ဖမ်းမိခြင်း
Vol. 141 Ch. 1962
ထိုလူများသည် သူတို့၏ သရုပ်မှန်ကို စိတ်မဝင်စားဘဲ ဤနေရာသို့ ရောက်လာသည်ဆိုသည့် အချက်ကိုပင် အာရုံစိုက်ကာ ရောက်သည်နှင့် သတ်ဖြတ်ရန် အော်ကြလေသည်။ ယွင်ရာနှင့် တခြားသူများသည် လေးနက်နေ ကြသည်။ ယနေ့ သူတို့ထွက်ပြေးရန်မှာ ခက်ခဲမည့်ပုံပင်။
သူသည် ဖေးယိနှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အမှန်တကယ် သာ ထိုအချိန်ရောက်လာလျှင် သူတို့သည် ပြေးရန်ကိုသာ အရင်အာရုံစိုက်ပြီး ကျန်တာကို နောက်မှပြောမည်။ သူတို့ နှစ်ရက် သုံးရက်မျှပုန်းလိုက်လျှင် ခန္ဓာကိုယ်မှ ဒဏ်ရာများလည်း သက်သာသွားကာ ထွက်ပြေးရန်ဖြစ်နိုင်သည်။
ရှီမာယူယူ သူတို့ကို ကြည့်လိုက်သည်။ သူမသည် သူတို့ စတင်တိုက်ခိုက် သည်ကိုစောင့်ပြီးနောက်တွင် သူမ လူများကို ခေါ်ထုတ်ရန်စဉ်းစားနေသည်။ သူမ၏ အတွေးများသည် ယွင်ရာနှင့် ဖေးယိတို့နှင့် တူသည်။ သူမသည် တခြား အရာများထက် လက်ရှိအခြေအနေကို ဖြေရှင်းချင်သည်။ နောက်ပိုင်းကိစ္စကို နောက်မှ တွေးတော့မည်။
“နေဦး” အလယ်တွင်ထိုင်နေသော အမျိုးသားသည် လက်မြှောက်ပြီး ကျန်နှစ်ယောက်ကို တားလေသည်။ သူ ပြောလိုက်သည် “အကုန်လုံးက ဒဏ်ရာ အပြင်းအထန်ရထားကြတာပဲ သူတို့ကိုသတ်ဖို့ လောစရာမလိုဘူး”
ရှီမာယူယူတို့ သက်ပြင်းချမိကြသည်။ သူတို့ကို မသတ်သေးသရွေ့ စကား ပြောရန် အခွင့်အရေးရနိုင်သည်။
“အစ်ကိုကြီးနီ.. ဒီလူတွေ ဒဏ်ရာရရ မရရ ဒီမှာရုတ်တရက်ပေါ်လာတာ က ထူးဆန်းနေပြီ သူတို့ကို လွှတ်မပေးသင့်ဘူး”
“သူတို့ကို လွှတ်ပေးမယ်လို့ ငါ မပြောပါဘူး” ကျိုး နီ ပြောလိုက်သည် “ဒါပေမဲ့ သူတို့အကုန်လုံးက ဒဏ်ရာရထားကြတယ်လေ.. သူတို့ကို ဒဏ်ရာရ အောင် ဘယ်သူလုပ်လိုက်တာလဲ.. ဒဏ်ရာရအောင် လုပ်လိုက်ကြတဲ့လူတွေက ရော ဘယ်မှာလဲ.. သူတို့ တစ်နေရာရာမှာပုန်းနေရင် အနည်းဆုံးတော့ ဒီလူတွေ ဆီကနေ သတင်းရတာပေါ့”
