← Chapters

ရမ္မက်ကြီးသော အဖိုးကြီးစု။

Vol. 77 Ch. 914

ရမ္မက်ကြီးသော အဖိုးကြီးစု။

Vol. 77 Ch. 914

“ မင်းတို့ အဖမ်းခံသင့်တယ်။ ”

နတ်ဘုရားသင်္ချိုင်းတားမြစ်နယ်မြေ၊ အပြင်ဘက်ဒေသဝင်ပေါက်တွင် ကျင်းရှင်းနှင့် ဝမ်ချွယ်သည် လူအချို့၏ ဝန်းရံတိုက်ခိုက်ခြင်း ခံနေရ၏။

ထိုသူများသည် နှလုံးသားပြန်ခန်းမှ ကျင့်ကြံသူများဖြစ်ပြီး အဖွဲ့ခေါင်းဆောင်သည် ရွှေရောင် အမျိုးသားတစ်ဦးဖြစ်သည်။

ကျင့်ကြံမှုအရ ဧကရာဇ် အထွတ်အထိပ်အဆင့်ဖြစ်ပြီး ကျန်သူများလည်း အလယ်အလတ် ရွှမ်ဟဲအဆင့်တွင် ရှိနေကြ၏။ ကျင်းရှင်းတို့အတွက် အခြေအနေသည် အလွန်စိုးရိမ်ရလေသည်။

“ ဟမ့် ... ။ ”

အဆုံးတွင် ကျင်းရှင်းသည် ဝမ်ချွယ်ကိုအချက်ပြကာ ထာဝရအင်မော်တယ် တံဆိပ်ကို ထုတ်ယူချေမွလိုက်တော့၏။

ထိုခဏ၌ ထာဝရမပျက်စီးနိုင်သော ရွှေရောင်အလင်းကွင်းကြီး ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်ရှိ တိုက်ခိုက်မှုများအားလုံးပို ချက်ချင်းအမှုန့်ကြိတ်ပစ်လိုက်သည်။

“ ဒါက ... ။ ”

ရွှေရောင်အလင်းစက်ဝန်းကြီးကြားမှ မိန်းကလေးတစ်ဦး ထွက်ပေါ်လာ၏။ သူမသည် နဖူးထက်တွင် ရွှေရောင်ထာဝရတံဆိပ်ရှိသည့် အားချိုင်ပေပင်။

သူမ၏ရောင်ဝါသည် နယ်ပယ်ဘုရင် တစ်ပါးနှင့်ညီမျှသော ဆန္ဒဝိညာဉ်အပိုင်းအစ တစ်ခုသာဖြစ်၏။

“ မင်းတို့က ဘယ်သူတွေလဲ။ ”

အမျိုးသမီးက ထွက်ပေါ်လာသည်နှင့် ကျင်းရှင်းနှင့်ဝမ်ချွယ်ထံ မျက်မှောင်ကြုတ်ပြီး ကြည့်၏။

“ စီနီယာ ... ငါ့ဆရာက ဒီတံဆိပ်ကို အသက်အန္တရာယ်နဲ့ကြုံရင် အသုံးပြုဖို့အတွက် မှာထားပါတယ်။ ”

ကျင်းရှင်းက ရိုသေစွာ ပြန်ဖြေသည်။ တစ်ဖက်တွင် နှလုံးသားပြန်ခန်းမှ အဖွဲ့သည် သတိကြီးစွာဖြင့် စောင့်ကြည့်နေ၏။

“ မင်းတို့ဆရာက တာအိုစုလား ... ။ ”

အားချိုင်မှ တွေးတောသွား၏။

“ ဟုတ်ပါတယ် ... နတ်ဓားရှင် ရွှမ်ကြွယ်လို့လည်း ခေါ်နိုင်ပါတယ်။ ”

သို့မှသာ အားချိုင်တစ်ယောက် ခေါင်းညိတ်လိုက်ပြီး၊

“ နှမျောစရာပဲ ဒီလိုအမှိုက်တွေအတွက် ဖြုန်းတီးလွန်းပါတယ် ... ။ ”

-ဟု ဆိုကာ နှလုံးသားပြခန်းမှ ကျင့်ကြံသူများထံ လှည့်ကြည့်လိုက်တော့၏။ ထို့နောက်၊

“ ပြော ... မင်းတို့ဘယ်လိုသေချင်လဲ။ ”

