ကံမကောင်းသူများ
Vol. 141 Ch. 1963
ခန့်မှန်းထားသလိုပင် နောက်နှစ်ရက်တွင် မည်သူမှ သူတို့ကို လာ မနှောင့်ယှက်ကြပေ။ သူတို့သည် ကုသေဆေးများ၏ အကူအညီနှင့် အမြန် ပြန်ကောင်းလာကြပြီး အပေါ်ယံဒဏ်ရာများမှာလည်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ သက်သာလာသည်။
“ငါတို့ကို ပိုကြာကြာလေး လျစ်လျူရှုမယ့် ကိစ္စဖြစ်သွားရင်ကောင်းမှာပဲ.. ငါတို့ နောက်ထပ် ရက်နည်းနည်းလောက်အချိန်ပိုရရင် ၇၀၊ ၈၀ ရာခိုင်နှုန်းတော့ သက်သာလာနိုင်တယ်” ယွင်ရာ ပြောလိုက်သည်။
သူတို့သည် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိသာ သက်သာလာခဲ့သည်။ သူတို့သာ ထိုလူများကို တိုက်ခိုက်ရမည်ဆိုပါက အနိုင်ရရန် ရာခိုင်နှုန်း နည်းပါး သည်။
ရှီမာယူယူလည်း ထိုသို့ခံစားရသည်။ သူတို့ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားစေမည့် ကိစ္စတစ်စုံတစ်ရာဖန်တီးပေးရမည်လားဟု စတင်တွေးတော တော့သည်။ ထိုအချိန်တွင် နီရဲပျားများသည် သူမကို သတင်းကောင်းများ ပေးပို့ လာသည်။
ဤနေရာသို့ လူတချို့ဝင်ရောက်လာခြင်းပင်။
ဒါက တကယ်ကိုပဲ…
သူမ ပြုံးပျော်နေသည်ကို ကြည့်ပြီး ယွင်ရာ သူမကို မေးလေသည် “သတင်းကောင်းများ ရလို့လား”
“အစောက သူတို့တွေ ကျွန်မတို့ဆီကို လာတော့မလို့ပဲ” ရှီမာယူယူ ပြော လိုက်သည်။
“ဒါက သတင်းကောင်းဟုတ်ရဲ့လား.. မင်းက စဉ်းစားတာနဲ့တင် ပျော် နေတာ” ယွင်ရာသည် အေးစက်စွာ နှာရှုံ့လေသည်။
“ဒါပေမဲ့ အဲအချိန်မှာပဲ သူတို့တွေ ပြန်လှည့်သွားကြတယ်” ရှီမာယူယူ ဆက်ပြောလေသည်။
“တကယ်ကြီးလား”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ အပြင်လူတွေတွေ့လို့တဲ့” ရှီမာယူယူ ပြောလိုက် သည် “ပြီးတော့ အဲလူတွေက အသတ်မခံတော့ အခု တိုက်ခိုက်နေကြတယ်.. ဒီမျိုးနွယ်ကလူအများစုလည်း သူတို့နောက်ကို လိုက်သွားကြတယ်”
ဝူလင်းယူနှင့် တခြားသူများသည် သူမကို မယုံနိုင်စွာ ကြည့်လိုက်ကြ သည်။ တကယ်ပဲ ဒီလောက် တိုက်ဆိုင်တာလား။
ဤအချိန်၌ ထိုလူများကို တွေ့ရှိခဲ့ရာ သူတို့ကို ဒဏ်ရာရအောင် လုပ်လိုက် သည့်သူများဟု ထင်သွားကြသည်။ အကယ်၍ ထိုလူများသာ ကြိုးစားပြီး ရှောင်ရှားနေပါက ဤမျိုးနွယ်မှလူများသည် သူတို့ကို မစဉ်းစားမိတော့ဘဲ ထိုလူ များကိုသာ ဖမ်းရန် အာရုံစိုက်နေကြတော့မည်။
သည်လိုနှင့် သူတို့မှာ အချိန်ပိုရတော့မည်။
“ကျွတ် ဘယ်သူကများ ဒီလောက်ကံဆိုးရတာလဲ” ယွင်ရာသည် လက်ရှိ တွင် ရွှင်မြူးနေသည်။ ပီတိများပင် ဖြာနေသည်။
