← Chapters

အကြီးအကဲအဖွဲ့အစည်း (နောက်ဆုံးအပိုင်း)

Vol. 111 Ch. 1547

အကြီးအကဲအဖွဲ့အစည်း (နောက်ဆုံးအပိုင်း)

Vol. 111 Ch. 1547

"မြေကမ္ဘာဧကရာဇ်ရာထူးက ဝိညာဉ်သာလွန်ခြင်းကို ပေါင်းစည်းဖို့ နည်းလမ်းတစ်ခု ဖြစ်လိမ့်မယ်လို့ မင်း ပြောခဲ့တာလား" ငရဲစီရင်သူက မေးလိုက်သည်။

"ဒါက ကျုပ်ရဲ့ ယူဆချက်ပါ" ဝမ်ဝေ့က ခေါင်းညိတ်ပြသည်။

"ဒါဆိုရင် အဲဒီရာထူးအတွက် ယှဉ်ပြိုင်ဖို့ ဂိုဏ်းရဲ့ ထောက်ခံမှုကို ငါ လိုချင်တယ်"

"သေချာပြီလား။ အဲဒီလမ်းစဉ်ရဲ့ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး ကျုပ် တွက်ချက်ထားတာကို ခင်ဗျား မြင်ပြီးသားပဲနော်" ဝမ်ဝေ့က ဆိုသည်။

"လူအများစုကတော့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေကြပြီး တစ်နေ့မှာ ကမ္ဘာဦး ဟွင်သွမ်းသူတော်စင်ဖြစ်လာနိုင်မယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ငါကတော့ လက်တွေ့သမားပဲ။ နောက်ထပ်အဆင့်ကို တက်လှမ်းဖို့ အတားအဆီးက စံပြအဆင့်ထက် အဆပေါင်း သန်းချီပြီး ခက်ခဲလိမ့်မယ်ဆိုတာ ငါ သိတယ်"

ငရဲစီရင်သူ၏ စကားများကြောင့် အခန်းထဲတွင် ခဏမျှ တိတ်ဆိတ်သွားသည်။ နောက်ထပ်အဆင့်ကို တက်လှမ်းရန် လွယ်ကူမည်ဟု မည်သူမျှ မပြောရဲပေ။ လူအများစုက အကောင်းမြင်နေကြသော်လည်း လက်တွေ့တွင်မူ ဤအခန်းထဲရှိ လူများထဲမှ ထိုအဆင့်ကို တက်လှမ်းနိုင်မည့်သူကို လက်ချိုး၍ပင် ရေတွက်နိုင်သည်။

"ငါ့ရဲ့ ကန့်သတ်ချက်ကို ကောင်းကောင်း သိတယ်" ငရဲစီရင်သူက ဆက်ပြောသည်။ သူ၏ စကားများမှာ မိမိကိုယ်ကို အထင်သေးခြင်း မဟုတ်ဘဲ မိမိကိုယ်ကို ယုံကြည်မှုရှိစွာ ပြောဆိုခြင်း ဖြစ်သည်။

"ဒီလမ်းစဉ်က ငါ့အတွက် သာလွန်တက်လှမ်းခြင်းကို ရရှိဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

သူ၏ စကားများကြောင့် လူတိုင်းသည် မိမိတို့၏ အနာဂတ်နှင့် ကပ်ဘေးအတွင်း သို့မဟုတ် သာလွန်ခေတ်၌ မည်သို့ရှင်သန်မလဲဟူသော အတွေးကို ပြန်လည်စဉ်းစားသုံးသပ်စေမိသည်။

"တကယ်လို့ ကျုပ်ရဲ့ ယူဆချက်သာ မှန်မယ်ဆိုရင် … " ဝမ်ဝေ့က “မှန်မယ်ဆိုရင်” ဆိုသည့် စကားကို အလေးအနက်ထား ပြောလိုက်သည်။

