← Chapters

ရွှေမီးလျှံစာကလေးနတ်ဆိုးသွေးအား ရိတ်သိမ်းခြင်း

Vol. 45 Ch. 449

ရွှေမီးလျှံစာကလေးနတ်ဆိုးသွေးအား ရိတ်သိမ်းခြင်း

Vol. 45 Ch. 449

သို့သော်လည်း ထိုနတ်ဆိုးသည် မိမိ၏ကံကြမ္မာကို လက်မလျှော့ဘဲ တောင်အောက်သို့ မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။ ထိုနေရာသည်သာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်မည့် အဓိကအချက် ဖြစ်ပေသည်။

ထိုခဏ၌ပင်ထစ်ချုန်းနေသော အသံများမှာ ရုတ်တရက် ရပ်တန့်သွား၏။

"ဗျစ်..‌ဗျစ်..."

ရွှေမီးလျှံစာကလေးအိုကြီး၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ရိပ်များထင်ဟပ်သွားပြီး ရွှေရွှေမီးလျှံစာကလေးပေါက်စသည်လည်း ထပ်မံ၍ စူးရှစွာ အော်ဟစ်လိုက်ပြန်သည်။

ကျန်းချန်နှင့် လျိုချန်းယွင်တို့၏မျက်နှာများသည် တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြ၏။

"ဒုက္ခပဲ... သူတို့ ဘာတွေကြံစည်နေမှန်း မသိပေမဲ့ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် သုံး ရှိတဲ့ မဟာနတ်ဆိုးနှစ်ကောင် စစ်ကူရောက်လာတာတော့ သတင်းကောင်းမဟုတ်တာ သေချာတယ်"

ကျန်းလေ့ဖူသည် မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ သူ၏မျက်လုံးများသည် စာကလေးအိုကြီး၏ လည်ပင်းဆီသို့သာ စူးစိုက်နေပြီး ထိုနတ်ဆိုးအာရုံလွင့်နေခိုက်တွင် သူ၏မေးရိုးများဖြင့် အားပါးတရ ကိုက်ခဲလိုက်လေသည်။

ရှန်းယီသည် သေလုမျောပါးဖြစ်နေသော ရွှေမီးလျှံစာကလေးကို စိုက်ကြည့်နေ၏။ သူသည် အထက်သို့ခုန်တက်လိုက်ရာ ကြက်သွေးရောင် တာအိုနန်းတော်ကြီးပေါ်ထွက်လာပြီး သွေးရောင်မျက်လုံးအများအပြားမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပွင့်လာကြသည်။

နတ်ဆိုးအားလုံးသည် ကြောက်ရွံ့ဦးညွှတ်ကြရပြီး လှည့်စားမှုစွမ်းရည်များ ပျက်ပြယ်ကုန်၏။

ထစ်ချုန်းသံနှင့်အတူ ရွှေမီးလျှံစာကလေးသည် သွေးရောင်လျှပ်စီးများအကြား နစ်မြုပ်သွားတော့သည်။ ထိုအချိန်တွင် ရှန်းယီသည် လူတိုင်း၏ ရှေ့မှောက်၌ သူ၏လက်ချောင်းထိပ်များမှ ရွှေရောင်ပိုးမျှင်များကို ထုတ်လွှတ်ကာ သံစုတ်တံငွေချိတ်အစီအရင်ကြီးကို မျက်စိတစ်မှိတ်အတွင်း ခင်းကျင်းလိုက်ပြန်သည်။

ထိုအစီအရင်သည် သူ၏ဗီဇထဲတွင် စွဲမြဲနေသကဲ့သို့ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲပြီးပြည့်စုံစွာ

ပေါ်ထွက်လာခြင်း ဖြစ်သည်။

သို့သော်လည်း ချင်းယွဲ့ဂိုဏ်းမှ လူသုံးဦးမှာမူ ဝမ်းမသာနိုင်ကြပေ။ ရှန်းယီက အစီအရင်အသစ် ခင်းကျင်းလိုက်ခြင်းသည် ယွီမျိုးနွယ်စုကို ကာကွယ်ထားသော ဓာတ်ကြီးငါးပါးကြာပန်းအစီအရင်မှာ မရှိတော့ပြီဖြစ်ကြောင်း ပြသနေသောကြောင့် ဖြစ်၏။

"သတ်စမ်း..."

