← Chapters

ပန်းနှစ်ပွင့်နှင့် ရမ္မက်ဘီလူး။

Vol. 77 Ch. 919

ပန်းနှစ်ပွင့်နှင့် ရမ္မက်ဘီလူး။

Vol. 77 Ch. 919

“ ဆရာ ... ဘယ်လိုဖြစ်လို့ ... ။ ”

ဝမ်ချွယ်တစ်ယောက် ကြောင်အသွားပြီး သူ့ဆရာအနား ချက်ချင်း ရောက်ရှိသွားသည်။ စုရီရုပ်ရည်သည် ပြောင်းလဲမသွားသော်လည်း ကိုယ်ရောင်ကိုယ်ဝါနှင့် စိတ်အခြေအနေမှာ အခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲ​​နေ၏။

ဤမတိုင်မီ ဆရာသခင်သည် အေးဆေးတည်ငြိမ်ပြီး ကောင်းကင်ပြိုကျလာ သော်လည်း မျက်နှာမပျက်ခဲ့ချေ။

ယခုမူ ဆရာ၏ အမူအရာတိုင်းသည် လွတ်လပ်ပေါ့ပါးသည့် ရောင်ဝါများလွှမ်းခြုံကာ မျက်စိရှေ့တွင်ရှိနေသော်လည်း လက်လှမ်း မမီနိုင်သည့်အလား ခံစားရစေ၏။

ထို့ပြင် အကြည့်များနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ဝိညာဉ်အတွင်း ဖိအားများကိုခံစားရစေ၏။ ယွီလောင်၊ ရွှမ်နင်နှင့် ပိုင်ရီတို့သည်လည်း ဤပြောင်းလဲမှုကို သတိပြုမိသည်။

ခြောက်လအတွင်း ဆရာသခင်၏ ကျင့်ကြံမှုသည် အရာများစွာ ဖြစ်ပျက်ခဲ့ပုံရ၏။ စုရီက ရောင်ဝါကို ပြန်လည်သိမ်းယူသည်။

“ ငါ နည်းနည်းလေး လစ်ဟင်းသွားတယ်။ ”

လောကသခင်၏ တာအိုအသိများ ပေါင်းစပ်ပြီးနောက် ရွှမ်ဟဲအလယ်အလတ် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။

ထို့ကြောင့် အရှိန်အဝါများ ပြောင်းသွားသည်ကို သူ သတိမထားမိခဲ့ချေ။ သို့သော် ချက်ချင်းပင် ရောင်ဝါများငြိမ်းလျက် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွား၏။

“ ငါမေးတာကို ဖြေပါဦး ဘယ်သူရောက်နေတာလဲ။”

စုရီမေးခွန်းကြောင့် ဝမ်ချွယ်သည်လည်း အတွေးများပြတ်တောက်ပြီး အကြောင်းစုံကို တင်ပြလာသည်။

လွန်ခဲ့သည့် သုံးလက လျှို့ဝှက်ဆန်းပြားသော အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး စုရီနှင့် တွေ့ခွင့်တောင်း၏။

တံခါးပိတ်ကျင့်ကြံနေကြောင်း သိနေသော်လည်း မပြန်ဘဲ တောင်တံခါးဝတွင် ယခုထိတိုင် စောင့်ဆိုင်းနေခဲ့ခြင်းပေပင်။

“ ဆရာ၊ အဲဒီအမျိုးသမီးက ကြယ်လွင်ပြင်ဒေသကနေ လာတာထင်တယ် သေချာပေါက် နယ်ပယ်ဘုရင်အဆင့် တစ်စုံတစ်ယောက်ဖြစ်နိုင်တယ်။ ”

စုရီက အံ့သြသွားသည်။ မူလက ငရဲဘုရင်ရောက်ရှိလာခြင်းဟု ထင်မြင်ခဲ့သည်။ ဝမ်ချွယ်ပြောစကားအရ ထိုအမျိုးသမီးသည် အခြားတစ်ယောက်ဖြစ်နိုင်၏။

