← Chapters

နတ်ဆိုးခေတ်မှ ရတနာ ... ။

Vol. 77 Ch. 913

နတ်ဆိုးခေတ်မှ ရတနာ ... ။

Vol. 77 Ch. 913

နတ်ဆိုးတောင်တန်းအတွင်း လူအုပ်ကြီးသည် ထုံထိုင်းငြိမ်သက်နေရာမှ တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။

ထို့နောက် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် တစ်ခဏအတွင်း အုန်းအုန်းကျွက်ကျွက် ဆူညံသွား၏။

ဝမ်းသာအားရ အော်ဟစ်သံများသည် ကောင်းကင်သို့တိုင်အောင် ဟိန်းထွက်သွား လေသည်။

“ အရိုင်းမြေကိုးပါးမှာ စီနီယာစုလို တစ်စုံတစ်​ယောက် ရှိနေတာ တကယ့်ကို ကံကောင်းတာပဲ။ ”

“ အမှန်အတိုင်း ဝန်ခံရရင် အဲဒီကြယ်ဗဟိုဒေသက အင်အားစုတွေကြောင့် ငါ တကယ်ကို စိတ်ဓာတ်တွေ ပြိုလဲမတတ် ဖြစ်ခဲ့ရတာ ... ။ ”

ဖြစ်ပျက်ခဲ့သမျှသည် အလွန်ပင် ဖိအားများချေ၏။ ကြယ်ဗဟိုဒေသရှိ ဧကရာဇ် (၁၀၀)ကျော်နှင့် နယ်ပယ်ဘုရင် (၁၆)ဦးတို့သည် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ကျူးကျော်လာခြင်းဖြစ်သည်။

ထို့ကြောင့် ရွှမ်ဟွမ်ကြယ်စုရှိ သာမန်ကျင့်ကြံသူများသာမက ဧကရာဇ်အဆင့် ထိုသက်ရှိရုပ်ကြွင်းကြီးများပင် မျှော်လင့်ချက် ကင်းမဲ့ကာ အားကိုးရာမဲ့ဖြစ်ခဲ့ရ၏။

ရန်သူသည် ကြီးစိုးပြီး အထိန်းအကွပ်မဲ့လွန်းကာ သူတို့အားလုံးအပေါ် ပိုးမွှားများအလား ယူဆခဲ့သည်။ ယင်းကြောင့် ယခု ဘီလူးစု၏နိုင်ပွဲသည် သူတို့၏အနည်းငယ် ဖြေလျော့ပေးချေ၏။

“ အကြီးအကဲစု ... ဒီအဖိုးကြီး မှားသွားပါတယ် သဘောထားကြီးစွာနဲ့ ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ”

စုရီ ပြန်လည်ရောက်ရှိလာချိန်တွင် သူ့ကိုရန်သူများထံ အညံ့ခံရန်တိုက်တွန်းခဲ့သော အဖိုးကြီးများသည် ကြောက်လန့်တကြား ဒူးထောက် တောင်းပန်ကြတော့သည်။ သို့သော် စုရီမှ ထိုသူများကို စိတ်မဝင်စားတော့ဘဲ၊

“ လူတစ်ယောက်ဟာ အားနည်းပေမယ့် ... ကျောရိုးရှိရင် ကောင်းကင်ဘုံလို ကြီးမြတ်နိုင်ပြီး ကျောရိုးမရှိတော့ရင်တော့ ပုရွက်ဆိတ်တွေလိုပဲ ရှင်သန်ရလိမ့်မယ် ...

... ငါ မင်းတို့အပေါ် ကိုယ်တိုင် အပြစ်ပေးနေစရာမလိုပါဘူး ... မင်းတို့ရဲ့ လုပ်ရပ်ကို လောကကြီးက သေချာပေါက် ကဲ့ရဲ့ရှုံ့ချလိမ့်မယ်။ ”

-ဟု တုန့်ပြန်ပြောကြားလိုက်၏။

ထိုသို့ ပြောပြီးနောက် စုရီတစ်ယောက် လက်နောက်ပို့လျက်ဖြင့် လှေငယ်လေးအပေါ် ဆင်းသက်ကာ ထွက်ခွာသွားလေသည်။

စုရီပုံရိပ် ပျောက်ကွယ်သွားပြီးမကြာခင် ဒေါသထွက်နေသော လူအုပ်ကြီးသည် ထိုသူများ အပေါ် လှောင်ပြောင်ကဲ့ရဲ့ကာ ရိုက်နှက် သင်ခန်းစာပေးလိုက်ကြတော့၏။