ရှန်းယီသည် တောင်အောက်ရှိ နတ်ဆိုးနှစ်ကောင်အတွက် လုံးဝစိုးရိမ်ပူပန်ပုံ မရဘဲ သူ၏အကြည့်များမှာ တည်ငြိမ်လျက်ရှိသည်။ သူသည် ဓားလက်ဟန်ပြုကာလက်ကို နောက်သို့ ဝှေ့ယမ်းလိုက်၏။

ဧရာမ စုတ်တံကြီးသည် ကောင်းကင်ယံ၌သွေးစွန်းနေသော အနီရောင်မင်စက်များအဖြစ် ထင်ကျန်ရစ်စေပြီးသွေးရောင်လျှပ်စီးများဆီသို့ လှောင်အိမ်သဏ္ဌာန် ဦးတည်သွားလေသည်။

စာကလေးအိုကြီးမှာမူ ကျန်းလေ့ဖူ၏ဖိနှိပ်ခြင်းကို ခံထားရပြီး မြေပြင်ပေါ်၌လူးလိမ့်နေ၏။ သူ၏ လည်ပင်းမှ ဒဏ်ရာသည် ပိုမို ကြီးမားလာသည်။

သူသည် သွေးရောင်လျှပ်စီးများကို စိုက်ကြည့်ရင်း တောင်ခြေဘက်သို့ မျှော်လင့်တကြီး ကြည့်လိုက်မိ၏။သို့သော် သူ မျှော်လင့်ထားသော နတ်ဆိုးပုံရိပ်နှစ်ခုမှာပင်လယ်ထဲသို့ အပ်ကျသကဲ့သို့ မည်သည့် သဲလွန်စမျှမရှိဘဲပျောက်ကွယ်နေဆဲပင်။

'

ဘာတွေ ဖြစ်ကုန်တာလဲ၊ သူတို့တွေက ချင်းယွဲ့ဂိုဏ်းကိုကြောက်လို့ ထွက်ပြေးသွားကြတာလား၊ မဖြစ်နိုင်တာ...'

သူ မယုံကြည်နိုင်ဖြစ်နေစဉ်မှာပင် ကျန်းလေ့ဖူက သူ၏လည်ပင်းကို အပြီးသတ် ချိုးပစ်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် ရှန်းယီသည် သွေးစွန်းနေသောလမ်းပေါ်မှ လျှောက်လှမ်းကာ သွေးရောင်လျှပ်စီးများကြားသို့ အတင်းဝင်ရောက်သွား၏။

သူသည် ရွှေစာကလေးပေါက်စ၏ လည်ပင်းကို ဆွဲကိုင်ကာ တောင်တန်းများဆီသို့ အားပြင်းစွာ ရိုက်ချလိုက်တော့သည်။

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ရွှေရောင်မီးလျှံများက တောင်တန်းများအပေါ် ပျံ့နှံ့သွားပြီး တောင်တန်းများမှာ ပြိုကျပျက်စီးကုန်၏။ ဖုန်မှုန့်များကြားမှ ရှန်းယီသည် ရွှေစာကလေးပေါက်စ၏ အလောင်းကိုဆွဲလျက် ဖြည်းညှင်းစွာ ထွက်လာလေသည်။

ကျန်းချန်သည် အနက်ရောင်ဝတ်ရုံဝတ် လူရိပ်ကို ငေးကြည့်နေမိပြီးနောက် မြေပြင်ပေါ်တွင် နတ်ဆိုးအိုကြီးကိုခဲထားသော ကျန်းလေ့ဖူကို လှမ်းကြည့်လိုက်သည်။ သူမသည် နဖူးမှ ချွေးများကို သုတ်လိုက်မိ၏။

'တကယ်တော့ ဘယ်သူက ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအလယ်အလတ်အဆင့် အထောက်တော်လဲ...'