"ဒီရာထူးတွေထဲက တစ်ခုကို ကျုပ်တို့လူတစ်ယောက်က ထိန်းချုပ်ထားနိုင်တာဟာ ဂိုဏ်းအတွက် အကျိုးရှိစေမှာပါ။ အထူးသဖြင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ရာထူးပေါ့။ ဒါကြောင့် ခင်ဗျားကို ထောက်ခံတယ်"

"ပြီးတော့ ကံကြမ္မာအလိုအရ ကျုပ်နဲ့ ဝမ်မျိုးနွယ်စုနဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိတဲ့ တစ်ယောက်ယောက်ဟာ ငရဲဧကရာဇ်အဖြစ် ရွေးချယ်ခံရနိုင်တယ်။ သူတို့သာ အောင်မြင်ရင် ခင်ဗျား မြေကမ္ဘာဧကရာဇ် ဖြစ်ဖို့ အခွင့်အရေး ပိုများလာလိမ့်မယ်"

ငရဲစီရင်သူ၏ အကြည့်များ တောက်ပသွားသည်။

"ငရဲဧကရာဇ်လား။ အဲဒါ ဘယ်သူ … "

"အာမခံချက် မရှိသေးဘူးဆိုတော့ အခုလောလောဆယ်တော့ ထပ်ပြောလို့ မရသေးဘူး။ ပြီးတော့ လက်ရှိ အခြေအနေမှာ ယမမင်းတွေရဲ့ ကိစ္စထဲကို ဝင်ပါဖို့က မကောင်းဘူး"

"နားလည်ပါပြီ" ငရဲစီရင်သူက ခေါင်းညိတ်သည်။

"ဂိုဏ်းက ဒီရာထူးတွေအတွက် ယှဉ်ပြိုင်မယ့်သူတွေကို ထောက်ခံပေးနေတာဆိုရင် တခြားနယ်ပယ်တွေမှာ ယှဉ်ပြိုင်ဖို့အတွက်လည်း ငါတို့ ထောက်ခံမှု ရနိုင်မလား" တစ်ဦးက မေးသည်။ ဝမ်ဝေ့၏ ခန့်မှန်းချက်အရ အလယ်၊ မြောက်၊ တောင်၊ အရှေ့နှင့် အနောက် ဆိုပြီး နယ်ပယ်ငါးခု ရှိလိမ့်မည်။ မိမိကိုယ်ကို ယုံကြည်မှု မရှိသော အချို့သူများကလည်း တခြားနယ်ပယ်များတွင် သွားရောက် ယှဉ်ပြိုင်လိုကြသည်။

"လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို ငါ နားလည်ပါတယ်။ အရည်အချင်းရှိတဲ့သူတွေကို ငါတို့ ထောက်ခံပေးမှာပါ။ ဒါပေမဲ့ ငါတို့ဟာ ယူဆချက်အဆင့်မှာပဲ ရှိနေသေးတယ်ဆိုတာကို မမေ့ပါနဲ့။ သတင်းအချက်အလက်တွေ မှားနေခဲ့ရင် မင်းတို့ အရမ်း စိတ်မပျက်စေချင်ဘူး" ချီယွမ်က သတိပေးသည်။

"ဒါက မှန်ပါတယ်။ ဒါပေမဲ့ ငါတို့ ကြိုတင်ပြင်ဆင်လို့ ရတာပဲ။ အကြီးအကဲ ဝမ်ဝေ့... ဒီရာထူးတွေအတွက် စမ်းသပ်မှုတွေကို ဘယ်လို ပြုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး မင်းမှာ ယူဆချက်တွေ ရှိလား" ယန်းရှစ်ရုန်က မေးသည်။ သူသည် ဤကံရာထူးများမှာ သူ့အတွက် အကောင်းဆုံး အရန်အစီအစဉ် ဖြစ်နိုင်သည်ဟု ခံစားနေရသည်။

သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသော်လည်း ပုံမှန် သာလွန်လမ်းစဉ်က အလုပ်မဖြစ်ခဲ့လျှင် အခြားလမ်းတစ်ခုကိုလည်း ရှာထားချင်သည်။

