စစ်တုရင်ခုံ၏ အခန်းကဏ္ဍ
Vol. 111 Ch. 1554
ယင်ကျန်းက သူ့ဆိုးရွားလှသော စိတ်အခြေအနေကြောင့် ဖြစ်ပေါ်လာသည့် ထူထပ်သောအမှောင်ထုများ ဝန်းရံလျက် ပလ္လင်နက်ပေါ်တွင် ထိုင်နေသည်။ သူက ဝမ်ဝေ့အကြောင်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည့် စာလိပ်တစ်ခုကို အာရုံစိုက်ဖတ်ရှုနေ၏။ ထိုစာအုပ်ထဲတွင် ဒိုင်မေးရှင်းအနိမ့်မှ အချက်အလက်များသာမက ဝမ်ဝေ့ ပါဝင်ပတ်သက်ခဲ့ဖူးသည့် ကိစ္စ သို့မဟုတ် ပါဝင်သည်ဟု သံသယရှိရသည့် ဖြစ်ရပ်အားလုံး ပါဝင်သည်။
လူတွေက သူ့ရဲ့ နိမိတ်ဖတ်တဲ့ စွမ်းရည်ကို အာရုံမစိုက်မိကြဘူးလို့ သူ ပြောတာ မှန်တယ် …
ယင်ကျန်း တွေးလိုက်သည်။
ဒါပေမဲ့ ငါ တကယ်ပဲ သူ့စကားကို ယုံလို့ရပါ့မလား …
ဟုန်ကျွင်းသည် သူ့နောက်ကို လွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ကြောင်း ယင်ကျန်း ကောင်းကောင်းသိပေသည်။ အကယ်၍ ဟုန်ကျွင်းက လူတစ်ယောက်ကို လူပြန်ဝင်စားစေနိုင်လျှင် အခြားသူများကိုလည်း လူပြန်ဝင်စားစေနိုင်ပေမည်။
သူက သမိုင်းမတိုင်မီကမ္ဘာမှ လူများ၏ အရိပ်အယောင်ကို စောင့်ကြည့်နေခဲ့သည်။
လူနှစ်ယောက် တစ်ကမ္ဘာတည်းမှာ လူပြန်ဝင်စားဖို့ ဘယ်လောက်အထိ အခွင့်အလမ်းရှိမလဲ …
ဖြစ်နိုင်ခြေအရ တစ်စုံတစ်ယောက်က ထိန်းချုပ်မထားလျှင် ထိုသို့ဖြစ်ရန် အခွင့်အလမ်း အလွန်နည်းပါးသည်။ သို့သော် ယင်ကျန်းက သူကိုယ်တိုင်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ရှိနေသင့်သူ မဟုတ်ကြောင်း သိသည်။ သူ့ထူးကဲသာလွန်လမ်းစဉ်သည် ဤနေရာတွင် ရှိသည်ဟု တွက်ချက်မိပြီးနောက် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ထွန်းကားလာမှုကို ငါ ကြိုတင်ဟောကိန်းထုတ်နိုင်ရင် ဟုန်ကျွင်းက ငါ့ထက်တောင် ပိုပြီး ကောင်းကောင်းလုပ်နိုင်မှာပဲ။ သူ နယ်ရုပ်တစ်ရုပ် လွှတ်လိုက်တယ်ဆိုတာ အဓိပ္ပာယ်ရှိပါတယ် …
ယင်ကျန်းက သူ သတိမထားမိဘဲ ကျော်လွန်သွားခဲ့သော အရာတစ်ခုကို သတိပြုမိသွားပြီး ခဏရပ်လိုက်သည်။ သူက ဝမ်ဝေ့၏ ကောင်းကင်ခုံရုံးနှင့် ပတ်သက်သည့် အချက်အလက်များကို အာရုံစိုက်ကြည့်လိုက်၏။
ငါ အစောကြီးကတည်းက သတိထားမိသင့်တာ …
