရှိတော့ပေ။

ဂိုဏ်းအတွင်းမှ သာမန် အထောက်တော်အဆင့်ရှိသူတစ်ဦးမှာပင် ဤမျှလောက်များပြားသည့် ရတနာအရင်းအမြစ်များ ရှိနေသည်ကိုး။

အကယ်၍ ထိုနေ့က ပင်လယ်ဖားကြီးမဟုတ်ဘဲ ရင်ဆိုင်ရသူမှာ ယခု ကျန်းချင်သာ ဖြစ်ခဲ့မည်ဆိုလျှင် ထိုခွေးအိုကြီးသည် အသက်ပေးတိုက်ခိုက်လျှင်ပင် သူမကိုအနိုင်ရရန်မလွယ်ကူပေ။

"ကျင့်ကြံသူရှန်း၊ ကျွန်တော်တို့ အနီးကပ်လိုက်ဖို့ မလိုဘူးဗျ"

ယန်ဝမ်ချန့်က အစီအရင်ပညာရှင်ဖြစ်သည့်အတွက် သူတို့မှာအကာအကွယ် လိုအပ်ကြောင်း ရှန်းယီကို သတိပေးလိုက်၏။ တိုက်ပွဲကို လှမ်းမြင်ရသည့်အကွာအဝေးမှနေ၍ အခြေအနေကို ကြည့်ကာ အစီအရင်ကို လိုသလိုပြောင်းလဲပေးနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

"အင်း"

ရှန်းယီက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သော်လည်း သူ၏အကြည့်မှာ တောင်ထိပ်ဆီသို့ စိုက်ထားလျက် ရှိသည်။ ထိုနေရာမှ ထွက်ပေါ်နေသောပြင်းထန်လှသည့် အရှိန်အဝါမှာ သူယခင်က တွေ့ဖူးသမျှ နတ်ဆိုစအားလုံးထက် သာလွန်နေသည်ကို သူ ခံစားမိနေသည်။

"ဘယ်လိုလဲ" လျိုချန်းယွင်လည်း ထိုနတ်ဆိုးအရှိန်အဝါကို အာရုံခံမိသဖြင့် ကျန့်ချင်ကို လှမ်းကြည့်လိုက်၏။

"..."

ကျန်းချင်သည် သူမ၏နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ပြီးမျက်လုံးမှိတ်ကာ အာရုံခံကြည့်လိုက်သည်။ ထို့နောက် သူမသည် နောက်သို့လှည့်ကြည့်ကာ ဝတ်ရုံနက်ဝတ်လူငယ်လေးကိုတုန်လှုပ်နေသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေမိ၏။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၄ ရှိသော နတ်ဆိုးကြီးတစ်ကောင်နှင့် ဒဏ်ရာအပြင်းအထန် ရထားသည့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ၃ ရှိသော နတ်ဆိုးတစ်ကောင်။ ၎င်းမှာ ရှန်းယီ စောစောကပြောခဲ့သည့် အချက်အလက်နှင့် တစ်ထေရာတည်း တူညီနေသည်။

ကိုယ်တိုင်မျက်မြင်တွေ့ရမှသာ ထိုနည်းစနစ်က မည်မျှထိကြောက်စရာကောင်းကြောင်း သူမ နားလည်သွားသည်။ အစီအရင် ၁၀ ခုကျော် ခြားကာ ယခုလိုဝေးသည့်အကွာအဝေးမှ သူသည် မည်သည့်မန္တန်မှ မရွတ်ဘဲအချက်အလက် အားလုံးကို အသံတိတ် စုံစမ်းနိုင်ခဲ့လေ၏။

သူမသည် အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ထိုလူငယ်လေးကို စိတ်ထဲမှပြန်လည်အကဲဖြတ်လိုက်၏။ သူမ ရရှိလိုက်သည့် ကောက်ချက်မှာ အလွန်ပင်လက်တွေ့ကျလှသည်။ ဤလူငယ်သည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ကို အခုမှ စတင်ဝင်ရောက်ကာစ ဖြစ်သော်လည်း၊ ဤကဲ့သို့သော ထောက်လှမ်းခြင်းနည်းစနစ်ဖြင့်ဆိုလျှင် သူ့ကို အပြင်ခေါ်သွားချင်သည့် အထောက်တော်များ တန်းစီနေလိမ့်မည်။

