← Chapters

ကျင်းလီကို ဝယ်ယူခြင်း

Vol. 4 Ch. 34

ကျင်းလီကို ဝယ်ယူခြင်း

Vol. 4 Ch. 34

(ဒင်.. ပင်မမစ်ရှင် စတင်ပါပြီ)

(စနစ်ရှင် - လင်းဖန်)

(ပင်မမစ်ရှင် - "သင်၏အသက်မွေးဝမ်းကျောင်းကို စတင်လိုက်ပါ" -

ကျင်းလီကုမ္ပဏီကို အောင်မြင်စွာ သိမ်းပိုက်ရယူပြီး ချမ်းသာကြွယ်ဝမှုများကို ဆက်ခံနိုင်မည့် အခွင့်အရေးကို ရယူလိုက်ပါ)

"ဟမ်"

အစည်းအဝေးခန်းထဲတွင် ထိုင်နေသည့် လင်းဖန်တစ်ယောက် သူရဲ့စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာတဲ့ ရင်းနှီးနေသည့် စနစ်၏ အသံကြောင့် ခဏတာ ကြောင်အသွားသည်။

ကံကောင်းထောက်မစွာဖြင့် သူက စနစ်၏ လုပ်ဆောင်ပုံများကို ကောင်းကောင်းနားလည်ထားပြီးဖြစ်၍ သိပ်တော့ အံ့ဩမနေတော့ပေ။

ခဏအကြာတွင် သူ သတိပြန်ဝင်လာပြီး အစည်းအဝေးခန်းအတွင်းရှိ ကျင်းလီကုမ္ပဏီမှ အမှုဆောင်အရာရှိများကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော်က 'ဖန်ထန်း ရင်းနှီးမြှုပ်နှံမှု' ရဲ့ ဥက္ကဋ္ဌ လင်းဖန် ပါ။ အခုတစ်ခေါက် ရှန်ကျန်းကို လာရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ခင်ဗျားတို့ ကုမ္ပဏီကို ဝယ်ယူဖို့ပါပဲ..."

သူ့စကားဆုံးလျင် ကျင်းလီအမှုဆောင်အရာရှိအားလုံး၏ မျက်နှာများ ချက်ချင်းပြောင်းလဲသွားပြီး ပြုံးရွှင်သွားကြသည်။ ကျင်းလီ ဥက္ကဋ္ဌ လျိုလီရုံ တစ်ယောက်သာ မျက်မှောင်ကြုတ်သွားပြီး မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားသည်။

အကြောင်းမှာ လင်းဖန်သည် ကျင်းလီကို ဝယ်ယူရန် လာရောက်ခြင်းဖြစ်သည်ဟု သူ လုံးဝမထင်ထားသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ ယခုအချိန်အထိ လျိုလီရုံတွင် ကျင်းလီကို ရောင်းချရန် အစီအစဉ် လုံးဝမရှိသေးပေ။

အဘယ်ကြောင့်ဆိုသော် ကျင်းလီတွင် အရည်အသွေးမြင့် ပိုင်ဆိုင်မှုများစွာ ရှိနေသေးသည်ကို သူ ကောင်းကောင်းသိသောကြောင့် ဖြစ်သည်။ အကယ်၍ ငွေကြေးစီးဆင်းမှု ကွင်းဆက်သာ ပြတ်တောက်မသွားခဲ့လျှင် ဤကုမ္ပဏီသည် ငွေသားများ အဆက်မပြတ် ထုတ်ပေးနေသည့် ငွေတွင်းကြီး တစ်ခု ဖြစ်နေဦးမည်သာ။

"ကျွန်တော် မေးပါရစေ မစ္စတာလင်း၊ ကျင်းလီကုမ္ပဏီကို ဘယ်လောက်ဈေးနဲ့ ဝယ်ယူဖို့ စိတ်ကူးထားပါသလဲ"

