တိုက်ပွဲရူး၏ အမှန်တရား
Vol. 111 Ch. 1548
"ခင်ဗျားတို့အားလုံးနဲ့ ဆုံရတာ တကယ်ကို ဂုဏ်ယူစရာပါပဲ။ ခင်ဗျားတို့ရဲ့ ပုံပြင်တွေကို ကြားပြီး ကျွန်တော် ကြီးပြင်းလာခဲ့ရတာ" ဝမ်ဝေ့က ပြုံးလျက် ပြောလိုက်သည်။
“ဟားဟား ... မင်းရဲ့ ပုံပြင်တွေက ငါတို့ထက်တောင် ပိုပြီး ဒဏ္ဍာရီဆန်ပါသေးတယ်” လိပ်ခွံက ရယ်မောရင်း ပြန်ပြောသည်။
"ဟုတ်တယ်။ အခုဆိုရင် မင်းက ငါတို့အများစုထက်တောင် ပိုပြီး အစွမ်းထက်နေပြီပဲ” အထွေထွေသောင်းပြောင်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ဝမ်ဝေ့က ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
သူတို့အားလုံးထဲတွင် အထွေထွေသောင်းပြောင်းနှင့် အရိပ်အုပ်ချုပ်သူတို့သာ ရှေးဦးမူလ ဖြစ်ရန် လိုအပ်ချက်များကို ပြည့်မှီကြလေသည်။ အထွေထွေသောင်းပြောင်းသည် ဝမ်ဝေ့နှင့် ကျင့်ကြံဆင့် တူညီနေပြီး အရိပ်အုပ်ချုပ်သူမှာမူ လိုအပ်ချက် သုံးခုအနက် နှစ်ခုကို ပြည့်မီထားသည်။
လိပ်ခွံမှာမူ ထိုအဆင့်သို့ ရောက်ရန် အရိပ်အယောင်များ ပြသနေသော်လည်း အပြည့်အဝ မရောက်သေးပေ။ ကံမကောင်းစွာဖြင့် သက်တန့် နှင့် ငရဲစီရင်သူတို့မှာ ထိပ်တန်း စံပြအဆင့်များသာ ဖြစ်ကြသေးသည်။
"ကျွန်တော်ရဲ့ အသင်္ချေဝါးမျိုသူဇစ်မြစ်အကြောင်း ဖုံးကွယ်ပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ဆိုသည်။
"ဒါက ဘိုးဘေးရဲ့ ဆုံးဖြတ်ချက်ပါ။ ငါက အမိန့်ကို နာခံရုံပါပဲ” အထွေထွေသောင်းပြောင်းက ခေါင်းညိတ်ပြသည်။
"ဘယ်လိုပဲဖြစ်ဖြစ်ပါ" ဝမ်ဝေ့ ခေါင်းညိတ်လိုက်သည်။ ဤလုပ်ရပ်ကြောင့် သူ့ ဒုက္ခအချို့ကို သက်သာစေခဲ့သည်။
" ခင်ဗျားတို့ကို တစ်ခုလောက် စပ်စုချင်လို့ပါ။ မေးဖို့ သင့်တော်ပါ့မလားတော့ မသိဘူး"
"ငါတို့ ဘယ်လိုမျိုး ဘေးထွက်ဆိုးကျိုး မရှိဘဲ အချိန်ကို ဖြတ်သန်းခဲ့လဲဆိုတာကို သိချင်တာလား” လိပ်ခွံက မေးသည်။
"ခင်ဗျားတို့ အဲဒီကိစ္စကနေ ဘယ်လို လွတ်မြောက်ခဲ့လဲဆိုတာကို သိချင်တာပါ"