“ ကြည့်စမ်း ... ဒါဟာ လောကသခင်ရဲ့ ရောင်ဝါပဲ ... သူ့ကိုဆန့်ကျင်တဲ့သူမှန်သမျှ အဆုံးသတ် မကောင်းဘူးဆိုတာ အခု မင်းမြင်ပြီမဟုတ်လား။ ”

ကြယ်တာရာကောင်းကင်ကြီး တစ်နေရာတွင် ကြေးဝါအိုးကြီး​အတွင်းမှ ကျိုးယောင်အသံ ထွက်ပေါ်လာသည်။

ထျန်းချီတစ်ယောက် ဆွံ့အလျက် တိတ်ဆိတ်သွား၏။ သူမသည် အဝေးမှနေ၍ စုရီ တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။ နန်းတော်သခင်၏ ယခင်ဘဝ စွမ်းအားအကြွင်းအကျန် အနည်းငယ် ဖြင့်ပင် နယ်ပယ်ဘုရင်များကို အမှုန့်ကြိတ် နိုင်ခြင်းမှာ မယုံနိုင်စရာပေပင်။

အပ်ချုပ်သမားကဲ့သို့သော အဖိုးကြီးများပင်လျှင် ထွက်မတိုက်ဝံ့သည်အထိ ပုန်းကွယ်နေခဲ့ရသည်။

ယင်းကြောင့် နန်းတော်သခင်ဟူသော အမည်နာမ၏ ကြောက်မက်ဖွယ်အကြောင်းကို အပြည့်အဝနားလည်သွားခဲ့ပြီဖြစ်၏။

တစ်ချိန်တည်းမှာပင် ချော်ရည်များ ဆူပွက်နေသော ကြယ်အပိုင်းအစတစ်ခုပေါ်မှ အပ်ချုပ်သမားက ချက်ချင်းထွက်ပြေးသည်။

“ ဝှစ် ... ။ ”

သို့သော် ကောင်းကင်ကြီးပြိုကွဲသွားကာ လှံဖျားတစ်စင်းက သူ့လမ်းကို ပိတ်ဆို့လာရာ ဘေးသို့ရှောင်တိမ်းပေးလိုက်ရ၏။

“ အဘိုးကြီး... ဒီတစ်ခါတော့ မင်း ဘယ်ကိုပြေးဦးမလဲ။ ”

စကားသံနှင့်အတူ လှံကိုင်အမျိုးသမီး ပျံသန်းလာသဖြင့် အပ်ချုပ်သမားမျက်နှာသည် မည်းမှောင်သွားတော့၏။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလျက် စိတ်ကိုတည်ငြိမ်အောင် ထိန်းညှိကာ၊

“ ဒီအဖိုးကြီးအတွက် ... တကယ့်ကို နားမလည်နိုင်တော့ဘူး စီနီယာ ... မင်းဘာလို့ ငါ့ကိုပဲရန်ငြိုးထားပြီး ... ထပ်ခါတလဲလဲ တိုက်ခိုက်နေရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ဤမေးခွန်းသည် သူ့ကိုအချိန်အတော် ကြာအောင် နှောက်ယှက်နေသော အချင်းအရာ ဖြစ်၏။ ရွှမ်ဟမ်ကြယ်စုမှ ထွက်ပြေးခဲ့စဉ်က ကိုယ်ပွားကိုဖျက်ဆီးပြီး သူ့နောက်သို့ ဆက်၍လိုက်ပါလာခဲ့သည်။

ကျိုးကြောင်းဆီလျော်မှုမရှိဘဲ အရူးတစ်ယောက်လို တိုက်ခိုက်လာတတ်သည့် အတွက် သူ့အစီအမံမှန်သမျှသည် အချည်းနှီး ဖြစ်နေရသည်။

“ ဟမ့် ... မင်းလိုအဖိုးကြီးက ခွန်အားရှိလျက်နဲ့ အမှောင်ထဲကနေလူတွေကို ဒုက္ခပေးတာဝါသနာပါတဲ့ ပိုးဟပ်တစ်ကောင်ပဲ ငါ့ဘဝမှာ ဒီလိုလူမျိုးကိုအမုန်းဆုံးပဲ။ ”

စကားဆုံးသည်နှင့် အမျိုးသမီးက လှံဖြင့် ရုတ်ချည်းထိုးသွင်းလိုက်၏။ အပ်ချုပ်သမားခမျာ ခက်ခက်ခဲခဲ ရှောင်တိမ်းလိုက်ရသည်။