“အစ်ကိုကြီးနီပြောတာ ဟုတ်တယ် ဒီလူတွေကို လက်လွတ်စပယ် သတ် လို့မရဘူး.. အနည်းဆုံးတော့ အခြေအနေကို သိအောင်လုပ်ရမယ်” တခြား တစ်ယောက်မှ သဘောတူလေသည်။
ရှီမာယူယူနှင့် ယွင်ရာတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည်လည်း အတွေးတူသည်။ သို့သော် မည်သူမှ စကားမပြောကြပေ။
“အင်း သူတို့ကို ခေါ်ပြီး ချုပ်ထားတာပေါ့” ကျိုးနီ ညွှန်ကြားလေသည်။
“သူတို့ကို အကျဉ်းထဲထည့်ထားလိုက် ဘယ်သူမှ မလွတ်စေနဲ့”
လည်ပင်းဖြူမျောက်ဝံသည် ထပြီး တစ်ယောက်ကို တစ်ဖက်စီ ဆုပ်ကိုင် လေသည်။ သူတို့၏ လက်ဖဝါးများသည် လူတစ်ယောက် အရပ်အရွယ်အစားမျှ ကျယ်ဝန်းရာ လူတစ်ယောက်လုံးနေရန် ဆန့်သည်။ တစ်ခုကောင်းသည်မှာ ကျိုးနီသည် သူတို့ကို မသတ်မိစေရန် သတိထားခိုင်းခြင်းဖြစ်သည်။ ထိုအခါမှ ပင် တင်းကြပ်စွာမဆုပ်ကိုင်မည်ဖြစ်သည်။
“သွားမယ် မျိုးနွယ်ကို ပြန်ကြမယ်” ကျိုးနီညွှန်ကြားလိုက်ရာ လည်ပင်း ဖြူ မျောက်ဝံသည် လှည့်ထွက်ပြီး ပြန်လေသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ဖက်လျက်သားဖြစ်ရာ လည်ပင်းဖြူ မျောက်ဝံ ကောက်ယူလိုက်ချိန်တွင် သူတို့နှစ်ယောက်လုံးကို တစ်ဖက်တည်းနှင့် ကိုင်လာခဲ့သည်။ ဝူလင်းယူသည် လည်ပင်းဖြူမျောက်ဝံဆုပ်ကိုင်ချိန်တွင် သူမ ကိုကာကွယ်ထားသဖြင့် မျောက်ဝံ၏အားကြောင့် သူမ ထိခိုက်ခြင်းမရှိတော့ ပေ။
“ကိုယ်တို့ မျိုးနွယ်ကို ဒီအတိုင်းပဲသွားရမှာလား” သူသည် သူမဆီသို့ အသံ ထုတ်လွှတ်လိုက်သည်။
“အခု တိုက်ခိုက်နေတာ မကောင်းဘူး.. နှစ်ရက်လောက် ကောင်းကောင်း အနားယူရမယ်.. အဲအချိန်မှာပဲ အခြေအနေကိုနားလည်အောင် လုပ်ရမယ်.. မဟုတ်ဘဲ ဒီအတိုင်းပြေးလိုက်ရင် ခေါင်းမပါတဲ့မြွေလိုဖြစ်နေလိမ့်မယ်” ရှီမာယူယူ ပြန်ဖြေသည်။
သူတို့သည် ထိုလူများ၏ မျိုးနွယ်ကိုသွားလျှင်တောင် ပြန်ကောင်းလာ သည်နှင့် ထွက်ပြေးနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ အခြေအနေမှာ လည်း ယခုထက်ပိုဆိုးရန် မရှိတော့ပေ။