နန်ယန်ဂိုဏ်းက တကယ်ပဲ ဒီလောက်တောင် အင်အားကြီးခဲ့တာလား။ သူတို့ရဲ့အမွေအနှစ် အကြွင်းအကျန်လေးတွေနဲ့တင် ဒီလောက် ထူးချွန်တဲ့ တပည့်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တာပဲ။

"သိပ်ပြီးပြဿနာရှိမှာ မဟုတ်ဘူး"

ကျန်းချင်က စိတ်ကိုပြန်စုစည်းကာ တိုးတိုးလေး ပြောလိုက်၏။ ထိပ်တိုက်ရင်ဆိုင်ရလျှင် သူမ ရှုံးကောင်းရှုံးနိုင်သော်လည်း ယခုမူ သူမက အသာစီးရနေပြီ ဖြစ်သည်။

"ဒါပေမဲ့..." သူမက ရှန်းယီကိုပါ သူမ၏ တွက်ချက်မှုထဲ ပြန်ထည့်လိုက်၏။

"ငါတို့ ဒီဘက်ကနေစတိုက်ရင် အားသာချက်ရှိပေမဲ့၊ ညာဘက်တောင်ထိပ်က နတ်ဆိုးတွေကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ နင်ခုနက ခင်းခဲ့တဲ့ အစီအရင်က သူတို့ကိုတားထားနိုင်ပါ့မလား"

ဦးဆောင်သူ တစ်ယောက်အနေနှင့် သူမ အားလုံးကို ထည့်သွင်းစဉ်းစားရမည်။ အကယ်၍ ညာဘက် တောင်ထိပ်က နတ်ဆိုးနှစ်ကောင်က စစ်ကူမလာဘဲ ယွီမျိုးနွယ်စုဝင်များကို လက်စားချေဖို့ သွားလိုက်လျှင် မည်သို့လုပ်မည်နည်း။ သို့သော် အခုအချိန်မှာ ဂိုဏ်းကိုပြန်ပြီး စစ်ကူတောင်းဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ပေ။

"အင်း"

ရှန်းယီက ခေါင်းညိတ်ကာ တိုတိုတုတ်တုတ်ပင် အတည်ပြုပေးလိုက်၏။ သူတစ်ပါးကို စိတ်ဓာတ်တက်ကြွအောင်စကားအပိုတွေ သူ မပြောလိုပေ။

မည်သူမှ သတိမထားမိခင်မှာပင် သူ၏မျက်ခုံးကြားမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ဝေးရာသို့ ပျံသန်းသွားတော့သည်။

"..."

ကျန်းချင်က ထပ်မေးချင်သေးသော်လည်း ရှန်းယီ၏အေးစက်စက် အမူအရာကြောင့် မမေးတော့ပေ။ သူမ၏အကြည့်သည် တောင်ထိပ်ပေါ်ရှိ ကြီးမားလှသော သစ်ပင်ကြီးဆီသို့ ရောက်သွား၏။ သူမ၏မျက်နှာမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။

လက်ယာလက်ကို ဝေ့ယမ်းလိုက်ရာ အပြာရောင် တံဆိပ်တုံးတစ်ခုသည် ကောင်းကင်သို့ ပျံတက်သွားပြီး တောင်ထိပ်ငယ်တစ်ခုကဲ့သို့ သစ်ပင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့်ပြုတ်ကျသွားသည်။

တစ်ချိန်တည်းမှာပင်...

သူမ၏မျက်ခုံးကြားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားရာ မိုးမြေ၏အရောင်အဝါများပင် ပြောင်းလဲသွားတော့သည်။

ခမ်းနားထည်ဝါလှသော လေးထပ်တာအိုနန်းတော် တစ်ခုသည် ကောင်းကင်ယံတွင် ပေါ်ထွက်လာ၏။ ၎င်းသည် သိမ်မွေ့လှသော လအလင်းရောင်များကို မြေပြင်ပေါ်သို့ဖြန့်ကြဲလိုက်ရာ နေ့ခင်းဘက်မှ ညဘက်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

နန်းတော်၏အထပ်တိုင်းတွင် နဂါးရစ်တိုင် ၃ တိုင်စီ ရှိနေသည်။ ထိပ်ဆုံး ၃ ထပ်မှ နန်းတော်ဆောင်များကြားတွင် မြူခိုးများလွင့်မြောနေ၏။

ထိုဖြူလွလွ မြူခိုးများက ထိုအထပ်နှစ်ထပ်မှာ ဝိညာဉ်နန်းတော်များ ဖြစ်ကြောင်း ဖော်ပြနေသည်။

"..."

