လဲ့ကျွင်းရဲ့မှင်သက်မှု
Vol. 4 Ch. 32
"ညီလေးက ဘယ်တက္ကသိုလ်ဝင်ခွင့်ရတာလဲ?"
လဲ့ကျွင်းက မတော်တဆလိုလိုဖြင့် မေးလိုက်သည်။ သူက ယခုအခါ လင်းဖန်အပေါ် အတော်လေး စိတ်ဝင်စားသွားပြီဖြစ်သည်။
ဒါကိုကြားတော့ လင်းဖန်က ဘာမှဖုံးကွယ်မထားဘဲ ပြုံးလျက် တိုက်ရိုက်ပင် ဖြေလိုက်သည်။
"ယန်ဒါပါ"
"ဒါဆို မင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အတော်လေး အမှတ်ကောင်းခဲ့တာပေါ့"
"မဟုတ်ဘူး... ကျွန်တော် ၇၅၀ မှတ် ရခဲ့တာ"
ဘာ..၇၅၀ မှတ်။ ဒီတစ်ကြိမ်မှာတော့ လေကျွင်း တကယ့်ကို အံ့အားသင့်သွားရသည်။
လင်းဖန်က သာမန်ကာလျှံကာ ပြောနေပုံရသော်လည်း သူ၏အတွင်းစိတ်မှ ထွက်ပေါ်လာသည့် ယုံကြည်ချက်ကိုတော့ ဖုံးကွယ်ထား၍မရပေ။ သူ တကယ်ပဲ ၇၅၀ မှတ် ရခဲ့သည်မှာ ရှင်းလင်းနေသည်။
အမှန်တော့ လဲ့ကျွင်းကိုယ်တိုင်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက်ဖြစ်သည်။ သူသည် ဝူဟန်တက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနသို့ လျှောက်ထားခဲ့သော်လည်း ၁၉၈၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဟူပြည်နယ် ၏ ၇၀၀ နီးပါး ရမှတ်ဖြင့် ထိပ်တန်းလူတော် ဖြစ်ခဲ့ဖူးသည်။
ထိုအမှတ်သည် ရွှေမုနှင့် ယန်တက္ကသိုလ်တို့၏ ဝင်ခွင့်အမှတ်များထက်ပင် အပြတ်အသတ် သာလွန်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဤ ၇၅၀ ရမှတ်ဆိုသည်မှာ သူ၏ တစ်သက်တာတွင် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်ဖြစ်သည်။ ၎င်းမှာ အမှတ်ပြည့် ဖြစ်ပြီး တကယ့်ကို နတ်ဘုရားတစ်ပါးလို ထူးချွန်သူပင်။
"ကောင်းပြီလေ ယန်ဇီမြစ်ရဲ့ နောက်လှိုင်းတွေက ရှေ့လှိုင်းတွေကို အရှိန်နဲ့ တွန်းလိုက်သလိုပါပဲ (မျိုးဆက်သစ်တွေက ပိုသာလာတာပဲ)"
လဲ့ကျွင်းက သက်ပြင်းချရင်း လင်းဖန်ကို အထင်ကြီး လေးစားစွာဖြင့် ကြည့်လိုက်သည်။
တကယ့်ကို လူတော်လေးပဲ... စီးပွားရေးမှာတင် အောင်မြင်မှုတွေ ရထားတာ မဟုတ်ဘဲ ပညာရေးမှာလည်း ဒီလောက် ထူးချွန်နေတာကိုး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အထိ နားလည်တတ်ကျွမ်းနေတာ မဆန်းတော့ပါဘူး။
"စီနီယာ ကလည်း နောက်နေပြန်ပြီ"
လင်းဖန်က သူ့လက်ကို ခါယမ်းရင်း သာမန်ကာလျှံကာပင် ပြောလိုက်သည်။
"ဝူဟန်တက္ကသိုလ်ကလည်း မဆိုးပါဘူးဗျာ"
"နှိုင်းယှဉ်လို့တောင် မရပါဘူး... နှိုင်းယှဉ်လို့ကို မရတာပါ"
လဲ့ကျွင်းက ခေါင်းခါရင်း ပြောလိုက်သည်။