“ဒါပေမဲ့ ကိုယ်တို့တွေ ထောင်ထဲမှာနေရမှာလေ” သူမသည် ဒဏ်ရာရနေ သည့်ကြားမှ ထိုကဲ့သို့နေရာမျိုးတွင် နေရမည်ကို ဝူလင်းယူ ရင်နာမိသည်။
“ပြဿနာမရှိပါဘူး ရှင်ရှိရင် ဘယ်နေရာဖြစ်ဖြစ် အတူတူပဲ”
သူမ၏ စကားများသည် ဝူလင်းယူ၏ နှလုံးသားကို ချိုမြိန်မှုများဖြင့် ပြည့် သွားစေကာ သူမကို တင်းကြပ်စွာ ဖက်လိုက်သည်။
“အာ…” လည်ပင်းဖြူမျောက်ဝံသည် သူတို့နှစ်ယောက်ဖက်လိုက်ရာမှ လှုပ်ရှားမှုကို ခံစားမိသဖြင့် ခေါင်းငုံ့ပြီးကြည့်လိုက်သော်လည်း ဘာကိုမှမတွေ့ရ ပေ။
ယွင်ရာနှင့် ဖေးယိတို့သည် တခြားလည်ပင်းဖြူမျောက်ဝံ၏ လက်ထဲတွင် ရှိနေသည်။ သူတို့သည် မျက်လုံးဖွင့်ပြီး တစ်ယောက်နှင့် တစ်ယောက်ကြည့်မိ ကြသည်။
“ငါတို့ကံကို လက်လျော့လိုက်တော့မှာလား”
“အချိန်တစ်ခုလောက်တော့ မလှုပ်သေးနဲ့ဦး”
တစ်ယောက် မျက်လုံးတစ်ယောက် ကြည့်ပြီးနောက် သူတို့သည် ဘာလုပ် ရမည်ကို ချက်ချင်းပင် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ထောင်ကဲ့သို့နေရာမျိုး ကို သူတို့ တစ်ခါမသွားဖူးပေ။
သူတို့သည် ကြာရှည်စွာ လာရသည်ဟု ခံစားရသည်။ သူတို့သည် ရှေ့တိုး နောက်ငင် လွှဲယမ်းနေရာ အရာအားလုံးမှာ ဝေဝါးနေသည်။ သူတို့သည် ဒဏ်ရာ အပြင်းအထန်ရထားသဖြင့် သတိမေ့မြောသွားလေသည်။ ဒဏ်ရာအနည်းငယ် ပေါ့သေသာ ဝူလင်းယူနှင့် ဟွမ်တို့သည် ခရီးတစ်လျှောက်လုံး သတိရှိနေသည်။
“သခင်လေး သခင်မလေး အပြင်သွားတာကို ဘာလို့ပြောမသွားတာလဲ အခုကျ ဘာလို့ ဒီလောက်မြန်မြန်ပြန်လာတာလဲ” လူတစ်ယောက် မေးလေ သည်။
“ဒီနေရာနဲ့ သိပ်ဝေးဝေးတောင်မရောက်သေးဘူး ကျူးကျော်သူတွေတွေ့ လို့ ဖမ်းလာတာ”
“ကျူးကျော်သူဟုတ်လား ဒါဆိုလည်း သူတို့ကို သတ်မပစ်ဘဲ ဘာလို့ ဖမ်း လာတာလဲ”
“သူတို့တွေက ဒဏ်ရာအပြင်းအထန်ရထားကြတာ အဲဒါကြောင့် သူတို့ကို စစ်ဆေးပြီး တခြားသူတွေရော ရောက်လာလားဆိုတာကို မေးကြည့်မလို့” ကျိုးနီ ရှင်းပြလေသည် “လူခေါ်လာခဲ့ သူတို့ကို အကြီးဆုံး အကျဉ်းခန်းထဲ ထည့် ထားလိုက်”
“နားလည်ပါပြီ”
….
