← Chapters

လျှို့လီရုံ

Vol. 4 Ch. 33

လျှို့လီရုံ

Vol. 4 Ch. 33

ည ၈ နာရီ။

ညစာကို အမြန်စားသောက်ပြီးနောက် လင်းဖန်က မိုရှင်းယာနှင့်အတူ ရှန်ကျန်းရှိ ကြယ်ငါးပွင့်ဟိုတယ်ဖြစ်သည့် ဗီယင်နာသို့ ဝင်ရောက်တည်းခိုခဲ့သည်။

အချိန်သိပ်မနှောင်းသေးသော်လည်း နောက်တစ်နေ့တွင် ကျင်းလီဌာနချုပ်သို့သွားရောက်ကာ ကုမ္ပဏီဝယ်ယူရေးကိစ္စ ဆွေးနွေးရန် သူ စီစဉ်ထားဆဲဖြစ်သည်။

အမှန်တကယ်တော့ အလွန်အမင်း အရေးတကြီး ဆွေးနွေးခြင်းမျိုးက အချို့သူများကို အခြေအနေတွက်ချက်မှု မှားယွင်းသွားစေနိုင်သောကြောင့် ဖြစ်သည်။

အခန်းထဲသို့ရောက်သည်နှင့် လင်းဖန်ကအကျင့်အတိုင်း ကွန်ပျူတာကို ဖွင့်လိုက်သည်။ ရှေ့ရှိ အပြည်ပြည်ဆိုင်ရာ ရွှေဈေးနှုန်းပြမျဉ်းကို ကြည့်ရင်း သူ သက်ပြင်းမချမိဘဲ မနေနိုင်တော့ပေ။

"ရွှေဈေးက ဒီလောက်ပဲ တက်နိုင်သေးတာလား။ ဒီတစ်ပတ်အတွင်း ၁,၇၀၀ အမှတ်ကို ကျော်ဖြတ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူးထင်တယ်။ ကွမ်တမ်ရန်ပုံငွေအဖွဲ့ က နောက်အပတ်မှာ ရေနံတွေပြန်မရောင်းမချင်း ရွှေဈေးက ထပေါက်ကွဲဦးမှာ မဟုတ်ဘူး"

ယခုအခါ ကွမ်တမ်ရန်ပုံငွေအဖွဲ့သည် ရေနံများကို ဝယ်ယူပြီးစီးခဲ့ပြီဖြစ်ကာ အခြေအနေလှုပ်ခတ်လာမည့်အချိန်ကို စောင့်ဆိုင်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ရွှေဈေးနှုန်း မြင့်တက်မှုသည် တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့လေသည်။ ကွမ်တမ်ရန်ပုံငွေအဖွဲ့က လက်ဝယ်ရှိ ရေနံများကို ပြန်လည်ရောင်းချသည့် အချိန်မှသာ စျေးကွက်အတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ထိုအတက်အကျများပြီးနောက်တွင် ရွှေစျေးနှုန်းမှာ ဆက်လက်မြင့်တက်လာမည် ဖြစ်သည်။

"ဖျတ်"

ခဏတာ စောင့်ကြည့်ပြီးနောက် သူသည် လက်ပ်တော့ပ်ကို တိုက်ရိုက်ပိတ်လိုက်ပြီး ရေချိုးကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

ဖန်ထန်းရင်းနှီးမြှုပ်နှံမှုသည် ရွှေစျေး ၁,၆၁၀ အမှတ်မှ စတင်ခဲ့ပြီး ယခုအချိန်အထိ အသားတင်အမြတ်ငွေ ၅.၃ ဘီလီယံ ရရှိထားပြီး ဖြစ်သည်။

သို့သော် ဤသည်မှာ အစပျိုးရုံသာရှိသေးပြီး တကယ့် အထွတ်အထိပ် အခြေအနေက နောက်မှ ရောက်လာဦးမည် ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် သူသည် ဤကိန်းဂဏန်းများအပေါ် အံ့ဩခြင်းမရှိပေ။ သူ့အတွက်မူ ယခုအချိန်တွင် ပိုက်ဆံဆိုသည်မှာ ဂဏန်းတစ်ခုမျှသာ ဖြစ်သည်။

ငွေကြေးများကို ၎င်းနှင့်ထိုက်တန်သော တန်ဖိုးရှိအောင် မမည်သို့ပြုလုပ်ရမည်ဆိုသည်မှာသာ လင်းဖုန်း အမှန်တကယ် လိုလားသောအရာ ဖြစ်လေသည်...။

နောက်တစ်နေ့မနက် စောစောအချိန်...