ယင်ကျန်း၏ မျက်နှာထားမှာ ပျက်ယွင်းသွားသည်။ ဝမ်ဝေ့ ခုံရုံးကို တည်ထောင်ပုံမှာ ယင်ကျန်းသိထားသည့် ကျောက်စိမ်းဧကရာဇ်နှင့် သူ့ကောင်းကင်ခုံရုံး ပုံပြင်များနှင့် အလွန်အမင်း ဆင်တူနေသည်။
ယခင်ကမ္ဘာမြေပေါ်တွင် ရှိစဉ်က ယင်ကျန်းက ထာဝရရှင်သန်ခြင်းကို အစွဲအလမ်းကြီးခဲ့ပြီး နေရာအနှံ့ ရှာဖွေခဲ့ဖူးသည်။ သူက ဒဏ္ဍာရီများနှင့် ပုံပြင်များကို လေ့လာကာ အတိတ်က နတ်ဘုရားများအကြောင်း သင်ယူခဲ့သည်။ ကံမကောင်းစွာဖြင့် သူ သေဆုံးပြီးနောက် ဟုန်ကျွင်းက သူ့ဝိညာဉ်ကို ခေါ်ယူလိုက်ချိန်မှသာ ထူးခြားသော စွမ်းအားများနှင့် စတင် ထိတွေ့ခွင့်ရခဲ့ခြင်း ဖြစ်၏။
အခုတော့ သူက ဟုန်ကျွင်းရဲ့ နောက်လိုက်ခွေးဆိုတာ သိပြီမလို့ သူ့ကို အမြစ်ပြတ် သုတ်သင်ရမယ်
ယင်ကျန်း တွေးလိုက်ရင်း သူ့မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားကာ ပလ္လင်ခန်းမတစ်ခုလုံးကို အနီရောင်ရင့်ရင့် သန်းသွားစေသည်။ နှစ်ပေါင်းများစွာ သတိထားကြံစည်မှုများနှင့် အကြွင်းမဲ့တားမြစ်ချက်အတွင်း ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုကြောင့် ယခုအခါ သူက ကျောက်စိမ်းလိပ်ပြာ ဆွဲသီးကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟု ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။
ယင်ကျန်းက ဟုန်ကျွင်းနှင့် ရင်မဆိုင်မီ ကမ္ဘာဦးဟွင်သွမ်းသူတော်စင်တစ်ယောက်ဖြစ်လာရန် စီစဉ်ထားပြီး ဟုန်ကျွင်းထံမှ ဆွဲသီးတစ်ခုလုံးကို သိမ်းယူနိုင်ရန်ပင် ရည်မှန်းထားသည်။ သို့သော် ယခုအခါ ဟုန်ကျွင်း၏ နောက်လိုက်ခွေးသည် သူ့နယ်မြေအတွင်း ရှိနေနိုင်ပြီး သူ့ကို ဟုန်ကျွင်းထံ အညံ့ခံရန် ကြိုးစားနေသည်ကို သူ သိသွားပြီ ဖြစ်၏။
ယင်ကျန်းက လက်ထဲမှ စာလိပ်ကို ဖယ်လိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။ နောက်ထပ် နှစ်နာရီခန့် သူက ငြိမ်သက်စွာ ထိုင်နေရင်း သူ့ရန်သူနှင့် အနာဂတ်အကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ ဤသိရှိမှုအသစ်သည် သူ့စီမံကိန်းအချို့ကို ပြောင်းလဲစေခဲ့သဖြင့် ပိုမိုအသေးစိတ်ကျသော ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရန် အချိန်ယူလိုက်ခြင်း ဖြစ်သည်။