"ကံမကောင်းစွာနဲ့ပဲ သတင်းအချက်အလက်က အလွန်နည်းပါးနေပါသေးတယ်။ ဒါပေမဲ့ လီကျွင်းပြန်လာရင်တော့ သတင်းတွေ ပိုရနိုင်ပါတယ်" ဝမ်ဝေ့က ပြောလိုက်သည်။ ဤအခန်းထဲရှိ လူအများစုမှာ လီကျွင်း ဟူသောအမည်နှင့် ရင်းနှီးပြီးသားဖြစ်သည်။ သူသည် မူလမျိုးနွယ်စု သုံးစု၏ ထိပ်တန်းကြယ်ပွင့်များထဲမှ တစ်ဦးအဖြစ် ကျော်ကြားသူ ဖြစ်သည်။

ဝမ်ဝေ့သည်ပင်လျှင် ထူးခြားသူတစ်ဦး ဖြစ်နေသော်လည်း အသစ်တက်လှမ်းလာသော ယန်းလီလင်းသည် အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိပြီးနောက် ယန်းမျိုးနွယ်စု၏ အကြီးအကဲ ရာထူးကို ရရှိခဲ့ခြင်းကြောင့် လူအများ အံ့အားသင့်ခဲ့ကြသည်။ ထိုဆုံးဖြတ်ချက်မှာ အံ့သြစရာ မဟုတ်ပေ။ ထူးချွန်သူများကို ရာထူးပေးခြင်းဖြင့် သူတို့၏ ကံကောင်းမှုကို ဂိုဏ်း၏ ကံကြမ္မာနှင့် ချိတ်ဆက်ထားလေ့ရှိသည်။

အံ့သြစရာကောင်းသည့်အချက်မှာ ဝမ်ဝေ့နှင့် ယန်းလီလင်းတို့သည် ကမ္ဘာဦးသူတော်စင်များ မဖြစ်မချင်း သူတို့၏ ရာထူးများတွင် ဆက်ရှိနေမည်ဟူသော သတင်းဖြစ်၏။ ထို့အပြင် လီကျွင်း ပြန်လာလျှင်လည်း ထိုကဲ့သို့သော ဆက်ဆံမှုမျိုး ရရှိလိမ့်မည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်နေသည်။

"သူက ဘယ်တော့ ပေါ်လာမှာလဲ"

"သံသရာက သူ့ရဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ထားတဲ့အတွက် ဒါကို တွက်ချက်ဖို့ ခက်တယ်" ဝမ်ဝေ့က အမှန်အတိုင်း ပြန်ဖြေသည်။

"အဲဒီလိုလား" ယန်းရှစ်ရုန်က သက်ပြင်းတိုးတိုး ချလိုက်သည်။

"အနည်းဆုံးတော့ ဒီယူဆချက်ကို ပိုပြီး ယုံကြည်လာနိုင်အောင် အချိန်ကာလ တစ်ခုလောက်ဖြစ်ဖြစ် အရိပ်အမြွက် ပေးလို့ရမလား" အခြားမဟာအကြီးအကဲ တစ်ဦးက မေးသည်။

ငရဲစီရင်သူ၏ စကားများသည် အကြွင်းမဲ့တားမြစ်ချက်ကြောင့် ယုံကြည်မှုလွန်ကဲနေသော သူတို့အား သတိပေးချက်တစ်ခု ဖြစ်စေခဲ့သည်။ သူတို့သည် ချို့ယွင်းချက်ရှိ နည်းလမ်းကို ငြင်းပယ်နိုင်လောက်အောင် မာနကြီးနိုင်သော်လည်း (သို့မဟုတ် ဖန်တီးရန်ပင် ကျရှုံးနိုင်ခဲ့သော်လည်း) ကန့်သတ်ချက်ရှိသော သာလွန်လမ်းစဉ်မှာမူ လက်ခံနိုင်ဖွယ် ရှိနေသည်။