“ အဲဒီလူကို လောလောဆယ် ... ဂရုစိုက်နေဖို့မလိုဘူး ဝမ်ချွယ် ... လူတွေစုလိုက် ဖီးနစ်ရင်ပြင်မှာ သောက်ပွဲကျင်းပကြမယ်။ ”

ထို့နောက်တွင် စုရီနှင့်အဖွဲ့သားများသည် ပျော်ရွှင်စွာ သောက်ပွဲကြီးဆင်နွှဲနေတော့သည်။ ကျင့်ကြံခြင်းသည် ပျင်းရိစရာကောင်းလွန်းပြီး အချိန်များစွာ တစ်​ယောက်တည်းနေရ၏။

မြင့်မားသောလမ်းကြောင်းသို့ ရောက်ရှိလာသည်နှင့်အမျှ ပို၍နစ်မြုပ်နိုင်ပြီး အချင်းချင်းတွေ့ဆုံနိုင်ရန် မလွယ်ကူချေ။ စားသောက်နေစဉ် ချင်းဝမ်က စုရီအနားကပ်ကာ၊

“ တာအိုသခင် ... ဝမ်အာ ဒီရက်ပိုင်းအတွင်းစိတ်ထဲမှာ တစ်ခုခုဖြစ်တော့ မလိုလိုနဲ့ စိုးရိမ်စိတ်ဝင်နေပါတယ်။ ”

-ဟု အသိပေးလာသည်။

“ နားလည်ပြီ ... ညကျရင် ငါ့အခန်းထဲကိုလာခဲ့ စစ်ဆေးပေးမယ် မင်းရဲ့ အစ်မချာကျင်ကိုပါ ခေါ်လာခဲ့ ... ။ ”

“ တာအိုသခင် ... ဒါ။ ”

စုရီစကားကြောင့် ချင်းဝမ်ခမျာ ချက်ချင်းပင်မျက်နှာလေး နီမြန်းသွားတော့၏။ ထိုညသည် ညတာရှည်ပြီး ဆူပွက်လွန်းသည်။ ထင်းရှူးတောအုပ်ထဲတွင် မိန်းကလေးတစ်ဦး တိတ်ဆိတ်စွာ တရားထိုင်နေ၏။

သူမဘေးတွင် ကြေးနီအိုးကြီး တစ်လုံးချထားကာ ထာဝရနစ်မြုပ်နေခဲ့သည်။ ဤသူကား ထျန်းချီဖြစ်၏။

သူမသည် သုံးလလုံးလုံး စိတ်ဝိညာဉ်ဖြင့် သူမ၏အခြားတစ်ဝက်ကို ဆက်သွယ်ခေါ်ယူရန် ကြိုးစားနေခဲ့ခြင်းပေပင်။ သို့သော် မမြင်နိုင်သော စွမ်းအားတစ်ခုသည် ယင်းကို ဖြတ်တောက်ခြင်းခံခဲ့ရသည်။

“ ဟမ့် ... ။ ”

ရုတ်တရက် ထျန်းချီတစ်ယောက် ခန္ဓာကိုယ်တုန်ခါသွားပြီး လှပသောမျက်နှာတွင် ရှက်ရွံ့ဟန် မျက်ဝန်းများပွင့်လာ၏။

“ အဲဒီလူ ... ။ ”

သတ်ဖြတ်​လိုသောဆန္ဒများ ဝုန်းခနဲပွင့်ထွက်လာကာ၊

“ ဘယ်လောက် ရမ္မက်ကြီးလိုက်လဲ။ ”

-ဟု အော်ဟစ်လိုက်သည်။ သူမသည် သန့်စင်သောအပျိုစင် အမျိုးသမီးတစ်ဦးဖြစ်ရာ ချင်းဝမ်မှတဆင့် ခံစားရသော အရသာသည် သွေးနှင့်ချီကို ပွက်ပွက်ဆူလာစေ၏။