"လူတိုင်းအတွက် အစကတော့ အတူတူပါပဲ။ ငါတို့ တက်လှမ်းလာတာနဲ့ တပြိုင်နက် ထူးဆန်းတဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခု ပေးအပ်ခံရပြီး အပြင်လောကနဲ့ မထိတွေ့ဘဲ သီးသန့်ကျင့်ကြံဖို့ အမိန့်ပေးခံရတယ်” အထွေထွေသောင်းပြောင်းက ရှင်းပြသည်။
"အဲဒီနည်းစနစ်က ငါတို့ရဲ့ တာအိုအမှတ်အသားကို မဟာတာအိုအရင်းအမြစ်ကနေ ခေါ်ယူပြီး ငါတို့ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ထူးခြားတဲ့ပုံစံနဲ့ ထိန်းသိမ်းထားနိုင်စေတယ်။ အဲဒီနောက် ကြမ်းပြင်ပေါ်မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာပြီး ငါတို့ကို အချိန်မြစ်ကြောင်းထဲကနေ တဆင့် ပို့ဆောင်ပေးလိုက်တာပဲ။ အဲဒီကို ရောက်သွားတဲ့အခါမှာတော့ ဘိုးဘေးတွေက အဲဒီ တာအိုအမှတ်အသားကို ထုတ်ခိုင်းပြီး ငါတို့ကို နောက်ထပ် ဇစ်မြစ် တစ်ခု ပေးလိုက်တယ်"
"နောက်ထပ် ဇစ်မြစ်တစ်ခုလား။ အဲဒါကြောင့်ပဲ ခင်ဗျားတို့ မမွေးခင်မှာ ရှိနေခဲ့တဲ့ ရှေ့နောက်မညီညွတ်မှုကို ဖြေရှင်းလိုက်နိုင်တာပေါ့” ဝမ်ဝေ့က မှတ်ချက်ပေးသည်။
"အတိအကျပဲ"
"အဲဒါကအဓိပ္ပါယ်ရှိပေမဲ့ ခင်ဗျားတို့ရဲ့ တည်ရှိမှုက အတိတ်ကို ပြောင်းလဲစေတဲ့ လိပ်ပြာအကျိုးသက်ရောက်မှုကိုတော့ မတားဆီးနိုင်ဘူးလေ။ အဲဒီမှာ ရှိနေတာက ခင်ဗျားတို့ မွေးဖွားမလာအောင် တားဆီးသလို ဖြစ်နိုင်တယ်။ ခင်ဗျားတို့ရဲ့ အချိန်စက်ဝန်းက အကြောင်းအကျိုးတွေကနေ ကာကွယ်မခံထားရရင်ပေါ့” ဝမ်ဝေ့က ဆက်ပြောသည်။
"မင်းလို လူမျိုးနဲ့ စကားပြောရတာ တကယ် သဘောကျတယ်။ ရှင်းပြရတာ အာမညောင်းတော့ဘူး” အထွေထွေသောင်းပြောင်းက ခေါင်းညိတ်သည်။
"ခင်ဗျားတို့ရဲ့ အချိန်စက်ဝန်းကို ကာကွယ်ဖို့က လွယ်လို့လား"
"မလွယ်ဘူး” လိပ်ခွံက ပြန်ဖြေသည်။
"ငါတို့မှာ ဖြစ်ပျက်ရမဲ့ အဖြစ်အပျက် စာရင်းတစ်ခု ရှိတယ်။ တခါတလေမှာ ငါတို့က လက်ရှိအချိန်ကို ပြန်လာပြီး အဲဒီအဖြစ်အပျက်တွေ တကယ်ဖြစ်လာအောင် လုပ်ဆောင်ရတယ်။ အချိန်တစ္ဆေတွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံရတတ်တယ်"
"တကယ့်ကို ရယ်စရာကောင်းတဲ့ အခြေအနေပဲ။ ငါတို့ရဲ့ ဘဝတစ်ခုလုံးက တစ်ခုပြီးတစ်ခု လုပ်ပြီးပြီလားလို့ စစ်ဆေးရမဲ့ စာရင်းတစ်ခုလို ဖြစ်သွားခဲ့တာ” သက်တန့်က ခါးသီးစွာ ပြုံးကာ ငြီးတွားလိုက်သည်။