“ မင်း ... ။ ”

သူတကယ် ဒေါသထွက်နေပြီဖြစ်၏။ ဤမျှမိုက်မဲပြီး မာနကြီးသော ရန်လိုတတ်သည့် မိန်းမမျိုး သည်လောက၌ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားချေ။

“ ပြီးတော့ ... အဲဒီထက်ပိုလေးနက်တဲ့ အကြောင်းအရာတစ်ခုရှိတယ် ပထမဆုံးအကြိမ် ငါတို့တွေ့ဆုံမှုမှာ မင်းငါ့ကိုလိမ်ခဲ့တယ်။ ”

ဤစကားကို ပြောကြားနေချိန်၌ အမျိုးသမီး၏မျက်ဝန်းတွင် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ တောက်လောင်လာ၏။

“ စီနီယာ မင်းမှားနေပြီလား ... ငါမင်းကို ဘယ်မှာလိမ်ခဲ့လို့လဲ။ ”

“ ဟမ့် ... ငါ့ကိုအရူးတစ်ယောက်အဖြစ် အထင်ခံရတာထက် မုန်းစရာကောင်းတာ ဘာမှ မရှိဘူး။ ”

အမျိုးသမီးက ဤသို့ငြင်းခုံရသည်ကို မကြိုက်ဟန်ဖြင့်၊

“ မင်းအမှားကိုဝန်ခံရင် ... ငါမင်းကို ကောင်းကောင်းရိုက်နှက်ပြီး လွှတ်ပေးလိုက်မို့ပဲ ဒါပေမယ့် အခုတော့ ငါဆုံးဖြတ်လိုက်ပြီ။ ”

-ဟုဆိုကာ ခြေတစ်လှမ်း လှမ်းတက်လာ၏။

တစ်ဆက်တည်းမှာပင် လှံဖျားသည် လေထဲပျောက်ကွယ်သွားပြီး အာကာပြင်ကြီး တစ်ခုလုံး ဖရိုဖရဲဖြစ်သွားတော့သည်။

“ ဟမ့် ... ။ ”

အပ်ချုပ်သမားတစ်ယောက် အာကာပြင်အတွင်း တံဆိပ်တစ်ခုဖန်တီးလျက် နတ်ဘုရားတောင်ကြီးကို ဆင့်ခေါ်ကာကွယ် လိုက်လေသည်။

၎င်းအတွင်း ဥပဒေနိယာမများသည် ပေါက်ကွဲနိုင်သောစွမ်းအားအပြည့်ဖြင့် လိုက်ပါ နေ၏။ ယင်းသည် အလွန်အစွမ်းထက်လှပြီး ကြယ်တစ်ခုလုံးကို အရည်ဖျော်နိုင်သည်။

“ ဘန်း ... ။ ”

သို့သော် အမျိုးသီး၏လှံဖျားသည် ထိုနတ်တောင်ကြီးအပေါ် ကျဆင်းသွားချိန်၌ စက္ကူဖြင့်ပြုလုပ်ထားသကဲ့သို့ ထက်ခြမ်း ကွဲသွားတော့သည်။

လှံကိုင်အမျိုးသမီးသည် ရပ်တန့်၍ မရသည့်အလားထင်ရစေပြီး များမကြာခင်တွင် သူ့ရှေ့၌ ပေါ်လာတော့၏။

အပ်ချုပ်သမားတစ်ယောက် အံ့သြမှင်သပ်သွားကာ မျက်လုံးပြူးသွားသည်။ ဤမိန်းမ မည်သူနည်း။ အဘယ့်ကြောင့် ဤမျှ သန်မာရက်စက်လွန်းနေသနည်း။

“ ဝှစ် ... ။ ”

ထို့ထက်ပို၍ မတွေးနိုင်ခင်မှာပင် သူ့ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားကာ အဝေး၌ ပြန်ပေါ်လာ၏။ ယင်းကအမျိုးသမီးကို ပို၍ဒေါသထွက်သွားစေသည်။

“ မင်း ငါ့ဆီကနေ ဘယ်လိုထွက်ပြေးရဲလဲ။ ”

“ ဟမ့် ... ငါကအဲဒီမှာရပ်ပြီး ငါ့ကိုသတ်ခွင့်ပေးရမှာလား ရူးနေလား။ ”