ကျင်းလီ၏ ဒုတိယဥက္ကဋ္ဌ ယွီလဲ့က မအောင့်နိုင်တော့ဘဲ လောလောလောလောနှင့် မေးမြန်းလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် အနီးနားရှိ ကျင်းလီအမှုဆောင် အရာရှိအတော်များများသည်လည်း အထက်တွင်ရှိနေသော လူငယ်လေး လင်းဖန်ဆီသို့ သူတို့၏ အာရုံများကို စုပြုံရောက်ရှိသွားကြသည်။

လင်းဖန်က ထိုမေးခွန်းကို ကြားသော်လည်း ပြန်မဖြေဘဲ သူ၏ဘေးတွင် ရပ်နေသောသူ မိုရှင်းယာကိုသာ ကြည့်လိုက်သည်။

မိုရှင်းယာက လင်းဖန်၏အကြည့်ကို ချက်ချင်းနားလည်သွားပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ကျွန်မတို့ ဖန်ထန်းရင်းနှီးမြှုပ်နှံမှု အနေနဲ့ ဒီမှာရှိနေတဲ့သူအားလုံးဆီက ကျင်းလီရှယ်ယာအားလုံးကို တရုတ်ယွမ်ငွေ ၅ ဘီလီယံ နဲ့ ဝယ်ယူဖို့ အဆင်သင့်ရှိပါတယ်"

"မဟုတ်ဘူး၊ ဒါက လုံးဝမဖြစ်နိုင်ဘူး"

မိုရှင်းယာရဲ့ စကားပင်မဆုံးသေးမီ ကျင်းလီဥက္ကဋ္ဌ လျိုလီရုံက ကြားဖြတ်ဟန့်တားလိုက်သည်။

"ကျင်းလီဟာ နိုင်ငံအတွင်းမှာ ထိပ်တန်းဖုန်းထုတ်လုပ်သူ ၁၀ ဦးစာရင်းဝင်တဲ့ ကုမ္ပဏီတစ်ခုပါ။ ဒါကို ယွမ် ၅ ဘီလီယံတည်းနဲ့ ဘယ်လိုလုပ် တန်ဖိုးဖြတ်နိုင်မှာလဲ"

ထိုနေရာရှိ ကျင်းလီရှယ်ယာရှင်အများအပြားသည်လည်း ဤဈေးနှုန်းကို လက်မခံနိုင်ကြပေ။ အားလုံး၏မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များဖြင့် မျက်မှောင်ကြုတ်သွားကြသည်။

ထိုအချိန် လင်းဖန်က ဆက်ပြောရန် လက်ဟန်ပြလိုက်ရာ မိုရှင်းယာက

"ဒါကို တင်ပြလိုက်ပါ"

ဟု အမိန့်ပေးလိုက်ပြီး ဘဏ္ဍာရေးဝန်ထမ်းများက စာရွက်စာတမ်းအထူကြီးတစ်ခုကို စားပွဲပေါ်သို့ တင်လိုက်သည်။

မိုရှင်းယာက ဆက်ပြောသည်။

"ဒါတွေကတော့ ကျင်းလီကုမ္ပဏီရဲ့ နှစ်အလိုက် လုပ်ငန်းလည်ပတ်မှု အချက်အလက်တွေပါ။ အရှုံးပေါ်နေတာတွေ၊ ကြွေးမြီတွေ အစရှိတဲ့ အချက်အလက်အားလုံး ဒီထဲမှာ ပါဝင်ပါတယ်"

"မှန်ပါတယ် ကျင်းလီဟာ လုပ်ငန်းကြီးတစ်ခုပါ။ တရုတ်နိုင်ငံမှာတင် အလုံးစုံပိုင်ဆိုင်တဲ့ လုပ်ငန်းခွဲ ၁၁ ခု ရှိပြီး ရှယ်ယာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီအရာတွေဟာ ကျင်းလီ အခုလက်ရှိ တင်ရှိနေတဲ့ ကြီးမားလှတဲ့ အကြွေးတွေကိုတော့ အဖတ်ဆယ်ပေးနိုင်မှာ မဟုတ်ပါဘူး"

ကျင်းလီဥက္ကဋ္ဌက

"အဲဒီ ပိုင်ဆိုင်မှုတွေက ၅ ဘီလီယံထက် အများကြီး ပိုပါတယ်"