"ရှင်းယာ၊ ငါတို့ရောက်ပြီဆိုတဲ့အကြောင်း လျိူလီရုံကို အကြောင်းကြားလိုက်တော့"

ထိုသို့ပြောပြီးနောက် လင်းဖန်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာအဆောက်အအုံထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလေသည်။

"ဟုတ်ကဲ့"

ဘေးတွင်ရှိနေတဲ့ မိုရှင်းယာက သူမ၏ လက်ကိုင်ဖုန်းကို အမြန်ထုတ်ကာ ကျင်းလီရဲ့ အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ထံသို့ စာတိုပေးပို့လိုက်သည်။

အမှန်တကယ်တော့ ဤမတိုင်မီက ကျင်းလီ၏ ဌာနချုပ်သည် ဖူထျန်းခရိုင်တွင် တည်ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ကိုယ်တိုင်တည်ဆောက်နေသည့် ဌာနချုပ်အဆောက်အအုံသစ်မှာမူ ကြွေးမြီပြဿနာများကြောင့် လုပ်ငန်းများရပ်ဆိုင်းနေပြီး ယခုထက်ထိ မပြီးစီးသေးပေ။

ကျင်းလီနှင့် မလှမ်းမကမ်းတွင် ရှန်ကျန်းမြို့ရဲ့ နာမည်အကျော်ဆုံး ဟွာရှန်းမြောက်လမ်းတည်ရှိသည်။

ဤနေရာမှာ တစ်နိုင်ငံလုံး၌ လျှပ်စစ်ပစ္စည်းများ အများဆုံးစုဝေးရာနေရာဖြစ်သည်။ အပိုပစ္စည်းများမှစ၍ စက်ရုံသုံး စက်ကိရိယာများအထိ အစုံအလင်ရှိပြီး၊ ၎င်း၏ ထုတ်လုပ်မှုစွမ်းအားမှာ ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရှိနေသည်။ ဟွာရှန်းမြောက်ပိုင်းသည် တရုတ်မိုဘိုင်းဖုန်းလောက၏ ဘုရင်ဖြစ်သော ဝါဝေး၊ ဒရုန်းလောက၏ ဘုရင် ဒီဂျေအိုင် နှင့် လျှပ်စစ်ကားလောက၏ ဘုရင် ဘီဝိုင်ဒီတို့ အခြေစိုက်ရာ နေရာလည်း ဖြစ်ပေသည်။

အွန်လိုင်း လူမှုကွန်ရက်လောက၏ ဘုရင်ဖြစ်သော 'ပင်ဂွင်း' ပင်လျှင် မူလက ဤနေရာ၌ အခြေစိုက်ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင်မှ သိပ္ပံနှင့် နည်းပညာဥယျာဉ် မြောက်ပိုင်းခရိုင်ရှိ ဌာနချုပ် အဆောက်အအုံသစ်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

"လူထွက်သွားတော့ လက်ဖက်ရည်က အေးစက်ကျန်ရစ်ခဲ့တာပေါ့"

သူတို့ရှေ့ရှိ ခြောက်ကပ်နေသော ကျင်းလီဌာနချုပ်ရဲ့ ၂၁ ထပ်မြောက်ကို ကြည့်ရင်း လင်းဖန် သက်ပြင်းချလိုက်မိသည်။ တစ်ချိန်က တရုတ်နိုင်ငံ၏ နံပါတ် (၁) မိုဘိုင်းဖုန်းအမှတ်တံဆိပ်သည် ယခုကဲ့သို့ အခြေအနေထိ ကျဆင်းသွားခဲ့ရသည်။

ထိုစဉ် အလျင်စလို လျှောက်လာသော ခြေသံများကို သူတို့ ကြားလိုက်ရသည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား အများအပြား ကျင်းလီရုံးခန်းအတွင်းမှ ထွက်လာသည်ကို တွေ့ရသော်လည်း၊ သူတို့၏ မျက်နှာများတွင်မူ ဖယ်ရှား၍မရနိုင်သော စိုးရိမ်ပူပန်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ခင်ဗျားတို့က ဖန်ထန်း ရင်းနှီးမြှုပ်နှံမှု အဖွဲ့ကလား မင်္ဂလာပါဗျ"

ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်းအရွယ် ခေါင်းဆောင်ဖြစ်သူက ချက်ချင်းပင် ရှေ့သို့တိုးလာပြီး ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လေသည်။

"အထဲဝင်ပြီး စကားပြောကြတာပေါ့"

လင်းဖန်က ကျင်းလီ၏ အဆင့်မြင့်အမှုဆောင်များကို လုံးဝ ဂရုမထားသည့်ဟန်ဖြင့် အထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။

ကျင်းလီရဲ့ ဥက္ကဋ္ဌ လျိူလီရုံနှင့် စောစောက စကားပြောနေသည့် ရှယ်ယာရှင် တစ်စုမှာမူ မှင်သက်ပြီး ကျန်ရစ်ခဲ့ကြသည်။

ဤမျှ ငယ်ရွယ်သော လူငယ်လေးမှာ မည်သူမည်ဝါဖြစ်ကြောင်း သူတို့ လုံးဝ သတိမထားမိသေးချေ...။

