စည်းကမ်းမဲ့နယ်မြေ
Vol. 141 Ch. 1961
ရှီမာယူယူသည် သူတို့ကို ကယ်ထားသဖြင့် သူတို့ ပြန်ကောင်းလာသည် နှင့် တစ်စုံတစ်ရာလုပ်မည်ကို စိုးရိမ်ရန်မလိုသည်ကို ယွင်ရာသိသည်။ ထိုသို့ ပြု လုပ်ရသည်မှာလည်း သူမသည် သူတို့ကို ကြောက်ရွံ့ခြင်းမရှိ၍ပင်ဖြစ်သည်။ သူ တစ်ခုခုလုပ်လျှင်တောင် သူမဘေးတွင်ရှိသော ဝူလင်းယူနှင့် ဟွမ်တို့သည် သူတို့ကို အနိုင်ယူနိုင်သည်။ သူမ လက်ထဲမှ တစ္တေတစ်ရာအလံတော်ထဲရှိ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကိုတော့ ပြောရန်ပင်မလိုတော့ပေ။
ရှေးဟောင်းတိုက်ပွဲဝိညာဉ်များသည် အလွန်သန်မာကြရာ အနည်းငယ် ဆိုလျှင်တောင် သူတို့ကို ခေါင်းကိုက်စေနိုင်သည်။
“ကျွန်မတို့ ထွက်လာပြီ.. ဝမ်းကွဲအစ်မဝမ်ဝမ်တို့ရော ဘယ်လိုနေလဲမသိ ဘူး” ရှီမာယူယူသည် ယွိဝမ်ဝမ်ကို စိတ်ပူသွားသည်။ လေဟာနယ် ပြိုမကျခင် သူမ ထွက်နိုင်ရဲ့လား မသိပေ။
“သူတို့ အဆင်ပြေလောက်မှာပါ” ဝူလင်းယူသည် သူမကိုနှစ်သိမ့်ပေးလေသည် “သူတို့ ရောက်နေတဲ့ အကွာအဝေးအရဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက ပြန် ရောက်လောက်ပြီ.. လေဟာနယ် မတည်ငြိမ်ဘူးဆိုရင် သူတို့လည်း ထွက်ရ ကောင်းမှန်းသိမှာပါ”
လောကအသေး၏ ဝင်ပေါက်အပြင်ဘက်မှာ မတည်ငြိမ်ဆုံးနေရာဖြစ်သည်။ သူတို့ ထိုနေရာမှ ထွက်လိုက်သည်နှင့် အဆင်ပြေနိုင်သည်။
“အဲလိုဖြစ်ဖို့ မျှော်လင့်ပါတယ် မဟုတ်ရင် အမေ့ကိုကယ်ပြီးရင် ဘယ်လို ရှင်းပြရမလဲ သိမှာမဟုတ်ဘူး” ရှီမာယူယူ သက်ပြင်းချလေသည်။
“မင်း တကယ်ပဲ ရှဲဟွမ်ကို တစ္ဆေတစ်ရာအလံတော်ထဲ ထည့်လိုက်တာ လား” ယွင်ရာ မေးလိုက်သည်။
“ဟုတ်တယ် ကျွန်မပြောတဲ့အတိုင်းလုပ်တာပဲ” ရှီမာယူယူ ပြောလိုက် သည် “ဝမ်းကွဲအစ်ကိုနဲ့တွေ့ရင် ရှောင်ဟော် အခက်တွေ့အောင် လုပ်မလို့”
“ဝမ်းကွဲအစ်ကိုဟုတ်လား ဒိကျဲ့လား” ယွင်ရာ မျက်မှောင်ကြုတ်သွား သည်။
သူမက ရှဲဟွမ်ကို ဒီဟာကြောင့် ဖမ်းလိုက်တာလား။