ဟု ဆိုလိုက်လျှင် မိုရှင်းယာက လှောင်ပြုံးပြုံးလိုက်ပြီး

"ဟုတ်ပါတယ်၊ ပိုင်ဆိုင်မှုအားလုံး ပေါင်းလိုက်ရင် အကြွေးတွေ ဆပ်ဖို့တောင် ပိုပါသေးတယ်။ ဒါပေမဲ့ ဒီလို အကြပ်အတည်းဆိုက်နေတဲ့ အခြေအနေမျိုးမှာ ကျွန်မတို့ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုကလွဲရင် ဘယ်သူက ရှင်တို့ ရှယ်ယာတွေကို ယူဖို့ ယွမ် ၅ ဘီလီယံ ထုတ်ပေးဦးမှာလဲ"

ဟု ပြတ်သားစွာ မေးခွန်းထုတ်လိုက်သည်။

ကျင်းလီမှ အဆင့်မြင့်အမှုဆောင်အရာရှိ တစ်ယောက်မှပင် ပြန်လည်မချေပနိုင်ကြပေ။

"သစ်ပင်လဲလျှင် မျောက်များပါ လူစုကွဲရစမြဲ" ဆိုသည့်အတိုင်း ကျင်းလီ၏ မိတ်ဖက်ဟောင်းများသည်ပင် ကျင်းလီကို တရားရုံးသို့ အပြေးအလွှား တရားစွဲဆိုကြပြီး ဈေးနှိမ်ဝယ်ယူနိုင်ရန် ကြိုးစားလာကြသည်။

ယခင်က ယွမ်ဘီလီယံ ရာနှင့်ချီ တန်ဖိုးရှိခဲ့သော ကုမ္ပဏီသည် ယခုအခါ ယွမ် ၂၀ ဘီလီယံပင် မတန်တော့သည့် အဆင့်သို့ လျောကျသွားခဲ့ရသည်။ ထိုအချိန်၌ လင်းဖန်က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

"သိပ္ပံနဲ့ နည်းပညာတွေဟာ တစ်နေ့တခြား တိုးတက်နေတာပါ။ ခင်ဗျားတို့သာ ဂရုမစိုက်ရင် ခေတ်နောက်ကျပြီး ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ကျင်းလီ အခုလို အခြေအနေမျိုး ရောက်သွားရတဲ့ အကြီးမားဆုံး အကြောင်းရင်းက လည်ပတ်ငွေ ပြတ်တောက်သွားတာကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့်ပါ။ ကျင်းလီ ထုတ်တဲ့ လက်ကိုင်ဖုန်းတွေရဲ့ အရည်အသွေးဟာ ကမ္ဘာ့အဆင့်မှာ အကောင်းဆုံးစာရင်းဝင်ပါတယ်"

"ဒါဆို ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်ဖြစ်သူကိုယ်တိုင်က လက်ကိုင်ဖုန်း ထုတ်လုပ်ဖို့ စိတ်မပါတော့လို့ပဲ"

ဟု လင်းဖန်က ဥက္ကဋ္ဌ လျိုလီရုံကို ကြည့်ကာ ပြောလိုက်သည်။ ၂၀၁၀ ခုနှစ်ကတည်းက လျိုလီရုံသည် လက်ကိုင်ဖုန်းလုပ်ငန်း အားလုံးကို လူဝေပင်းဆီ လွှဲပြောင်းပေးခဲ့ပြီး သူကိုယ်တိုင်မှာမူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအပေါ်မှာပဲ အာရုံစိုက်နေခဲ့သည်။

ကုမ္ပဏီ၏ မဟာဗျူဟာက မရေမရာဖြစ်လာပြီး ဖုန်းထုတ်လုပ်ခြင်းထက် ရင်းနှီးမြှုပ်နှံမှုဘက်သို့ ယိုင်သွားခြင်းက ကျင်းလီကို တဖြည်းဖြည်း နောက်ကျကျန်ရစ်စေခဲ့သည့် အဓိက အကြောင်းရင်းပဲ ဖြစ်ပါသည်။

..............................................................

All Chapters