"ကျုပ် တွက်ဆထားသလောက် သာလွန်ခေတ်က ကျုပ်တို့ကမ္ဘာကနေ ပထမဆုံး ကမ္ဘာဦးဟွင်သွမ်းသူတော်စင် ကပ်ဘေးအတွင်း မွေးဖွားလာတဲ့ အချိန်မှာ တရားဝင် စတင်ပါလိမ့်မယ်"

ဝမ်ဝေ့၏ စကားကြောင့် အကြီးအကဲများ မျက်မှောင်ကြုတ်သွားကြသည်။ သူ၏ စကားများမှာ အမှန်တရားများစွာ ပါဝင်နေသည်။ ပထမဆုံး သာလွန်ခြင်းအဆင့်ပုဂ္ဂိုလ် မွေးဖွားလာခြင်းသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဟွင်သွမ်းစကြဝဠာ၏ ကံကြမ္မာဗဟိုချက်အဖြစ် တရားဝင် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သလို စံပြခေတ်ကာလကို အဆုံးသတ်ကာ သာလွန်ခေတ်ကို စတင်ရန် အကောင်းဆုံး အချိန် ဖြစ်ပေသည်။

"အဲဒါ ဖြစ်လာတာနဲ့ ဟွင်သွမ်းစကြဝဠာရဲ့ အပြောင်းအလဲတွေအကြောင်း သတင်းတွေ ဒါမှမဟုတ် အရိပ်အမြွက်တွေ ပေါ်လာပါလိမ့်မယ်။ ကာဒီနယ်တွေရဲ့ ပါဝင်ပတ်သက်မှုတွေ ပိုပြီး မြင်လာရပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျုပ်ရဲ့ ယူဆချက် မှန်၊ မမှန် သိရပါလိမ့်မယ်"

"ငါတို့ ထင်သလောက် အချိန်အများကြီး မရှိတော့ဘူးပဲ" ယန်းရှစ်ရုန်က ရေရွတ်လိုက်သည်။

"ဟုတ်ပါတယ်။ မရှိတော့ဘူး" ဝမ်ဝေ့က ခေါင်းညိတ်သည်။

"ဒါကြောင့် အနာဂတ်အတွက် အစွမ်းကုန် ပြင်ဆင်ထားသင့်တယ်" ချီယွမ်က ဖြည့်စွက်ပြောသည်။ အစည်းအဝေးမှာ ဆက်လက် ကျင်းပခဲ့ပြီး လူတိုင်းသည် လာမည့် ကပ်ဘေးနှင့် ခေတ်သစ်အတွက် စီစဉ်ခဲ့ကြသည်။ အစည်းအဝေးတစ်ခုလုံးမှာ တစ်လကျော် ကြာမြင့်ခဲ့ပြီး မဟာညီလာခံ ကျင်းပရန် ၅ လအလိုတွင် ပြီးဆုံးသွားခဲ့သည်။

အစည်းအဝေးပြီးဆုံးသည်နှင့် ဘိုးဘေးများ ထွက်ခွာသွားကြပြီး ကျန်ရှိသူများမှာ အုပ်စုငယ်လေးများဖွဲ့ကာ ပုဂ္ဂိုလ်ရေးရာများကို ဆွေးနွေးကြသည်။ ဝမ်ဝေ့က ပူးပေါင်းရန် အုပ်စုတစ်စုကို ရှာဖွေစဉ် ဒိုင်မေးရှင်းအနိမ့်မှ စံပြအဆင့် ကိုးဦးတို့မှာ သီးသန့် အုပ်စုဖွဲ့နေကြသည်ကို သတိပြုမိလိုက်သည်။

ထိုအုပ်စုသို့ သွားရောက်ပူးပေါင်းရန် ပြင်လိုက်စဉ် မဟာအကြီးအကဲ လီရှန့်ကျုံးက ဝမ်ဝေ့ထံသို့ လျှောက်လာသည်။

