လုပ်ငန်းအသစ်အတွက် စီမံခြင်း
Vol. 4 Ch. 36
လင်းဖန်က အရှေ့၌ရှိနေသူများကို ဝင့်ကြွားသည့် အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။
"ကျွန်တော် အမှန်အတိုင်းပဲ ပြောပါမယ်! ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုယ်စား ကျွန်တော် တောင်းဆိုချင်တာကတော့ ခင်ဗျားတို့အားလုံး ကျင်းလီမှာ ဆက်ရှိနေပေးဖို့ပါပဲ"
"ကျင်းလီ ကျဆုံးခဲ့ရတာက လူတိုင်းကြောင့်မဟုတ်ဘဲ အထက်ပိုင်းက ဆုံးဖြတ်ချက်ချသူတွေရဲ့ မစွမ်းဆောင်နိုင်မှုကြောင့်သာ ဖြစ်ပါတယ်"
"ကျွန်တော် ခင်ဗျားတို့နဲ့အတူ လက်တွဲပြီး ပြည်တွင်းမှာ နာမည်ကျော်မယ့် မိုဘိုင်းဖုန်းအမှတ်တံဆိပ်သစ်တစ်ခုကို တည်ထောင်ချင်ပါတယ်။ ပြီးတော့ ပြည်တွင်းမှာ နံပါတ်တစ်နေရာကို ပြန်ယူပြီး ကမ္ဘာ့ဈေးကွက်ထဲအထိ ထိုးဖောက်သွားမှာပါ"
အခု ဒီအစည်းအဝေးခန်းမထဲမှာ ရှိနေတဲ့သူတွေကလင်းဖန်ကိုယ်တိုင် စိစစ်ရွေးချယ်ထားတဲ့ ထူးချွန်ထက်မြက်သူတွေသာ ဖြစ်ကြသည်။
ဥပမာအားဖြင့် ကျင်းလီရဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်သူ ယွီလဲ့ဆိုလျှင်လည်း ဈေးကွက်မြှင့်တင်ရေးမှာ ဆရာတစ်ဆူ ဖြစ်သည်။
သူရဲ့ စွမ်းဆောင်ရည်ကြောင့်သာ ကျင်းလီသက ကမ္ဘာ့အဆင့်မှာ အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပြီး အာရှဈေးကွက်ကိုပင် လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ကျန်ရှိနေသော ထိုပညာရှင်များသည်သာ ကျင်းလီရဲ့ အဓိကကျောရိုးများဖြစ်သည်ဟု ဆိုရပေမည်။
သူတို့သာ ရှိနေမည်ဆိုလျှင် ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အနေဖြင့် ကျင်းလီကို အပြည့်အဝ လက်ခံလည်ပတ်နိုင်မည် ဖြစ်သည်။
ထိုစဉ် တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
"ကျင်းလီကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်နိုင်မယ်ဆိုတာ မင်းဘယ်လိုအာမခံမလဲ"
ယွီလဲ့ မျက်မှောင်ကြုတ်ကာ လင်းဖန်ကို လေးနက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
အလားတူပင် ကျင်းလီရဲ့ ပြည်ပရေးရာ အထွေထွေမန်နေဂျာဟောင်း ဖြစ်သူ ကျန်းရှန်လု နှင့် ဘဏ္ဍာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ယန်ရွှယ်တို့အပြင် အခြားသူများကလည်း လင်းဖန်ကို အကဲခတ်နေကြသည်။