- ဟု ပြုံးရွှင်စွာ မေးလိုက်သည်။

နှလုံးသားပြခန်းမှ ကျင့်ကြံသူများသည် ထိတ်လန့်လျက် ချက်ချင်းလှည့်ပြေးတော့သည်။ တစ်ဖက်လူသည် နယ်ပယ်ဘုရင်တစ်ပါး၏ ဆန္ဒဝိညာဉ်ပေပင်။

“ မင်းတို့ လွတ်မြောက်မယ်ထင်နေလား။ ”

“ ဝှစ် ... ။ ”

“ ..... ။ ”

ယင်းသည် ဆန္ဒဝိညာဉ်တစ်ပါး ဖြစ်နေလျှင်ပင် သူတို့၏ပြိုင်ဘက်မဟုတ်ချေ။ သို့သော် အားချိုင်သည်အင်္ကျီလက်ဝှေ့ရမ်းပြီး လူတိုင်းကို ပြာအဖြစ်သို့ ပြောင်းလဲပစ်၏။

ထိုမြင်ကွင်းက ကျင်ရှင်းနှင့် ဝမ်ချွယ်ကို အံ့အားသင့်ကာ ကြက်သေ-သေနေစေတော့၏။ ဆရာသခင် ပေးအပ်ခဲ့သော တံဆိပ်လေးသည် ဤမျှအစွမ်းထက်ကြောင်း မမျှော်လင့်ချေ။

အမှန်ပင် ဤစီနီယာညည်းတွားသကဲ့သို့ ဖြုန်းတီးမိလိုက်ချေပြီ။ မဟုတ်သော် နယ်ပယ် ဘုရင်များကိုပင် သတ်ပစ်နိုင်၏။

“ ဒီတံဆိပ်ကို ... နောက်တစ်ကြိမ် အသုံးပြုခွင့်မရှိတော့ဘူး ... မင်းတို့ဆရာနဲ့ ပြန်ဆုံရင် ဘယ်လောက်ဖြုန်းတီးမိလိုက်လဲ ပြန်ပြောပြလိုက်ပါ။ ”

စကားဆုံးသည်နှင့် အားချိုင်အသွင်သည် လေထုအလယ် ပျက်ပြယ်သွား၏။ ကျင်းရှင်းနှင့် ဝမ်ချွယ်သည် အကြည့်ချင်းဖလှယ်ကာ တိတ်ဆိတ်သွားရသည်။

“ အချိန်တွေ တကယ်ပြောင်းလဲသွားပြီ … ။ ”

ဝမ်ချွယ်မှ သက်ပြင်းချလိုက်သည်။ ဤမတိုင်မီအရိုင်းမြေ၌ နက်နဲတာအိုနယ်ပယ် ဟူသည် ကောင်းကင်ကဲ့သို့ဖြစ်ပြီး ဧကရာဇ် များမှာ နတ်ဘုရားများဖြစ်၏။

သို့သော် ယခုမူ ကြယ်ဗဟိုဒေသမှ အင်အားစုများရောက်ရှိလာခြင်းဖြင့် ယင်းသည် ပြောင်းလဲသွားချေပြီ။

ဧကရာဇ်များအတွက်ပင် နဘ်ပယ်ဘုရင်များသည် ခြိမ်းခြောက်နိုင်သည့် အစွမ်းသတ္တိအပြည့်ရှိနေ၏။ ကောင်းကင်သည် ပို၍ မြင့်လာချေပြီ။

အကျိုးဆက်အနေဖြင့် ယင်းသည်ကျင့်ကြံသူများအတွက် ကြီးမားသော သက်ရောက်မှု ရှိလာစေသည်။

“ ဒါက ကမ္ဘာသစ်တစ်ခုပဲ ... တစ်ချိန်က ကောင်းကင်လမ်းအတွက် ငါတို့ဆရာသခင်က ပြန်ဝင်စားခဲ့ရတယ် ... ဒါပေမယ့် ဒီနေ့တော့ ငါတို့တွေက ကောင်းကင်လမ်းရဲ့ ...