“ ထန်းချီလေး မင်းဘာဖြစ်တာလဲ။ ”

“ ဘာမှမဖြစ်ဘူး ပါးစပ်ပိတ်ထား။ ”

ထျန်းချီက ကြေးနီအိုးကြီးအဝကို ချက်ချင်းပိတ်ဆို့လိုက်သည်။ ပတ်ဝန်းကျင်ထံ စူးစမ်းလိုသော ကျိုးယောင်ခမျာ အာရုံငါးပါး ပိတ်ဆို့ခြင်း ခံလိုက်ရသဖြင့် မမြင်၊မကြာ၊ ဖြစ်လာတော့၏။

ထိုစဉ် ထျန်းချီသည် လက်သီးများ ကျစ်ကျစ်ပါအောင်ဆုပ်လျက် တောင်ထိပ်ပေါ် မော့ကြည့်လိုက်သည်။

အခန်းတစ်ခုအတွင်း ချင်းဝမ်အပြင် နောက်ထပ် အမျိုးသမီးတစ်ဦးရှိနေသေးသည်။ ထိုအမျိုးသမီးသည် အားနည်းပြီး ရမ္မက်ဘီလူး၏ ဝါးမျိုခြင်းကို မခံနိုင်ခဲ့ချေ။

အချိန်ပြည့် အော်ဟစ်ညည်းညူ နေသံများသည် သနားစရာကောင်းအောင်ပင် ခံစားနေရကြောင်းမြင်သာ၏။

သူမ၏ အခြားတစ်ဝက်သည် အနည်းငယ်သန်မာနေ၍သာ ထိုအမျိုးသမီး အတွက် သက်သာသွား၏။ မဟုတ်သော် ထိုအမျိုးသမီးခမျာ တစ်စစီဖြစ်နိုင်မည်။

သို့တိုင်း သူမ၏ ထိုအခြားတစ်ဝက် သည်လည်း များစွာကောင်းမွန်သည်မဟုတ်ချေ။ လှိုင်းထန်လေပြင်းများကြား လှေငယ်တစ်စင်း ကဲ့သို့ အဆတ်မပြတ် တုန်ခါနေသည်။

“ အင့် ... လူယုတ်မာ ... ။ ”

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

တစ်စတစ်စ သူမခန္ဓာကိုယ်သည် မီးခဲကြီးကဲ့သို့တိုး၍ပူလာသဖြင့် စမ်းချောင်းငယ် အတွင်း ချက်ချင်းခုန်ဆင်းစိမ်နေလိုက်ရ၏။

မြင်ကွင်းများသည် သူမအတွက် ကွက်ကွက်ကွင်းကွင်းပေပင်။ ရမ္မက်မီးလျှံများ တောက်လောင်နေသော ဘီးလူးတစ်ကောင်မှ ပန်းနှစ်ပွင့်ကို ပွဲတော်တည်နေခြင်းဖြစ်၏။

သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဤလုပ်ငန်းစဉ်ကိုမြင်ဖူးခြင်းဖြစ်ပြီး မြင်ကွင်းမှာ အထွတ်အထိပ်ကို ချက်ချင်းရောက်ရှိစေသည်။

ထို့ကြောင့် စမ်းရေအတွင်း ခေါင်းအထိ နစ်မြုပ်စေလျက်ဖြင့် အတွေးပုံရိပ်လှိုင်းများကို အနည်းငယ်ငြိမ်သက်စေလိုက်သည်။

“ အား ... ဒီရမ္မက်ဘီလူးကောင်။ ”

အချိန်အတော်ကြာပြီးနောက် အခြားတစ်ဖက်ထံ ပြန်၍ဆက်သွယ်ကြည့်မိရာ ရင်ဝကိုခံစားချက်လှိုင်းများ ဝုန်းခနဲ ရိုက်ခတ်လာတော့၏။

