ရှန့်မူနှင့် အတိတ်ဘဝကံကြမ္မာ ... ။
Vol. 77 Ch. 915
စုရီတစ်ယောက် မျက်ဝန်းများမှိတ်ကာ ကျင့်ကြံမှုကိုပေါင်းစည်းနေခဲ့သည်။ ဤအဆင့်၌ တာအိုဥပဒေများသည် နိယာမအဖြစ် ပြသနိုင်ပြီဖြစ်၏။
သို့သော် သူ့အတွက်မူ ရွှမ်ယုအဆင့် ကတည်းကပင် ၎င်းတို့ကိုပေါင်းစည်းထားနိုင်ရာ တည်ငြိမ်မှုရရှိအောင်သာ လုပ်ယူရလေသည်။
“ ချွင် ... ။ ”
တစ်ဆက်တည်းမှာ အသိစိတ်ပင်လယ် အတွင်းရှိ ငရဲဘုံကိုးပါးဓားသည်လည်း နိုးထလာ ခဲ့သည်။
ပတ်ပတ်လည်တွင် ရစ်ပတ်ထားသော နတ်ဘုရားသံကြိုးရှစ်ချောင်းအနက် တစ်ချောင်း လွတ်ထွက်လာပြီး တာအိုအတက်အကျ လှိုင်းတစ်ခု ပေါ်လာ၏။
စုရီက ထိုဓားရှေ့တွင် ရှိနေသော်လည်း လက်လှမ်းမမီနိုင်သော အကွာအဝေးတစ်ခုရှိနေ ကဲ့သို့ ခံစားနေရစေသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော တာအိုဓားသည် သူ၏အသိစိတ်ပင်လယ်တွင် မဟုတ်ဘဲ အလွန်ဝေးကွာသောအရပ်၌ ရှိနေသကဲ့သို့ပေပင်။
“ ဒီဓားဟာ မင်းပိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ခံစားရပေမယ့် အဝေးကြီးမှာ ရှိနေတယ်လို့ ထင်နေတယ် မဟုတ်လား။ ”
ရုတ်တရုက် မှတ်ချက်ပေးသံ ထွက်ပေါ်လာလေသည်။ ငရဲဘုံကိုးပါးဓားပေါ်ရှိ နတ်သံကြိုးတစ်ချောင်း ပြင်းထန်စွာ တုန်ခါပြီး အလင်းမှုန်အဖြစ်ထွက်ပေါ်လာ၏။
ထို့နောက် အဆိုပါအလင်းမှုန်အတွင်းမှ လောကသခင်ကွမ်ကျိုးပုံရိပ် ဖြစ်ပေါ်လာသည်။ သူတို့နှစ်ဦးသည် ပြန်လည်ဝင်စားခြင်းရေကန်၌ ပထမဆုံးအကြိမ် တွေ့ဆုံဖူးထား၏။
“ ဟုတ်တယ် ... ။ ”
စုရီက အနည်းငယ်ခေါင်းညိတ်ပြသည်။
“ ငါလည်းပဲ ... အဲဒီတုန်းက ငါ့ရဲ့ကျင့်ကြံမှုက ကောင်းကင်ဉာဏ်အလင်း နယ်ပယ် ပြီးပြည့်စုံမှုကို ရောက်နေပြီ၊ ငါ့မှာ မြင့်မားတဲ့ လမ်းကြောင်းရဲ့ တံခါးဝကို ခြေတစ်ဖက်နင်းထားတယ် ...
... ဒါပေမယ့် အဲဒီအချိန်တုန်းကတောင် ဒီဓားကို အရမ်း နတ်ဘုရားဆန်လွန်းနေတယ်လို့ ခံစားရစေပါတယ်။ ”
လောကသခင်က ညင်သာစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် စုရီနှင့်အတူ ပခုံးချင်းယှဉ်ရပ်လိုက်ပြီး ငရဲဘုံကိုးပါးဓားထံ ရှုပ်ထွေးသော အမူအရာနှင့် ကြည့်နေ၏။
“ မြင့်မားတဲ့ လမ်းကြောင်းရဲ့ တံခါးဝမှာခြေတစ်ဖက်လား ... ဘာကို ဆိုလိုချင်တာလဲ။ ”
စုရီက လောကသခင်စကားကို အံ့အားသင့်စွာပြန်မေးသည်။ တစ်ဖက်လူသည် ကောင်းကင်လမ်းထက် ပိုမိုမြင့်မားသောလမ်းကို ရှာတွေ့ခဲ့သည်လော။
“ ရှုပ်ထွေးပုံရပေမယ့် တကယ်တော့ အတော်လေးရိုးရှင်းပါတယ် ... အဲဒီတုန်းက ငါတံခါးဝကို ငါရောက်ခဲ့ပေမယ့် ခြေချလို့ မရခဲ့ဘူး ...