ထို လေးထပ်တာအိုနန်းတော်ကို မြင်လိုက်ရသဖြင့် လျိုချန်းယွင်သည် မသိမသာသနားမိသွား၏။

တစ်ဖက်လူမှာ မူလက ချင်းယွဲ့ရတနာနယ်မြေ တွင် လွတ်လပ်ကျင့်ကြံသူအဖြစ် ကြိုးစားခဲ့ရသူ ဖြစ်ပြီး၊ အသက်ကြီးမှဂိုဏ်းထဲသို့ ဝင်ခွင့်ရခဲ့သဖြင့် သုံးတိုင်ထက်လှမ်းခြင်းနည်းစနစ်ကိုသာ ရရှိခဲ့၏။

သို့သော် ကျန်းချင်က စိတ်မပျက်ခဲ့ပေ။ ထိုကျင့်စဉ်ကို သုံးပြီး ဝိညာဉ်နန်းတော်နှစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ အကယ်၍ သူမသာတတိယအထပ်ကို တည်ဆောက်နိုင်ခဲ့ရင် အမွေဆက်ခံသူ တစ်ယောက်ဖြစ်လာနိုင်ပြီး အကြီးအကဲများက သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လောက်သည်။

သို့သော် နောက်ဆုံးမှာတော့ သူမ မအောင်မြင်ခဲ့ပေ။

ထိုသို့ဖြစ်လျှင်ပင် သုံးတိုင်တက်လှမ်းခြင်းနည်းစနစ်ဖြင့် စစ်မှန်သည့် လေးထပ်တာအိုနန်းတော်၊ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

"ငါတို့ဂိုဏ်းအတွက် သေစမ်း"

အပြာရောင်တံဆိပ်တုံးသည် ဟိန်းဟောက်သံနှင့်အတူဆင်းသက်လာသော်လည်း သစ်ပင်ကြီးကို မထိခိုက်စေဘဲ၊ ထိတွေ့လိုက်သည်နှင့် တောက်ပသောအလင်းရောင်များအဖြစ် ပြောင်းလဲကာ အတွင်းမှ နတ်ဆိုးနှစ်ကောင်ကို ချက်ချင်း ချုပ်နှောင်လိုက်တော့သည်။

အစစ်အမှန်သတ်ကွက်မှာတော့ ကောင်းကင်ယံမှ လာခြင်းဖြစ်သည်။ ကောင်းကင်နန်းတော်အတွင်းရှိ လှပသောလမင်းကြီးသည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး လခြမ်းပုံသဏ္ဍာန်သို့ ပြောင်းလဲသွား၏။

ထို့နောက် ဝိညာဉ်အရှိန်အဝါမြူခိုးနှစ်ခုမှာ ထိုလခြမ်းထဲသို့ ပေါင်းစပ်သွားတော့သည်။ ၎င်းတို့၏ စွမ်းအားဖြည့်တင်းမှုအောက်တွင် လခြမ်း၏ အရှိန်အဝါမှာနှစ်ဆမက တိုးမြင့်လာပြီး ကောင်းကင်ကိုခွဲထုတ်နိုင်သော ဓားတစ်လက်ကဲ့သို့ သစ်ပင်ကြီးဆီသို့ ပြင်းထန်စွာ ဝေ့ယမ်းလိုက်၏။

"..."