... လျှို့ဝှက်ချက်ကို သိရှိလာပြီး ဆရာသခင်ဆီကနေ လမ်းညွှန်မှုရရှိထားတယ် ဒါကြောင့် နယ်ပယ်ဘုရင်အဖြစ် ငါတို့ကိုယ် ငါတို့သက်သေပြနိုင်ရမယ်။ ”

ကျင်းရှင်းမှ စိတ်အားတက်ကြွစွာ ပြောကြားလိုက်သည်။ ထိုစကားကို ဝမ်ချွယ်မှ ထောက်ခံ၏။ သူတို့နှစ်ဦးသည် ရွှမ်ဟဲအဆင့် ရောက်ရှိနေပြီး မိခင်ချီကို သန့်စင်ထား၏။

များမကြာခင် နယ်ပယ်ဘုရင်၏ စွမ်းအားအပေါ် ခံစားနိုင်မည်ဟု ယုံကြည့်သည်။ ယင်းက နှစ်ယောက်စလုံးကို နက်ရှိုင်းစွာ စိတ်လှုပ်ရှားလာစေ၏။

“ နယ်ပယ်ဘုရင်လား ဘယ်လောက် စိတ်လှုပ်ရှားစရာတွေပြည့်နေမလဲ။ ”

ဝမ်ချွယ်မှ တောင့်တသော မျက်ဝန်းများဖြင့် ကောင်းကင်ပေါ် မော့ကြည့်၏။ ဤကောင်းကင် အပြင်တွင် စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းများ သူတို့ကိုစောင့်ကြိုနေပေမည်။

“ ဟမ့် ဆရာငါတို့ကို ပြန်ခေါ်နေတယ်။ ”

ကျင်းရှင်းက သူ့ဝတ်လုံအတွင်းမှ ရွှေရောင်များတောက်ပလာသဖြင့် သင်္ကေတ တစ်ခုကို ထုတ်ယူကာ ပြောကြားလာ၏။

“ ဒါဆိုတိုက်ပွဲကြီး ပြီးဆုံးသွားပြီလား။ ”

ဝမ်ချွယ်မှ အံ့အားသင့်သွားသည်။

“ ပြီးသင့်ပြီထင်တယ် မဟုတ်ရင် ဆရာသခင်က ငါတို့ကိုပြန်ခေါ်မှာမဟုတ်ဘူး တိုက်ပွဲကို ဆရာ အနိုင်ရသွားလောက်ပြီ။ ”

“ ဒါဆို မြန်မြန်သွားရအောင် ... ။ ”

ဝမ်ချွယ်က သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ချက်ချင်းပျောက်ကွယ်သွားတော့၏။ ကျင်းရှင်း သည်လည်း ပြုံးလျက် လိုက်ပါသွားလေသည်။

“ ငါတို့မြွေတစ္ဆေမျိုးရိုးရဲ့ ဧကရီကို ဖမ်းရမယ်။ ”

မရဏကမ္ဘာ၊ မြွေတစ္ဆေမိသားစု နေထိုင်ရာ မြို့တော်အတွင်း၌ ငှက်မွှေးဝတ်ရုံဝတ်ထားသော ဂုဏ်သိက္ခာရှိသည့် အမျိုးသားတစ်ယောက်က အေးစက်စွာ ညွှန်ကြားလိုက်သည်။

သူ့ဘေးတွင် အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်ပါရှိပြီး လူတိုင်းမှလည်း ခေါင်းညိတ်ပြ၏။

သူတို့အားလုံးသည် ကြယ်မြစ်ဂိုဏ်း၏ ရွှမ်ဟဲဧကရာဇ်များပေပင်။ ငါးယောက်သား ပျံသန်းရန်ပြင်နေစဉ် ခေါင်းဆောင်က၊

“ နေဦး ... ။ ”

-ဟု ဆိုလျက် မျက်မှောင်ကြုတ်ကာ ကြေးမှုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။

ကြေးမှုံအတွင်း ငွေရောင်ဆံပင်များဖြင့် အဘိုးကြီးတစ်ဦး၏ ပုံရိပ်ထင်ဟပ်လာတော့၏။ အဖိုးကြီးက သက်ပြင်းချလျက်၊

“ တာဝန်ပြီးပြီ အရိုင်းမြေကနေ ချက်ချင်းပြန်လာပါ။ ”

-ဟု အမိန့်ပေးလာသည်။

“ သိုင်းဦးလေး ... ။ ”

ငှက်မွှေးဝတ်ရုံနှင့် အမျိုးသားက အံ့အားသင့်သွားသည်။ အဘိုးကြီးမှခါးသီးသော အသွင်ဖြင့်၊

“ တာဝန်ကျရှုံးတယ် ... ရွှမ်ဟွမ်ကြယ်စု တိုက်ပွဲအတွက် စေလွှတ်ထားတဲ့ လူတိုင်းသေပြီ နယ်ပယ်ဘုရင်တောင် ချွင်းချက်မရှိဘဲ ... ။ ”