“ကျွန်မ အင်ပါယာမြို့တော်ကို ရောက်ကတည်းက ဝမ်းကွဲအစ်ကိုက အရမ်းအလုပ်များနေခဲ့တာ… သူ မနားရဘဲ နယ်နိမိတ်တွေမှာ ယွင်ရာနဲ့ ချင်းဟွမ်က ပြဿနာရှာနေခ့တာလေ ဟင်း အဲတော့ ရှဲဟွမ်ဆိုလည်း ဘာဖြစ် လဲ” ရှီမာယူယူ နှာမှုတ်လေသည်။
“လူသတ်နတ်ဘုရား ဒိကျဲ့မှာ မင်းလိုကာကွယ်ပေးတတ်တဲ့ ညီမရှိလိမ့် မယ်လို့ ထင်မထားဘူးပဲ” ယွင်ရာသည် စာနာသလိုပြောလေသည် “အဲဒါ ကြောင့် သူက မင်းကို ဒီလောက် အလိုလိုက်တာကိုး”
သူသည် ထိုသတင်းကိုရပြီးနောက် သံသယရှိခဲ့သည်။ ဒိကျဲ့သည် ရန်သူ ဆိုလျှင် မြေးအထိပါလိုက်တတ်သူဖြစ်သည်။ သို့သော် ရှီမာယူယူကိုတော့ ချစ်ပြီး အလိုလိုက်သည်။ အစောက သူမသည် ယွိခဲ့လော့၏ သမီးဖြစ်ခြင်း ကြောင့် အလိုလိုက်ခြင်းဖြစ်မည်ဟု ထင်ခဲ့သည်။ ယခုစဉ်းစားကြည့်မှပင် သူတို့ ပထမဆုံးတွေ့ကတည်းကပင် သူမဖြစ်နေခြင်းကြောင့်ပင် ချစ်ခင်ခြင်းဖြစ်နိုင် သည်။
“ကျွန်မက ဝိညာဉ်မျိုးနွယ်၊ တစ္ဆေမျိုးနွယ်တို့နဲ့ ပတ်သက်ပြီး ထင်မြင် ချက် ကြီးကြီးမားမားမရှိပေမဲ့ ဝိညာဉ်မျိုးနွယ်က အကြီးအကဲတွေက အမြဲနား တယ်လို့ကိုမရှိဘူး.. သူတို့သာ လာပြီး ပြဿနာရှာရင် ခက်ကုန်မယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမ၏ လက်ရှိအခြေအနေအရ သူမသည် ဝိညာဉ်မျိုးနွယ်ဘက်ကို ထည့် စဉ်းစားရမည်။ သို့သော် သူမ၏ သရုပ်မှန်မှာ ထိုနေရာနှင့် သက်ဆိုင်နေသည်။ သူမတွင် ဝိညာဉ်ခန္ဓာကိုယ်ရှိနေသည်ကို မသိသူများသည် ဝိညာဉ်မျိုးနွယ် အဖြစ် ဆက်ဆံမည်မဟုတ်ပေ။
ယွင်ရာနှင့် ဖေးယိတို့သည် သူမ၏ ရှင်းပြချက်ကိုနားထောင်ပြီးနောက် သူမကို ပို၍ပင် အထင်ကြီးသွားသည်။
“ငါတို့ ဘယ်နေရာကို ကျသွားလဲဆိုတာ ဖေးယိ မင်းသိလား” ယွင်ရာ မေး လိုက်သည်။
“မသိဘူး” ဖေးယိ ခေါင်းခါလိုက်သည်။
ယွင်ရာသည် သူတို့ တစ္ဆေလောက၏ မည်သည့်နေရာကို ရောက်နေ သည်ကို လောကအသေးနှင့် အပြင်ဘက်အကွာအဝေးကို အခြေခံကာ တွက်ချက်စေချင်သည်။ သို့သော် လောကအသေးနှင့် အပြင်ကမ္ဘာကြားမှ လေဟာနယ်သည် အလွန်ကွာခြားလွန်းသဖြင့် သူလည်းမရှင်းလင်းပေ။ ထို့ကြောင့် တိကျအောင် တွက်ချက်ရန် နည်းလမ်းမရှိပေ။