"သူကတော့ ဖန်ထန်းရဲ့ ဥက္ကဋ္ဌ မစ္စတာလင်းဖန် ဖြစ်ပါတယ်"

အတွင်းရေးမှူး မိုရှင်းယာက ဘေးမှနေ၍ အမြန် မိတ်ဆက်ပေးလိုက်သည်။

ထိုအခါမှ ကျင်းလီရဲ့ အဆင့်မြင့်အရာရှိများ သတိပြန်ဝင်လာကြပြီး၊ ဥက္ကဋ္ဌ လျိုလီရုံက ထုံထုံထိုင်းထိုင်းဖြင့်ပင် ခေါင်းညိတ်ပြကာ

"အစည်းအဝေးခန်းထဲမှာ စကားပြောကြတာပေါ့"

ဟု ဆိုသည်။

ထိုအချိန်၌ လင်းဖန်က ကျင်းလီဌာနချုပ်ရဲ့ အကြီးဆုံးအခန်းဖြစ်သည့် အစည်းအဝေးခန်းထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

စားပွဲများမှာ ပြောင်လက်နေကာ ၎င်းတို့ ခုလေးတင် အစည်းအဝေးတစ်ခု ပြီးစီးထားဟန်ရှိသည်။

ဤရင်းနှီးမြှုပ်နှံမှုမှာ ကျင်းလီအတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်သောကြောင့် သူတို့အနေဖြင့် အနည်းငယ်မျှ အပေါ့အလျော့ လုပ်၍မရနိုင်ပေ။

လျိုလီရုံက အခန်းထဲသို့ အမီလိုက်လာပြီး အစည်းအဝေးခန်းအတွင်းရှိ အတွေ့အကြုံနုနယ်ပုံရသော လူငယ်လေး၏ ကျောပြင်ကို ကြည့်ကာ စိတ်ကျေနပ်မှုအပြည့်ဖြင့် အနားသို့ တိုးသွားလေသည်။

သူက ယဉ်ကျေးစွာ လက်ကမ်းနှုတ်ဆက်ရင်း

"မင်္ဂလာပါ၊ ကျွန်တော်က ကျင်းလီရဲ့ ဥက္ကဋ္ဌ လျိုလီရုံပါ"

ဟု မိတ်ဆက်လိုက်သည်။

"အင်း"

လင်းဖန်က လက်ဆွဲနှုတ်ဆက်လိုက်သော်လည်း စကားတစ်ခွန်းမှ ထပ်မပြောပေ။ မိမိရှေ့ရှိ လူငယ်လေး၏ တည်ငြိမ်လွန်းသော အမူအရာကို ကြည့်ပြီး လျူလီရုံ၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။

ထိုလူငယ်လေးသည် သူ့ကို ကြည့်ပင်မကြည့်ဘဲ အစွမ်းအစရှိသူတစ်ယောက်နှင့်လည်း မတူသယောင် ထင်မှတ်ရပြီး လျူလီရုံက အနည်းငယ် စိတ်ပျက်သွားသော်လည်း တည်ငြိမ်အောင် ဟန်ဆောင်ထားဆဲဖြစ်သည်။

"မစ္စတာလင်း၊ ကျေးဇူးပြုပြီး ထိုင်ပါဦး"

ဟု ဖိတ်ခေါ်လိုက်သည်။

လင်းဖန်က ကျင်းလီရဲ့ ဥက္ကဋ္ဌထံမှ အကြည့်ကို လွှဲဖယ်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် အပြင်ပန်းကြည့်ရုံဖြင့် လျိုလီရုံသည် အလွန်တော်သော ခေါင်းဆောင်တစ်ယောက်နှင့် မတူပေ။ လေယာဉ်ပေါ်တွင် သူနှင့် ဆုံခဲ့ဖူးသည့် လဲ့ကျွင်း နှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်က အဆမတန် များပြားလွန်းလှသည်။

သူ့ခေါင်းဆောင်မှုအောက်တွင် ကျင်းလီကုမ္ပဏီသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး ယခုကဲ့သို့ အခြေအနေအထိ ကျဆင်းသွားရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

သို့သော် ဤအချက်သည် လင်းဖန်နှင့် ဖန်ထန်း ရင်းနှီးမြှုပ်နှံမှုအတွက်မူ ကောင်းကွက်တစ်ခု ဖြစ်နေသည်။ အကြောင်းမှာ ကျင်းလီ၏ အခြေအနေ ပိုမိုဆိုးရွားလေလေ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နာမည်ကျော်ကြားသော ဤမိုဘိုင်းဖုန်း ထုတ်လုပ်ရေး အမှတ်တံဆိပ်ကို ဝယ်ယူရန် သူတို့အတွက် ပို၍ အခွင့်သာလေလေ ဖြစ်သောကြောင့်ပင်...။

..............................................................

All Chapters