သူတို့၏ အသံများကြောင့် ရှီမာယူယူ နိုးလာသည်။ သို့သော် သူမသည် မျက်လုံးများကို မဖွင့်ပေ။ ထိုလူများသည် လည်ပင်းဖြူမျောက်ဝံ၏ လက်ထဲမှ သူတို့ကို ဆွဲခေါ်သွားသည်ကို သူမ ခံစားမိသည်။ ထို့နောက် တစ်ယောက်ချင်းစီ ကို အကျဉ်းခန်းထဲသို့ သယ်သွားပြီး အခန်းနှစ်ခန်းကို သော့ခတ်ပြီးသည်နှင့် ထွက်သွားကြလေသည်။
“ဘုန်း”
ပင်မတံခါးကြီးပတ်သွားရာ သူတို့ငါးယောက်သည် တစ်ချိန်တည်းမှာပင် မျက်လုံးများဖွင့်လိုက်ကြသည်။ မည်သူမှမရှိသည်ကို အာရုံခံမိပြီးနောက် ထ, လိုက်ကြသည်။
“ဒီအကျဉ်းခန်းက ကြီးတာပဲ” အခန်းမှာ လေးခန်းမျှသာ ရှိသည်ကို ရှီမာယူယူ မြင်နေရသည်။ အခန်းများမှာ သန့်ရှင်းနေပြီး လူနေထိုင်သည့် အခန်း များသဖွယ်ဖြစ်နေသည်။ အကျဉ်းခန်းဟူ၍ပင် မထင်ရပေ။
“မင်း စိတ်ပျက်သွားတာကို ကြည့်ရတာ ဒီပတ်ဝန်းကျင်က မင်းအတွက် မကောင်းဘူးထင်တယ်” ယွင်ရာသည် သူမကို စနောက်လေသည်။
“နည်းနည်းတော့ စိတ်ပျက်တာပေါ့.. တကယ်အကျဉ်းခန်းလိုခံစားရမယ် လို့ထင်ထားတာ” ရှီမာယူယူသည် အမှန်တကယ်ပင် စိတ်ပျက်မိသည်။
“ဒီလိုနေရာမျိုးမှာ.. ကျူးကျော်သူတွေကို တွေ့ရင် နေရာမှာတင် သတ် ပစ်ကြတာ.. သူတို့က ဘာလို့အကျဉ်းချထားးတာလဲ.. ဒီနေရာက မျိုးနွယ်ဝင် တွေကို အပြစ်ပေးခဲ့အခါမှာ သုံးတာဖြစ်ရမယ်” ဖေးယိ ပြောလိုက်သည်။
သူတို့သည် ရှီမာယူယူကို အရင်ကထက် လေးစားမှုအဆင့် ပိုမြင့်လား၍ လားမသိပေ ဖေးယိသည် ခါတိုင်းထက် စကားပိုများလာသည်။ သို့သော် ရှီမာယူယူမှာ ထိုအကြောင်းကို မသိပေ။ ထိုအစကား ယွင်ရာသည် သူ့ကို ကြည့်လာလေသည်။
“ဒီအချိန်မှာ ပြန်ကောင်းအောင် လုပ်ရမယ်” ယွင်ရာ ပြောလိုက်သည် “ဒါပေမဲ့… မင်းဆေးက ငါတို့ကိုဝိညာဉ်မျိုးနွယ်အတွက် ဘာလို့ သက်ရောက်မှု ရှိနေတာလဲ”
ထိုဆေးများသည် ကုသရန်အတွက်သာဖြစ်သော်လည်း တစ္ဆေမျိုးနွယ်နှင့် ဝိညာဉ်မျိုးနွယ်မှာ မတူကြပေ။ သူမ သူတို့ကိုပေးသောဆေးမှာ ဝိညာဉ်မျိုးနွယ် အတွက် ဖော်စပ်ထားသည်မှာ ရှင်းလင်းနေသည်။
ဒါဆို ဝိညာဉ်မျိုးနွယ်ကိုပါ ကုသနိုင်တဲ့ဆေးက သူမဆီမှာ ဘာလို့ရှိနေတာ လဲ။
“ကျွန်မ ပေးတာကိုသာ စားတာမဟုတ်ဘူး.. ဘာလို့ ဒီလောက် မေးခွန်း တွေများနေတာလဲ” ရှီမာယူယူသည် မျက်လုံးလှိမ့်ပြီး သူ့ကိုကြည့်ပြီးနောက် ဝူလင်းယူ၏ ရင်ခွင်ထဲသို့မှီပြီး နားလေသည်။