"ငါတို့က ဘိုးဘေးလီနဲ့ ယှဉ်ရင် အတိတ်ကို သိပ်အဝေးကြီး သွားခဲ့ရတာ မဟုတ်လို့ ကံကောင်းတာ။ ငါတို့ တက်လှမ်းလာချိန်က ဒုတိယမူလစစ်ပွဲ အလယ်လောက်မှာဖြစ်ပြီး ငါတို့က စစ်ပွဲအစကိုပဲ သွားခဲ့ရတာ” အထွေထွေသောင်းပြောင်းက ရှင်းပြသည်။
"အဲဒီလို လုပ်ခဲ့ရတာကို နောင်တရဖူးလား” ဝမ်ဝေ့က မေးသည်။
"ငါတော့ နောင်တမရဘူး” ငရဲစီရင်သူက နောက်ဆုံးတွင် စကားပြောလာသည်။
"အဲဒီ အတွေ့အကြုံကပဲ ငါ့ကို ဒီနေ့လို ဖြစ်လာစေတာ။ အဲဒါမရှိရင် ငါ ဒီအဆင့်ကို လွယ်လွယ်နဲ့ ရောက်မှာ မဟုတ်ဘူး"
“ငါရောပဲ” သက်တန့်က ခေါင်းညိတ်လိုက်သည်။
“ငါ့အတွက်တော့ တိုက်ရခိုက်ရလွန်းတယ်” လိပ်ခွံက ပြန်တုံ့ပြန်လာသည်။ သူက တိုက်ခိုက်ရသည်ကို မကြိုက်သလို သူ့တာအိုသည်လည်း ခုခံခြင်းသာ ဖြစ်၏။
“ငါကတော့ တစ်ဝက်စီပဲ” အထွေထွေသောင်းပြောင်းက ပြန်ဖြေလိုက်သည်။
“ဒါက အဆင်ပြေပါတယ်” အရိပ်အုပ်ချုပ်သူက ပြောလာသည်။
“ကျုပ် သိပါပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ခြောက်ယောက်သား စကားစမြည် ပြောပြီးသည့်နောက် ဝမ်ဝေ့က တခြားသူများကိုပါ သိကျွမ်းအောင် ကြိုးစားရင်း စကားပြောဆိုဖို့ ထွက်လာလိုက်သည်။
…………….
ထို့နောက် ဝမ်ဝေ့က အစည်းအဝေးခန်းမမှ ထွက်ကာ ချီယွမ်၏ မူလတောင်ထိပ်သို့ သွားလိုက်သည်။ တောင်တန်းပေါ်တွင် တာအိုပေါင်း ၃၈၀၀၏ အရှိန်အဝါများ ပါရှိသော တိုင်လုံးကြီးများရှိရာ ရွှေရောင်အိမ်တော်သို့ ဝမ်ဝေ့ ရောက်ရှိသွားသည်။
အထဲတွင် ချီယွမ်နှင့် ယန်းအိုက်တို့က စောင့်ဆိုင်းနေကြသည်။
"ပထမဆုံး အစည်းအဝေး ဘယ်လိုနေလဲ” ချီယွမ်က မေးသည်။
"ထင်ထားတာထက် ပိုကောင်းပါတယ်” ဝမ်ဝေ့က အမှန်အတိုင်း ဖြေသည်။ ဒိုင်မေးရှင်းအနိမ့်တွင်မူ ဝမ်ဝေ့သည် အစည်းအဝေးတိုင်းကို ဦးဆောင်နေရသော်လည်း ဤနေရာတွင်မူ သူသည် အချို့နေရာများတွင်သာ ဝင်ရောက် ဆွေးနွေးရန် လိုအပ်သည်။