-ဟု ပြောကြားလာ၏။

ထိုစကားကြားသောအခါ ငှက်မွှေးဝတ်ရုံအမျိုးသားနှင့် အဖွဲ့သားများသည် နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်ရင်ဆွံ့အသွားကြသည်။

“ ရှုံးသွားပြီလား ... ။ ”

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရာပေါင်းများစွာနှင့် နယ်ပယ်ဘုရင်ပေါင်း ဆယ့်ခြောက်ပါး သေဆုံးကုန်ပြီလော။

“ မြန်မြန်ပြန်လာ၊ မနှောင့်နှေးနဲ့။ ”

ကြေးမှုံအတွင်းမှ အဘိုးကြီးက တိုက်တွန်းလိုက်ပြီး ပျောက်ကွယ်သွားတော့၏။ ငှက်မွှေးဝတ်ရုံနှင့်အမျိုးသားက ကောင်းကင် ရေကန် မြို့တော်သို့ လှမ်းကြည့်သည်။

အဆုံး၌ လေးလံသောသက်ပြင်းကိုချကာ၊

“ ဆုတ်ခွာ ... ။ ”

-ဟု အမိန့်ပေးလိုက်တော့၏။

ထို့နောက်တွင် သူတို့၏ပုံရိပ်များသည် ချက်ချင်းပျောက်ကွယ် ကုန်သည်။ သို့သော် သူတို့ မသိနိုင်ခဲ့သည်မှာ မြွေတစ္ဆေမြို့ကြီးသည် လူသူကင်းရှင်းကာ စွန့်ပစ်ခံထားရခြင်းဖြစ်၏။

အလားတူ မြင်ကွင်းတစ်ခုသည်လည်း ခရမ်းရောင်မြို့တော် စွေ့မျိုးနွယ်စုနယ်မြေ၌ ဖြစ်ပျက်သွားခဲ့သည်။

နာကျည်းခြင်းပင်လယ်၏ မြေအောက်သင်္ချိုင်း ဝင်စားခြင်းရေကန်၌လည်း အလားတူ ဖြစ်ပွားခဲ့သည်။

“ ဆရာ့ဆီက သတင်းလာပြီ ငါတို့ အိမ်လို့ရပြီ။” 

ကျင်းခွိုက်က ဝမ်းသာအားရ ပြောကြားလာသည်။ ယွီလောင်၊ ပိုင်ရီ၊ ရွှမ်နင်၊ မြွေတစ္ဆေမျိုးရိုးနှင့် စွေ့မျိုးနွယ်တို့သည် သူမ စကားကြောင့် ပြုံးရွှင်ကုန်၏။

“ ဘီလူးစု ... သေချာပေါက် အနိုင်ရမယ်ဆိုတာ ငါသိနေတယ်။ ”

ခေါင်းတလားထမ်း သရဲအိုကြီးက ရယ်မောလိုက်သည်။ သူသည် ကျင်းခွိုက်တို့ကို ဝင်ရောက်ခိုလှုံဖို့ရန် အကူအညီတောင်းခံရ၏။

ထို့ကြောင့်ပင် ကျင်းခွိုက်တို့အဖွဲ့ကို ဤအရပ်ဆီသို့ သူကိုယ်တိုင်ပင်လမ်းပြကာ ခေါ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

“ ဒါပေမယ့် ဒီနေရာကနေ ထွက်သွားဖို့အတွက် နည်းနည်းတော့ တွန့်ဆုတ်နေမိတယ်။ ”

စွေ့လုံရှင်းက ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လျက်ဖြင့် ပြောကြားလိုက်လေသည်။ ဝင်စားခြင်းရေကန်တဝိုက် ဖရိုဖရဲစွမ်းအင်များ သိပ်သည်းလွန်းသဖြင့် ကျင့်ကြံမှုကိုများစွာ အထောက်အကူပြုလေသည်။

“ ဟားဟားဟား ... မြေခွေးအိုကြီးစွေ့ မင်းက သူတစ်ပါးကို အခွင့်ကောင်းယူရတာ တကယ်ကြိုက်တာပဲ ကောင်းပြီ ဒီလိုဆိုရင် မင်းနေခဲ့နိုင်တယ်။ ”

ခေါင်းတလားထမ်းသရဲအိုကြီးမှ သဘောတူလိုက်သည်။ ထိုစဉ် ရီယုသည် ကျင်းခွိုက်အနားတိုးကပ်လာပြီး၊