ဤတစ်ကြိမ်တွင် မျက်လုံးပြူးလျက် စမ်ချောင်းအတွင်း ချက်ချင်းလဲပြိုကျသွားသည်။ ပြင်းထန်ပြီး သန်မာချေပြီ။ တောင်ကျရေတံခွန် တစ်စင်းကဲ့သို့ အဆုံးမဲ့လှ၏။

“ စုရွှမ်ကြွယ် ... နင်က လောကသခင် ဖြစ်နေခဲ့ရင်တောင် အနာဂါတ်မှာ ... နင့်ကို ငါ အသေသတ်မယ်။ ”

နာကျင်စွာအော်ဟစ်လျက် ရေထဲထပ်မံငုပ်လျိုးလိုက်ရသည်။ သည်လူသည် သူမ၏ အခြားတစ်ဖက်ကို ထိုသို့ဆက်ဆံဝံ့ သည်လော။ သေခြင်းတရားကို နားလည်ပုံမရချေ။

ထျန်းချီခမျာ တစ်ညလုံး ထိုခံစားချက်များကြားတွင် ရုန်းကန်နေခဲ့ရပြီး မိုးသောက်အလင်းရောင်များ ရောက်ရှိလာမှသာ ရပ်တန့်သွား၏။

သူမမျက်နှာသည် ခရီးဝေးကြီးတစ်ခုကို ညတွင်းချင်း အပြေးနှင်ခဲ့ရသကဲ့သို့ နွမ်းနယ်ကာ မျက်ကွင်းများချောင်ကျနေသည်။

“ ဦးလေးကျိုးယောင် ... ငါ စုရွှမ်ကြွယ်ကို သတ်ချင်တယ်။ ”

ထျန်းချီက စမ်းချောင်းအတွင်းမှ အေးစက်သောအသွင်ဖြင့် လှမ်းတက်လာပြီး စကားဆိုသည်။

သူမ၏ အနက်ရောင်ဝတ်ရုံပေါ်ရှိ ရေစက်များသည် အငွေ့ပျံလျက်ချက်ချင်းပင် ခြောက်သွေ့သွားတော့၏။ ကြေးနီအိုးထဲမှ ကျိုးယောင်က သက်ပြင်းချလိုက်ပြီး၊

“ မင်းဦးလေးကို သေစေချင်ရင် ဆက်လုပ်ပါ ထျန်းချီလေး။ ”

-ဟု တုန့်ပြန်လာခဲ့သည်။ ထိုစကားကြောင့် ထျန်းချီတစ်ယောက် မကျေမနပ်ဖြစ်လာပြီး၊

“ ငါ့ကိုကူညီပါ ဦးလေးကျိုး ... ။ ”

“ ငါ ... ။ ”

“ မင်းမှာ သတ္တိမရှိဘူးလား။ ”

“ ဒါက ... ။ ”

ကျိုးယောင်မှ တုန့်ဆိုင်းသွားစဉ် ရုတ်တရက်တည်ငြိမ်လွန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ သူက သတ္တိမရှိတာ မဟုတ်ဘူး ... ငါနဲ့လာရှုပ်ရင် သူသေမှာကိုသိနေလို့ပဲ။ ”

ထျန်းချီတစ်ယောက် မျက်နှာ ပျက်ယွင်းသွားပြီး ချက်ချင်းမော့ကြည့်လိုက်ရာ အဝေးတွင် လက်နှစ်ဖက်နောက်ပို့လျက် လျှောက်လှမ်းလာနေသည့် လူရွယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။

အရှိန်အဝါသည် ရိုးရှင်းနေသော်လည်း အတွင်း၌ နက်ရှိုင်းသောနတ်ဘုရားဆန်သည့် အငွေ့အသက်များ ကိန်းအောင်းနေ၏။

“ မင်း ... ရမ္မက်ဘီလူး ... ။ ”

တစ်ဆက်တည်းမှာပင် ယမန်နေ့ညက ကြုံတွေ့ခဲ့ရသောမုန်တိုင်းကို သတိရလာကာ သတ်ဖြတ်လိုစိတ်များ ပြည့်လျှံလာ၏။