“မင်း ဒီလိုလုပ်ဖို့ မလိုတာက မင်း မြန်မြန်ဆန်ဆန် အရွယ်ရောက်လာတာကို ငါတို့ သိနေလို့ ဒါကို မလိုဘူးလို့ ထင်တာ။ ဒါပေမဲ့ အကြီးအကဲအများစုကတော့ စံပြဖြစ်လာတဲ့နောက်မှာ စီမံခန့်ခွဲမှုနဲ့ သုံးသပ်ရေးရာမှာ ပြင်းထန်တဲ့ သင်ကြားမှုကို လေ့လာကြရတယ်။ ငါတို့က သူတို့အတွက် အတွေ့အကြုံအသစ်ရဖို့ ကမ္ဘာတစ်ခု တည်ဆောက်ပေးထားတယ်” ချီယွမ်က သူ တွေးနေသည့်အရာကို မှန်းဆမိကာ ရှင်းပြလာသည်။
“ကျွန်တော် အဲဒီအကြောင်း ဖတ်ဖူးတာကို မှတ်မိပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ထိုသတင်းအချက်အလက်ကို သူ ဖတ်ခဲ့ဖူးသည့် ဂိုဏ်းမိတ်ဆက်အကြောင်းအရာတွင် မြင်ခဲ့ဖူးလေသည်။
“ဒီလိုပုံစံမျိုးက တော်ဝင်စာမေးပွဲကိုတောင် အမှတ်ရသွားစေတယ်”
“အဲဒါကနေ ဒါကို ဖန်တီးဖို့ လှုံ့ဆော်မှုရထားတာလေ” ယန်းအိုက်က ပြောလာသည်။
“အဓိပ္ပါယ်တော့ရှိသားပဲ”
"ဒါနဲ့ မင်း ဘာလို့ ငါတို့နဲ့ တွေ့ချင်ရတာလဲ” ချီယွမ်က မေးသည်။
"ကျွန်တော် သီးသန့်ကျင့်ကြံနေစဉ်အတွင်း အိမ်ကို ခဏပြန်ခဲ့တုန်းက သိခဲ့ရတဲ့ သတင်းအချက်အလက်အချို့ကို ဝေမျှချင်လို့ပါ” ဝမ်ဝေ့က စောင့်ကြည့်သူ၊ ပြီးပြည့်စုံခြင်းတို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။ သို့သော် သူနှင့် ဟုန်ကျွင်း၊ ရဝေတို့၏ စကားဝိုင်းကိုမူ လျို့ဝှက်ထားခဲ့သည်။
"ငါ့ရဲ့ ယူဆချက်က မှန်နေတာပဲ။ နောက်ဆုံး စမ်းသပ်မှုဆိုတာ ပထမဆုံး သာလွန်သူရဲ့ ကျရှုံးခဲ့တဲ့ စမ်းသပ်ချက်တွေပေါ့။ အဲဒါကို စောင့်ကြည့်သူလို့ ခေါ်တာလား” ချီယွမ်က ရေရွတ်လိုက်သည်။
"မဟာတာအိုက ဒီချို့ယွင်းချက်ရှိတဲ့ နည်းလမ်းတွေကို ဖျက်ဆီးပစ်ဖို့ မဝံ့ရဲတာက စောင့်ကြည့်သူကို စိတ်ဆိုးမှာ ကြောက်လို့ ဖြစ်နိုင်မလား” ယန်းအိုက်က မေးလာသည်။
"ဖြစ်နိုင်တာပဲ။ မဟာတာအိုက အဆင့်မြင့်အရာကို အသုံးပြုရဲပေမဲ့ ဖျက်ဆီးရဲမှာတော့ မဟုတ်ဘူး" ချီယွမ်က မှတ်ချက်ပေးသော်လည်း ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ ငါတို့ရဲ့ အစီအရင်က အဲဒီ ချို့ယွင်းချက်ရှိတဲ့ မှတ်တမ်းတွေကို ဘယ်လို ခေါ်ယူနိုင်ခဲ့တာလဲ"
“အစ်ကိုကြီး သံသယရှိနေပြီးသား မဟုတ်ဘူးလား” ယန်းအိုက်က တည်ငြိမ်စွာ ပြောလိုက်သည်။