လင်းဖန်ထံမှ ကျေနပ်လောက်သော အဖြေတစ်ခု ရရှိရန် သူတို့အားလုံး မျှော်လင့်နေကြခြင်း ဖြစ်သည်။
အမှန်စင်စစ် သူတို့အားလုံးသည် စိတ်ကူးယဉ်ဆန်ပြီး စိတ်လှုပ်ရှားတတ်သည့် အရွယ်များကို ကျော်လွန်လာခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် စကားလုံး အနည်းငယ်မျှဖြင့် မိမိတို့ ရုန်းထွက်ခဲ့ပြီးသား ကျင်းဟောင်း (ပြဿနာဟောင်း) ထဲသို့ နောက်တစ်ကြိမ် ပြန်လည်ခုန်ဆင်းရန်မှာ သူတို့အတွက် မဖြစ်နိုင်ပေ။
သူ့ရှေ့တွင်ရှိနေသော ယွီလဲ့တို့အဖွဲ့ဝင်များက သူ့အရည်အချင်းအပေါ် သံသယဝင်နေကြသည်ကို မြင်သောအခါ လင်းဖန်မှာ အံ့အားသင့်ပြီး ရယ်ချင်ဟန်ဖြင့်
"ကောင်းပြီလေ... ခင်ဗျားတို့က ကျွန်တော့်ကို သက်သေပြစေချင်တယ်ဆိုမှတော့ ကျွန်တော် သက်သေပြပေးရတာပေါ့"
"ရှင်းယာ... သူတို့ကို ကျွန်တော်တို့ရဲ့ ဘဏ်ကြီးလေးခုမှာရှိတဲ့ ငွေစာရင်းအချက်အလက်တွေကို ထုတ်ပြလိုက်ပါ"
လင်းဖန်က လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
သူ့ဘေး၌ရှိနေသည့် အတွင်းရေးမှူး မိုရှင်းယာက တုံ့ဆိုင်းနေခြင်းမရှိဘဲ သူမရဲ့ လက်ဆွဲအိတ်ထဲမှ ကျင်းလင်စီးတီး၌ ကြိုတင်ပြင်ဆင်လာခဲ့သည့် စာရွက်စာတမ်းအချို့ကို ထုတ်ယူလိုက်သည်။
တကယ်တော့ ဤနေရာသို့ မလာခင်ကတည်းက ကျင်းလီမှ ပညာရှင်အချို့သည် သူတို့၏ အတွေ့အကြုံနှင့် အသက်အရွယ်အရ သူ့အရည်အချင်းအပေါ် သံသယရှိနိုင်သည်ကို လင်းဖန် ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။
ယခင်က ရင်းနှီးမြှုပ်နှံထားသည့် ၅ ဘီလီယံ မှာ ကျင်းလီကဲ့သို့ ကုမ္ပဏီကြီးတစ်ခုအတွက် မပြောပလောက်သည့် ပမာဏသာ ရှိသေးသည်။
"......"
ကျင်းလီရဲ့ အမှုဆောင်ဟောင်းအားလုံးသည် မိုရှင်းယာ ကမ်းပေးလိုက်သော စာရွက်စာတမ်းများကို သံသယစိတ်ဖြင့် ကြည့်နေကြသည်။
လင်းဖန်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို သူတို့ မသိကြသေးပေ။
သို့သော် ရိုးရိုးရှင်းရှင်းဟု ထင်ရသော ထိုစာရွက်စာတမ်းများကို မြင်လိုက်ရသည့်အခါတွင်မူ လူတိုင်း အသက်ရှူမှားမတတ် အံ့အားသင့်သွားကြရသည်။
ICBC ဘဏ်ရှိ စုဆောင်းငွေပမာဏ - ၅ ဘီလီယံ
Postal Bank စုဆောင်းငွေပမာဏ - ၅ ဘီလီယံ
Agricultural Bank of China စုဆောင်းငွေပမာဏ - ၅ ဘီလီယံ
CCB ဘဏ် စုဆောင်းငွေပမာဏ - ၈ ဘီလီယံ ၃၆.၅၄ သန်း
"ဒါ... ဒါကတော့..."