“ ထျန်းထျီလေး ငါမှာခဲ့တာတွေကို မမေ့နဲ့။ ”

ကြေးနီအိုးထဲမှ ကျိုးယောင်က သူမခံစားချက်ကို နားမလည်နိုင်သောကြောင့် သတ်ဖြတ်လိုစိတ်ပွင့်လာသည့် ထျန်းချီထံ အလွန်အမင်း စိုးရိမ်သွားလေသည်။

သတ်ဖြတ်လိုသော ခံစားချက်ကို ရရှိလာသဖြင့် စုရီမှ မျက်ခုံးပင့်လျက်ပြန်ကြည့် လိုက်လေသည်။ ဤမိန်းကလေးသည် သူ့ကို သတ်ချင်နေသည်မှာ ပုံမှန်မဟုတ်ချေ။ တစ်ညလုံးသူနှင့် ချင်းဝမ်၊ချာကျင်တို့ပွဲကို စောင့်ကြည့်နေခဲ့ပုံရသည်။

ချာကျင်သည် ကျင့်ကြံမှုနိမ့်ပါးကာ သူနှင့်မလိုက်နိုင်တော့သောကြောင့် ချင်းဝမ် အပါအဝင် သုံးမွှာကျင့်ကြံခဲ့ရသည်။

ထိုစဉ်က ချင်းဝမ်၏ ဝိညာဉ်အတွင်းရှိတံဆိပ်ထံမှ တစ်စုံတစ်ရာကို သူခံစားမိခဲ့သေးသည်။

“ မင်းရုပ်ဖျက်ထားတာပဲ မဟုတ်ရင် ငါ့တပည့်တွေ မင်းကို ချက်ချင်း မှတ်မိကြမှာ။ ”

စုရီက ဆိုလိုက်သည်။ ထျန်းချီသည် ချင်းဝမ်နှင့်တစ်ယောက်တည်းနီးပါး တူညီသည်။ ထို့ကြောင့် သူမ၏ မူလရုပ်သွင်ဖြင့်လာပါက သူ့တပည့်များ သိနိုင်ပေမည်။

ထျန်းချီမှာမူ စိတ်မထိန်းနိုင်တော့ဘဲ ပေါက်ကွဲသွားမည်စိုးရိမ်နေသဖြင့် နှုတ်ခမ်းများ တင်းတင်းစေ့လျက် ငြိမ်သက်နေ၏။

“ ဒီမှာ မင်းလည်း ရှိသေးတာပဲ ... ။ ”

စုရီ အကြည့်က ကြေးနီအိုးကြီးဆီသို့ ရောက်သွားသည်။

“ ဒီလောက်နှစ်တွေ ကြာပြီးမှ ဘာလို့ အဲဒီအိုးသေးသေးလေးထဲမှာ ပုန်းနေရတာလဲ နောက်ဆုံးတွေ့တုန်းက မင်းတော်တော့်ကို ဝင့်ကြွားခဲ့တာ မဟုတ်လား။”

“ ဘရူး ... ။ ”

စုရီစကားကြောင့် ကြေးနီအိုးကြီးမှ ထိတ်လန့်သွားဟန်ဖြင့် တုန်ခါလျက်အငွေ့များ တိုးထွက်လာပြီး အမြင့်(၃)တောင်ခန့်ရှိသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ ဂျူနီယာကျိုးယောင်က စီနီယာကို ဂါဝရပြုပါတယ်။”

ဤသည်ကား အနီရောင်ကြယ်စု၏ စစ်နတ်ဘုရား ကြယ်ကိုးပါးကျိုးယောင်ပေပင်။ သို့သော် သူသည် ယခင်ကဲ့သို့ မဟုတ်တော့ဘဲ ဝံ့ကြွားမှုအစား ခေါင်းကိုငုံ့လျက် အလွန်တရာ ရိုသေနှိမ့်ချသောအမူအရာဖြင့် ရှိနေတော့၏။

***

All Chapters