“ဖေးယိ ရှင်က ဝိညာဉ်နယ်မြေမှာ အတော်ဆုံး တည်ဆောက်မှုသခင်လို့ သူတို့ပြောကြတယ်.. ရှင် သက်သာရင် လက္ခဏာတွေကို ယှဉ်ကြည့်ကြတာပေါ့ ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက်သည်။
“ရတယ်လေ” ဖေးယိသည် သဘောတူလိုက်သည်။ အတိအကျဆိုရ လျှင် သူသည်လည်း ပူးပေါင်းလုပ်ရမည်ကို မျှော်လင့်ထားသည်။
“ဒါဆိုလည်း ဒီကိစ္စပြီးပြီပဲ” ရှီမာယူယူသည် ဝူလင်းယူ၏ ရင်ခွင်ထဲတွင် လှဲနေလိုက်သည်။ သူမသည် အလွန်ပင်ပန်းနေပြီဖြစ်ကာ အိပ်တော့မည်အပြု တွင် ရုတ်တရက် ကျယ်လောင်သော ငလျင်လှုပ်သံကို ကြားလိုက်ရသည်။
“မဟုတ်လောက်ပါဘူး… လေဟာနယ် တုန်ခါတာကနေ ထွက်လာပြီး တော့ ငလျင်ကိုတာတွေ့တာလား” ရှီမာယူယူ အော်လိုက်သည်။
လက်ရှိတွင် သူတို့သည် ဒဏ်ရာအပြင်းအထန်ရထားကြသည်။ ယခုသာ ငလျင်နှင့် ရင်ဆိုင်ရမည်ဆိုပါက မည်သည့်နေနရာတွင် သွားပုန်းရတော့မည် နည်း။
“ဘုန်း ဘုန်း”
အသံသည် နီးနီးလာပြီး ငလျင်မှာလည်း အားပိုပြင်းလာသည်။
“ဒါ ငလျင်မဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည် “ငလျင်ထက်တောင် ပိုကြီးတဲ့ ပြဿနာဖြစ်မှာစိုးရတယ်”
အားလုံးသည် သူကြည့်သည့်ဘက်သို့ ကြည့်လိုက်ရာ ကြီးမားသော မရဏာမျောက်ဝံတချို့ကို တွေ့လိုက်ရသည်။ မရဏာမျောက်ဝံ၏ ပခုံးများပေါ် တွင် လူနှစ်ယောက်စီ ထိုင်လာသည်။ အရေအတွက်မှာ အမျိုးသမီးသုံးယောက် အမျိုးသားငါးယောက် စုစုပေါင်း ရှစ်ယောက်ဖြစ်သည်။
ရှီမာယူယူသည် မရဏာမျောက်ဝံများနှင့် လူများကိုမြင်သောအခါ တုံ့ပြန် မှုမရှိပေ။ သို့သော် ယွင်ရာနှင့် ဖေးယိတို့၏ မျက်နှာမှာ ပျက်သွားကြသည်။
“ငါတို့ ဒီနေရာကို ရောက်လာတာပဲ တကယ်တမ်း တွက်ကြည့်ရင် ဒီလို ဖြစ်စရာအကြောင်းမရှိဘူး.. ငါတို့က လေဟာနယ်ကို တုန်ခါစေလိုက်လို့ ပတ် ပတ်လည်က လေဟာနယ်တွေက ပြောင်းသွားတာများလား” ဖေးယိသည် မသဲမကွဲ ပြောလိုက်သည်။
“ဒီနေ့တော့ ငါတို့ထွက်ပြေးဖို့ ခက်မယ့်ပုံပဲ” ယွင်ရာသည် မြေကြီးပေါ်သို့ လဲကျသွားသကဲ့သို့ လက်မှိုင်ကျသွားသည်။