ထိုလူများ ဤနေရာသို့ ကျူးကျော်လာနိုင်သည်မှာ အားကောင်းလှသည် ကို သက်သေပြနေသည်။ သူတို့သည် လမ်းတစ်လျှောက် အလွန်ဂရုစိုက်လာပြီး ဤနေရာရောက်မှ ပေါ်ပေါက်သွားခြင်းဖြစ်နိုင်သည်။ ဤနေရာသို့ တင်းကြပ် စွာ ရှာဖွေနေရခြင်းအကြောင်းအရင်းကို ကျူးကျော်သူများသိချင်နေကြလိမ့် မည်။ သို့သော် သူတို့မသိသည်မှာ တကယ့်အကြောင်းအရင်းသည် ရှီမာယူယူ တို့ အားလုံးကြောင့်ဖြစ်နေသည်။
ထိုလူများမှာ ကံဆိုးလှသည်ဟု ရှီမာယူယူလည်း ခံစားရသည်။ သို့သော် သူမသည် ယွင်ရာလောက်တော့ မြူးတူးမနေပေ။
“အဲလူတွေ ခဏလောက်တော့ တောင့်ခံနိုင်ဖို့ မျှော်လင့်တာပဲ.. သူတို့သာ ဒီနေ့ အဖမ်းခံလိုက်ရရင် ကျွန်မတို့ အပျော်တွေအလဟဿဖြစ်သွားလိမ့်မယ်” သူမသည် သူတို့ကို သတိပေးလိုက်သည်။
“ဟုတ်တယ်.. ဒါပေမြ့ သူတို့တွေ ဒီနေရာရောက်တဲ့အထိ တောင့်ခံနိုင် တယ်ဆိုတာက သူတို့မှာအစွမ်းအစရှိနေတာကို ပြနေတာပဲ.. သူတို့တွေ သန်မာ ကြမှတော့ လွယ်လွယ်နဲ့ ဖမ်းမိမှာတော့မဟုတ်ဘူး”
“အဲလိုပဲ မျှော်လင့်ရတာပဲ.. ရှင်တို့တွေလည်း ကောင်းကောင်း နလန်ထူ ကြပါ”
ရှီမာယူယူသည် သူတို့ကို ပြောလိုက်သော်လည်း သူမမှာ မနားနိုင်သေး ပေ။ ထိုအစား သူမသည် မတ်တတ်ရပ်ပြီး ထိုနေရာကို နှစ်ပတ်မျှပတ်နေသည်။
“မင်းကရော မနားဘူးလား”
“ကျွန်မ တခြားကိစ္စလေးတွေ လုပ်ချင်လို့”
သူမသသည် တစ္ဆေတစ်ရာအလံတော်ကို ထုတ်ပြီး အထဲရှိ ရှေးဟောင်း တိုက်ပွဲဝိညာဉ်များကို စတင်သန့်စင်တော့သည်။
ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို စုပ်ယူထားသော်လည်း သူမသည် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းတော့မရှိပေ။ သူမ၏ စိတ်စွမ်းရည် အနည်းငယ် ပြန်ကောင်းလာသဖြင့် သူမ သူတို့ကိုထိန်းချုပ်နိုင်ပါက ထပ်ပြီးစိုးရိမ်နေရန် မလိုပေ။
“မင်း သေချာစဉ်းစားပြီးပြီလား” ယွင်ရာသည် သူမအား ဣန္ဒြေတစ်ခွဲသား နှင့်ကြည့်လေသည် “မင်း တစ္ဆေတစ်ရာအလံတော် ရှိကြောင်း ထုတ်ပြလိုက်ရင် နောက်ပိုင်း ပြဿနာတွေ အများကြီးရင်ဆိုင်ရနိုင်တယ်”
တစ္ဆေတစ်ရာအလံတော်သည် တစ္ဆေလောကတစ်ခုလုံး၏ ရတနာ တစ်ပါးဟု မှတ်ယူ၍ရသည်။ သူမတွင် တစ္ဆေတစ်ရာအလံတော်ရှိသည်ကို သူတို့သိသွားကြပါက သူမဆီမှ လုရန်ကြိုးစားသည့်လူများလာနိုင်သည်။
“အသက်ကို မနှမြောတဲ့သူတွေတော့ လာလုကြည့်ကြလေ.. မဟုတ် တောင် တစ္ဆေတစ်ရာအလံတော်က နောက်ထပ်အများကြီးထပ်ဆံ့သေးတယ်” ရှီမာယူယူသည် အထင်သေးစွာ ပြောလိုက်သည်။
သူမက တကယ်ကို… လွှမ်းမိုးနိုင်တာပဲ။
ယွင်ရာသည် များပြားလှသော ရှေးဟောင်းတိုက်ပွဲဝိညာဉ်များအကြောင်း တွေးမိလျှင် ရင်နာမိသည်။ အဲကောင်တွေက သူ့ဟာလေ ဒါပေမဲ့ သူမက သူ့ဆီ ကနေ အကုန်လုသွားခဲ့တာ။