ကျင်းလီရဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်သူ ယွီလဲ့ မှာ အံ့အားသင့်လွန်းသဖြင့် စကားပင် ကောင်းကောင်းမထွက်နိုင်တော့ပေ။
သူ့ဘေး၌ရှိနေသည့် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ယွီလီ၊ ပြည်ပရေးရာဌာန အထွေထွေမန်နေဂျာ ကျန်းရှန်လု နှင့် ဘဏ္ဍာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ယန်ရွှယ် တို့သည်လည်း ကျောက်ရုပ်များကဲ့သို့ပင် မှင်တက်ကာ ရပ်နေမိကြသည်။
သူတို့ရှေ့၌ မြင်တွေ့နေရသည့် အရာကို လုံးဝ မယုံကြည်နိုင်ကြခြင်း ဖြစ်သည်။ လင်းဖန်ကဲ့သို့ လူငယ်လေးတစ်ယောက်၏ ဘဏ်စာရင်းထဲတွင် ငွေသားသက်သက်တင် ဘီလီယံ ၂၀ ကျော် ရှိနေခြင်းမှာ လူသားတစ်ယောက်အနေဖြင့် မယုံနိုင်စရာကောင်းလောက်အောင်ပင် များပြားလွန်းလှသည်။
"အခုထိ မယုံကြသေးဘူးလား"
လင်းဖန်က အသာအယာ ပြုံးလိုက်ပြီး သူ၏ လက်ဆွဲအိတ်ထဲမှ လက်ပ်တော့ပ် ကွန်ပျူတာကို တိုက်ရိုက်ထုတ်လိုက်သည်။
ထိုကွန်ပျူတာထဲ၌ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ မှတ်ပုံတင်ထားမှု အခြေအနေများနှင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းလိုင်စင်များကို ပြသထားသည်။
ဘီလီယံ ၂၀ ကျော်ဆိုတာ အဆမတန်များပြားတဲ့ ပမာဏဖြစ်လို့ ကျင်းလီက ပညာရှင်တွေလည်း တော်တော်လေး တုန်လှုပ်သွားကြသည်။
လူတိုင်းရဲ့ရှေ့၌ ရှင်းလင်းစွာ မြင်တွေ့နေရသည့် စီးပွားရေးလုပ်ငန်းလိုင်စင်ပေါ်တွင်
မှတ်ပုံတင်မတည်ရင်းနှီးငွေ - ဘီလီယံ ၁၀ (၁၀,၀၀၀,၀၀၀,၀၀၀)ဟု ရေးသားဖော်ပြထားသည်။
လင်းဖန်က လက်ဖက်ရည်ကို တစ်ငုံခန့် အေးအေးလူလူ သောက်လိုက်ပြီးနောက်
"ဒါမှ မလုံလောက်သေးဘူးဆိုရင်လည်း နောက်ထပ် ဘီလီယံ ၁၀ လောက် ကျွန်တော် ထပ်ပြီး လွှဲပေးလို့ရပါသေးတယ်"
ဟု ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
အမှန်တကယ်တော့ ဤဝယ်ယူမှု အတွက် သူသည် ကျန်းခန့်ယွမ် ဗီလာမှ ဘီလီယံပေါင်းများစွာကို အထူးတလည် လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့သာ မလုပ်ခဲ့လျှင် ယခင်က သူ၏လက်ထဲတွင် အသုံးပြုနိုင်သည့် ရန်ပုံငွေမှာ ၂၄.၄၄ ဘီလီယံသာ ရှိခဲ့သည်။ ရှယ်ယာများဝယ်ယူရန်အတွက် ဘီလီယံပေါင်း ဆယ်ချီ သုံးစွဲခဲ့ပြီးနောက်ပိုင်း လက်ကျန်စာရင်းမှာ အနည်းငယ် ကြည့်ရဆိုးနေခဲ့သောကြောင့်ပင်။
လောလောဆယ်တွင် ရွှေဈေးကွက်မှာ သိသိသာသာ ထိုးတက်နေခြင်းမျိုး မရှိသော်လည်း ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ပင် ကြီးမားလှသည်။
အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ဒေါ်လာ သန်းရာနှင့်ချီ၍သော်လည်းကောင်း၊ ဒေါ်လာ ဆယ်ဂဏန်းမှသည် ဘီလီယံနှင့်ချီသော အမြတ်ငွေများကိုပါ အကောင့်ထဲသို့ ဝင်လာစေနိုင်သည်။
တရုတ်ယွမ်ငွေနှင့် တွက်ချက်မည်ဆိုလျှင် သူတို့ တစ်နေ့တည်းတွင် ရရှိသည့် အမြတ်ငွေသည်ပင် ကျင်းလီကုမ္ပဏီတစ်ခုလုံးကို ဝယ်ယူရန် လုံလောက်နေပြီ ဖြစ်သည်။
"ထပ်ပြဖို့ မလိုတော့ပါဘူး... ကျွန်တော်တို့ ခင်ဗျားရဲ့ ကုမ္ပဏီမှာ ပါဝင်လုပ်ကိုင်ဖို့ သဘောတူပါတယ်"
ယွီလဲ့ နှင့် ကျန်ရှိနေသည့် ကျင်းလီရဲ့ အဆင့်မြင့်အမှုဆောင်များ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ပြတ်သားစွာပင် ပြန်လည်ဖြေကြားလိုက်ကြတော့သည်။