“တစ်စုံတစ်ယောက်က ကျွန်မတို့ကို နယ်ရုပ်အဖြစ် အသုံးချနေတာ။ သူတို့ရဲ့ ပစ်မှတ်က မှတ်တမ်းတစ်ခုလုံး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဆုံးသတ်မှာ ကျရှုံးသွားပြီးတော့ ကျရှုံးပြီးသား လေ့လာစမ်းသပ်မှုတစ်ခု ဒါမှမဟုတ် မှတ်တမ်းတစ်ခုကိုပဲ ဆင့်ခေါ်နိုင်ခဲ့တာ။ မေးခွန်းက ဘယ်သူလဲဆိုတာပဲ ”
“အဲဒါက သိသာနေတယ် မဟုတ်ဘူးလား” ချီယွမ်က မေးလိုက်သည်။
"သုံးပါးတစ်ဆူ အရှင်ပဲပေါ့” ယန်းအိုက်က ဆိုသည်။
"ညီလေးလီကို ကျိန်စာတိုက်ခဲ့တဲ့ အဲဒီ ဝိညာဉ်ကို ငါ အမြဲတမ်း သံသယရှိခဲ့တာ” ချီယွမ်က အံကြိတ်လျက် ပြောသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
"အော်... မင်း မသိသေးဘူးပဲ” ချီယွမ်က ဆိုသည်။
"မူလက ငါတို့ သုံးယောက်စလုံး တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ်တွေ ဖြစ်ခဲ့ကြတာ။ ပြီးတော့ ဒိုင်မေးရှင်းအမြင့်မှာ အတူကြီးပြင်းခဲ့ကြပြီးတော့ ဂိုဏ်းကို တည်ထောင်ခဲ့ကြတာ။ ဒါပေမဲ့ တစ်နေ့မှာ ကမ္ဘာဦးဟွင်သွမ်းထဲမှာ အခု ငါတို့သိထားတဲ့ ကမ္ဘာဦးဟွင်သွမ်းသူတော်စင် … အဲဒီလူတစ်ဦးရဲ့ အမွေအနှစ်ကို တွေ့ခဲ့ကြတယ်။ အဲဒါက သုံးပါးတစ်ဆူ အရှင်ရဲ့ အမွေအနှစ်ပဲ"
“ဟုတ်တယ်။ သူ့အမွေအနှစ်က စိတ်ဝိညာဉ်၊ အဆီအနှစ်နဲ့ ချီပဲ။ အဲဒါက သွေး ဒါမှမဟုတ် အကြောင်းအကျိုးသက်ရောက်မှုပြင်းပြင်းနဲ့ ဆက်နွယ်နေတဲ့ လူသုံးယောက် လိုအပ်တယ်” ချီယွမ်က အတွေးထဲ ယာယီ နစ်မြောသွားလေ၏။
“ငါတို့က အမွေအနှစ်အတွက် စစ်ဆေးမှုမတိုင်ခင် လိုအပ်ချက်နှစ်ခု ပြည့်မှီဖို့ လိုတယ်” ယန်းအိုက်က ထပ်ပြောလိုက်သည်။
“ငါတို့ရဲ့ သွေးသောက် မောင်နှမ ဆက်နွယ်မှုကြောင့် ပထမလိုအပ်ချက်ကို ပြည့်မှီတယ်။ ဒုတိယတစ်ခုက ကံကြမ္မာပဲ။ အဲဒါကြောင့် ငါတို့က အိမ်ကို ပြန်ပြီး ပထမမူလစစ်ပွဲကို စခဲ့ကြတာ”
“သုံးယောက်လုံးလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟုတ်တယ် သုံးယောက်လုံးပဲ” ယန်းအိုက်က ခေါင်းညိတ်လိုက်၏။
"အဲဒီ စမ်းသပ်မှုအတွင်းမှာ အစ်ကိုလီ လုပ်ခဲ့တဲ့ တစ်ခုခုကြောင့် အဲဒီဝိညာဉ်က ဒေါသထွက်ပြီး သူ့ကို ကျိန်စာတိုက်ခဲ့တယ်။ သူ့ရဲ့ အချိန်စက်ဝန်းက အတင်းအဓမ္မ ပြောင်းလဲခံလိုက်ရတာကို ငါတို့ ထိတ်လန့်တကြား ကြည့်ခဲ့ရတယ်” ယန်းအိုက်က သက်ပြင်းချရင်း ပြောသည်။