“ဘာဖြစ်လို့လဲ ဒီနေရာက ဘယ်နေရာလဲဆိုတာသိလို့လား” ရှီမာယူယူ မေးလိုက်သည်။
“သိတာပေါ့ အဲဒီမရဏာမျောက်ဝံတွေကို ကြည့်လိုက်ဦး.. အကောင်တိုင်း ရဲ့ လည်ပင်းမှာ အဖြူရောင်အမွေးတွေရှိတယ်.. စည်းကမ်းမဲ့နယ်မြေမှာပဲ လည်ပင်းဖြူ မျောက်ဝံတွေပေါ်လာတတ်တာ” ယွင်ရာ ပြောလိုက်သည်။
“စည်းကမ်းမဲ့နယ်မြေဟုတ်လား… ဒီနေရာက ဘယ်လိုနေရာလဲ” ရှီမာယူယူ မေးလိုက်သည်။
“တစ္ဆေလောကမှာဆိုရင် တစ်နေရာတည်းပဲရှိတယ်.. တစ္ဆေလောက၊ ဝိညာဉ်နယ်မြေနဲ့ ငရဲတောင်မှ လောကသုံးပါးဆုံရာ နယ်စပ်ဖြစ်တဲ့ ဒီနေရာကို သိပ်ဂရုမစိုက်ကြဘူး.. ဒါပေမဲ့ တကယ့်အကြောင်းအရင်းက ဒီမှာနေတဲ့လူတွေ ကြောင့်ပဲ”
“သူတို့က အရမ်းအားကောင်းတာပဲလား”
“ဒီကလူတွေက တကယ်ပဲအားကောင်းပါတယ် ဒါပေမဲ့ လောကသုံးပါးကို ဘယ်လိုလုပ် ကျော်နိုင်မှာပဲ.. သူတို့ရဲ့ သရုပ်မှန်ကြောင့်သာ အားကောင်းကြ တာ”
ရှီမာယူယူ နားမလည်သေးပေ။ သူတို့ သရုပ်မှန်က ဘာဖြစ်နေလို့လဲ။
“ဒီနေရာမှာ နေတဲ့လူတွေက တစ်ချိန်က တစ္ဆေလောကရဲ့ အစစ်အမှန် အုပ်ချုပ်သူ ရာထူးမြင့်တဲ့ ကိုးခုမြောက်မရဏာမျိုးနွယ်တွေပဲ… ဒါပေမဲ့ ဒီနေရာ က သူ့ဂုဏ်တောင်ပျောက်နေတာ ကြာပါပြီ.. လောကသုံးပါးကို ထိန်းချုပ်နိုင် တာကလည်း လောကသုံးပါးနဲ့ အဲလူတွေကြားက ဆက်ဆံရေးကြောင့်ပဲ… ဘယ်လောကက လူဖြစ်ဖြစ် ဒီနေရာကို ဆန့်ကျင်လိုက်ရင် တခြားလောကနှစ် ပါးက သူတို့ကို ဖိနှိပ်လာမှာပဲ”
“ရိုးရိုးရှင်းရှင်းပြောရရင် ဒီကမျိုးနွယ်က အရင်က အားကောင်းခဲ့တယ်.. ဒါပေမဲ့ အခုကျ လောကသုံးပါးက ထိန်းသိမ်းနေကြလို့ပေါ့” ရှီမာယူယူ ပြော လိုက်သည်။
လောကသုံးပါးဆုံရာနေရာများသည် များသောအားဖြင့် လူမရှိနေတတ် ပေ။
“ဒီနေရာက ထူးခြားလို့ တော်ရုံလူမဝင်နိုင်ဘူး.. ကိုယ့်ဘာသာ ဝင်လာတဲ့ လူတွေလည်း အဖမ်းခံရပြီး ပြန်ထွက်ခွင့်မရှိဘူး.. မင်းရဲ့ အဘိုး၊ ချင်းဟွမ်တို့ လာချင်ရင်တောင် သူတို့ရဲ့သရုပ်မှန်ကို ဖော်ထုတ်ပြီးမှ လာခွင့်ရှိမှာ.. အခု ငါတို့ ဒီရောက်နေပြီ ပေါ်လည်းပေါ်သွားပြီဆိုတော့ ဟူး…”