သူ နောက်ပြောင်နေခြင်း မဟုတ်ပေ။ ဝူဟန်တက္ကသိုလ်သည် တရုတ်နိုင်ငံ၏ ထိပ်တန်း '985' နှင့် '211' အဆင့်ဝင် အဓိကတက္ကသိုလ်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင်ရှိသော်လည်း၊ ရွှေမုနှင့် ယန်တာ တို့မှာမူ ၂၀ ရာစုအစောပိုင်းကတည်းက ကမ္ဘာကျော် ပထမတန်းစား တက္ကသိုလ်များ ဖြစ်ကြသည်။
လင်းဖန်ကတော့ လဲ့ကျွင်းရဲ့စကားကို အလေးအနက် သိပ်မထားခဲ့ပေ။
အမှန်စင်စစ် ၁၉၈၇ ခုနှစ်က ဟူပြည်နယ်၏ အမှတ်အများဆုံးရသူ၊ ဝူဟန်တက္ကသိုလ်၏ ဂုဏ်ဆောင်ကျောင်းသားဟောင်းနှင့် အင်တာနက်လောက၏ ထိပ်သီးကြီးဖြစ်သူ လေကျွင်းကဲ့သို့ လူမျိုးတစ်ယောက်က ယန်တာတက္ကသိုလ်ကို အားကျနေစရာ အကြောင်းမရှိပေ။
လဲ့ကျွင်းက တရုတ်နိုင်ငံတွင် ဂန္ထဝင်တစ်ဦးပင် ဖြစ်သည်။ သူက Kingsoft ၏ ဥက္ကဋ္ဌ၊ နာမည်ကျော် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရိုက် ကုမ္မဏီဥက္ကဋ္ဌနှင့် CEO လည်း ဖြစ်သည်။
သူ၏ ချမ်းသာကြွယ်ဝမှုမှာလည်း ရှောင်မားထက် မလျော့ပေ။
သူရဲ့ ကုမ္ပဏီဖြစ်သည့် ရိုက်က စမတ်ဖုန်းအဆင့်မြင့်မားရေး၊ အင်တာနက်တီဗွီနှင့် စမတ်အိမ်သုံး ပစ္စည်းများအပေါ် အဓိကထားလုပ်ဆောင်သည်။ မိုဘိုင်းလ်လည်ပတ်ရေးစနစ်များ တိုးတက်စေရန် အင်တာနက်ပုံစံသစ်များကို စတင်အသုံးပြုခဲ့ပြီး နည်းပညာဝါသနာရှင်များကိုယ်တိုင် ပါဝင်တိုးတက်စေသည့် နည်းလမ်းကို ရှေ့ဆောင်ခဲ့သူဖြစ်သည်။
"တကယ်ကို မယုံနိုင်စရာပဲ မင်းအရွယ်တုန်းကဆိုရင် ငါက ကွန်ပျူတာအကြောင်းတောင် နားမလည်သေးဘူး၊ ၅ဂျီဆိုတာကတော့ ဝေးရောပေါ့"
လင်းဖန်ရဲ့ နုပျိုသောမျက်နှာကိုကြည့်ရင်း လေကျွင်းက ခါးသီးစွာ ပြုံးလိုက်မိသော်လည်း စိတ်ထဲတွင်မူ သူ့ကို အတော်လေး အသိအမှတ်ပြုသွားမိသည်။
လင်းဖန်ကတကယ့်ကို အမှတ်ပြည့်ရသူနှင့် ထိုက်တန်ပေသည်။ ဗဟုသုတရော အမျှော်အမြင်ပါ တခြားသူများထက် အပြတ်အသတ် သာလွန်နေသည်။
ထို့နောက် ခရီးတစ်လျှောက်တွင် လင်းဖန်နှင့် လဲ့ကျွင်းတို့မှာ ၅ဂျီ နည်းပညာမှသည် မိုဘိုင်းလ်ဖုန်းများ၏ အနာဂတ်အထိ စိတ်ပါလက်ပါ ဆွေးနွေးခဲ့ကြသည်။ လဲ့ကျွင်းမှာ အံ့အားသင့်နေရသည်။ မိမိရှေ့က လူငယ်လေးသည် ခေတ်ရေစီးကြောင်းအပေါ် အလွန်ထက်မြက်သည့် အာရုံခံစားမှုမျိုး ရှိနေသည်ကို သူတွေ့ရှိခဲ့ရသည်။
ဤအချက်မှာ အိန်ဂျယ်လ်ရင်းနှီးမြှုပ်နှံသူ တစ်ဦးအနေဖြင့် သူ့ကို အတော်လေး အနေရခက်စေသည်။ သူ့အမြင်တွင် လင်းဖန်မှာ ကျောင်းသားလေးတစ်ဦး မဟုတ်တော့ဘဲ မိမိနှင့် တန်းတူဆွေးနွေးနိုင်သည့် စီးပွားရေးသမားတစ်ဦး ဖြစ်နေသည်။ အဓိကမှာ သူက အသက် ၁၈ နှစ်ပဲ ရှိသေးသည့်အချက်ပင်။