... ဒီအတွက် အကြောင်းရင်းက နှစ်ခုပဲရှိတယ် ပထမအချက်က အခွင့်အရေးက အစစ်အမှန်မဟုတ်ဘူး ... ဒုတိယအချက်က ရွှမ်ဟဲအဆင့် မဟာတာအိုပေါင်းစည်းတဲ့အခါ ငါ့အတွက် ချို့ယွင်းချက်ရှိနေခဲ့တယ် ...
... သေချာတာကတော့ ဒုတိယအချက်ပဲ အဲဒီတုန်းက မမျှော်လင့်ဘဲ ... ငါ့ရဲ့ချို့ယွင်းချက် တစ်ခုက မြင့်မားတဲ့လမ်းကိုသွားရာမှာ အတားအဆီးတစ်ခု ဖြစ်ခဲ့ရတယ် ...
... ဒါကြောင့်လည်း ပြန်လည်မွေးဖွားပြီး ပြန်လည်ကျင့်ကြံဖို့အတွက် ငါ ဆုံးဖြတ်လိုက် ရတာပဲ။ ”
စုရီက စိတ်ထိခိုက်သွား၏။ ထိုအချိန်ကျမှ ချို့ယွင်းချက်တစ်ခုသည် ဆိုးရွားသောရလာဒ်ကို ပေးစွမ်းနိုင်ကြောင်း မည်သူထင်မည်နည်း။
“ ငါ့ရဲ့အတိတ်ကို အပြည့်အဝ ပေါင်းစည်းပြီးတာနဲ့ ဒီအကြောင်းအရာတွေက မင်းအတွက် သဘာဝအတိုင်း ရှင်းသွားလိမ့်မယ် ဘာပဲဖြစ်ဖြစ် ငါတို့က တစ်ယောက်တည်းပဲ ...
... တစ်ခုတည်းသော ကွာခြားချက်က ငါဟာမင်းမဟုတ်ဘူး မင်းရဲ့အတိတ်တွေထဲက တစ်ယောက်ပဲ ... ငါ့ရဲ့ကျန်ရှိနေတဲ့ အသိစိတ် မပျောက်ကွယ်သွားခင်မှာ အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးကြရအောင်။ ”
“ ဒီကိစ္စမှာ အရေးကြီးတဲ့ အရာတွေရှိနေသေးတာလား။ ”
စုရီက အံ့အားသင့်စွာ မေးလိုက်၏။
“ ရှိတယ် ... တကယ်တော့ ဒါက ငရဲဘုံကိုးပါးဓားနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေပါ။ ”
ထို့နောက်လောကသခင်က ငရဲဘုံကိုးပါးဓားထံ လက်ညှိုးထိုးပြပြီး၊
“ အဲဒီသံကြိုးက ငါ့ရဲ့အတိတ်ကံကို တံဆိပ်ခတ်ထားတဲ့နတ်သံကြိုးပဲ ငါ့ဘေးနားက နတ်သံကြိုးက ငါတို့ရဲ့သတ္တမမြောက်ဘဝကို တံဆိပ်ခတ်ထားတယ် ...
... ငါ့ရဲ့ ဝင်စားခြင်း မတိုင်ခင်က အဲဒီနတ်သံကြိုးမှာ ပိတ်ထားတဲ့ အတိတ်ကံ အကြောင်း ငါဘာမှမသိခဲ့ဘူး ...