"စုံစမ်းစစ်ဆေးမှု ရလဒ်က ဘာလဲ" ယင်ကျန်းက ရုတ်တရက် မေးလိုက်သည်။
"အဲဒီဆေးပင်က မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ အမြုတေမြက်လို့ ခေါ်တဲ့ ပစ္စည်းတစ်ခုပါ။ အဓိကအားဖြင့် ဂိတ်ပေါက်တွေကို ဖွင့်ဖို့အတွက် ခန္ဓာကိုယ်သန့်စင်တဲ့ ဆေးလုံးတွေမှာ သုံးပါတယ်" နက်ရှိုင်းသော အသံတစ်ခုက ပြန်ပြောလာသည်။
"သိပ်ပြီး တန်ဖိုးရှိပုံမရဘူးပဲ။ ဒါကို သူက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ" ယင်ကျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီဆေးပင်မှာ တခြားလျှို့ဝှက်ချက်တွေ ရှိသေးလား ဆက်ရှာကြည့်လိုက်"
"အမိန့်အတိုင်းပါ"
"ငါ့ရဲ့ ဒုတိယသားကို သွားစုံစမ်းပြီး သူ့ရဲ့ အစ်ကိုကြီးကို ရန်စခိုင်းလိုက်။ သူ မဟာညီလာခံကို မဖျက်ဆီးမိအောင် ငါ သူ့ကို တစ်ခုခု လုပ်စရာ ပေးထားဖို့ လိုတယ်။ ချင်ပြည်နယ်ရဲ့ မင်းသားဘွဲ့ဆိုတာ မွေးဖွားမှုအပေါ် မမူတည်ဘူး။ ငါ့မှာ အဲဒီလိုသားတွေ အများကြီးရှိတာပဲ။ အဲဒါကို ခွန်အားအပေါ်မှာပဲ ဆုံးဖြတ်တာ … ကံမကောင်းစွာနဲ့ ယင်ရုန်လွေ့က ပထမမင်းသားနေရာကို ကြာကြာယူထားနိုင်ခဲ့တော့ ဘဝင်မြင့်လာတာပဲ" ယင်ကျန်းက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
…………………
ဝမ်ဝေ့သည် မျှော်နန်းထဲမှ တိုက်ပွဲကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
သူ ဒါကို ရိပ်မိသွားလောက်ပြီ …
ဝမ်ဝေ့၏ ပြုမူပုံနှင့် သူ ဒိုင်မေးရှင်းအနိမ့်တွင် ဖန်တီးခဲ့သည့် အရာများကြောင့် သူက လူဝင်စားတစ်ဦးဖြစ်ကြောင်း လူအများအပြား ရိပ်မိနေကြပြီ ဖြစ်သည်။
ထိုလူများသည် မိုက်မဲသူများ မဟုတ်ပေ။ ကောင်းမွန်သော အတွေးအခေါ် အနည်းငယ်ရှိခြင်းမှာ သာမန်ဖြစ်သော်လည်း ဤမျှလောက် များပြားလှသော အကြံဉာဏ်သစ်များနှင့် ယူဆချက်များမှာ စတင်ဖန်တီးကတည်းက ပြီးပြည့်စုံနေခြင်းသည် အခြားကိစ္စတစ်ခု ဖြစ်သည်။ တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် ရှင်းပြချက်မှာ ထိုစိတ်ကူးဉာဏ်များသည် အခြားပြီးပြည့်စုံပြီးသား လူမှုအဖွဲ့အစည်းတစ်ခုမှဖြစ်ပြီး ဝမ်ဝေ့က ဤကမ္ဘာနှင့် ကိုက်ညီအောင် ဘာသာပြန်ပေးခြင်းသာ ဖြစ်နိုင်သည်။