ဝုန်း
နှစ်နာရီကြာပြီးနောက် လေယာဉ်သည် ရှန်ကျန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ပြီဖြစ်သည်။
"နောက်ဆုံးတော့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒရဲ့ ရှေ့တန်းအခြေစိုက်စခန်းကို ရောက်ခဲ့ပြီပဲ"
လင်းဖန်က စိတ်လှုပ်ရှားမှုများဖြင့် ရေရွတ်လိုက်ပြီး လေကျွင်းနှင့်အတူ လေယာဉ်ပေါ်မှ ဆင်းလိုက်သည်။
"ရှောင်ဖန်.. မင်း ဟိုတယ်ဘိုကင်လုပ်ထားပြီးပြီလား မလုပ်ရသေးရင် ငါ့ဆီမှာပဲ တစ်ညလောက် အရင်လာနားပါလား"
လဲ့ကျွင်းက မေးလိုက်သည်။ သူ့တွင် လက်ဆွဲအိတ်ထဲက လက်ပ်တော့ပ်တစ်လုံးသာ ပါလာသည်။ ဤသည်မှာ လဲ့ကျွင်း၏ အလေ့အကျင့်ပင်ဖြစ်သည်။
"ရပါတယ် အစ်ကိုကျွင်း ကျွန်တော့်ကို လာကြိုမယ့်သူ ရှိပါတယ်"
လင်းဖန်က ယဉ်ကျေးစွာ ငြင်းလိုက်သည်။
လဲ့ကျွင်းသည် လင်းဖန်ရဲ့ဘေးနားတွင် ရပ်နေတဲ့ လှပသည့် အတွင်းရေးမှူးမလေးကို မြင်လိုက်ရလျင် ပြောမည့်စကားများကို ပြန်ရုပ်သိမ်းလိုက်သည်။
"သူက ခရီးသွားရင်တောင် အတွင်းရေးမှူး အမြဲပါတာပဲ။ ငါ့ထက်တောင် အဆင့်အတန်း မြင့်သေးတယ်"
ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
လေဆိပ်ထွက်ပေါက်တွင် ဒါမီဘဏ်ခွဲမှ ဝန်ထမ်းများက လာရောက်ကြိုဆိုကြသည်။ လေကျွင်းသည် မေဘတ်ခ်ကားကြီးစီးကာ ထွက်ခွာသွားသည့် လင်းဖန်ကိုကြည့်ရင်း မျက်လုံးထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားသည်။ သူသည်လည်း ရိုက်ကုမ္ပဏီ၏ ရှန်ချန်းဘဏ်ခွဲသို့ ဦးတည်ထွက်ခွာခဲ့သည်။
ကားပေါ်ရောက်တော့ လဲ့ကျွင်းက Baidu တွင် "လင်းဖန်" ဆိုသည့် အမည်ကို ရိုက်ရှာလိုက်သည်။ မထင်မှတ်ထားဘဲ သတင်းအမြောက်အမြား ကျလာလေသည်။
'သမိုင်းတစ်လျှောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ပထမဆုံး အမှတ်ပြည့်ရသူ'
'မိဘမဲ့ကလေးဘဝမှ သူဌေးသားများကို ကျော်ဖြတ်ပြီး ထူးချွန်လာသူ"
'၁၈ နှစ်အရွယ် လူငယ်လေးများ၏ ထိပ်သီးအဆင့်"
"ဟင်း... ဒီကောင်လေးက တကယ့်ကို မရိုးရှင်းဘူးပဲ"
တက္ကသိုလ်ဝင်ခွင့်မှာ ထိပ်တန်းလူတော် ဖြစ်ရုံသာမက မိမိနှင့်လည်း အမြင်ချင်း နက်နက်ရှိုင်းရှိုင်း ဖလှယ်နိုင်ခြင်းမှာ သာမန်လူတစ်ယောက် မလုပ်နိုင်သည့် အရာပင်ဖြစ်သည်။
.....................................................