ရှန်းယီ၏ခြေဖဝါးအောက်မှ မြေပြင်မှာ တုန်ခါသွားပြီး သူ၏ဝတ်ရုံနက်မှာလည်း လွင့်ပျံနေသည်။

ဤအရာဟာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏ လှုပ်ရှားမှုကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သစ်ပင်ကြီးကို ဗဟိုပြု၍ ရေနှင့်ကုန်းမြေကြားတွင် မျဉ်းတစ်ကြောင်း ပေါ်ပေါက်လာသလိုပင်။ ခုတ်ပိုင်းလိုက်သည့် နေရာတွင်မှန်တစ်ချပ်ကဲ့သို့ ချောမွတ်နေ၏။

ဤကဲ့သို့သော စွမ်းအားမျိုးကို လေ့ဖူတို့နှင့် အဆင့်တူကျင့်ကြံသူတစ်ယောက်က ပြုလုပ်နိုင်သည်ဆိုတာ တကယ်ကို စိတ်ကူးရခက်လှသည်။

မကောင်းတော့ဘူး၊ ငါ့ရဲ့သက်တမ်းတွေတော့ သွားပါပြီ။

"အစီအရင် ခင်းကျင်းမယ်"

ကျန်းချင်က အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သော်လည်း သူမ၏မျက်နှာမှာ ပေါ့ပါးသွားခြင်း မရှိပေ။ သူမသည် သစ်ပင်ကြီးကိုအာရုံစိုက်ထားပြီး ပြင်ဆင်ထားသော ရတနာနယ်မြေကိုပါ ထုတ်ယူလိုက်သည်။

လခြမ်းနှင့် ခုတ်ပိုင်းခံထားရသော သစ်ပင်ကြီးမှာ အထဲတွင် သက်ရှိမရှိသကဲ့သို့ တိတ်ဆိတ်နေ၏။

သို့သော် နောက်တစ်စက္ကန့်တွင် ရွှေရောင်မီးလျှံများ သစ်ပင်အတွင်းမှ ရုတ်တရက်ပန်းထွက်လာပြီး ကျန်းချင်ဆီသို့ တိုက်ရိုက် ဦးတည်လာသည်။

ဂျွတ်ခနဲ

သံမဏိဖြင့် ပြုလုပ်ထားပုံရသော လက်သည်းကြီးတစ်ခုသည် မှန်မျက်နှာပြင်ပေါ်သို့ စိုက်ဝင်သွား၏။ မီးလျှံများမြူခိုးကဲ့သို့ ပျောက်ကွယ်သွားချိန်တွင် ငှက်ခေါင်းနှင့်လူကိုယ်လုံး ရှိသော ပုံရိပ်တစ်ခု ပေါ်လာသည်။

၎င်း၏ဦးခေါင်းအမွှေးများမှာ ရွှေနီရောင်ကဲ့သို့ တောက်ပနေပြီး စိမ်းပုပ်ရောင်မျက်လုံးတစ်စုံ ရှိပေ၏။

၎င်းမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းသော်လည်း အနီးကပ်ကြည့်လျှင် ၎င်း၏ဦးခေါင်းထိပ်မှတစ်ကိုယ်လုံးသို့ စီးကျနေသော ကြိုးမျှင်အသေးလေးများကို တွေ့ရလိမ့်မည်။

၎င်းသည် ထိုပြင်းထန်သော ရွှေရောင်မီးလျှံများကို အသုံးပြုပြီး ၎င်း၏ခန္ဓာကိုယ်ကို အတင်းအဓမ္မ ပြန်လည် ပေါင်းစည်းထားခြင်း ဖြစ်သည်။

"ငါတို့ကြားမှာ အငြိုးအတေး မရှိခဲ့ဘူး"

"ချင်းယွဲ့ဂိုဏ်းက မသေမျိုး၊ မင်းက ငါတို့ကို အရှင်မထားချင်တဲ့ ပုံပဲ"

ရွှေမီးလျှံစာကလေးသည် ၎င်း၏အေးစက်လှသော စွမ်းအားကို ထုတ်ဖော်လိုက်ရာ ကျန်းချင်၏ ရတနာနယ်မြေမှာ နတ်ဆိုးခန္ဓာကိုယ်၏ ဖိအားအောက်တွင် တဖြည်းဖြည်း အက်ကွဲလာတော့သည်။

"နင်က ချင်းယွဲ့ဂိုဏ်းရဲ့လူတွေကို ဒုက္ခပေးထားပြီးတော့မှအငြိုးအတေး မရှိဘူးလို့ ပြောတာလား"

ကျန်းချင်၏မျက်လုံးများတွင် အအေးဓာတ်များ ဖြတ်ပြေးသွားသည်။ သူမက လက်ကို ပြန်ဖြန့်လိုက်ရာတာအိုနန်းတော်အတွင်းသို့ လမင်းအနှစ်သာရများ ပြန်လည် စုစည်းလာပြန်သည်။

"လူလား" ရွှေမီးလျှံစာကလေးကြီးသည် ရုတ်တရက် လှောင်ပြောင်လိုက်၏။

"နင်ပြောတာ အောက်မှာရှိနေတဲ့ လူလည်းမဟုတ် နတ်ဆိုးလည်းမဟုတ်တဲ့ သွေးနှောတွေကို ပြောတာလား အဲဒါဆိုလည်း သူတို့ကို ချင်းယွဲ့ ရတနာမြေ ထဲပဲ ခေါ်သွားပါလား"

"..."