ယင်ကျန်း၏ သံသယဖြစ်တတ်သော သဘာဝအရ ဝမ်ဝေ့ကို စတင် ခွဲခြမ်းစိတ်ဖြာတော့မည်ဖြစ်လေရာ ဝမ်ဝေ့သည် အထူးသဖြင့် ဒိုင်မေးရှင်းအနိမ့်တွင် အမှတ်အသားများစွာ ချန်ထားခဲ့သဖြင့် ယင်ကျန်း အမှန်တရားကို သိရှိသွားရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။ သို့သော် ဝမ်ဝေ့သည် သူ့ရွေးချယ်မှုအတွက် နောင်တမရမိပေ။
ဟုန်အာကို ကာကွယ်ဖို့အတွက်ဆိုရင် ဒါက ထိုက်တန်တဲ့ အလဲအလှယ်ပါပဲ။ ပြီးတော့ ယင်ကျန်းနဲ့ ငါက ဘယ်လိုပဲဖြစ်ဖြစ် ထိပ်တိုက်တွေ့ဖို့ ကံပါပြီးသားပဲ။ ဒါက အခြေအနေကို ပိုပြီး မြင့်တက်သွားစေတာပေါ့ …
ဝမ်ဝေ့က သူ့ဝိုင်ကို တစ်ငုံသောက်လိုက်သည်။ တိုက်ပွဲက ရုတ်တရက် စိတ်ဝင်စားဖို့ ကောင်းလာပြီး သူ ထွက်သွားတော့မည့်အချိန်တွင် တစ်ခုခုကို အာရုံခံမိလိုက်သည်။
"မင်းကို ပြန်တွေ့ရတာ ကောင်းလိုက်တာ "
ဝမ်ဝေ့၏ အရိပ်ထဲမှ လူတစ်ယောက် ဖြည်းဖြည်းချင်း တက်လာသည်။ ထို့နောက် အနီရောင်မျက်နှာဖုံးက ဦးညွှတ်လိုက်၏။
"နေကောင်းရဲ့လား"
"သခင် ... ကျွန်မကို မေ့သွားပြီလား"
"မမေ့ပါဘူး" ဝမ်ဝေ့က ခန္ဓာကိုယ်ကို အနည်းငယ် နေရခက်စွာ လှုပ်ရှားရင်း ပြောလိုက်သည်။
"ဒါဆို ဘာလို့ ကျွန်မကို မခေါ်တာလဲ"
ဝမ်ဝေ့က အနည်းငယ် ချောင်းဟန့်လိုက်ပြီး "မင်း ငါ့ရဲ့ သီးသန့်ကျင့်ကြံရေးကနေ အကျိုးသက်ရောက်မှုတွေ ရနေမှာ သိလို့ မနှောင့်ယှက်ချင်တာပါ။ ပြီးတော့ မင်းကို ငါ အလုပ်တစ်ခု ပေးထားတယ် မဟုတ်လား"
အနီရောင်မျက်နှာဖုံးက သူ့ကို ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
"ကျွန်မ မှတ်ဉာဏ်တွေအားလုံးကို လွှဲပြောင်းယူပြီးပါပြီ"
"ပြီးတော့ရော"
"အများစုက အသုံးမဝင်ပါဘူး။ တချို့ အစိတ်အပိုင်းတွေမှာတော့ ကျွမ်းကျင်မှုနဲ့ ကျင့်ကြံရေး နည်းစနစ်တွေအကြောင်း အသုံးဝင်တဲ့ ဗဟုသုတတွေ ပါပါတယ်”
"အသုံးဝင်တဲ့ သတင်းအချက်အလက်တွေရော ”
"ကျွန်မတို့ရဲ့ ဂမ္ဘီရတွက်ချက်မှုအရ သတင်းအချက်အလက် အများစုက လွန်ခဲ့တဲ့ အချိန်အတော်ကြာက ဖြစ်ရပ်တွေမို့လို့ အသုံးမဝင်တော့ပါဘူး" အနီရောင်မျက်နှာဖုံးက တင်ပြသည်။