သူ ဘယ်နကြိမ်ပဲ တွက်တွက် တစ္ဆေတစ်ရာအလံတော် ပေါ်လာတဲ့ကိစ္စ ကို ဘယ်သူ့ကို သွားတာဝန်ယူခိုင်းရမှာလဲ။
ရှီမာယူယူသည် သူ့အတွေးကိုသိသဖြင့် သူ့ကို ကျေးဇူးတင်စွာဖြင့်ပင် ပြောလိုက်သေးသည် “အခု ရှင်ပြောမှပဲ ရှင့်ကြောင့်သာမဟုတ်ရင် ရှေးဟောင်း တိုက်ပွဲဝိညာဉ်တွေ ဒီလောက်အများကြီး ရမှာမဟုတ်ဘူး ကျေးဇူးတင်ပါတယ်”
“ဟင်း” ယွင်ရာသည် အေးစက်စွာနှာမှုတ်ပြီး သူမကို လျစ်လျူရှုလိုက် သည်။
“အခု ပြောရင်းနဲ့မှပဲ ရှင်တို့ ညှို့ယူဂီတဂိုဏ်းက တကယ်အားကောင်းတာ ပဲ.. ရှင်က ဒီလောက် များတဲ့ဝိညာဉ်တွေကိုတောင် ထိန်းချုပ်နိုင်တယ်” အသံကိုအသုံးပြုပြီး တိုက်ခိုက်သည့်အကြောင်းကို ရှီမာယူယူ အနည်းငယ် နားလည်သည်။ သို့သော် မည်သည့် သက်ရောက်မှုမျိုးရှိသည်ကိုတော့ သူမ မသိပေ။
“ငါတို့ ညှို့ယူဂီတဂိုဏ်းက ဘယ်လိုအဆင့်တက်လာတယ်လို့ ထင်လဲ” ယွင်ရာသည် အသာနှာမှုတ်လေသည်။
ရှဲဟွမ်ကဲ့သို့ နောက်ခံအဆက်အသွယ်ကို အသုံးပြုပြီး ဂိုဏ်းထဲဝင်လာသူ မှာ မည်သူမှမရှိပေ။
“ရှင် တီးတဲ့ဂီတသင်္ကေတက ချွန်းယောင်တီးတာနဲ့ မတူဘူး.. ရှင်တို့ အကုန်လုံးမှာ ထူးခြားတဲ့သင်္ကေတတွေရှိတာလား မဟုတ်ရင် တေးသွားရှိတာ လား” ရှီမာယူယူ မေးလိုက်သည်။
“မေးခွန်းတွေက ဘာလို့ ဒီလောက်များနေတာလဲ.. မင်း သင်ချင်လို့လား” ယွင်ရာသည် မျက်ခုံးများကို ပင့်တင်လိုက်သည်။
“ကျွန်မ သင်လည်း မကောင်းတာတော့မရှိပါဘူး.. ပညာတွေ ထပ်သင် တာက ကောင်းတာပဲ” ရှီမာယူယူ ဝန်ခံသည်။
“မင်းက ငါ့ကို ဆရာအဖြစ် ခေါ်ချင်လို့လား”
“ကျွန်မခေါ်ရရင် ရှင်က လက်ခံမှာလား” ရှီမာယူယူ ရယ်မောလိုက်သည်။
ယွင်ရာ၏ မျက်နှာမှာ မည်းနက်သွားသည်။ ပထမအချက်မှာ သူမ၏ သဘောထားကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ သူမသာ သူ့ကို ဆရာအဖြစ် သတ်မှတ်ရဲလျှင်တောင် သူသူမကို လက်မခံရဲသောကြောင့်ဖြစ်သည်။
သူမသည် သူ့အသက်ကိုကယ်ခဲ့သော်လည်း သူမမှာ တစ္ဆေမျိုးနွယ်၏ မင်းသမီးလေးဖြစ်နေတုန်းပင်။ အကယ်၍ တခြားသူများသာ ဤအကြောင်းကို သိသွားကြပါက ချင်းဟွမ်သည် သူ့ကို ကောင်းကောင်းကြီးအပြစ်ပေးနိုင်သည်။
“တကယ်တော့.. ကျွန်မကို အဓိကအချက်တချို့လေး ပေးရင်ရပါတယ်” ရှီမာယူယူ သူ့ကို ကြည့်လိုက်သည် “ဒီအတွက်ကြောင့် တခြားသူတွေက ရှင့်ကို အပြစ်တင်ရင် ရှင့်အသက်ကယ်ပေးလို့ နည်းနည်းကျေးဇူးဆပ်တာလို့ ပြောလို့ရ တာပေါ့.. အဲလိုဆို ရှင့်ကို ဘယ်သူက အပြစ်တင်ဦးမှာလဲ”
“မင်းက ငါ့ကို ဆင်ခြေတောင် စဉ်းစားကူနေသေးတယ်.. ငါ မင်းကို သင် ပေးမယ်ဆိုတာ သေချာနေတာလား” ယွင်ရာ ပြောလိုက်သည် “မင်းက ငါ့ကို ကယ်လိုက်တာနဲ့ ဒီအတွေးကို လက်ခံမယ်လို့ထင်နေပုံပဲ”