“ မင်းဆရာဆီ ပြန်ရောက်ရင် ငါ့သတင်းစကားကိုပေးပို့ ပေးလို့ရမလား။ ”

-ဟု မေးမြန်းလာ၏။

ကျင်းခွိုက်မှ ခေါင်းညိတ်လျက်၊

“ စီနီယာ ... ပြောနိုင်ပါတယ်။ ”

-ဟု အရိုအသေပေးလိုက်သည်။

ဤအမျိုးသမီးသည် ဆရာသခင်နှင့် မရေမရာသောဆက်ဆံရေးရှိသဖြင့် သူမသည် လျစ်လျူရှုပြီး မနေဝံ့ချေ။

“ ငါ့လူတွေကို နေရာချပြီးရင် ... ငါသူ့ကိုလာတွေ့မယ်။ ”

“ ငါလည်းအတူတူပဲ။ ”

ရီယုမှ ရှက်ရွံ့စွာ ပြောကြားနေစဉ် ခါးတွင်ချိတ်ဆွဲထားသော မြွေတစ္ဆေမီးအိမ်သည် အလင်းရောင်များလက်လျက် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာတော့၏။

“ ဟုတ်ကဲ့ ... စိတ်မပူပါနဲ့ စီနီယာ ငါ့ဆရာသခင်က စီနီယာ ရောက်လာမဲ့နေ့ကို ဝမ်းပမ်းတသာ ကြိုဆိုပါလိမ့်မယ်။ ”

“ ပြောတာကောင်းတယ် ... ကောင်မလေး မင်းဆရာကိုပြောဖို့မမေ့နဲ့ ... ငါတို့မလာခင်မှာ သူ့အရှုပ်တွေရှင်းထားပါ မဟုတ်လို့ ငါ့ရီယုလေး မပျော်ရင် သူကိုငါခွင့်မလွှတ်ဘူး ... ။ ”

“ ..... ။ ”

မြွေတစ္ဆေမီးအိမ်က အလင်းများ တောက်ပလျက် ရွှင်မြူးစွာပြောကြားလာ၏။ ရီယုတစ်ယောက် ရှက်ရွံ့နေဟန်ဖြင့် ပြုံးပြီး ဆုတ်ခွာသွားလေသည်။

ထိုမြင်ကွင်းကို ကြည့်လျက် စွေ့လုံရှင်းတစ်ယောက် မနာလိုဖြစ်သွားပြီး၊

“ စီနီယာ ... မင်းမြင်လိုက်လား ... အဲဒီအဘိုးကြီးစုက ရီယုလေးရဲ့ကာကွယ်သူ စိတ်ဝိညာဉ်ကိုနောင် ဆွဲဆောင်ထားတယ် ...

... ဒီလိုလူမျိုးက ဘယ်လောက် ရမ္မက်ကြီးလိုက်လဲ သူနဲ့ရှုပ်မိရင် မီတောက်လို လောင်မြိုက်ခံရလိမ့်မယ် စီနီယာလိုကျက်သရေ ရှိတဲ့ တစ်စုံတစ်ယောက်အတွက် အဲဒီလူက တကယ့်ညစ်ပစ်နေတဲ့ အမှိုက်ပါပဲ။ ”

-ဟု ပြောကြားလိုက်သည်။

ထိုစကားကြောင့် ဖူစုခမျာ စကားမဆိုနိုင်တော့ဘဲ မျက်ခုံးပင့်လျက်ဖြင့် တိတ်ဆိတ်သွားတော့၏။

“ မင်း အတွေးလွန်နေတာပဲ ... ငါက တာအိုစုကိုလေးစားတာ သူနဲ့အချစ်အကြောင်း ဆွေးနွေးဖို့မဟုတ်ဘူး။ ”

ဖိုစုမှ အေးစက်စွာ တုန့်ပြန်သော်လည်း စွေ့လုံရှင်းတစ်ယောက် စိတ်မအေးနိုင်သေးချေ။ အဖိုးကြီးစု ပစ်မှတ်ထားသမျှ အမျိုးသမီးတိုင်း မလွတ်‌မြောက်နိုင်ကြောင်း သူ သိထား၏။ သို့သော် ကာကွယ်သူ စိတ်ဝိညာဉ်တစ်ပါးနှင့် ထိုအကြောင်းပြောရန် သူ၌သတ္တိမရှိချေ။

***

All Chapters