"ဒါပေမဲ့ ကမ္ဘာဦးဟွင်သွမ်းထဲက ကံအပြောင်းအလဲ အခွင့်အရေးကနေ လျှို့ဝှက်ချက်တချို့ကို တွေ့ခဲ့ပါတယ်။ အဲဒီထဲက နှစ်ခုကတော့ အခုထိ အသုံးဝင်သေးတယ်လို့ အတည်ပြုထားပါတယ်”
"ငါ မင်းကို ကိုယ်ပွားတစ်ခု ပေးမယ်။ သူ့ကို တည်နေရာအမှတ်အသားတွေ ပေးလိုက်။ သူ အဲဒီနေရာတွေကို သွားစစ်ဆေးလိမ့်မယ်" ဝမ်ဝေ့က ချက်ချင်းပြောလိုက်သည်။ သူသာ အမြန်မလုပ်လျှင် ထိုကောင်းကင်စာအုပ်ကောင်စုတ်က ဤကံအပြောင်းအလဲအခွင့်အရေးများကို ယူသွားလိမ့်မည်ဟု သူ တွေးမိသောကြောင့် ဖြစ်၏။
"ကောင်းပါပြီ”
"တခြား တင်ပြစရာ ရှိသေးလား" ဝမ်ဝေ့က မေးလိုက်သည်။
"အများကြီးရှိပါတယ်" အနီရောင်မျက်နှာဖုံးက သူမ၏ လေသံထဲတွင် အပြစ်တင်လိုစိတ်ကို မဖုံးကွယ်ဘဲ ပြန်ဖြေသည်။
"ငါ နားထောင်နေပါတယ်" ဝမ်ဝေ့က သူမ၏ အပြစ်တင်မှုကို လျစ်လျူရှုကာ ပြောလိုက်၏။
"ခိုးယူသူရဲ့ ဗဟုသုတတွေကို ကျွန်မတို့ တပ်ဖွဲ့ထဲ စတင်ပေါင်းစပ်မှုက အောင်မြင်ခဲ့ပါတယ်။ အဲဒီကတည်းက ကျွန်မတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှုနှုန်းက ၃၇ ရာခိုင်နှုန်း တိုးလာပါတယ်”
"ဒါ ဝမ်းသာစရာပဲ။ ဒါပေမဲ့ ဘာလို့ အစပျိုးပေါင်းစပ်မှုပဲ ရှိသေးတာလဲ”
"ကံကြမ္မာခိုးယူခြင်း ကျင့်ကြံရေးနည်းစနစ်အသစ်ကို သင်ယူနိုင်တဲ့သူတွေကို လေ့ကျင့်ပေးဖို့ အချိန်ယူရလို့ပါ" အနီရောင်မျက်နှာဖုံးက ရှင်းပြသည်။ "ပိုအရေးကြီးတာက ကျွန်မရဲ့ ပါရမီက အကန့်အသတ်ရှိပြီး သခင်ကိုယ်တိုင် ဒီကျင့်ကြံရေးနည်းစနစ်ကို ပြီးပြည့်စုံအောင် လုပ်ပေးဖို့ လိုပါတယ်”
သူမသည် ကံကြမ္မာခိုးယူခြင်း ကျင့်ကြံရေးနည်းစနစ်သာမက ကံကြမ္မာအရိပ်အစောင့်တပ်ဖွဲ့အတွက် သူမ ဖန်တီးထားသည့် လေ့ကျင့်ရေးအစီအစဉ်သစ်များ အသေးစိတ်ပါဝင်သော အဆောင်တစ်ခုကို သူ့ထံ ကမ်းပေးလိုက်သည်။
"ပြဿနာမရှိဘူး" ဝမ်ဝေ့က ခေါင်းငြိမ့်ပြလိုက်သည်။
"အခုကတော့ အဓိက တင်ပြချက်ပါ" အနီရောင်မျက်နှာဖုံးက ဆက်ပြောသည်။
"ယွမ်ထီမူလဗိမာန်က ထူးထူးခြားခြား ငြိမ်သက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ မျိုးနွယ်အထွတ်အမြတ်တောင်က စစ်ပွဲကြီးကြီးမားမားအတွက် ပြင်ဆင်နေပါတယ်”
"စစ်ပွဲဆိုတာ ဗိမာန်နဲ့ တိုက်မှာကို ပြောတာလား”
