← Chapters

နတ်ဘုရားသင်္ချိုင်းတားမြစ်မြေ။

Vol. 77 Ch. 921

နတ်ဘုရားသင်္ချိုင်းတားမြစ်မြေ။

Vol. 77 Ch. 921

ခြောက်သွေ့ မှောင်မည်းနေသော လောကကြီးတစ်ခု၏ ကောင်းကင်ယံတွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်ပေါ်နေသည်။

ယင်းသည် နတ်ဘုရားသင်္ချိုင်း တားမြစ်မြေ၏ တံခါးဝဖြစ်ပြီး သူ့ပတ်ဝန်းကျင်၌ ထူးဆန်းသော ရှေးဟောင်းရောင်ဝါများ ရစ်သိုင်းနေသည်။

မြေပြင်တွင် တောင်တန်းများ ရှိနေသော်လည်း သက်ရှိဟူ၍ မြက်တစ်ပင်ပင် မပေါက်ရောက်ချေ။ လေထုအတွင်း စိတ်ဓာတ် ကျစင်းစေသော အမှောင်သာလွှမ်းခြုံနေ၏။

ထိုဟင်လင်းပြင်မုခ်ဦးနှင့် မနီးမဝေးတစ်နေရာတွင် ပေတစ်ထောင်ခန့် မြင့်မားသော တောင်ထိပ်ကြီးရှိသည်။

တောင်ထိပ်ပေါ်တွင် ကျင့်ကြံသူများစွာ ရှိနေပြီး မိမိတို့ဂိုဏ်းမှ တားမြစ်နယ်မြေထဲသို့ ဝင်သွားသည့် အကြီးအကဲများ ပြန်အလာကို စောင့်ဆိုင်းနေကြ၏။

“ ငါတို့ဂိုဏ်းက အကြီးအကဲ ရှစ်ယောက်တောင် ဝင်သွားတာ အခုတော့ နှစ်ယောက်ပဲကျန်တော့တယ် ... ဝိညာဉ်မီးအိမ် (၆)လုံးငြိမ်းသွားပြီ။ ”

ကျင့်ကြံသူတစ်ဦးက ကြေကွဲစွာ စကားဆိုလာသည်။ ဤတားမြစ်နယ်မြေသည် အရိုင်းမြေ၏ နံပါတ်တစ်တားမြစ်မြေဖြစ်၏။

သေဆုံးနိုင်ချေသည် (၉၉)ရာခိုင်နှုန်းထိ မြင့်မားကာ ရှေးယခင်တည်းက အစွမ်းထက် ကျင့်ကြံသူများစွာ ဆုံးပါးခဲ့ရ၏။

“ အဲဒါ ဘယ်သူလဲ ... ။ ”

ရုတ်တရက် ကျောက်စိမ်းရောင်ဝတ်လုံ ဖျပ်ဖျပ်လွင့်မျောကာ လက်နှစ်ဖက်နောက်ပို့ပြီး လျစ်လျူရှုသော အသွင်ဖြင့် လူငယ်တစ်ဦးက တံခါးဝဆီသို့ လေထုအလယ် လျှောက်လှမ်း သွားနေသည်ကို သတိပြုမိသွားကြ၏။

“ လူငယ်လေး ... ရပ်လိုက်စမ်း ... အဲဒီနေရာက သေမင်းတံခါးပဲ မင်းဝင်သွားရင် ပြန်လမ်းမရှိဘူး ... ။ ”

ရုတ်တရက် ခရမ်းရောင်ဝတ်လုံနှင့် အဘိုးအိုတစ်ဦးသည် စုရီရှေ့သို့ရွေ့လျားသွားပြီး ချက်ချင်းတားဆီးလိုက်၏။

သူသည်ကား ‘ချန်းယွဲ့’ဓားနန်းတော်မှ အကြီးအကဲဝမ်ပေ့ထင်ဖြစ်၏။ စုရီကိုကြည့်ကာ သူ့မြေးနှင့် ဆင်တူသည်ဟု ခံစားရသဖြင့် ထွက်ကာတားခြင်းပေပင်။

“ ကောင်လေး ... မင်း သတ္တိရှိတာကို ငါနားလည်ပါတယ် ... ဒါပေမဲ့ ဒီနေရာကတော့ မင်းထင်သလို မဟုတ်ဘူး ...

