← Chapters

ဥက္ကဌ လဲ့ကျွင်

Vol. 4 Ch. 31

ဥက္ကဌ လဲ့ကျွင်

Vol. 4 Ch. 31

မိုရှင်းယာနှင့် စကားပြောပြီးနောက် လင်းဖန်က သူ၏ထိုင်ခုံအနေအထားကို အနည်းငယ်ပြင်လိုက်ပြီး ခေတ္တမှေးစက်ရန် ပြင်လိုက်သည်။

ယနေ့ပြုလုပ်မည့် ကုမ္ပဏီဝယ်ယူမှုအတွက် ပြင်ဆင်နေရသည်မှာ တစ်ညလုံး အိပ်ရေးမဝဘဲ ဟိုလှည့်ဒီစောင်းနှင့် လူက တော်တော်လေး ငိုက်မြည်းနေပြီဖြစ်သည်။

ထိုစဉ် ဘေးနားရှိ အပြာနုရောင် ရှပ်အင်္ကျီဝတ်ထားပြီး ဘေးခွဲဆံပင်ပုံစံနှင့် လူတစ်ယောက်က သူ့အာရုံကို ဖမ်းစားသွားသည်။

ထိုသူမှာ 'ရိုက်စ်' ကုမ္ပဏီ၏ ဥက္ကဋ္ဌ လဲ့ကျွင်းပင် ဖြစ်သည်။ လဲ့ကျွင်းသည် သူ့ရဲ့လက်ဆွဲအိတ်ကို အပေါ်ခန်းထဲသို့ ထည့်သွင်းပြီးစီး၍ ပြန်အထိုင်တွင် ဘေးတစ်စောင်းမှ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ဟု ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ စမတ်ကျကျ ဝတ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

လဲ့ကျွင်းက ပြုံးရွှင်စွာဖြင့် လင်းဖန်ကို နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ ညီလေးရေ... တွေ့ရတာ ဝမ်းသာပါတယ်"

လင်းဖန်လည်း စိတ်ထဲ၌ အတော်လေး ပျော်သွားသည်။ လေယာဉ်ပေါ် တက်တက်ချင်းမှာပင် ဤကဲ့သို့ 'လူသိများသူ' တစ်ဦးနှင့် ဆုံတွေ့ရခြင်းမှာ အမှန်တကယ်ပင် တိုက်ဆိုင်လွန်းလှသည်။

တကယ်တော့ ထိုသူသည် ပြည်တွင်း မိုဘိုင်းဖုန်းလောက၌ 'ဝါဝစ်ခ်'ပြီးလျှင် ထိပ်တန်းခေါင်းဆောင်ဖြစ်သည့် 'ဒါမီ' ကို ဦးဆောင်သူဖြစ်သည်။

အနာဂတ်တွင် လင်းဖန်ရဲ့ ဖုန်းလုပ်ငန်းက ပြည်တွင်းဈေးကွက်ကို စိုးမိုးချင်လျှင် 'ရိုက်စ်' ကုမ္ပဏီမှာ ရှောင်လွှဲလို့မရသည့် ပြိုင်ဘက်ကြီး ဖြစ်လာမည်ဖြစ်သည်။

"ညီလေးကို ကြည့်ရတာ ရှန်းကျန့်ဘက်ကို အလည်သွားမလို့လား"

ဟု လဲ့ကျွင်းက ဝင်ထိုင်ရင်း မေးလိုက်သည်။

ရှန်းကျန့်မြို့မှာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ၏ ရှေ့တန်းမျက်နှာစာဖြစ်ပြီး ယဉ်ကျေးမှုများစွာ စီးဝင်နေသည်ဟုလည်း ဆိုသည်။

လင်းဖန်က သူ့ကို မည်သို့သိနေသနည်းဆိုသည်ကိုမူ လဲ့ကျွင်းက အထူးတလည် အရေးမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် လဲ့ကျွင်း၏ မျက်နှာသည် တရုတ်နိုင်ငံ၌ အင်တာနက် ဆယ်လီတစ်ယောက်ကဲ့သို့ လူသိများနေခြင်းကြောင့်ဖြစ်သည်။

"အဲဒီလိုပဲ ပြောရမှာပေါ့... ဒါနဲ့ ဦးလေးက အလုပ်ကိစ္စနဲ့ ခရီးသွားတာလား"

လင်းဖန်က မေးလိုက်သည်။

လဲ့ကျွင်းက တစ်နှစ်ပတ်လုံးနီးပါး ခရီးသွားရင်း အချိန်ကုန်ဆုံးတတ်သူဟု နာမည်ကြီးရာ လင်းဖန် အံ့သြသွားမိသည်။

"ဟုတ်တယ်... ဦးလေး ရှန်ချန် ကို သွားမလို့။ 'ဝါဝစ်ခ်'နဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်"

ဟု လဲ့ကျွင်းက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်သည်။

ထိုစကားကြောင့် လင်းဖန်၏ မျက်ခုံးများ အံ့သြမှုကြောင့် ကျုံ့သွားရသည်။

"ဝါဝစ်ခ် နဲ့ ရိုက်စ် တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုလား... ဒါဆိုရင်တော့..."

ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် လင်းဖန်က

"5G ခေတ်ရဲ့ အချက်ပေးသံက မြည်ဟည်းလာပြီပဲ။ အခုချိန်က တရုတ်နိုင်ငံရဲ့ မိုဘိုင်းနည်းပညာလောက ကမ္ဘာ့အဆင့်အတန်းကို စိန်ခေါ်ရမယ့် အချိန်ပဲ"

ဟု ဆိုလိုက်သည်။

တကယ်တော့ လူအများစုက 'ဟွာဝေး' ကို ဖုန်းထုတ်သည့် ကုမ္ပဏီဟုသာ သိကြသော်လည်း ၎င်းသည် ဆက်သွယ်ရေးပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချသည့် နည်းပညာအခြေပြု ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီကြီး ဖြစ်သည်။

၂၁ ရာစုထဲတွင် တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သော်လည်း 4G အထိ စံနှုန်းများကို ဥရောပနှင့် အမေရိကန်ကသာ ဦးဆောင်ခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ်ကတည်းက 'ဝါဝစ်ခ်'သည် 5G သုတေသနအတွက် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး စံနှုန်းသတ်မှတ်သူ ဖြစ်လာရန် ကြိုးပမ်းခဲ့သည်။

၂၀၁၆ ခုနှစ်မှစ၍ ဟွာဝေးသည် နယ်ပယ်စုံတွင် 5G ဖွံ့ဖြိုးရေးအတွက် ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံခဲ့ရာ ယခုအခါ အောင်မြင်မှုများ စတင်ရရှိနေပြီဖြစ်သည်။ ထို့ကြောင့်လည်း လဲ့ကျွင်းက ဝါဝစ်ခ်၏ ဥက္ကဋ္ဌနှင့် တွေ့ရန် သွားနေခြင်းဖြစ်သည်။ လင်းဖန်က 5G ၏ အကျိုးကျေးဇူးများဖြစ်သော မြန်နှုန်းမြင့်မားမှု၊ ကြန့်ကြာမှုနည်းပါးမှုနှင့် အရာခပ်သိမ်း ချိတ်ဆက်မိမည့် အကြောင်းကို ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

လင်းဖန်၏ စကားအဆုံး၌ လဲ့ကျွင်းသည် အံ့သြတကြီးဖြင့် ကြည့်နေမိသည်။

ပညာရှင်များပင် နားမလည်နိုင်သေးသည့် 5G အကြောင်းကို ဤကျောင်းသားအရွယ် လူငယ်လေးက အချက်ကျကျ ပြောပြသွားနိုင်သောကြောင့် ဖြစ်သည်။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ... ကျွန်တော့်နာမည်က လင်းဖန်ပါ။ ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ ဥက္ကဋ္ဌပါ"

ဟု ပြောရင်း လင်းဖန်က စီးပွားရေးလိပ်စာကတ်ကို ကမ်းပေးလိုက်သည်။ လဲ့ကျွင်းက မယုံနိုင်သလို ခေါင်းကို ခါယမ်းလိုက်ပြီး

"လူအချင်းချင်း နှိုင်းယှဉ်လိုက်ရတာ တကယ်ကို စိတ်ပျက်စရာပဲဗျာ"

ဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"ဒီညီလေးကို ကြည့်ရတာ ကျောင်းတက်တုန်းပဲ ရှိဦးမယ်ထင်တယ်"

ဟု လဲ့ကျွင်းက မေးရာ လင်းဖန်က သူသည် ယခုနှစ်မှ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုပြီးစီးခဲ့သူ ဖြစ်ကြောင်း ပြန်ဖြေသည်။

လဲ့ကျွင်းသည် လင်းဖန်ကို ထပ်မံအကဲခတ်မိရာ သူဝတ်ဆင်ထားသည့် ဝတ်စုံက ဆယ်ကျော်သက်အရွယ် လင်းဖန်ကို အရွယ်ထက် ပိုမိုတည်ငြိမ်ရင့်ကျက်သည့် အသွင်အပြင်ကို ထင်ရှားစေသည်ကို တွေ့လိုက်ရပါတော့သည်။

..............................................................

All Chapters