... ဝင်စားခြင်း ရေကန်ဘေးမှာ ... သေမျိုးနယ်ပယ်ဓားကို မင်းထိတွေ့လိုက်မှသာ အဲဒီနတ်သံကြိုးကနေ အမှတ်တရအချို့ ပြန်လည်နိုးထလာနိုင်ခဲ့တယ်။ ”
“ ဒါဆို ... သတ္တမဘဝကို မင်းသိရပြီလား။ ”
စုရီမှ စိတ်ဝင်စားသွားသည်။
“ မှန်တယ် ... ငါတို့ရဲ့ သတ္တမမြောက် ဇာတိက ရှန့်မူလို့အမည်ပေးထားတဲ့ လူငယ်ပဲ အမျိုးသမီးတစ်ယောက်က သူ့ရဲ့စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီး သေဆုံးစေခဲ့ရတယ် ...
... သူ့အသက် နှစ်ဆယ့်သုံးနှစ်မှာ ... သေဆုံးသွားပြီး ငါအဖြစ် ပြန်လည်ဝင်စားလာ ခဲ့တာပဲ။ ”
လောကသခင်မှ သူ့နှာခေါင်းကို ကုပ်ခြစ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွား၏။ အသက်(၂၃)နှစ်ဖြင့် အမျိုးသမီးတစ်ဦးကြောင့် စိတ်ဝိညာဉ်ကိုပျက်စီး သေဆုံးရခြင်းသည် အနည်းငယ်ရယ်စရာပေပင်။
“ ဒါပေမယ့် ... သူက ရိုးရှင်းတဲ့လူ မဟုတ်ဘူး။ ”
လောကသခင်မှ စုရီ၏အတွေးများကို နားလည်နေပုံရပြီး၊
“ အပြင်လူတစ်ယောက်ရဲ့ အမြင်အရ ရှန့်မူကအရည်အချင်းရှိပြီး ထိုးထွင်းသိမြင်နိုင်မှု အကောင်းဆုံး ဓားသမားပါရမီရှင်ပဲ။ ”
-ဟု ပြောကြားလိုက်သည်။
လောကသခင်ဟူသည် ကြယ်ဗဟိုဒေသကြီး၏ အတောက်ပဆုံးသော ဓားသမားကြီးဖြစ်၏။ ထိုသို့သောလူတစ်ဦးသည် ရှန့်မူအပေါ် မြင့်မားစွာမှတ်ချက်ပေးနေသည်။
“ တခြားသူတွေကို မပြောနဲ့ ... မင်းနဲ့ငါတောင် အရည်အချင်းနဲ့ နားလည်မှုမှာ သူ့ထက်အများကြီး နိမ့်ကျနေသေးတယ်။ ”
လောကသခင်က ညည်းညူလိုက်သည်။
“ ဒီလူက မွေးရာပါ ဓားသမားပဲ ... ကောင်းကင်ဘုံရဲ့နှစ်သက်ခြင်းခံရတဲ့ သားတော် တစ်ပါးပါ ... ထောင်စုနှစ်တွေအတွင်း ရှားပါးတဲ့ ပါရမီရှင် ...
... သူ့အသက် (၁၅)နှစ်မှာ (၁၀)ရက်နဲ့(၁၀)တရားထိုင်ပြီး ဧကရာဇ်အဖြစ် ဉာဏ်အလင်းရခဲ့တယ် ...
... အသက် (၁၇)မှာ သေခြင်းနဲ့ ရှင်ခြင်းကိုဖြတ်ကျော်ပြီး နယ်ပယ်ဘုရင်တစ်ပါး ဖြစ်လာရတယ် ...