... ကျော်ကြားမှု မရှိဘူး ... ကံကောင်းခြင်းမရှိဘူး မင်းရဲ့စီနီယာတွေသာ ရှိနေရင် မင်းကိုဝင်စေချင်မှာမဟုတ်ဘူး။ ”

“ ကျေးဇူးတင်ပါတယ်။ ”

ဝမ်ပေ့ထင်းက သက်ပြင်းချလျက် စုရီကိုဆက်လက်ဖြောင်းဖျ၏။ စုရီတစ်ယောက် ခေါင်းညိတ်ပြလိုက်သည်။ တစ်ဖက်လူ၏ စေတနာကို သူ မြင်နိုင်၏။ သို့သော် ဆက်လျှောက်ရန် ပြင်လိုက်သည်။

“ ဟမ့် ... ကောင်လေး မင်းငါပြောတာကို နားမထောင်ဖူးလား။ ”

ဝမ်ပေထင်မှ မျက်ခုံးပင့်သွားတော့၏။ လူအများသည်လည်း မျက်မှောင်ကြုတ်ကာ စုရီကို ပြန်ကြည့်သည်။

“ အဖိုးကြီးဝမ် ... ဒီကလေး ဒီလောက်မသိတတ်တာ ဝင်ပါစေ သူ့မျိုးရိုးက အကြီးအကဲတွေလာရင် သူ့အရိုးကောက်ဖို့ ငါတို့လမ်းညွှန်ပြီး ကူညီပေးလိုက်မယ်။ ”

တစ်စုံတစ်ယောက်မှ မောက်မာလွန်းလှသော စုရီအပြုအမူအပေါ် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အကြံပြုလိုက်သည်။

“ ဒါပေမယ့် ... ။ ”

ဝမ်ပေ့ထင်ခမျာ တုန့်ဆိုင်းသွား၏။ ဤလူငယ်၏ ရဲရင့်မှုနှင့်ချောမောလွန်းပုံသည် အမှန်ပင် သူ့မြေးကဲ့သို့ ကျက်သရေရှိသည်။ လျစ်လျူရှုခြင်းငှာ မတတ်နိုင်ဖြစ်နေ၏။

“ ဟား ဟား ဟား ... ။ ”

ထိုစဉ် အလွန်သာယာရွှင်မြူးသော ရယ်သံလွင်လွင်လေးတစ်ခု ထွက်ပေါ်လာပြီး အနီရောင်ဝတ် အမျိုးသမီးတစ်ဦး ပေါ်လာ၏။ သူမက ပြုံးလျက်၊

“ တစ်လောကလုံးက ကြောက်ရွံ့လေးစားရတဲ့ နတ်ဓားရှင်ကို မင်းတို့လို အမှိုက်တွေက ... မြေးအရွယ် လူငယ်တစ်ယောက်လို ဆက်ဆံနေတာလား ... ဟားဟားဟား ... တကယ် ရယ်ရတယ်။ ”

-ဟု လက်ခုပ်တီးကာ ရယ်မောလေသည်။

သူမ၏စကားကြောင့် လူတိုင်း မျက်လုံးပြူးကုန်၏။ ဝမ်ပေ့ထင်းတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလို တောင့်တင်းသွားပြီး အသက်မဲ့သွားလေသည်။

လေထုသည် ချက်ချင်း လေးလံထိုင်းမှိုင်းသွား၏။ အထူးသဖြင့် စုရီကို အော်ငေါက်ခဲ့သောလူသည် ချွေးသီးများ တဖြိုင်ဖြိုင် ကျဆင်းလာတော့သည်။