"မှန်ပါတယ်။ သူတို့က ကပ်ဘေးအတွက် ပြင်ဆင်နေသယောင် ဟန်ဆောင်ထားပေမဲ့ သူတို့ရဲ့ ရန်သူဟောင်းကို တိုက်ဖို့ဆိုတဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်”
"ဒါဆို တင်းမာမှုတွေ မြင့်တက်နေတာပေါ့" ဝမ်ဝေ့ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူတို့သည် ကပ်ဘေးမတိုင်မီ စတိုက်ကြမလား သို့မဟုတ် ကပ်ဘေးပြီးမှ စောင့်မလားဆိုသည်ကို သူ သိချင်နေမိသည်။
"ကျွန်မတို့ လူတွေက နတ်ဘုရားယုံကြည်မှုကောင်းကင်ဘုံနဲ့ အကန့်အသတ်မဲ့လှယ်ရေးခန်းမတို့ကြား လျှို့ဝှက်တွေ့ဆုံမှုကို စုံစမ်းမိပါတယ်။ သူတို့က လျှို့ဝှက်မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးနေကြပါတယ်”
"မင်း ဒီလောက် တန်ဖိုးရှိတဲ့ သတင်းကို ရခဲ့တာလား”
"ကျွန်မတို့ အစောင့်တွေအတွက် လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ အထောက်အထားကို ခိုးယူဖို့က ပိုလွယ်ကူသွားပါပြီ။ အရင်က ကျွန်မတို့အပေါ် သုံးခဲ့တဲ့ စုံစမ်းစစ်ဆေးမှု နည်းလမ်းအဟောင်းတွေက အခုတော့ အသုံးမဝင်တော့ပါဘူး" အနီရောင်မျက်နှာဖုံးက ရှင်းပြသည်။
"ကျိမင်ရဲ့ သူခိုးတာအိုတန်ဖိုးကို ငါ အပြည့်အဝ သတိမထားမိခဲ့ဘူး ထင်တယ်" ဝမ်ဝေ့ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘယ်သူက ဒီမဟာမိတ်ကို စတင်တာလဲ။ ဆွေးနွေးမှုတွေက ဘယ်လောက်အထိ ရောက်နေပြီလဲ”
"နတ်ဘုရားယုံကြည်မှုကောင်းကင်ဘုံက စတာပါ။ အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမကတော့ စိတ်ဝင်စားပေမဲ့ ညီလာခံပြီးမှ ဆုံးဖြတ်ချင်နေတာပါ”
"အားနည်းတဲ့ အာဏာရှင်တွေက ဖိအားကို စတင်ခံစားနေရပြီး စုပေါင်းဖို့ ဆုံးဖြတ်လိုက်ကြပုံပဲ" ဝမ်ဝေ့က ခွဲခြမ်းစိတ်ဖြာလိုက်သည်။ သူက ဝိုင်ကို သောက်ရင်း မျက်မှောင်ကြုတ်လိုက်၏။
"သူတို့ မဟာမိတ်ဖွဲ့တာကို ငါတို့ ခွင့်ပြုလို့မရဘူး”
"ကျွန်မ ဆွေးနွေးတဲ့သူတစ်ယောက်ကို လုပ်ကြံလိုက်ပြီး အခြားအာဏာရှင်တစ်ယောက် လုပ်သယောင် အထောက်အထားအချို့ ချန်ထားခဲ့လို့ ရပါတယ်" အနီရောင်မျက်နှာဖုံးက အကြံပေးသည်။
"မဟုတ်ဘူး။ အဲဒါက သိပ်ပြီး သိသာလွန်းတယ်”
"ဒါဆို မဟာမိတ်ဖွဲ့တာကို မလိုလားတဲ့ အဲဒီအင်အားစုတွေထဲက လူတစ်ယောက် လုပ်သယောင် ဖန်တီးလို့ရပါတယ်" အနီရောင်မျက်နှာဖုံးက ထပ်မံ အကြံပေးသည်။