"နှောင့်ယှက်မိတာ စိတ်မရှိပါနဲ့။ အကူအညီလေး တစ်ခုလောက် တောင်းချင်လို့ပါ" လီရှန့်ကျုံးက ဆိုသည်။

"ပြောပါ" ဝမ်ဝေ့က ပြုံးလျက် ပြန်ဖြေသည်။

"ဘယ်လို ပြောရမလဲ ... မျိုးနွယ်စုက လီကျွင်း ရောက်လာမှာကို မျှော်လင့်နေကြတာ။ ဒါပေမဲ့ သူက ယမမင်းတွေနဲ့ ကျင့်ကြံနေတုန်းပဲလေ။ ငါတို့မှာ အလားအလာရှိတဲ့ လီဝမ်လင်း ရှိတယ်။ မင်းမှာ သေမျိုးဘဝစစ်ဆေးမှုအတွက် အမှတ်အသားပြား အချို့ ရှိတယ်လို့ ကြားမိတယ်။ အဲဒါတွေကို လီကျွင်းအတွက် သိမ်းထားတာလို့ ထင်ပေမဲ့ သူက ဒါကို လိုအပ်မှာ မဟုတ်တော့ဘူးလေ … " လီရှန့်ကျုံးက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးကာ ပြောလိုက်သည်။

"လီဝမ်လင်းအတွက် ဝင်ခွင့်တစ်ခု လိုချင်တာလား"

"ဟုတ်ပါတယ်။ အဲဒါအတွက် အလဲအလှယ် တစ်ခုခု ပေးချင်ပေမဲ့ မင်းရဲ့ လက်ရှိ ကျင့်ကြံရေးအဆင့်နဲ့ ဂိုဏ်းက အခွင့်အရေးတွေအရ ငါတို့ မျိုးနွယ်စုမှာ မင်းအတွက် ထိုက်တန်တဲ့အရာ ရှိမယ် မထင်ဘူး"

"ဒါဆို အဲဒီလို လုပ်ရအောင်။ ကျုပ်က အမှတ်အသားပြားတစ်ခု ပေးမယ်။ ဒါပေမဲ့ ကပ်ဘေး စတင်တဲ့အခါ မျိုးနွယ်စု ဒါမှမဟုတ် လီဝမ်လင်း ကိုယ်တိုင်က ဒီဝင်ခွင့်ရဲ့ တန်ဖိုးနဲ့ ညီတဲ့ ကုသိုလ်တွေကို ပြန်ဆပ်ရမယ်" ဝမ်ဝေ့က ပြောလိုက်သည်။ ကပ်ဘေးအတွင်း ကုသိုလ်များ စုဆောင်းရန် အခွင့်အရေးများစွာ ရှိသောကြောင့် ၎င်းမှာ မျှတသော သဘောတူညီချက် ဖြစ်ပေသည်။

ပြောရလျှင် ဤအမှတ်အသားပြား ဝင်ခွင့်က လီကျွင်းနှင့် လီမျိုးနွယ်အတွက် ဖြစ်သော်လည်း သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှု ဖြစ်၍ သူ့စိတ်ကြိုက်လုပ်နိုင်သည်။ ဤကပ်ဘေးဖြင့် စံပြအဆင့်ကို အချိန်တိုအတွင်း ဝင်ရောက်နိုင်စွမ်းရှိသည့် စွမ်းရည်က အချိန်နှင့်အမျှ ပို၍ အဖိုးတန်လာလိမ့်မည်။ ဝမ်ဝေ့က ကျန်ရှိနေသည့် အမှတ်အသားပြား သုံးခုဖြင့် လူတစ်ချို့ကို သတ်ဖို့ စီစဉ်ထားလေ၏။