တစ်ဖက်တွင် စုရီသည် ထိုသူများထံဂရုမစိုက်တော့ဘဲ အံ့သြစွာဖြင့် အမျိုးသမီးထံ ပြန်ကြည့်လိုက်သည်။

“ မင်းဘယ်လို ရောက်လာတာလဲ။ ”

ဤသည်မှာ ကောင်းကင်နတ်ဆိုး ဧကရာဇ်ဖြစ်ချေပြီ။ နီရဲတောက်ပလွန်းသော ဝတ်စုံဖြင့်ဆွဲဆောင်မှုစွာ ပြုံးနေ၏။ သူမက၊

“ နင်တစ်ယောက်တည်း သွားမယ်ဆိုတာ ငါသိနေတယ် အစ်ကိုစု ... ဒါကြောင့် ငါဒီကနေ ငါလာစောင့်နေတာ ... ။ ”

ထိုအချိန်တွင် ဝမ်ပေ့ထင်သည် သတိပြန်ဝင်လာပြီး တုန်ရီစွာဖြင့် သူ့ရှေ့မှ လူငယ်ထံဦးညွှတ်ကာ၊

“ သခင်စု ... ဒီအဖိုးကြီးက မျက်စိမမြင်တစ်ယောက်မို့ ရိုင်းပြမိတာကို ခွင့်လွှတ်ပေးပါ။ ”

-ဟု ချင်ချင်းတောင်းပန်လိုက်သည်။ သို့မှသာ စုရီကပြုံးပြီး သူ့ထံ ပြန်လှည့်ကြည့်ကာ၊

“ ငါအဆင်ပြေတယ် မင်းငါ့အပေါ် စေသနာထားပြီး တားဆီးခဲ့တာပဲ အမှားမရှိပါဘူး။ ”

-ဟု ခေါင်းညိတ်ပြလေသည်။

ထို့နောက် စကားမဆိုတော့ဘဲ လေထုအလယ် လျှောက်လှမ်းသွားတော့၏။ ကောင်းကင်နတ်ဆိုးဧကရာဇ်မှ သူ့ဘေးသို့ ချက်ချင်းလိုက်ပါလာပြီး၊

“ အစ်ကိုစု မင်းငါ့ကို စိုးရိမ်နေတာ ငါနားလည်နေပါတယ် ဒါပေမယ့်ဆုံးဖြတ်ပြီးပြီ ငါမင်းကို ဒုက္ခရောက်အောင် မလုပ်ပါဘူး။ ”

-ဟု ရှင်းပြလိုက်သည်။ သို့သော် စုရီမှ လှည့်မကြည့်ဘဲ၊

“ မင်းဆုံးဖြတ်ပြီး ငါနဲ့အတူ အခု ... လိုက်လာရင်တောင် အလကားပါပဲ အထဲမှာ ငါတို့ကိုကျပန်းပို့ဆောင်မှာမို့ မင်းကိုယ်တိုင် ရှင်သန်ရမှာ ... ငါမကူညီနိုင်ဘူး။ ”

-ဟု တုန့်ပြန်ကာ မုခ်ဦးအတွင်း လှမ်းဝင်လိုက်တော့၏။

နတ်ဘုရင်သင်္ချိုင်းတားမြစ် နယ်မြေအတွင်းတွင် ရှေးကျပြီး မူလဆန်သော တောတောင်ရေမြေများရှိသည်။

မြူခိုးများသည် အလွှာတစ်ခုလို ကမ္ဘာကြီးတစ်ခုလုံးဖုံးလွှမ်းပြီး ဆန်းပြားသော အငွေ့အသက်များ ပေးစွမ်းနေ၏။

ဂိတ်တံခါးမှ လှမ်းဝင်လိုက်သည်နှင့် လေဟာနယ်လှိုင်းတစ်ခုပေါ်လာပြီး စုရီ၏ ပုံရိပ်ပေါ်ထွက်လာသည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤနေရာသည် သူတစ်ခါမှ မရောက်ဖူးသည့် ဒေသကြီးဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“ ဝူး ... ။ ”