... အသက် (၂၃)နှစ်မှာ ကောင်းကင် ဉာဏ်အလင်းနယ်ပယ် ဝင်ရောက်ပြီး သူ့ဓားက ကောင်းကင်ဘုံဆီ ဦးတည်နိုင်ခဲ့တယ် ... ဒီလူရဲ့ အရည်အချင်းကို မင်းဘယ်လိုထင်လဲ ... ။ ”
“ တကယ် အစွမ်းထက်တယ်။ ”
စုရီမှ ခေါင်းညိတ်မှတ်ချက်ပေး၏။ လောကသခင်က ပြုံးပြီး မနာလိုစွာဖြင့်၊
“ ငါတို့တွေက တစ်ယောက်တည်း ဆိုပေမယ့်လည်း ... ငါတို့ရဲ့အရည်အချင်းတွေနဲ့ နားလည်နိုင်မှုက အရမ်းကွာခြားနေတာ တကယ်ဒေါသထွက်စရာပဲ မဟုတ်လား။ ”
-ဟု တိုးတိုးလေး ညည်းတွား၏။ စုရီတစ်ယောက် စိတ်ကိုတည်ငြိမ်စေလျက်၊
“ ဒီလို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်က တာအိုနှလုံးသားကို မိန်းမတစ်ယောက်ကြောင့် ဘယ်လိုများ ပျက်စီးနိုင်ရတာလဲ။ ”
-ဟု တုန့်ပြန်မေးမြန်းလိုက်သည်။ လောကသခင်က ခေါင်းခါလျက်၊
“ ငါမသိဘူး ... ဒါတွေက ငါခံစားနိုင်တဲ့ အမှတ်တရအချို့ပဲ ရှန့်မူက ကောင်းကင်လမ်း နယ်ပယ်ထက် ပိုမိုမြင့်မားတဲ့လမ်းကြောင်းကို နားလည်သွားတဲ့အချိန်မှာ ...
... သူ့စိတ်ဝိညာဉ် ပျက်စီးသွားပြီး ရုတ်တရက် သေဆုံးသွားရတယ်ဆိုတာပဲ ငါ သိလိုက်တယ်၊ ဟမ့် ... အဲဒီမိန်းမတွေ ...။ ”
လောကသခင်က သူ့ကိုယ်သူ လှောင်ပြောင်လျက်ဖြင့်၊
“ ရှန့်မူနဲ့ ... အဲဒီမိန်းမကြားမှာ တစ်ခုခု ထူးခြားနေရမယ်လို့ ငါပြောနိုင်တယ် သူတို့က ချစ်သူတွေဖြစ်နိုင်တယ် မဟုတ်ရင် နယ်ပယ် ဘုရင်တစ်ပါးက ဝိညာဉ်ပြိုကွဲသေစရာလား ...
... ရှန့်မူရဲ့ စိတ်ဝိညာဉ်အပေါ်မှာ ... နည်းလမ်းတစ်ခုအသုံးပြုပြီး ပျက်စီးစေရမယ်လို့ ငါယုံကြည်တယ်။ ”
ဤတစ်ကြိမ်တွင် စုရီမှတိတ်ဆိတ်သွား၏။ သူ့အတွက် ထိုသို့သော ထင်ကြေးများအပေါ်၌ ကောက်ချက်မပေးနိုင်ချေ။
“ ငါဒါကိုပြောနေရတာက မိန်းမတွေနဲ့ မင်းကိုဝေးဝေးနေဖို့ အကြံပေးတာမဟုတ်ဘူး သတိထားပြီး ရှန့်မူအဖြစ်မျိုး မကြုံရအောင် သတိထားဖို့ပါ။ ”
ထို့နောက် လောကသခင်၏ မျက်နှာအမူအရာ လေးနက်လာပြီး သတိပေး စကားတစ်ခွန်း ထပ်ပြောလာသည်။
“ ဒါ့ပြင် ကောင်းကင်ကိုးပါးနန်းတော်ရဲ့ အဲဒီလူအိုကြီးက ရှန့်မူအကြောင်း တစ်ခုခုကို သိနေနိုင်တယ် ဘာလို့လဲဆိုတော့ သူက ငါ့ကို နှလုံးသားမဲ့သူလို့ တစ်ကြိမ်ထက်မက ခေါ်ခဲ့ဖူးတယ် ...
... အရင်တုန်းက ငါအလေးအနက် မထားခဲ့ဘူး ဒါပေမယ့် အခုရှန့်မူအကြောင်း သိပြီးတဲ့နောက်မှာ တစ်ခုခုမှားနေတယ်လို့ ခံစားမိလာရတယ် ...