ကျန်းချင်၏နှုတ်ခမ်းမှာ အနည်းငယ် လှုပ်ခါသွားသော်လည်း မန္တန်များကို ပိုမိုမြန်ဆန်စွာရွတ်ဆိုလိုက်၏။

"ငါ နင်တို့ကို မကြည့်ချင်လို့ သတ်တာကော မရဘူးလား"

သူတို့နှစ်ဦးမှာ ပေါ့ပေါ့ပါးပါးစကားပြောနေကြသော်လည်း နှစ်ဦးလုံးမှာ အစွမ်းကုန်အားထုတ်နေကြရသည်။ အကယ်၍ရတနာမှန်သာ အရင်ကွဲသွားလျှင် ကျန်းချင်ဒဏ်ရာရမည်ဖြစ်ပြီး၊ လမင်းအနှစ်သာရသည် အရင်ကျသွားလျှင် နတ်ဆိုးကြီး သေဆုံးမည် ဖြစ်သည်။

"တာအိုမိတ်ဆွေရှန်း၊ ကျုပ်က အဓိက အစီအရင်ကိုတာဝန်ယူမယ်၊ ခင်ဗျားက ကူညီပေးရုံပဲ" ယန်ဝမ်ချန့်က လက်ကို ဝေ့ယမ်းကာ အစီအရင် ပစ္စည်းများကို အလင်းတန်းများအဖြစ်ပြောင်းလဲပြီး ပတ်ပတ်လည်သို့ ချထားလိုက်သည်။

ရှန်းယီသည် ဓာတ်ကြီးငါးပါးရတနာကြာပန်း မဟာအစီအရင်ခင်းစဉ်က နတ်ဝိညာဉ်ကို အစွမ်းကုန် သုံးထားရသဖြင့်၊ ယခုအချိန်မှာ နောက်ထပ် အစီအရင်တစ်ခု ခင်းဖို့ရှန်းယီမှာ အင်အားမကျန်လောက်တော့ဘူးဟု သူ ထင်နေခြင်း ဖြစ်သည်။

သူ့စကား မဆုံးမီမှာပင် ဘေးကို လှည့်ကြည့်လိုက်ရာ ရှန်းယီပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။

"ဟင်"

အစီအရင်ပညာရှင်တစ်ဦးအနေဖြင့် အစောင့်အရှောက်မပါဘဲ လျှောက်သွားခြင်းမှာ အလွန်အန္တရာယ်များလှသည်။ ညာဘက်တောင်ထိပ်တွင် နတ်ဆိုးနှစ်ကောင် ရှိနေသေးတာကို မမေ့သင့်ပေ။

ထိုအချိန်တွင် ကျန်းချင်၏မျက်နှာတွင် စိတ်သက်သာရာရသွားသော အမူအရာပေါ်လာသည်။ သူမက အသာစီး ပြန်ရသွားပုံရလေ၏။

သူမလက်ကို ရုတ်တရက်ဝှေ့ယမ်းလိုက်ရာ လမင်းအနှစ်သာရဓားချက်က တိုက်ရိုက်ခုတ်ပိုင်းချလိုက်တော့သည်။

ထိုအချိန်မှာပင် ရွှေမီးလျှံစာကလေးကြီးသည်လည်း ရတနာမှန်ကိုနောက်ဆုံးတွင် ဖျက်ဆီးနိုင်ခဲ့၏။ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲတွင် စက္ကန့်ပိုင်းမျှလွဲချော်ရုံဖြင့် အရှုံးအနိုင် ပြောင်းလဲသွားနိုင်သည်။

သို့သော် နတ်ဆိုးကြီး၏မျက်လုံးထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်ကို ကျန်းချင် မြင်လိုက်ရပေ၏။