ကောင်းကင်နတ်ဆိုးဧကရာဇ်ကိုမူ အနားတွင် မတွေ့ရချေ။ ရုတ်တရက် မီးလျှံ တစ်စသည် ဝုန်းခနဲထွက်ပေါ်လာပြီး သူ့ထံ ပြေးဝင်လာသည်။

ဤသည်မှာ လက်သန်းခန့်ရှိသော ဝိညာဉ်စား မီးပုရွက်ဆိတ်ငယ် တစ်ကောင် ပေပင်။

“ ဟမ့် ... ဝိညာဉ်စား မီးပုရွက်ဆိတ်လား ... ဒီလိုယုတ်မာတဲ့ သက်ရှိတွေ ရှိနေတာလား။ ”

စုရီက အံ့သြသွားသည်။ အရှိန်အဝါအရ ထိုပုရွက်ဆိတ်သည် ‘ရွှမ်ယု’ဧကရာဇ်အဆင့်သာ ဖြစ်နိုင်၏။ လက်ညှိုးနှင့် လက်မကို ညှပ်ဖမ်းပြီး ချက်ချင်းချေမွပစ်လိုက်သည်။

သို့သော် ဤပုရွက်ဆိတ်များသည် အုပ်စုဖွဲ့သွားလာတတ်ကြသဖြင့် များမကြာခင် ပုရွက်ဆိတ်များ ထပ်မံရောက်ရှိလာတော့၏။

“ ဒီကောင်တွေ ... ။ ”

ဤသားရဲများသည် သတ်၍ မကုန်နိုင်လောက်အောင် များပြားလှပြီး သူ့ကို အချိန်ကုန်စေမည်။ ထို့ကြောင့်သက်ပြင်းချကာ အဝေးသို့ ပျံသန်းလိုက်တော့၏။

“ ဝှစ် ... ။ ”

သို့သော် လမ်းတစ်လျှောက်တွင် ပုရွက်ဆိတ်များသည် အရပ်မျက်နှာအနှံ့အပြားမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ ဟမ့် ... ဒါကပုရွက်ဆိတ်ကျင်းများလား။ ”

သံသယများဖြင့် စုရီတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိစေ၏။ သို့သော် သူ့ အတွေးမဆုံးခင် လူနှစ်ယောက် လှမ်းထွက် လာသည်ကို မြင်လိုက်ရသည်။

“ ဒီတစ်ခါတော့ ငါးကြီးကြီးတစ်ကောင် ဖမ်းမိပြီမှတ်တာ ... လူငယ်လေးတစ်ယောက် ဖြစ်နေပါလား။ ”

ဤသည်မှာ အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးပေပင်။ သူတို့သည် ကြယ်တာရာ လွင်ပြင်မှ လာသူများ ဖြစ်၏။ အဖိုးအိုက စုရီထံ စစ်ဆေးကြည့်လိုက်ပြီး၊

“ သခင်လေး၊ ဒီကလေးက ရိုးရှင်းတဲ့သူ မဟုတ်ဘူး ... သူ့ရဲ့ကျင့်ကြံမှုကို ဒီအဖိုးကြီးက ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် ဧကရာဇ် တစ်ပါးဆိုတာတော့ ပြောနိုင်ပါတယ် ...