"သူ့ရဲ့ ကောင်းကင်ဆန္ဒတိုက်ပွဲမှာ ရှုံးနိမ့်သွားစေပြီး ထာဝရဧကရာဇ် မဖြစ်အောင် တားဆီးပိတ်ပင်လိုက်တာပဲ။ အဲဒါကြောင့် သူ တက်လှမ်းလာတဲ့အခါမှာ သူ့ကို အတိတ်ဆီ ပြန်ပို့ပြီး အစကနေ ပြန်ကြီးထွားလာအောင် ငါတို့ လုပ်ခဲ့ရတာ"
"စံပြအဆင့် တစ်ယောက်ရဲ့ အချိန်စက်ဝန်းကို အလွယ်တကူ ပြောင်းလဲပစ်နိုင်တာလား။ ဒါက သာလွန်သူတော်စင် တစ်ယောက်ရဲ့ စွမ်းအားလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
"ဒါက အစကတည်းက အကွက်ချထားတဲ့ စီမံကိန်းပဲ” ချီယွမ်က ဆိုသည်။
"အချိန်စက်ဝန်းကို ပြောင်းလဲတာက မဟာတာအိုစနစ်မှာ ချို့ယွင်းချက်တစ်ခု ဖန်တီးဖို့ပဲ။ အဲဒီ ချို့ယွင်းချက်ကနေတဆင့် သုံးပါးတစ်ဆူအရှင်က စောင့်ကြည့်သူရဲ့ မှတ်တမ်းတွေကို ခေါ်ယူပြီး ရှေ့ဆက်ဖို့ လမ်းစကို ရှာချင်နေတာ"
"ဟုတ်တယ်။ ငါတို့က အကြွင်းမဲ့တားမြစ်ချက်ကို ဆင့်ခေါ်ဖို့ အမွေအနှစ်ကို အသုံးပြုခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ငါတို့အားလုံးက စီမံကိန်းကြီးတစ်ခုရဲ့ ရုပ်သေးရုပ်တွေ ဖြစ်ခဲ့တာပေါ့” ချီယွမ်က ခါးသီးစွာ ပြုံးလိုက်သည်။
“ဟုန်အာက ဘိုးဘေးတို့ အတိတ်ကနေ လူကို ဆင့်ခေါ်တဲ့နည်းလမ်းကို သင်ယူနိုင်တာက အချိန်ကာဒီနယ်နဲ့ အပေးအယူကြောင့်လို့ ပြောဖူးတယ်။ အဲဒါ အမှန်ပဲလား”
“ဒါက ငါ အချိန်စက်ဝန်းကို ပြန်လည်ရေးသားပြီးတဲ့နောက်မှာ ညီလေးလီကို ဘယ်လိုဆင့်ခေါ်နိုင်ခဲ့တာလဲဆိုတာ ရှင်းပြချက်ပဲ” ချီယွမ်က တစ်စုံတစ်ခုကို တွေးမိကာ ပြောလိုက်သည်။
“မင်း ပြောချင်တာက …”
"သုံးပါးတစ်ဆူအရှင်ဟာ အချိန်ကာဒီနယ်နဲ့ ပူးပေါင်းနေတာ ဖြစ်နိုင်သလို သူ့ကို ရုပ်သေးရုပ်လို အသုံးချနိုင်လောက်အောင် အစွမ်းထက်နေတာလည်း ဖြစ်နိုင်တယ်” ဝမ်ဝေ့က ဆိုသည်။
“ခုံရုံးသူတော်စင် … ”
ချီယွမ်က လက်စားချေလိုစိတ်များကိုပင် ဖျောက်ပစ်လိုက်ရသည်။ ထိုအဆင့်မှာ သူတို့ကိုင်တွယ်နိုင်သည့် အရာ မဟုတ်ပေ။
"ခင်ဗျားတို့ရဲ့ တည်ရှိမှုကိုရော စစ်ဆေးဖူးကြလား” ဝမ်ဝေ့က ရုတ်တရက် မေးလိုက်လေသည်။