“ဒါက မျှတပါတယ်” လီရှန့်ကျုံးက ခေါင်းညိတ်လိုက်သည်။

ဝမ်ဝေ့က အမှတ်အသားပြားတစ်ခုကို လီရှန့်ကျုံးထံ ပေးအပ်လိုက်ပြီး ကျန်သူများရှိရာသို့ သွားလိုက်သည်။ သို့သော် သူတို့အနားသို့ ချဉ်းကပ်လိုက်သည်နှင့် သူတို့ ခုနစ်ဦးစလုံးထံမှ ထူးဆန်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ၎င်းမှာ တစ်ဦးနှင့်တစ်ဦး ဟန်ချက်ညီညီ စည်းချက်ကျနေသည်ကို ခံစားလိုက်ရသည်။

"ဒါဆို မင်းမှာလည်း ဒါရှိနေတာပေါ့" အထွေထွေသောင်းပြောင်းက ဆိုသည်။

“ မင်းကို ဆင့်ခေါ်ဖို့ ကျရှုံးပြီးတဲ့နောက်မှာ သက်ရောက်မှုမရှိလောက်ဘူးလို့ ထင်နေတာ”

ဝမ်ဝေ့အနေနှင့် ချီယွမ်သည် ဒုတိယမူလစစ်ပွဲတွင် ပါဝင်ဆင်နွဲရန် တာအိုအခွင့်အလမ်းဂိုဏ်းမှ မဟာဧကရာဇ်အားလုံးကို ဆင့်ခေါ်ဖို့ အစီအရင်တစ်ခုကို အသုံးပြုခဲ့ဖူးကြောင်း အမှတ်ရသွားလေ၏။ သို့သော်လည်း သူတို့က (၁၃) ယောက်မြောက် ဧကရာဇ် ဖြစ်လာမည့် ဝမ်ဝေ့ကို ဆင့်ခေါ်ဖို့ ကြိုးစားရာတွင် တစ်စုံတစ်ခု မှားယွင်းသွားခဲ့လေသည်။

"ဒါက ဘာလဲ" ဝမ်ဝေ့က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါက မဟာမူလဧကရာဇ် (၁၃) ပါး အစီအရင်ရဲ့ ရလဒ်ပဲ။ အင်အားတွေ မျှဝေတာ၊ ကျန်းမာရေးနဲ့ တိုက်ပွဲအတွင်း နေရာချင်းလဲတာ စတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်" လိပ်ခွံက ရှင်းပြသည်။

"ဒါကြောင့်လည်း ငါတို့ ဒုတိယမူလစစ်ပွဲနဲ့ အကြွင်းမဲ့တားမြစ်ချက်ကနေ အသက်ရှင်ခဲ့တာပေါ့"

ဝမ်ဝေ့က သူတို့ကြားရှိ ထူးဆန်းသော အရှိန်အဝါကို အာရုံစိုက်ကြည့်ရာ ထိုစွမ်းရည်များကို သတိပြုမိလိုက်သည်။ သို့သော် ထိုအစီအရင်တွင် မြင်တွေ့ရသည်ထက် ပိုမိုနက်ရှိုင်းသော အရာများ ရှိနေသေးသည်ကိုလည်း ခံစားလိုက်ရသည်။

"ဒီအစီအရင်က ကျုပ်တို့ကို ချိတ်ဆက်ပေးဖို့ ဒါမှမဟုတ် ဘိုးဘေးတွေက ကျုပ်တို့ကို အတိတ်ဆီ ခေါ်ယူဖို့တင် မကဘူးထင်တယ်" ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

"ငါတို့လည်း အဲဒီလိုပဲ ထင်တယ်။ ဒါပေမဲ့ သူတို့က အပြည့်အစုံ ရှင်းမပြဖူးဘူး" သက်တန့်က ဆိုသည်။

"မင်းကိုတော့ ပြောပြရင် ပြောပြလိမ့်မယ်" အထွေထွေသောင်းပြောင်းက ဖြည့်စွက်ကာ ပြောသည်။

"ဖြစ်နိုင်ပါတယ်" ဝမ်ဝေ့က ရေရွတ်လိုက်လေသည်။

All Chapters