... ဒီလိုပျက်စီးယိုယွင်းနေတဲ့ ကြယ်စုလေးတစ်ခုမှာ သူ့အရည်အချင်းက အတော်လေး အထင်ကြီးစရာပါပဲ။ ”

-ဟု လူငယ်ထံ လှည့်ကာ ပြောလိုက်၏။

“ ဒါဆို ... သူ့ကို ငါ့ကျွန်အဖြစ် လက်ခံလိုက်ရင် ဘယ်လိုလဲ။ ”

“ အိုး ... သခင်လေးရဲ့မျက်လုံးကို ဖမ်းစားနိုင်တာ သူ့အတွက်ကံကောင်းခြင်းပါပဲ လူငယ်လေး မင်းကြားလား ငါ့သခင်လေးက မင်းကိုအစေခံအဖြစ် သိမ်းယူချင်နေတယ် ဒူးထောက်ပြီး ကျေးဇူးတင်စမ်း။ ”

အဘိုးအိုက ပြုံးလျက် မောက်မာစွာ အမိန့်ပေးလာသဖြင့် စုရီမှ မျက်ခုံးပင့်လိုက်ပြီး၊

“ မင်းတို့တွေက ဝိညာဉ်သန့်စင်ခြင်း နယ်မြေကနေ လာတာလား။ ”

-ဟု မေးမြန်းလိုက်သည်။ ထိုနယ်မြေသည် ကြယ်ပင်လယ်တွင် သားရဲထိန်းကျောင်းခြင်း၌ နံပါတ်တစ် အင်အားစုဖြစ်၏။

“ ဟမ့် ... မင်းလို အရိုင်းမြေက လူငယ်တစ်ယောက်က ကြယ်လွင်ပြင်ဒေသရဲ့ သားရဲထိန်းကျောင်းဂိုဏ်းကြီးကို သိနေတာလား။ ”

အဖိုးအိုက အံ့အားသင့်သွား၏။

“ နည်းနည်းပါ ... ။ ”

စုရီမှ ခေါင်းညိတ်သည်။

“ ဟမ့် ... မင်းနည်းနည်းသိတာလား ... ကောင်းပြီ ... ဒါဆို ဒီလိုမြင့်မြတ်တဲ့ဂိုဏ်းကြီး အကြောင်း မင်းမသိသေးတာသေချာတယ် ...

... ဝိညာဉ် သန့်စင်ခြင်း နယ်မြေရဲ့ တပည့်တစ်ယောက်ဖြစ်ဖို့ လူတစ်သောင်းမှာ တစ်ယောက်သာ အခွင့်အရေးရှိတယ် ဒီလို ဂိုဏ်းကြီးက တပည့်တစ်ယောက်ကို လွယ်လွယ်တွေ့နိုင်မယ်ထင်လား ...

... ငါရဲ့သခင်လေးက တစ်နေ့မှာ အဲဒီမြင့်မြတ်တဲ့ဂိုဏ်းကြီးဆီ ဝင်ရောက်နိုင်မယ် အခုတော့ ဝိညာဉ်တစ်သောင်းမိစ္ဆာ တောင်တန်းမှာကျင့်ကြံနေတယ်။ ”

ထိုအမည်ကို မကြားဖူးသဖြင့် စုရီတစ်ယောက် ခေါင်းရမ်းလိုက်လေသည်။

“ ငါမသိဘူး ... ဒါပေမယ့် မင်းတို့နဲ့အတူ နောက်ထပ် ကျွမ်းကျင်သူတွေ ပါရှိသေးလား။ ”

သူ့မေးခွန်းကြောင့် အဖိုးကြီးအပါအဝင် သခင်လေးဆိုသူခမျာ မျက်နှာများ မည်းမှောင် သွားတော့၏။

“ ဟမ့် ... ငါသူ့ကို မလိုချင်တော့ဘူး ချက်ချင်းသတ်ပစ်လိုက်။ ”

“ ဟုတ်ကဲ့ နားလည်ပါပြီ။

လူငယ်မှ မောက်မာလွန်းသော စုရီအသွင်ကိုကြည့်မရတော့ဘဲ အမိန့်ပေးလိုက် လေသည်။ အဘိုးအိုက အရိုးပုလွေတစ်ချောင်း ထုတ်ယူကာ ဝိညာဉ်စားမီးပုရွက်ဆိတ်များကို ချက်ချင်း တိုက်ခိုက်စေလိုက်တော့၏။

“ ရွှီး ... ။ ”

***

All Chapters