ယွင်ရာ၏ စကားလုံးများသည် မျှော်လင့်ချက်မဲ့နေသည်။ ယခုအချိန်တွင် သူတို့သည် ဒဏ်ရာအပြင်းအထန်ရထားကြသည်။ ထို့ကြောင့် သူတို့ တိုက်ခိုက် မည်ဆိုပါက ခုခံရန်မဖြစ်နိုင်ပေ။ နောက်ပိုင်း ထွက်ပြေးနိုင်ရင်တောင် ဤကဲ့သို့ နေရာမျိုးနွယ် ကြာကြာအသက်မရှင်နိုင်ပေ။
ထိုလည်ပင်းဖြူမျောက်ဝံများသည် သူတို့ဆီလာနေသည်မှာ သူတို့ကို တွေ့သွားပြီဟု ဆိုလိုခြင်းပင်။
“တကယ်ပဲ ရှင်ပြောသလိုဖြစ်နေတာပဲ.. ဒါပေမဲ့ အခြေအနေကို ကြည့်ပြီး လုပ်ရမှာပဲ မတတ်နိုင်ဘူး” ရှီမာယူဘူသည် သူတို့ကဲ့သို့ စိတ်ပျက်သွားခြင်း မရှိ ပေ။ အစောက သူမ အာရုံခံရသလောက်ဆိုလျှင် သူမ၏ ဝိညာဉ်စေတီလည်း ကောင်းစွာ တည်ဆောက်ပြီးဖြစ်သည်။ မိုယွိနှင့် အရိပ်မည်းလည်း သူမ၏ သားရဲများနှင့်အတူ ထိုနေရာ၌ ရှိသေးသည်။
“လည်ပင်းဖြူမျောက်ဝံတွေက အရမ်းမာနကြီးပြီး လူသားတွေကို မခစား ဘူးလို့ ကြားဖူးတယ်.. ဒီလူတွေမှာ လည်ပင်းဖြူမျောက်ဝံတွေ ဒီလောက်များ နေတာ.. သူတို့က ဘယ်မျိုးနွယ်ကလဲမသိဘူး” ဖေးယိ သိချင်သွားသည်။
အကယ်၍ ထိုလာနေသောလူများသည် လူကောင်းများဆိုပါက ပိုကောင်း မည်။ သူတို့သာ သန်မာပြီး အကျိုးအကြောင်းမသင့်ပါက ပြဿနာတက်နိုင် သည်။
“သူတို့ ဒီကိုရောက်တာနဲ့ သိရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ပြောတာ တကယ်လို့ ထပ်တိုက်ခိုက်ရပြီး ရှင်တို့ကို ထပ်ကယ်ရရင် ရှင်တို့အသက်ကို နှစ်ခါကယ်တာဖြစ်သွားပြီ”
ဖေးယိနှင့် ယွင်ရာတို့သည် နှုတ်ဆိတ်သွားကြသည်။ သူတို့သည် သူမ မျက်လုံးထဲမှ အပြုံးကိုမြင်လိုက်ရသည်။ ထိုအပြုံးမှာ သူမ၏ ကျေးဇူးကြွေး သည် ပြန်ဆပ်ရန်ခက်ခဲသည်ဟု ပြောနေသည်။
လျင်မြန်စွာပင် လည်ပင်းဖြူမျောက်ဝံများသည် သူတို့လူများကို ခေါ်လာ လေသည်။
“အဲလူတွေရဲ့ ရောင်ဝါအရ ဒီကလူမဟုတ်ဘူးပဲ… သူတို့တွေက ကျူးကျော်သူပဲ ငါတို့စည်းကမ်းအရ သူတို့အကုန်လုံးကို ချက်ချင်းသတ်ပစ်ရ မယ်”
***