... ကြည့်ရတာ ကောင်းကင်ကိုးပါး နန်းတော်ရဲ့ အဲဒီလူအိုကြီးက ... ငါဆိုတာ ရှန့်မူ ဝင်စားသူလို့ သိပြီးသား ဖြစ်နိုင်တယ်။ ”
ထိုစကားသည် စုရီကို မျက်ခုံးပင့်စေ၏။ ကောင်းကင်ကိုးပါးနန်းတော်၏ ဂိုဏ်းချုပ်သည် ကောင်းကင်ဆန္ဒဥပဒေ ထိန်းချုပ်နိုင်သူကို ရှာဖွေနေကြောင်း သတိရသွားသည်။
ချင်းဝမ်ဝိညာဉ်အတွင်း မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော ဝိညာဉ်အမှတ်အသားနှင့် ထျန်းချီရောက်ရှိလာမှုသည်လည်း စိတ်ဝင်စားစရာပေပင်။
မိန်းမတစ်ယောက်ကြောင့် ရှန့်မူ ဖျက်ဆီးခံလိုက်ရပြီး ထိုမိန်းမမည်သူဖြစ်မည် ကိုသည်း တစ်ဖက်လူမှ သိထားပုံရနေ၏။
တစ်ဖက်လူသည် ရှန့်မူ၊ လောကသခင်၊ စုရွှမ်ကြွယ်နှင့် စုရီတို့ဝင်စားခြင်းကို တစ်ချိန်လုံး စောင့်ကြည့်နေပုံပေပင်။
ယင်းသို့ဆိုသော် ချင်းဝမ်တစ်ယောက် သူ့ဘေး၌ပေါ်လာခြင်းသည် မရိုးရှင်းလှချေ။ ထို့ကြောင့် သူ့ထင်မြင်ချက်များကို ဆွေးနွေးရန် လောကသခင်ထံ တိုက်ရိုက်ပြောပြလိုက်၏။ သို့သော် လောကသခင်မှ ခေါင်းခါပြီး၊
“ မင်း အတွေးလွန်နေတာလည်း ဖြစ်နိုင်ပါတယ် ချင်းဝမ်က ရှန့်မူကိုသတ်တဲ့ အမျိုးသမီး မဖြစ်နိုင်ဘူး ...
... ရှန်မူက နှလုံးသားမဲ့တဲ့ ယောက်ျားတစ်ယောက်သာဆိုရင် နှလုံးကွဲပြီး ဘာလို့သေဆုံးရမှာလဲ သေခဲ့ဦးတော့ ... ဒါက ချင်းဝမ်ရဲ့ကိစ္စပဲ အဲဒီအမျိုးသမီးကိုယ်စား
... ကောင်းကင်ကိုးပါးနန်းတော်ရဲ့ အဖိုးကြီးက ဘာလို့တရားမျှတမှုကိုရှာဖွေဖို့ ဒီလောက်ကြာအောင် ကြိုးစားနေရမှာလဲ ...
... ဒါ့ပြင် အချိန်ကာလ မတူညီဘူး၊ တိကျတဲ့အထောက်အထားမျိုးမရှိဘူး ... မင်းရဲ့ ယူဆချက်တွေကြား တစ်ခုတည်းသော ဆက်စပ်မှုဆိုလို့ ရှန့်မူပဲရှိနေတယ်။ ”
“ ကောင်းပြီ။ ”
စုရီက ရှင်းပြနိုင်ခြင်း မရှိတော့သဖြင့် ငြင်းခုံခြင်းမပြုတော့ချေ။ ချင်းဝမ်သည်သာ ရှန့်မူကိုသတ်သည့် အမျိုးသမီးဖြစ်ကြောင်း သက်သေလိုချေပြီ။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ကိုးပါးနန်းတော်၏ ဂိုဏ်းချုပ်သည် ဤသို့သိရှိနေသည့်အပေါ် သူ့ကျောရိုးများ အနည်းငယ်ချမ်းစိမ့်သွားစေ၏။
“ ဒီနေ့ မင်းကိုသဲလွန်စပေးချင်တာက ... ရှန့်မူသေဆုံးရတဲ့အကြောင်းရင်းကို သိချင်ရင် ကောင်းကင်ကိုးပါးနန်းတော်ရဲ့ အဖိုးကြီးကနေ စလို့ရတယ်ဆိုတာပါပဲ။ ”
စုရီက ခေါင်းညိတ်သည်။ ဤအချင်းအရာများကို လောကသခင်ပြောပြ ကတည်းက သူသည်လည်း နားလည်ထား၏။
“ အခု ... သူက မင်းကို ရင်ဆိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို သုံးနေတယ် အဲဒါက သူ မင်းကိုမုန်းတီးနေတယ်ဆိုတာကို ပြနေတယ် ...