ဘုန်း

ရုတ်တရက်၊ နီရဲသောမီးလျှံများဖြင့် တွဲစပ်ထားသော ရွှေမီးလျှံစာကလေးကြီး၏ခန္ဓာကိုယ်မှာ ပွင့်ထွက်သွား၏။ ထိုဗိုက်ထဲမှ ထက်ရှလှသော လက်သည်းတစ်ခု ထွက်ပေါ်လာပြီး ကျန်းချင်၏ မျက်နှာဆီသို့ တိုက်ရိုက်ဦးတည်လာတော့သည်။

ဤနတ်ဆိုးကြီး၏ဗိုက်ထဲတွင် နောက်ထပ် နတ်ဆိုးတစ်ကောင် ပုန်းအောင်းနေခြင်းဖြစ်သည်။

"ဟမ်"

ကျန်းချင်သည် အလိုလိုခေါင်းကို နောက်သို့ လှန်လိုက်ပြီး ရှောင်တိမ်းရန်ကြိုးစားလိုက်၏။ သူမ၏ မျက်နှာမှာ ထိတ်လန့်မှုအဖြစ်ပြောင်းသွားတော့သည်။

မကောင်းတော့ဘူး၊ ကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်က နတ်ဆိုးတွေလောက် မသန်မာဘူး။

ယန်ဝမ်ချန့်၏အစီအရင်ကို စောင့်ရှောက်ပေးနေသော လျိုချန်းယွင်၏မျက်နှာလည်း ချက်ချင်း ပြောင်းလဲသွားသည်။ သူမက ထွက်ကူရန် ပြင်လိုက်စဉ်မှာပင်၊ပုံရိပ်တစ်ခုသည် ကြိုတင် သိရှိနေသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်လာပြီး ထိုလက်သည်းကြီးကို ကိုက်ချလိုက်သည်ကို တွေ့လိုက်ရသည်။

ဂျွတ် ဂျွတ် ဂျွတ်

၎င်းမှာ အဝါရောင်ကျောနက်ခွေးကြီးတစ်ကောင် ဖြစ်သည်။

လျိုချန်းယွင်သည် အလိုလိုပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သစ်ပင်ကြီးထဲမှ အေးဆေးတည်ငြိမ်သောမျက်နှာထားဖြင့် ထွက်လာသော ရှန်းယီကို တွေ့လိုက်ရ၏။

"..."

သူသည် ဒဏ်ရာရထားသည့် နတ်ဆိုးနောက်သို့ လိုက်သွားခဲ့သည်မှာ သိသာလှသည်။

ဒီဂိုဏ်းချုပ် ရှန်းက နတ်ဆိုးတွေကို ကိုယ်တိုင် သတ်ရတာကို ဒီလောက်တောင်ဝါသနာပါတာလား။

"ဝေါ့"

ရွှေမီးလျှံစာကလေးကြီး၏ဗိုက်ထဲမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ဗိုက်ထဲမှထိုးထွက်လာပြီးနောက် ၎င်း၏ပုံသဏ္ဌာန်မှာ ရွှေရောင်အမွှေးအတောင်များရှိသော နတ်ဆိုးငယ်လေး ဖြစ်နေသည်။

ကျန်းလေ့ဖူသည် ထိုနတ်ဆိုးငယ်ကို ကိုက်ဆွဲကာ ကောင်းကင်ယံတွင် လုံးထွေးနေ၏။

"မင်း"

ဒဏ်ရာရနေသော ရွှေမီးလျှံစာကလေးကြီးသည် ဒဏ်ရာကိုဖိထားရင်း ရှန်းယီကို ဒေါသတကြီး လှည့်ကြည့်လိုက်၏။ ကျန်းချင်လည်း စိတ်ကိုပြန်စုစည်းလိုက်ပြီး ကျန်းလေ့ဖူကို အံ့အားသင့်စွာ ကြည့်နေမိသည်။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၄ နှင့် ယှဉ်နိုင်သော ရုပ်သေးတစ်ရုပ်၊ ဤအရာကလည်း ရှန်းယီ၏လက်ချက်လော။

သူမသည် ရှန်းယီကိုပြန်ကြည့်လိုက်ပြီး ပါးစပ်ဟကာနောက်ဆုံးတွင် အော်ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်"

All Chapters