"တောင်အောက်ကို သွားရအောင်" လျိုချန်းယွင်သည် တစ်ခုခုကို ရုတ်တရက်သတိရသွားပြီး အော်ဟစ်သတိပေးကာ တောင်အောက်သို့ တန်းပျံဆင်းသွားလေသည်။

"ဒါ မကောင်းတော့ဘူး" ကျန်းချန်သည်လည်း ရှန်းယီထံမှအကြည့်ကို အမြန်လွှဲလိုက်ပြီး လျိုချန်းယွင်နောက်သို့ ထပ်ချပ်မကွာ လိုက်သွားတော့သည်။

ယန်ဝမ်ချန့်ကမူ လိုက်သွားရန် ပြင်သော်လည်း အေးအေးလူလူရှိနေသော ရှန်းယီကို ကြည့်ကာ တစ်ခုခုကို ရိပ်မိသွားပုံရ၏။ သူက တုံ့ဆိုင်းစွာဖြင့် "ဂိုဏ်းချုပ်ရှန်း... အဲဒီနတ်ဆိုးနှစ်ကောင်က... မဟုတ်မှလွဲရော..."

ရှန်းယီသည် သူ၏နာကျင်နေသော လက်မောင်းများကိုသက်သာစေရန် ဥဒေါင်းနီအလင်းကို အသုံးပြုလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"အင်း"

"ကျွန်တော် မေးလို့တောင် မပြီးသေးဘူးလေဗျာ"

ယန်ဝမ်ချန့်က ခါးသက်သက်ပြုံးလိုက်လေသည်။ မယုံနိုင်စရာ ကောင်းသော်လည်း တစ်ဖက်လူ၏ တည်ငြိမ်နေသော အမူအရာက ဤအဖြစ်အပျက်မှာဖြစ်နိုင်ချေရှိကြောင်း သက်သေပြနေသကဲ့သို့ ရှိသည်။

သို့သော် ရှန်းယီအတွက်မူ ဤသည်မှာ ထူးဆန်းသော အရာမဟုတ်ပေ။ ပင်လယ်ပြာဖားကြီးနှင့် ဇီးသီးပန်းကွက်သမင်နတ်ဆိုးတို့၏ အကူအညီဖြင့် ထိုစာကလေးနတ်ဆိုးနှစ်ကောင်ကို ဓာတ်ကြီးငါးပါးကြာပန်းအစီအရင်ထဲသို့ မောင်းသွင်းပြီးနောက် ကျောက်တိုင်၏ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြု၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဤသို့တိုင်အောင် သူတို့အား မသတ်နိုင်ခဲ့လျှင် သူ၏သက်တမ်းမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

သူတို့နှစ်ဦးသည် တောင်အောက်သို့ ဆင်းလာကြ၏။မကြာမီမှာပင် ယွီမျိုးနွယ်စု ပုန်းအောင်းနေသောရွှံ့မြေနေရာသို့ ပြန်ရောက်လာကြသည်။

ယန်ဝမ်ချန့် ပထမဆုံးမြင်လိုက်ရသည်မှာ ထိတ်လန့်တကြား ရပ်နေသော အထောက်တော်နှစ်ဦးဖြစ်ပြီး သူတို့၏ခြေရင်းတွင်မူ ကျောပြင်၌ ဒဏ်ရာများဖြင့်သေဆုံးနေသော နတ်ဆိုးနှစ်ကောင် ဖြစ်၏။

သူသည် အဖြေကိုရရှိထားပြီး ဖြစ်သော်လည်း ဤမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသည့်အခါ အသက်ရှူရန်ပင် ခက်ခဲသွားရသည်။

'ဒီဂိုဏ်းချုပ်ရှန်းက ဘာတွေများ ဖုံးကွယ်ထားသေးတာလဲ၊ ဘယ်သူက တကယ့်မသေမျိုးဂိုဏ်းက တပည့်လဲ'

"ကူညီပေးကြတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က မီးဒြပ်စင်ရှိတဲ့ ငှက်နတ်ဆိုးသွေးအဆီအနှစ်ကို အရမ်းလိုအပ်နေလို့ ဒီပစ္စည်းကိုပဲကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပေးပါရစေ။ ကျန်တဲ့ ပစ္စည်းတွေနဲ့ လပုလဲတွေကိုတော့ ခင်ဗျားတို့ပဲ ခွဲယူလိုက်ကြပါ"

ရှန်းယီသည် နတ်ဆိုးအလောင်းလေးခုစလုံးကို လက်စွပ်ထဲသို့ ထည့်လိုက်ပြီးနောက် နန်ယန်သစ်သားကို ထုတ်ယူကာ သူတို့ သုံးဦးအား ကမ်းပေးလိုက်၏။