လင်းဖန်ရဲ့ မယုံနိုင်စရာ ငွေကြေးအင်အားနဲ့ နည်းဗျူဟာတွေကြောင့် နောက်ဆုံးမှာတော့ ပညာရှင်တွေအားလုံး သူ့လက်အောက်ကို ရောက်ရှိလာခဲ့ပါပြီ။
ဒီလောက်အထိ များပြားလှတဲ့ ငွေကြေးပမာဏကို လက်ဝယ်ပိုင်ဆိုင်ထားတာကြောင့် လင်းဖန်အနေနဲ့ ဘာပဲလုပ်လုပ် အခြေအနေက အခုထက်တော့ ပိုဆိုးသွားစရာ အကြောင်းမရှိတော့ဘူးလို့ သူတို့အားလုံး ယူဆလိုက်ကြသည်။
လက်ရှိအခြေအနေကလည်း ဒီလိုဖြစ်နေပြီဆိုတော့ သူတို့မှာ တခြားရွေးချယ်စရာ ဘာရှိဦးမှာလဲ..နောက်တစ်ကြိမ် ပြန်ပြီး တိုက်ပွဲမဝင်ချင်ကြတော့ဘူးလား..။
"ဒါဆိုရင်တော့ အားလုံး ထိုင်ကြပါဦး... ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
လင်းဖန်က ပြုံးရွှင်သောမျက်နှာဖြင့် ယုလဲ့နှင့် အခြားသူများကို နေရာထိုင်ခင်း ပေးလိုက်သည်။
ချက်ချင်းပင် ကျင်းလီ အမှုဆောင်ဟောင်းတစ်စုသည် နံပါတ် (၂) အစည်းအဝေးခန်းမတွင် နေရာယူလိုက်ကြပြီး သူတို့၏ အလုပ်ရှင်အသစ်ထံမှ ညွှန်ကြားချက်များကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
"ပထမဦးဆုံးအနေနဲ့ ကျွန်တော့်ရဲ့ ကိုယ်ရေးအရာရှိ မိုရှင်းယာ နဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပိုင်းမှာ သူမက ကျွန်တော့်ကိုယ်စား ကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲသွားမှာပါ"
စုရုံးရောက်ရှိနေကြသော ထူးချွန်သူများကို ကြည့်ရင်း လင်းဖန်က လက်ဟန်ခြေဟန်ဖြင့် မိတ်ဆက်ပေးလိုက်သည်။
ထို့နောက် မိုရှင်းယာကလည်း လူတိုင်းကို ယဉ်ကျေးစွာ ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
"ဒီနေ့ကစပြီး ကျင်းလီရဲ့ လက်အောက်ခံ ကုမ္ပဏီအားလုံးကို လုံထန်းလို့ အမည်ပြောင်းလဲသွားမှာဖြစ်သလို၊ လုံထန်းလုပ်ငန်းစု အဖြစ် ဖွဲ့စည်းသွားမှာပါ။ ဒီလုပ်ငန်းစုကိုတော့ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ထိန်းချုပ်သွားမှာဖြစ်ပါတယ်"
လုံထန်း အဖြစ် အမည်ပြောင်းပြီး အင်အားကြီးတဲ့ လုပ်ငန်းစုတစ်ခု ဖြစ်လာတော့မယ့် အခြေအနေပါပဲ။
"ကျင်းလီရဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်သူ ယွီလဲ့ က လုံထန်းလုပ်ငန်းစု လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိချုပ် အဖြစ် တာဝန်ယူရပါမယ်။ ကျင်းလီရဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူးဟောင်း ယွီလီ ကတော့ လုံထန်းလုပ်ငန်းစုရဲ့ R&D ဌာန အထွေထွေမန်နေဂျာအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေအားလုံးကတော့ မိမိတို့ရဲ့ မူလရာထူးနေရာတွေမှာပဲ ဆက်လက် တာဝန်ထမ်းဆောင်သွားရမှာပါ"
"လုံထန်းလုပ်ငန်းစုရဲ့ CEO အမှုဆောင်အရာရှိချုပ်အဖြစ် ကျန်းဖန်က တာဝန်ယူမှာဖြစ်ပြီး၊ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်နေရာကိုတော့ မင်ကျုံးဘဏ်က တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်"
လင်းဖန်က လုပ်ငန်းစုသစ်အတွက် အဓိကကျတဲ့ ရာထူးနေရာတွေကို ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ ခွဲဝေချထားပေးလိုက်ပြီ ဖြစ်ပါတယ်။
........................ .....................