"မင်းက ယွမ်ထီတစ်ယောက်အဖြစ် ဟန်ဆောင်နိုင်တာမျိုး မဟုတ်ရင် မင်းရဲ့ အစီအစဉ်က မဟာမိတ်ဖွဲ့တာကို ခဏပဲ ကြန့်ကြာစေလိမ့်မယ်" ဝမ်ဝေ့ ခေါင်းခါလိုက်သည်။ အနီရောင်မျက်နှာဖုံးတွင် အကြံကုန်သွားပြီ ဖြစ်သည်။ သခင့်အရိပ်ကျင့်စဉ်က ထူးကဲလှသော်လည်း ထိပ်သီးစံပြအဆင့်သာ ရှိသေးသည်။
ဘိုးဘေးများက ၎င်းကို အဆင့်မြှင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် အရိပ်အုပ်စိုးသူ ရှေးဦးမူလ ဖြစ်လာမှ သို့မဟုတ် ဘိုးဘေးတစ်ယောက်က ကမ္ဘာဦးသူတော်စင် ဖြစ်လာမှသာ သူမ ထိုစွမ်းအားကို ရယူနိုင်လိမ့်မည်။
"စိတ်မပူနဲ့။ ငါ့မှာ ပိုကောင်းတဲ့ အကြံရှိတယ်" ဝမ်ဝေ့ ပြုံးလိုက်ရင်း သူ့စစ်တုရင်ခုံကို ခေါ်ယူလိုက်သည်။ သူက ထုံရို့ပင်း အမည်ပါသော စစ်တုရင်နယ်ရုပ်ကို ကြည့်ကာ ညွှန်ပြလိုက်သည်။ အဝေးတစ်နေရာ၌ အရည်အချင်းလမ်းစဉ်အဖွဲ့အစည်း၏ နယ်မြေတွင် ညီလာခံရလဒ်ကို စောင့်ဆိုင်းနေသော ထုံရို့ပင်းသည် ရုတ်တရက် အကြံတစ်ခု ရလာသည်။
အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမနဲ့ မဟာမိတ်ဖွဲ့လိုက်ရင် ကောင်းသွားမလား …
ဤလေလွင့်ကျင့်ကြံသူများသည် အမြဲတမ်း အရင်းအမြစ်များ လိုအပ်နေပြီး သူမ၏ အဖွဲ့အစည်းတွင် ဘယ်တော့မှ မပြတ်လပ်သည့် အရာမှာ အရင်းအမြစ်များပင် ဖြစ်၏။ ကျွမ်းကျင်ပညာရှင်များသည် ဆေးလုံးများ၊ အဆောင်များ၊ အစီအရင်များ စသည်တို့ကို ဖော်စပ်ရန် ကုန်ကြမ်းများ လိုအပ်သည်။ သို့သော် ထိုကုန်ကြမ်းများကို ရှာဖွေသည့် လုပ်ငန်းစဉ်မှာ အန္တရာယ်များပြီး အချိန်ကုန်စေသည်။ အကောင်းဆုံး ဖြေရှင်းချက်မှာ လူအုပ်စုကြီးတစ်ခုက ကုန်ကြမ်းများကို စုဆောင်းပေးပြီး ထိုကုန်ထွက်ပစ္စည်း၏ အစိတ်အပိုင်းအနည်းငယ်ကို ပြန်လည်လဲလှယ်ပေးခြင်းပင် ဖြစ်သည်။
ကပ်ဘေးက လာတော့မယ်။ ဒီလို မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့တာက နှစ်ဖက်စလုံးအတွက် အကျိုးရှိလိမ့်မယ် …
ထုံရို့ပင်းက တွေးလိုက်သည်။ သူမသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဤအကြံကို တင်ပြရန် တစ်စုံတစ်ယောက်ကို တွေ့ဖို့ အခန်းထဲမှ ထွက်လာခဲ့တော့သည်။