ဝူလင်းယူသည် သူမကိုဆွဲလာခဲ့သဖြင့် သူသည် ထွက်ပေါက်နှင့် အနီးဆုံး ဖြစ်နေ၍ကံကောင်းသည်။ ထို့ကြောင့် သူ၏ဒဏ်ရာမှာ အနည်းဆုံးဖြစ်ကာ ဒဏ်ရာမှာလည်း မပြင်းထန်ပေ။ ယခုအချိန်တွင် သူသည် သူမ၏ ထောက်တိုင် ဖြစ်ပေးနိုင်သည်။
ယွင်ရာနှင့် ဖေးယိတို့သည် အမှန်တကယ် သိချင်မိသည်။ သူမသည် တစ္ဆေမျိုးနွယ်၏ မင်းသမီးလေးဖြစ်သော်လည်း ဝိညာဉ်မျိုးနွယ်ကို ကုသနိုင် သည့် ဆေးရှိနေသည်။ သူတို့ မည်မျှပင် စဉ်းစားစေကာမူ ထူးဆန်းနေသည်။ သူမသည် လူသားမျိုးနွယ်မှဖြစ်ကာ သူမတွင် လူသားရောင်ဝါတစ်စိုးတစ်စိမျှ မရှိသည်ကို ရုတ်တရက် သူတို့ တွေးမိသွားသည်။
“မင်းက ဝိညာဉ်ခန္ဓာကိုယ်ဖြစ်နေတာလား”
ယွင်ရာနှင့် ဖေးယိတို့သည် ထိုခန့်မှန်းချက်ကိုပင် ထိတ်လန့်မိသည်။ တစ္ဆေမျိုးနွယ်၏ မင်းသမီးလေးသည် ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်နေသည်။ ဆိုလိုသည်မှာ သူမသည် ဝိညာဉ်မျိုးနွယ်နှင့် တစ်စိတ်တစ်ပိုင်းဆိုင်သည်။ ဒီသတင်းကို သူတို့ ဖြန့်လိုက်ရင်တော့ ဘယ်လောက်တောင် ထိတ်လန့်စရာ ဖြစ်လိုက်မလဲ။
“အဲတော့ ဘာဖြစ်လဲ.. အဘိုးစိတ်ထဲမထားရင် ပြီးတာပဲလေ” ရှီမာယူယူ သည် မငြင်းပေ “ကျွန်မက ဝိညာဉ်မျိုးနွယ်မှာ ပါနေပါတယ်လို့ပြောရင် ချင်းဟွမ်က ငြင်းရဲဦးမှာလား”
“ဟုတ်တယ်”
“မင်းဒဏ်ရာတွေက ပြင်းတယ် စကားမပြောနဲ့တော့ ကောင်းကောင်း နားလိုက်ဦး” ဝူလင်းယူသည် သူမကို ဖက်ထားပြီး နှစ်ယောက်လုံးမှာ သက်သာ ရန်ကိုသာ အာရုံစိုက်ထားကြသည်။
ဟွမ်သည် အစကပင် သူတို့ တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်နေ သည်ကို လျစ်လျူရှုထားရာ တင်ပျဉ်ခွေထိုင်ပြီး ကုသရန်ကိုသာ အာရုံစိုက်ထား လေသည်။ ယွင်ရာနှင့် ဖေးယိတို့လည်း စကားမပြောကြတော့ဘဲ တရားထိုင် တော့သည်။
ထိုလူများသည် သူတို့ကို ကုသမပေးသလို နောက်နှစ်ရက်တွင်လည်း လာ မနှောင့်ယှက်ပေ။ သူတို့ မြင်သည့်အမြင်အရ သူတို့သည် ဒဏ်ရာပြင်းထန်စွာ ရ ထားသဖြင့် နောက်နှစ်ရက် သုံးရက်မျှ မနိုးလာနိုင်ဟု ထင်ထားကြသည်။ ထို့ကြောင့် ထိုအချိန်အတွင်းတွင် သူတို့ကို သွားရှာလျှင်လည်း အချည်းနှီးပင်ဟု တွေးကြသည်။
တခြားသူများလည်းရှိနေသဖြင့် ထိုနှစ်ရက်တွင် သူတို့ကို သွားမရှာခဲ့ကြ ပေ။
သူတို့အတွက်ကတော့ ထိုနှစ်ရက်သည် အခွင့်အရေးကြီးဖြစ်နေသည်။
***