ဤသတင်းကို ရရှိခဲ့ခြင်းမှာ လျိုချန်းယွင်၏ ကြိုးစားမှုကြောင့် ဖြစ်ကြောင်း သူ သိနားလည်ထားသည်။

"ဒီလိုတော့ မလုပ်ပါနဲ့" ကျန်းချန်သည် လက်ကို ဝှေ့ယမ်းကာ ငြင်းဆန်လိုက်၏။ သူမသည် မျိုးဆက်သစ်တစ်ဦးဖြစ်ရုံသာမက ကျင့်ကြံခြင်း အဆင့်မှာလည်း သူထက် မြင့်မားနေသော်လည်း အဘယ်ကြောင့် ဤမျှကွာဟနေရသနည်းဟု တွေးကာ စိတ်ပျက်နေမိသည်။

ရှန်းယီတွင် ကျောက်ရုပ်သေးတစ်ခုထက်မက ရှိနေသည်မှာ ထင်ရှားလှ၏။ အားနည်းသူကို အားကြီးသူက နှိပ်စက်သည်ဟု မဆိုထားနှင့်၊အကယ်၍ တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင်ပင် သူမသည် ရှန်းယီ၏ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

လျိုချန်းယွင်ကလည်း ခေါင်းခါလိုက်ပြီး သစ်သားကို ပြန်ကမ်းပေးလိုက်သည်။ "ဒီနေ့ ရှင်သာ မရှိရင် ကျွန်မတို့အသက်ရှင်လျက် ပြန်နိုင်ကြမှာ မဟုတ်ဘူး။ ပြီးတော့ ရှင်က နန်ယန်ရတနာနယ်မြေကနေ ထွက်လာကာစဆိုတော့ ပစ္စည်းတွေ လိုအပ်နေမှာပါ"

ရှန်းယီသည် ထပ်မံ၍ငြင်းဆန်ခြင်း မပြုတော့ဘဲ သစ်သားတုံးကို ပြန်သိမ်းလိုက်၏။ "နောက်တစ်ခါ ဒီလိုမျိုး ထူးခြားတာရှိရင် ကျွန်တော့်ကိုလာရှာလို့ ရပါတယ်"

ပြောပြီးသည်နှင့် သူသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ရွှံ့ဂူထဲသို့ ဝင်သွားလေသည်။ ဆုလာဘ်များကို ရရှိခဲ့ပြီဖြစ်ရာ ယခုအခါ ဖီးနစ်ဆေးလုံးများထပ်မံဖော်စပ်ရန်သာ စောင့်ဆိုင်းနေတော့သည်။

ဤသွေးအဆီအနှစ်များက သူ၏ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ်အား မည်သည့်အဆင့်အထိမြှင့်တင်ပေးနိုင်မည်နည်းဟု သူ အလွန် သိချင်နေမိသည်။

သို့သော် ထိုသို့မလုပ်မီ ယွီမျိုးနွယ်စုအပေါ် စိတ်ဝင်စားမှုအနည်းငယ် ရှိနေသေး၏။

ရှန်းယီ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျန်းချန်က အနေခက်စွာဖြင့် "စောစောက ငါ သူ့ကို စိတ်ဆိုးအောင် လုပ်မိသွားလား" ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ယန်ဝမ်ချန့်မှာ ခါးသက်သက်ပြုံးလိုက်မိရုံသာ တတ်နိုင်တော့သည်။ လက်ရှိအထောက်တော် ဖြစ်သော ကျန်းချန်သည်လည်း သူနှင့်အခြားသူများကဲ့သို့ပင် ဖြစ်သွားပြီဟု သူ ခံစားလိုက်ရသည်။

"ဒါဆိုလည်း ဘာမှမယူတော့ဘူး၊ တောင်းပန်တဲ့အနေနဲ့ပဲ ထားလိုက်တော့မယ်" ကျန်းချန်က သူ့ကို မျက်စောင်းထိုးရင်း ညည်းညူလိုက်၏။

"သူက ငါ့ကိုအသုံးချနေတယ်လို့ ထင်ခဲ့တာ၊ တကယ်တော့ ငါကလမ်းပြပေးရုံပဲရှိတာကိုး"

All Chapters