... အနာဂတ်မှာ သူနဲ့တွေ့ရင် ဒီကိစ္စတွေအကြောင်းမမေးခင် သူ့ကိုအရင်ဆုံး ဖိနှိပ်ထားပါ။ ”
“ ငါ နားလည်ပြီ။ ”
စုရီ ခေါင်းညိတ်ပြလိုက်သည်။ ချင်းဝမ်နှင့် ထျန်းချီတို့၏ဆက်နွယ်မှုကို ထည့်သွင်းစဉ်းစား ရလျှင်ပင် ယင်းသည်လိုအပ်ချေ၏။
“ နောက်တစ်ခု ... ဒီအကြောင်းအရာကို မင်းမမေ့ပါနဲ့။ ”
“ ပြောပါ။ ”
လောကသခင်မှ ချက်ချင်း စကားမဆိုသေးဘဲ မျက်နှာအမူအရာ ပို၍ လေးနက်လာခဲ့သည်။
“ မင်းက ငါမဟုတ်ဘူး ... ရှန်းမူလည်း မဟုတ်ဘူး ... အခြားအတိတ်ထဲက ဘယ်သူမှ မဟုတ်ဘူး ...
... ဘာလို့လဲဆိုတော့ မင်းက ငါတို့ အားလုံးနဲ့ကွဲပြားတဲ့ နည်းလမ်းနဲ့ ဝင်စားခြင်းကို ခံယူထားတာမို့ပဲ...
... ငါတို့အားလုံးကတော့ ငရဲဘုံကိုးပါး ဓားရောင်ဝါကိုခံယူပြီး ပြန်လည်ဝင်စားခြင်း လမ်းကြောင်းကို ရှာဖွေခဲ့ရတယ် ...
... ဒါကြောင့် လက်ရှိမင်းက ငါတို့အတိတ်ဘဝတွေရဲ့ အမွေကိုဆက်ခံပြီး ပေါင်းစပ်ဖို့ အရည်အချင်း ပြည့်မီစေတာပဲ ...
... ဥပမာအားဖြင့်၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်တစ်ခုကို ဖြတ်ကျော်နိုင်လာတဲ့ အခါတိုင်း ဒါမှမဟုတ် အခွင့်အရေးတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း ...
... ငရဲဘုံကိုးပါးဓားမှာ ချိပ်ပိတ်ထားတဲ့ အတိတ်ဘဝတံဆိပ်တစ်ခု မင်းဖွင့်နိုင်လိမ့်မယ် ဒါက ဝင်စားခြင်းရေကန်ဘေးမှာ ...
... သေမျိုးနယ်ပယ် ဓားအတွင်းက ငါချန်ထားခဲ့တဲ့စိတ်စွမ်းအားကို မင်းထိတွေ့ ခဲ့တုန်းကလိုပဲ ...။”
ထိုစဉ်က ငရဲဘုံကိုးပါးဓားရှိ နတ်သံကြိုးတစ်ချောင်းပွင့်ကာ လောကသခင် ဘဝနိုးထလာပြီး သူနှင့် ပေါင်းစပ်သွားကြောင်း စုရီသတိရလာခဲ့၏။
“ အဲဒီလိုလည်း တစ်ဖက်မှာလည်း အတိတ်ဘဝတိုင်းက မင်းဝိညာဉ်နဲ့ခန္ဓာကိုယ်ကို အချိန်မရွေးသိမ်းပိုက်သွားပြီး ... သူတို့ ပြန်လည် အသက်ရှင်လာနိုင်မယ်။ ”
“ ဟမ့် ... ခန္ဓာကိုယ် ကျူးကျော်သိမ်းပိုက်တာမျိုးလား။ ”
စုရီမှ မျက်လုံးပြူးသွား၏။ ဤသည်မှာ ခန္ဓာကိုယ်အပိုင်သိမ်းခြင်းမည်ချေပြီ။ ထို့အသိက သူ့နှလုံးသားတစ်လုံး အေးစက်သွားစေတော့၏။
***