“အဲလိုမဟုတ်ဘူးလို့ပြောရင် ရှင်ယုံမှာလား”
“မယုံဘူး”
“ဒါဆိုလည်း ဒီအကြောင်းကို ထပ်ပြောဖို့မလိုတော့ဘူး ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပဲ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက တစ္ဆေတစ်ရာအလံတော်အကြောင်းကိုလည်း ကောင်းကောင်း လေ့လာရဦးမယ်” ယွင်ရာသည် ပြောပြီးနောက် ဤအကြောင်းကို ဆက်မပြော လိုသည့်အနေနှင့် မျက်လုံးပိတ်လိုက်သည်။
ရှီမာယူယူသည် ဒေါသမထွက်ပေ။ ယခုလိုကိစ္စသည် ဖျောင်းဖျရန်လိုအပ် သည်။ အထူးသဖြင့် ဤကဲ့သို့အရည်အချင်းရှိနေသော ယွင်ရာလိုလူမျိုးအတွက် ဖြစ်သည်။ သူသည် သူမကို ကျေးဇူးကြွေးမတင်လိုပေ။ သို့သော် သူမကို သင်ပေးရန်လည်း အလွယ်တကူ သဘောမတူပေ။ ထို့ကြောင့်ပင် သူ့ကို ဖြည်းဖြည်းချင်းမှ ပြောရမည်။
သူမသည် အချိန်အများစုတွင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို သန့်စင် နေသည်။ သူမ သန့်စင်နိုင်ရန်အတွက် ထိုလူများ အနည်းငယ်တောင့်ခံရန်ကို သာ မျှော်လင့်ရတော့သည်။
သူတို့ရှိသောနေရာနှင့် မနီးမဝေးတွင် လူတစ်စုသည် တောင်တန်းများ တွင် ပုန်းအောင်းနေသည်။ အများစုမှာ ဒဏ်ရာရထားကြရာ တစ်ဖွဲ့လုံး မြင် မကောင်းလှပေ။
ခေါင်းဆောင်ဖြစ်သူ ရှီယွိ၏မျက်နှာမှာ အိုးဖင်ထက်ပင် မည်းနက်နေ သည်။ သူ၏ ရောင်ဝါမှာ အေးစက်နေရာ မည်သူမှ အနားမကပ်ရဲကြပေ။
“စစ်ဦးစီး ဒါက အရမ်းကိုထူးဆန်းနေပြီ” သူ့ဘေးမှ တပ်သားတစ်ယောက် ပြောလိုက်သည် “ဒီကိုလာတဲ့လမ်းတစ်လျှောက် ဘယ်သူမှ မတွေ့ကြဘူးလေ.. အဲဒါကို ဘယ်လိုလုပ် ရောက်တာနဲ့ ကျွန်တော်တို့ကို တွေ့သွားတာလဲ.. ပြီးတော့ ကျွန်တော်တို့ သိထားတဲ့သတင်းအရ အဲလူတွေက ဒီနေရာကို ရှာနေ ကြတာပဲ.. ကြည့်ရတာ ကျွန်တော်တို့ လာမယ်ဆိုတာကို ကြိုသိနေသလိုမျိုးပဲ”
“အခြေအနေကတော့ တကယ်ထူးဆန်းနေတယ်” နောက်တစ်ယောက် က သဘောတူလေသည် “စစ်ဦးစီး ဒီသတင်းကို ပေါက်ကြားအောင်လုပ်တဲ့လူ ရှိလို့များလား”
“ငါတို့ထဲမှာ သူလျှိုရှိတယ်လို့ ပြောနေတာလား” ရှီယွိသည် တခြားသူများ ကို ကြည့်ပြီး မျက်လုံးများကျဉ်းမြောင်းသွားလေသည်။
ထိုစကားပြောလိုက်သူသည် သူ့အကြည့်ကြောင့် ကြောက်သွားကာ မသိမသာ ခြေနှစ်လှမ်းနောက်ဆုတ်မိကာ ပြောလိုက်သည် “ကျွန်တော်… ကျွန်တော်က မှန်းကြည့်ရုံတင်ပါ”
“ငါတို့လူတွေထဲကတော့ မဖြစ်နိုင်ဘူး” ရှီယွိ ပြောလိုက်သည် “မင်း ဒီလို လျှောက်မှန်းနေဖို့ အချိန်ရှိရင် အခုလိုအဝိုင်းခံနေရတာကို ဘယ်လိုဖောက် ထွက်မလဲဆိုတာကိုသာ စဉ်းစားနေလိုက်.. မင်းက ငါတို့ရဲ့လမ်းပြပဲ.. မင်းနေတဲ့ နေရာကိုတော့ ရင်းနှီးမှာပေါ့”
***