အပ်ချုပ်သမားခမျာ ဒေါသတကြီးနှင့် ရူးသွပ်သွားတော့မယောင် တုန့်ပြန်လိုက်သည်။ ထိုစဉ်အမျိုးသမီးသည် ခြေတစ်လှမ်း လှမ်းတက် လာပြီး နဂါးတစ်ကောင်လိုလှံကို ဝှေ့ယမ်းလျက် ထိုးသွင်းလာ၏။

ဟင်းလင်းပြင်ကြီးတစ်ခုလုံး အပိုင်းပိုင်းကွဲသွားသည်။ လှံဖျားမှ တာအိုဥပဒေ စည်းမျဉ်းများ ကောင်းကင်မြစ်တစ်စင်းကဲ့သို့ အဆက်မပြတ် စီးဆင်းလာ၏။ အပ်ချုပ်သမား အတွက် ပုန်းအောင်းရန် နေရာမရှိတော့ချေ။

“ သွား ... ။ ”

အဆုံးတွင် အပ်ချုပ်သမားသည် အမူအရာလေးနက်လာပြီး သံကြေးများစွာ တက်နေသော ဓားတစ်လက်ထုတ်ယူကာ ပြန်လည်ခုခံလိုက်၏။

“ ကလန် ... ။ ”

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

လှံနှင့်ဓား တိုက်မိသွားလေသည်။ သက်ရောက်မှုအရ ဟင်းလင်းပြင်ကြီး ချက်ချင်း ပြိုကျသွား၏။

အနားဝန်းကျင်ရှိ ကြယ်တာရာများပင် ပြင်းထန်စွာယိမ်းနွဲ့သွားပြီး အချို့ကြယ်များမှာ ပြိုကျတော့မည့်အလား ထင်ရစေသည်။

“ အဟွတ် ... အဟွတ် ... ဝေါ ... ။ ”

အပ်ချုပ်သမားတစ်ယောက် သွေးချောင်းဆိုးလျက် ခြေလှမ်းပေါင်းများစွာပင် ဆုတ်ခွာလိုက်ရသည်။ မျက်နှာဖြူဖျော့လာပြီး သွေးတစ်လုတ်အန်၏။ မျက်ဝန်းများ၌မူ သိသိသာသာ အံ့အားသင့်နေသည်။

ဤအမျိုးသမီးသည် ကောင်းကင်လမ်း နယ်ပယ်ထက်ကျော်လွန်နေသော ကျင့်ကြံမှုကို ပိုင်ဆိုင်ထားချေပြီ။ ယင်းသည် အင်မော်တယ် တစ်ပါးပင်လော။

တစ်ဖက်တွင် လှံကိုင်အမျိုးသမီးသည် ထို့ထက်ပို၍သူ့ကိုစဉ်းစားရန် အချိန်မပေးခဲ့ချေ။ လှံဖြင့် ထပ်မံထိုးသွင်းလာပြန်၏။

ဤမျှအထိန်းအကွပ်မဲ့ပြီး ရူးသွပ်နေသောပုံစံသည် အပ်ချုပ်သမားကို များစွာဒေါသထွက်လာစေသည်။

အဘယ့်ကြောင့်ဆိုသော် ထိုလှံသည် သူ့ကိုထိုးဖောက်မိပါက ဝိညာဉ်သည် ချက်ချင်း ပျောက်ကွယ်သွားနိုင်၏။

ထို့ကြောင့် တွန့်ဆုတ်မနေဝံ့ဘဲ မျက်ဝန်းများအတွင်း အနက်ရောင်အလင်းများ ထွက်ပေါ်လာကာ၊

“ ထွက်လာခဲ့ ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

“ ကလန် ... ။ ”

ထူးဆန်းပြီး စူးရှလွန်းသော ငွေရောင် အပ်တိုတစ်ချောင်း သူ့ဆံပင်များကြားထံပါးမှ တိုးထွက်လာပြီး လှံကိုတားဆီးတော့၏။

“ ဖိနှိမ်ထား ... ။ ”

၎င်းထံမှ မှုန်ဝါးဝါးဖြင့် ထူးဆန်းသော သင်္ကေတများ မိုးအဖြစ်ရွာလျက် အမျိုးသမီးကို ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားစေရန် ဖိအားပေးခဲ့သည်။

“ ဟမ့် ... နတ်ဆိုးခေတ်ကကျန်ခဲ့တဲ့ ရတနာတစ်ခုလား။ ”

လှံကိုင်အမျိုးသမီးက အံ့အားသင့်စွာ ရေရွတ်လိုက်၏။ တစ်ဖက်တွင် အပ်ချုပ်သမားမှ သူမထက်ပင် ပို၍အံ့သြသွားသည်။

သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြင့် တစ်ဖက်လူအပေါ် ဒဏ်ရာပင်မပေးနိုင်သည်မှာ အဓိပ္ပါယ်မရှိချေ။ တစ်ချိန်က ဤရတနာဖြင့်ပင် လောကသခင်လက်မှ ထွက်ပြေးဖူးသည်။

“ ဟမ့် ... မင်းဘယ်သူပဲဖြစ်နေပါစေ ... ဒီနေ့အကြွေးကို ငါမှတ်ထားမယ်။ ”

အပ်ချုပ်သမား၏ အမုန်းတရားများ ပြည့်နှက်နေသောအသံက လေထဲပဲ့တင်လာပြီး အဆုံး၌ ငွေရောင်သင်္ကေတများ သိုင်းခြုံလျက် ငွေအပ်နှင့်အတူ ပျောက်ကွယ်သွားလေသည်။

“ ဟမ့် ... ။ ”

အမျိုးသမီးက သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များဖြင့် သူမလှံကိုအားကုန် ပစ်ပေါက်ချလိုက်၏။

“ ဝမ် ... ။ ”

ဟင်းလင်းပြင်အတွင်း ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ကြယ်တာရာများ ယိမ်းနွဲ့ တုန်ခါသွားလေသည်။

“ မိစ္ဆာမ ... ။ ”

အဝေး၌ အပ်ချုပ်သမား၏ ပြင်းပြသည့် ကျိန်ဆဲသံ ချက်ချင်း ထွက်ပေါ်လာသော်လည်း ခဏအကြာတွင် တိတ်ဆိတ်သွားတော့၏။

“ နှမြောစရာပဲ ... သူ့ခန္ဓာကိုယ်ကို အပေါက်အသစ်တစ်ခု ပေးလိုက်နိုင်ပေမယ့် အသက်ကိုတော့ မယူနိုင်လိုက်ဘူး။ ”

အမျိုးသမီးက အနည်းငယ် နောင်တရသွားပြီး သူ့လက်ကိုမြှောက်လျက်ဖြင့် လှံခေါ်ယူလိုက်သည်။

“ ဝှစ် ... ။ ”

ဝေးလံသော အာကာပြင်အတွင်းမှ အလင်းတန်းတစ်ခုပျံသန်းလာပြီး ဖြန့်ထားသော လက်ဖဝါးထဲ ကျရောက်လာ၏။

“ ဒီကြွက်အိုကြီးရဲ့ မူလက ... သံသယဖြစ်စရာပဲ ... သူ့မှာ ဘယ်လိုလုပ်ပြီး နတ်ဆိုးခေတ်နဲ့ ဆက်စပ်နေတဲ့ ရတနာတစ်ပါး ရှိနေရတာလဲ ... သူလည်း ဒီခေတ်က မဟုတ်ဘူးလို့မပြောနဲ့။ ”

ရှုပ်ထွေးလာဟန်ဖြင့် အမျိုးသမီးက ရေရွတ်သည်။ ခဏအကြာတွင် သူမခေါင်းကို ခါရမ်းလိုက်တော့၏။

“ မဖြစ်နိုင်ဘူး ... နတ်ဘုရားပဋိညာဉ်မှာ အဲဒီနတ်ဆိုးခေတ်ကို ထာဝရအတိတ်အတွင်းမှာ အပြီးပိုင်မြှုပ်နှံထားခဲ့တာပါ ...

... ဒီကြွက်အိုကြီးရဲ့ ကျင့်ကြံမှုက ခေတ်နှစ်ခေတ်ကြားက အတားအဆီးတွေကို ချိုးဖျက်ဝင်ဖို့ လုံလောက်မှုမရှိသေးပါဘူး ...

... နောက်တစ်ခါ အခွင့်အရေးရရင် အဲဒီကြွက်အိုကြီးကို ကောင်းကောင်းရိုက်နှက်ပြီး အမှန်တရားကို မေးမြန်းရမယ်။ ”

စကားဆုံးသည်နှင့် လှံကိုင်အမျိုးသမီးက နောက်ပါးသို့ လည်ပြန်လှည့်ကြည့်လိုက်သည်။ ထိုအရပ်တွင် စုရွှမ်ကြွယ်ရှိ၏။ ဤလူကို ဦးစွာ အနိုင်ယူပြီးမှသာ အပ်ချုပ်သမားဆိုသူထံ လိုက်လံဖမ်းဆီးရပေမည်။

***

All Chapters